← Chapters

သိမ်းငှက်တို့မြေ

Vol. 10 Ch. 140

သိမ်းငှက်တို့မြေ

Vol. 10 Ch. 140

တောင်ကမ်းပါးစွန်းတွင် ၂ရက်ခန့်နေပြီသောအခါ ရှောက်ရွှမ်သည် တော်တော်သက်သာလာကာ လက်မောင်းမှ ဒဏ်ရာများလည်း ပျောက်ကင်းလုမတတ်ဖြစ်သွားလေသည်။ သို့သော် ချာချာကတော့ ရှောက်ရွှမ်လောက် မသက်သာသေးပေ။ အပြည့်အဝပြန်ကောင်းလာရန် ရက်အတော်ကြာ အနားယူရမည် ဖြစ်သည်။

သိမ်းငှက်ကြီးသည် ထိုနေရာတွင် အသိုက်မရှိသော်လည်း ၁၀ရက်ကျော်ကြာသည် အထိ နေထိုင်နေသဖြင့် ရှောက်ရွှမ်အံ့သြရသည်။ နေ့စဉ်လိုလိုပင် သားကောင်ဖမ်း စားသောက်ပြီးလျှင် ချက်ချင်းထွက်ခွာ မသွားသေးဘဲ ကျောက်တုံးကြီး တစ်တုံးပေါ်တွင် အနားယူလေ့ရှိသည်။ ထို့ပြင် သူသည် ချာချာ့ကိုလည်း အစားအစာများ နေ့တိုင်းပေးလေ့ရှိသည်။

ထိုရက်များတွင် ချာချာသည် မောပန်းနေမှုများ ပျောက်ကွယ်လာကာ စိတ်အခြေအနေလည်း တော်တော်ကောင်းလာခဲ့သည်။ အစားအစာအတွက်လည်း ပူစရာ မလိုသဖြင့် ဒဏ်ရာပျောက်ကင်းရန်သာ အာရုံစိုက်ထားနိုင်သည်။

ရှောက်ရွှမ်ကတော့ အမဲလိုက်ရန် တောင်အောက်သို့ ဆင်းရသည်။ သို့သော် ချာချာ့ အကူအညီမရှိတော့သဖင့် ဒုက္ခအနည်းငယ်ရောက်ရသည်။ သိမ်းငှက်ကြီးကလည်း သူ့ကို မကူညီပေ။

အစားအစာများရသည့်ပြင် ရှောက်ရွှမ်သည် ချာချာ့ဒဏ်ရာများကို ထည့်ပေးရန် ဆေးပင်များကိုလည်းရှာတွေ့ခဲ့သည်။ သိမ်းငှက်ကြီးသည် သူ့အကူအညီလိုနေမလား အကဲခတ်ကြည့်သေးသည်။ သို့သော် သိမ်းငှက်ကြီးသည် သူ့နားမှ ခပ်ခွာခွာသာနေသဖြင့် ရှောက်ရွှမ်သည် အကူအညီပေးမည့်အကြံကို စွန့်လွှတ်လိုက်ရသည်။

ချာချာ ပြန်လည်ပျံသန်းနိုင်သည်နှင့် သိမ်းငှက်ကြီးက ထိုနေရာမှ ထွက်ခွာသွားရန် ရည်ရွယ်ထားသည်။ သူသည် ချာချာနှင့်အတူ သိမ်းငှက်တောင်ရှိရာဘက်သို့ သွားမည် ဖြစ်သည်။ ရှောက်ရွှမ်သည် သူတို့နှင့် လိုက်သွားလျှင် ကောင်းမလား၊နေခဲ့လျှင် ကောင်းမလား ဝေခွဲမရဖြစ်နေသည်။ သိမ်းငှက်ကြီးရှိနေသည့်အတွက် ချာချာ့အတွက်တော့ စိတ်ပူစရာမလိုတော့ပေ။

သို့သော် ချာချာက ကောင်းကင်ပေါ်သို့ ပျံတက်လိုက်ပြီး ရှောက်ရွှမ်ကို သူတို့နှင့် လိုက်ခဲ့ရန် လှမ်းအော်လိုက်သည်။ ရှောက်ရွှမ်လည်း ပြုံးလိုက်ပြီး ဒဏ္ဍာရီလာသိမ်းငှက်တောင်ကြီးကို မြင်ဖူးသည်ရှိအောင် သူတို့နှင့် လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။ သူ၏အစွယ်ဓားကို သိမ်းလိုက်ပြီး သူ့ဆီပျံလာနေသော ချာချာ့ ခြေထောက်ကို ခုန်ဆွဲလိုက်သည်။

လေထဲမှ သိမ်းငှက်ကြီးကတော့ စိတ်မရှည်တော့သဖြင့် သူတို့နားတွင် လူးလားဆန်ခတ် ပျံဝဲ

နေသည်။ သူတို့ကို သွားကြရအောင်ဟု အချက်ပေးနေသလိုပင်။

“သွားကြမယ်…” ရှောက်ရွှမ်က ပြောလိုက်သည်။

အော်သံတစ်ချက်ကြားလိုက်ရသည်။

ပျော်ရွှင်စွာ အော်လိုက်ပြီးနောက် ချာချာသည် အတောင်ပံများကို ခတ်လိုက်ကာ သိမ်းငှက်ကြီးနောက်သို့ ပြေးလိုက်သွားလေသည်။

ဒီတစ်ခေါက်တွင်တော့ ချာချာသည် တောအုပ်ထဲမှ သစ်ပင်များနှင့် နီးကပ်စွာ မပျံသန်းတော့ပါ။ နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်ခံရမည်စိုးရိမ်သောကြောင့် သစ်ပင် များနှင့် ခပ်ဝေးဝေးမှသာ ပျံသန်းတော့သည်။

သိမ်းငှက်ကြီး ပျံသန်းနေပုံမှာ လွန်ခဲ့သော ၁၀ရက်ကထက်ပင် ပိုဆိုးလာသည်။ ပျံသန်းခြင်းသည် သူ့အတွက် အခက်အခဲတစ်ခု ဖြစ်နေသလိုပင်။ သို့သော် ချာချာနှင့် ရှောက်ရွှမ်အတွက်တော့

သူပျံသန်းသည့်အရှိန်မှာ မြန်နေဆဲပင်။ ထို့ကြောင့် ချာချာသည် သိမ်းငှက်ကြီးကို မီအောင် မနည်းလိုက်နေရသည်။

ထိုနေ့များတွင် သူတို့သည် တောက်လျှောက်ပျံသန်းလာခဲ့ကြသည်။ ညနေပိုင်းရောက်လျှင် အနားယူကြသည်။ ပြီးလျှင် သားကောင်တစ်ကောင်ကို ဖမ်း၍ တိတ်ဆိတ်စွာ စားကြသည်။ ထိုနားတဝိုက်သည် တောင်ပတ်လည်ဝိုင်းနေသောနေရာ တစ်ခုဖြစ်သည်။ များသောအားဖြင့် သိမ်းငှက်ကြီးသာ သားကောင်များနှင့်တိုက်ခိုက် လေ့ရှိပြီး ချာချာနှင့် ရှောက်ရွှမ်ကတော့ အားပေးရုံသာ။ သူတို့ ဝင်ကူညီလည်း သိမ်းငှက်ကြီးကို အနှောင့်အယှက်ပေးသည်နှင့်သာတူနေမည်။

သိမ်းငှက်ကြီးသည် ကြောက်မက်ဖွယ်သားရဲများနှင့် တစ်ကြိမ်တိုက်ခိုက်ပြီးတိုင်း သူ့ကိုယ်တွင် ဒဏ်ရာတစ်ခုတိုးလာသည်။ လက်သည်းများ၊နှုတ်သီးနှင့် အမွှေးများပင် ရှောက်ရွှမ် ပထမဆုံးတွေ့သည့်အချိန်ကထက် အခြေအနေပိုဆိုးနေပြီဖြစ်သည်။ သို့သော် သိမ်းငှက်ကြီး၏မျက်လုံးများ

ကတော့ စူးရှတောက်ပြောင်စမြဲပင်။

သိမ်းငှက်ကြီး၏ စောင့်ရှောက်မှုကြောင့် သူတို့သည် ဘေးရန်များကို ရှောင်ရှားနိုင်ခဲ့သည်။ ငှက်များသည်လည်း သူတို့ကို ရန်မစရဲကြတော့ပါ။

တတိယစခန်းချရာနေရာမှ သူတို့ထွက်လာသည်မှာ ရက်သုံးဆယ်ရှိပြီ ဖြစ်သော်လည်း အခုထိ သူတို့သွားချင်သော နေရာကို မတွေ့ရသေးပေ။

သို့သော် ချာချာနှင့် သိမ်းငှက်ကြီးတို့၏ အပြုအမူများကို ကြည့်ခြင်းအားဖြင့် သူတို့စိတ်များတက်ကြွနေသည်ကို ရှောက်ရွှမ်သိလိုက်သည်။ သူတို့သည် ပျော်ရွှင်တက်ကြွနေသဖြင့် မျက်လုံးများက တောက်ပနေသည်။ ရာသီဉတု ဒဏ်ခံထားရသော သိမ်းငှက်ကြီးသည်ပင် ထိုနေရာတွင် အချိန်ဆွဲမနေတော့ဘဲ အမြန်ပျံသွားချင်နေသည်။

သူတို့သွားချင်သောနေရာကို ရောက်တော့မည်ဖြစ်သည်။

သိမ်းငှက်၂ကောင်တို့က လျင်မြန်စွာခရီးဆက်နေကြပြီး ရှောက်ရွှမ်ကတော့ ဘေးပတ်ဝန်းကျင်ကို လေ့လာအကဲခတ်နေသည်။ သူတို့ရှေ့တွင် နဂါးနှင့်တူသော တောင်ကြီးတစ်လုံးကိုတွေရသည်။ ထိုတောင်ကြီးသည် အလွန်မြင့်မားပြီး သူတို့ဒုတိယစခန်းချရာနေရာမှ တောင်နှင့် တူလေသည်။ ငှက်များပျံသန်းရာလမ်းကြောင်းကို ထိုတောင်ကြီးက ပိတ်ဆို့ထားသည်။

ထိုတောင်ကြီးကို ဖြတ်ကျော်သွားမည်ဆိုပါက သူတို့သည် မြင်တွေ့နေကျ မဟုတ်သော မြင်ကွင်းများကို မြင်တွေ့ရမည် ဖြစ်သည်။

တောင်ထိပ်နေရာတွင် တိမ်များဖုံးလွှမ်းနေသည်။ တိမ်များအောက်တွင် ဆီးနှင်းများ ဖုံးလွှမ်းနေသော မြေပြင်ကို မြင်တွေ့ရသည်။

သိမ်းငှက်ကြီးသည် မြင့်သထက် မြင့်အောင်

ပျံသန်းလိုက်သည်။ ချာချာကလည်း နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားသည်။ သူတို့သည် တိုတောင်ကြီးကို ဖြတ်ကျော်ရန် ဆုံးဖြတ်လိုက်သည်။ ထိုတောင်ကြီးကို ဖြတ်ကျော်သွားရာတွင် တခြားတောင်များစွာကို အရင်ဖြတ်ကျော်ရသေးသဖြင့် သူတို့အတွက် အခက်အခဲများစွာနှင့် ကြုံတွေ့ရသည်။

ပိုမြင့်မြင့် ပျံသန်းလေ ပျံသန်းရန် ပိုခက်ခဲလေဖြစ်လာသည်။ စွမ်းအားတစ်ခုက သူတို့ကို အမြင့်မပျံနိုင်ရန် နောက်ကဆွဲထားသလိုဖြစ်နေသည်။

ခဏလောက်ပျံသန်းပြီးသော ချာချာသည် မောပန်းလာသဖြင့် အနားယူရန် ကျောက်တုံးကြီးတစ်ခုပေါ်ဆင်းသက်လိုက်သည်။

“ချာချာ မင်းသူနဲ့ဆက်လိုက်သွားတော့…ငါတော့ဒီမှာပဲနေခဲ့တော့မယ်” ရှောက်ရွှမ်က ချာချာ့ဦးခေါင်းပေါ်မှ အမွှေးများကို ပွတ်ရင်းပြောလိုက်သည်။

“ကျောင်း…”

ချာချာကရှောက်ရွှမ်လက်ကို ရှောင်လိုက်ပြီး အတောင်ပံများကို တဖျတ်ဖျတ်ခါလိုက်ကာ အနီးရှိကျောက်တုံးတစ်ခုကို လက်သည်းများဖြင့် ကုတ်ခြစ်နေသည်။

“မင်းဘာလို့ခေါင်းမာနေတာလဲ…ငါဒီမှာပဲစောင့်နေမယ်လေ”ရှောက်ရွှမ်က ပြောလိုက်သည်။ ထို့နောက် “မင်းပြန်တော့လာမယ်မဟုတ်လား” ရှောက်ရွှမ်ကမေးလိုက်သည်။

ချာချာက တစ်ချက်အော်လိုက်ပြီး ကျောက်တုံးကို လက်သည်းဖြင့် ဆက်လက် ကုတ်ခြစ်နေသည်။

“ဒါပေမဲ့ မင်းသွားတာ အရမ်းကြာနေရင်တော့ ငါအရင်ပြန်နှင့်မယ်” ရှောက်ရွှမ်က ထိုနယ်မြေတွင် နေခဲ့ရန် စိတ်ကူးနေသည်။ ထိုနားရှိ တိရစ္ဆာန်မျိုးစိတ်များမှာ သူ့အတွက် ထူးဆန်းနေသည်။ ရှေးဟောင်းပညာကျမ်းများတွင်ပါသော ဆေး

ဘက်ဝင် အမြစ်များကို ရှာတွေ့နိုင်မည်ဟု သူမျှော်လင့်နေသည်။

သူသည် မျိုးနွယ်စုအတွင်းသာနေရပြီး အမဲလိုက်အဖွဲ့နှင့် ရိုးအီနေသော လမ်းကြောင်းတွင်သာ အမြဲအမဲလိုက်နေရသဖြင့် ပျင်းရိနေသူဖြစ်သည်။ အခုလို နယ်မြေအသစ်တစ်ခုကို လေ့လာခွင့်ရသည့် အခွင့်အရေးကို သူလက်လွှတ်မခံနိုင်ပါ။ သူသည် သိမ်းငှက်တောင်ကြီးကိုလည်း မြင်ဖူးချင်သည်။ သို့သော် ချာချာသည် သူ့ကိုချီ၍ ထိုမျှ မြင့်သော အမြင့်သို့ မပျံသန်းနိုင်ပါ။

သိမ်းငှက်ကြီးက ချာချာ့ကို‌ လောဆောနေသည်။

ချာချာက ဆုံးဖြတ်ချက်ချ၍ မရသေးဘဲ သိမ်းငှက်ကြီးကို အော်သံတစ်ချက်ပြန်ပေးလိုက်သည်။

“သူနဲ့လိုက်သွားတော့” ရှောက်ရွှမ်ကပြောလိုက်သည်။ အခုအခွင့်အရေးသည် ရတောင့်ရခဲ

အခွင့်အရေးမဟုတ်ပါလား။ နောက်တစ်ခေါက်အခုလို အခွင့်အရေးမျိုးရတော့မည် မဟုတ်ပါ။

ရှောက်ရွှမ်သည် ချာချာ့ကို စကားပြောနေစဉ်အတွင်း သူ့နောက်နားမှ လေတိုးသံတစ်ချက်ကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ သိမ်းငှက်လက်သည်းကြီးတစ်ခုက သူ့ဆီဦးတည်လာနေသည်ကို တွေ့လိုက်ရသည်။

သိမ်းငှက်ကြီးသည် သူ့ကို ရန်မူမည့်အမူအရာမရှိသဖြင့် အစွယ်ဓားကို ဆွဲမထုတ်တော့ပါ။ မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေလျှင် သိမ်းငှက်ကြီး၏အရပ်သည် ဆယ်မီတာခန့်ရှိသည်။ သူ့လက်သည်းများမှာလည်း ချာချာ့လက်သည်းများထက် ပိုကြီးသည်။ ထို့ကြောင့် ထိုလက်သည်းများကို ဆွဲခိုရန်မှာ ရှောက်ရွှမ်အတွက် မခက်ခဲပါ။

ရှောက်ရွှမ်ကို ကုတ်ချီပြီးနောက် သိမ်းငှက်ကြီးသည် လေထဲသို့ပျံတက်သွားသည်။ ချချာက သိမ်းငှက်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး နောက်မှလိုက်လာသည်။

သိမ်းငှက်ကြီးသည် သားကောင်များကို ဖမ်းဆုပ်သည့်အားအတိုင်း ရှောက်ရွှမ်ကို ဖမ်းဆုပ်လာသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် သူ၏ကိုယ်တွင်း အင်္ဂါများကို ဆွဲဆုပ်သလို ခံစားရပြီး အရိုးများလည်း ကျိုးမတတ်ပင် ခံစားလိုက်ရသည်။ သူသာ ကြံ့ခိုင်သော မျိုးနွယ်စုစစ်သည်တစ်ယောက် မဟုတ်ပါက သိမ်းငှက်ကြီးဖမ်းဆုပ်သည့်ဒဏ်ကြောင့် သေသွားနိုင်သည်။

သို့သော် သိမ်းငှက်ကြီးကတော့ စေတနာနှင့် ရှောက်ရွှမ်ကို ဖမ်းဆုပ်လာခြင်းဖြစ်သည်။ချာချာသည် ရှောက်ရွှမ်ကို ချီ၍ ပျံသန်းရာတွင် အခက်အခဲရှိနေသည်ကိုသိသဖြင့် သိမ်းငှက်ကြီးက ကူညီပေးခြင်းဖြစ်သည်။ သိမ်းငှက်ကြီးသည် ရှောက်ရွှမ်ကို ဖမ်းဆုပ်လာပေးသဖြင့် ချာချာလည်း ပျံသန်းရပိုလွယ်ကူသွားသည်။ သို့သော် သိမ်းငှက်ကြီးသည် သူ့သားကောင်ထက် ပို၍တိုက်ခိုက်ခံရနိုင်ခြေရှိသော အခြားသတ္တဝါများ ရှိနေသေးသည်ကို မသိသေးပါ။

ရှောက်ရွှမ်ကို ချီလာစရာမလိုတော့သဖြင့် ချာချာသည် ဝန်ပေါ့သွားသော်လည်း အမြင့်ရောက်လေ ဖိအားပိုများလာလေဖြစ်သဖြင့် ချာချာ့အတွက် ပျံသန်းရန် ခက်ခဲလာသည်။ အခြေအနေမှာ မမြင်ရသောလက်ကြီးတစ်ဖက်က သူတို့ကို အပေါ်က ဖိနှိပ်ထားသလိုဖြစ်နေသည်။

ချာချာသည်လည်း ထိုကဲ့သို့ခံစားနေရပြီး သိမ်းငှက်ကြီးသည်လည်း ထိုကဲ့သို့ပင်ခံစားနေရသည်။ ရှောက်ရွှမ်၏ကိုယ်အလေးချိန်မှာ သိမ်းငှက်ကြီးအတွက် မပြောပလောက်သော်လည်း ဖိအားဒဏ်ကိုခံစားနေရသည်။

သူတို့မြင်တွေ့လိုက်ရသော တောင်သည် နှင်းများနှင့်ရေခဲများဖုံးလွှမ်းနေသည်။ သစ်ပင်များကိုမတွေ့ရသလို တောင်ထိပ်ဖျားကိုလည်း မတွေ့ရပါ။ အပေါ်ကိုမော့ကြည့်လိုက်သောအခါတွင်လည်း တိမ်လွှာများကိုသာတွေ့ရသည်။

သူတို့အဆုတ်ထဲသို့ အေးစက်သောလေများ

တိုးဝင်လာသည်။ အစပိုင်းတွင်တော့ ရှောက်ရွှမ်သည် ထိုအအေးဒဏ်ကိုခံနိုင်သေးသည်။ သို့သော် အမြင့်သို့ဆက်လက်ပျံတက်လာသောအခါ မျိုးနွယ်စုစစ်သည်တစ်ယောက်ပင် ထိုအအေးဒဏ်ကို မခံနိုင်တော့ကြောင်း သိလာသည်။

သူ့သားရေအင်္ကျီသည် ရေခဲမှုန်များဖြင့်ဖုံးလွှမ်းနေပြီး ရေခဲမှုန်များမှာ များသည်ထက် ပိုများလာသည်။

ရှောက်ရွှမ်၏သားရေအင်္ကျီအပြင် သူ့ဆံပင်များနှင့် သိမ်းငှက်၂ကောင်တို့၏ အမွှေးများမှာလည်း အေးခဲကုန်သည်။ သူတို့အပေါ်တွင် နေရောင်အနည်းငယ်ရှိသော်လည်း အခုလိုအချိန်တွင် ထိုမျှနေရောင်လေးက သူတို့ကို နွေးထွေးအောင် မစွမ်းဆောင်နိုင်ပါ။

ညရောက်လျှင် ပိုအေးလာမည်ဖြစ်သည်။ ထို့ကြောင့် သူတို့သွားလိုသောနေရာကို ညမရောက်မီ ရောက်အောင်သွားရမည်ဖြစ်သည်။

ရှောက်ရွှမ်သည် သူ့ကိုယ်ထဲမှ နတ်စွမ်းအင်ကိုနိုးထစေလိုက်ပြီး ကိုယ်တွင်းတွင် လှည့်ပတ်စေလိုက်သည်။ နွေးထွေးသော နတ်စွမ်းအင်များကိုယ်တွင်းလှည့်လည်သွားနေ သောအခါမှ သူအနည်းငယ်နေသာသွားသည်။ သို့သော် ထိုစွမ်းအင်ကို ရပ်တန့်လိုက်လျှင် ပြန်ချမ်းတက်လာဦးမည်ဖြစ်သည်။

ရှောက်ရွှမ်တစ်ယောက် ရေခဲချောင်းဖြစ်လုမတတ် ချမ်းခိုက်နေစဉ်တွင်တော့ သူတို့သွားချင်နေသော တောင်ထိပ်ကို မြင်လိုက်ရသည်။

နီးလာပြီ…နီးလာပြီ။

သူတို့သည် တဖြည်းဖြည်း‌အောက်သို့နှိမ့်၍ ပျံသန်းလာပြီး တောင်ထိပ်နားတွင်ရှိသော တိမ်စိုင်များကို ဖြတ်ကျော်ပျံသန်းလာခဲ့သည်။ သူ့ရှေ့တွင်ရှိသော မြင်ကွင်းကိုကြည့်လိုက်သောအခါ ရှောက်ရွှမ်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

သူထင်သည်မှာ ထိုတောင်ထိပ်ကိုကျော်၍ ပျံသန်းသွားလျှင် နောက်တောင်တစ်လုံး၏ဘေးဘက်သို့ ရောက်သွားမည်ဟုထင်ထားခြင်းဖြစ်သည်။ သို့သော် တောင်ထိပ်ရောက်ချိန်တွင်တော့ မြေပြန့်တစ်ခုကို မြင်လိုက်ရသည်။

“…”

သိမ်းငှက်ကြီးသည် တောင်ပေါ်ရှိ ရေခဲပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ရှောက်ရွှမ်ကို လွှတ်ချလိုက်သဖြင့် သူသည် ရေခဲပြင်ပေါ်သို့ တလိမ့်ကောက်ကွေးပြုတ်ကျသွားသည်။ မြေပြင်ကို နှင်းများထူထပ်စွာဖုံးလွှမ်းနေပြီး ထိုနှင်းများမှ ကျောက်တုံးတမျှ မာကြောသည်။

သူတို့နောက်တွင်တော့ တိမ်စိုင်များက ဖုံးလွှမ်းနေသည်။ ရှောက်ရွှမ်စိတ်ထဲတွင် နတ်ပြည်ရောက်နေပြီး တိမ်စိုင်များကို စီးနေရသလိုခံစားနေရသည်။ သို့သော် တိမ်များအုံ့ဆိုင်းနေသဖြင့် အရှေ့ကိုတော့ ဘာမှမမြင်ရပါ။

သို့သော် ထိုတိမ်စိုင်များကြားထဲတွင် အခြားသက်ရှိသတ္တဝါများရှိနေဦးမည်ဟု ရှောက်ရွှမ်ခံစားလိုက်ရသည်။ သိမ်းငှက်ကြီးသည် ရှောက်ရွှမ်ကို လွှတ်ချလိုက်ပြီးနောက် ခဏ အနားယူလိုက်ပြီး ရှေ့သို့ဆက်သွားသည်။ ချာချာကလည်း သိမ်းငှက်ကြီးနောက်မှ ထပ်ချပ်မကွာလိုက်ပါသွားသည်။ အေးစက်သောမြူခိုးများက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။ ရှောက်ရွှမ်က သူတို့အနားသို့တိုးသွားလိုက်သည်။

ဘေးဘီကိုကြည့်လိုက်တော့လည်း အေးစက်သော မြူခိုးများကိုသာ တွေ့ရသည်။ သူတို့ဆင်းသက်လာသောနေရာမှာလည်း မြူခိုးများကြားတွင် ပျောက်ကွယ်သွားသည်။

မြေပြင်ပေါ်တွင်တော့ မြေကြီးထဲမှ တိုးထွက်နေသော ချွန်ထက်သည့်ရေခဲချောင်းများရှိသည်။ ထိုရေခဲချောင်းများကို ဆယ်မီတာလောက်သွားတိုင်း တစ်ခါ မြင်တွေ့နေရသည်။

“ဂျွတ်…”

“ဂျွတ်…ဂျွတ်…”

ထိုအသံသည် အရပ်မျက်နှာ အဖက်ဖက်မှ လာနေသည်ကို ရှောက်ရွှမ်ကြားလိုက်ရသည်။ တချို့အသံများက အနားမှ လာနေခြင်းဖြစ်ပြီး တချို့အသံများကတော့ အဝေးမှ လာနေခြင်းဖြစ်သည်။

သို့သော် ထိုအသံများကြောင့် ရှောက်ရွှမ်သည် သူ့စိတ်အာရုံကို အပျံ့လွင့်မခံပါ။ သူသည် ချာချာနှင့် သိမ်းငှက်ကြီးတို့နောက်မှ ကပ်လျက်လိုက်ပါသွားသည်။

“ရှပ်…ရှပ်”

သူတို့နောက်တွင် ခြေသံများထွက်ပေါ်လာသည်။ သိမ်းငှက်တစ်ကောင်၏ ခြေသံပင်ဖြစ်သည်။ ရှောက်ရွှမ်၏ကျောဘက်မှ အေးစက်သောလေတစ်ချက်တိုးဝှေ့ သွားသဖြင့် သူကြက်သီးမွေးညှင်းထသွားသည်။

ခြေသံများသည် သူနှင့်ပိုနီးကပ်လာသဖြင့် နောက်သို့လှည့်ကြည့်လိုက်သည်။ ထိုအရာကို သူမြင်လိုက်ရသောအခါ အံ့သြသင့်သွားသည်။

မြူများဖုံးလွှမ်းနေသောကြောင့် ထိုအရာကို ကောင်းစွာမမြင်ရပါ။ မြူတောများကြားတွင် သိမ်းငှက်အရိပ်ကြီးတစ်ခုကိုတော့ လှမ်းမြင်နေရသည်။ သိမ်းငှက်ကြီးနှင့် ယှဉ်လျှင် ချာချာသည် ကလေးသာသာလောက်သာရှိသည်။ ယခုမြင်တွေ့ရသော သိမ်းငှက်ကြီးနှင့် သူတို့ကိုကယ်တင်ခဲ့သော သိမ်းငှက်ကြီးကို နှိုင်းယှဉ်မည်ဆိုလျှင် သူတို့ကိုကယ်တင်ခဲ့သော သိမ်းငှက်ကြီးမှာ ကလေးသာသာ လောက်သာဖြစ်သွားတော့သည်။

ဒီအကောင်ကြီးသည်လည်း ဧရာမတောင်သိမ်းငှက်ကြီးတစ်ကောင်ပဲလား။

ရှောက်ရွှမ်သည်သူ၏ အထူးအမြင်အာရုံကို အသုံးချလိုက်သည်။ မြူများက ကာဆီးထားသော်လည်း သိမ်းငှက်ကြီး၏ အရိုးစုကိုတော့ မြင်

လိုက်ရသည်။

ရှောက်ရွှမ်သည် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ထို့နောက်သူ့ကိုယ်သူ အမြင်ကျဉ်းသူတစ်ယောက်အဖြစ်ခံစားလိုက်ရသည်။ ဧရာမတောင်သိမ်းငှက်ဆိုသည့်နာမည်ကို ကြားရုံဖြင့် ထိုသတ္တဝါများမည်မျှ ကြီးမားမည်ကို သိရှိနိုသ်ည်။ သူတို့ကို ကယ်တင်လာခဲ့သော သိမ်းငှက်သည်ပင် သူတို့မျိုးနွယ်ထဲတွင် အကြီးဆုံးမဟုတ်သေးပါ။ အခုမြင်လိုက်ရသော သိမ်းငှက်ကြီး ထက်ပိုမိုကြီးမားသော သိမ်းငှက်များရှိနေဦးမည်လား မပြောတတ်တော့ပါ။

ထိုသားရဲကြီးများကြားတွင်ရောက်နေသဖြင့် ရှောက်ရွှမ်သည် ဧရာမသားရဲတွင်းကြီးတစ်ခုထဲသို့ ရောက်နေသကဲ့သို့ခံစားလိုက်ရပြီး အကြောအချဉ်များ တောင့်တင်းသွားသည်။

သူ့ရှေ့တွင် ရှိသော သိမ်းငှက်အကြီးနှင့် သိမ်းငှက်အသေးကို ကြည့်ကာ ရှောက်ရွှမ်သည် သူတို့နားသို့ ပြေးကပ်သွားလိုက်သည်။ အခုအချိန်

တွင် သူတို့နားတွင် ကပ်နေသည်က အကောင်းဆုံးပင်မဟုတ်ပါလား။

သိမ်းငှက်ကြီးက ချာချာ့ကို တိမ်များ မြူများကြားမှ ဦးဆောင်လမ်းပြခေါ်သွားသည်။ မြေပြင်ပေါ်မှ တိုးထွက်နေသော ရေခဲချောင်းတစ်ခုကိုတွေ့သောအခါ သိမ်းငှက်ကြီးက ခေါင်းကိုငုံ့လိုက်ပြီး ထိုရေခဲချောင်းကို ကိုက်လိုက်သည်။ ထို့နောက် ထိုရေခဲချောင်းကို မျိုချလိုက်ပြီး နောက်ထပ် ရေခဲချောင်းတစ်ခုကို ဆက်လက်ကိုက်လိုက်သည်။

ချာချာသည်လည်း သိမ်းငှက်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး ရေခဲချောင်းကို ကိုက်လိုက်သည်။

ရေခဲချောင်းများကျိုးသည့်အသံကိုနားထောင်ရင်း ထိုနေရာတွင်တော့ တဂျွတ်ဂျွတ်မြည်သံများ ဘာကြောင့် ထွက်ပေါ်နေရသည်ကို နားလည်သွားတော့သည်။

All Chapters