လမ်းသစ်
Vol. 9 Ch. 131
ရှောက်ရွှမ်သည် အမဲလိုက်မထွက်သောနေ့များတွင် နတ်ဆေးဆရာ ဆွဲခိုင်းထားသော ပုံများရေးဆွဲထားသည့် သားရေချပ်များကို တောင်ပေါ်တက်၍ နတ်ဆေးဆရာကို ပေးအပ်ရသည်။
ယခုတခေါက်တွင် ရှောက်ရွှမ်သည် သာမန်ပုံများကိုသာရေးဆွဲပြီး နတ်ဆေးပန်းချီများကို ရေးဆွဲခြင်းမပြုပါ။
နတ်ဆေးဆရာသည် မျိုးနွယ်စုထဲမှ လူများအား ဘိုးဘေးများသည်လည်း အမဲလိုက်တိရစ္ဆာန်များကို မွေးမြူခဲ့ကြကြောင်း ပြောပြန်ရန် စိတ်ကူးထားသည်။ ထိုသို့ပြောပြခြင်းဖြင့် မျိုးနွယ်စုထဲမှ လူများ၏ သားကောင်ပေါက်လေးများကို ပြုစုပျိုးထောင်လာချင်စိတ်များ ပိုထက်သန်လာမည်ဖြစ်သည်။ သို့သော် ရှေးဟောင်း ပညာကျမ်းများ
တွင်ပါသော တချို့အကြောင်းအရာများကိုမူ ဖွင့်ဟပြ၍မရပါ။ ဖွင့်ဟပြ၍ရသော အကြောင်းအရာများကို တော့ ပြောပြမည်ဖြစ်သည်။ ထိုဖွင့်ဟပြမည့် အကြောင်းအရာများကို ရှောက်ရွှမ်က ရေးဆွဲပြသမည်ဖြစ်သည်။ ရှောက်ရွှမ်သည် မျိုးနွယ်စုထဲမှ လူများထက် ပန်းချီဆွဲပိုတော်သည် မဟုတ်ပါလား။ အသေးစိတ်လေ့လာသုံးသပ်ချက်များသည် မူလရှေးဟောင်းပညာကျမ်းများမှ ဆင်းသက် လာခြင်းဖြစ်သည်။
သာမန်ပန်းချီများကိုရေးဆွဲရသည်မှာ ရိုးရှင်းပါသည်။နတ်ဆေးပန်းချီကိုရေးဆွဲရ ခြင်းမှာမူ ပညာဆက်ခံနိုင်မှု စွမ်းရည်ကို အသုံးပြုရသည်။
ကံအားလျော်စွာ ရှောက်ရွှမ်သည် အသေးစိတ်လေ့လာသုံးသပ်ချက်များပါဝင်သည့် မိတ္တူအစောင်တစ်ရာကို ဆယ်ရက်အတွင်း ပြီးစီးသွားသည်။
ဒီနေ့တွင်တော့ ရှောက်ရွှမ်သည် နောက်ဆုံး
မိတ္တူ၁၀စောင်ကို တောင်ပေါ်တက်၍ နတ်ဆေးဆရာဆီ ပေးအပ်မည်ဖြစ်သည်။
ရှောက်ရွှမ် နတ်ဆေးဆရာဆီသို့သွားခြင်းမှာ မျိုးနွယ်စုထဲမှ လူများအတွက် အထူးအဆန်းမဟုတ်တော့ပါ။ နတ်ဆေးဆရာ၏အဆောင်ကို စောင့်သော အစောင့်သည်လည်း ရှောက်ရွှမ်ကို တားဆီးစစ်ဆေးခြင်းမရှိပေ။ နတ်ဆေးဆရာက ရှောက်ရွှမ်ကို တံခါးမရှိ ဓါးမရှိ ဝင်ထွက်ခွင့်ပြုထားလေသည်။
“ဒါနောက်ဆုံး၁၀စောင်ပဲ” ရှောက်ရွှမ်က မိတ္တူများကို နတ်ဆေးဆရာရှေ့ရှိ ကျောက်စားပွဲ ပေါ်တင်ထားလိုက်သည်။ နတ်ဆေးဆရာက ထိုအကြောင်းအရာများကို ထုတ်ပြန်သင့် မပြန်သင့် သူ့ကို စစ်ဆေးဦးမည်ဖြစ်သည်။
နတ်ဆေးဆရာသည် ကျမ်းစာအုပ်မိတ္တူများကို လျင်မြန်စွာဖွင့်လိုက်ပြီး တချက်ကြည့်လိုက်သည်။ ထို့နောက်ဘေးသို့ အသာဖယ်ထားပြီး ရှောက်ရွှမ်ကို အရင်လို ချက်ချင်းပြန်ခွင့်မပြုဘဲ ခဏ
နေခိုင်းထားသည်။
ရှောက်ရွှမ်သည် လူအိုကြီးနှင့်သူ စကားအကြာကြီးပြောရမည်ကို သိလိုက်သဖြင့် ထိုင်ချလိုက်ပြီး နတ်ဆေးဆရာ ဘာပြောမလဲ စောင့်နေလိုက်သည်။
ရှောက်ရွှမ်၏ အမူအရာကိုကြည့်လိုက်ပြီး နတ်ဆေးဆရာပြုံးမိသည်။ ထို့နောက် ထိုအပြုံးသည် တဖြည်းဖြည်းပျောက်ကွယ်သွားကာ “ငါရယ်၊မျိုးနွယ်စုခေါင်းဆောင်ရယ်၊ မျိုးနွယ်စုထဲက လူကြီးတွေရယ် ဘာအကြောင်းဆွေးနွေးနေကြလဲ မင်းသိလား”
ရှောက်ရွှမ်ခေါင်းခါလိုက်သည်။ မျိုးနွယ်စုအကြီးအကဲနှင့် အဖွဲ့ခေါင်းဆောင်၂ယောက်တို့အပါအဝင် စစ်သည်တော်ကြီးများသည် နတ်ဆေးဆရာနှင့် လာလာဆွေးနွေးနေကြသည်ကိုတော့ သူသိသည်။ အရေးကြီးသောကိစ္စများ ဆွေးနွေးနေမည်ကိုသိသဖြင့် ရှောက်ရွှမ်သည် နတ်ဆေးဆရာ၏ အဆောင်တွင် ကြာကြာနေ
လေ့ မရှိပါ။ နတ်ဆေးဆရာသည် သူသိထိုက်သည့်ကိစ္စဆိုလျှင် အနှေးနှင့် အမြန်ပြောပြမည်သာ ဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ်သည်လည်း စပ်စုမနေပါ။ အခုတော့ နတ်ဆေးဆရာသည် သူတို့ဆွေးနွေးနေသောကိစ္စကို ရှောက်ရွှမ်ကို ပြောပြတော့မည်ဖြစ်သည်။
နတ်ဆေးဆရာသည် သားရေချပ်ကြီးတစ်ခုကို ထုတ်လိုက်ပြီး ကျောက်စားပွဲပေါ်တွင် ဖြန့်လိုက်ပြီး “ဒီသားရေချပ်ထဲမှာ ဘာတွေပါလဲ မင်းသိလား”ဟု မေးလိုက်သည်။
ရှေ့ကိုတိုးလိုက်ပြီ ရှောက်ရွှမ်သည် သားရေချပ်ပေါ်တွင် ရေးဆွဲထားသော ပန်းချီကို ကြည့်လိုက်သည်။ ပန်းချီ၏အသေးစိတ်များကို ချန်လှပ်ထားသော်လည်း တချို့အကြောင်းအရာများကိုတော့ တွေ့နေရသည်။ ရှောက်ရွှမ်ကပြောသည် “ဒါက မျိုးနွယ်စု၊ ဒါတွေက အမဲလိုက်လမ်းကြောင်းတွေ”။
ကျောက်သားစားပွဲပေါ်တွင် တင်ထားသော
သားရေချပ်သည် မြေပုံတစ်ချပ်သာ ဖြစ်သည်။ မျိုးနွယ်စု၏ တည်နေရာနှင့် အမဲလိုက်လမ်းကြောင်းမျိုးစုံကို ရေးချယ်ထားသော မြေပုံဖြစ်သည်။
မျိုးနွယ်စုတည်နေရာနှင့် အမဲလိုက်လမ်းကြောင်းများအပါအဝင် ပုံအများစုကို သားရေချပ်ပေါ်တွင် အနက်ရောင်ဖြင့် ရေးခြယ်ထားသည်။ သို့သော် ရှောက်ရွှမ်မသိသေးသော လမ်းကြောင်းတစ်ခုကိုတော့ အနီရောင်ဖြင့် ရေးချယ်ထားသည်။ နတ်ဆေးဆရာသည် ထိုလမ်းကြောင်းအနီရောင်ကို လက်ညှိုးထိုးပြလိုက်ပြီး “ငါတို့ဆွေးနွေးနေတာ အဲဒီလမ်းကြောင်းကိစ္စပဲ”။
ထိုလမ်းကြောင်းကို ကြည့်ပြီး ရှောက်ရွှမ်စဉ်းစားနေသည်။ မျက်ခုံးပင့်လိုက်ပြီးနောက် နတ်ဆေးဆရာကို ကြည့်လိုက်ကာ “အမဲလိုက်လမ်းကြောင်း အသစ်တစ်ခုစဖို့ စီစဉ်နေတာလား”။
နတ်ဆေးဆရာသည် ရှောက်ရွှမ်အနေဖြင့် သူ့အကြံအစည်ကို ဒီလောက်မြန်မြန် နားလည်မည်ဟု ထင်မထားပေ။ မျိုးနွယ်စုထဲက လူအများစုက အမဲလိုက်လမ်းကြောင်း အသစ်တစ်ခုစတင်ရန် ဘယ်တုန်းကမှ မစဉ်းစားကြချေ။ သူတို့သည် မြေပုံကိုမြင်လျှင်တောင် အမဲလိုက်လမ်းကြောင်း အသစ်တစ်ခု စတင်ရန် စဉ်းစားမိမည် မဟုတ်ပေ။
နတ်ဆေးဆရာသည် အာရုံခဏသာ ပျံ့သွားပြီးနောက် ပြုံးလိုက်ကာ “မင်းပြောတဲ့အတိုင်းပဲ” ဟုပြောလိုက်သည်။
မျိုးနွယ်စုထဲတွင် လူဦးရေမှာတိုးပွားလာသည် ဖြစ်ပြီး တကြိမ်လျှင် လူအရေအတွက် အကန့်အသတ်ဖြင့်သာ အမဲလိုက်ထွက်နိုင်ကြတော့သည်။ အိမ်တွင်းရေးကိစ္စများကို ဖြေရှင်းရသော စစ်သည်တော်များ သို့မဟုတ် ဒဏ်ရာရသဖြင့် အမဲလိုက်အဖွဲ့လူစာရင်းမှ ပယ်လိုက်ရသော လူများရှိသလို ကျန်းမာသော လူများကိုလည်း အခြေအနေ အကြောင်းကြောင်းကြောင့် ချန်လှပ်ထားခဲ့ရသည်လည်း ရှိသည်။
နှမြောစရာပင်ကောင်းသေးတော့သည်။
သို့သော် အမဲလိုက်အဖွဲ့အတွင်းမှ လူအရေအတွက်ကို တိုးရန်တော့ မလိုအပ်သေးပေ။ လူဦးရေတိုးလိုက်လျှင် မလိုလားအပ်သော အကျိုးဆက်များ ဖြစ်လာနိုင်သည်။ အမဲလိုက်ထွက်ခြင်းနှင့်ပတ်သက်လျှင် လူများသောကြောင့် ဖြစ်ပေါ်လာသော အားနည်းချက်များကို ဘိုးဘေးများက မှတ်တမ်းတင်ထားခဲ့ကြသည်။
နတ်ဆေးဆရာသည် အမဲလိုက်လမ်းကြောင်းအသစ်တစ်ခု စီမံရန် စဉ်းစားနေသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။ ဆီဇာ၏အပြောင်းအလဲသည် သူခေါင်းခဲနေသော ကိစ္စအတွက် အဖြေတစ်ခုဖြစ်လာခဲ့သည်။
မျိုးနွယ်စုထဲ မွေးဖွားထားသော သားကောင်ပေါက်လေးများကြီးပြင်းလာပြီး လျှို့ဝှက်နည်းနှင့် တံဆိပ်နှိပ်ခြင်းအောင်မြင်ပါက သူတို့သည် မျိုးနွယ်စုအတွက် အထောက်အကူ
ကောင်းကောင်းရလာမည်ဖြစ်သည်။ ထိုသားကောင်ပေါက်လေး များ၏ စွမ်းရည်ကို လျှော့မတွက်သင့်သည် မဟုတ်ပါလား။
အမဲလိုက်လမ်းကြောင်း အသစ်တစ်ခုကို စတင်ရန်မှာ မလုပ်မဖြစ်လုပ်ရန် လိုအပ်နေပေသည်။ ထို့ကြောင့် နတ်ဆေးဆရာသည် မျိုးနွယ်စုအကြီးအကဲ၊ အဖွဲ့ခေါင်းဆောင် ၂ယောက်တို့အပါအဝင် မျိုးနွယ်စုထဲမှ အများလေးစားရသော စစ်သည်တော်ကြီးများနှင့် ထိုကိစ္စကို ဆွေးနွေးနေကြခြင်းဖြစ်သည်။
နတ်ဆေးဆရာသာ လမ်းကြောင်းအသစ်အကြောင်းကို မပြောပြလျှင် ကျန်သူများ သည် ယုံကြည်မည် မဟုတ်ပါ။ နတ်ဆေးဆရာက လမ်းကြောင်းအသစ်အကြောင်း တင်ပြ သောအခါ စစ်သည်တော်ကြီးများ ပျော်ရွှင်သွားကြသည်။ ထိုလမ်းကြောင်းအသစ်သည် သူတို့အတွက် မှတ်တိုင်အသစ်တစ်ခု ဖြစ်လာမည် မဟုတ်ပါလား။
သူတို့ ဘိုးဘေးများကို ရိုသေမြတ်နိုးကြပါသည်။ သို့သော် နတ်ဆေးဆရာ အမိန့်ကိုတော့ မပယ်ရှားရဲကြပေ။ထို့ကြောင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများသည် နတ်ဆေးဆရာ၏ အကြံအစည်ကို ထောက်ခံကြလေသည်။
လမ်းကြောင်းအသစ်တစ်ခုကို ညတွင်းချင်းရေးဆွဲ၍မရပေ။ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရဦးမည် ဖြစ်သည်။ အရေးအကြီးဆုံးမှာ လမ်းကြောင်း အသစ်အတွက် တာဝန်ယူမည့်သူကို ရွေးချယ်ရန်ဖြစ်သည်။
ဆွေးနွေးပွဲပြီးသောအခါ သူတို့သည် အစီအစဉ်ကို သုံးနှစ်အတွင်း စတင်ရန် ဆုံးဖြတ်လိုက်ကြသည်။ အားလုံးအဆင်ပြေပါက အစီအစဉ်ကို တစ်နှစ်အတွင်း စတင်မည် ဖြစ်သည်။ မမျှော်လင့်သော ကိစ္စတစ်ခုခုပေါ်လာပါက အစီအစဉ်ကို ရွှေ့ဆိုင်းမည် ဖြစ်သည်။ သုံးနှစ်အတွင်း အကောင်အထည် မဖော်ဖြစ်ပါက နတ်ဆေးရာသည် ထိုအစီအစဉ်ကို ပယ်ဖျက်လိုက်မည် ဖြစ်သည်။
ထိုအစီအစဉ်အတွက် တာဝန်ယူမည့် လူအရေအတွက်ကို သတ်မှတ်ရာတွင် ကနဦးဆုံးဖြတ်ချက်အနေဖြင့် လူသုံးဆယ်ဟု သတ်မှတ်လိုက်သည်။ လူအရေအတွက် ထက် လူအရည်အသွေးက ပိုအရေးပါသည် မဟုတ်ပါလား။ အရည်အသွေးဆိုသည်မှာ မေးခွန်းထုတ်စရာမလိုသော ကြံ့ခိုင်သန်စွမ်းမှုကို ဆိုလိုခြင်းဖြစ်သည်။
ကနဦီးဆုံးဖြတ်ချက်ချပြီးသောအခါ အဖွဲ့ခေါင်းဆောင်၂ယောက်နှင့် စစ်သည်တော်ကြီးများသည် အိမ်ပြန်ကာ သူတို့အစီအစဉ်ကို သားမြေးများအား လျှို့ဝှက်စွာပြောပြကြသည်။ သူတို့၏သားမြေးများသည် နောက်၂နှစ်အတွင်း ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ကြလိမ့်မည်ဟုမျှော်လင့်ထားကြသည်။ ထိုသို့စွမ်းဆောင်နိုင်ပါက အမဲလိုက်လမ်းကြောင်းအသစ်စတင်ရန် ရွေးချယ်ခံရသူ အယောက်၃၀ထဲ ပါလာမည်မဟုတ်ပါလား။
သူတို့သည် အမဲလိုက်လမ်းကြောင်းအသစ်တစ်
ခု စတင်ရန် ကြောက်ရွံ့နေခြင်း မရှိပါ။ အားလုံးသည်ထိုသတင်းကို ကြားသောအခါ ပျော်ရွှင်တက်ကြွနေကြသည်။ အထူးသဖြင့် လူငယ်ပိုင်းနှင့် လူလတ်ပိုင်းက ပိုတက်ကြွနေကြသည်။ သူတို့သည် အကြံ့ခိုင်ဆုံးအခြေအနေတွင် ရှိနေပြီး အမဲလိုက်ထွက်သောအခါ ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ကြသည်။ အမဲလိုက်လမ်းကြောင်းအသစ်စတင်ရန် ရွေးချယ်ခံရသူစာရင်းထဲတွင် ပါဝင်ရန် ကြိုးစားကြမည်မှ သဘာဝကျလေသည်။
သူတို့ဘိုးဘေးများကဲ့သို့ အမဲလိုက်လမ်းကြောင်းအသစ်တစ်ခုစတင်ခြင်းသည် ဂုဏ်ယူရမည့် ကိစ္စတစ်ခုဖြစ်သည်။ မျိုးနွယ်စုထဲတွင် သမိုင်းတွင်မည့် ကိစ္စတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် သူတို့ စိတ်လှုပ်ရှားတက်ကြွနေကြသည်မှာ အဆန်းမဟုတ်ပါချေ။
ထို့ကြောင့် တချို့လူများသည် လေ့ကျင်းရေးကွင်းတွင် ပြင်းထန်စွာ လေ့ကျင်နေကြသည်။
နတ်ဆေးဆရာသည် သူ့အစီအစဉ်ကို ပြောပြပြီးသောအခါ သူ့ရှေ့တွင် ထိုင်နေသာ ရှောက်ရွှမ်ကို ကြည့်လိုက်သည်။
ရှောက်ရွှမ်၏ အပြုအမူသည် တခြားလူများနှင့်မတူပေ။ နတ်ဆေးဆရာ သိရသလောက်တော့ ထိုသတင်းကြားသူတိုင်း စိတ်လှုပ်ရှားနေကြသည်။ မျိုးနွယ်စု အကြီးအကဲအပါအဝင်အားလုံးသည် ပျော်ရွှင်တက်ကြွနေကြသည်။ ထိုအစီအစဉ်တွင် မျိုးနွယ်စုအကြီးအကဲနှင့် အမဲလိုက်အဖွဲ့ခေါင်းဆောင်၂ယောက်တို့ မပါမဖြစ် ပါရမည် ဖြစ်သည်။
သို့သော် ရှောက်ရွှမ်သည် အဘယ်ကြောင့် မတုန်မလှုပ်ကျောက်ရုပ် ဖြစ်နေရသနည်း။ ထိုအစီအစဉ်ကို သူမကြိုက်လို့လား။
လေးနက်စွာတွေးနေသော ရှောက်ရွှမ်ကို နတ်ဆေးဆရာကြည့်လိုက်သည်။ ရှောက်ရွှမ်ဘာတွေတွေးနေသည်ကို သူသိချင်သည်။
ရှောက်ရွှမ်သည် ခဏလောက် နှုတ်ဆိတ်နေပြီး နတ်ဆေးဆရာကို ကြည့်လိုက်ကာ
အစီအစဉ်အကြောင်းမမေးဘဲ “ တခြားမျိုးနွယ်စုတွေကို ဆက်သွယ်ဖို့ စဉ်းစားမိသေးလား”။
ရှောက်ရွှမ်သည် တခြားမျိုးနွယ်စုတွေဟုပြောရာတွင် တိကျသေချာမှုမရှိပေ။ တခြားမျိုးနွယ်စုတွေ ရှိနေတာကိုတော့ ရှောက်ရွှမ် အသေအချာ သိလေသည်။
နတ်ဆေးဆရာသည် အစကတော့ အမဲလိုက်လမ်းကြောင်းအသစ်စတင်မည့် အစီအစဉ်တွင် အာရုံစိုက်ထားသည်။ သို့သော် ယခုအချိန်တွင်တော့ စိတ်တွေမတည်ငြိမ် နိုင်တော့ဘဲ စိတ်လှုပ်ရှားသောကြောင့် မျက်လုံများက စူးရှလာသည်။ သူ့ကို ကြည့်ရသည်မှာ ရှောက်ရွှမ်ကို ချိန်ရွယ်ထားသော ဓါးတစ်ချောင်းနှင့်ပင်တူလာသည်။
နတ်ဆေးဆရာကို ကြည့်ပြီး ရှောက်ရွှမ် ထခုန်မိ
မတတ်ဖြစ်သွားသည်။ သို့သော် တည်ငြိမ်စွာနှင့် သူ့နေရာတွင် ဆက်ထိုင်နေပြီး နတ်ဆေးဆရာကို ကြည့်နေလိုက်သည်။
အခြေအနေမှာ ခဏလောက်တင်းမာနေပြီး တဖြည်းဖြည်းနှင့် နတ်ဆေးဆရာမှာ ပြန်လည်တည်ငြိမ်သွားသည်။ သို့သော် နတ်ဆေးဆရာ ထိုသို့ စိတ်လှုပ်ရှားခြင်းမှာ ရှားပါး ဖြစ်ရပ်တစ်ခုပင်ဖြစ်လေတော့သည်။
နတ်ဆေးဆရာသည် အမဲလိုက်လမ်းကြောင်းအသစ်အကြောင်းကို မပြောတော့ဘဲ သက်ပြင်းချလိုက်ကာ ရှောက်ရွှမ်၏မျက်လုံများကို ကြည့်ရင်း “တခြားမျိုးနွယ်စုတွေရှိနေသေးတာ မင်းဘယ်လိုသိလဲ”။
သူတို့မျိုးနွယ်စုအပြင် တခြားမျိုးနွယ်စုတွေ ရှိနေသေးတာလား။ မျိုးနွယ်စုထဲမှ လူများသည် ထိုအကြောင်းကို အချိန်အားရလျှင် လျှို့ဝှက်စွာ ဆွေးနွေးလေ့ရှိသည်။ မျိုးနွယ်စုအပြင်ဘက်တွင် တခြားလူများရှိနေသေးသည့်ကောလဟလများ
ကို ကြားဖူးကြသည်။ တချို့လူများက သူတို့မျိုးနွယ်စုတစ်ခုထဲသာရှိသည်ဟု ယုံကြည်ကြ သလို တချို့ကလည်း တခြားမျိုးနွယ်စုများ ရှိသေးသည်ဟု ယုံကြည်ကြသည်။ သို့သော် သူတို့လည်း ကမ္ဘာကုန်ကျယ်သလောက် မသွားနိုင်ကြပါ။
အဖြေမှန်ကို သိသောသူသည် ငါးယောက်ထက်မပိုပါ။ ထိုအထဲတွင် နတ်ဆေးဆရာကို ထိပ်ဆုံးမှ ထည့်တွက်ရမည်။ မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းခဲ့သော နတ်ဆေးပညာကျမ်းများကို လေ့လာထားသောကြောင့် သူသည တခြားလူများထက် အသိပညာ ပိုကြွယ်ဝလေသည်။ သို့သော် ထိုနတ်ဆေးပညာကျမ်းများကို ရှောက်ရွှမ်မှ လွဲ၍တခြားသူများကို သူထုတ်မပြပါ။
“ကျွန်တော်က တောင်ခြေမှာရှိတဲ့ မိဘမဲ့ ဂူကလာတာလေ၊ အဲဒီဂူထဲက အခန်းတစ်ခန်းထဲက နံရံတွေပေါ်မှာ ပန်းချီတွေဆွဲထားတယ်” ရှောက်ရွှမ်က ပြောသည်။
နတ်ဆေးဆရာသည် နှလုံးခုန်မြန်လာသည်။ ထိုဂူထဲတွင် ပန်းချီပုံများရှိမရှိ သူသေချာမသိပါ။ သူ့တပည့်တစ်ယောက်သည် ထိုဂူထဲသို့ ရောက်ဖူးသော်လည်း ကျောက်လက်နက်ကိရိယာ အဟောင်းအမြင်းများကိုသာတွေ့ဖူးသည်။
“ပန်းချီပုံတွေကို ဖုံးအုပ်ထားတယ်” ရှောက်ရွှမ်ကပြောသည်။ ထို့နောက် ထိုပန်းချီပုံများကို သူဘယ်လိုရှာတွေ့ခဲ့ကြောင်း ပြောပြသည်။ “ ကျွန်တော်အဲဒီပုံတွေကို ကျောက်မှုန်တွေနဲ့ ပြန်ဖုံးထားခဲ့တယ်၊ အဲဒီပုံတွေကို ကျွန်တော်ကလွဲလို့ ဘယ်သူမှ မမြင်ဖူးပါဘူး”။
နတ်ဆေးဆရာ စိတ်သက်သာရာရသွားသည်။ သူသည် တောင်ခြေတွင်ရှိသော ပန်းချီပုံများကိုတော့ ကြည့်ချင််နေသေးသည်။ သူသည် ထိုပုံများကို သေချာမမှတ်မိ တော့သော ကြောင့်ဖြစ်သည်။
“ပန်းချီပုံက ဘာပုံတွေလဲ” နတ်ဆေးဆရာက မေးသည်။
“အမဲလိုက်တိရစ္ဆာန်တွေ၊ လယ်မြေတွေ၊ မြေအိုးလုပ်နေတဲ့ပုံတွေဆိုပါတော့”
“နောက်ပြီးတော့ကော” နတ်ဆေးဆရာကဆက်မေးသည်။
“ဘုန်းကျက်သရေဆောင် မီးတောင်ဦီးချိုပုံတွေ”
ရှောက်ရွှမ်ထိုစကားကို ပြောလိုက်သောအခါ နတ်ဆေးဆရာသည် သူ့စိတ်များကို မထိန်းချုပ်နိုင်ဘဲ လက်များတုန်ယင်လာသည်။
“ဇန်” နတ်ဆေးဆရာသည် ခြောက်ကပ်သောလေသံဖြင့် ပြောသည်။ ဇန်ဆိုသည်မှာ ရှေးဟောင်းပညာကျမ်းများထဲတွင် ဘိုးဘေးများထဲမှ သုံးယောက်မြောက်ဖြစ်သည်ဟုဖော်ပြထားသည်။ ရှောက်ရွှမ်ပြောလိုက်စကားမှာလည်း ရှေးဟောင်းပညာကျမ်းထဲတွင် မှတ်တမ်းတင်ထားသော စကားဖြစ်သည်။
သူသည် အမဲလိုက်လမ်းကြောင်းအသစ်တစ်ခု
စတင်ရန် အစီအစဉ်နှင့်ပတ်သက်၍ စိတ်လှုပ်ရှားနေခြင်းမရှိတော့ပါ။ ထိုအစား ခါးသီးသော မျက်နှာထားဖြင့်မေးသည် “ ငါတို့အပြင်လောကကို ထွက်လို့ရနေမှတော့ ဘာလို့ အမဲလိုက်လမ်းကြောင်းအသစ်တစ်ခုကို စနေတော့မှာလဲ”
ရှောက်ရွှမ်သည်နတ်ဆေးဆရာကို ကြည့်လိုက်သောအခါ မျက်လုံများနီရဲနေပြီး မျက်ရည်များကျလုမတတ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ နတ်ဆေးဆရာသည် သူ့စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။
နတ်ဆေးဆရာကိုကြည့်ပြီး ရှောက်ရွှမ်သည် မှတ်စုစာအုပ်ထဲတွင် သူရေးမှတ်ထားသည်များကို မပြောဖြစ်တော့ပါ။
ရှောက်ရွှမ် ကျောက်သားအိမ်တော်မှ ထွင်လာသောအခါ နတ်ဆေးဆရာသည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ခဲ့သည်။ ရှောက်ရွှမ်သည် ဂူထဲမှ ပန်းချီကားများအကြောင်းကို နတ်ဆေးဆရာကို ပြောပြရန် မရည်ရွယ်ပါ။သူသည်
လမ်းကြောင်းအသစ်တစ်ခုစတင်ရန် မျှော်လင့်မထားပါ။ ထို့ကြောင့် သူသည် ထိုပန်းချီများအကြောင်းကို နတ်ဆေးဆရာကို ပြောမိခြင်းဖြစ်သည်။
ကြည့်ရသည်မှာ နတ်ဆေးဆရာသည်လည်း အပြင်လောကသို့ထွက်ချင်ပုံပေါ် သည်။ ဘိုးဘေးများမှာ ကြိုးစားခဲ့ကြသော်လည်း အောင်မြင်ခဲ့ပုံမပေါ်ပါ။
ရှေ့ဆက်ပြီး ကြိုးစားရန် အများကြီးလိုအပ်နေသေးသည်။
လမ်းလျှောက်နေစဉ် ရှောက်ရွှမ်သည် ကောင်းကင်ပေါ်မှ အသံတချို့ကို ကြားလိုက်ရသဖြင့် မော့ကြည့်မိသည်။ ရှောက်ရွှမ်သည် လန့်သွားပြီး ထိုအသံထွက်ပေါ်လာရာသို့ လှံဖြင့် ပစ်မိမလိုဖြစ်သွားသည်။
ထိုအချိန်တွင် ချာချာသည် မျိုးနွယ်စုထဲတွင် မွေးထားသော ငိုကြွေးနေသည့် သားကောင်ပေါက်
လေးတစ်ကောင်ကိုချီလာသည်ကို တွေ့လိုက်ရသည်။
“ချာချာ…ဒီကိုလာဦး”