← Chapters

အဆင့်မြှင့်ပြောင်းလဲခြင်း

Vol. 9 Ch. 129

အဆင့်မြှင့်ပြောင်းလဲခြင်း

Vol. 9 Ch. 129

ညအခါသည်သာယာလှပသည်။ သားရဲကြီးများသည် ထိုသစ်ပင်နားမှ ဖြတ်သွားဖြတ်လာ ပြုကြသည်။ ဆီဆာ၏သွေးနံ့ကို ရသောကြောင့် အပင်ပေါ်သို့ မော့ကြည့်သွားကြသည်။ သို့သော် အန္တရာယ်မပေးဘဲ အဝေးသို့ထွက်ခွာသွားကြသည်။

သစ်ပင်မှ သစ်ခေါင်းပေါက်ထဲမှ ပိုးမွှားများလည်း အပြင်ထွက်မလာကြတော့ပေ။ ပိုးမွှားတစ်ကောင်တစ်လေ အခေါင်းပေါက်ထဲပျံဝင်သွားလျှင်တောင် ပါးစပ်များကို မဟတော့။

ထိုသို့ဖြစ်ရခြင်းမှာ လျှို့ဝှက်ဆန်းကြယ်သော တံဆိပ်နှိပ်ခြင်းကြောင့်ဟု ရှောက်ရွှမ်ထင်သည်။ မျိုးနွယ်စုအခမ်းအနားကျင်းပတုန်းကလည်း ထိုသို့ ဖြစ်ခဲ့သည်။ အခုတော့ ဘာမီးတောက်မှ မရှိတာတောင် သားရဲကြီးများသည် သူတို့ကို မ

တိုက်ခိုက်တော့ပေ။ တိုက်ဆိုင်သည်တော့ မဖြစ်နိုင်။

ထိုအချက်ကို သိသော်လည်း ရှောက်ရွှမ်သည် တစ်ညလုံး မအိပ်ပေ။ မနက်လင်းသောအခါ လနှစ်စင်းလည်း တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ သစ်ရွက်များပေါ်သို့ နေရောင်ခြည်ကျရောက်လာသောအခါ ရှောက်ရွှမ်တို့အပေါ်နားရှိ အသိုက်ထဲတွင်နေသော ငှက်များ ပျံထွက်သွားပြီဖြစ်သည်။

ဆီဆာ၏ဒဏ်ရာများသည် သွေးတိတ်သွားပြီဖြစ်သည်။ ဒဏ်ရာများကတော့ တော်တော်အကြည့်ရဆိုးသည်။ သို့သော် ဒဏ်ရာများမှာ တဖြည်းဖြည်းပြန်ကောင်းလာပြီ ဖြစ်သည်။

ဆီဆာသည် သစ်ကိုင်းကြီးပေါ်တွင် အသက်မှန်မှန်ရှုရင်း လဲလျောင်းနေသည်။ သူ့အသက်ရှုသံ တဖြည်းဖြည်းပြင်းလာသည်ကို ကြားသောအခါမှ ရှောက်ရွှမ် စိတ်သက်သာရာ ရသွားသည်။ ဆီ

ဆာ၏ကိုယ်မှ အရိုးများကို စစ်ဆေးကြည့်သောအခါတွင် လည်း ကျိုးပဲ့ရာတစ်ချက်မှ မရှိတော့ဘဲ အားလုံး ပြန်ကောင်းသွားသည်ကို တွေ့လိုက်ရသည်။

လျှို့ဝှက်ဆန်းကြယ်သောတံဆိပ်နှိပ်ခြင်းကြောင့် ဤကဲ့သို့ ပြောင်းလဲခြင်းမျိုး ဖြစ်ပေါ်လာတာလား။

ရှောက်ရွှမ်သည် သစ်ပင်ပေါ်တွင် ငြိမ်သက်စွာရပ်နေရင်း ပတ်ဝန်းကျင်ကို သေချာနားစွင့်နေလေသည်။ သူသည်သစ်သားခရာမှုတ်သံတစ်ချက်ကို ကြားလိုက်သည်။ အမဲလိုက်အဖွဲ့က သူတို့ကို လိုက်ရှာနေတာြဖစ်မည်။ ရှောက်ရွှမ်လည်း သူ၏သစ်သားခရာကို ထုတ်ယူလိုက်ပြီး သူတို့စည်းချက်နှင့်အညီ လိုက်မှုတ်လိုက်သည်။ သစ်သားခရာသံမှာ တောထဲမှ ငှက်များ တေးဆိုသံနှင့်တူသည်။

ခဏကြာတော့ မိုင်နှင့် အခြားသူများရောက်ရှိလာသည်။

“အားရွှမ်…”

သစ်ပင်ပေါ်တွင်မတ်တပ်ရပ်နေသော ရှောက်ရွှမ်ကိုတွေ့မှ မိုင်စိတ်သက်သာရာ ရသွားသည်။ သို့သော် ဆီဆာကို တွေ့တော့ မိုင်လန့်သွားသည်။

“ဘယ်လိုလုပ် ဒီလောက်ပြင်းတဲ့ဒဏ်ရာတွေရလာ…” မိုင်သည် စိတ်ထိခိုက်လွန်းသဖြင့် စကားပင်ဆက်မပြောနိုင်တော့ပါ။

“ဟင့်အင်း…”

“သူ…သူ…”

လှဲလျောင်းနေသော ဆီဆာကို လက်ညိုးထိုးရင်း မိုင်၏မျက်လုံးများသည် မယုံနိုင်ဖြစ်နေသည်။

“ဒါဆီဆာလား…”လန်ကာ့သည် ရှေ့တိုးလာရင်း ဆီဆာကို သေချာကြည့်နေသည်။

“သူမနေ့က ဒီလောက်အကောင်မကြီးသေးပါဘူး…ညတွင်းချင်းမှာ အကောင်ကြီးသွားတာလား”

မိုင်နှင့်ပါလာသူများလည်း ဆီဆာကို ကြည့်ရင်း ခေါင်းငြိမ့်ပြသည်။

“သူတော်တော်ပြောင်းလဲသွားတာပဲ” လန်ကာ့က ရေရွတ်သည်။

သို့သော် ယခုအချိန်တွင် သူတို့ ထိုအကြောင်းကို မပြောသင့်ပါ။ အရေးကြီးသည်မှာ ထိုနေရာက ထွက်ခွာသွားပြီး ဂူဆီသို့ ပြန်ရန်ဖြစ်သည်။

မိုင်နှင့် အခြားသူများသည် ဂူဆီသို့မပြန်ဘဲ တစ်ညလုံး မအိပ်ဘဲနေကြသည်။ အာရုဏ်တက််တော့ ရှောက်ရွှမ်တို့ကို ဆက်ရှာကြသည်။ ထို့ကြောင့် သူတို့သည် တစ်ညလုံးမအိပ်ရသေးပေ။

သူတို့၏မျက်နှာများတွင် အလွန်ပင်ပန်းနေသော အမူအရာများကို တွေ့သောအခါ ရှောက်ရွှမ်စိတ်မကောင်း ဖြစ်သွားသည်။

“တောင်းပန်ပါတယ်” ရှောက်ရွှမ်က ပြောသည်။

မိုင်ကလက်ကို ဝှေ့ယမ်းလိုက်ရင်း “ပြန်ကြစို့” ဟုပြောလိုက်သည်။

သူသည်ရှောက်ရွှမ်ကို ရိုက်နှက်လိုသော်လည်း အရေးကြီးသည်မှာ ဂူဆီသို့ပြန်ရန်ဖြစ်သည်။ ဂူထဲတွင် သူတို့ကိုစောင့်နေသူများမှာလည်း မအိပ်ရသေးပေ။

ဆီဆာမနိုးသေးခြင်းကြောင့် သူ့ကို ထမ်းစင်ပေါ်တင်၍ သစ်ပင်ပေါ်မှ အောက်သို့ ဖြည်းညှင်းစွာချသည်။ မနေ့ကတုန်းက ထမ်းစင်သည် ဆီဆာနှင့်အနေတော်ဖြစ်သော်လည်း အခုတော့ ထမ်းစင်သည် သေးသွားပြီး ခေါင်းတစ်ဝက်နှင့် အမြီးက ထမ်းစင်အပြင်ထွက်နေပြီဖြစ်သည်။

မိုင်နှင့်ကျန်သူများက ဆီဆာကို သစ်ပင်အောက်မှ မချီလိုက်သည်။ ထမ်းစင်ကို အောက်ချလိုက်ရင်း “ဆီဆာအလေးချိန်ပိုစီးလာတယ်” ဟု

ပြောလိုက်လေသည်။

“အကောင်ပိုကြီးလာပြီး ပိန်သွားတယ်”မိုင့်ဘေးက လူလတ်ပိုင်းအရွယ်စစ်သည်တော်က ပြောသည်။

ဆီဆာကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက် မွေးမြူထားခြင်းဖြစ်သည်။ အမဲလိုက် အဖွဲ့နှင့် အမဲလိုက်ထွက်သည့်အခါတွင်ပင် သူ၏ကိုယ်အလေးချိန်လျော့ကျသွားခြင်း မရှိပါ။ တောထဲမှ အစာငတ်နေသော သားရဲများလို ပိန်လှီခြင်းမရှိပါ။ အခုတော့ ဆီဆာကို ကြည့်ရသည်မှာ ကြောက်စရာကောင်းလောက်အောင် ပိန်လှီနေသည်။

မိုင်နှင့်အခြားသူများ၏ အကူအညီဖြင့် ရှောက်ရွှမ်သည် ဆီဆာကို ထမ်းစင်ပေါ်တင်ကာ ဂူဆီသို့ ပြန်သယ်လာနိုင်သည်။ ပထမစခန်းချရာဂူထဲတွင် အစောင့်ကျန်ရစ်သူများသည်လည်း ကောင်းမွန်စွာ မအိပ်ရပါ။ ချောင်နှင့် နောက်လိုက်များသည် သူတို့ကို ဂူပေါက်ဝတွင် တစ်ညလုံးစောင့်နေခြင်း

ဖြစ်သည်။ အားလုံးလည်း စိတ်တွေလှုပ်ရှားနေကြသည်။ မိုင်နှင့်ရှောက်ရွှမ်ပြန်လာသည်ကို တွေ့သောအခါမှ အားလုံး စိတ်သက်သာရာရသွားသည်။

ချောင်က ပြန်လာသူများကို ကြည့်ရင်း “မင်းတို့အားလုံး ဘာမှမဖြစ်ဘဲ ပြန်ရောက်လာတာ တော်သေးတာပေါ့” ဟုပြောလိုက်သည်။ ရှောက်ရွှမ်ကို သေချာကြည့်ပြီး ဘာမှ မဖြစ်သည်ကို တွေ့မှ သူပြုံးနိုင်တော့သည်။

“အားလုံးကို စိတ်ပူအောင် လုပ်မိလို့တောင်းပန်ပါတယ်” ရှောက်ရွှမ်သည် ခွင့်ပြုချက်မရဘဲ ထွက်သွားသည့်အတွက် အားလုံးကို တောင်းပန်သည်။

“ရပါတယ်” ချောင်က ထမ်းစင်ကိုကြည့်ရင်း မနေ့က ဘာဖြစ်ခဲ့သည်ကို မေးရန်ပြင်နေသည်။ သူထင်သည်မှာ ဆီဆာဒဏ်ရာရလာသည်ဟုဖြစ်သော်လည်း တစ်စုံတရာထူးခြားနေသည်ကို သူသိလိုက်သည်။

“အထဲကို အရင်ဝင်လိုက်” မိုင်ကထမ်းစင်ကို အထဲသို့သယ်သွားရင်း ပြောလိုက်သည်။

ရှောက်ရွှမ်သည် ဆီဆာကို နေရာချပေးလိုက်ပြီး ဆီဇာ့ဒဏ်ရာများကို ထည့်ပေးရန်ဆေးအချို့ကို တောင်းလိုက်သည်။ ဆီဆာကို ဆေးထည့်ပေးနေရင်း ရှောက်ရွှမ်သည် သူတို့အဖြစ်အပျက်ကို အကျဉ်းချုပ်ပြောပြနေသည်။

ရှောက်ရွှမ်၏စကားကို ကြားသောအခါ အားလုံးထိတ်လန့်သွားကြသည်။

တံတွေးမျိုချလိုက်ပြီး မယုံနိုင်စွာဖြင့် လန်ကာ့ကမေးသည် “ထောင်ခြောက်တွေ ထောင်ထားတဲ့ နေရာလား၊ ဆီဆာက ဝံပုလွေတွေကို အဲဒီနေရာကိုမျှားခေါ်သွား တာလား”။ ထောင်ခြောက်များပျက်စီးသွားသည့်အတွက် စိတ်မကောင်း ဖြစ်ခြင်းမဟုတ်ပါ၊ ဆီဆာသည် သူ့ပြိုင်ဘက်များကို ထောင်ခြောက်များနှင့် လှည့်ဖြားတိုက်ခိုက်နိုင်ခဲ့သည်ကို အံ့သြနေခြင်းဖြစ်သည်။

“နောက်ပြီးတော့ အဲဒီဝံပုလွေတွေကို ကတ္တရာတွင်းကြီးဆီခေါ်သွားသေးတယ်” ရှောက်ရွှမ်ကပြောသည်။ ရှောက်ရွှမ်ဘေးတွင် ရပ်နေသော လန်ကာ့သည် အကြီးအကျယ် ထိတ်လန့်သွားသည်။

သူတို့သည် ထိုထောင်ခြောက်များကို သားရဲများအားနှိမ်နင်းရန် လူသားမျာကသာ အသုံးပြုနိုင်မည်ဟုထင်ထားခဲ့သည်။ တိရစ္ဆာန်တစ်ကောင်က ထိုသို့ပြုလုပ်နိုင်မည်ဟု ထင်မထားပေ။ အတိတ်တုန်းကဆိုလျှင် ထိုအဖြစ်အပျက်သည် ယုံနိုင်စရာ ကောင်းမည် မဟုတ်ပါ။

“ဆီဆာက ဘာြဖစ်လို့…”

“သူအဆင့်မြင့်ပြောင်းလဲသွားတာ…” ရှောက်ရွှမ်က ပြောသည်။

အပြောင်းအလဲကို ကြည့်ရသည်မှာ အဆင့်မြင့်ပြောင်းလဲသွားခြင်းဖြစ်သည်။

“အဆင့်မြင့်ပြောင်းလဲတာ” လန်ကာ့က ထိုစကား

ကို နားမလည်ပေ။

“ပြောရမယ်ဆိုရင် ဆီဆာက ကြောက်မက်ဖွယ်သားရဲတစ်ကောင် ဖြစ်ခါနီးသွားတာ၊ ဒါမှမဟုတ် ကြောက်မက်ဖွယ်သားရဲတစ်ကောင် ဖြစ်သွားတာ” ရှောက်ရွှမ်က အတိုချုပ်ရှင်းပြသည်။ အားလုံးအံ့သြသွားကြသည်။

ဆီဆာသည် အားလုံးပါးစပ်ဖျားတွင် ရေပန်းစားနေသော သားရဲလေးဖြစ်သည်။ အခုတော့ ရှောက်ရွှမ်က ဆီဆာသည် ကြောက်မက်ဖွယ်သားရဲတစ်ကောင် အဖြစ်ပြောင်းသွားသည်ဟုဆိုနေသည်။

“ကြောက်မက်ဖွယ်သားရဲတစ်ကောင်ဆိုပါလား”

ကြီးမားသော ပြောင်းလဲမှုတစ်ခုပင်။

သူတို့သည် ကြောက်မက်ဖွယ်သားရဲတစ်ကောင်နှင့်အတူတူ အမဲလိုက်ထွက်ရတော့မည်လား။

နည်းနည်းတော့ကျောချမ်းစရာကောင်း

သော်လည်း ပျော်စရာတော့ကောင်းမည်ပင်။

“သူ့အခြေအနေပေါ်မူတည်သေးတာပေါ့..အခြေအနေကတော့ ဆီဆာသတိရလာမှ သိရမှာပဲ” ရှောက်ရွှမ်ကပြောသည်။

“ညက ငါတို့အားလုံးလည်း ကောင်းကောင်းမအိပ်ရသေးတော့ ဒီနေ့တော့ အနားယူကြရအောင်..မနက်ဖြန်မှ အမဲလိုက်ထွက်မယ်”မိုင်ကပြောသည်။

ရှောက်ရွှမ်လည်း ဆီဆာဘေးရှိ နံရံနားတွင် လှဲလိုက်သည်။ တခြားလူများ သူ့ကို အာရုံမရှိတော့သည့်အချိန်မှ နတ်ဆေးဆရာပေးလိုက်သော မီးလျှံသလင်းကျောက်ကို သားရေအိတ်ထဲမှ ထုတ်ယူလိုက်သည်။

မနေ့ညက တံဆိပ်ရိုက်နှိပ်ခြင်းလုပ်ငန်းစဉ်တွင် နတ်စွမ်းအင်အတော်များများကို သူသုံးလိုက်ရသည်။ သူသည် လျှို့ဝှက်စာရေးထွင်းခြင်းနှင့် တံဆိပ်နှိပ်ခြင်းကို အာရုံစိုက်လုပ်ရသလို တည

လုံးလည်း သတိဝီရိယနှင့်နေရသေးသည်။ရှောက်ရွှမ်သည် ပင်ပန်းလွန်းသဖြင့် အားပြန်ပြည့်ရန် မီးလျှံသလင်းကျောက်ကို အသုံးပြုခဲ့သည်။

မီးလျှံသလင်းကျောက်သည် နဂိုတုန်းက မီးတောက်ကဲ့သို့ အနီရောင်ဖြစ်သော်လည်း အခုတော့ အရောင်ဖျော့သွားသည်။ သိပ်မသိသာသော်လည်း ရှောက်ရွှမ်က‌တော့သတိထားမိသည်။

မီးလျှံသလင်းကျောက်၏စွမ်းအင်များကို အတော်များများစုပ်ယူသုံးစွဲမိမည်ဟု မထင်ထားပေ။ လျှို့ဝှက်ဆန်းကြယ်သော တံဆိပ်ရိုက်နှိပ်ခြင်းသည် စွမ်းအင်အတော်ကုန်စေသည်။ နောက်တစ်ခါတွင် သတိကြီးစွာနှင့် အသုံးပြုမှ ဖြစ်မည်။

ရှောက်ရွှမ်နှင့်အခြားသူများ ဂူထဲတွင် အနားယူနေစဉ် မိုင်သည် လူတချို့ကို ခေါ်၍ ထောင်ခြောက်များရှိရာနေရာသို့ ထွက်သွားသည်။

ထောင်ခြောက်များရှိသောနေရာတွင် ဝံပုလွေ

အသေများကို အမှန်တကယ်တွေ့ရှိလိုက်ရသည်။ ဝံပုလွေအသေကောင်များကို အသေကောင်စား သတ္တဝါများနှင့် အခြားသားရဲများက တစစီ ဝိုင်းဆုတ်ဖြဲထားကြသည်။ သွေးများပေနေသော အရိုးများသာ ကျန်တော့သည်။ သွေးနံ့သည် သားရဲများကို မြူဆွယ်နေသည် မဟုတ်ပါလော။

“ရှောက်ရွှမ်ပြောတာမှန်တယ်” မိုင်သည် ထောင်ခြောက်များကို အနီးကပ်ကြည့်လိုက်သောအခါ မျက်လုံးပြူးသွားသည်။

“အားရွှမ်လိမ်နေတာမဟုတ်ဘူး”

“ဒါဆိုရင်ဆီဆာက ထောင်ခြောက်တွေကို ကောင်းကောင်းနားလည်နေတာပေါ့”

မိုင်နှင့်သူ့ဇနီးချောင်သာမက သူတို့နှင့်လိုက်ပါလာသူအားလုံးသည် တွေးမိသည်။ မျိုးနွယ်စုအတွင်း သူတို့မွေးထားသော သားကောင်ပေါက်လေးများသည် ဆီဆာကဲ့သို့ ပြောင်းလဲလာပါက သူတို့သည်…

“မိုင်ရေ..အဲဒီလိုသာဆိုရင်တော့ ငါတို့တော်တော်အားကိုးရမယ်” ချောင်က ပြောသည်။

“သူတို့အကူအညီက အမဲလိုက်အဖွဲ့အတွက် တော်တော်အကျိုးရှိစေမယ်”

သူတို့စိုးရိမ်နေသည့်ကိစ္စများလည်း ရှိနေသေးသည်။ ထိုသားကောင်ပေါက်လေးများ ကြီးလာသောအခါ မျိုးနွယ်စုကို သစ္စာဖောက်မည်လား။ သို့သော် နတ်ဆေးဆရာကိုယ်တိုင် သဘောတူထားသဖြင့် သစ္စာတော့ ဖောက်မည် မထင်ပါ။

အမဲလိုက်အဖွဲ့ဝင်များ၏ စိတ်နေသဘောထားမှာ ရိုးရှင်းသည်။ သူတို့တွင် တခြားစိတ်ကူးများရှိသော်လည်း နတ်ဆေးဆရာပြောသမျှအားလုံးမှန်သည်ဟု သူတို့ယုံကြည်ထားကြသည်။

မှန်သည်။ သူတို့လုပ်စရာဟူ၍ နတ်ဆေးဆရာ၏ စကားကိုနားထောင်ရန်သာရှိသည်။

ထိုအချက်ကို တွေးမိသောအခါ မိုင်နှင့်ကျန်သူများ စိတ်သက်သာရာရသွားသည်။ တခြားလူများက မိုင့်ကို သူ့အမွှာကလေး၂ယောက်အတွက် သားကောင်ပေါက်လေးများ ဖမ်းပြီး ရှောက်ရွှမ်ထံတွင် လေ့ကျင့်ပေးရန် ပြောကြသည်။

မိုင်က ငြင်းလည်းမငြင်း သဘောလည်း မတူသေးပါ။

ညနေခင်းအချိန်တွင် အားလုံးသည် မီးပုံဘေးတွင် ထိုင်လျက် နောက်တချိန်တွင် မျိုးနွယ်စုအတွင်း သားကောင်ပေါက်လေးများကို လေ့ကျင့်ပေးရန် တိုင်ပင်ဆွေးနွေးနေကြသည်။

ရုတ်တရက် ရှောက်ရွှမ်ဘေးတွင် ထိုင်နေသာ ဆီဆာသည် လှုပ်ရှားလာသည်။

ရှောက်ရွှမ်နှင့်အနီးဆုံးဖြစ်သော လန်ကာ့သည်လည်း ဆီဆာလှုပ်ရှားလာသည်ကိုတွေ့လိုက် သည်။ ထို့ကြောင့် သူဆီဆာကို ချက်ချင်းသွားကြည့်သည်။

“ဆီဆာ သတိရလာပြီလား”

လန်ကာ့သည် ခေါင်းငုံ့လိုက်ပြီး ဆီဆာကိုသေချာကြည့်နေလေသည်။ ဆီဆာ၏ မျက်လုံးများကို ကြည့်ရသည်မှာ ထုံပေပေဖြစ်နေသည်။

လန်ကာ့သည် ရေခဲတမျှအေးသော ရေကန်ထဲသို့ ပြုတ်ကျသွားသလိုခံစားလိုက်ရပြီး ဦီးရေပြားများထုံကျင်သွားသည်။ အကြောအချဉ်များလည်းတောင့်တင်းသွားသလို အပြုံးများလည်း ပျောက်ကွယ်သွားသည်။ လက်မောင်းရှိသွေးကြောများလည်း ထောင်ထလာသည်။ သူသည် ဆီဆာကို ဓါးနှင့်မခုတ်မိအောင် တော်တော်ထိန်းချုပ်လိုက်ရသည်။

ဆီဆာမျက်လုံးများသည် ရက်စက်မှု၊အေးစက်မှုနှင့် ရိုင်းစိုင်းမှုများ ပြည့်နှက်နေသည်။ လန်ကာ့သည် ထိုကဲ့သို့ မျက်လုံးများကို တောထဲတွင် နေ့စဉ်မြင်နေကျဖြစ်သည်။

“ဘာဖြစ်တာလဲ” တခြားသူများက မေးသည်။

လန်ကာ့သည် တခြားလူများကို အနားမလာရန် ပြောဖို့ ပါးစပ်ဟလိုက်သည်။ သို့သော် ဆီဆာ၏မျက်လုံးများမှာ သိမ်မွေ့လာသည်ကို တွေ့လိုက်ရသည်။ နောက်တစ်ခေါက်ပြန် ကြည့်လိုက်သောအခါ ထိုဝံပုလွေသည် သူရင်းနှီးနေသောဆီဆာသာဖြစ်ကြောင်း ယုံကြည်သွားသည်။

သူသည်ဆီဆာဖြစ်သည်။ တောထဲမှ ကြောက်မက်ဖွယ်သားရဲတစ်ကောင်မဟုတ်ပါ။

ရှောက်ရွှမ်သည် ဆီဆာ၏ဒဏ်ရာများကိုလာကြည့်သောအခါ လန်ကာ့သည် ခြောက်ကပ်စွာ ပြုံးလိုက်ရင်း အေးစက်သောသူ့လက်များကို ဖယ်ပေးလိုက်သည်။ “ဘာမှမဖြစ်ပါဘူး..ဆီဆာသတိရလာပြီထင်တယ်”

သတိရလာသောအခါ ဆီဆာသည် ဖြည်းညှင်းစွာထလာပြီး ဂူထဲတွင် လမ်းလျှောက်နေသည်။

“ဆီဆာအနားကပ်လာတိုင်း ငါဘာလို့စိတ်လှုပ်ရှားနေရတာလဲ” ထူကပြောသည်။

“ငါရောပဲ…” ကျဲပါ့လည်း ထိုအတိုင်းပင်။

ရှောက်ရွှမ်သည် ဆီဆာအတွက် အသားတချို့ကို လှီးဖြတ်နေသည်။ ဆီဆာ၏ စားသောက်နှုန်းမှာ ပိုကြီးလာသည်။ ဒရယ်ကောင်တစ်ဝက်ကုန်သွားသော်လည်း ဗိုက် ပြည့်ဟန်မရှိဘဲ ဆာလောင်နေသေးပုံရသည်။ သို့သော ဂူထဲတွင် အသားမရှိတော့သဖြင့် သူဆက်မစားရတော့ပါ။

နောက်တစ်နေ့တွင် အမဲလိုက်အဖွဲ့သည် အမဲလိုက်ထွက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ ပိန်လှီနေသော ဆီဆာသည် သူ့နောက်လိုက်လာသည်။

“သူ့ကိုတစ်ရက်လောက် ဘာလို့အနားမယူခိုင်းတာလဲ” မိုင်ကရှောက်ရွှမ်ကို မေးသည်။

“ရတယ်..သူအဆင်ပြေပါတယ်”

ဆီဆာသည် တုန့်ဆိုင်းခြင်းမရှိဘဲ လှုပ်ရှားနေသည်။ သူသည် တောထဲသို့ အမြန်ရောက်ချင်နေဟန်တူသည်။ ဆီဆာထိုကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ မိုင်သည် ဆီဆာကို မလိုက်လာရန် မပြောတော့ပေ။

တောင်ဒရယ်ကြီးများအနားတွင် ဝံပုလွေအုပ်စုကို မတွေ့ရပါ၊ ထို့ကြောင့် အမဲလိုက်အဖွဲ့သည် ဒရယ်များကို အမဲလိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူတို့သည် ဒရယ်အုပ်ကို မောင်းထုတ်လိုက်ပြီး သင်းကွဲကျန်နေသော ဒရယ်ကြီးကို ပစ်မှတ်ထားလိုက်သည်။

“အဲဒီတစ်ကောင်…”လန်ကာ့အော်ပြောလိုက်သည်။ သူက ဆီဆာကို ထိုဒရယ်ကြီးအားလိုက်စေချင်သည်။ လိန်ကသည် မီးခိုးရောင်အရိပ်တစ်ခု ဒရယ်ကြီးဆီ လှစ်ခနဲ ပြေးသွားတာမြင်လိုက်ရသည်။

“ဗုန်း…”

ဒရယ်ကြီးရော မီးခိုးရောင်အရိပ်ပါ မြေပေါ်သို့ ပြုတ်ကျလာသည်။

လန်ကာ့ သူတို့ကိုကြည့်လိုက်သောအခါ ဒရယ်ကြီးသည် မြေပေါ်သို့ ပြုတ်ကျသွားပြီး ဆီဆာက ဒရယ်ကြီး၏လည်ပင်းကိုခဲထားသည်ကို တွေ့လိုက်ရတော့သည်။

All Chapters