← Chapters

ပူးပေါင်းဆောင်ရွက်ခြင်း

Vol. 9 Ch. 134

ပူးပေါင်းဆောင်ရွက်ခြင်း

Vol. 9 Ch. 134

အမဲလိုက်အဖွဲ့တွင် လူအတော်များလေသည်။ အမဲလိုက်အဖွဲ့ထဲမှ လူများသည် သူတို့နှင့် လိုက်ပါလာသော သားရဲများအကြောင်းကို အရမ်းသိချင်နေကြသည်။

ဆီဆာသည် အမဲလိုက်အဖွဲ့နှင့် ပထမအကြိမ်ပူးပေါင်းသောအခါ အမဲလိုက်အဖွဲ့မှ လူများသည် စိတ်လှုပ်ရှားခဲ့ကြသော်လည်း အခုတော့ ရိုးသွားကြပြီ ဖြစ်သည်။ အခုတစ်ခေါက်တွင် သူတို့အဖွဲ့တွင် သားရဲများစွာ ပါလာသည်။ သူတို့သည် ထိုမျှများသော သားရဲများနှင့် ပူးပေါင်းအမဲလိုက်ရသည် ပထမဆုံးအဖွဲ့ဖြစ်သောကြောင့် ဂုဏ်ယူမိလေသည်။

သို့သော် တောင်ကိုကျော်လာပြီးနောက် ပထမ

စခန်းချရာနေရာသို့ ရောက်လာသောအခါတွင် အဖွဲ့တွင် သားရဲများစွာပါလာြခင်းသည် သူတို့အတွက် သိပ်မကောင်းမှန်း သိသွားကြသည်။ သားရဲများစွာပါလာသည့်အတွက် သူတို့လိုက်ရမည့် သားကောင်အရေအတွက် နည်းသွားလေသည်။

ရှောက်ရွှမ်သည် သူတို့ကို တခါတည်း မပူးပေါင်းစေဘဲ အဖွဲ့၂ဖွဲ့ခွဲထုတ်လိုက်သည်။ တဖွဲ့ကို မိုင်က ဦးဆောင်ပြီး တဖွဲ့ကို ချောင်က ဦးဆောင်ရသည်။ မောင်၊မော့အာ နှင့် လဲ့တို့က သူတို့သားရဲများနှင့်အတူ မိုင်၏အဖွဲ့တွင် ပါဝင်ပြီး အားယမ်နှင့် အားကွမ်တို့က ချောင်၏အဖွဲ့တွင် ပါဝင်ရသည်။

ရှောက်ရွှမ်အတွက်တော့ ဦးစားပေးအလုပ်မှာ သားရဲများ၏ စွမ်းဆောင်ရည်ကို မှတ်တမ်းတင်ပြီး ထိုမှတ်တမ်းကို နတ်ဆေးဆရာဆီ ပြန်ပေးရန် ဖြစ်သည်။

ထို့ကြောင့် ရှောက်ရွှမ်သည် တပည့်များ၏စွမ်းဆောင်ရည်ကို စစ်ဆေးရသော ကျောင်းဆရာတစ်ယောက်ကဲ့သို့ ပြုမူရသည်။ ထို မူလတန်းကျောင်းသားအုပ်စုမှာ အကောင်းဆုံးသော စွမ်းဆောင်ရည်ကို ပြသနိုင်ရန် ကြိုးစားရမည် ဖြစ်သည်။

ထူးဆန်းသည့်နေရာကို ပထမဦးဆုံးရောက်ဖူးသည့်အတွက် သူတို့သည် အစပိုင်းတွင် သတိအလွန်ထားနေရသည်။ နောက်ရက်များရောက်သောအခါမှ အေးဆေးသက်သာစွာ အမဲလိုက်နိုင်သွားကြသည်။

သုံးရက်ကြာသောအခါ အမဲလိုက်အဖွဲ့သည် ဂူဆီသို့ပြန်ရောက်လာသည်။ ရှောက်ရွှမ်သည် သူရေးစရာရှိသည်များကို သားရေချပ်ပေါ်တွင် ချရေးလေသည်။ အခြားသူများက ရလာဒ်များကို သိချင်သဖြင့် ကြည့်နေကြသည်။ သို့သော် ရှောက်ရွှမ်ကတော့ သူတို့ကို မပြပေ။ ပြသည့်တိုင်အောင်လည်း သူတို့နားလည်မည်မဟုတ်ပါ။

မှတ်တမ်းများကို မဖတ်နိုင်ကြသဖြင့် စစ်သည်တော်များသည် ရှောက်ရွှမ်ကို သွယ်ဝိုက်ပြီးမေးရသည်။

“အကိုရွှမ်…ကျွန်တော်တို့စွမ်းဆောင်ရည်ကို ဘယ်လိုမြင်လဲ” အားယမ်နှင့် အားကွမ်ကမေးသည်။

“မဆိုးပါဘူး” ရှောက်ရွှမ်သည် ခေါင်းမမော့ဘဲ သားရေချပ်ပေါ်တွင် တခြားလူများနားမလည်နိုင်သော သင်္ကေတများဖြင့် ဆက်လက်ရေးသားနေသည်။

“မဆိုးပါဘူး”ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ စိတ်ကျေနပ်သည်လား သို့မဟုတ် စိတ်မကျေနပ်ဘူးလား။

သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိသည်။

ထို့နောက်တွင် သူတို့ထဲမှ အကြီးဆုံး လဲ့က “ငါတို့

ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ စိန်ခေါ်မှု လုပ်ရမယ်”။

သူတို့အနေနှင့် သားရဲကြီးများ၊ ဧရာမခွေးတူဝက်တူကြီးများ၊ ဧရာမတောင်ဒရယ်ကြီးများကို ဖမ်းဆီးရန်အခက်အခဲမရှိပါ။ မျိုးနွယ်စုထဲမှ စစ်သည်တော်အများစုသည် ပြင်းထန်သောဒဏ်ရာတစ်ခုက အမဲလိုက်ခရီးစဉ်တစ်ခု မည်မျှခက်ခဲကြောင်းနှင့် သူတို့၏ ခွန်အားကြီးမားကြောင်းကို ပြသည်ဟုယူဆထားကြသည်။ဒဏ်ရာရထားလျှင် အောင်မြင်မှုရရန် ပိုကြိုးစားရသည်။

ဒဏ်ရာရရန်မှာ သိပ်တော့ ခက်ခဲသောကိစ္စမဟုတ်ပါ။

“မင်းဘာလုပ်ချင်လို့လဲ…ဧရာမတောင်ဒရယ်အကြီးစားကြီးတွေကို ဖမ်းချင်လို့လား” မောင်ကရွဲ့ပြီးမေးသည်။

လဲ့က ခေါင်းကိုယမ်းရင်း “ဧရာမတောင်ဒရယ်

အကြီးစားကြီးတွေက အကောင်အရေအတွက် များလွန်းတယ်…သူတို့ကို ဖမ်းဖို့သိပ်မလွယ်ဘူး”ဟုပြောသည်။

“ရေကန်နားမှာ ဆူးနက်လေတစ်ကောင်ထပ်ရောက်နေတယ်လို့ ငါကြားထားတယ်။

“အဲဒီကောင်က ညမှ ထွက်တာ”

“ဒါဆိုရင် မင်းဘာကောင်လိုက်ချင်လို့လဲ”

“ကြံ့လား”

“တခြားသားကောင်တွေကော” အားယန်နှင့် အားကွမ်ပါ ဆွေးနွေးမှုတွင် ပါဝင်လာသည်။

“ကတ္တရာတွင်းနားမှာ ဧရာမဝက်ဝံကြီးတစ်ကောင်ရှိတယ်”

“….”

ဘယ်သားရဲကို ဖမ်း၍ စိန်ခေါ်မှုပြုလုပ်သင့်သည် သူတို့ဆွေးနွေးရင်း ငြင်းခုန်နေကြသည်။ သူတို့ ငြင်းခုန်သံများကြောင့် ဂူထဲမှ ရှောက်ရွှမ်ခေါင်းကိုက်လာသဖြင့် အငြင်းပွားနေသူများကို လှမ်းအော်လိုက်သည် “အားလုံးတော်ကြတော့…တိတ်တိတ်နေပေးပါ”။

သူတို့အားလုံး တိတ်ဆိတ်သွားသော်လည်း ရှောက်ရွှမ်စိတ်ထဲတွင် တစ်ခုခုမှားနေသည်ကို ခံစားလိုက်ရသည်။ သူမော့ကြည့်လိုက်တော့ ငှက်နှုတ်သီးကြီး တစ်ခု သူ့ဆီဦးတည်လာနေသည်ကို တွေ့လိုက်ရသည်။

“…”

ထိုငှက်ကြီးကို မောင်းထုတ်လိုက်ပြီး “ ငါပြောတဲ့ထဲမှာ မင်းမပါဘူး..သွားစမ်းပါကွာ” ဟုပြောလိုက်သည်။

လွန်ခဲ့သော သုံးလေးရက်အတွင်း ပြုလုပ်ခဲ့သော လေ့လာမှုများအရ ရှောက်ရွှမ်သည် သူတို့

ဆွေးနွေးနေသောသားကောင်များ၏ အကျိုးနှင့်အပြစ်များကို သုံးသပ်ကြည့်နေသည်။ “ခင်ဗျားတို့ စိန်ခေါ်မှုတစ်ခုအနေနဲ့ အဲဒီ ဧရာမဝက်ဝံကြီးကို အမဲလိုက်ချင်လည်းရတယ်…ဒါပေမဲ့ အစီအစဉ်တော့ သေချာဆွဲရလိမ့်မယ်…ခင်ဗျားတို့အားလုံး သေသွားရင် ဘာအကျိုးမှ ရှိတော့မှာ မဟုတ်ဘူး”။

စစ်သည်တော်များအား ဘာကိုဂရုစိုက်သင့်သည်ဆိုတာကို သတိလိုက်ပေးနေရသည်။ သူသာ သတိမပေးပါက စစ်သည်တော်များသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်ကာ အားလုံးသေကုန်ကြမည်ဖြစ်သည်။ ရှောက်ရွှမ်သည်လည်း သူတို့သေဆုံးသည့် အဖြစ်ကို မှတ်တမ်းတင်ပြီး နတ်ဆေးဆရာထံမတင်ပြချင်ပါ။

ဧရာမဝက်ဝံကြီးကို ဖမ်းမိရန် သူတို့သည် ပူးပေါင်းဆောင်ရွက်မှ ရမည်။ ကြောက်မက်ဖွယ်သားရဲကြီးတစ်ကောင်ဖြစ်သဖြင့် တစ်ယောက်၊နှစ်ယောက်လောက်နှင့် အနိုင်တိုက်နိုင်မည်မဟုတ်ပေ။

အားယမ်နှင့်အားကွမ်းတို့မွေးထားသော သားရဲ၂ကောင်မှာ အချင်းချင်း အမြဲလိုလို တိုက်ခိုက်ပြီး ကြီးပြင်းလာကြသည်။ အရွယ်ရောက်လာသောအခါတွင် ပြင်ပရန်သူများကို ပူးပေါင်းတိုက်ခိုက်လာကြသော်လည်း အိမ်တွင်နေလျှင်တော့ ရန်ဖြစ်မြဲပင်ဖြစ်သည်။ သူတို့၂ကောင်ကြားတွင် ထူးခြားသော နားလည်မှုတစ်ခုရှိသည်။ နောက်ပြီးတော့ သူတို့သည် ကိုယ့်ကိုကိုယ်လည်း ကာကွယ်တတ်ကြသည်။

မျိုးနွယ်စုထဲမှ မထွက်ခွာမီ အားကွမ်းမွေးထားသော ငှက်ကုလားအုတ်သည် သားကောင်လိုက်သည့်အခါ နောက်မှလိုက်လေ့မရှိဘဲ ဘေးမှသာလိုက်လေ့ရှိသည်။ နောက်မှလိုက်လျင် အကန်ခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ အားယမ်မွေးထားသော သားရဲကမူ တိုက်ခိုက်မှုများကို ရှောင်ရှားရာတွင် ပိုမိုကျွမ်းကျင်သည်။ ထို့ကြောင့် သူတို့၂ကောင်သည် မျိုးနွယ်စုထဲတွင် မွေးထားသော တခြားသားရဲများထက် ကောင်းမွန်စွာ ပူးပေါက်ဆောင်ရွက်နိုင်ကြသည်။ထို့ကြောင့်

သူတို့၂ကောင်ကတော့ ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ်တွင် အောင်မြင်သည်ဟု ဆိုနိုင်သည်။

၂ရက်ခန့်ကြာသောအခါ သူတို့အားလုံး ကတ္တရာတွင်းကြီးဆီသို့ သွားကြလေသည်။

သူတို့ကို ကူညီရန် မိုင်နှင့်ချောင်တို့သည် အဖွဲ့သားများကို အမဲလိုက်မထွက်စေတော့ဘဲ ထိုနားပတ်ဝန်းကျင်တွင် ကင်းပုန်းဝပ်စေသည်။ ထိုနည်းဖြင့် တစ်ခုခုဖြစ်ပါက ချက်ချင်းထွက်လာပြီး ကူညီနိုင်မည်ဖြစ်သည်။

ရှောက်ရွှမ်ကလည်း ဆီဆာအား သူတို့ကို လိုအပ်သည့်အကူအညီပေးရန် မှာထားသည်။

“အားရွှမ်…မင်းဘာလို့ သူတို့ကို မကူညီတာလဲ” လန်ကာ့က သစ်ပင်တစ်ပင်နောက်တွင် ဝင်ပုန်းရင်း ရှောက်ရွှမ်ကို မေးသည်။

“အရာအားလုံးက သူတို့အပေါ်မှာပဲ မူတည်နေတယ်” ရှောက်ရွှမ်ကပြောသည်။ နတ်

ဆေးဆရာ၏ရည်ရွည်ချက်ကလည်း ထိုအတိုင်းပင်ဖြစ်သည်။ နတ်ဆေးဆရာက ရှောက်ရွှမ်ကို သူတို့အားဂရုစိုက်ရန်၊လိုအပ်ပါက ဆီဆာ၏ အကူအညီကို ယူရန် မှာကြားလိုက်သည်။

နတ်ဆေးဆရာနှင့် စကားပြောခဲ့သည်ကို ပြန်တွေးပြီးနောက် ရှောက်ရွှမ်သည် သက်ပြင်းချလိုက်ပြီး “ဒီလူလိမ်ကြီးကတော့ ငါ့ကိုပဲ အလုပ်တွေခိုင်းနေတော့တာပဲ” ဟု တီးတိုးရေရွတ်လိုက်မိသည်။

“ဘာပြောတာလဲ” အမဲလိုက်ရန် အာရုံရောက်နေသည့် လန်ကာ့က ရှောက်ရွှမ်ဘာပြောလိုက်လဲ မကြားလိုက်ပေ။

“ဘာမှမဟုတ်ပါဘူး…သူတို့တွေ ဒီနေ့စွမ်းဆောင်ရည်ကောင်းတယ်လို့ပြောလိုက်တာပါ”

ရှောက်ရွှမ်နှင့် လန်ကာ့ စကားပြောနေစဉ် ချာချာက ကောင်းကင်မှနေ၍ လှမ်းအချက်ပေးလိုက်သည်။ စစ်သည်တော်များ စတင်လှုပ်ရှားနေ

ပြီ ဆိုသည့် သဘောပင်။

ဧရာမဝက်ဝံကြီးနှင့် ခွန်အားချင်းယှဉ်လျှင် သူတို့သည် အားနည်းနေသည်။ အုပ်စုလိုက်ဝိုင်းတိုက်မည်ဆိုလျှင်တောင် ရှုံးမည်ဖြစ်သည်။ထို့ကြောင့် အနိုင်ရရန် နည်းဗျူဟာများကို အားကိုးရမည်။ သူတို့နည်းဗျူဟာအရ ဝက်ဝံကြီးကို ရန်စပြီး ကတ္တရာတွင်းကြီးဆီ မျှားခေါ်လာမည်။ထို့နောက် ကတ္တရာတွင်းကြီးထဲ တွန်းချမည် ဖြစ်သည်။

ရှောက်ရွှမ်သည် သူနေရာယူထားသောနေရာမှ တောထဲတွင် ဘာတွေဖြစ်နေသည်လဲ မသိရပါ။ သို့သော် ဝက်ဝံကြီးရှိသောနေရာနားကို မိုင်နှင့်ချောင်တို့က စောင့်ကြပ်နေသည်။ တစ်ခုခုဖြစ်ပါက သူတို့က လေချွန်သံဖြင့် အချက်ပေးမည် ဖြစ်သည်။

ခဏအကြာတွင် ဟိန်းသံကြီးတစ်သံကို ကြားလိုက်ရပြီး သူ့နားရှိ သစ်ပင်များမှာ ယိမ်းခါသွားသည်။ ထို့နောက်တွင် ခြေသံများကို

ကြားလိုက်ရသည်။ ခြေသံများမှာ လေးလံသော်လည်း မြန်ဆန်သည် ။ထို့ကြောင့် သေချာအာရုံစိုက်နားမထောင်ပါက ထိုခြေသံများကို ကြားရမည် မဟုတ်ပါ။

ထိုကျယ်လောင်မြန်ဆန်သော ခြေသံများနှင့်အတူ အခြားခြေသံများ ရောထွေးနေသည်။ ထိုခြေရာသံက ခွာသံပေါက်နေသည်။

“ဝှစ်”

အရိပ်တစ်ခု ဖြတ်သွားသည်။ အားယမ်မွေးထားသော သားရဲဖြစ်သည်။

သူ့နောက်မှ ငှက်ကုလားအုတ်လိုက်လာပြီး ငှက်ကုလားအုတ်နောက်တွင် လဲ့၏မုန်လိုက်ပါလာသည်။

ထိုသုံးကောင်သည် တောထဲမှ ပြေးထွက်လာပြီး တစ်ကောင်ကို ဦးတည်ရာ တစ်ဖက်ဆီ ပြေးသွားကြသည်။

ဧရာမဝက်ဝံကြီးသည် သူ့သားကောင်ကို ဖမ်းမိခါနီးတွင် ရပ်လိုက်သည်။ ထို့နောက် ငှက်ကုလားအုတ်နောက်သို့ဆက်လိုက်သော်လည်း ကံမကောင်းသဖြင့် ဖမ်းမိရန် နည်းနည်းအလှမ်းကွာနေသည်။

ခြေတံကြီးများရှည်သဖြင့် ငှက်ကုလားအုတ်သည် ကတ္တရာတွင်းနားတွင် လျင်မြန်စွာ ပြေးလွှားနိုင်သည်။ ထိုနေရာနားတွင် ပြေးလွှားပြီးနောက် သူသည် မေးရိုးများကို ကြောက်ဖွယ်ကောင်းလောက်အောင် လှုပ်ရှားလိုက်ပြီး ပါးစပ်ကြီးကို ကျယ်လောင်စွာဟလိုက်ပြီး အသံကျယ်ကြီးဖြင့်ထအော်လေတော့သည်။

ထိုငှက်ကုလားအုတ်သည် စိတ်လှုပ်ရှားလာတိုင်း ထိုအသံကြီးဖြင့် အော်လေ့ရှိသည်။

ထိုအချိန်တွင် ဝက်ဝံကြီးမဆိုထားနှင့် ကျန်သူများအားလုံးပင် ထိုငှက်ကုလားအုပ်သည် ဝက်ဝံကြီးကို လှောင်ရယ်ရယ်နေကြောင်း သိ

လိုက်ကြသည်။

ဧရာမဝက်ဝံကြီးသည် ကတ္တရာတွင်းအစွန်နားတွင်ရပ်လိုက်ပြီး ငှက်ကုလားအုပ်ကို လှမ်းမာန်ဖီဟိန်းဟောက်လိုက်သည်။ ထိုနေရာသို့ ရောက်လာသူ လူဖြစ်ဖြစ် သားရဲပဲဖြစ်ဖြစ် ထိုသူကို ဝက်ဝံကြီးသည် အလွန်စိတ်ဆိုးသည်။ သို့သော် ဝက်ဝံကြီးသည် အခုတော့ ဘာမှ မတတ်နိုင်ဘဲ အော်ဟစ်ခြိမ်းခြောက်ခြင်းသာလုပ်နိုင်သည်။ သူ့နယ်မြေထဲဝင်လာပြီး သူ့သားကောင်ကိုစားသောသူသည် သေဒဏ်ပေးရန် ထိုက်တန်သည် မဟုတ်ပါလား။

ခဏလောက်လမ်းလျှောက်ပြီးသောအခါ ဝက်ဝံကြီးသည် ပျင်းရိသွားပြီး ထွက်ခွာသွားရန် ပြင်ဆင်နေလေတော့သည်။ ထိုအချိန်တွင် ဂူအောင်းခြင်္သေ့တစ်ကောင်ထွက်လာလေသည်။ ဂူအောင်းခြင်္သေ့မှာ အကောင်သေးသော်လည်း သူ့အစာများကို ခိုးယူလေ့ရှိသဖြင့် ဝက်ဝံကြီးမှာ ထိုသတ္တဝါများကို အလွန်မုန်းတီးသည်။

ဧရာမဝက်ဝံကြီးသည် ဂူအောင်ခြင်္သေ့ထံ ပြေးသွားရင်း ဟိန်းဟောက်လိုက်သည်။ မမျှော်လင့်ဘဲ ပါးစပ်ပြဲပြဲငှက်လိုပင် ဂူအောင်ခြင်္သေ့သည် ကတ္တရာတွင်းဆီသို့သာ ပြေးထွက်သွားသည်။

ကျယ်လောင်သော ဟိန်းဟောက်သံကြီးကို ကြားလိုက်ရသည်။

ဧရာမဝက်ဝံကြီးသည် မတ်တပ်ရပ်လိုက်ကာ ဟိန်းသံပေးပြီး ခြောက်လှန့်ရန်ကြိုးစားလိုက်သည်။ သူလိုက်တိုင်းထွက်ပြေးနေသော သတ္တဝါများကိုလည်း အထင်သေးစွာကြည့်လိုက်သည်။

အမဲလိုက်အဖွဲ့သည် ဝက်ဝံကြီးလိုက်ခံရ၍ ယခုနေရာသို့ ပြေးလာရသည့်အခါတိုင်း ဧရာမဝက်ဝံကြီးသည် သူ့အင်အားကို ပြရန် မတ်တပ်ရပ်လေ့ရှိသည်။ ထို့နောက် တောအုပ်တစ်ခုလုံးကို ဖျက်ဆီးတော့မည်ကဲ့သို ဟိန်းဟောက်သံကိုပေးလေသည်။

လဲ့၊မောင်နှင့် မော့အာတို့သည် တခြား

လမ်းကြောင်းတစ်ခုမှ ကတ္တရာတွင်းရှိရာသို့ ဝင်လာကြသည်။ ထို့နောက် ဝက်ဝံကြီးကို စိတ်အနှောင့်အယှက်ပေးရန် ကျောက်တုံးများဖြင့် ပစ်ပေါက်လေသည်။

ချာချာကလည်း ဝက်ဝံကြီးစိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ရာတွင် ပါဝင်ကူညီလေသည်။ ထို့ကြောင့် ဝက်ဝံကြီးသည် အရှေ့ကိုအာရုံစိုက်ရမလို၊ အပေါ်ကို အာရုံစိုက်ရမလို ဖြစ်နေသည်။

ကတ္တရာတွင်းနားတွင် ရပ်နေသောသူများကို ဟိန်းဟောက်နေစဉ်အတွင်း အရိပ်တစ်ခုက ဝက်ဝံကြီးနောက်တွင် တိတ်တဆိတ်ပေါ်လာပြီး အသံတိတ်လှုပ်ရှားနေသည်။

တိုက်ခိုက်နိုင်လောက်သော အကွာအဝေးသို့ရောက်သောအခါ ထိုအရိပ်သည် ဝက်ဝံကြီးဆီသို့ တရှိန်ထိုး ပြေးဝင်သွားသည်။

ဒေါသထွက်နေသော ဝက်ဝံကြီးသည် သူ့

နောက်တွင် သားရဲတစ်ကောင်ရှိနေမည်ဟု မျှော်လင့်မထားပေ။ အရင်တုန်းကဆိုလျှင်တော့ ဝက်ဝံကြီးသည် ပုန်းအောင်နေသော သားကောင်များကို ဟိန်းဟောက်ရန် ကတ္တရာတွင်းကြီးနားတွင် မတ်တပ်ရပ်လေ့ရှိသည်။ အခုတော့ သူပိတ်မိနေပြီ ဖြစ်သည်။

သူ့ဟိန်းသံသည် အနားရှိအသံများကို ဖုံးလွှမ်းသွားသည်။ မြေပြင်သည်တုန်ခါနေသည်ကို ခံစားလိုက်ရသောအခါ သူ့ဆီသို့ နောက်သတ္တဝါတစ်ကောင် ထပ်ပြေးလာသည်ကို သိလိုက်သည်။ သူသည် နောက်လှည့်လိုက်သော်လည်း ထွက်ပြေးရန် အချိန်မရတော့ပါ။ ထိုသတ္တဝါသည် သူ့ဗိုက်ကို ဝင်တိုက်ချလိုက်သည်။

ဝင်တိုက်ခြင်းအပြင် ထိုသတ္တဝါသည် ဝက်ဝံကြီးကို လက်သည်းများနှင့် ကုတ်ခြစ်လေသည်။

စစ်ယာ့သည် ဝက်ဝံကြီး၏ ပုတ်ထုတ်ခြင်းကိုခံလိုက်ရပြီး အတော်ခပ်ဝေးဝေးသို့ လွင့်စင်ထွက်သွားသည်။

ဝက်ဝံကြီးသည် စစ်ယာ့ကို အာရုံစိုက်လိုက်ပြီး ဟန်ချက်ထိန်းရန် ပြင်နေစဉ် မီးခိုးရောင် အရိပ်တစ်ခုက ရိပ်ခနဲ ဝင်လာသည်။ နောက်တစ်ကြိမ်တိုက်ခိုက်ခံရပြန်ပြီ။ ဒီတစ်ကြိမ်တွင် ရင်ဘတ်ကို တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ပိုမိုပြင်းထန်သည်။

နောက်တကြိမ် ဟိန်းဟောက်ပြန်သည်။

ဒီတခေါက်တွင်တော့ ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် ပေါ်ထွက်လာသော ဟိန်းဟောက်သံဖြစ်သည်။ သူသည် ကတ္တရာတွင်းကြီးထဲသို့ ပြုတ်ကျတော့မည် ဖြစ်ကြောင်းနှင့် တခြားကြောက်မက်ဖွယ်သားရဲများလို ကတ္တရာတွင်းကြီးထဲတွင် သေဆုံးရတော့မည့် အကြောင်းကို သိလိုက်ပြီဖြစ်သည်။

“ဝုန်း”

ဝက်ဝံကြီးသည် ကတ္တရာတွင်းထဲသို့ ပြုတ်ကျသွားပြီ ဖြစ်သည်။ စေးကပ်နေသော ကတ္တရာများ

လွင့်ပျံထွက်လာသည်။ ဝက်ဝံကြီး ကတ္တရာတွင်းထဲ ပြုတ်ကျသွားသည်ကို တွေ့လိုက်ရမှ အားလုံးစိတ်သက်သာရာရသွားသည်။

မောင်က စစ်ယာ့၏ဒဏ်ရာများကို ပြေးကြည့်သည်။ ဝက်ဝံကြီး၏ လက်ဝါးနှင့် ပုတ်မိသောကြောင့် စစ်ယာ့ကိုယ်တွင် အရာကြီးများထင်နေသည်။ သို့သော် စစ်ယာ့အတွက်တော့ ထိုဒဏ်ရာလောက်သည် မှုလောက်သော ဒဏ်ရာမဟုတ်ပါ။

“သိပ်မပြင်းထန်ပါဘူး…အနားယူလိုက်ရင် ကောင်းသွားမှာပါ…ဒဏ်ရာတွေက သိပ်မနက်ပါဘူး” မိုင်က ဒဏ်ရာကို ကြည့်ရင်းပြောလိုက်သည်။

စွတ်ရသည် မူးဝေနေပြီး မြေပေါ်သို့လှဲချလိုက်ကာ ညည်းညူနေသည်။ သားရဲပေါင်းစုံထဲတွင် အသန်မာဆုံးသားရဲဖြစ်သဖြင့် ထိုသို့လက်ဝါးရိုက်ချက်များကို သူမခံစားဖူးပါ။

အားလုံးသည် ပြောပလောက်သော ဒဏ်ရာမရကြပါ။ ထို့နောက်တွင် ကတ္တရာတွင်းထဲပြုတ်ကျနေသော ဝက်ဝံကြီးကို ငုံ့ကြည့်လိုက်ကြသည်။ အားလုံးသည် အခုထိ တုန်လှုပ်နေတုန်းဖြစ်သည်။

ဝက်ဝံကြီး ကတ္တရာတွင်းထဲသို့ တိုက်ရိုက်ပြုတ်ကျသွားခြင်းမှာ ဆီဆာ၏တိုက်ခိုက်မှုကြောင့် ဖြစ်သည်။ မဟုတ်လျှင် ဝက်ဝံကြီးကြောင့် စစ်ယာ့သေတော့မည် ဖြစ်သည်။

သူတို့တွင် မြက်ဖြင့်ကျစ်ထားသော ကြိုးများပါလာသည်။ စစ်ယာ့တစ်ကောင်တွင်းထဲပြုတ်ကျသွားပါက ကြိုးဖြင့်ဆွဲတင်ရန်ဖြစ်သည်။ မမျှော်လင့်ဘဲ ဝက်ဝံကြီးမှာ အကောင်ကြီးမားသော်လည်း ပျော့ပြောင်းမှု ရှိသည်။

ထိုဖြစ်ရပ်ကြောင့် အစီအစဉ်သည် အစီအစဉ်သာ ဖြစ်ပြီး တစ်ခါတရံတွင် မျှော်လင့်မထားသည်များ ဖြစ်လာတတ်သည်ကို အားလုံး

သဘောပေါက်သွားကြသည်။

“နောက်တခါ အစီအစဉ်ဆွဲရင် ဒီထက်ပိုသတိထားမှ ဖြစ်မယ်” ရှောက်ရွှမ်က ပြောသည်။

“ဟုတ်တယ်” ကျန်လူများက သဘောတူလိုက်သည်။

ကတ္တရာတွင်းထဲ တဖြည်းဖြည်းနစ်မြုပ်သွားသော ဝက်ဝံကြီးကို ကြည့်ရင်း မိုင်က အားလုံးကို ပြန်ရန် ပြောလိုက်လေတော့သည်။ ဒီနေရာမှာ ဆက်နေလည်း ဘာမှ မထူးတော့သည် မဟုတ်ပါလား။

All Chapters