အခန်း (၂၉၉)
Vol. 20 Ch. 299
"အဓိပ္ပါယ်မရှိတာ " ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။
“နင့်မိဘတွေက နင်က သူတို့သမီးမဟုတ်မှန်း အစကတည်းက သိနေတာပဲလေ။ သူတို့ နင့်ကို သူတို့ရဲ့သမီးလေးလို အမြဲဆက်ဆံပေးခဲ့တာပဲဟာ။ နင့်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် မစ္စစ် လျိုက ယန်ယွီ ကော်ပိုရေးရှင်းကို ကျီလင်းချန်ကို အလကားပေးချင်ခဲ့တာ။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ နှလုံးသားထဲမှာ နင်က သူတို့အတွက် ပိုအရေးကြီးလို့ပဲ။ နင့်မှာဘယ်လိုလုပ်အိမ်မရှိရမှာလဲ"
“ကျီမိသားစုက နင့်ကို ရှာနေတာ ၁၅ နှစ်ရှိပြီ၊ နင်အိမ်ပြန်လာဖို့ကို ၁၅ နှစ်လောက် စောင့်နေခဲ့ကြတာ။ ဒါအပြင် နင့်မှာ ငါရှိသေးတယ်။ အချစ်ဆုံးသူငယ်ချင်းတွေဆိုတာ သူတို့ဘဝတစ်လျှောက်လုံး ကွဲကွာသွားမယ့် မိသားစုမဟုတ်ဘူးလို့ နင်ပဲ ပြောထားတာမဟုတ်ဘူးလား။
"ဟုတ်တယ် ငါလည်းရှိသေးတာပဲ! နင် ဘာကိုကြောက်နေတာလဲ" ကျီဝမ်က ထောက်ခံခဲ့သည်။
"နင့်မှာ နင့်ကိုချစ်တဲ့ မိသားစုဝင်တွေ အများကြီးရှိတယ်။ နင့်ရဲ့ပျော်ရွှင်မှုက တခြားသူတွေထက် နှစ်ဆရှိနေတာပဲ။ နင် ဘာကိုကြောက်နေမှာလဲ" ဖန့်ရှောင်နွမ် ပြောလိုက်သည်။
လျိုစစ်ယွီ ပြောလိုက်သည်။ "ဒါပေမယ့် တစ်ယောက်ယောက်က ဒီလိုဟာတွေကို ချေဖျက်ဖို့ အချိန်တစ်ခုလိုမှာလေ ဟုတ်တယ်မလား"
သူမအတွက် အချိန်လိုတယ်ဆိုတာ သူတို့သိပြီးသား။ အဲဒါကြောင့် လူတိုင်းက သူမကို အဲ့တာ ပေးနေကြတာ။
ဖန့်ရှောင်နွမ်က သူမ၏ သူငယ်ချင်းရဲ့ပုခုံးကို ဖက်ကာ အဝေးကို လှမ်းကြည့်လိုက်သည်။ " ရှောင်ယွီ ပြန်လာခဲ့ပါ။ ကျီမိသားစုက နင့်ကို လိုအပ်တယ်။"
ကျီဝမ်က ရေကန်ကို ကြည့်ပြီး အနာဂတ်မှာ သူ့ဘဝအတွက် စိုးရိမ်နေမိသည်။ သူ့ဦးလေးက ကိုင်တွယ်ရန် ခက်ခဲနေပြီဖြစ်ပြီး ယခုအခါ ကြမ်းတမ်းသော အမျိုးသမီး စစ်သည်တော် ဖန့်ရှောင်နွမ် ရှိနေပြီဖြစ်သည်။
သူ့ဘဝကို စိတ်လှုပ်ရှားစရာမရှိလောက်အောင်လုပ်ဖို့ ဘုရားသခင်က သူ့ကို အဒေါ်အရင်းတစ်ယောက်နဲ့ နှစ်ပေါင်းများစွာ အနိုင်ကျင့်လာခဲ့တဲ့ အဒေါ်တစ်ယောက်ကို သူ့ကို ပေးခဲ့သည်။
"ဒေါ်လေး ကျွန်တော် ထွက်သွားလို့ရမလား" ကျီဝမ် မေးလိုက်သည်။ သူ့အိမ်မှာ သူက ခွေးထက်တောင် နိမ့်ကျတယ်လို့ ခံစားရသည်။
"အိပ်မက်ထဲမှာပဲရမယ်!" ဖန့်ရှောင်နွမ် ပြန်ပြောလိုက်သည်။
"ရှောင်နွမ်၊ အမေ ဘယ်လိုမျိုး ထွက်သွားတာလဲ။" လျိုစစ်ယွီ မေးလိုက်သည်။
သူမကို အမြဲတမ်း ညင်သာစွာ ပြုံးပြတတ်တဲ့သူအဖြစ် သူ့အမေကို အမှတ်ရနေခဲ့သည်။ လှပတဲ့ ၀တ်စုံလေးတွေကို အမြဲတမ်း ၀တ်ဆင်ထားတတ်သည်။ သူမ ဘာလို့ဒီမှာမရှိတော့တာလဲ။ သူမကို နောက်ဆုံးတစ်ကြိမ်တွေ့ခွင့်လေးတောင် မရလိုက်ပေ။
ဖန့်ရှောင်နွမ် ပြန်ဖြေခဲ့သည်။ "နင် ပျောက်သွားပြီး တစ်လကြာတော့ အမေ ဆုံးသွားတာ။ ယောက်မပြောပြတာတော့ သူ အသည်းအသန် နေမကောင်းဖြစ်ပြီး၊ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါး မရှိခဲ့ဘူးလို့ ပြောတယ်။ ဒါပေမယ့်... အဖေပြောတာကတော့ အဲ့နေ့က နင့်ရဲ့ 'အလောင်း' ကို သူ့မျက်လုံးနဲ့ မြင်ပြီး သူ့အတွက် အရမ်းကိုလွန်လွန်းတာကြောင့် သူဆုံးသွားတာလို့ ပြောတယ်"
လျိုစစ်ယွီက သူ့သူငယ်ချင်းကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။ ဖန့်ရှောင်နွမ်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူမဝမ်းနည်းနေကြောင်း ပြောပြနိုင်သည်။ "ဒါဆို ငါ့အမေက ငါ့ကြောင့် သေသွားတာပေါ့"
ဖန့်ရှောင်နွမ် လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။ “မနက်ဖြန် အဖေနဲ့ငါ့ယောကျ်ားက လင်း မိသားစုအိမ်ကိုသွားပြီး ရင်ဆိုင်ရမယ့် အသေးစိတ်အချက်အလက်တွေမှာ ငါတို့သိရမှာပါ။ အဲဒါကခက်ခဲရှုပ်ထွေးတယ်။"
လျိုစစ်ယွီ မယုံနိုင်စွာ ခေါင်းငုံ့လိုက်သည်။ "ဘာလို့ဒီလိုဖြစ်ရတာလဲ"
ဖနွရှောင်နွမ် ခေါင်းခါလိုက်သည်။ ကျီ မိသားစုမှာ ဒီလို ရှုပ်ထွေးတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ သူမ သိထားရုံပါပဲ။ ဟုတ်ပါတယ်၊ သူမက ကျီ မိသားစုရဲ့ချွေးမဖြစ်နေတာမို့ သူမအနေနဲ့ ဒီအရာတွေကို သေချာဖြေရှင်းပေးလိမ့်မည်။ ခင်ပွန်းဖြစ်သူက အဲ့ကိစ္စကို စုံစမ်းနေပြီဆိုပေမယ့် သူမ မတ်တပ်ရပ်ပြီး စောင့်ကြည့်နေလို့မရဘူး။
"ရှောင်ယွီ၊ နင်ဘာလို့ ပင်လယ်ထဲကျသွားတာလဲဆိုတာကို မှတ်မိသေးလား"
လျိုစစ်ယွီ မဖြေမီ ကျီဝမ်က ရုတ်တရက် ကြားဖြတ်နှောင့်ယှက်ခဲ့သည်။ "ဘာ။ ရှောင်ယွီ၊ နင် ဘယ်တုန်းက ပင်လယ်ထဲကျသွားတာလဲ။" ခုတော့ သူကြားသမျှကို သိချင်နေပြီ။
လျိုစစ်ယွီ ပြောလိုက်သည်။ “တကယ်တော့ ငါလည်း မမှတ်မိဘူး။ အဲ့မှာ တစ်ယောက်ယောက်ကို တွေ့လိုက်ရတာတော့ ငါ မှတ်မိသေးတယ်။ အဲဒီလူက ငါသေမှရမယ်လို့ ပြောခဲ့တယ်။ ပြီးတော့ သူတို့ ငါ့ကို ပင်လယ်ထဲ ပစ်ချခဲ့ကြတယ်။”
ဖန့်ရှောင်နွမ် ရှောခ့်ရသွားသည်။ "ဘာ။ နင် ပင်လယ်ထဲ ပစ်ချခံရတာလား။"
လျိုစစ်ယွီ ခေါင်းညိတ်လိုက်သည်။
ဖန့်ရှောင်နွမ် မျက်ခုံးတွေကို တင်းတင်းကျုံ့ထားလိုက်သည်။ အသတ်ခံရတာလား?
"ရှောင်ယွီ၊ အဲဒီလူက ဘယ်လိုပုံစံရှိလဲဆိုတာ နင် မှတ်မိသေးလား"
လျိုစစ်ယွီ ခေါင်းယမ်းလိုက်သည်။ ထိုအချိန်က သူမက ငယ်သေးသည်။ နှစ်များစွာကြာလာတော့ သူမ၏ မှတ်ဉာဏ်တွေက အချိန်ကြာလာတာနဲ့အမျှ မှေးမှိန်သွားခဲ့သည်။ ထို့အပြင် သူမ ကြောက်လွန်းသဖြင့် သူမ၏ မှတ်ဉာဏ်များစွာက ရှုပ်ထွေးသွားခဲ့သည်။
ဖန့်ရှောင်နွမ် စိတ်ပျက်အားငယ်ခြင်းမရှိပေ။ သူမက စိတ်သက်သာရာရစွာနဲ့ ပြောခဲ့သည်။ “လျိုမိသားစုက နင့်ကို ကယ်ထားခဲ့ပြီး ငါက နင့်ကို ရှာတွေ့ခဲ့တာ။ နင့်က ငါ့ယောက်မဖြစ်ပြီး ကျီဝမ်က ငါတို့ရဲ့တူလေး။"
ကျီဝမ် ငြိမ်သက်နေသော ရေကန်ကို ကြည့်ကာ စိတ်ကို တည်ငြိမ်အောင် ထိန်းထားလိုက်သည်။ ဘဝဆိုတာ ကစားစရာတစ်ခုလို ခံစားရသည်။ အေးအေးဆေးဆေးပဲနေရမယ်။
သူတို့သုံးယောက်သား ရေကန်ဘေးတွင် အချိန်အတော်ကြာအောင် နေခဲ့ကြသည်။ ဖန့်ရှောင်နွမ်နဲ့ ကျီဝမ် တို့သည် လျိုစစ်ယွီနှင့်အတူ သူမနဲ့ စကားစမြည်ပြောပြီး သူမကို စိတ်သက်သာရာရစေခဲ့သည်။
ဖန့်ရှောင်နွမ်ရဲ့ဖုန်းဘက်ထရီကုန်ခါနီးမှပဲ သူတို့သုံးယောက်က သူတို့ရဲ့ဖုန်းကိုအသုံးပြုပြီး လမ်းမီးလင်းဖို့လုပ်ပြီး လမ်းလျှောက်ခဲ့ကြသည်။
ဒါပေမယ့် ရွှံ့နွံအိုင်လမ်းမှ ထွက်သွားသောအခါ သူတို့ သုံးယောက်လုံး ရှောခ့်ရသွားကြသည်။
သခင်ကြီး ကျီက သူ့ရဲ့လမ်းလျှောက်တုတ်ကိုသုံးပြီး သူတို့ဆီ လျှောက်လာနေသည်။ သူ နေ့ရောညပါ တွေးနေခဲ့ရတဲ့ ကောင်မလေးကို မြင်လိုက်တော့ သူ့မျက်ရည်တွေ ထိန်းထားလိုက်သည်။
လျိုစစ်ယွီက သူမ၏ဖခင်၊ သူမ၏ အကြီးဆုံးအစ်ကို ကျီခမ်းတဲလ်၊ သူမ၏ဒုတိယအစ်ကို ကျီလင်းချန်၊ သူမ၏ယောက်မ ဖန်ချီ၊ သူမ၏မိဘများနှင့် သူမ အစ်ကိုတို့ကိုလည်း တွေ့မြင်ခဲ့ရသည်။
လျိုစစ်ယွီ ပျောက်သွားခြင်းကြောင့် မစ္စစ်လျိုက နောက်ကြောင်းပြန်လှည့်စရာမရှိကြောင်း နားလည်စေခဲ့သည်။
မစ္စတာ လျိုက သူ့ဇနီးကို အချိန်အတော်ကြာ နှစ်သိမ့်ခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့ရဲ့ အဖြစ်မှန်အသစ်ကို သူမအား လက်ခံခိုင်းစေခဲ့သည်။
တစ်ဖက်တွင်၊ လျိုစစ်ယန်က ကျီလင်းချန်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ ဖုန့်ယန်ရေကန်မှာ သူ့ညီမကို သွားခေါ်ဖို့ ပြောခဲ့သည်။ လျိုစစ်ယန်က စိုးရိမ်နေကြတဲ့ မိဘများကိုပင် သူနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။