← Chapters

ဖုန်းဆိုးမြေ

Vol. 10 Ch. 136

ဖုန်းဆိုးမြေ

Vol. 10 Ch. 136

ဆောင်းရာသီရောက်သောအခါ နတ်ဆေးဆရာ တံဆိပ်နှိပ်ပေးလိုက်သော သားရဲ၇ကောင်မှာ တဖြည်းဖြည်းပြောင်းလဲလာသည်။ အသွင်အပြင်နှင့် အရွယ်အစားများလည်း ပြောင်းလဲကုန်သည်။

ဆောင်းမဝင်ခင်က ပိုင်ရှင်များကို အစာပိုရှာထားရန် ပြောသော်လည်း သားရဲ၇ကောင်မှာ အကောင်ပိုကြီးလာသလို အစားလည်းပိုကြီးလာသည်။ ထို့ကြောင့် သူတို့အတွက် အစာမလုံလောက်တော့ပါ။ ထို့ပြင် အဆင့်လည်း မြင့်သွားသဖြင့် စွမ်းအင်လိုအပ်မှုလည်း ပိုတိုးလာသည်။ အလယ်တန်းစစ်သည်တော်များနှင့် အကြီးတန်းစစ်သည်တော်များကဲ့သို့ပင် သာမန်အသားသည် သူတို့အတွက် လုံလောက်သော စွမ်းအင်ကိုမပေးနိုင်တော့ပေ။

ဆောင်းရာသီကုန်ဆုံးချိန်သို့ရောက်သည့်တိုင် သားရဲ၇ကောင်သည် ဆီဆာတံဆိပ်နှိပ်ခါစကလိုပင် ပိန်လှီနေကြသည်။ ဒါတောင်သူတို့ကို ကောင်းမွန်စွာ ကျွေးမွေးထားခြင်းဖြစ်သည်။ ဝတုတ်နေသော စစ်ယာ့ပင် ပိန်သွားသည်။

ဆောင်းရာသီကုန်ဆုံးသောအခါ အရေးအကြီးဆုံးသော ရိုးရာအခမ်းအနားကို ပြုလုပ်တော့မည် ဖြစ်သည်။

ရှေးဟောင်းပညာကျမ်းများအရ အောင်မြင်စွာတံဆိပ်နှိပ်ပြီးသော သားရဲများသည် ရိုးရာအခမ်းအနားတွင် ပါဝင်ခွင့်ရှိသည်။ မီးပုံကြီးထဲမှမီးကို သူတို့ကြောက်လန့်မနေတော့ချေ။

ရိုးရာအခမ်းအနားပွဲကျင်းပသည့်နေ့ရောက်သောအခါ ချာချာမှလွဲ၍ ကျန်သားရဲ၈ကောင်ကို တောင်ပေါ်သို့တက်စေပြီး မီးပုံကြီးဘေးတွင် ရပ်စေလေသည်။

ရိုးရာအခမ်းအနားတွင် ပါဝင်ရခြင်းဆိုသည်မှာ သူတို့သည် မျိုးနွယ်စု၏အဖွဲ့ဝင်ဖြစ်ပြီဟု ဆိုလိုသော သဘောပင်ဖြစ်သည်။

ထိုဖြစ်ရပ်သည် ထူးဆန်းသော ဖြစ်ရပ်ဖြစ်သည်။ နှစ်ပေါင်း၁၀၀ကျော်အတွင်း လူသားနှင့်သားရဲများပါဝင်သည့် ပထမဆုံးသော ရိုးရာအခမ်းအနားဖြစ်သည်။

အားလုံးသည် စိတ်လှုပ်ရှားနေကြသည်။ ဘိုးဘေးများသာ ကြုံတွေ့ခဲ့ရဖူးသော ကြီးကျယ်သည့် ဖြစ်ရပ်မျိုးကို သူတို့ကိုယ်တိုင် မြင်တွေ့ရတော့မည် မဟုတ်ပါလား။

အခမ်းအနားပြီးဆုံးသောအခါ နတ်ဆေးဆရာသည် ထိုအခမ်းအနားအကြောင်းကို အသေးစိတ်မှတ်တမ်းတင်ထားသည်။ ယခုဖြစ်ရပ်သည် သူ့အတွက် အမှတ်ရဖွယ် အောင်မြင်မှုတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် သူသည် မှတ်တမ်းကို မျိုးရိုစဉ်ဆက် ကမ်းလှမ်းသွားရန် ရည်ရွယ်ထားသည်။

မီးကိုရှောင်ရှားရန် အိမ်တွင် နေခဲ့ရသော ချာချာတစ်ကောင်ကတော့ ပျင်းရိနေသည်။ သူသည် ကောင်းမွန်စွာ စားသောက်ရသော်လည်း စိတ်ဓာတ်တော့ နည်းနည်းကျနေသေးသည်။

ရိုးရာအခမ်းအနားပြီးဆုံးသောအခါ ဆောင်းရာသီကုန်ဆုံးပြီ ဖြစ်သည်။ တောင်ပေါ်မှ တောင်ခြေတလျှောက်တွင် သားကောင်များလည်း ပြန်လည်ပေါများနေပြီ ဖြစ်သည်။

အမဲလိုက်ခရီးစဉ်ပြန်လည်မစတင်မီ တံဆိပ်နှိပ်ထားသော သားရဲများသည် တောင်အောက်သို မကြာခဏဆင်းလေ့ရှိသည်။ သူတို့ငယ်ငယ်တုန်းကတော့ ချာချာ၏ အနိုင်ကျင့်မှုများကို ခံရသည်။ ကွေ့ဟယ်မွေးထားသောစွန်နှင့် ကွေ့ဇယ်၏လိပ်မှ တပါး ကျန်သူများများမှာ ချာချာ၏ အနိုင်ကျင့်မှုမှ မလွတ်ပါ။

အခုတော့ သူတို့သည် ကြောက်မက်ဖွယ်သားရဲများ ဖြစ်လာသဖြင့် ချာချာ့ကို မကြောက်ကြတော့ပါ။ ချာချာသာ ပျံတက်သော ငှက်တစ်ကောင်

မဟုတ်ပါက သူတို့သည် ချာချာ့ကို ပြန်လည် လက်စားချေကြမည် ဖြစ်သည်။

သို့သော် ဆီဆာက ချာချာ့ကို ကာကွယ်ပေးထားသည်။ ဆီဆာသည် သာမန်အားဖြင့်တော့ ထိုသားရဲအမျိုးအစားများထက် အားနည်းသော သားရဲအမျိုးအစားဖြစ်လေသည်။ သူသည် အားနည်းသော ဝံပုလွေ အုပ်စုမှ ပေါက်ဖွားလာခြင်းဖြစ်သည်။

သို့သော် တံဆိပ်နှိပ်ပြီး၍ ကြောက်မက်ဖွယ်သားရဲများဖြစ်လာသည့်အခါ ဆီဇာသည် သူတို့ထက် ပိုအားကြီးနေသည်။ ဂူအောင်းခြင်္သေ့လျောင်အပါဝင် မုန့်၏စွတ်ရတို့ပါ ဆီဆာကို မယှဉ်နိုင်ပါ။ ထို့ကြောင့် သူတို့သည် ဆီဆာကို ရန်မစရဲကြပေ။

ချာချာသည်လည်း သူတစ်ခါက အနိုင်ကျင့်ခဲ့သော အကောင်များမှာ အခုအချိန်တွင် သူ့ထက် ပိုအင်အားကြီးကုန်သဖြင့် စိတ်ဓာတ်ကျနေသည်။ ရှောက်ရွှမ်လည်း ဘာမှမတတ်နိုင်ပါ။

နတ်ဆေးဆရာသည် စွမ်းအင်နိုးထခါစ စစ်သည်တော်တဖွဲ့ကို စည်းကမ်းချက်များ ပြောပြပြီးချိန်တွင် ရှောက်ရွှမ်သည် နတ်ဆေးဆရာနှင့်တိုင်ပင်ရန် တောင်ပေါ်ကို ရောက်လာသည်။

“ ဒီတစ်ခေါက်အမဲလိုက်ထွက်ရင် ချာချာ့ကိုပါ ခေါ်သွားမလို့ စီစဉ်ထားတယ်” ရှောက်ရွှမ်သည် နတ်ဆေးဆရာဘေးတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။

နတ်ဆေးဆရာသည် ရှောက်ရွှမ်တို့အမဲလိုက်ထွက်မည့်နေရာကို သိသည်။ ရှောက်ရွှမ်၏စကားကို ကြားပြီးနောက် သူသည် ခဏတိတ်ဆိတ်သွားသည်။ ထို့နောက် အခန်းတစ်ခန်းထဲသို့ ဝင်သွားကာ သားရေချပ်တစ်ခုကို ဆွဲထုတ်လာသည်။ ထိုသားရေချပ်ကို ရှောက်ရွှမ်ဆီသို့ လှမ်းပေးလိုက်ရင်း “ဒါမင်းပြောတဲ့နေရာ အကြောင်းကို ဘိုးဘေးတွေ ပြုစုခဲ့တဲ့ မှတ်တမ်းပဲ”

ပြီးခဲ့သောနှစ်က ရှောက်ရွှမ်သော ချာချာ့

အခြေအနေကို ပြောပြပြီးသော အချိန်မှစ၍ နတ်ဆေးဆရာသည် ထိုကျမ်းစာအုပ်များကို သေချာဖတ်ပြီး သက်ဆိုင်ရာ မှတ်တမ်းများကို ရွေးထုတ်ထားခဲ့သည်။

ရှောက်ရွှမ်လည်း သားရေချပ်များကိုယူပြီး ဖတ်ကြည့်လိုက်သည်။

သားရေချပ်ထဲတွင် ဖော်ပြထားသည်များမှာ သာမန်အကြောင်းအရာများသည် ဖြစ်သည်။ တဆင့်စကားတဆင့်ကြားသည်ကို ပြန်လည်မှတ်တမ်းတင်ထားသဖြင့် အဓိပ္ပါယ်ကလည်း သိပ်မရှင်းလင်းပေ။ သို့သော် မိုင်ပြောဖူးသော “ဖုန်းဆိုးမြေ” အကြောင်းတော့ ထိုကျမ်းစာအုပ်များထဲတွင် ပါဝင်သည်။

ဘိုးဘေးများသည် ထိုအမဲလိုက်လမ်းကြောင်းကိုစတက်သောအခါ ဆူးပင်များကြောင့် ရှေ့ဆက်သွားမရတော့ပါ။ သို့သော် အမြင့်မှနေ၍ ကြည့်သောအခါ တောင်တန်းများကို မြင်ရသည်။ သို့သော် ဆူးပင်များကြောင့် သူတို့သည် ရှေ့ဆက်

မသွားကြတော့ပါ။

ထိုဆူးပင်များသည် တောင်နှင့်ဆက်သွယ်ထားသော လမ်းများအားလုံးကို ဖြတ်တောက်ပစ်သဖြင့် ထိုနေရာကို ဖုန်းဆိုးမြေဟု ဘိုးဘေးများက ခေါ်ကြသည်။

ထို့ပြင် ကျမ်းစာအုပ်ထဲတွင် စိတ်ဝင်စားစရာတစ်ခုကို ဖော်ပြထားသေးသည်။

နတ်ဆေးဆရာအဆိုအရ ချာချာသော ဧရာမတောင်သိမ်းငှက်တစ်ကောင် ဖြစ်ပြီး သူတို့ကိုယ်ပိုင်စွမ်းအင်ရင်းမြစ်နှင့် ယုံကြည်မှုများရှိသည်ဟုဆိုထားသည်။ သို့သော် ထိုအရာများကို ရှောက်ရွှမ်နားမလည်ပါ။ သူဖတ်နေသော ကျမ်းစာအုပ်ထဲတွင် အောက်ပါ အကြောင်းအရာများကို ဖော်ပြထားသည်။

ဧရာမတောင်သိမ်းငှက်များ၏ စွမ်းအင်သည် နှင်းများဖုံးနေသော တောင်ကြီးတစ်လုံး၏ အောက်ခြေမှ လာသည်ဟုဆိုသည်။ ထိုတောင်

ကြီး၏ ထိပ်ပိုင်းနှင့် အောက်ခြေတို့သည် နှင်းများဖုံးလွှမ်းနေသဖြင့် လူတို့မမြင်နိုင်ဟုဆိုသည်။ ထိုတောင်ကို သိမ်းငှက်တောင်ဟု ခေါ်ဆိုကြသည်။

မျိုးနွယ်စုအကြီးအကဲ အော့ကလည်း ဧရာမတောင်သိမ်းငှက်ကြီးများမှာ သိမ်းငှက်တောင်မှ လာသည်ဟုဆိုသည်။ သို့သော် အတိအကျတော့ မမှန်ကန်နိုင်ပါ။ သိမ်းငှက်တောင်သည် သူတို့၏ စွမ်းအင်အရင်းအမြစ်ဖြစ်သည်ဆိုသော်လည်း ထိုနေရာမှ ပေါက်ဖွားလာခြင်း ဟုတ်မဟုတ် မည်သူမျှမပြောနိုင်ပေ။

လွန်ခဲ့သောနှစ်ပေါင်းများစွာက ဘိုးဘေးများသည် တောင်သိမ်းငှက်များ၏ ဒဏ္ဍာရီကိုသာကြားဖူးကြပြီး တောင်သိမ်းငှက်များကို မမြင်ဖူးကြပါ။ တချို့ကတော့ ထိုတောင်သည် သိမ်းငှက်များ၏ သင်္ချိုင်းဟုဆိုကြပြီး တချို့ကတော့ ထိုနေရာသည် သိမ်းငှက်များမွေးဖွားရာနေရာဟုဆိုကြသည်။

ကျမ်းစာအုပ်ထဲတွင် ထိုမျှသာဖော်ပြထားသဖြင့် မကြာခင်တွင် ရှောက်ရွှမ်ဖတ်ပြီးသွားလေသည်။

“ချာချာသွားချင်နေတာ အဲဒီသိမ်းငှက်တောင်များလား” ရှောက်ရွှမ်က ဝေခွဲမရစွာမေးသည်။

“ဖြစ်နိုင်တယ်” နတ်ဆေးဆရာက ဖြေလိုက်သည်။

ခဏလောက်စဉ်းစားပြီးနောက် ရှောက်ရွှမ်က “ ကျွန်တော်ကတော့ ချာချာ့ကို အဲဒီနေရာကို ခေါ်သွားကြည့်ချင်တယ်” ဟုပြောလိုက်သည်။

နတ်ဆေးဆရာသည် ရှောက်ရွှမ်ကို ကြည့်လိုက်ပြီးခဏလောက် နှုတ်ဆိတ်သွားသည်။ ထို့နောက် “ အဲဒီနေရာက အရမ်းအန္တရာယ်များတယ်၊ မင်းသွားပြီးရင် ပြန်လာနိုင်မှာမဟုတ်ဘူး” ဟု ပြောလိုက်လေတော့သည်။

“ကျွန်တော်သိပါတယ်” ရှောက်ရွှမ်ကလည်း

ဆုံးဖြတ်ထားပြီးသားဖြစ်၍ သူ့ဆုံးဖြတ်ချက်ကို ပြင်တော့မည် မဟုတ်ပေ။ “ဉီးလေမိုင်ကို အဲဒီအကြောင်း ပြောပေးပါ”

နတ်ဆေးဆရာလည်း ရှောက်ရွှမ်ကို ဘာမှမပြောတော့ဘဲ သက်ပြင်းသာချလိုက်လေတော့သည်။

ထိုအခါ ရှောက်ရွှမ်သည် နတ်ဆေးဆရာက သူ့ဆုံးဖြတ်ချက်ကို လက်ခံလိုက်ကြောင်း သိလိုက်သည်။ ရှောက်ရွှမ် ပြုံးလိုက်ပြီး နတ်ဆေးဆရာကို အရိုအသေပေးလိုက်သည် “စိတ်မပူပါနဲ့…ကျွန်တော်ရောက်အောင် ပြန်လာမှာပါ”။

နတ်ဆေးဆရာလည်း မျက်မှောင်ကြုံ့လိုက်ပြီး ရှောက်ရွှမ်ကို လက်ဝှေ့ယမ်းပြီး သွားရန် အချက်ပြလိုက်သည်။

ယခုနှစ်၏ ပထမဆုံးအမဲလိုက်ခရီးတွင် ကြောက်မက်ဖွယ်သားရဲများ၏ အကူအညီနှင့် ထာ့တို့ အဖွဲ့ခေါင်းဆောင်ငါးယောက်သည်

အစွမ်းပြနိုင်ရန် ကြိုးစားကြလိမ့်မည်။

မိုင်သည် မကြာခင်ထွက်တော့မည် အမဲလိုက်ခရီးအကြောင်းကို ချောင်နှင့် စိတ်လှုပ်ရှားစွာတိုင်ပင်နေသည်။ ထို့နောက်တွင်တော့ ရှောက်ရွှမ်ယူလာသော သတင်းစကားကို ကြားလိုက်ရသည်။

“ဖုန်းဆိုးမြေကို သွားမလို့လား”

မိုင့်မျက်နှာပေါ်မှ ကြွက်သားများတင်းမာသွားသည်။ ရှောက်ရွှမ်ကို ထအော်မိမတတ်ဖြစ်သွားသည်။ သို့သော် သက်ပြင်းအကြိမ်ကြိမ်ချလိုက်ပြီး ရှောက်ရွှမ်ကို ထရိုက်မိမတတ်ဖြစ်သွားသော သူ့စိတ်ကို ထိန်းချုပ်လိုက်ရသည်။

ရှောက်ရွှမ်ကလည်း သူမသွားရမချင်း အလျှော့ပေးမည် မဟုတ်ကြောင်း သူသိသည်။ ဒီကောင်လေး မနှစ်က သူပေးထားသော ကတိကို မေ့သွားပြီလား။

“ဦးလေးထင်သလိုမဟုတ်ပါဘူး…အဲဒီနေရာက တောင်ရဲ့ အခြားတစ်နေရာမှာ ရှိနေတာပါ။ ချာချာက အဲဒီနေရာကို အရမ်းသွားချင်နေလို့ပါ” ရှောက်ရွှမ်က ရှင်းပြသည်။

ရှောက်ရွှမ်ရှင်းပြသည်ကို နားထောင်ပြီးမှ မိုင်နှင့် ချောင်တို့သည် ပိုစိတ်ပူသွားသည်။ သူတို့သည် သေရမှာကို မကြောက်သော စစ်သည်တော်များ၏ သတ္တိကို တန်ဖိုးထားကြသော်လည်း မလိုလားအပ်ဘဲ အသက်စွန့်၍ စွန့်စားခြင်းမျိုးကိုတော့ မကြိုက်ကြပေ။ ဘိုးဘေးများပင် ထိုနေရာသို့ သွားခဲ့သည် မဟုတ်ပေ။ အကြီးတန်းစစ်သည်တော်ပင် မဖြစ်သေး‌သော ရှောက်ရွှမ်သည် ထိုနေရာမှ ဘေးကင်းစွာ ပြန်လာနိုင်ပါ့မလား။

စိတ်ပျက်စရာကောင်းလှသည်။

သို့သော် အမဲလိုက်အဖွဲ့ထဲမှ စစ်သည်တော်များသည် ပထမစခန်းချရာနေရာမှ တတိယစခန်းချရာနေရာသို့ရောက်သည်အထိ ရှောက်ရွှမ် ထိုနေရာသို့ သွားမည့် အကြောင်းကို မသိကြပေ။

“ဖုန်းဆိုးမြေလား၊ အဲဒီနေရာကို မသွားနဲ့”

“အားရွှမ်…မိုင်ပြောတာကို နားထောင်လိုက်ပါ၊ မသွားပါနဲ့ကွာ”

“မင်းသွားပြီးရင် ပြန်လာနိုင်တော့မှာ မဟုတ်ဘူး၊ ချာချာအရမ်းသွားချင်နေရင် သူ့တစ်ကောင်တည်း ပေးသွားလိုက်လေ…မင်းကဘာလို့လိုက်သွားမှာလဲ” ။

အဖွဲ့ထဲမှ လူများက ရှောက်ရွှမ်ကို ထိုနေရာသို့ မသွားရန် ဝိုင်းတာနေကြသည်။ လွန်ခဲ့သော ၂နှစ် ၃နှစ်အတွင်း သူတို့သည် ရှောက်ရွှမ်နှင့် ပိုမို ရင်းနှီးလာခဲ့ကြသည်။ သူတို့က ရှောက်ရွှမ်ကို အကြီးတန်းစစ်သည်တော် တစ်ယောက်ဖြစ်လာစေချင်ကြသည်။

ထို့ပြင် ရှောက်ရွှမ်သည် တောင်ခြေရှိ မိဘမဲ့ဂူမှလာသော်လည်း တောင်ပေါ်ရှိလူများထက် မညံ့သောကြောင့် သူတို့ဂုဏ်ယူရလေသည်။

တောင်ခြေတွင် မွေးဖွားလာသော စစ်သည်တော်ကြီးများက ရှောက်ရွှမ်သည် တောင်ပေါ်မှ စစ်သည်တော်များကဲ့သို့ နောင်တချိန်တွင် ကြီးမားသော အောင်မြင်မှုများရလိမ့်မည်ဟု ယုံကြည်ထားကြသည်။ အမှန်ဆိုလျှင် ရှောက်ရွှမ်သည် တောင်ပေါ်သို့ပင် ပြောင်းရွှေ့နေထိုင်သင့်ပေသည်။စိုင်၏ အဖေကဲ့သို့ သူတို့ကလေးများကိုလည်း စိတ်အားတက်ကြွစေရန် ရှောက်ရွှမ်ကို စံနမူနာထား ဆုံးမကြသည်။စိုင်း၏အဖေသည် သူ့သား မလိမ္မာသည်ကို တွေ့တိုင်း ရှောက်ရွှမ်အကြောင်း ပြောပြလေ့ရှိသည်။ အခုတော့ စိုင်းသည် ရှောက်ရွှမ်ကို သိပ်ကြည့်မရတော့ပါ။

သို့သော် ရှောက်ရွှမ်သည် ဘိုးဘေးများပင် မသွားခဲ့သော နေရာကို သွားမည်တဲ့လား။ သူ့သေတွင်း သူတူးနေခြင်းလား။ သူတို့ဝိုင်းတားကြသော်လည်း မအောင်မြင်ပေ။

နတ်ဆေးဆရာသည် ရှောက်ရွှမ်ကို ဘာကြောင့် ခွင့်ပြုလိုက်သနည်း။ သူတို့နားမလည်ပါ။

နတ်ဆေးဆရာလည်း ခွင့်ပြုလိုက်သည်ဆိုသဖြင့် သူတို့လည်း ဝိုင်းတားမနေတော့ပါ။

မိုင်က ရှောက်ရွှမ်ကို သူနှင့် ၂ယောက်တည်း စကားပြောရန်တောင်းဆိုသည်။ထို့နောက် ကျောက်လှံအချို့ကိုပေးအပ်လိုက်သည်။

“ဦးလေးမိုင်…၆ရက်ကြာလို့မှ ကျွန်တော်ပြန်ရောက်မလာရင် စောင့်မနေနဲ့တော့” ရှောက်ရွှမ်က ပြောသည်။

မိုင်သည် လေးတိလေးကန်ဖြင့် ခေါင်းငြိမ့်ပြသည်။

ရှောက်ရွှမ်သည် ထိုနေရာသို့ ဆီဆာကို ခေါ်သွားမည်မဟုတ်ပါ၊ လောင်ခဲ့ကို သူပြန်မလာပါက ဆီဆာကို အဖော်ပြု၍နေထိုင်ရန် မှာထားခဲ့သည်။

အမဲလိုက်ထွက်ခြင်းမစတင်မီ တစ်ရက်အလို

တွင် ရှောက်ရွှမ်သည် ဆီဆာကို ခေါ်မလာတော့ဘဲ ဂူထဲတွင် သာထားခဲ့လိုက်သည်။ ရှောက်ရွှမ်ထွက်သွားသောအခါ ဆီဆာသည် သူ့နောက်မှ ခဏကြာအောင် လိုက်နေသေးသည်။ ရှောက်ရွှမ်က အော်ထုတ်လိုက်မှသာ လှည့်ပြန်သွားသည်။

အမဲလိုက်အဖွဲ့ကို နှုတ်ဆက်ပြီးသောအခါ ရှောက်ရွှမ်က ချာချာ့ကိုလှမ်းခေါ်လိုက်သည်။ ရှောက်ရွှမ်သည် ချာချာ့ခြေထောက်ကို ဆွဲလိုက်ပြီသောအခါ ချာချာသည်စတင်ပျံသန်းလေပြီ။ တောင်၏အခြားတစ်ဖက်ကို သွားရမည့်ခရီးလမ်းမှာ မလွယ်ကူပါ၊ လမ်းတွင် အခက်အခဲများစွာ တွေ့ကြုံရသောကြောင့် အချိန်အရမ်းကုန်လေသည်။ကောင်းကင်တွင်လည်း တခြားငှက်ကြီးများမရှိသောကြောင့် သူတို့အဖို့ လေကြောင်းမှသွားခြင်းက ပိုအဆင်ပြေလေသည်။

မြေပေါ်တွင်မတ်တပ်ရပ်သောအခါ ချာချာသည် ရှောက်ရွှမ်ပုခုံးထက် နည်းနည်းမြင့်သည်။ ထို့ကြောင့် ရှောက်ရွှမ်ကို ချီသွားရခြင်းသည် သူ့အတွက် သိပ်မခက်ခဲပါ။

သူတို့သည် တောနက်ကြီးကို ဖြတ်ပျံလာကြသည်။ ရှေ့ပိုတိုးလေ သားကောင်များကို ပိုမတွေ့ရလေဖြစ်သည်။

နေ့တစ်ဝက်ခန့်ကြာသော ကျမ်းစာအုပ်များထဲတွင် ဖုန်းဆိုးမြေဟု မှတ်တမ်းတင်ထားသည် နေရာကို ရှောက်ရွှမ်တွေ့လိုက်ရသည်။

အညိုရောင်ဆူးပင်များ ပေါက်ရောက်ရာ နယ်မြေတစ်ခုဖြစ်သည်။ ဆူးကြီးများမှာ အလွန်ကြီးမားပြီး သစ်ကိုင်းများမှာလည်း ထက်မြက်ချွန်မြနေသော ဆူးများနှင့် ဖုံးလွှမ်းနေသည်။ တစ်ပင်နှင့်တစ်ပင် ရှုပ်ထွေးလိမ်နေသဖြင့် လူသားများမဝင်ရောက်နိုင်သလို တခြားဘာသတ္တဝါမှလည်း ဝင်နိုင်မည် မဟုတ်ပေ။

မြေပြင်နှင့်နီးသော ဆူးပင်များကမူအရမ်းမကြီးသော်လည်း သွေးဆာနေသောမျက်လုံးများလို ကြောက်မက်ဖွယ်ဖြစ်နေသည်။ ကြည့်ရသည်မှာ ဆူးပင်များပေါ် ဖြတ်ပျံလာသော သတ္တဝါ

တိုင်းကို လိုက်ကြည့်နေသော မကောင်းဆိုးဝါးများနှင့် တူလေသည်။

တောအုပ်ထဲမှ ကြောက်မက်ဖွယ်သားရဲများပင် ထိုနေရာကို ခြေချဖူးမည်မဟုတ်ပါ။

အဆုံးအစမရှိသော ဆူးတောကြီးနှင့် ဆူးပင်များကြားမှ ပေါ်ထွက်နေသာ အရိပ်များကို ကြည့်ရင်း ရှောက်ရွှမ်သည် ခဏနားရန်ဆုံးဖြတ်လိုက်သည်။ ချာချာအမောပြေသွားပါက၊ ထိုနေရာကို ဖြတ်ကျော်ပျံသန်းကြမည် ဖြစ်သည်။

All Chapters