ခေါင်းဆောင်ဝံပုလွေ
Vol. 9 Ch. 130
လွန်ခဲ့သော ၂ရက်က ဆီဆာသည် တောင်ဒရယ်ကြီးတစ်ကောင်၏ တိုက်ခိုက်ခြင်း ကိုခံခဲ့ရသည်။ အခုတော့ သူသည် ဒရယ်အငယ်တစ်ကောင်ကိုဝင်တိုက်နိုင်လိုက်သည်။
သူ၏စွမ်းအင်နှင့် အမြန်နှုန်းသည် လွန်ခဲ့သော၂ရက်ကထက်ပိုတိုးတက်လာသည်။
“ဂျွတ်”
အရိုးကျိုးသံနှင့်အတူ ထိုတောင်ဒရယ်ကြီးသည် နောက်ထပ်မလှုပ်ရှားနိုင်တော့။ ထိုအခါမှ ဆီဆာသည်တောင်ဒရယ်ကြီးကို လွှတ်ပေးလိုက်ပြီး အသက်ရှူနေသည်။ သူ့အစွယ်များမှ သွေးများစီးကျနေသည်။ ဒရယ်ကြီးကို အမဲလိုက်ထား
သောကြောင့် သူ့မျက်လုံးများသည် ခက်ထန်နေသော်လည်း အလွန်ပျော်နေပုံရသည်။
လန်ကာ့တို့မှာ ဆီဆာကို ကြည့်လိုက်ပြီး သင်းကွဲဒရယ်ကြီးကို ခြောက်ခိုင်းဖို့မဆိုထားနှင့်၊ သူ့ကို စကားပင်မပြောရဲပါ။ ဆီဆာသည် အခက်အခဲမရှိလှုပ်ရှားနိုင်သော်လည်း အနည်းငယ် အားနည်းနေသေးသည်။ အသက်ဝအောင် ရှုလိုက်ပြီး သူသည် ဒရယ်ကြီး၏ လည်မျိုကိုခဲကာ ရှောက်ရွှမ်ဆီသို့ဆွဲယူလာသည်။
မိုင်နှင့် ကျန်သူများလည်း ရင်တထိတ်ထိတ်နှင့်ကြည့်နေရသည်။
ဆီဆာသည် ဒရယ်ကြီးကို မြေပေါ်လဲကျအောင် လုပ်လိုက်ပြီးပြီ၊ သူအခုဘာဆက်လုပ်ဦးမည်နည်း။ ဆီဆာသည် အကောင်ကြီးလာသည်မှန်သော်လည်း တောင်ဒရယ်ကြီးနှင့်ယှဉ်လျှင်တော့ အကောင်သေးနေသေးသည်ဖြစ်သည်။ သို့သော် သူသည် ဒရယ်ကြီးကို ဆွဲ၍ ရှောက်ရွှမ်ဆီ တစ်
လှမ်းချင်းလှမ်းသွားနေသည်။
ဆီဆာပြသခဲ့သော အမြန်နှုန်းနှင့် စွမ်းအင်ကို မူတည်၍ မိုင်နှင့် အခြားသူများသည် ကောက်ချက်တစ်ခုချလိုက်သည်။ သူသည်ကြောက်မက်ဖွယ်သားရဲတစ်ကောင် ဖြစ်လာလေပြီး။ အစွယ်လေးချောင်းဝက်ရိုင်းလို ကြောက်မက်ဖွယ်သားရဲကြီးနှင့် မယှဉ် နိုင်သေးသော်လည်း သူသည် ကြောက်မက်ဖွယ်သားရဲတစ်ကောင် ဖြစ်လာလေပြီ။
မိုင်နှင့်ကျန်သူများသည် ဆီဆာမှာ ရက်စက်ကြမ်းကြုတ်သော အမူအရာမရှိသည်ကို သိသော်လည်း ဒရယ်ကြီးကိုဆွဲ၍ တလှမ်းချင်းလှမ်းလာသော သူ့ကို ကြည့်ရသည်မှာ ကျောချမ်းစရာကောင်းနေလေသည်။ သူတို့အားလုံး၏ အကြောအချဉ်များတောင့်တင်းသွားပြီး ဆီဇာအသက်ရှုလိုက်တိုင်းလည်း သွေးနံ့များကို ရနေသည်။
သူသည်ဒရယ်ကြီးကို ရက်စက်စွာသတ်လိုက်သည် မဟုတ်ပါလား။ ကြောက်မက်ဖွယ်သားရဲ
ဆိုသည်မှာ ထိုအရာပင်ဖြစ်သည်။ စစ်သည်တော်များသည် သားရဲများကို အခက်အခဲမရှိသတ်ဖြတ်နိုင်သည်။ သို့သော် ကြောက်မက်ဖွယ်သားရဲကြီးများနှင့် ရင်ဆိုင်ရသောအခါ သူတို့သည် ထိုသားရဲကြီးများကို လျှော့မတွက်ရဲဘဲ သတိဝီရိယအပြည့်နှင့် ရင်ဆိုင်ကြသည်။ သူတို့သည် ကြောက်မက်ဖွယ် သားရဲတစ်ကောင်နှင့် ထိုမျှနီးနီးကပ်ကပ်နေရမည်ဟု မထင်ထားပါ။
ဒရယ်ကောင်အသေကြီးကို ရှောက်ရွှမ်ရှေ့တွင် ချပေးပြီးသောအခါ ဆီဆာသည် အမဲလိုက်ခြင်းတွင် ကူညီရန် အသင့်ပြင်နေသည်။ သူသည်သားကောင်တစ်ကောင်ကို အမဲလိုက်ပြီး ဖြစ်သောကြောင့် နောက်ထပ် ထက်သတ်ရန်မကြိုးစားတော့ဘဲ အမဲလိုက်အဖွဲ့ကို ကူညီ၍ သင်းကွဲဒရယ်ကြီးကို မောင်းထုတ်ပေးမည်ဖြစ်သည်။
ပထမကတော့ အားလုံးသည် စိတ်လှုပ်ရှားနေကြသည်။ သို့သော် အမဲလိုက်ခြင်း စတင်သောအခါ သူတို့သည် အမဲလိုက်ခြင်းလုပ်ငန်းတွင် စိတ်ကို
နှစ်မြှပ်ထားကြသည်။
အရင်တုန်းကဆိုလျှင် ဆီဆာသည် ထိုဒရယ်များကို ခက်ခက်ခဲခဲ မောင်းထုတ်ရသည်။ တစ်ခါတစ်ရံထိုဒရယ်များသည် ဝံပုလွေများကို သိပ်ဂရုမစိုက်ကြပါ။ သို့သော် သူတို့သည် ဆီဆာကဲ့သို့ဝံပုလွေများ၏တိုက်ခိုက်ခြင်းကိုခံနေကျဖြစ်သဖြင့် သူတို့သည် ဝံပုလွေများကိုတော့ ကြောက်ကြသည်။ ထို့ကြောင့် သူတို့သည် ဆီဆာကိုမြင်ရုံနှင့် ထွက်ပြေးကြခြင်းဖြစ်သည်။
အခုတော့ ဆီဆာသည် ဒရယ်ငယ်လေးတစ်ကောင်ကို သတ်လိုက်သည်ကို ကိုယ်တိုင်မြင်လိုက်ကြရသောကြောင့် ဒရယ်များမှာ ဆီဆာကို ပိုကြောက်သွားကြသည်။ အထူးသဖြင့် သင်းကွဲဒရယ်ကြီးမှာ ဆီဆာကိုမြင်ရုံမျှနှင့် လျင်မြန်စွာထွက်ပြေးသွားသည်။
ဆီဆာသည် ဒရယ်အကောင်ကြီးများဘေးရှိ ဒရယ်များကို လွယ်လွယ်ကူကူအနိုင်ယူနိုင်သည်။ သို့သော် ဒရယ်အကောင်ကြီးများမှာ ဒရယ်ငယ်
များကို စောင့်ရှောက်ရန် ဒရယ်အုပ်ထဲတွင် သာနေလေ့ရှိသည်။ သတ်ခံရသော ဒရယ်အရေအတွက် သိပ်မများပါက သူတို့သည် အုပ်စုမှထွက်ခွာခြင်းမရှိပါ။
စစ်သည်တော်များသည် အတွေးကိုယ်စီနှင့် သားကောင်များကို သူတို့စခန်းချရာ ဂူဆီသို့ ပြန်လာကြသည်။ အရင်တုန်းကဆိုလျှင် လူသားများသည် ကြောက်မက်ဖွယ်သားရဲတစ်ကောင်၏ အကူအညီနှင့် အမဲလိုက်ရမည်ဟု စိတ်ကူးပင်မယဉ်ဖူးပါ။ အခုတော့ သူတို့အုပ်စုသည် ကြောက်မက်ဖွယ်သားရဲတစ်ကောင်၏ အကူအညီဖြင့် အမဲလိုက်သော ပထမဆုံးသော အဖွဲ့ဖြစ်လာသည်။ ထိုအချက်သည် တော်တော်ပျော်စရာကောင်းသည်ပင်။
အားယမ်နှင့် သူ့အမအားကွမ်းတို့အတွက် သားပေါက်လေးများ ဖမ်းပေးလျှင် ကောင်းမကောင်း မိုင်သည် ချောင်နှင့် တိုင်ပင်နေသည်။သို့သော် ကလေးများက မိုင်နှင့်သဘောမတူပါ။ သူတို့က သူတို့ခွန်အားပိုကြီးလာသောတချိန်မှ သူ
တို့ကိုယ်တိုင် သားပေါက်လေးများကို ဖမ်းမည်ဟု ပြောသည်။
“သန်စွမ်းတဲ့ သားပေါက်တစ်ကောင်ဖမ်းမယ်” အားကွမ်ကပြောသည်။
“ဟုတ်တယ်..ဆီဆာလို အမိန့်နာခံတတ်တဲ့ သားပေါက်လေးမျိုး” အားယမ်က သူ့အမနှင့် တစ်သဘောတည်းဖြစ်သည်။
“ဟုတ်တယ်..”
“မောင်မွေးထားတဲ့ ဝက်ကတုံးတော့ မဖမ်းဘူး”
“ဟုတ်တယ်”
ကလေးများစကားကိုနားထောင်ပြီးနောက် မိုင်သည် ခေါင်းခါ၍ပြုံးလိုက်ရင်း
“သားရဲတိုင်းက ဗီဇပြောင်းနိုင်တာ မဟုတ်ဘူး”
ရှောက်ရွှမ်သည် လျှို့ဝှက်ဆန်းကြယ်သောနည်းနှင့် တံဆိပ်နှိပ်ခြင်းအကြောင်းကို သူတို့အား မပြောပြပါ။ ထိုအကြောင်းကို ပြောသင့်သူမှာ သူမဟုတ်ဘဲ နတ်ဆေးဆရာသာ ဖြစ်သင့်သည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် မျိုးနွယ်စုဆီပြန်ရောက်လျှင် နတ်ဆေးဆရာနှင့် ဆွေးနွေးရန် ဆုံးဖြတ်ထားသည်။
အမဲလိုက်အဖွဲ့သည် ဒုတိယနေရာသို့ သွားမည့်နေ့တွက် ဆီဆာသည် အပြင်ခဏထွက်သွားသည်ကို တွေ့လိုက်သော်လည်း ရှောက်ရွှမ် မလိုက်သွားပါ။ ဆီဆာ ပြန်ရောက်လာသောအခါ သူသည် ဒဏ်ရာအနည်းငယ်ရလာပြီး အမွှေးပေါ်တွင် သွေးများ ပေကျံနေသည်။ သို့သော် ထိုသွေးအများစုမှာ ဆီဆာကိုယ်မှ ထွက်သော သွေးမဟုတ်ပါ။ ကြည့်လိုက်တော့ ဆီဆာသည် ဝံပုလွေတစ်ကောင်ကို ပါးစပ်တွင် ကိုက်ချီလာသည်ကို တွေ့လိုက်ရသည်။
“ ဒါဝံပုလွေအုပ်စုရဲ့ ခေါင်းဆောင်လား” မိုင်က ဝံပုလွေအသေကောင်ပေါ်မှ အစက်အပြောက်များ
ကို ကြည့်ရင်း အံ့သြသင့်စွာမေးလိုက်သည်။
“ကြည့်ရတာတော့ ဝံပုလွေအုပ်စုရဲ့ခေါင်းဆောင်နဲ့တူသလိုပဲ” လန်ကာ့က ဝံပုလွေ အသေကောင်ကို တစ်ချက်ကြည့်လိုက်ရင်း ပြောသည်။
“ဆီဆာက ဝံပုလွေတစ်အုပ်လုံးကို သတ်လိုက်တာလား” စစ်သည်တော် တစ်ယောက်က မေးသည်။
“ဟုတ်ရင်လည်း ဟုတ်မှာပေါ့”
“ဒါဆို ဒီနေရာမှာ လတ်တလော ဘာဝံပုလွေမှ မရှိတော့ဘူးလို့ ပြောရမှာပေါ့ ဟုတ်လား”
ဆီဆာသည် ဝံပုလွေတစ်အုပ်လုံးကို သတ်သည်ဖြစ်စေ၊ ခေါင်းဆောင်ကိုပဲ သတ်သည်ဖြစ်စေ အမဲလိုက်အဖွဲ့အတွက်တော့ ကောင်းသည်ပင်။ ဝံပုလွေအုပ်စု၏ ရန်ကို စိုးရိမ်နေရန် မလိုတော့ပေ။သူတို့သည် ထိုမျှရက်စက်ကြမ်းကြုတ်သော ဝံပုလွေအုပ်စုနှင့် ထိပ်တိုက် ရင်မဆိုင်ချင်ကြပါ။
ဆီဆာသည် ဝံပုလွေအသေကောင်ကို ရှောက်ရွှမ်ရှေ့တွင် ချလိုက်ပြီး ရှောက်ရွှမ်ကို ကြည့်နေသည်။
“ဒါမင်းရဲ့သားကောင်ပဲ၊ အရင်ဆုံး ဂူထဲမှ သွားထားလိုက်၊ ငါပြန်ရောက်လာမှ မင်းရဲ့သားရဲတွင်းမှာ ခင်းဖို့ အရေခွံခွာပေးမယ်” ရှောက်ရွှမ်ကပြောလိုက်သည်။ ဆီဆာသည် ရှောက်ရွှမ်၏ အကြံပေးချက်ကို သဘောကျသွားဟန်ရှိသည်။ သူသည် ဝံပုလွေအသေကောင်ကို အောက်ချလိုက်သည်။ ထို့နောက် အသေကောင်ကို တစ်ချက်တောင် မကြည့်တော့ဘဲ လှဲလျောင်းအနားယူနေတော့သည်။ သူ့ဒဏ်ရာများသည် လည်း အနာဖေးများတက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ဆေးထည့်ပေးရန် မလိုတောပါ။
ဆီဆာထွက်ခွာသွားပြီးနောက်တွင် အားယမ်တို့မောင်နှမ၊ထူနှင့်ကျဲပါ့တို့အပါအဝင် လူငယ်စစ်သည်တော်များသည် ခေါင်းဆောင်ဝံပုလွေကိုလာကြည့်ကြသည်။ ထိုဝံပုလွေသာ အသက်ရှိနေ
ပါက သူတို့သည် အနားပင်ကပ်ဝံ့မည် မဟုတ်ပါ။ သို့သော် အသေကောင်တစ်ကောင်ကိုတော့ သူတို့မကြောက်ပါ။ဝံပုလွေခေါင်းဆောင်သည် သေနေတာတောင် ကြောက်ဖို့ကောင်းနေသည်။
မောင် ဟေးစစ်ဖုန်းကို နှိမ်နင်းလာတုန်းကလိုပင်၊ လူငယ်စစ်သည်တော်လေးများသည် ဝံပုလွေခေါင်းဆောင်ကို စိတ်ဝင်စားနေကြသည်။ သူတို့သည် အစွယ်များနှင့် လက်သည်းများကို ကိုင်ကြည့်ပြီးနောက် အထင်ကြီးသွားကြသည်။
“ခေါင်းဆောင်ဝံပုလွေဖြစ်မယ်ဆိုလည်း ဖြစ်ထိုက်ပါတယ်၊ အစွယ်တွေနဲ့ လက်သည်းတွေကို ကြည့်ပါဦး”
“အကိုရွှမ်..ဆီဆာက နောင်တချိန်ကျရင် ခေါင်းဆောင်ဝံပုလွေတစ်ကောင် ဖြစ်လာမှာလား” အားယမ်နှင့် သူ့အမသည် ရှောက်ရွှမ်ကို မေးသည်။
“ငါလည်း မသိဘူး” ရှောက်ရွှမ်ကပြောသည်။
အမဲလိုက်အဖွဲ့က အဖော်အနေနှင့် မွေးမြူထားသော ဝံပုလွေတစ်ကောင်သည် ခေါင်းဆောင်ဝံပုလွေတစ်ကောင် ဖြစ်လာနိုင်ပါ့မလား၊ သူတို့အားလုံး ခေါင်းခါလိုက်မိသည်။
သို့သော် မျိုးနွယ်စုထဲတွင် သားပေါက်လေးများစွာရှိနေသေးသည်။ သူသည် ထိုသားပေါက်များ၏ ခေါင်းဆောင်တော့ ဖြစ်လာနိုင်သည်။ ဘယ်လောက်ကြာအောင် စောင့်ရမလဲတော့ သူတို့လည်း မသိပါ။
ဆီဆာ၏အကူအညီကြောင့် နောက်ရက်များတွင် အမဲလိုက်ထွက်ရသည်မှာ လွယ်ကူသွားလေသည်။မိုင်နှင့်အခြားသူများသည် အုပ်စုတွင်း အတွေ့အကြုံနည်းသော စစ်သည်တော်များနေသည့်အတွက်လည်း စိတ်ဖိစီးနေစရာ မလိုတော့ပါ။ အကူအညီပေးမည့် လူငယ်စစ်သည်တော် ပိုများလေ သူတို့အတွက် သားကောင်ကို ဖမ်းရ ပိုလွယ်လေ မဟုတ်ပါလား။
အမဲလိုက်ခရီးစဉ်ပြီးဆုံးသောအခါ အမဲလိုက်အဖွဲ့သည် အမဲလိုက်လမ်းကြောင်းအတိုင်း အမဲလိုက်အဖွဲ့ဆီသို့ ပြန်လာကြသည်။ ပထမဉီးဆုံး အမဲလိုက်ထွက်သည့်နယ်ပယ်သို့ရောက်သောအခါ သူတို့သည် ကျောပေါ်တွင် အစက်အပြောက်များပါသော ဝံပုလွေများကို မတွေ့ရတော့ပါ။ ထိုဝံပုလွေအုပ်သည် တောအုပ်ထဲသို့ ထွက်ပြေးပျောက်သွားသည် ဖြစ်မည်။
နေ့ရက်များကုန်ဆုံးသွားသော်လည်း ဆီဆာသည် ပိန်မြဲပိန်နေဆဲ ဖြစ်သည်။ သို့သော် သူသတိရလာခါစတုန်းကလောက်တော့ မပိန်တော့ပါ။ အချိန်ကြာလာသည်နှင့် အမျှ သူသည် အခြေအနေပိုကောင်းလာမည် ဖြစ်သည်။
ဆီဆာသည်နေ့စဉ်ဖမ်းမိလာသော သားကောင်များမှာ သူ့အစာဖြစ်သည်။ သူသည် အစားအလွန်ကြီးလာသဖြင့် ရှောက်ရွှမ်လည်း သူ့ကို မကျွေးထားနိုင်တော့ပါ။ ကံကောင်းစွာြဖင့် ဆီဆာသည် သူ့အတွက်လုံလောက်အောင် အမဲလိုက်ထားနိုင်သည်ဖြစ်ပြီး သူ့အစာသားကောင်များကို မျိုး
နွယ်စုဆီသို့ ပြန်ယူလာနိုင်ခဲ့သည်။
သူတို့အမဲလိုက်အဖွဲ့ ပြန်ရောက်သည့်နေ့တွင် မျိုးနွယ်စုထဲမှ လူများပါးစပ်ဖျားတွင် ဆီဆာအကြောင်းသာ ရေပန်းစားနေပြန်တော့သည်။
ရှောက်ရွှမ်သည် သူ့ကို နတ်ဆေးဆရာက မခေါ်မချင်း ဘာမှသိပ်မပြောပါ။
“မင်းလျှို့ဝှက်နည်းလမ်းကို သုံးလိုက်တာလား” နတ်ဆေဆရာက ဆီဆာကို ယုံကြည်စိတ်ချသော မျက်လုံးများဖြင့်မေးလိုက်သည်။
ဘိုးဘေးများကိုယ်တိုင် လျှို့ဝှက်နည်းလမ်းကို အသုံးပြုမည်ဆိုလျှင်တောင် ၅၀%လောက်သာ အောင်မြင်နိုင်သည်။ သို့သော် ရှောက်ရွှမ်သည် ပထမအကြိမ်စမ်းသပ် မှုတွင်ပင် အောင်မြင်သွားသည်။ ထိုသို့ဖြစ်သည်မှာ ကံကောင်းသောကြောင့်လား၊ တခြားအချက် တစ်ခုခုကြောင့်လား နတ်ဆေးဆရာလည်း မသိတော့ပေ။
ရှောက်ရွှမ်သည် ဆီဆာ၏ပြောင်းလဲမှုကို တခြားလူများကို မပြောဘဲ ထိန်ချမ်ထား သော်လည်း၊ နတ်ဆေးဆရာကိုတော့ ထိန်ချမ်မထားပါ။ သူသည် နတ်ဆေးဆရာကို အသေးစိတ်ပြောပြသည် “သူ့အပြောင်းအလဲကိုကြည့်ပြီး ကျွန်တော်တောင်လန့်သွားတယ်၊ သူပြောင်းလဲပုံက ဘိုးဘေးတွေ ထားခဲ့တဲ့ ရှေးဟောင်းပညာကျမ်းတွေထဲက မှတ်တမ်းတွေနဲ့မတူဘူး”။
ဆီဆာ၏အပြောင်းအလဲကို အတည်ပြုပေးရန် နတ်ဆေးဆရာသည် လျှို့ဝှက်နည်းလမ်းနှင့် ဆက်စပ်နေသည့် ရှေးဟောင်းပညာကျမ်းများကို သေချာကြည့်နေသည်။ ရှေးဟောင်းပညာကျမ်းများထဲတွင် ဆီဇာ့အပြောင်းအလဲနှင့် တူသော အပြောင်းအလဲကို မှတ်တမ်းတင်ထားမှုမရှိပါ။ တံဆိပ်နှိပ်ခံလိုက်ရသော အမဲလိုက်ဝံပုလွေတစ်ကောင်သည် ထိုမျှအချိန်အတွင်း လျင်မြန်စွာ ပြောင်းလဲသွားသော မှတ်တမ်းလုံးဝမရှိပါ။
လျှို့ဝှက်နည်းလမ်း၏ အကျိုးသက်ရောက်မှုသည် ဘိုးဘေးများပြောခဲ့သည့်အချက်များနှင့်
မတူညီပါ။ ထို့နောက်နတ်ဆေးဆရာသည် ဆီဆာအားကြည့်ရှုရန် ရှောက်ရွှမ်အားခေါ်ခိုင်းလိုက်သည်။ သေချာစွာစစ်ဆေးပြီးနောက် ဆီဆာအပြောင်းအလဲသည် ဘိုးဘေးများမှတ်တမ်းတင်ထားခဲ့သော အပြောင်းအလဲများ ထက်ပိုကြီးမားနေသည်ကိုသိလိုက်ရသည်။ ဆီဆာသည် သတိပြန်ရလာပြီးနောက် ပြောင်းလဲသွားခြင်းဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည် သိသိသာသာ ပြောင်းလဲလာသည်။ အကောင်ကြီးမှာလည်း ဆက်လက်ကြီးထွားလာသည်။ တစ်ခါတရံ ဆီဆာ အိမ်ထဲတွင် လမ်းလျှောက်နေလျှင် လောင်ခဲ့သည် နံရံများ ပြိုကျမှာကို စိုးရိမ်နေရသည်။
“ချာချာသာ လိုအပ်ချက်တွေနဲ့ကိုက်ညီနေရင် သူ့ကိုလည်း လျှို့ဝှက်နည်းလမ်းနဲ့စမ်းသပ်ကြည့်ရမယ်” ရှောက်ရွှမ်ကပြောသည်။ ပထမအကြိမ်စမ်းသပ်မှုအောင်မြင်ထားသဖြင့် ရှောက်ရွှမ်သည် လျှို့ဝှက်နည်းလမ်းကို ထပ်မံအသုံးပြုရန် ယုံကြည်မှုရှိနေသည်။ ပြန်တွေးကြည့်တောလည်း မှတ်တမ်းများတွင် ဖော်ပြထားသလောက်မခက်ခဲ
ပါ။
နတ်ဆေးဆရာသာ ရှောက်ရွှမ်၏အတွေးများကို သိမည်ဆိုပါက သူသည် ဘိုးဘေး များကို တိုင်တည်ရန် မီးပုံဘေးသို့ ရောက်သွားမည်ဖြစ်သည်။ ထိုမျှ ဖြစ်နိုင်ချေရှိသော လူငယ်လေးသည် ဘာကြောင့်နတ်ဆေးဆရာ မဖြစ်လာနိုင်ရတာလဲ။
ရှောက်ရွှမ်က ချာချာကို စမ်းသပ်မည်ဟု ပြောသောအခါ နတ်ဆေးဆရာက သဘောမတူပါ။
“မဖြစ်ဘူး..ချာချာက ဆီဆာနှင့်မတူဘူး”
ရှောက်ရွှမ်သည် နတ်ဆေးဆရာဘာကို ဆိုလိုသည်လည်း နားမလည်ပါ။ သို့သော် သူမေးခွန်းမထုတ်နိုင်ခင် နတ်ဆေးဆရာသည် စကားလမ်းကြောင်းလွှဲသွားသည်။
ဆီဆာအပေါ်တွင် လျှို့ဝှက်နည်းလမ်းအသုံးပြုမှုအောင်မြင်သွားသောကြောင့် မျိုးနွယ်စုထဲမှ လူ
များသည် သားကောင်ပေါက်လေးများကို သေချာမွေးမြူရန် စိတ်အားထက်သန်လာကြသည်။
မျိုးနွယ်စုထဲတွင် မွေးထားသော သားကောင်ပေါက်လေးများ၏ ဆယ်ပုံတစ်ပုံလောက်ပဲ ဆီဆာလိုဖြစ်လာလျှင် နတ်ဆေးဆရာသည် ကျေနပ်နေမည် ဖြစ်သည်။ သားပေါက်များကြီးပြင်းလာသောအခါ ဆီဆာလောက် အမိန့်နာခံမှုမရှိ။ ထို့ကြောင့် မျိုးနွယ်စုထဲမှ လူများသည် စိတ်တိုနေကြသည်။ ရှောက်ရွှမ်သာ သူတို့ကို လမ်းညွှန်ပြသပေးခြင်းမရှိပါက၊ သူတို့သည် ထိုအကောင်လေးများကို ရိုက်သတ်ချက်စား မိမည်ဖြစ်သည်။
နတ်ဆေးဆရာကို နှုတ်ဆက်ပြီး တောင်အောက်သို့ဆင်းလာသောအခါ ဆီဆာနောက်ကို ကြီးပြင်းလာသော သားကောင်ပေါက်လေးများတန်းစီလိုက်လာသည်ကို တွေ့လိုက်ရသည်။ နောက်နှစ်ဒီအချိန်လောက်ဆို သူတို့သည် အုပ်စုငယ်လေးတစ်ခု ဖြစ်လာတော့မည် မဟုတ်ပါလား။
ဝံပုလွေပေါက်လေးများကို မွေးထားကြသော လူငယ်များသည် ရှောက်ရွှမ်ကိုတွေ့သောအခါ သူ့ကိုမေးခွန်းပေါင်းစုံမေးကြသည်။ အရင်က သေချာမမွေးကြသောသူများပင် ဆီဆာအပြောင်းအလဲကို မြင်သောအခါ စိတ်သဘောထား များပြောင်းလဲကုန်ကြသည်။
ရှောက်ရွှမ်ထွက်သွားသောအခါ နတ်ဆေးဆရာသည် ရှေးဟောင်းပညာကျမ်းများ သိမ်းထားရာနေရာသို့ ရောက်လာသည်။ ထို့နောက် ပညာကျမ်းများသိမ်းဆည်းထားသော ကျောက်သေတ္တာကြီးကို ဖွင့်လိုက်သည်။ လျှို့ဝှက်နည်းလမ်းနှင့်ဆက်စပ်နေသော မူရင်းရှေးဟောင်းပညာကျမ်းများစွာကို နတ်ဆေးဆရာဆွဲထုတ်လိုက်သည်။ နတ်ဆေးဆရာသည် အမဲလိုက်ခွေးများနှင့် လျှို့ဝှက်နည်းလမ်းတို့ကို မျိုးနွယ်စုကို ပြောပြရန် အချိန်ကျပြီဟု ယူဆလိုက်သည်။ သားရေချပ်တွင်မှတ်တမ်းတင်ထားသော ကျမ်းစာအုပ်များကို ထုတ်ယူပြီးနောက် သေတ္တာထဲတွင် ကျန်နေသေးသော ကျမ်းစာအုပ်အခွဲများကို ကြည့်ရင်း နတ်ဆေးဆရာသက်ပြင်းချမိသည်။ ထို့နောက်
ကျောက်သေတ္တာကို ပြန်ပိတ်လိုက်လေတော့သည်။
လျှို့ဝှက်ထားသော သမိုင်းကြောင်းကို မျိုးနွယ်စုထဲမှ လူများအား ဖွင့်ဟပြရပေတော့မည်။