← Chapters

သိမ်းငှက်တောင်

Vol. 10 Ch. 141

သိမ်းငှက်တောင်

Vol. 10 Ch. 141

ရှောက်ရွှမ်က သူတို့သည် ထိုနေရာကို ကျော်ဖြတ်သွားမည်ဟုထင်ထားသည်။ သို့သော် သိမ်းငှက်၂ကောင်က ထိုနေရာတွင် ရပ်တန့်လိုက်ပြီး ရေခဲချောင်းများကို စားနေကြသည်။ ထို့နောက် တစ်စုံတရာကို စောင့်နေသကဲ့သို့ ထိုနေရာတွင်ပင် ဆက်လက်ရပ်နေကြသည်။

သလင်းကျောက်နှင့်တူသော ရေခဲချောင်းများတွင် စွမ်းအင်များပါရှိလေသည်။ ထိုစွမ်းအင်မှာ မီးလျှံသလင်းကျောက်မှ စွမ်းအင်လောက်တော့ မသန့်စင်ပေ။ သို့သော် ထိုရေခဲချောင်းများမှာ သိမ်းငှက်များ၏ အသက်သွေးကြောဖြစ်လေသည်။

ရှောက်ရွှမ်သည် ရေခဲချောင်းတစ်ချောင်းကို ဓားဖြင့်ဖြတ်ယူလိုက်ပြီး စားကြည့်လိုက်သည်။ အရမ်းမာနေသဖြင့် သူ့အတွက် ထိုရေခဲချောင်းကို စားရန် မလွယ်ကူပေ။ သိမ်းငှက်ကြီးများကတော့ တစ်ကိုက်

ထဲဖြင့်စားနိုင်သော်လည်း ရှောက်ရွှမ်ကတော့ တစ်ကြိမ်လျှင် နည်းနည်းသာစားနိုင်လေသည်။

ရေခဲချောင်းကိုကိုက်လိုက်သဖြင့် ရှောက်ရွှမ်သည် ချမ်းစိမ့်သွားသော်လည်း သူ့ကိုယ်တွင်းမှ နတ်စွမ်းအင်ကတော့ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်သွားလာနိုင်ရန် ပိုအဆင်ပြေသွားသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် တောင်ပေါ်မှ အအေးဒဏ်ကိုခံနိုင်ရည်ရှိသွားလေသည်။

ချာချာသည် မျိုးနွယ်စုအတွင်းနေထိုင်စဉ်က ဆောင်းတွင်းကာလတွင်လည်း အိမ်အမိုးပေါ်မှ သူ့အသိုက်ထဲတွက်သာအိပ်ပြီး အအေးဒဏ်ကိုခံနိုင်ရည်ရှိခဲ့သည်။ ဒီတောင်ပေါ်မှ သွေးခဲမတတ်အေးသော အပူချိန်နှင့်နှိုင်းယှဉ်လျှင် မျိုးနွယ်စုနေထိုင်ရာနေရာမှ ဆောင်းတွင်းသည် တောင်သိမ်းငှက်ကြီးများအတွက်တော့ စာမဖွဲ့လောက်ပါ။

ခုနကမြင်လိုက်ရသော သိမ်းငှက်ကြီးအပြင် ရှောက်ရွှမ်သည် တခြားသိမ်းငှက်များစွာကိုလည်း မြင်တွေ့လိုက်ရသည်။ တချို့အကောင်များသည် သူတို့ကယ်တင်ရှင်သိမ်းငှက်ကြီးနှင့်အရွယ်အစားအတူတူ

လောက်ပင် ရှိမည်ဖြစ်ပြီး တချို့သိမ်းငှက်များကတော့ အကောင်ပိုကြီးသည်။

ဧရာမတောင်သိမ်းငှက်ဆိုသောနာမည်တွင်ပါသော တောင်ဆိုသည်မှာ ယခုနေရာကိုပင် ရည်ညွှန်းသလား။ သူတို့ရောက်နေသော နေရာမှာ သိမ်းငှက်တောင် ပင်ဖြစ်လိမ့်မည်။ ရှောက်ရွှမ်တွေးလိုက်မိသည်။

တောင်သိမ်းငှက်ကြီးများသည် ထိုနေရာတွင် အုပ်စုဖွဲ့နေနေကြပြီး တောင်ပြင်ပသို့ ထွက်ခွာသွားခြင်းမပြုကြပါ။ တစ်ကောင်နှင့် တစ်ကောင်တိုက်ခိုက်ခြင်းလည်း မပြုဘဲ စောင့်ဆိုင်းနေကြသည်။ စိတ်ထင်တိုင်းပြုမူလေ့ရှိသော ချာချာပင်လျှင် ထိုနေရာသို့ရောက်သောအခါ လိမ္မာနေပြီး သူတို့ကို ခေါ်လာသော သိမ်းငှက်ကြီးနားတွင်ပင် ကပ်နေလျက်ရှိသည်။

ချာချာသည် သူမွေးကတည်းက အသွေးအသားထဲက သွားချင်နေသော နေရာကို ပထမဆုံးအကြိမ်ရောက်လာဖူးခြင်းဖြစ်သည်။ ဒီနေရာကိုလာချင်စိတ်က သူ့ဗီဇထဲတွင် ကိန်းအောင်းနေသည်။

တစ်နေပြီးတစ်နေ့ ရှောက်ရွှမ်သည် လုပ်နေကျ ကိစ္စများကိုသာ လုပ်ဆောင်နေရသည်။ ဗိုက်ဆာလာပါက သိမ်းငှက်ကြီးများလို ရေခဲချောင်းကို စားလိုက်သည်။ ထို့နောက် သိမ်းငှက်၂ကောင်နားတွင် ကပ်ထိုင်ကာ အအေးဒဏ်ကို ကာကွယ်နိုင်ရန် နတ်စွမ်းအင်ကို လှည့်လည်နေလိုက်သည်။

ရှောက်ရွှမ်ကို ကြည့်ရသည်မှာ အားနည်းနေသည့်ပုံပေါ်ပြီး အသက်ရှူသံမှာလည်း နှေးကွေးနေသည်။ ညရောက်သောအခါ ခိုက်ခိုက်တုန်နေပြီး အေးလွန်းသဖြင့် အိပ်မပျော်ပေ။ ထိုအခါ သလင်းရေခဲချောင်းကို အားကိုးရပြန်သည်။ ရေခဲချောင်းမှ စွမ်းအင်ကို စုပ်ယူပြီး သူ့ကိုယ်ထဲရှိ နတ်စွမ်းအင်ကို စဉ်ဆက်မပြတ်လှည့်ပတ်ပေးနေရ သည်။

ရှောက်ရွှမ်ဘေးတွင်ရှိသော ချာချာသည်လည်း သိပ်တော့ အခြေအနေမကောင်းပေ။ သူသည် ထိုမျှ ကြမ်းတမ်းသော ရာသီဉတုကိုအခုမှ ရင်ဆိုင်ဖူးသဖြင့် သူ့ကိုယ်သူ ရာသီဉတုနှင့် လိုက်လျောညီထွေဖြစ်အောင် အပြည့်အဝမပြောင်းလဲနိုင်သေးပေ။

သူတို့နှင့် အတူနေသော သိမ်းငှက်ကြီးအပါအဝင် တခြားသိမ်းငှက်ကြီးများကမူ အအေးဒဏ်ကို မခံစားရသည့်အလား တည်ငြိမ်နေကြသည်။ သူတို့ကတော့ ထိုပတ်ဝန်းကျင်နှင့် အသားကျနေပြီဖြစ်သည်။

ချာချာသည် အအေးဒဏ်မှ ကာကွယ်ရန် သိမ်းငှက်ကြီး၏ အတောင်ပံအောက်ကို တိုးဝင်သွားသော်လည်း သိမ်းငှက်ကြီးက ချာချာ့ကို တွန်းထုတ်လိုက်သည်။ ထိုအခါ ချာချာသည် ရှောက်ရွှမ်နားတိုးကပ်လာသည်။ ၂ယောက်လုံးမှာ အအေးဒဏ်ကြောင့် ခိုက်ခိုက်တုန်နေသည်။

တဖြည်းဖြည်းချင်းနှင့် ရှောက်ရွှမ်သည် သူ့ခန္ဓာကိုယ်ကို ရာသီဉတုနှင့် လိုက်လျောညီထွေရှိအောင် ပြောင်းလဲလာနိုင်သည်။ သူအိပ်ပျော်နေသောအချိန်တွင် နတ်စွမ်းအင်ကို စဉ်ဆက်မပြတ်လှည့်ပတ်စေပြီး သူ့ခန္ဓာကိုယ်ကို နွေးထွေးနေစေလိုက်သည်။ တောင်သိမ်းငှက်တစ်ကောင်ဖြစ်သည်နှင့်အညီ ချာချာသည်လည်း ရာသီဉတုနှင့်လိုက်လျောညီထွေဖြစ်အောင် သူ့ကိုယ်သူ ပြောင်းလဲလာနိုင်ပြီး အခြေအနေ ပိုကောင်းလာသည်။

သူတို့တောင်ပေါ်သို့ရောက်နေသည်မှာ ဘယ်နှရက်ရှိပြီလဲ သိရစေရန် ရှောက်ရွှမ်သည် သူ့ဘေးရှိ ရေခဲချောင်းတစ်ချောင်းပေါ်တွင် ဓားဖြင့်ခြစ်၍ အမှတ်အသားပြုလုပ်ထားသည်။ ထိုသို့ပြုလုပ်ရင်းဖြင့် ထိုရေခဲချောင်းများသည် တဖြည်းဖြည်း ပိုကြီးလာကြောင်း ရှောက်ရွှမ်သိလိုက်သည်။ လွန်ခဲ့သော ရက်၂၀က သူပြုလုပ်ခဲ့သော အမှတ်အသားသည် အခုတော့ ယခင်နေရာထက် ပိုမြင့်တက်သွားသည်။ ထို့ပြင် ရေခဲချောင်းသည် ပို၍လည်းထူထဲလာသဖြင့် သိမ်းငှက်၂ကောင်၏ လက်သည်းရာများကိုလည်း မမြင်ရတော့။

သိမ်းငှက်များစားပစ်နေသော်လည်း ထိုရေခဲချောင်းများ မကုန်ဆုံးသွားသည်မှာ ထိုသို့ ကြီးထွားလာနေသောကြောင့်ဖြစ်သည်။

ထူးဆန်းသောနေရာတစ်ခုပင်။

“ရှပ်… ရှပ်… ရှပ်…”

ခြေသံများထွက်ပေါ်လာသည်။ ခြေသံများမှာလေးလံသဖြင့် ဧရာမတောင်သိမ်းငှက်ကြီးတစ်

ကောင်ဖြစ်လိမ့်မည်။

ခြေသံများက တဖြည်းဖြည်းနီးကပ်လာသဖြင့် ထိုသိမ်းငှက်ကြီး၏ သဏ္ဍာန်သည် မြူခိုးများကြားတွင် ပိုပိုထင်ရှားလာသည်။

ထိုသိမ်းငှက်ကြီးသည် ရှောက်ရွှမ်နားမှ ဖြတ်လျှောက်သွားသဖြင့် ရှောက်ရွှမ်သည် ထိုသိမ်းငှက်ကြီးကို သေချာကြည့်လိုက်ရသည်။ သို့သော် ကိုယ်အပေါ်ပိုင်းကို မြူများအုံ့ဆိုင်းနေသဖြင့် လက်သည်းများကိုသာ မြင်တွေ့လိုက်ရသည်။

ထိုသိမ်းငှက်ကြီးသည် အသက်အရွယ်အိုမင်းနေပြီး ထိုနေရာကို အုပ်ချုပ်သော သိမ်းငှက်ကြီးဖြစ်နိုင်သည်။ သူသည် တောထဲမှာ အန္တာရာယ်ပေါင်းစုံကို ရင်ဆိုင်ခဲ့ဖူးသလို မျိုးနွယ်တူသိမ်းငှက်များ၏ စိန်ခေါ်မှုများအပြင် အခြားကြောက်မက်ဖွယ်သားရဲများကို လည်း ရင်ဆိုင်ခဲ့ဖူးမည် ဖြစ်သည်။ အခုတော့ အသက်အရွယ်ကြီးလာပြီဖြစ်သလို လက်သည်းများမှာလည်း တုံးကုန်ပြီဖြစ်သည်။ ခြေချောင်းများမှ တချို့အပိုင်းအစများမှာ အောက်သို့ ပဲ့ကျနေပြီဖြစ်သည်။ တချို့နေရာများတွင်

အမွှေးများတုံးနေပြီ ဖြစ်သလို ခြေထောက်တွင်လည်း ဒဏ်ရာများစွာကိုတွေ့ရသည်။

ထိုသိမ်းငှက်ကြီး၏အခြေအနေမှာ ရှောက်ရွှမ်တို့၏ ကယ်တင်ရှင်သိမ်းငှက်ကြီး၏ အခြေအနေနှင့် မတိမ်းမယိမ်းပင်။

ထိုသိမ်းငှက်ကြီးသည် ရှောက်ရွှမ်တို့ကို ဖြတ်ကျော်သွားသည်။ လက်သည်းကြီးများမှာ ကြီးမားလွန်းသဖြင့် ချာချာ့ကို လွယ်ကူစွာ ဖမ်းဆုပ်နိုင်လေသည်။ အတောင်ပံခတ်လိုက်သောအခါ ရှောက်ရွှမ်၏ခေါင်းပေါ်သည် မှောင်မည်းသွားသည်။ သူ့အတောင်ပံများသည် အလင်းရောင်ကို ကာလိုက်သလို ဖြစ်သွားသောကြောင့် ဖြစ်လေသည်။

ချာချာနှင့် ကယ်တင်ရှင်သိမ်းငှက်ကြီးသည် အပေါ်သို့ မော့ကြည့်လိုက်သည်။ ထို့နောက် ခေါင်းများကို ငုံ့လိုက်ကြသည်။ သူတို့ကို ကြည့်ရသည်မှာ မေ့မြောနေသလို ဖြစ်နေသည်။

ထိုသိမ်းငှက်ကြီးသည် မြူတောထဲသို့ တိုးဝင်သွားပြီး တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။

ရက်၂၀…ရက်၃၀…။

ရက်၄၀မြောက်သောနေ့တွင် သူတို့နားတွင်ရှိသော အခြား တောင်သိမ်းငှက်များမှ တိတ်ဆိတ်မနေတော့ဘဲ တက်ကြွလှုပ်ရှားလာကြသည်။ တစ်ခါတရံသူတို့အော်သံများက တောင်ပတ်လည်တဝိုက်သို့ ပဲ့တင်ထပ်သွားလေသည်။

ထိုနေ့များတွင် နောက်ထပ် တောင်သိမ်းငှက်ကြီးများ ထပ်မံရောက်ရှိလာသည်။ သူ့ကို ဖြတ်ကျော်သွားသော အရွယ်အစားစုံ သိမ်းငှက်များကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ သူတို့ထဲတွင် ချာချာ့အရွယ်အစားလောက်သာရှိသော သိမ်းငှက်လေးတစ်ကောင်လည်း ပါဝင်သည်။ သူသည် မိဘများနောက်မှ လိုက်ပါလာခြင်းဖြစ်မည်။ ၎င်းသိမ်းငှက်ပေါက်လေးသည် သူ့မိဘသိမ်းငှက်ကြီးများဘေးမှ လျှောက်လာရင်း ရှောက်ရွှမ်အနားရောက်သောအခါ စပ်စုလိုသဖြင့် ရှောက်ရွှမ်နားကပ်လာသော်လည်း မိဘများက ပြန်ခေါ်လိုက်သဖြင့် ထွက်ခွာသွားရသည်။

မြူများတဖြည်းဖြည်းပျောက်ကွယ်သွားလေပြီ။ တိမ်များကြားမှ နေထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မှာ မြင်ကွင်းရှင်းလင်းသွားလေသည်။

ထိုနေ့တွင် နေထွက်လာပြီး ရေခဲပြင်ပေါ်သို့ နေရောင်ခြည်အလင်းတန်းများ ကျရောက်လာသဖြင့် မြူခိုးများမရှိတော့ပါ။

ဘေးပတ်လည်တွင် သိမ်းငှက် အရွယ်အစားပေါင်းစုံကို တွေ့ရသည်။ အသေးဆုံးကောင်လေးများမှာ ချာချာ့အရွယ်အစားခန့်ရှိသည်။ အကြီးဆုံးကောင်များမှာ တောင်ကုန်းတစ်လုံးစာလောက်ရှိသည်။

ထိုအကောင်ကြီးများက ရှောက်ရွှမ်၏မြင်ကွင်းကို ပိတ်ကွယ်ထားလေသည်။ သူတို့ထဲတွင် ရှောက်ရွှမ်မှာ တခြားကမ္ဘာက ရောက်လာသော ဂြိုဟ်သားတစ်ကောင် လိုဖြစ်နေသည်။ ရှောက်ရွှမ်သည် အကောင်သေးလွန်းသဖြင့် သိမ်းငှက်များက သတိပင်မထားမိချေ။

ရှောက်ရွှမ်သည် သိမ်းငှက်များနေသည့်နေရာကို

အရင်က မသိခဲ့။ မျိုးနွယ်စုနှင့်အတူနေထိုင်ခဲ့သောနှစ်များအတွင်း တောင်သိမ်းငှက်များကို အမဲလိုက်ထွက်ရင်းတွေ့ဖူးခဲ့သည်။ အဆင့်မြင့်အဖွဲ့နှင့် အမဲလိုက်ထွက်ရင်း ချာချာ့ကို အစိမ်းရောင်မြက်ခင်းပြင်မှ ရရှိလာခဲ့ခြင်းဖြစ်သည်။

သိမ်းငှက်များသည် တစ်ကောင်နှင့် တစ်ကောင်မတူကြပေ။ အမွှေးပုံစံနှင့် အရောင်များမှာ ကွဲပြားကြသည်။ သို့သော် ယေဘုယျအားဖြင့်တော့ အတူတူသာ ဖြစ်ပြီး အားလုံးမှာ တောင်သိမ်းငှက်မျိုးနွယ်များဖြစ်ကြသည်။

သူတို့သည် တူညီသော တိုက်ကြီးတစ်တိုက်မှ လာခဲ့ခြင်းဖြစ်ဟန်တူသည်။ သို့မဟုတ် သူတို့သည် တခြားနေရာတစ်ခုခုတွင် အုပ်စုလိုက်နေကြခြင်းဖြစ်မည်။ မည်သို့ပင်ဆိုစေကာမူ အခုတော့ သူတို့သည် တောင်ထိပ်ပေါ်တွင် စုစည်းမိကြပြီဖြစ်သည်။

“ကျောင်း.. ကျောင်း”

သိမ်းငှက်အော်သံသည် အဝေကြီးမှလာသလိုဖြစ်နေပြီး သိမ်းငှက်တစ်ကောင်တည်း၏ အော်သံမဟုတ်ပါ။ သိမ်းငှက်များအုပ်စုလိုက် အော်သည့်

အသံမျိုးဖြစ်နေသည်။ အသံများမှာလည်း ပဲ့တင်ရိုက်ခတ်နေသည်။ ထို့နောက် အသံများမှာ တဖြည်းဖြည်းနီးကပ်လာနေသည်။

“ဝှစ်…”

ကောင်းကင်ပေါ်တွင် အရိပ်ကြီးတစ်ခုပျံသန်းသွားပြီး ရေခဲပြင်ပေါ်တွင် ရပ်နေသော သိမ်းငှက်များအပေါ်မှ ဖြတ်၍ပျံသန်းသွားသည်။

ထိုအရာသည် ချွန်မြသော နှုတ်သီး၊ ထက်မြက်သော လက်သည်းများ၊ ကြံ့ခိုင်သော အတောင်ပံများနှင့် သန်မာသော ခန္ဓာကိုယ်တို့ရှိလေသည်။ ထိုသိမ်းငှက်ကြီးသည် လွတ်လပ်မှုကို မြတ်နိုးပြီး သူရဲကောင်းဆန်သော စိတ်ဓာတ်ရှိဟန်တူသည်။

ထိုသိမ်းငှက်ကြီးကြောင့် ရှောက်ရွှမ်သည် ကောင်းကင်ကိုပင်မမြင်ရတော့ပါ။ သိမ်းငှက်ကြီး၏အတောင်ပံများက နေရောင်ခြည်ကို ကာဆီးထားလိုက်သည်။

ဒါသည် အစပဲရှိသေးသည်။

ထို့နောက်တွင်တော့ သိမ်းငှက်များ ရာနှင့်ချီ၍ရောက်လာသည်။

သူတို့နောက်မှ တောင်သိမ်းငှက်အုပ်များ တန်းစီ၍ လိုက်ပါသွားသည်။

သူတို့သည် သန်မာသော အတောင်ပံကြီးများကို ဂုဏ်ယူဝံ့ကြွားစွာ ခတ်ကြလေသည်။ သူတို့သည် ပျော်ရွှင်တက်ကြွစွာ ပျံသန်းနေကြခြင်းဖြစ်သည်။

ရေခဲပြင်ပေါ်တွင် ရပ်နေကြသော သိမ်းငှက်အိုများနှင့် နှိုင်းယှဉ်လျှင် သူတို့သည် ငယ်ရွယ်ကာ သန်စွမ်းကြသည်။

သူတို့သည် ရှောက်ရွှမ်ခေါင်းပေါ်ရှိ ကောင်းကင်ပေါ်တွင် ပြည့်နှက်နေသည်သာမက ကောင်းကင်၏ နေရာလပ်မှန်သမျှတွင် သိမ်းငှက်များ ပျံသန်းနေကြသည်။

သိမ်းငှက်အုပ်ကြီးသည် အရှေ့ဘက်မှ ပျံသန်းလာကြပြီး တောင်၏အခြားဘက်သို့ ဆက်လက်ပျံသန်း

သွားကြသည်။ သိမ်းငှက်အုပ်ကြီးကြောင့် ဖြစ်ပေါ်လာသော လေတိုက်ခတ်မှုသည် ရှောက်ရွှမ်အား လွင့်စဉ်သွားမတတ်ပင်ဖြစ်စေသည်။

ထိုသိမ်းငှက်များပျောက်ကွယ်သွားသောအခါ အရှေ့ဘက်ဆီမှ အသံတချို့ကို ကြားလိုက်ရသည်။ ထိုအသံများမှာ အတောင်ပံခတ်သံများဖြစ်ပြီး တဖြည်းဖြည်းနှင့် ပိုကျယ်လောင်လာသည်။

ရှောက်ရွှမ်သည် သူ့ရှေ့မှ သိမ်းငှက်ကြီးများအတောင်ပံခတ်ကာ ပျံသန်းသွားကြသည်ကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် သူ့ဘေးမှ အော်သံ ၂ခု ထွက်ပေါ်လာသည်။ ရှောက်ရွှမ်သည် ထိုဘက်ကို ကြည့်လိုက်မိသည်။ ချာချာသည် ရှောက်ရွမ်ကို အော်သံတစ်ချက်ပေးပြီး ထိုအသံကြားရာနောက်သို့ ပြေးလိုက်သွားသည်။

သူတို့မြင်ကွင်းကို ပိတ်ကွယ်ထားသော သိမ်းငှက်များထွက်သွားသောအခါ နှင်းများဖုံးလွှမ်းနေသော တောင်တစ်လုံးသည် ရှောက်ရွှမ်ရှေ့တွင် ပေါ်ထွက်လာသည်။

ထိုတောင်သည် ရှောက်ရွှမ်နှင့် နည်းနည်းအလှမ်းကွာနေသေးသည်။ ထိုတောင်မှာ အလွန်ကြီးမားသဖြင့် တောင်ထိပ်ကို မမြင်နိုင်ပါ။

ဖြာကျနေသော နေရောင်အောက်တွင် နှင်းတောင်ကြီးမှာ လွန်စွာတောက်ပနေပြီး အမှီအခိုကင်းမဲ့စွာ ရပ်တည်နေသည်။

ရေခဲပြင်ပေါ်တွင် မတ်တပ်ရပ်ရင်း ရှောက်ရွှမ်သည် နှင်းဖုံးနေသော တောင်ကြီးကို ကြည့်လိုက်သောအခါတွင် တုန်လှုပ်သွားရသည်။ထိုကဲ့သို့ အခြေအနေမျိုးတွင်ပင် ရှောက်ရွှမ်သည် ဘုရားဖူးထွက်လာသော ခံစားမှုမျိုးကို ခံစားလိုက်ရသည်။

ထိုနှင်းတောင်ကြီးကို ဦးတည်၍ သိမ်းငှက်ပေါင်းထောင်ချီ၍ ပျံသန်းသွားကြသည်။ အရှေ့တွင်ဘာရှိသနည်း။

ရှောက်ရွှမ်သည်လည်း ထိုနေရာနားကို အရှိန်မြှင့်၍ လျှောက်သွားလိုက်သည်။ သူ့ခြေထောက်များမှာ မသုံးတာကြာပြီဖြစ်သော်လည်း ပေါ့ပါးသွက်လက်လာသည်။ ခဏကြာတော့ လမ်းလျှောက်

နေရာမှ ပြေးမိလျက်သားဖြစ်သွားသည်။

ချာချာနှင့် ကယ်တင်ရှင်သိမ်းငှက်ကြီးလည်း မကြာခင်တွင် ထိုသိမ်းငှက်အုပ်ကြီးထဲ ရောက်သွားကြသည်။ သိမ်းငှက်များမှာ များပြားလွန်းသဖြင့် ဘယ်အကောင်က ချာချာဖြစ်သည်ကို ပြောရန်ခက်ခဲလေသည်။

ရှောက်ရွှမ်သည် သိမ်းငှက်အုပ်ကြီးနောက်ကို လိုက်သွားသည်။ သိမ်းငှက်များသည် ရေခဲပြင်ကိုကျော်လွန်သွားသောအခါ အောက်သို့ခုန်ချပျောက်ကွယ်သွားကြသည်။

ရှောက်ရွှမ်သည် ရေခဲပြင်ဆုံးသောနေရာသို့ရောက်သောအခါ အဆုံးကိုမမြင်ရလောက်အောင် နက်သော ချောက်ကြီးတစ်ခုကို တွေ့လိုက်ရသည်။

သိမ်းငှက်အုပ်ကြီးသည် ရေခဲပြင်ပေါ်မှနေ၍ ထိုချောက်ကြီးထဲသို့ ပျံသန်းသွားခြင်းဖြစ်သည်။ သူတို့သည် ထိုချောက်ကြီးထဲမှနေ၍ နှင်းဖုံးနေသော တောင်ကြီးဆီသို့ ဦးတည်ပျံသန်းသွားနေခြင်း ဖြစ်သည်။

အဝေးတွင်ရှိသော နှင်းဖုံးနေသော တောင်ကြီး၏ အပေါ်ပိုင်းကိုလည်း မမြင်ရသလို အောက်ပိုင်းကိုလည်း မမြင်ရပါ။ တောင်ကြီးသည် သူတို့နှင့် ဝေးကွာနေဆဲပင် ဖြစ်သည်။

ထိုတောင်ကြီးမှာ သိမ်းငှက်တောင်ပင်ဖြစ်သည်။ အခုအချိန်တွင်တော့ ရှောက်ရွှမ်‌သေချာသွားလေပြီ ဖြစ်သည်။

တောင်ကမ်းပါးစွန်းတွင် ရပ်နေရင်း ရှောက်ရွှမ်သည် ချောက်ထဲဆင်းကာ ပျောက်ကွယ်သွားသော သိမ်းငှက်များကို ကြည့်နေလေသည်။

ခဏအကြာတွင်တော့ မြူခိုးများ ပြန်လည်အုံ့ဆိုင်းလာသည်။ ရှောက်ရွှမ်၏ မြင်ကွင်းမှာလည်း မြူခိုးများကြောင့် ဝေဝါးသွားရပြီး အရာအားလုံးမှာ အရင်အတိုင်း ပြန်ဖြစ်သွားလေတော့သည်။

All Chapters