အခန်း (၃၀၀)
Vol. 20 Ch. 300
ရေကန်ဘေးမှာ လျိုစစ်ယွီရဲ့ မိသားစုဝင်တွေ အားလုံးက သူမကို စောင့်မျှော်နေကြသည်။
ဖန့်ရှောင်နွမ်က သူမ၏ ရှက်ရွံ့မှုကို ခံစားမိသောကြောင့် သူမအား အားပေးနှစ်သိမ့်ခဲ့သည်။ “ ရှောင်ယွီ၊ အားတင်းထား။ ဒီမှာတွေ့ရတဲ့သူတိုင်းက နင့်ကိုချစ်ကြတဲ့သူတွေချည်းပဲ။"
လျိုစစ်ယွီသည် နောက်ဆုံးတွင် သခင်ကြီး ကျီထံသို့ လျှောက်လှမ်းရန် သတ္တိကို စုဆောင်းခဲ့သည်။ သူမ ဘာမှမပြောနိုင်ခင် မျက်ရည်တွေ စီးကျလာသည်။ "အဖေ!" သူမ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် မျက်နှာမှာ မျက်ရည်တွေ ဖုံးလွှမ်းသွားတော့သည်။
သခင်ကြီးကျီက နောက်ဆုံးတော့ ထိန်းမထားနိုင်တော့ဘဲ သူလည်းမျက်ရည်တွေ ကျလာသည်။ " ရှောင်ယွီ ငါ့ကလေးလေး !" နောက်ဆုံးတော့ သူ့သမီးငယ်လေးကို ကိုင်ထားနိုင်ခဲ့ပြီး စကားမပြောနိုင်လောက်အောင် ငိုနေခဲ့သည်။ ကောင်းကင်က သူ့ကို ဟာသလုပ်ပြခဲ့ပေမယ့် သူ့သမီးကို ဒီတစ်သက်မှာ ရှာတွေ့နိုင်လောက်အောင်ထိတော့ သူ ကံကောင်းခဲ့သည်။
!!
ကျီ မိသားစုမှ လူတိုင်းသည် အလွန်စိတ်လှုပ်ရှားကြပြီး မျက်လုံးထဲမှာ မျက်ရည်များ စီးကျလာသည်။ ကျီလင်းချန်ကသာ စိတ်သက်သာရာရသွားပုံရပြီး သူမကို လွှတ်ချနိုင်ခဲ့သည်။ လရောင်အောက်မှာ သူ လှည့်ထွက်သွားခဲ့ပြီး လမ်းရဲ့ တစ်ဖက်ကို လျှောက်သွားလိုက်သည်။ ထို့နောက် ကောင်းကင်ကို မောပန်းစွာ မော့ကြည့်လိုက်သည်။ ကြီးမားသော အလေးချိန်ကို သူ့ရင်ဘတ်မှ ရုတ်သိမ်းလိုက်သည်။
သူ့မိန်းမရဲ့ မျက်လုံးတွေက သူ့ဆီမှာရောက်နေခဲ့သည်။
ဖန့်ရှောင်နွမ်လည်း လူအုပ်ကြီးထဲမှ ထွက်လာခဲ့ပြီး ခင်ပွန်းသည်ဘက်သို့ တိတ်တဆိတ် လျှောက်သွားခဲ့သည်။ ခင်ပွန်းသည်၏ လက်ဖဝါးထဲသို့ သူမ၏ လက်သေးသေးလေးကို ထည့်လိုက်သည်။
ကျီလင်းချန်က သူမ၏ နူးညံ့သောလက်ကို ခံစားလိုက်ရသည်။ ကျီလင်းချန်က သူ့လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး သူ့ဆီလိုက်လာတဲ့ သူ့ဇနီးလေးကို လှည့်ကြည့်လိုက်သည်။ သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ယောကျ်ား ကျွန်မ ရှောင်ယွီ ကိုရှာပေးပြီးပြီနော်။ အခုအချိန်ကစပြီး ကျွန်မကိုရှင့်ရဲ့နှလုံးသားထဲမှာ ထိပ်တန်းဦးစားပေးထားတာပဲဖြစ်ရမယ်!”
“ကောင်းပါပြီ!” ကျီလင်းချန် သဘောတူခဲ့သည်။ သူ့ဇနီးသည်က သူ့တစ်သက်တာလုံးအတွက် ထိပ်တန်းဦးစားပေးဖြစ်ရမယ်လို့တော့ သူ မပြောခဲ့ပေ။
သူတို့ပြန်လည်ဆုံစည်းတဲ့ ပထမဆုံးနေ့မှာ လျိုစစ်ယွီ ဟာ သူမရဲ့ဘဝမှာ အခက်ခဲဆုံးဆုံးဖြတ်ချက်နဲ့ ရင်ဆိုင်ခဲ့ရသည်။ သူမသည် ကျီ မိသားစုအိမ်သို့ ပြန်သင့်လား သို့မဟုတ် ဒီနေ့ည လျို မိသားစုအိမ်ကို ပြန်သင့်လား။
သူမသည် သူမ၏ မိသားစုနှင့် အခုမှ ပြန်လည်ဆုံတွေ့ခဲ့သော်လည်း စိတ်ပျက်လက်ပျက် ငိုယိုနေခဲ့သည့် မျက်လုံးများက နီရဲနေပြီး ရောင်ရမ်းနေကာ သူမရဲ့အမေကို မမြင်နိုင်တော့ပေ။
လျိုစစ်ယန်က သူ့ညီမ၏ အကျပ်အတည်းကို မြင်နိုင်သောကြောင့် ရှေ့သို့ ခြေလှမ်းလှမ်းခဲ့ပြီး ပြောခဲ့သည်။ “ကျီမိသားစုအိမ်ကို ပြန်သွားလိုက်ပါ။ အခုမှပြန်တွေ့ရတာဆိုတော့ မင်းမှာ ပြောစရာတွေအများကြီးရှိနေမှာပဲ"
"အစ်ကို" လျိုစစ်ယွီက သူ့ကို ကျေးဇူးတင်သလို ကြည့်လိုက်သည်။
လျိုစစ်ယန်က သူ့ညီမ၏ မျက်လုံးတွေထဲက အပြုံးကို မြင်လိုက်ရသည်။ သူ့ညီမလေး ကျီ မိသားစုဆီ စိတ်အေးချမ်းသာစွာ ပြန်သွားနိုင်ဖို့ သူ့နှလုံးသားထဲက ဝမ်းနည်းမှုတွေကို ဖျောက်ဖျက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
မစ္စတာ လျိုလည်း အကျိုးအကြောင်းသင့်တဲ့ ပုဂ္ဂိုလ်ဖြစ်သည်။ သူ့သမီးကို ခက်ခဲတဲ့အနေအထားမှာ မထားချင်ဘူး။ “သွားလိုက်ပါ၊ အပြစ်ရှိတယ်လိုမခံစားနေနဲ့ ။ အဖေတို့ရဲ့အိမ်တံခါးက သမီးအတွက် အမြဲဖွင့်ပေးထားတယ်။ သမီးကအမြဲတမ်း အဖေတို့သမီးဖြစ်နေမှာ"
လျိုစစ်ယွီလည်း မျက်ရည်တွေကျလာပြန်သည်။ သူမ ပြေးလာပြီး ပွေ့ဖက်လိုက်သည်။ "အဖေ။"
မစ္စတာ လျိုက သူ့သမီးရဲ့ ကျောကို ပုတ်ပေးလိုက်သည်။ “သမီးက အရွယ်ရောက်နေပြီ။ တစ်ချိန်လုံး ငိုမနေနဲ့တော့။ သမီးရဲ့မိသားစုကို ရှာတွေ့တာက ပျော်ရွှင်စရာအချိန်အခါတစ်ခုပဲ"
လျိုစစ်ယွီက ဆံပင်တွေ ရှုပ်ပွနေပြီး မျက်လုံးတွေ နီရဲနေပြီး ရောင်ရမ်းနေတဲ့ သူမရဲ့အမေကို ကြည့်လိုက်သည်။ သူ့အမေရဲ့ ဆံပင်တွေကို ဖြည်းညှင်းစွာ သပ်ပေးလိုက်သည်။ "အမေ၊ သမီး တောင်းပန်ပါတယ်"
မစ္စစ်လျိုက သူမမျက်နှာမှ မျက်ရည်များကို သုတ်လိုက်သည်။ သူတို့ ခွဲခွာလိုက်သောအခါတွင် သမီးဖြစ်သူကို သူမ ပွေ့ဖက်ထားပြန်သည်။ “ဒီည အမေတို့မှာ လုပ်စရာတွေ အများကြီးရှိတယ်။ သမီး လိုက်သွားသင့်တယ်။"
လျို မိသားစုက သူမကို ဝမ်းနည်းပြီး အပြစ်ရှိတယ်လို့ မခံစားစေချင်တဲ့အတွက် သူတို့လက်လျှော့လိုက်ကြသည်။
အဆုံးတွင် လျိုစစ်ယွီက လျို မိသားစု၏ ကား မျက်စိတစ်မှိတ်အတွင်ပျောက်ကွယ်သွားသည်ကို ကြည့်ရှုပြီးနောက် ကျီ မိသားစု၏ ကားထဲသို့ ဝင်သွားခဲ့သည်။
ဖန့်ရှောင်နွမ်က သူမယောကျ်ားနဲ့အတူတူ ကားထဲမှာ ကျန်ခဲ့သည်။ သူမသည် ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်ကာ ထိုင်ခုံခါးပတ်ကို ပတ်ပြီး သူမ၏ "personal driver " ကို စောင့်ဆိုင်းနေခဲ့သည်။
ဖန်ချီနဲ့ သူ့ခင်ပွန်းတို့လည်း အတူတူကားထဲမှာပါလာသည်။
လျိုစစ်ယွီနဲ့ သခင်ကြီး ကျီတို့က ကားအတူတူစီးခဲ့ကြသည်။ ကျီဝမ်သည် ချမ်းအေးသော ဆောင်းရာသီတွင် လူတိုင်း၏ လျစ်လျူရှုတာကိုခံရပြီး အထီးကျန်ဆန်နေတဲ့ တစ်ဦးတည်းသော သူဖြစ်သည်။
သူ ဖန့်ရှောင်နွမ်နဲ့ အတူ လာခဲ့ပေမယ့် သူမက သူမယောကျ်ားနဲ့လိုက်သွားခဲ့သည်။
ကျီဝမ်က ကားကို သူ့ဘာသာသူသာ မောင်းခဲ့ရပြီး အခြားကားနောက်က ဖြည်းညှင်းစွာ လိုက်ပါသွားခဲ့သည်။
လျို မိသားစုဝင် သုံးယောက်လုံး အိမ်ပြန်ရောက်သောအခါ မစ္စစ်လျိုက သူ့သမီးမရှိတော့ကြောင်းကို ခံစားလိုက်ရသည်။ ကြီးမားသော အိမ်ကြီးက ဗလာဖြစ်နေသည်။ သူမ မျက်နှာကို အုပ်ကာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း ငိုခဲ့သည်။ “ငါက တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးလွန်းတာပဲ။ ငါ့လိုလူတွေက ဒဏ်ခတ်ခံရသင့်တယ်!”
"အမေ" လျိုစစ်ယန်က သူ့အမေကို နှစ်သိမ့်ပေးခဲ့သည်။ " ရှောင်ယွီ ပြန်လာမှာ။ ကျွန်တော့်ကိုယုံ"
မစ္စတာလျိုက သူ့မိဘတွေကို ဖုန်းဆက်ခဲ့သည်။ “အဖေ အမေ ကျွန်တော့်မှာ ပြောစရာရှိတယ်။ အဖေတို့ စိတ်ကို ပြင်ဆင်ထားကြပါ”
လျိုစစ်ယွီသည် မကြာသေးမီကမှ ထွက်ခွာသွားခဲ့သော်လည်း ကျီ မိသားစု၏ နေအိမ်သို့ ပြန်လာခဲ့သည်။
ကျီလင်းချန်က သူမကို သူ့မိခင်၏ အမှတ်တရ တက်ဘလက်နှင့် အဖြူအမည်း ဓာတ်ပုံနှင့်အတူ အခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
လျိုစစ်ယွီ၏ မျက်ရည်များ စီးကျလာပြန်သည်။ သူမနှင့်ခွဲခွာသွားသော သူမမိခင်ကိုကြည့်ကာ သူမ၏အသံနှင့် အပြုံးကို သတိရမိသည်။ သူမသည် သူမ၏မိခင်အား အမွှေးတိုင် ပူဇော်ခဲ့ပြီးကျီလင်းချန်နှင့်အတူ သူ့မိခင်၏ အမှတ်တရကျောက်စာတိုင် ရှေ့မှာ ဒူးထောက်လိုက်သည်။
"အမေ၊ ကျွန်တော် ရှောင်ယွီ ကို အိမ်ပြန်ခေါ်လာခဲ့ပြီ"
…
ကျီ နေအိမ်ရှိ မီးလုံးများ ထွန်းထားပြီး တစ်မိသားစုလုံး အလွန်ပျော်ရွှင်နေကြသည်။
လျိုစစ်ယွီက ကျီ မိသားစုသို့ အခုမှပြန်လာခဲ့တာဖြစ်ပြီး ဖန်ချီက သူမနဲ့အဖော်လုပ်ပေးချင်ခဲ့သည်။ သူမခင်ပွန်းဘက်လှည့်ပြီး ပြောခဲ့သည်။ “ယောကျ်ား၊ ဒါက ရှောင်ယွီ ရဲ့အိမ်မှာ ပထမဆုံးလာနေတဲ့နေ့မို့လို့ အဆင်မပြေဖြစ်နေမှာပဲ။ ကျွန်မ သူမနဲ့အဖော်လုပ်ပေးပြီး စကားပြောပေးလိုက်မယ်လေနော်"
သူမသည် လျိုစစ်ယွီ၏ အခန်းဆီသို့ လျှောက်သွားပြီး တံခါးခေါက်လိုက်သည်။ " ရှောင်ယွီ ဝင်လို့ရမလား အစ်မက မင်းရဲ့ယောက်မပါ ”
“ယောက်မ ဝင်လာလေ ” လျိုစစ်ယွီ ပြောလိုက်သည်။
"ဘာလို့လဲ" ကျီဝမ်က တိုးညှင်းသော အသံဖြင့် ညည်းညူလိုက်သည်။ "အမေ ကျွန်တော့်အခန်းထဲကို ဝင်လာတုန်းက ဒီလောက် ယဉ်ကျေးမနေပါဘူး"
ဖန်ချီက တံခါးကို တွန်းဖွင့်ပြီး ဝင်လာလိုက်သည်။ "ဟမ် ၊ ရှောင်နွမ်၊ ရှောင်ဝမ် နင်တို့နှစ်ယောက်လုံး ဘာလို့ဒီရောက်နေကြတာလဲ"
ဖန့်ရှောင်နွမ်နဲ့ ကျီဝမ်တို့ နှစ်ယောက်လုံး သူတို့ရဲ့ ညအိပ်ဝတ်စုံကို ၀တ်ထားကြသည်။ ကျီဝမ်က ထိုင်ခုံပေါ်တွင် ထိုင်နေပြီး ဖန့်ရှောင်နွမ်နဲ့ လျိုစစ်ယွီတို့က ကုတင်ပေါ်တွင် ထိုင်နေကြသည်။
"ယောက်မ" ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ကျွန်မတို့က ရှောင်ယွီ အိမ်မှာ နေသားမကျမှာစိုးလို့ အဖော်လာလုပ်ပေးကြတာ"