← Chapters

စိတ်အားတက်ကြွမှု

Vol. 9 Ch. 132

စိတ်အားတက်ကြွမှု

Vol. 9 Ch. 132

သားကောင်ပေါက်လေးများကို လေ့ကျင့်ပေးနေသော သူများသည်စိတ်မရှည်ကြတော့ပါ။ ညအိပ်ရာဝင်သည့်အခါတိုင်း သားကောင်ပေါက်လေး များကို ချက်စားရန် စဉ်းစားနေကြသည်။

သို့သော ဆီဆာ၏ အပြောင်းအလဲကို တွေ့မြင်ကြသည့်အခါ မျှော်လင့်ချက်များ ပြန်ရှင်သန်လာပြီး သားကောင်ပေါက်လေးများကို ဆက်လက် မွေးမြူကြသည်။

ရှောက်ရွှမ်က သားအကောင်ပေါက်လေးများကို မကြာခဏလေ့ကျင့်ပေးရမည် ဟု ပြောထားသည်ဖြင့် သူတို့သည် အချိန်ပေးကာ သားကောင်ပေါက်လေးများကို လေ့ကျင့်ပေးကြသည်။ မျိုးနွယ်စုနေထိုင်ရာနေရာတွင် လေ့ကျင့်ပေးရန် အဆင်မပြေပါက လေ့ကျင့်ရေးကွင်းများတွင် လေ့ကျင့်ပေးကြသည်။

တောထဲတွင် သားကောင်ပေါက်လေးများသည် အမဲလိုက်စွမ်းရည်များဖြစ်သည့် ရှာဖွေခြင်း၊ဖမ်းဆီးခြင်း၊ သားကောင်ကိုကိုက်ခြင်း စသည်တို့ကို ပြသလာနိုင်ကြပြီ ဖြစ်သည်။ လေ့ကျင့်မှုပြီးဆုံးသောအခါ တချို့သားကောင်လေးများက တချို့သားကောင်များထက် ပိုသာလွန်သော စွမ်းရည်များကို ပြသနိုင်ကြပြီး တချို့သားကောင်ပေါက်လေးများကတော့ သာမန်သာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မျိုးနွယ်စုထဲမှ သားကောင်ပေါက်လေးများသည် စွမ်းရည်ပြည့်ဝလာနိုင်သော အလားအလာနှင့် ပြည့်စုံကြပါသည်။ သားကောင်ပေါက်လေးများကို မွေးထားသောသူများသည် သူတို့သားကောင်ပေါက်လေး များကို လေ့ကျင့်ရေးကွင်းနားရှိ တောင်ကုန်းများသို့ ခေါ်ဆောင်လာသောအခါ ချာချာ့ကြောင့် ဒုက္ခရောက်ကြရသေးသည်။

လဲ့သည် သူ့သားကောင်ပေါက်လေးကို သူ့အမိန့်ကို နာခံတတ်လာစေရန် လေ့ကျင့်ပေးနေသည်။ ထိုသို့လေ့ကျင့်ပေးနေစဉ် အသံတစ်သံကို ကြားလိုက်ရသည်။ လေထဲတွင် လျင်မြန်စွာပျံသန်းလာသော အရာတစ်ခုမှ ထွက်ပေါ်လာသောအသံ ဖြစ်သည်။ ပတ်ဝန်းကျင်ကို ပြန်ကြည့်လိုက်သောအခါ သူ့သားပေါက်လေးကို မတွေ့ရတော့ပါ။

အပေါ်ကို မော့ကြည့်လိုက်တော့ ရှောက်ရွှမ်မွေးထားသော သိမ်းငှက်သည် သူ့သားကောင်ပေါက်လေးကို ချီသွားသည်ကို တွေ့လိုက်ရသည်။ သူမည်မျှ အော်ဟစ်ကြိမ်းမောင်းသည် ဖြစ်စေ သိမ်းငှက်သည် သားပေါက်လေးကို အောက်မချ ပေးဘဲ အမြင့်သို့ ပျံတက်သွားသည်။ ထို့နောက် အတောင်ပံများကို ခတ်ရင်း ပျောက်ကွယ် သွားလေတော့သည်။

ချာချာသည် လဲ့၏သားကောင်ပေါက်လေးကို ချီလာရင်း မျိုးနွယ်စုဆီပြန်လာသောအခါ တောင်အောက်သို့ဆင်းလာသော ရှောက်ရွှမ်နှင့် ဆုံတွေ့

ကြသည်။

ချာချာသည် အခြားသူများ၏ စကားကို နားမထောင်သော်လည်း ရှောက်ရွှမ်၏ အမိန့်ကိုတော့ နာခံသည်။

သူသည် သားကောင်ပေါက်လေးကို ချက်ချင်း အောက်ပစ်မချပါ။ ထိုသို့ ပစ်ချလိုက်ပါက အောက်မှ ရှောက်ရွှမ်သည် သေချာမဖမ်းနိုင်ပါက သားကောင်ပေါက်လေး သေသွားမည်ဖြစ်သည်။ အောက်သို့ဆင်းလာပြီးမှ ချာချာသည် သားကောင်ပေါက်လေးကို ရှောက်ရွှမ်ကို လှမ်းပေးလိုက်သည်။

ရှောက်ရွှမ်သည် သားကောင်ပေါက်လေးကို ဖမ်းပြီး ကြည့်လိုက်သောအခါ လဲ့၏ သားကောင်ပေါက်လေးဖြစ်နေသည်ကို သိလိုက်ရသည်။

ရှောက်ရွှမ်သည် ထိုသားကောင်ပေါက်လေးကို ဘာကောင်မှန်းမသိပါ။ မျိုးနွယ်စုထဲမှ လူများကလည်း အကောင်အမျိုးအစားကို သိပ်ဂရုမစိုက်

ကြပါ။ လဲ့က ထိုသားကောင်ပေါက်လေးကို မုန့်ဟုနာမည်ပေးထားသည်ကိုတော့ ရှောက်ရွှမ်မှတ်မိသည်။

မုန့်ကို အမှတ်တမဲ့ကြည့်လိုက်လျှင်တော့ ခွေးအတစ်ကောင်နှင့်တူမည် ဖြစ်သော်လည်း သေချာကြည့်သောအခါ ခွေးအနှင့်မတူကြောင်း တွေ့ရမည် ဖြစ်သည်။ မုန့်၏ မေးရိုးမှာ ပိုရှည်လျားပြီး ပိုကြံ့ခိုင်သည်။ သွားများမှာလည်း ပိုချွန်ထက်သည်။ လဲ့တို့အမဲလိုက်အဖွဲ့မကြာခဏ ကြုံဖူးသော အသားစားသတ္တဝါ တစ်ကောင်ကောင်နှင့် တူလေသည်။ အမူအကျင့်များအရတော့ ဝံပုလွေများနှင့် ခပ်ဆင်ဆင်သွားတူသည်။

ဝံပုလွေများနှင့်နှိုင်းစာမည်ဆိုလျှင် မုန့်တို့အဖွဲ့မှ တိရစ္ဆာန်များသည် ခန္ဓာကိုယ်မှာ ပိန်ပိန်ရှည်ရှည် ဖြစ်သည်။ ဦးခေါင်းခွံရိုးမှာ ပိုကြီးမားသည်။ အရွယ်ရောက်သော တိရစ္ဆာန်တွင် သန်မာသော ကြွက်သားများရှိပြီး လျင်မြန်စွာ ပြေးနိုင်ကြသည်။ ထို့ကြောင့် အမဲလိုက်အုပ်စုသည် သူတို့ကို ရင်ဆိုင်ရာတွင် မပေါ့ဆရဲပေ။

လဲ့သည် မုန့်တို့မျိုးနွယ်တူအုပ်စုနှင့် တိုက်ခိုက်တုန်းက မုန့်ကို ဖမ်းလာခြင်းဖြစ်သည်။ မုန့်သည် အမြင့်ကို ကြောက်သော်လည်း ရှောက်ရွှမ်လက်ထဲ ရောက်သောအခါ ချာချာ့ကို အစွယ်များ ဖြဲပြနေသေးသည်။

ရှောက်ရွှမ်သည် မုန့်ကို စစ်ဆေးကြည့်လိုက်ပြီး ချာချာကြောင့် ဘာဒဏ်ရာမှ မရသည်ကို တွေ့လိုက်ရသည်။ ချာချာသည် လဲ့တို့ကို ခြောက်လှန့်ပြီး စနောက်ခြင်းသာ ဖြစ်သည်။

ရှောက်ရွှမ်သည် မုန့်ကို စစ်ဆေးနေတုန်း လဲ့သည် မောကြီးပန်းကြီးနှင့် ရောက်ရှိလာသည်။ လဲ့သည် ချာချာကို တွေ့သောအခါ စိတ်ဆိုးလွန်းသဖြင့် သွေးကြောများပင် ထောင်ထနေသည်။ ချာချာသည် ချက်ခြင်း ကောင်းကင်ပေါ်သို့ ပျံတက်သွားသော်လည်း လဲ့ကတော့ တောင်များကို ဖြတ်ကျော်ရသေးသည်။ သူသွားရာလမ်းတွင် အကွေ့အဝိုက်များ များသောကြောင့် ချာချာကို လိုက်မီရန် အချိန်တော်တော်ယူရသည်။

လဲ့ကိုတွေ့သောအခါ ရှောက်ရွှမ်သည် မုန့်ကို မြေပေါ်သို့ ချပေးလိုက်သည်။ ထိုအခါ မုန့်သည် လဲ့ဆီပြေးသွားပြီး ခြေထောက်နားတွင် ဝပ်ကာ ရှောက်ရွှမ်နောက်တွင် ရှိသော ချာချာ့ကိုလှမ်းမာန်ဖီနေသည်။

“ကောင်းကောင်းလေ့ကျင့်ပေးထားတာပဲ” ဟုရှောက်ရွှမ်က ပြောလိုက်သည်။

မုန့်၏အမူအရာကို ကြည့်ရသည်မှာ သူသည်လဲ့ကို အရမ်းမှီခိုမည့်ပုံပေါ်သည်။ အဓိပ္ပါယ်ကတော့ သူသည် အမိန့်ကို ကောင်းစွာ နာခံနိုင်ပြီး ပထမဆုံး အမဲလိုက်ခရီးစဉ် ကိုပင် အောင်မြင်စွာ ဖြတ်ကျော်နိုင်မည့်ပုံပေါ်သည်။

လဲ့သည် ရှောက်ရွှမ်နှင့် အဖွဲ့မတူသောကြောင့် အမြင်ချင်းလည်းမတူပေ။သို့သော် သားကောင်ပေါက်လေးများလေ့ကျင့်နည်းကို ရှောက်ရွှမ်ဆီမှ သင်ထားရသဖြင့် ရှောက်ရွှမ်ကိုတော့ လေးစားသည်။

လွန်ခဲ့သောဆောင်းတွင်းက ပြုလုပ်ခဲ့သော တစ်နှစ်တာသဘောတူညီမှုသည် အခုတော့ဟာသသာ ဖြစ်နေသည်။ ရှောက်ရွှမ်သည် ရိုးရာအခမ်းအနားပြီးနောက် ပထမဆုံးထွက်သည့် အမဲလိုက်ခရီးစဉ်တွင် မီးလျှံသလင်းကျောက်များကို ရှာတွေ့ခဲ့သည်ကို အားလုံး အသိပင် ဖြစ်သည်။ ထို့ပြင် အမဲလိုက်ခရီးစဉ်တွင် အသက်ဘေးနှင့်ကြုံခဲ့သောသူများကိုလည်း ကယ်ဆယ်ခဲ့သေးသည်။ ထိုအချက်များကို အမဲလိုက်ရာတွင် ရရှိလာသော အောင်မြင်မှုများဟုသတ်မှတ်နိုင်သည်။ ထိုသို့ဆိုလျှင် သူသည် အခြားသူများထက် သာလွန်သွားပေပြီ။

ထို့ကြောင့် မနှစ်က တစ်နှစ်သဘောတူညီချက်အရ အားလုံးသည် ကိုယ့်စကားကို တာဝန်ယူရမည်ဖြစ်ပြီး ယခုဆောင်းတွင်းတွင် ကိုယ်စီရရှိခဲ့သော အောင်မြင်မှုများကို ပြသရမည် ဖြစ်သည်။ ရှောက်ရွှမ်ကတော့ ထိုသို့လုပ်ရန်မလိုအပ်တော့ပါ။ထို့ကြောင့် လဲ့သည် ရှောက်ရွှမ်၏ အောင်မြင်မှုကို လက်ခံရမည်ဖြစ်သည်။

မုန်ကိုစစ်ဆေးပြီး ဒဏ်ရာမရသည်ကို သိရမှ လဲ့သည် ရှောက်ရွှမ်နောက်တွင် ရပ်နေသော ချာချာကို ကြည့်လိုက်သည်။

“အားရွှမ်…မင်းငှက်ကို သေချာထိန်းပါဦီး…ဒီကောင်တော်တော်ဒုက္ခပေးတယ်”

“အေးပါ ဒါပေမဲ့ မုန့်ကို ငှက်တွေရန်က ရှောင်တတ်အောင်လည်း လေ့ကျင့်ပေးထားသင့်တယ်”ရှောက်ရွှမ်ကပြောသည်။

လဲ့သည်ခေါင်းငြိမ့်လိုက်ပြီး မုန်ကိုခေါ်ကာ ထွက်ခွာသွားရန် ပြင်နေသည်။ ခြေနှစ်လှမ်းခန့်လှမ်းပြီးမှ ရပ်လိုက်ပြီး ပြန်လှည့်လာသည်။ ထို့နောက် ရှောက်ရွှမ်ကို မေးသည် “မျိုးနွယ်စုအကြီးအကဲနဲ့ အဖွဲ့ခေါင်းဆောင်၂ယောက် နတ်ဆေးဆရာရဲ့ အဆောင်မှာ ဘာတွေဆွေးနွေးတာလဲ မင်းသိလား”။

“အဲဒီဆွေးနွေးပွဲအကြောင်းမင်းသိလား” ရှော

က်ရွှမ်သည် လဲ့ကို ကြည့်ရင်းမေးလိုက်သည်။ လဲ့မိသားစုထဲမှ လူကြီးများသည်လည်း ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည်။ ထို့ကြောင့် လဲ့ကို လူကြီးများက ထိုအကြောင်းပြောပြထားပုံရသည်။

“အင်း ငါသိတာပေါ့..အဲဒီအကြောင်းမင်းကိုငါပြောပြလို့ရတယ် ဒါပေမဲ့ မင်းလည်း ငါ့ကို အပြန်အလှန်အနေနဲ့ ငါသိချင်တာတစ်ခုပြောပြရမယ်” လဲ့ကပြောသည်။

“မင်းကဘာသိချင်တာလဲ” ရှောက်ရွှမ်ကမေးလိုက်သည်။

“ဆီဆာ့အပြောင်းအလဲ အကြောင်းကို အသေးစိတ်သိချင်တယ်”လဲ့၏မျက်လုံးများသည် မျှော်လင့်ချက်အရောင်များတောက်ပလာသည်။ သာမန်သားရဲနှင့် ကြောက်မက်ဖွယ်သားရဲတို့နှိုင်းယှဉ်လျှင် လဲ့သည် ကြောက်မက်ဖွယ်သားရဲများကို ပိုသဘောကျသည်။ ထို့ကြောင့် သူသည် မုန့်ကို နောင်တချိန်တွင် ကြောက်မက်ဖွယ်သားရဲတစ်ကောင် ဖြစ်လာစေ

ချင်သည်။

“သူတို့ဘာတွေ ဆွေးနွေးလဲ မင်းငါ့ကို ပြောစရာမလိုပါဘူး၊ မင်းသိချင်တဲ့ကိစ္စအတွက်တော့ သုံးလေးရက်စောင့်လိုက်ပါ၊ အဲဒီအခါကျရင် မင်းသိလာမှာပါ” ရှောက်ရွှမ်က ပြောပြီး ချာချာကို အချက်ပြလိုက်သည်။ ထို့နောက် ချာချာသည် ကောင်းကင်ပေါ်ပျံတက်သွားပြီး ရှောက်ရွှမ်လည်း တောင်အောက်သို့ ဆင်းသွားသည်။

ရှောက်ရွှမ်နှင့် သူ့သိမ်းငှက်ထွက်သွားသည်ကို တွေ့လိုက်ရသောအခါ လဲ့မျက်မှောင် ကြုတ်လိုက်မိသည်။

အားရွှမ်သည် အမဲလိုက်လမ်းကြောင်းအသစ်စတင်မည့် အစီအစဉ်ကို သိနေသည်လား။ ထိုအကြောင်းကို သိသူမှာ အနည်းငယ်သာရှိပြီး အကြီးအကဲများနှင့် နီးစပ်သူများသာ သိခွင့်ရခြင်းဖြစ်သည်။ နတ်ဆေးဆရာက ရှောက်ရွှမ်ကို ဘာကြောင့် ပြောြပထားရသနည်း။

ဆီဆာ၏အပြောင်းအလဲအကြောင်းကိုမေးသောအခါ ရက်ပိုင်းအတွင်းသိရလိမ့်မည်ဟု ရှောက်ရွှမ်ကပြောသွားသည်။ သူဘာကို ဆိုလိုပါသနည်း။

သုံးရက်ကြာသောအခါ နတ်ဆေးဆရာသည် လျှို့ဝှက်နည်းလမ်းနှင့် အမဲလိုက်တိရစ္ဆာန်များအကြောင်းမှတ်တမ်းတင်ထား ဘိုးဘေးများ၏ ကျမ်းစာအုပ်မိတ္တူအစောင်၁၀၀ကို ဖြန့်ဝေလိုက်သည်။တောင်ပေါ်ရှိအိမ်တိုင်းတော့ ထိုမိတ္တူကို မရကြပါ။ သို့သော် ကျမ်းစာအုပ် မိတ္တူရသူများက မရသူများကို မျှဝေပြကြသည်။

ထိုမိတ္တူအစောင်၁၀၀ ကြောင့်မျိုးနွယ်စုအတွင်းတွင် ဂယက်ရိုက်သွားကြသည်။ သားကောင်ပေါက်လေးများမွေးမြူခြင်းမှာ ဘိုးဘေးများမှ ဆင်းသက်လာသည် ဆိုပါလား။

ဘိုးဘေးများသည် တော်လွန်းလှသည်။ ဆီဆာ၏အပြောင်းအလဲသည်လည်း မှော်လျှို့ဝှက်နည်းလမ်းနှင့် ဆက်စပ်နေသည်ဟုဆိုသည်။ နတ်

ဆေးဆရာသည် ဘာမဆိုလုပ်နိုင်စွမ်းကို ပိုင်ဆိုင်နေသည် မဟုတ်ပါလား။

နတ်ဆေးဆရာသည် ဆီဆာတစ်ကောင် ကြောက်မက်ဖွယ်သားရဲအဖြစ်မည်သို့ ပြောင်းလဲသွားသည်၊ မည်သူကပြောင်းလဲပေးသည်ကို မပြောပြပါ။ သို့သော် ကျမ်းစာအုပ်များထဲတွင် ပါသော မှတ်တမ်းများအရ နတ်ဆေးဆရာသာ လျှို့ဝှက်နည်းလမ်းကို အသုံးပြုနိုင်သည်ဟုဆိုသည်။ ထို့ကြောင့် အားလုံးက ဆီဆာကို ပြောင်းလဲပေးလိုက်သည်မှာ နတ်ဆေးဆရာသာြဖစ်သည်ဟုထင်နေကြသည်။

နတ်ဆေးဆရာသည် ကျမ်းစာအုပ်များကို ဖြန့်ချီပေးရင်း ပြောသည်။ မျိုးနွယ်စုထဲတွင် မွေးထားသော သားရဲတစ်ကောင်သည် ကျမ်းစာအုပ်ထဲတွင် ဖော်ပြထားသော အမဲလိုက်တိရစ္ဆာန်နှင့် နှိုင်းယှဉ်နိုင်ပါက လျှို့ဝှက်နည်းလမ်းကို အသုံးပြုပေးမည်ဟူ၍ဖြစ်သည်။

နတ်ဆေးဆရာသည် အားလုံးအတွက် မုန့်တစ်

ခုကို ပြုလုပ်ပေးပြီး မည်ကဲ့သို့ စားရမည်ကို ရှင်းပြပေးသလို တစ်ယောက်စီ၏ လိုအပ်ချက်အရ မည်မျှပိုစားရမည်ကိုလည်း ပြောြပပေးသည်။

စိတ်ဓာတ်ကျနေသူများလည်း စိတ်အားပြန်လည်တက်ကြွလာကြသည်။ အမဲလိုက်ထွက်သောအခါတွင် သားကောင်ပေါက်လေးများကိုပင် ထပ်ဖမ်းလာကြသည်။ သားကောင်လေးများကို မေ့လဲအောင် ရိုက်ပြီး ကြိုးနှင့်တုပ်ကာ မျိုးနွယ်စုဆီ ဖမ်းခေါ်လာကြခြင်းဖြစ်သည်။ ထို့နောက် အမဲလိုက်နည်းများကို သင်ပြပေးကြသည်။ တချို့လူများသည် သားကောင်ပေါက်လေးများကို ပျိုးထောင်ပေးရန် ဆန္ဒမရှိခဲ့ကြသော်လည်း နတ်ဆေးဆရာက ကျမ်းစာအုပ်များကို ဖြန်ချီပေးပြီးနောက်တွင် သားကောင်ပေါက်လေးများ ပျိုးထောင်ရန် စိတ်အားထက်သန်လာကြသည်။

သို့သော် အချိန်တိုအတွင်း မအောင်မြင်သည့် သားကောင်အရေအတွက် ပိုများလာပြီး အများစုမှာ ဟင်းအိုးထဲရောက်ကုန်ကြသည်။ :D

တစ်နှစ်ခန့်ကြာသော်…။

မျိုးနွယ်စုထံပထမဆုံးယူလာခဲ့သော သားကောင်ပေါက်လေးများမှာ အရွယ်ရောက်လာပြီ ဖြစ်သည်။ သူတို့သည် သားကောင်ကြီးများ ဖြစ်မလာသေးသော်လည်း အမဲလိုက်ခရီးစဉ်များတွင် ပါဝင်လာကြသည်။ တစ်ကောင်တည်းလည်း အမဲလိုက်ထွက်သလို အုပ်စုနှင့်လည်း အမဲလိုက်ထွက်ကြသည်။ ထိုအချိန်တွင် စစ်သည်တော်များသည် သူတို့ခေါင်းဆောင်များကို အမဲလိုက်ထွက်သည့်အခါ သူတို့မွေးထားသောသားရဲများကိုခေါ်သွားခွင့်ပြုရန်တောင်းဆို ကြသည်။

သူတို့အမြင်တွင်တော့ သူတို့မွေးထားသော သားရဲများမှာ ခွန်အားအလွန်ကောင်းနေသည်။ တခါတရံ ကျောက်တုံးကြွက်ကြီးများကို ဖမ်းယူနိုင်ပြီး အမိန့်ကိုလည်း နာခံတတ်ကြသည်။ ထို့ပြင် ပြင်းထန်စွာလည်း တိုက်ခိုက်တတ်ကြသည်။ ထိုစစ်သည်တော်များသည် သူတို့၏သားရဲများက ဆီဇာထက်ပိုတော်သည်ဟု ထင်နေကြသည်။

စစ်သည်တော်များသည် အကြံတစ်ခုကိုတွေးမိကြသည်။

သူတို့သည် ထိုသားရဲများကိုမွေးလာကြသည်မှာ ၂နှစ်ရှိပြီ ဖြစ်သည်။ ထိုသားရဲများ အရွယ်ရောက်လာရန် သူတို့သည် အကုန်အကျခံ၍မွေးမြူလာရခြင်းဖြစ်သည်။ အခုတော့ သူတို့ကို အမဲလိုက်ရာတွင် အသုံးပြုရန် အချိန်ကျပေပြီ။

နတ်ဆေးဆရာသည် အဖွဲ့ခေါင်းဆောင်များ၏ အဆိုပြုလွှာများကို ကြည့်ရှူပြီးနောက် အားလုံးကို လက်ခံလိုက်သည်။ ထို့နောက် ဘယ်အဆိုပြုလွှာများကို ဂရုစိုက်ရမည်၊ ဘယ်အဆိုပြုလွှာများကို ရှောက်ရွှမ်ဆီသို့ လွှဲအပ်ရမည်ကို ညွှန်ကြားလေသည်။

နတ်ဆေးဆရာဆီမှ ခွင့်ပြုချက်ရသဖြင့် မျိုးနွယ်စုခေါင်းဆောင်နှင့် အမဲလိုက်အဖွဲ့ခေါင်းဆောင်နှစ်‌ယောက်မှာ ကျေနပ်သွားလေ

သည်။ စစ်သည်တော်များစွာတို့သည် အောင်မြင်ခြင်းလမ်းမပေါ်မှ သူတို့မွေးထားသော သားရဲများနှင့်အတူ ဖြတ်သန်းသွားကြလေသည်။

သို့သော်အမဲလိုက်အဖွဲ့ပြန်ရောက်လာသောအခါ သူတို့၏ သားရဲများပြန်ပါမလာ ကြတော့ပေ။ သားရဲ၅ကောင်လိုက်သွားခြင်းဖြစ်ပြီး တစ်ကောင်သာပြန်ပါလာသည်။ ထိုအကောင်မှာလဲ့၏ မုန်ဖြစ်သည်။

မုန့်သည်အသက်မသေသော်လည်း ဒဏ်ရာများစွာရခဲ့သည်။လဲ့သည် ဆီဆာ၏ဒဏ်ရာများကိုလည်းတွေ့ဖူးထားသဖြင့် သိပ်တော့ စိတ်မပူပေ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတစ်ကောင်တည်းသာ ပြန်ရောက်လာသဖြင့် မုန့်သည် တခြားလေးကောင်ထက်ပိုတော်သည် ဆိုသော အချက်ကိုတော့ ငြင်း၍မရပေ။

သားရဲလေးကောင်ထဲမှ ၂ကောင်သည် သားကောင်နောက်ကို လိုက်ရင်းနှင့် ပြန်မလာတော့ပေ။ သူတိုသည် အမိန့်ကို မနာခံသလို အမဲ

လိုက်အဖွဲ့မှ စစ်သည်တော် တစ်ယောက်ကိုပင် တိုက်ခိုက်သေးသည်။ ထို့ကြောင့် သူတို့သည် ထိုသားရဲကို သတ်လိုက်ရသည်။

တခြား၂ကောင်အနက်တစ်ကောင်မှာ သားကောင်တစ်ကောင်၏ အကန်ခံလိုက်ရပြီး အသတ်ခံလိုက်ရသည်။ နောက်တစ်ကောင်မှာမူ ထွက်ပြေးသွားသည်။

ထိုရလာဒ်များကြောင့် သားရဲများကိုခေါ်ပြီး အမဲလိုက်ထွက်ရန် ပြင်ဆင်နေသူများမှာ တုန့်ဆိုင်းသွားကြသည်။ သူတို့သားရဲများကို အမိန့်ပိုနာခံတတ်လာအောင် လေ့ကျင့်ပေးရမည်ဟု ထင်သွားကြပြီး ရှောက်ရွှမ်ပြောသည့် ထိန်းချုပ်နိုင်စွမ်းပိုရှိလာအောင် သင်ကြားပေးရမည်ကိုသဘောပေါက်သွားကြသည်။

နောက်အမဲလိုက်ခရီးစဉ်များတွင် လဲ့မွေးထားသော မုန့်မှတစ်ပါး တခြားသားရဲများသည် ဘေးကင်းစွာ ပြန်လာနိုင်ကြသည်။ ထိုထဲတွင် လျောင်၊ မော့အာ၏ ဂူအောင်းခြင်္သေ့စစ်ယာ့၊ မောင်၏

ဝက်ကတုံး၊ နှင့် အားယမ်တို့မောင်နှမမွေးမြူထားသော သားရဲများလည်းပါဝင်သည်။

အားယမ်နှင့် အားကွမ်းတို့သည် ယခုအမဲလိုက်ခရီးတွင် တိရစ္ဆာန်၂ကောင်ကို ဖမ်းလာကြသည်။ အားယန်သည် ခွေးအနှင့်တူသော သားကောင်ပေါက်တစ်ကောင်ကို ခေါ်လာပြီး အန်းဟုနာမည်ပေးလိုက်သည်။

အားကွမ်းကတော့ ငှက်သိုက်တစ်ခုထဲမှ ငှက်ဉကြီးတစ်လုံးကို ခိုးယူလာခဲ့သည်။ သူသည် ချာချာ့လို ပျံသန်းနိုင်သော ငှက်တစ်ကောင်ကို မွေးခြင်သော်လည်း ရှောက်ရွှမ်ပြောသည့်အတိုင်း သူ့၏ဉကို အကောင်ဖောက်ကြည့်သောအခါ ထွက်လာသောငှက်မှာ ပျံနိုင်သောငှက်မဟုတ်ပေ။ အတောင်မပါသော ငှက်ဖြစ်နေပြီး ငှက်ကုလားအုတ်နှင့်ဆင်တူသည်။ သို့သော် သူသည်ထိုငှက်ကို ချက်မစားပစ်ဘဲ ကျင်းဟုအမည်ပေးကာ မွေးထားလိုက်သည်။

တစ်နှစ်ကြာသောအခါ အားယမ်နှင့် အားကွမ်း

တို့မွေးထားသော တိရစ္ဆာန်လေး၂ကောင်မှာ အမဲလိုက်ခရီးစဉ်တွင် ပါဝင်ခွင့်ရပြီး ၂ကောင်လုံးမှာ ကောင်းမွန်သော စွမ်းဆောင်ရည်ကို ပြသခဲ့ကြသည်။ ထို့ကြောင့် မိုင်သည် အလွန်ပျော်နေပေသည်။

All Chapters