အခန်း (၂၈၆)
Vol. 20 Ch. 286
ကျီလင်းချန်က သူ့မိန်းမကို ခေါင်းစခြေဆုံး အကဲခတ်ကြည့်လိုက်သည်။ သူမ အဆင်ပြေကြောင်း အတည်ပြုပြီးနောက် အခန်းထဲကိုကြည့်ကာ မေးလိုက်သည်။ " ရှောင်ယွီကော ဘယ်မှာလဲ"
ဖန့်ရှောင်နွမ် အခန်းထဲမှထွက်ပြီး တံခါးပိတ်လိုက်သည်။ "ယောကျ်ား ရှောင်ယွီ ရေချိုးနေတယ်။ ရှင် ဝင်လာဖို့ မသင့်တော်ဘူး"
ကျီလင်းချန်က သူနားလည်ကြောင်းပြသရန် ခေါင်းညိတ်လိုက်သည်။
ဖန့်ရှောင်နွမ် ထပ်မေးပြန်သည်။ "ယောကျ်ား၊ ရှောင်ဝမ်ကို တွေ့ပြီးပြီလား။ သူ ရှောင်ယွီကိုကယ်ဖို့ ရေထဲမခုန်ချခင် လူတစ်ယောက်နဲ့ ဘီယာသောက်ပြိုင်ပွဲမှာ ပါခဲ့တယ်။ သူဆယ်ပုလင်းကျော်လောက် သောက်ထားတာ”
ကျီလင်းချန်သည် အဝတ်အစားများ ပို့ရန် စောစောရောက်လာသောအခါတွင် သူ့တူလေး၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အရက်နံ့ကို ရှူရှိုက်မိပြီးသားဖြစ်သည်။ သူ့တူလေး တော်တော်မူးနေပြီဆိုတာ သူသိသည်။
ဖန့်ရှောင်နွမ်က သူမနှင့် မဝေးသောနေရာမှ အတန်းဖော်များ၏ ရှောခ့်ရနေကြတဲ့ မျက်နှာကို ကြည့်လိုက်သည်။သူမ ခင်ပွန်းဖြစ်သူ၏ လက်ကိုဆွဲကာ မိတ်ဆက်ပေးရန် ရည်ရွယ်ချက်ဖြင့် သူတို့ဆီသို့ လျှောက်သွားခဲ့သည်။ "ငါဘယ်သူနဲ့ လက်ထပ်ထားတယ်ဆိုတာကို နင်တို့အားလုံး သိချင်နေကြတယ်မလား။ ဒါက ငါ့ယောကျ်ား ကျီလင်းချန်။ သူ့အကြောင်း ကြားဖူးကြလား"
သူ့အကြောင်းကို သူတို့ ဘယ်လိုလုပ် မကြားဖူးကြမှာလဲ။ တကယ်တော့ လူတိုင်းက သူ့နာမည်ကို သိကြသည်။ ဖန့်ရှောင်နွမ်၏ ခင်ပွန်းသည် ကျီလင်းချန် ဖြစ်သည်ကို သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ကျီဝမ်က ဖန့်ရှောင်နွမ် မှာပိုင်ရှင်ရှိပြီးသားဆိုတဲ့အကြောင်း သူတို့ကို အထူးသတိပေးခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။ ထို့အပြင် ထိုလူကို စော်ကားဖို့ မတတ်နိုင်ပေ။ စီးပွားရေးလောကရဲ့ ဘုရင်ကို ဘယ်သူက စော်ကားရဲမှာလဲ။ သူတို့သေဖို့ရေတွက်နေရမှာပေါ့။
လူတိုင်း၏အကြည့်တွေက "သာမန်ဆန်တဲ့" ဇနီးဖြစ်တဲ့ ဖန့်ရှောင်နွမ်ကို ဖက်ထားသည့် CEO ကျီလင်းချန်ထံသို့ ချက်ချင်းပြောင်းသွားကြသည်။
ချက်ခြင်းမှာပဲ၊ ပေါင်တစ်ထောင်ရှိတဲ့ တူနဲ့ လူတိုင်းရဲ့ဦးခေါင်းကို ထုခံလိုက်ရပြီး မူးဝေသွားပြီး အချိန်အကြာကြီး ပြန်မထနိုင်တော့သလိုပင်။
ဖန့်ရှောင်နွမ်ရဲ့ မျက်လုံးတွေက မှိတ်တုတ်မှိတ်တုတ်ဖြင့် သူမ အကြည့်ကို ရှောင်နေသော ယွဲ့ချီကို သတိထားမိသွားသည်။ သူမက ချက်ချင်းဆိုသလိုပဲ ခင်ပွန်းဖြစ်သူကိုအော်ပြောလိုက်သည်။ “ယောကျ်ား၊ ဟိုးက ရေချိုးဝတ်စုံဝတ်ထားတဲ့ အဲ့ကောင်လေးကို ကြည့်လိုက်။ သူ့ကို ရှင်နဲ့မိတ်ဆက်ပေးရဦးမယ်။ သူက ယွဲ့ မိသားစုရဲ့ သခင်လေး ယွဲ့ချီ တဲ့ "
ကျီလင်းချန်၏ စူးရှသော မျက်လုံးများက သူ့ဆီကို လှည့်ပတ်ကြည့်နေကာ လေထဲတွင် တင်းမာမှုများကြောင့် ယွဲ့ချီ ပြေးထွက်ချင်လာခဲ့သည်။ သူသည် သူ့တူနှင့် ရန်ဖြစ်ခဲ့ဖူးသူပင်။
ဖန့်ရှောင်နွမ် ဆက်ပြောလိုက်သည်။ "သခင်လေး ယွဲ့ က အရမ်းကိုတော်တာ။ အခုလေးတင်ပဲ၊ သူက ကျန့်လျန်ကို ကျီဝမ်နဲ့ အရက်သောက်ဖို့ ပြိုင်ခိုင်းတာ။ သူက ရှောင်ယွီ ကို ရေကူးကန်ထဲ တွန်းချဖို့ လီရှု့နဲ့တောင် ကြံစည်ခဲ့သေးတာလေ "
ကျီလင်းချန် ဆိုးသွမ်းစွာ ရယ်မောလိုက်သည်။
ယွဲ့ချီ အလွန်တုန်လှုပ်သွားပြီး စကားထစ်သွားသည်။ “စီ-စီအီးအို ကျီ၊ အဲဒါ ကျွန်တော်နဲ့မဆိုင်ဘူး။ ဖန့်ရှောင်နွမ် မှားနေတာ "
ဖန့်ရှောင်နွမ်က ယွဲ့ချီကို ရွှတ်နောက်နောက်ကြည့်လိုက်သည်။ "ငါ ဘာမှားနေတာလဲ။ လီရှု့ ဘယ်မှာလဲ။ ထိပ်တိုက်ရင်ဆိုင်ဖို့ သူ့ကို ဆွဲထုတ်ချင်လား။ ရှင်လုပ်ခဲ့တဲ့ 'ကောင်းတဲ့အရာ' ကို ဝန်ခံဖို့ မရှက်ပါနဲ့။ ရှင်က ဆောင်းရာသီကြီးမှာ ကျီဝမ်နဲ့ စစ်ယွီကို ရေကူးရအောင်လုပ်ခဲ့တဲ့သူ။ ဒါက နှလုံးသွေးကြောနဲ့ ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ဖို့ နည်းလမ်းကောင်းပဲ။ ခန္ဓာကိုယ်အတွက် အထူးကောင်းမွန်တယ်။ ကျွန်မတို့က ရှင့်ကို သေချာပေါက် ကျေးဇူးတင်ပါတယ်!”
ကျီလင်းချန်က ထိတ်လန့်တုန်လှုပ်နေသော သူ့ရှေ့က ကောင်လေးကို ကြည့်ကာ အေးအေးဆေးဆေး မေးလိုက်သည်။ " ဘယ်ရဲ့ ယွဲ့ မိသားစုလဲ။ ဘယ်ရဲ့ လီ မိသားစုလဲ"
CEO ကျီက ကျောင်းသားအုပ်စုနှင့် စကားပြောဖို့ စိတ်မ၀င်စားပေ။ ဒီအရွယ်တွေထဲ သူ့မိန်းမကသာ သူ့ရင်ခွင်ထဲမှာ သူ့ရဲ့စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်သည်။ ဟုတ်ပါတယ် သူဘာအကြောင်းပြချက်မှ မတောင်းပါဘူး။ သူ တောင်းနေတယ်ဆိုကတည်းက သေချာအရေးယူတော့မှာ။
သူ့တူလေးနဲ့အတူ အရက်သောက်ပြိုင်ပွဲကို ဘေးဖယ်ထားနိုင်ပေမယ့် သူ့ညီမကို ရေထဲ တမင်တွန်းချတဲ့အတွက် သူတို့ကို မှတ်ထားမှာ။
ဖန့်ရှောင်နွမ်သည် သူ့ခင်ပွန်းကို သူတို့ရဲ့ ကုမ္ပဏီအမည်များနှင့် ၎င်းတို့၏ လိပ်စာများကိုပင် ပြောပြပြီး အမြန်တိုင်ပြောခဲ့သည်။ သူမယောကျ်ားအား ယွဲ့ချီနဲ့ လီရှု့တို့ရဲ့ အိမ်လိပ်စာများကို လိုရင်းတိုရှင်းပြောပြခဲ့သည်။
ကျီလင်းချန် ခေါင်းညိတ်လိုက်သည်။ သူ ဘာလုပ်ရမှန်း သိပြီ။
ခဏအကြာတွင် လျိုစစ်ယန်လည်း ရောက်လာသည်။ သူ့ညီမရဲ့အဝတ်အစားတွေကို သယ်လာသည်။ သူ တံခါးခေါက်ခဲ့သည်။ " ရှောင်ယွီ အစ်ကိုရောက်လာပြီ။ တံခါးဖွင့်။”
လျိုစစ်ယွီက သူ့အစ်ကိုအတွက် တံခါးဖွင့်ပေးခဲ့သည်။ သူမ ရေချိုးဝတ်စုံဝတ်ထားသည်။ ရေနွေးနွေးနဲ့ ရေချိုးရင်း အသက်ရှုမဝသလို မျက်နှာမှာလည်း နီရဲနေသည်။
လျိုစစ်ယန်ကို တွေ့ပြီးနောက် သူမပိုကောင်းလာသည်။ အစ်ကိုဖြစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး ငိုခဲ့သည်။ “အစ်ကို လီရှု့က ညီမကို ရေကန်ထဲ ရည်ရွယ်ချက်ရှိရှိ တွန်းချခဲ့တာ။ ညီမအဝတ်တွေ အကုန်စိုသွားပြီ။ ညီမ ရေနစ်တော့မလိုဖြစ်ပြီး အစ်ကို့ကိုဘယ်တော့မှမတွေ့ရတော့မလို့။ အစ်ကို ညီမ အတွက် လက်စားချေပေးရမယ်နော်!"
လျိုစစ်ယန်က သူ့ညီမ၏ ပုခုံးကို ပုတ်ကာ သူမကို တွန်းဖယ်ဖို့ ကြိုးစားခဲ့သော်လည်း လျိုစစ်ယွီက သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ကာ လွှတ်ဖို့ ငြင်းဆိုခဲ့သည်။ သူမလက်တွေကို လျိုစစ်ယန်၏ခါးတွင် ရစ်ပတ်ထားပြီး သူမ၏လက်ချောင်းများကို ထိုနေရာတွင် ပိတ်ထားသည်။
သူမရဲ့အစ်ကိုအရင်းက အဲ့တာကိုမကြည့်နေနိုင်တော့ဘူး။ သူ့ညီမက ရေချိုးဝတ်စုံဝတ်ထားစဉ် အမျိုးသားတစ်ဦးကို ပွေ့ဖက်နေသည်။ သူ စိတ်မချမ်းသာဘူး!
ကျီလင်းချန် စကားတစ်ခွန်းမှ မပြောဘဲ လျိုစစ်ယွီ၏ လက်တွေကို လှမ်းဆွဲလိုက်သည်။
အစ်ကိုဖြစ်သူကို ပွေ့ဖက်ရင်း အလယ်တွင်ရှိနေသည့် လျိုစစ်ယွီက သူမကို ဘယ်သူဆွဲထုတ်သွားသည်ကို မတွေ့ခဲ့ပေ။ သူမ ကျိန်ဆဲလိုက်သည်။ "f*ck ဘယ်သူက ငါ့အစ်ကိုနဲ့ လာခွဲနေရ....."
သူမစကားမဆုံးခင်မှာ မော့ကြည့်လိုက်တော့ ကျီလင်းချန်ရဲ့မည်းမှောင်နေတဲ့ မျက်နှာကို တွေ့လိုက်ရသည်။ သူမ ပါးစပ်ကို ချက်ချင်းပိတ်ပြီး ကျိန်စာတစ်ဝက်ကို မျိုချလိုက်သည်။
“ဆက်ပြောလေ” ကျီလင်းချန်က မိဘတစ်ယောက်ကဲ့သို့ စကားပြောနေသည်။
လျိုစစ်ယွီက သူမပခုံးကို ကိုင်းကာ စကားမပြောရဲတော့ဘဲ လျိုစစ်ယန်နောက်တွင် အမြန်ပုန်းနေလိုက်သည်။
"မင်းကို ဒီလိုပြောဖို့ ဘယ်သူသင်ပေးထားတာလဲ" ကျီလင်းချန်က ကျောင်းသား/သူများနှင့် စကားပြောခြင်းကို မထီမဲ့မြင်ပြုကာ ဒေါသထွက်ရန်ပင် ပျင်းနေသော်လည်း သူ့ညီမပြောသမျှကို ကြားသောအခါတွင် သူမအား ပြစ်တင်ဆုံးမတာကို မလုပ်ဘဲမနေနိုင်ခဲ့ပေ။ အစ်ကိုတစ်ယောက်အနေနဲ့ သူ့ကိုယ်ပိုင်လက္ခဏာနဲ့ လိုက်လျောညီထွေဖြစ်နေပြီ။