← Chapters

ကယ်တင်ရှင် သိမ်းငှက်ကြီး

Vol. 10 Ch. 139

ကယ်တင်ရှင် သိမ်းငှက်ကြီး

Vol. 10 Ch. 139

မြွေကြီး၂ကောင်မှာ ရှောက်ရွှမ်ထက် အဆမတန် ကြီးမားသည်။ သူတို့သည် ရှောက်ရွှမ်နှင့်ချာချာနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။ ထူးဆန်းစွာဖြင့် မြွေကြီးများ၏ မျက်လုံးထဲတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်များကို တွေ့လိုက် ရသည်။

ရှောက်ရွှမ်၏ဓားချက်ကြောင့် သူတို့နှင့် မျိုးနွယ်တူ မြွေကြီးတစ်ကောင် ထွက်ပြေးသွားသည်ကို မြင်လိုက်ရသော်လည်း သူတို့သည် ထိုမြွေကြီးအား အကူအညီ လာမပေးဘဲ သစ်ပင်များပေါ်မှသာ စောင့်ကြည့်နေသည်။ သူတို့၂ကောင်သည် ပထမ မြွေကြီးအား ရှောက်ရွှမ်၏ အားကို စမ်းသပ်ရန် အသုံးပြုလိုက်ခြင်း ဖြစ်ဟန်တူသည်။ အခုတော့ ရှောက်ရွှမ်သည် သူတို့ကို ရန်ပြုရန် အားအလွန်နည်းနေသည်ကို တွေ့လိုက်ရ

သော်လည်း ရှောက်ရွှမ်ဘေးမှာ စားချင်စဖွယ်သိမ်းငှက်လေးကို သဘောကျနေကြသည်။ နောက်ဆုံးတော့ ထိုမြွေကြီး၂ကောင် သစ်ပင်ပေါ်မှ တဖြည်းဖြည်းဆင်းလာကြပေပြီ။

မြွေကြီး၂ကောင်သည် ရှောက်ရွှမ်ဆီသို့ တွားသွားလာရင်း တဖြည်းဖြည်းချဉ်းကပ် လာကြသည်။ ရှောက်ရွှမ်သည် သူတို့၂ကောင်တိုက်ခိုက်ရင် ကောင်းမလား လွတ်အောင် ထွက်ပြေးလျှင် ကောင်းမလားတွေးနေစဉ်တွင် ကောင်းကင်ပေါ်မှ စူးရှသည့် သိမ်းငှက် အော်သံတစ်ခုထွက်ပေါ်လာသည်။ ထိုအော်သံသည် တိတ်ဆိတ်နေသော တောအုပ်တစ်ခုလုံးကို ပဲ့တင်ရိုက်ခတ်သွားသလို မြွေကြီး၂ကောင်မှာလည်း တုန့်ခနဲ ဖြစ်သွားသည်။

မြွေကြီး၂ကောင်သည် တစ်စုံတရာကို အာရုံခံမိလိုက်ပြီး ရှောက်ရွှမ်နှင့် ချာချာတို့ဆီ တွားသွားလာနေရာမှ ရပ်တန့်လိုက်သည်။

ရှောက်ရွှမ်၏နှလုံးခုန်သံများ မြန်ဆန်လာသည်။

သိမ်းငှက်တစ်ကောင်ဖြစ်ရမည်။ သိမ်းငှက်နှင့် မြွေဆိုသည်မှာ ကမ္ဘာ့ရန်ဘက်များဖြစ်ကြသည်။ သိမ်းငှက်ကဦးလျှင် မြွေကို စားသလို၊ မြွေကဦးလျှင် သိမ်းငှက်ကိုစားသည်။

ရှောက်ရွှမ်နှင့်ချာချာမှာ အားအလွန်နည်းနေ၍ မြွေကြီး၂ကောင်ကို ဘာမှ မလုပ်နိုင်ပါ။ အားနည်းသောသတ္တဝါများသည် တောထဲတွင် ရေရှည် အသက်မရှင်နိုင်ပါ။

ချာချာသည် မြွေများကို ကြည့်နေရာမှ ကောင်းကင်ပေါ်သို့ကြည့်လိုက်သည်။

“ဝှစ်…”

ကြီးမားသောအရိပ်ကြီးတစ်ခု သူတို့ခေါင်းပေါ်မှ ဖြတ်ပျံသွားသည်။ မြွေကြီး၂ကောင်မှာလည်း ထွက်သွားလျှင်ကောင်းမည်လား၊ဆက်နေလျှင် ကောင်းမည်လား စဉ်းစားနေပုံရသည်။ ထိုအချိန်တွင် သူတို့ခေါင်းပေါ်သို့ အရိပ်ကြီးက ထပ်မံပျံသန်းလာသည်။ ဒီတကြိမ်တွင်တော့ ထိုအရိပ်

ကြီးသည် ထူထပ်သော သစ်ကိုင်းများကြားသို့ အားနှင့် မာန်နှင့် တိုးဝင်လာသည်။

ထူထဲသောသစ်ကိုင်းများကို လက်သည်းကြီးများနှင့် ချိုးပစ်လိုက်ပြီးနောက် ချာချာ့ကိုယ်လုံးလောက်ရှိသော သိမ်းငှက်ဦးခေါင်းကြီးတစ်ခုပေါ်ထွက်လာသည်။ထိုအရာ သည် ဧရာမ တောင်သိမ်းငှက်ကြီးဖြစ်ရမည်ဟု ရှောက်ရွှမ်တွေးလိုက်မိသည်။

ဒီတစ်ကောင်သည် ဧရာမတောင်သိမ်းငှက်များအနက် တော်တော်ကြီးသော အကောင်ကြီးဖြစ်သည်။ သူနှင့်နှိုင်းယှဉ်လိုက်လိုက်လျှင် ချာချာသည် သူငယ်တန်း ကလေးသာသာ လောက်သာဖြစ်သွားသည်။

မြေပေါ်မှ မြွေကြီး၂ကောင်ကို ကြောက်မက်ဖွယ်ကြည့်လိုက်ရင်း ဧရာမသိမ်းငှက်ကြီးသည် မြွေကြီး၂ကောင်ဆီသို့ ပြေးဝင်သွားသည်။ သစ်ကိုင်းများကျိုးကျကုန်သည်။ သစ်ကိုင်းများမှာ မိုးရွာသကဲ့သို့ အောက်သို့ ပြုတ်ကျ ကုန်သည်။

ရှောက်ရွှမ်လည်း ချာချာ့ကို ချီ၍ ပြေးပုန်းလိုက်ရသည်။ သိမ်းငှက်ကြီးက မြွေကြီး၂ကောင်ကို မောင်းထုတ်နေစဉ် ရှောက်ရွှမ်သည် အရဲစွန့်၍ ထွက်မပြေးရဲသေးပါ။ ထို့ပြင်ထွက်ပြေးပါက နောက်ထပ် မြွေများနှင့်တိုးနိုင်သေးသည် မဟုတ်ပါလား။

ထို့ကြောင့် အခြေအနေကို အကဲခတ်ရန် ရှောက်ရွှမ်ဆုံးဖြတ်လိုက်သည်။

သစ်ကိုင်းများကို ဖောက်ထွက်၍ ကြမ်းတမ်းစွာပျံသန်းလာရင်း ဧရာမသိမ်းငှက်ကြီးသည် လူကြီးဆယ်ယောက်ဖက်စာခန့်ရှိသော သစ်ကိုင်းကြီးတစ်ခုကို သူ၏လက်သည်းကြီးများ ဖြင့် ချိုးပစ်လိုက်သည်။

သိမ်းငှက်ကြီးသည် မြေပြင်နှင့် မီတာ အနည်းငယ်လောက်သာ ကွာဝေးသော အကွာအဝေးသို့ ရောက်သောအခါ ရှိသမျှအား

အကုန်လုံးကို လက်သည်းတွင်စု၍ မြွေကြီးတစ်ကောင်ဆီသို့ ပြေးဝင်သွားသည်။ သစ်ပင်များအောက်ရှိ နေရာသည် အနည်းငယ်ကျဉ်းနေသဖြင့် သိမ်းငှက်ကြီးသည် စိတ်ရှိတိုင်းမတိုက်ခိုက်နိုင်ပေ။ သို့သော် ၎င်း၏လက်သည်းများကတော့ မြွေကြီး၏ကိုယ်ကို ထိုးဖောက်လိုက်သည်။ ထို့နောက် မြွေကြီးကို လက်သည်းများဖြင့်ဆုပ်၍ မြေကြီးပေါ်သို့ ပစ်ပေါက်လိုက်သည်။ ထို့နောက် ဓားသွားတစ်ခုလို ချွန်ထက်သော နှုတ်သီးကြီးဖြင့် မြွေကြီး၏ခန္ဓာကိုယ်ကို ပေါက်လိုက်သည်။

တခြားမြွေတစ်ကောင်သည် သူ့အဖော်ကို ကူညီချင်သော်လည်း သိမ်းငှက်ကြီးကို ကိုက်ရန် ကြိုးစားနေစဉ်မှာပင် အတောင်ပံနှင့် အရိုက်ခံလိုက်ရသည်။

ပုံမှန်အားဖြင့်တော့ သိမ်းငှက်များသည် ဒီနေရာထက် ကျယ်ပြန့်သော တောနက်ထဲတွင် အမဲလိုက်လေ့ရှိသည်။ နေရာကျယ်ပြန့်သောအခါ ၎င်းတို့၏အတောင်ပံများသည် သစ်ကိုင်းများနှင့် ရိုက်

မိခြင်းကြောင့် ဒဏ်ရာရခြင်းမျိုး မဖြစ်ပေါ်နိုင်ပါ။ သိမ်းငှက်၏တောင်ပံများသည် အခြားသာမန်ငှက်များ၏ အတောင်ပံများထက် ကြီးမားသော်လည်း ဒဏ်ရာမရနိုင်လောက်အောင် သန်စွမ်းသည်တော့ မဟုတ်ပါ။

ရှောက်ရွှမ်သည် သိမ်းငှက်ကြီးကို ဝင်မကူရဲပါ။ ဝင်ကူလိုက်ပါက ဧရာမသားရဲကြီး သုံးကောင်၏တိုက်ပွဲတွင် သူဝင်ရှုပ်လိုက်သည်နှင့် အတူတူပင်ဖြစ်သွားမည်။

သိမ်းငှက်ကြီးသည် ဒဏ်ရာရနေသော မြွေကြီးကို ဆွဲယူပြီး သစ်ကိုင်းကြီးတစ်ခုဆီသို့ ပြင်းထန်စွာ လွှတ်ပစ်လိုက်သည်။ တခြားမြွေကြီးသည် သိမ်းငှက်ကြီးကို ကိုက်ရန်ကြိုးစားသော်လည်း သိမ်းငှက်ကြီးသည် သူဖမ်းမိထားသော မြွေကြီးကို ကြာပွတ်တစ်ချောင်းကဲ့သို့ အသုံးပြု၍ ရိုက်ချလိုက်သည်။

“ဖောင်း…”

မြွေကြီး၏ဦးခေါင်းသည် သစ်ကိုင်းများနှင့် ကြိမ်ဖန်များစွာ ရိုက်ခတ်မိသည်။ ထို့ကြောင့် သစ်ကိုင်းပေါ်တွင် အရာကြီးများ ထင်ကျန်နေခဲ့သည်။

ရှောက်ရွှမ်သည် အားရပါးရ ရယ်မောမိသည်။ သိမ်းငှက်ကြီးသည် မြွေကြီးကို ကျာပွတ်တစ်ချောင်းကဲ့သို့ အသုံးပြုရာတွင် အလွန်ကျွမ်းကျင်သည်။ သိမ်းငှက်တစ်ကောင်က မြွေတစ်ကောင်ကို ကျာပွတ်လို အသုံးပြုသည်ကို ရှောက်ရွှမ်အခုမှ မြင်ဖူးခြင်းဖြစ်သည်။

သိမ်းငှက်ကြီးသည် မြွေကြီးများ၏ အားနည်းချက်ကို သိနေသဖြင့် လွယ်ကူစွာ ရင်ဆိုင်နိုင်ခြင်းဖြစ်သည်။

ချာချာသည်ထိုမြင်ကွင်းကို ကြည့်ပြီး တုန်လှုပ်နေသေးသည်။ ထို့နောက်တွင်တော့ စိတ်လှုပ်ရှားလာပြီး သိမ်းငှက်ကြီး လုပ်သလို မြွေကြီးကို ကိုင်၍ သုံးလေးကြိမ်ခန့် ရိုက်လိုက်သည်။

နောက်ဆုံးတွင်တော့ ကျာပွတ်လို အရိုက်ခံနေရသော မြွေကြီးသည် မူးဝေလာသည်။ ထို့နောက်တွင်တော့ သိမ်းငှက်ကြီး၏ နှုတ်သီးနှင့် ထိုးပေါက်ခြင်းကို ခံလိုက်ရသည်။ သူသည် သိမ်းငှက်ကြီးပြန်တိုက်ခိုက်ရန် တစ်ကြိမ်ပင် အခွင့်အရေးမရခဲ့ပါ။

ထူထဲမောကျောသော အရေပြားကြီးမှာလည်း နှုတ်သီးဖြင့် ထိုးဖောက်ခံထားရသောကြောင့် အစိမ်းပုပ်ရောင် သွေးများ စီးကျနေသည်။ နှုတ်သီးနှင့် တစ်ကြိမ်အပေါက်ခံရတိုင်း မြွေကြီး၏အသားစများမှာ ဖွာလန်ကျဲထွက်ကုန်သည်။

တခြားမြွေကြီးက ထွက်ပြေးရန် ကြိုးစားသဖြင့် သိမ်းငှက်ကြီးသည် ဒဏ်ရာရထားသော မြွေကြီးကို ခဏချထားလိုက်ကာ ထွက်ပြေးရန် ကြိုးစားသော မြွေကြီးကို ဖမ်းယူလိုက်သည်။ နောက်ဆုံးတွင်တော့ မြွေ၂ကောင်လုံး သိမ်းငှက်ကြီး၏ လက်သည်းတွင်းသို့ သက်ဆင်းရပေပြီ။

မြွေ၂ကောင်ကို နှုတ်သီးဖြင့် ထိုးဆွပိုင်းဖြတ်ပြီးနောက် သိမ်းငှက်ကြီးသည် မြွေတစ်ကောင်ကို ရှောက်ရွှမ်နှင့် ချာချာ့ဆီသို့ လှမ်းပစ်ပေးလိုက်သည်။ ထို့နောက် ကျန်သည့်တစ်ကောင်ကို လက်သည်းများဖြင့် ကုတ်ချီရင်း အတောင်ပံများကို ခတ်လိုက်သည်။ သိမ်းငှက်ကြီးသည် ဘေးကင်းသောတစ်နေရာသို့သွားကာ သူ၏ သားကောင်ကို စားသောက်တော့မည် ဖြစ်သည်။

ရှောက်ရွှမ်တို့ကို ပစ်ပေးလိုက်သော မြွေကြီးမှာ သိမ်းငှက်ကြီး၏ အလှူပင်ဖြစ်တော့သည်။ သို့သော် ထိုမြွေကြီးနှင့် သိမ်းငှက်ကြီးဆီမှ ရမည့် အခွင့်အရေးကို ရှောက်ရွှမ်မလဲနိုင်ပါ။

ထို့ကြောင့် သူသည် ချာချာကို ချီ၍ သိမ်းငှက်ကြီးဆီသို့ အားကုန်သုံး၍ ပြေးသွား လိုက်သည်။ သိမ်းငှက်ကြီးသည် ချာချာ့ကို သတ်ရန် မရည်ရွယ်ပါ။ သို့သော် သတိဝင်သွားသော ရှောက်ရွှမ်သည် အနည်းငယ်ပြေးပြီးသောအခါ ပြေးနှုန်းကို လျော့ချလိုက်သည်။

မြေပြင်ပေါ်မှ ထွက်ခွာရန် ပြင်နေသော သိမ်းငှက်ကြီးသည် ကြောက်ရွံ့မှုကြောင့် ချွေးပျံနေသော ရှောက်ရွှမ်ကို လှမ်းကြည့်လိုက်သည်။ ချာချာကလည်းဝင်ရောက်ကူညီပေးပါသည်။ချာချာသည် ရှက်မနေနိုင်တော့ဘဲ ပါးနပ်စွာဖြင့် သိမ်းငှက်ကြီးဆီမှ အကူအညီတောင်းလိုက်လေသည်။

သူ့နားကို ချဉ်းကပ်လာသည့် ရှောက်ရွှမ်ကို ကြည့်ရင်း သိမ်းငှက်ကြီးသည် ခဏငိုင်သွားသည်။ ကြောက်မက်ဖွယ်ရာ အသွင်အပြင်လည်း ပျောက်ကွယ်သွားသည်။

ရှောက်ရွှမ်သည် ချာချာ့ခြေထောက်ကို ဆွဲကာ ခုန်ထွက်လိုက်ပြီး သိမ်းငှက်ကြီးချီထားသော မြွေကြီး၏ ခန္ဓာကိုယ်မှ ထွက်ကျနေသော ကျောရိုးနှင့် သူ့ခြေထောက်ကို တွဲချီလိုက်သည်။ ထိုနေရာသည်သာသူ့ခြေထောက်နှင့် တွဲချီနိုင်မည့် အသေးသွယ်ဆုံးသော‌နေရာဖြစ်သည်။

သိမ်းငှက်ကြီးကောင်းကင်ပေါ်သို့ ပျံတက်သွား

သောအခါ ရှောက်ရွှမ်သည် မြွေကြီး၏ကိုယ်ကို တွဲလောင်းခို၍ လိုက်ပါသွားသည်။ သူ့တစ်ကိုယ်လုံး အစိမ်းပုပ်ရောင်သွေးများ ပေကျံသွားသည်။ ချာချာသည်လည်း ဇောက်ထိုးအဆွဲခံလာရသဖြင့် မသက်သာလှ။

မျိုးနွယ်စုစစ်သည်တစ်ယောက်၏ စွမ်းအင်ကို ပိုင်ဆိုင်ထားသော သူ့ခန္ဓာကိုယ်ကို ရှောက်ရွှမ် ကျေးဇူးတင်မိသည်။ ထို့ကြောင့်သာ ရှောက်ရွှမ်သည် ချာချာ့ကိုယ်အလေးချိန်ကို မနိုင်ခြင်းဖြစ်သည်။ မျိုးနွယ်စုထဲတွင် နေစဉ်က သူသည် ကျောက်တုံးကြီးများကို မ၍ လေ့ကျင့်ခဲ့သည်။ ချာချာ၏ကိုယ်သည် ထိုကျောက်တုံးများနှင့် နှိုင်းယှဉ်လျှင် အတော်ပေါ့ပေသည်။

ကောင်းကင်ပေါ်ရောက်သောအခါ သိမ်းငှက်ကြီးသည် လွတ်လပ်စွာ မပျံသန်းနိုင်ပါ။ ထို့ကြောင့် သစ်ပင်များပေါ်တွင် ခဏခဏ အနားယူရသည်။ ရှောက်ရွှမ်နှင့် ချာချာကတော့ သစ်ပင်များနှင့် မကြာခဏ ဝင်ဝင်တိုက်မိကြလေသည်။ ထို့ကြောင့် သိမ်းငှက်ကြီး ချီမလာခြင်းကိုခံ

ရသော မြွေကြီး မည်သို့ခံစားရမည်ကို သူတို့ နားလည်သွားကြသည်။

ရှောက်ရွှမ်သည် ချာချာ့ကိုလွတ်ထွက်သွားမှာ စိုးရိမ်သဖြင့် ချာချာ့ကို ရှိသမျှအားတို့ ဖြင့် ဆုပ်ကိုင်ထားသည်။ သိမ်းငှက်ကြီး၏ကျောပေါ်သို့ တက်ထိုင်ရန်တော့ သူတို့စိတ်မကူးရဲပါ။ တကယ်တော့ သိမ်းငှက်ကြီးသည် စိတ်သဘောထားကောင်းပုံရသည်။ သွေးချင်းမတူသော်လည်း ချာချာ့ကိုတော့ ကြင်နာသည့် အရိပ်အယောင်ပြသပါသည်။ သို့သော် ရှောက်ရွှမ်သည် သိပ်မတောင်းဆိုရဲပါ။ တော်ကြာ ဒေါသထွက်ပြီး သူတို့၂ကောင်လုံးကို စားပစ်လျှင် ခက်ချေမည်။

သားရဲတို့၏လောကတွင် ဇာတ်တူသားစားချင်းမှာ အဆန်းတော့မဟုတ်။

တောထဲမှ ထွက်လာပြီးနောက် သိမ်းငှက်ကြီးအတွက် ပျံသန်းရန် ပိုလွယ်ကူသွားသည်။ အသက်ရှူရလည်း ပိုလွယ်ကူသွားဟန်ရှိသည်။

သိမ်းငှက်ကြီးသည် ပို၍မြင့်သထက်မြင့်အောင် ပျံသန်းလိုက်သည်။ ၎င်းသည် အတွေ့အကြုံရင့်ကျက်သော သိမ်းငှက်တစ်ကောင်ဖြစ်ပြီး ချာချာကတော့အတွေ့အကြုံနုနယ်သေးသည်။

မြေပြင်မှ ဝေးကွာလာသည်နှင့်အမျှ ရှောက်ရွှမ်သည် ဘေးပတ်ဝန်းကျင်ကို ကောင်းစွာ မြင်လာရသည်။ အဝေးမှတောင်တန်းများနှင့် စိမ်းလန်းသောတောအုပ်များကို သူမြင်လိုက်ရသည်။ ရှောက်ရွှမ်သည် ထိုမျှအမြင့်ရောက်သည်အထိ သိမ်းငှက်ကြီးကို ကောင်းစွာ အကဲမခတ်ရသေးပေ။

သေချာအကဲခတ်လိုက်သောအခါ သိမ်းငှက်ကြီးသည် သူထင်ထားသလောက် အခြေအနေမကောင်းသည်ကို တွေ့လိုက်ရသည်။ တချို့လက်သည်းများသည် ကွာကျတော့မလိုဖြစ်နေပြီး မြွေကြီးများနှင့် တိုက်ခိုက်လာခဲ့သောကြောင့် ခြေချောင်း၂ချောင်းမှာ ကျိုးမလိုဖြစ်နေသည်။ ထို့ပြင် သိမ်းငှက်ကြီးသည် အရင်ကလောက် မာန်ဟုန်ပြင်းစွာဖြင့် မပျံသန်းနိုင်ပါ။ ကမ္ဘာ

မြေကြီး၏ဆွဲအားကို မနည်းကြိုးစားရုန်းကန်နေရသလို ပျံသန်းနေသည်။ ရှောက်ရွှမ်၏ကိုယ်အလေးချိန်နှင့် ချာချာ၏ ကိုယ်အလေးချိန်တို့မှာ ထိုသိမ်းငှက်ကြီးအတွက် ပြောပလောက်အောင် မလေးပါချေ။ သူချီလာသော မြွေကြီးမှာလည်း ထိုမျှမလေးလံပေ။

သို့သော် သိမ်းငှက်ကြီးမှာ ခက်ခဲစွာ ပျံသန်းနေရသည်။

ထို့နောက်ရှောက်ရွှမ်သည် ခန္ဓာကိုယ်ကိုမကြည့်တော့ဘဲ နှုတ်သီးနှင့် အမွှေးများကို ကြည့်လိုက်သည်။ ချာချာ့နှုတ်သီးနှင့် အတော်ဆင်တူသော်လည်း ရှောက်ရွှမ်သည် ချာချာ့တစ်ကိုယ်လုံးကို အလွတ်ရနေသည်ဖြစ်သဖြင့် နှုတ်သီး၂ခုကြားကွာခြားမှုကို သိလေသည်။ သိမ်းငှက်ကြီး၏ နှုတ်သီးမှာ ချာချာ့နှုတ်သီးထက် ပိုကောက်သောကြောင့် သား‌ကောင်များကို လွယ်ကူစွာ ပေါက်သတ်နိုင်မည် မဟုတ်ပေ။

ထိုသို့ နှုတ်သီးကောက်နေခြင်းမှာ ရောဂါကြောင့်

များလား။ တခြားအကြောင်းရင်းများကြောင့်လား။ သိမ်းငှက်ကြီးမှာ ခက်ထန်ကြမ်းတမ်းသော အသွင်ကို ဆောင်သော်လည်း ၎င်း၏ခန္ဓာကိုယ်မှာ အားနည်းနေသည်။အနည်းငယ်မျှတိုက်ခိုက်ရုံနှင့် ဝေဒနာခံစားရမည်ဖြစ်သည်။

ထိုမျှသန်မာကြောက်မက်ဖွယ်ကောင်းသော သိမ်းငှက်ကြီး၏ ခန္ဓာကိုယ်သည် ထိုကဲ့သို့ဖြစ်နေခြင်းမှာ မယုံနိုင်စဖွယ်ပင်။ အနီးကပ်သာမမြင်ရပါက ရှောက်ရွှမ်သည် ထိုသိမ်းငှက်ကြီးကို ဘာမှမဖြစ်ဟုပင်ထင်မိမည်ဖြစ်သည်။ထို့နောက် ရှောက်ရွှမ်သည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသည်။

သိမ်းငှက်ကြီးသည် အသက်အရွယ်ကြီးလာသောကြောင့် ထိုသို့ဖြစ်ရခြင်းလာ။

သို့သော် သိမ်းငှက်ကြီးအသက်ဘယ်လောက်ရှိပြီလဲ ရှောက်ရွှမ်မသိပါ။ ချာချာတစ်ကောင် ထိုမျှကြီးထွားလာရန် အချိန်မည်မျှယူရမည်နည်း။

၁၀နှစ်…၁၅နှစ်လား။

နှစ်ပေါင်းရာနှင့်ချီ၍လား။ ထို့ထက်ပိုကြာဦးမည်လား။

တောင်တန်းများနှင့် နီးကပ်လာပြီဖြစ်သည်။ ရှောက်ရွှမ်သည် ယခုနေရာသို့ တစ်ခါမှ မရောက်ဖူးပါ။ သိမ်းငှက်ကြီးဦးတည်ပျံသန်းလာသော နေရာသည် ချာချာသွားချင်နေသော နေရာပင်ဖြစ်ပုံရသည်။

သူတို့ဦးတည်ပျံသန်းသွားသော နေရာသည် သိမ်းငှက်တောင် ဖြစ်နေမလား။

သို့သော် ရှောက်ရွှမ်သည် တခြား ဧရာမသိမ်းငှက်ကြီးများကို မတွေ့ရပါ။ သူတို့ရောက်နေသော နေရာသည် သိမ်းငှက်တောင်ဆိုပါက ဘာလို့ တခြားသိမ်းငှက်များကို မတွေ့ရသနည်း။

ကြည့်ရသည်မှာ သိမ်းငှက်တောင်ကိုရောက်ဖို့ အတော်လိုသေးသည်ထင်သည်။ ယခုရောက်နေသာနေရာသည် သိမ်းငှက်ကြီးခဏနားရန်

ဆင်းသက်သော နေရာသာဖြစ်မည်။

မြင့်မားသော တောင်ကြီးနှင့်နီးကပ်လာသောအခါ သိမ်းငှက်ကြီးသည် အတောင်ပံများကို ပြင်းထန်စွာခတ်၍ ပိုမြင့်သော နေရာသို့ ပျံသန်းသွားသည်။ ထိုမျှအားစိုက်ပျံသန်းနေရခြင်းကြောင့် သိမ်းငှက်ကြီးမောပန်းနေသည်ကို သူသိလိုက်သည်။ ချာချာပင် သူ့ထက်ပို၍ ရှောက်ရွှမ်ကို ကောင်းကောင်းချီသွားနိုင်သည်။

ရှောက်ရွှမ်သည် သိမ်းငှက်ကြီးအမဲလိုက်ထားသော မြွေကြီးကို လက်နှင့်ပင်မထိပါ။ ကြောက်မက်ဖွယ်သားရဲများအတွက် သူတို့ရလာသော သားကောင်သည် အလွန်အရေးကြီးသည်။ ထိုသားကောင်ကို ကာကွယ်ရန် သူတို့အသက်ကို စွန့်ရန်လည်း ဝန်မလေးပေ။

ချာချာသည်လည်း မြွေကြီးကို ထားခဲ့ကာ ရှောက်ရွှမ်နားလာထိုင်သည်။

ရှောက်ရွှမ်သည် သားရေအိတ်ထဲမှ အသား

ခြောက်၂ချောင်းကို ဆွဲထုတ်လိုက်သည်။ တစ်ချောင်းကို ချာချာ့ကို ပေးလိုက်ပြီး တစ်ချောင်းကို သူစားသည်။

သို့သော် ချာချာသည် သူရသော အသားခြောက်ကိုမစားသေးဘဲ ရှောက်ရွှမ်လက်ထဲမှ အသားခြောက်ကို ကြည့်နေသည်။ သူသည် ထိုကဲ့သို့ အသားခြောက်မျိုးကို မကြိုက်သော်လည်း ဒဏ်ရာမှသက်သာအောင် စားလိုက်ရသည်။

“ဖုန်း…”

သိမ်းငှက်ကြီးက သွေးများစိုရွှဲနေသော မြွေသားများကို ချာချာ့ဆီ လှမ်းပစ်ပေးလိုက်သည်။

ချာချာသည် မြွေကြီးနှင့်အလုပ်ရှုပ်နေသော သိမ်းငှက်ကြီးကို ကြည့်လိုက်သူ့ရှေ့မှ အသားစိမ်းများကို ကြည့်လိုက်ဖြစ်နေသည်။ ရှောက်ရွှမ်ပေးသော အသားခြောက်များကိုတော့ မစားတော့ပါ။

ရှောက်ရွှမ်လည်း သူ့လက်ကို နောက်သို့ရုတ်

လိုက်ပြီး အသားခြောက်ကို စတင်စားလေတော့သည်။ ထို့အချိန်တွင် သူ့စိတ်ထဲမှ သိမ်းငှက်ကြီးသည် အတော်သဘောကောင်းသည်ဟုတွေးနေမိသည်။ ထိုအပြုအမူမှာ အသက်ပိုကြီးသော သိမ်းငှက်များအားလုံး၏ အပြုအမူပင်ဖြစ်နေသလား။

All Chapters