← Chapters

ခြွင်းချက်

Vol. 9 Ch. 135

ခြွင်းချက်

Vol. 9 Ch. 135

ပထမအကြိမ် အဖွဲ့လိုက် အမဲလိုက်ပြီးနောက် နောက်အခေါက်များတွင် ဘာပြဿနာမှ မပေါ်တော့ပါ။ ထို့အတူ လူငယ်စစ်သည်တော်လေးများသည် အရင်ကထက် ပိုမို သတိထားလာကြသည်။

ရှောက်ရွှမ်သည် စစ်သည်တော်များအမဲလိုက်ထွက်လျှင် သူတို့နှင့် မလိုက်တော့ပါ။ တစ်ခါတရံ ဆီဆာကို လိုက်ခွင့်ပြုသော်လည်း ဘာညွှန်ကြားချက်မှ မပေးတော့ပေ။

“မင်းဆီဆာ့ကို ဂရုမစိုက်တော့ဘူးလား” လန်ကာ့က သိလိုစိတ်ဖြင့် ရှောက်ရွှမ်ကို မေးသည်။ ဧရာမဝက်ဝံကြီးကို လိုက်ပြီးနောက် ရှောက်ရွှမ်သည် ဆီဆာကို စိတ်ကြိုက်လှုပ်ရှားခွင့်ပေးလိုက်သည်။

“ငါသူ့ကို အမှီအခိုကင်းအောင် လေ့ကျင့်ပေးနေတာ၊ အခုဆိုရင် ဆီဆာက အရမ်းပါးနပ်နေပြီ၊ သိပ်ဂရုစိုက်စရာမလိုတော့ဘူး” ရှောက်ရွှမ်ကပြောသည်။

“မင်းပဲ သားရဲတွေက သခင်ကို မှီခိုရမယ်ဆို၊အခု အမှီအခိုကင်းအောင်ဆိုတာက ဘာကိုဆိုလိုတာလဲ”

“ပြဿနာတွေကို မတူညီတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းသင့်တဲ့အခါ ဖြေရှင်းရမယ်”

လန်ကာ့သည်နားမလည်သောကြောင့် စဉ်းစားမနေတော့ပေ။ ထို့နောက် စစ်သည်တော်များ ဘာကောင်ကို အမဲလိုက်နေသလဲ ကြည့်ရန် ထွက်သွားလေ တော့သည်။

သစ်ပင်ပေါ်တွင်ရပ်ပြီး ရှေ့တွင်ရှိသော စမ်းချောင်းငယ်လေးကို ကြည့်နေသည်။ သစ်ရွက်ကြွေများနှင့် တုတ်ချောင်းများသည် စမ်းချောင်း

အတွင်း မျောပါလျက်ရှိသည်။

ရှေးခေတ်မှလူများသည် ရေထဲတွင် မျောနေသော သစ်ရွက်များကို ကြည့်ပြီး လှေကို တီထွင်ရန် အကြံရခဲ့သည်။ သစ်သားသည် ရေပေါ်တွင် ပေါ်သည်ကို သိသဖြင့် သူတို့သည်လှေကို သစ်သားဖြင့်ပြုလုပ်ရမည်ကို သိခဲ့ကြသည်။

အမှန်တကယ်တော့ လှေလုပ်ရန်မှာ ရှောက်ရွှမ်ထင်သလောက်ခက်ခဲသောကိစ္စ မဟုတ်ပါ။ သူလိုအပ်သည်မှာ သစ်ပင် ပင်စည်တစ်ခုသာ ဖြစ်သည်။

တောထဲတွင် သန်စွမ်းသော သစ်ပင်ကြီးများစွာရှိသည်။ ပင်စည်ကိုထွင်း၍ ကနူးလှေ ပြုလုပ်၍ ရပါသည်။ သို့သော် လှေလုပ်ရန်သင့်တော်မည့် သစ်ပင်ကို သေချာရွေးချယ်ရမည်ဖြစ်သည်။

စစ်သည်တော်များမွေးထားသော သားရဲများက တောထဲရှိ ပိုင်နက်ကိုယ်စီနှင့် နေကြသော ကြောက်မက်ဖွယ်သားရဲကြီးများကို ဆွဲဆောင်နိုင်

စွမ်းမရှိပါ။ ထိုသားရဲကြီးများအတွက်တော့ စစ်သည်တော်များ၏ အမဲလိုက်တိရစ္ဆာန်များမှာ သားရဲငယ်လေးများသည် ဖြစ်သည်။ ထို့ကြောင့် သားရဲကြီးများက သူတို့ကို ဂရုမစိုက်ကြပါ။

မိုင်သည် အမဲလိုက်အဖွဲ့အပါအဝင် သားရဲအချို့ကို ဦးဆောင်၍ ပထမစခန်းချရာ နေရာမှ တတိယမြောက်စခန်းချရာနေရာသို့ ပြောင်းရွှေ့သည်။ ထိုသို့ပြောင်းရွှေ့ရာတွင် ပြဿနာအနည်းငယ်ကိုတော့ ကြုံတွေ့ခဲ့ရသည်။ အမဲလိုက်အဖွဲ့အတွက်တော့ အခုခရီးသည် စိတ်ကူးယဉ်ဆန်သောခရီးဖြစ်သည်။

ရုတ်တရက် အော်သံတစ်ခုထွက်ပေါ်လာသည်။

ကောင်းကင်တွင် သိမ်းငှက်တစ်ကောင် ပျံနေခြင်းဖြစ်သည်။ ရှောက်ရွှမ် မော့ကြည့်လိုက်သောအခါ ချာချာသည် တခြားနေရာသို့ ပျံထွက်သွားသည်။

တတိယစခန်းချရာနေရာသို့ ရောက်သောအခါ သူတို့သည် အမဲလိုက်ရန် သတ်မှတ်ထားသည့်

အချိန်၏ သုံးပုံနှစ်ပုံကို သုံးပြီးပြီ ဖြစ်၍ ရှေ့ဆက်မသွားကြတော့ပါ။ ထို့ပြင် သူတို့ရောက်နေသော နေရာ၏ မြေအနေအထားနှင့် တိရစ္ဆာန်မျိုးစိတ်များ အကြောင်းကိုလည်း သူတို့မသိပါ။ ထို့ကြောင့် ထိုနေရာတွင် သူတို့သည် သုံးလေးရက် ခန့်နေပြီး ပြန်ကြမည်ဖြစ်သည်။

သို့သော် ချာချာက ရှေ့ကိုဆက်ပျံချင်နေသေးသည်။ ရှောက်ရွှမ်သာ မပါလာပါက၊ သူသည်ရှေ့ဆက်ပျံမည့် ပုံပေါ်နေသည်။

ကောင်းကင်ပေါ်တွင် ချာချာပျံသန်းနေသော လမ်းကြောင်းက ရှောက်ရွှမ်ကို သူရှေ့ဆက်သွားချင်နေကြောင်း‌ ပြောပြနေသည်။ ပထမနေရာမှ တတိယနေရာရောက်သည်အထိ ချာချာသည် သူ၏ ထိုနေရာသို့သွားချင်စိတ်ကို တောက်လျှောက် ပြသလာခဲ့သည်။

“ဦးလေးမိုင်…အဲဒီနေရာအကြောင်းကို ဦးလေးသိလား”ရှောက်ရွှမ်သည် ချာချာ ပျံသန်းသွားသော နေရာကို ညွှန်ပြရင်း မေးလိုက်သည်။

မိုင်သည် ခဏလောက်စဉ်းစားပြီး ခေါင်းခါလိုက်သည်။ “စစ်သည်တော်ဟောင်းကြီးတွေကတော့ အဲဒီနေရာအကြောင်းပြောဖူးတယ်…ဒါပေမဲ့ ငါမမှတ်မိတော့ဘူးကွ၊ ဒါပေမဲ့ ငါတို့သွားလို့မရတဲ့နေရာဆိုတာတော့ ငါသိတယ်…အဲဒီနေရာကို “မျှော်လင့်ခြင်းကင်းမဲ့သောမြေ”လို့ခေါ်တယ်”။

“မျှော်လင့်ချက်ကင်းမဲ့သောမြေ ဟုတ်လား”

“ဟုတ်တယ် ထင်တာပဲ” မိုင်က မရေရာသော အဖြေတစ်ခုကိုပေးသည်။ သူသည် ငယ်ငယ်ကကြားခဲ့ဖူးသော စစ်သည်တော်ကြီးများ၏စကားများကို သေချာမမှတ်မိတော့ဘဲ ထိုနေရာသို့မသွားရဆိုသောအချက်လောက်ကိုသာ မှတ်မိတော့သည်။

ဘိုးဘေးများသည် ရှေ့ဆက်မသွားတော့ဘဲ ထိုနေရာတွင်သာရပ်လိုက်ခြင်းက အကြောင်းရင်းတော့ ရှိရမည်။ ဘိုးဘေးများအပေါ်ထားသော သူတို့၏ယုံကြည်မှုကြောင့် အဖွဲ့ခေါင်းဆောင်တိုင်း

သည် ထိုနေရာသို့ရောက်လျှင် ရှေ့ဆက်မသွားတော့ဘဲ ရပ်လိုက်ကြသည်။ ရှေ့ဆက်သွားမည်ဆိုလျှင်တောင် ထိုအရပ်မျက်နှာဘက်ကိုတော့ သွားမည်မဟုတ်ပါ။

“ အဲဒီနေရာကို မသွားနဲ့နော်” မိုင်က ရှောက်ရွှမ်ကို ကြည့်လိုက်ပြီး ကတိတောင်းလိုက်သည်။ ရှောက်ရွှမ်သည် ခဏလောက်စဉ်းစားနေပြီးနောက် ခေါင်းငြိမ့်လိုက်ကာ “ဟုတ်ကဲ့…ကျွန်တော်နားလည်ပါပြီ…အဲဒီနေရာကို ကျွန်တော် မသွားတော့ပါဘူး” ဟုပြောလိုက်လေသည်။

ရှောက်ရွှမ်၏အဖြေကိုကြားသောအခါ မိုင်သည် ပြုံးလိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် ရှောက်ရွှမ်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး “ပြန်ကြစို့”ဟု ပြောလိုက်လေတော့သည်။

ရှောက်ရွှမ်သည် လေချွန်လိုက်ပြီး လေထဲတွင် ပျံနေသော ချာချာ့ကို လှမ်းအချက် ပေးလိုက်သည်။

နောက်ထပ် အော်သံတစ်ချက်ထွက်ပေါ်လာသည်။ ချာချာသည် မပြန်ချင်သေးပေ။ ထို့ကြောင့် မူလနေရာကိုပင် အတန်ကြာပတ်ပျံနေပြီး နောက်ဆုံးတွင်မှ ရှောက်ရွှမ် နောက်သို့လိုက်သွားလေသည်။ ချာချာသည် စိတ်တိုနေသောကြောင့် လမ်းတွင် တွေ့သောအမျိုးအမည်မသိငှက်တစ်ကောင်နှင့် တိုက်ခိုက်လေသည်။ သို့သော် အနိုင်မရဘဲ ရှုံးနိမ့်သွားသည်။ ထိုအမျိုးအမည်မသိသော ငှက်မှာ ဒဏ်ရာအနည်းငယ်သာရပြီး ချာချာကတော့ ဒဏ်ရာပြင်းထန်စွာရလိုက်ပြီး အမွှေးများပင် ကျွတ်ထွက်ကုန်သည်။ ထိုအခါ သူသည် ပို၍ပင်ဒေါကန်လာတော့သည်။

ရှောက်ရွှမ်လည်း ချာချာ့ကို ဆေးထည့်ပေးရင်း နှစ်သိမ့်နေရသည်။

“ငါတို့ ပြန်ရောက်ရင် အဲဒီနေရာအကြောင်းကို နတ်ဆေးဆရာကို မေးကြည့်မယ်…သွားလို့ရတယ်ဆိုရင် ငါမင်းကို ခေါ်သွားပါ့မယ်”။

ပြန်ရန်ရက်နီးကပ်လာသောအခါ သားရဲများနှင့် အမဲလိုက်ထွက်လာသော စစ်သည်တော်များသည် စိတ်ပူလာကြသည်။ သူတို့မွေးထားသော သားရဲများသည် အချင်းချင်းရန်မဖြစ်၊ အဖွဲ့တွင်း ပြဿနာမရှာဘဲ သားကောင်များရအောင် ကူညီပေးနိုင်သဖြင့် ပြောင်မြောက်စွာ စွမ်းဆောင်နိုင်သည်ဟု ယူဆကြသည်။ သို့သော် ရှောက်ရွှမ်ရေးထားသော မှတ်တမ်းကို နတ်ဆေးဆရာတစ်ယောက်သာ ဖတ်မည်ဖြစ်သည်။ အထူးသဖြင့် လဲ့ကပိုစိတ်ပူနေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရှောက်ရွှမ်နှင့် ကတောက်ကဆဖြစ်ထားသောကြောင့်ဖြစ်သည်။ ရှောက်ရွှမ်က ထိုကိစ္စကို မှတ်မိနေမှာ စိုးရိမ်နေသည်။ သူသည်ထိုစဉ်တုန်းက စိတ်ဆိုးနေ၍သာ ထိုကဲ့သို့ ပြုမူခဲ့ကြခြင်းဖြစ်သည်။

တခြားသူများပြုမူကြသည့်အတိုင်း လဲ့သည် ကြောက်မက်ဖွယ်သားရဲတစ်ကောင်ကို ဖမ်းယူလာခဲ့သည်။ ထိုကြောက်မက်ဖွယ်သားရဲသည် သိပ်အဆင့်မမြင့်သော်လည်း သူနှင့် မုန့်ဖမ်းနိုင်သည်မှာ ထိုသားရဲသာရှိသည်။ အခုအချိန်သူ

တစ်ယောက်တည်း အမဲလိုက်ထွက်မည်ဆိုလျှင် သာမန်သားရဲတစ်ကောင်သာ ဖမ်းမိမည်ဖြစ်သည်။

ရှောက်ရွှမ်သည် ထိုသားရဲကို ကြည့်ပြီး ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။

သူငါ့ကို လာဘ်ထိုးနေတာဖြစ်ရမယ်။

သူအချိန်တော်ကြာကြာစဉ်းစားနေမိသည်။

အခြားသူများလည်း လဲ့လုပ်သည့်အတိုင်း သူတို့သားကောင်များကို ရှောက်ရွှမ်ဆီ ယူလာခဲ့ကြသည်။ အားကွမ်းမွေးထားသော ငှက်ကုလားအုတ်သည်လည်း ရှောက်ရွှမ်ဆီသို့ လှမ်းလာသည်။ လည်ပင်းကို ခါယမ်းလိုက်ပြီး ခေါင်းကိုနှိမ့်ကာ ရှောက်ရွှမ်ရှေ့သို့ အရိုးတစ်ချောင်း ထွေးထုတ်လိုက်သည်။

ရှောက်ရွှမ်က “…”

ရှောက်ရွှမ်မျက်နှာပျက်သွားသည်ကို ကြည့်ပြီး အားယမ်နှင့် အားကွမ်းတို့သည် ငှက်ကုလားအုတ်ကို အမြန်ဆွဲယူသွားကြသည်။

ရှောက်ရွှမ်သည် ထိုလက်ဆောင်ပေးမှုများကို သားရေချပ်ထဲတွင် မှတ်တမ်းမတင်ထားပါ။ သို့သော် မျိုးနွယ်စုနေထိုင်ရာသို့ ပြန်ရောက်သောအခါ ထိုသားရဲများမှာ စစ်သည်တော်များ၏ ကြိုးစားအားထုတ်မှုသာဖြစ်ကြောင်း အစီရင်ခံခဲ့သည်။

နတ်ဆေးဆရာက ထိုအရာများကို ဂရုမစိုက်ဘဲ ရှောက်ရွှမ်ပေးလိုက်သော သာရေချပ်ကို ယူလိုက်သည်။ ထို့နောက် ထိုမှတ်တမ်းများကို သုံးရက်ကြာလေ့လာ နေတော့သည်။

လဲ့၊မောင်၊အားယမ်နှင့် အားကွမ်းတို့သည် မှတ်တမ်းကို နတ်ဆေးပညာကျမ်းပြုစုသလို မှတ်တမ်းတင်ကြောင်း မသိပေ။ သားရဲများ သားကောင်ကို အမဲလိုက်သည့် မြင်ကွင်းများကို

ပန်းချီများရေးဆွဲပြီး မှတ်တမ်းတင်ထားသည်ကိုလည်း မသိပေ။

သားရဲများ၏ အားသာချက်များ၊အားနည်းချက်များ စိတ်နေသဘောထားများကို စာများ၊ပုံများနှင့် မှတ်တမ်းတင်ထားသည်ဖြစ်၍ ရှောက်ရွှမ်သည် နတ်ဆေးဆရာကို ထပ်မံရှင်းပြနေရန်မလိုတော့။

ပထမအမဲလိုက်ခရီးပြီးဆုံးသည့်နောက်၊ နတ်ဆေးဆရာသည် အပြီးသတ်ဆုံးဖြတ်ချက်ကို ချက်ချင်းမချသေးပေ။

နတ်ဆေးဆရာသည် သားရဲများဆောင်ရွက်ရမည့် အမဲလိုက်တာဝန်များကို အကောင်အထည်ဖော်လေသည်။ ထိုသားရဲများသည် ယခင်အမဲလိုက်အဖွဲ့ထဲတွင်သာ ဆက်ရှိနေသော်လည်း မိုင်၏အဖွဲ့တွင်တော့ မပါတော့ချေ။ သူတို့၏ အမဲလိုက်လမ်းကြောင်းများ မတူညီတော့သလို အမဲလိုက်တာဝန်များလည်း ကွဲပြားသွားသည်။

ရှောက်ရွှမ်သည် တစ်ကောင်ချင်းစီနောက်ကိုလိုက်ပါဆိုသော နတ်ဆေးဆရာ၏ အမိန့်ကို လိုက်နာခဲ့သည်။ သူသည် အမဲလိုက်အဖွဲ့များသွားရာ အမဲလိုက်လမ်းကြောင်းများ နောက်သို့ လိုက်သွားခဲ့သည်။ ထို့ကြောင့် ထိုအမဲလိုက်အဖွဲ့များသွားရာ အမဲလိုက် လမ်းကြောင်းများမှ တိရစ္ဆာန်မျိုးစိတ်များ ပြန့်ပွားလာပုံကို လေ့လာခွင့်ရခဲ့သည်။

အမဲလိုက်ခရီးစဉ်တစ်ခုပြီးတိုင်း ရှောက်ရွှမ်သည် အသေးစိတ်ချယ်မှုန်းထားသော မြေပုံတစ်ချပ်ကို ရလေသည်။ ထိုမြေပုံတွင် သာမာန်သားရဲများ၏ နေရာ၊ ကြောက်မက်ဖွယ်သားရဲကြီးများရှိသောနေရာ၊ဆေးဘက်ဝင်အပင်များနှင့် သစ်ပင်ကြီးများရှိရာနေရာတို့ကို ထည့်သွင်းရေးဆွဲထားသည်။ ရှောက်ရွှမ်သည် ထိုအကြောင်းကို နတ်ဆေးဆရာကိုသာပြောပြပြီး လောင်ခဲ့ပင်ထိုအကြောင်းကို မသိပါ။

ရှောက်ရွှမ်သည် အမဲလိုက်အဖွဲ့များနောက်သို့

လိုက်ရာတွင် ဆီဆာနှင့်ချာချာကို လည်းခေါ်ခဲ့သည်။ တတိယမြောက်နေရာသို့ရောက်သောအခါ ချာချာသည် ထိုနေရာကို ကျော်လွန်၍ ပျံသန်းချင်သည့်အမူအရာများကို ပြသလာပြန်သည်။ သို့သော် ပျံသန်းသွားခြင်းတော့ မပြုပါ။

ရှောက်ရွှမ်သည် နတ်ဆေးဆရာကို ချာချာဘာကြောင့် ထိုသို့ဖြစ်ရသနည်းဟုမေးသည်။နတ်ဆေးဆရာသည် တိကျသော အဖြေတစ်ခုကို မပေးပါ။ ထိုအစား ဘိုးဘေးများထားခဲ့သော နတ်ဆေးပညာကျမ်းများတွင် ထိုအကြောင်း တိကျသောမှတ်တမ်း ပါမပါ ဖတ်ကြည့်ပေးမည်ဟုသာ ပြောလေသည်။

ရှောက်ရွှမ်သည် ထိုနေရာအကြောင်းကို သေချာမသိရမချင်း ချာချာ့ကို ထိုနေရာသို့ခေါ်မသွားတော့ပါ။ ထိုနေရာအကြောင်းကို ဘယ်သူမှ မသိသလို ဘေးကင်းမကင်းလည်း ဘယ်သူမှ အာမမခံနိုင်ပါ။

နတ်ဆေးဆရာသည် လဲ့နှင့်မုန့်အပါအဝင် သားရဲများ မွေးထားသူတို့ကို ဆောင်းမဝင်ခင် အစာပိုရှာထားရန်ပြောလေသည်။

ယခုဆောင်းတွင်းတွင် နတ်ဆေးဆရာသည် ဆီဆာနှင့်ချာချာမှလွဲ၍ ကျန်သည့်သားရဲများကို တစ်ကောင်ချင်း လျှို့ဝှက်နည်းနှင့် တံဆိပ်နှိပ်ပေးမည် ဖြစ်သည်။ ထိုအချိန်တွင်‌ ရှောက်ရွှမ်ကို ရှိနေပေးရန် နတ်ဆေးဆရာက မှာထားသည်။ သူသည် တံဆိပ်နှိပ်ခြင်းအခမ်းအနားကို ပြီးဆုံးအောင် မလုပ်နိုင်ပါက ရှောက်ရွှမ်က ဆက်လက် လုပ်ကိုင်ပေးရမည်ဖြစ်သည်။ထို့ပြင် သူ့နေရာကို ဆက်ခံမည့် နတ်ဆေးဆရာအသစ်အနေဖြင့် ကွေ့ဇယ်လည်း ထိုအခမ်းအနားတွင်ရှိနေရမည် ဖြစ်သည်။

သူသည် လျှို့ဝှက်နည်းလမ်းကို မီးပုံဘေးတွင် အသုံးပြုမည်ဖြစ်သည်။ သူ့အတွက် လုံလောက်သော စိတ်စွမ်းအင်ရရှိစေရန် ရှောက်ရွှမ်သည် မီးပုံထဲသို့ မီးလျှံသလင်းကျောက်ကို ပစ်ထည့်ပေးရမည် ဖြစ်သည်။

အခမ်းအနားကိုကျင်းပသော နေ့မှာ နှင်းကျသော နေ့တစ်နေ့ဖြစ်ပြီး မီးပုံနားတွင် နှင်းများဖုံးလွှမ်းနေသည်။ တောင်ပေါ်ရှိအခြားနေရာများနှင့်နှိုင်ယှဉ်လျှင် မီးပုံကြီးဘေးမှ ထိုနေရာသည် မီးဖိုကြီးတစ်ခုနှင့်တူနေလေသည်။

ရှောက်ရွှမ်သည် မီးလျှံသလင်းကျောက်တစ်တုံးကို မီးပုံထဲပစ်ထည့်လိုက်ပြီး အနီရောင်စွမ်းအင်များသည် သူနှင့် နတ်ဆေးဆရာဆီ စီးဝင်လာသည်ကို ကြည့်နေလိုက်သည်။ ကွေ့ဇယ်ကတော့ စွမ်းအင်နိုးထခြင်းမရှိသေးသဖြင့် မီးလျှံသလင်းကျောက်၏ စွမ်းအင်ကို စုပ်ယူနိုင်ခြင်းမရှိပါ။

“စလိုက်ကြရအောင်” နတ်ဆေးဆရာကပြောသည်။

ပထမဆုံးအလှည့်ကျသူမှာ လဲ့၏ မုန့်ဖြစ်သည်။ မုန့်ကိုလာပို့သူသည်လည်း ပို့ပြီးပြီးခြင်းပြန်သွားသလို လဲ့လည်း ထိုနေရာတွင် နေခွင့်မရှိပေ။ သူ

တို့သည် ကျောက်သားအိမ်တော်မှ စောင့်ဆိုင်းနေရသည်။

တောင်ထိပ်ရှိ မီးပုံဘေးတွင် လူ၃ယောက်သာရှိသည်။ထို၃ယောက်မှာ နတ်ဆေးဆရာ၊ ရှောက်ရွှမ်နှင့် ကွေ့ဇယ်တို့ဖြစ်ကြသည်။

နတ်ဆေးဆရာသည် သားရေကောဇောပေါ်တွင် ထိုင်နေပြီး လှဲနေသော သားရဲကို ကြည့်လိုက်ကာ သူ့လက်များကို သားရဲဆီသို့လှမ်းလိုက်သည်။

မြင်ဖူးနေကျ မီးတောက်ဦးချိုများသည် နတ်ဆေးဆရာ၏လက်ဝါးထဲတွင် ပေါ်လာပြီး တဖြည်းဖြည်း အပြာရောင်မီးတောက်အဖြစ် ပြောင်းလဲသွားသည်။ သို့သော် ထိုသို့ဖြစ်ရန် နတ်ဆေးဆရာသည် ရှောက်ရွှမ်ထက် အချိန်ပိုယူရသည်။ နတ်ရုပ်ပုံစံ ကောင်းစွာပေါ်လာသည့်အခါ နတ်ဆေးဆရာသည် ချွေးများပြန်နေပြီဖြစ်သည်။ သို့သော် ကံကောင်းစွာဖြင့် ကုန်ဆုံးသွားသော အားအင်များနေရာတွင် မီးလျှံသလင်း

ကျောက်ဆီမှ ရသော စွမ်းအင်များဖြင့် ပြန်အစားထိုးနိုင်လိုက်သည်။

ဒီနေရာတွင်တော့ ရှောက်ရွှမ် ဆီဆာကို တံဆိပ်နှိပ်ပေးခဲ့သောညကလို နတ်ဆေးဆရာသည် သတိဝီရိယကြီးစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုရခြင်းမရှိပါ။ တောင်ပေါ်သည် အလွန်စိတ်ချရသောနေရာဖြစ်သည်။

သူသည် ရှောက်ရွှမ်ပြုလုပ်သည့်အတိုင်း ပြုလုပ်သော်လည်း နတ်ရုပ်ပုံစံဖော်ပြီးနောက် သားရဲကို တံဆိပ်နှိပ်ရာတွင် ရှောက်ရွှမ်ထက် အချိန်ပိုယူရသည်။ ကံကောင်းစွာဖြင့် နတ်ရုပ်ပုံစံ မပြိုကွဲမီ သားရဲကို အောင်မြင်စွာနှင့် တံဆိပ်နှိပ်ပေးနိုင်လိုက်သည်။

တံဆိပ်နှိပ်ခြင်းပြီးဆုံးသောအခါ သူသည် မောပန်းလွန်းသဖြင့် နောက်သို့လဲကျလုမတတ် ဖြစ်သွားသည်။ ရှောက်ရွှမ်သာ လျင်မြန်စွာလှမ်းမဖမ်းပါက သူသည် မီးပုံနားရှိ ကျောက်တုံးပေါ်သို့ လဲကျသွားမည်ဖြစ်သည်။

တံဆိပ်နှိပ်ခြင်း ပထမအကြိမ်အောင်မြင်သွားသောအခါ နတ်ဆေးဆရာသည် သူ့အနေဖြင့် တစ်ကြိမ်လျှင် သားရဲတစ်ကောင်ကို သာတံဆိပ်နှိပ်ပေးနိုင်ကြောင်းသိသွားသည်။ သားရဲတစ်ကောင်ကို တံဆိပ်နှိပ်ခြင်းပြီးနောက် သုံးလေးရက် အနားယူရသောကြောင့် သားရဲ၇ကောင်ကို တံဆိပ်နှိပ်ပေးရန် အချိန်အတော်ကြာယူရသည်။

နောက်ဆုံးသားရဲကို တံဆိပ်နှိပ်ခြင်းပြီးဆုံးသည့်အခါတွင် ဆောင်းရာသီတစ်ဝက်ခန့်ကုန်ဆုံးသွားပြီဖြစ်သည်။

နတ်ဆေးပညာကျမ်းများအရ သားရဲများပေါ်တွင် တံဆိပ်နှိပ်ခြင်းမှာ အောင်မြင်ရန် ရာခိုင်နှုန်း၅၀သာရှိသည်။။ ထို့ကြောင့် တံဆိပ်နှိပ်ခြင်းသည် သားရဲတိုင်းအတွက် အလုပ်ဖြစ်မည်ဟု နတ်ဆေးဆရာ မမျှော်လင့်ထားပေ။ သို့သော် ထိုသားရဲ၇ကောင်လုံး၏ တံဆိပ်နှိပ်ခြင်းမှာ အောင်မြင်သွားသည်။ လေးကောင်မြောက်သားရဲကို တံဆိပ်နှိပ်သောအခါတွင် နတ်ရုပ်ပုံစံသည် ပြို

ကွဲမလိုဖြစ်ပြီးမှ လျင်မြန်စွာတည်ငြိမ်သွားသဖြင့် အောင်မြင်စွာ တံဆိပ်နှိပ်ပေးနိုင်လိုက်သည်။

သားရဲ၇ကောင်လုံး အခုထိတော့ အခြေအနေကောင်းကြသည်။

ဆောင်းရာသီကုန်ဆုံးသွားပြီ ၊ သားရဲ၇ကောင်သည် တော်တော်ကြီးထွားလာကြသော်လည်း ဆီဇာ့အပြောင်းအလဲလောက်တော့ သိသာထင်ရှားခြင်းမရှိပေ။ ဘိုးဘေးများထားခဲ့သော ကျမ်းစာအုပ်များအရ သူတို့သည် ဖြည်းဖြည်းမှန်မှန်သာ တိုးတက် ပြောင်းလဲလာမည် ဖြစ်သည်။

ထိုအချိန်တွင် ချာချာတစ်ကောင်ကတော့ စိတ်ဓာတ်ကျနေသည်။

အချိန်တိုင်းလို တက်ကြွနေသော ချာချာ့တစ်ကောင် စိတ်ဓာတ်ကျနေသည်က ပုံမှန်တော့ မဟုတ်ပါ။ မျိုးနွယ်စုထဲတွင် မွေးထားသော သားရဲ၉ကောင်အနက် သူတစ်ကောင်သာ ခြွင်းချက်အနေဖြင့် ထိုသို့ ဖြစ်ခြင်းလား။

နတ်ဆေးဆရာကတော့ ချာချာ့ကို တံဆိပ်နှိပ်ခြင်းမပြုလုပ်ပေးပါဟု ပြောထားသည်။ထိုသို့ ပြောရခြင်းမှာ သူမလုပ်ပေးချင်၍မဟုတ်၊ လုပ်၍မရသောကြောင့် ဖြစ်သည်။ ရှောက်ရွှမ်သည် သူကိုယ်တိုင် တစ်ကြိမ်ကြိုးစားကြည့်သော်လည်း မအောင်မြင်ပါ။

နတ်ဆေးဆရာအဆိုအရတော့ ချာချာသည် ဧရာမတောင်သိမ်းငှက်တစ်ကောင် ဖြစ်သည်။ထိုသို့ သိမ်းငှက်မျိုးသည် သူတို့ကိုယ်ပိုင်စွမ်းအင်ရှိသည်ဟုဆိုလေသည်။

All Chapters