အဖြူရောင် ပိုးကောင်များ ၂
Vol. 10 Ch. 144
ထိုသိမ်းငှက်ကြီးသည် သူတို့၏ကယ်တင်ရှင်သိမ်းငှက်ကြီးထက်ပင် ပိုကြီးသေးသည်။ သူသည် ခရီးရှည်ကြီးကို ပျံသန်းလာရသဖြင့် မောပန်းနေဟန်ရှိသည်။ ရေခဲပြင်ပေါ်သို့ရောက်သောအခါ သူသည် မလှုပ်ရှားနိုင်တော့ဘဲ အသက်ကို ပြင်းစွာရှူနေရလေသည်။
သူသည် ဘေးပတ်ဝန်းကျင်ကို သေချာကြည့်နေပြီး ရှောက်ရွှမ်ကို သတိမထားမိပေ။ ထို့နောက်တွင်မှ ရှောက်ရွှမ်ကို အထူးအဆန်းသတ္တဝါတစ်ကောင်လို ကြည့်နေတော့သည်။
ရှောက်ရွှမ်သည် သူကိုင်ထားသော ရေခဲတုံးနှင့် ပစ်ပေါက်မိမလို ဖြစ်သွားသည်။ သို့သော် သိမ်းငှက်ကြီးသည် သူ့ကိုစိုက်ကြည့်နေကြောင်း သိလိုက်ရသောအခါတွင်တော့ သူ့လက်များလေထဲတွင် ရပ်တန့်သွားသည်။
ထိုသိမ်းငှက်ကြီး ဘာကိုအလိုရှိပါသနည်း။ သိမ်းငှက်ကြီး၏ မျက်လုံးများထဲတွင် ရန်လိုသော အရိပ်အယောင်ကိုတော့မတွေ့ရပေ။ သို့သော် သိမ်းငှက်ကြီးဘာကိုလိုချင် သလဲသူစဉ်းစားမရ။ ရေခဲစားချင်တာလား။
ရှောက်ရွှမ်သည် အစွယ်ဓားကိုထုတ်လိုက်ကာ ရေခဲတိုင်မှ ရေခဲအချို့ကို ဖြတ်ယူလိုက်သည်။ ထို့နောက် သိမ်းငှက်ကြီးဘက် ပြန်လှည့်လိုက်သောအခါ ၎င်းသည် အစွယ်ဓားကို စိုက်ကြည့်နေသည်။
ရှောက်ရွှမ်သည် ခဏလောက်စဉ်းစားပြီး ဓားကို ရေခဲပြင်ထဲသို့ ထိုးစိုက်လိုက်သည်။ ထို့နောက် ရေခဲတုံးကို ကောက်ယူကာ သိမ်းငှက်ကြီးကို ပြလိုက်သည်။ ရှောက်ရွှမ်သည် ရေခဲတုံးကို ရေခဲပြင်ပေါ်မှ လျှပ်တိုက်၍ ပစ်ပေးရန် ပြင်လိုက်သည်။ သို့သော် သိမ်းငှက်ကြီးသည် ပါးစပ်ဟလိုက်ပြီး ရေခဲတုံးကို မြန်မြန်ပေးရန် နှုတ်သီးကောက်ကောက်ကြီးကို လှုပ်ပြနေသည်။
ရှောက်ရွှမ်သည် သိမ်းငှက်ကြီးနားသို့ တစ်လှမ်း
ပြီးတစ်လှမ်းတိုးသွားသည်။ သိမ်းငှက်ကြီးသည် ဒေါသအရိပ်အယောင်ကို မပြသော်လည်း ရှောက်ရွှမ်သည် ထိုကဲ့သို့ ဧရာမသတ္တဝါကြီးနားကို သတိလက်လွတ်ဖြင့် ချဉ်းကပ်မသွားရဲပါ။ သူ့လက်ထဲတွင်လည်း ဓားမပါသောကြောင့် လုံးဝမပေါ့ဆရဲပေ။
ရှောက်ရွှမ်သည် သိမ်းငှက်ကြီးနားသို့ရောက်သောအခါ ရေခဲတုံးကို ၎င်း၏ပါးစပ်ထဲသို့ ပစ်ထည့်ပေးလိုက်ပြီး နောက်ကို လျင်မြန်စွာ ပြန်ဆုတ်လိုက်သည်။ သိမ်းငှက်ကြီးသည် ရေခဲတုံးကို ဝါးမစားတော့ဘဲ တစ်ခါတည်း မျိုချလိုက်သည်။ ထို့နောက် ပါးစပ်ကြီးကို ပြန်ဟလိုက်ပြန်သည်။
ရောက်ရွှမ်သည် နောက်ရေခဲတုံးတစ်တုံးကို ဖြတ်ယူလိုက်ပြီး သိမ်းငှက်ကြီး၏ ပါးစပ်ထဲသို့ ပစ်သွင်းလိုက်ပြန်သည်။ သိမ်းငှက်ကြီးကို ရေခဲတုံး၁၀ခါ ခန့်ပစ်ကျွေးလိုက်ရသည်။နောက်ဆုံးတွင်တော့ သိမ်းငှက်ကြီးသည် အတောင်ပံများကို ခါလိုက်ကာ မြေပြင်ပေါ်တွင် မတ်တပ်ရပ်လိုက်သည်။
သိမ်းငှက်ကြီးသည် အတောင်ပံများကို ခတ်၍ မိုးပေါ်သို့ ပျံတက်ရန် ပြင်သောအခါ သူ့ကိုယ်ပေါ်မှ
ရေခဲစများသည် ရှောက်ရွှမ်ပေါ်သို့ ပြုတ်ကျကုန်လေသည်။ ရှောက်ရွှမ်သည် ထိုရေခဲစများကို လက်ဖြင့် ဖယ်ရှားပစ်ရလေသည်။
ထိုအချိန်တွင် ရှောက်ရွှမ် တစ်စုံတခုကို စဉ်းစားမိလိုက်သည်။ သူ့အထင်မှာ ထိုသိမ်းငှက်ကြီးသည် သူတို့ကို သိမ်းငှက်တောင်သို့ ခေါ်ဆောင်လာသော သိမ်းငှက်ကြီးလို လူသားများနှင့် စိမ်းမနေပါ။ ၎င်းသည် ရှောက်ရွှမ်ကို မြင်သောအခါ အံ့သြသွားသည်မှာ ထိုတောင်ပေါ်တွင် လူသားတစ်ယောက်ကို မြင်တွေ့ရမည်ဟု မမျှော်လင့်ထားသောကြောင့် ဖြစ်သည်။
ထိုသိမ်းငှက်ကြီးသည် သူတို့မျိုးနွယ်စု၏ အမဲလိုက်နယ်ပယ်အနားတစ်ဝိုက်ရှိ တောတောင်များထဲတွင် နေနိုင်မည်လား။ ရုတ်တရက် စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို ရှောက်ရွှမ်တွေ့လိုက်ရသည်။သူသည် ရှေ့သို့ အနည်းငယ်လှမ်းသွားပြီး ခြေသည်းတစ်ခုကိုကြည့်လိုက်မိသည်။ ထိုခြေသည်းပေါ်တွင် မထင်ရှားသော အမှတ်အသားတစ်ခု ရေးဆွဲထားသည်ကို တွေ့လိုက်ရသည်။
ထိုအမှတ်အသားကို ရှင်းလင်းစွာ မမြင်ရသော်လည်း မီးတောက်ဦးချိုမျိုးနွယ်စု၏ အမှတ်အသားမှန်းတော့ သေချာသည်။
သိမ်းငှက်ကြီး၏ အပြုအမူတို့ကိုကြည့်ခြင်းအားဖြင့် ၎င်းသည် လူသားများနှင့် ဆက်နွယ်မှု ရှိရမည်ဟု ရှောက်ရွှမ်ထင်လိုက်သည်။ ချာချာ့လိုပင် ထိုသိမ်းငှက်ကြီး၏ မျက်လုံးများထဲတွင် လူသားများနှင့် ရင်းနှီးသော အရိပ်အယောင်များကို တွေ့ရသည်။ သူသည် လူသားများနှင့် တစ်ခါမက ဆက်ဆံဖူးရမည်။ သူသည် တခြားသိမ်းငှက်များမပြု လုပ်သော အပြုအမူတို့ကို ပြုလုပ်ခဲ့သည် မဟုတ်ပါလား။
သိမ်းငှက်ကြီးသည် ရေခဲတိုင်တစ်ခုဆီသို့ လေးလံစွာ လျှောက်လှမ်းသွားပြီး ရေခဲများကို ကိုက်စားလိုက်သည်။
ရှောက်ရွှမ်သည် သိမ်းငှက်ကြီးနောက်သို့ လိုက်သွားသည်။ သူသည် သိမ်းငှက်ကြီး ခြေသည်းပေါ်မှ အမှတ်အသားကို သေချာအောင် ကြည့်ချင်နေသေးသည်။
သို့သော် လက်သည်း၏ အပေါ်ယံအလွှာမှာ ကွာထွက်နေသဖြင့် အမှတ်အသားမှာ မပြည့်စုံတော့ပေ။ ရှောက်ရွှမ်သည် ကျန်ရှိနေသော အမှတ်အသား၏ အပိုင်းအစကို စိတ်ဖြင့် ခန့်မှန်းကြည့်နေသည်။
ထိုအမှတ်အသားသည် အခြားမျိုးနွယ်စုတစ်ခုမှ ပြုလုပ်ထားသော အမှတ်အသားဆိုတာကို သိသွားချိန်တွင် ရှောက်ရွှမ် အံ့သြသွားသည်။
သူသည် ဒီဘက်ကမ္ဘာကို ရောက်ဖူးတာ အတော်ကြာပြီ သို့သော် အခြားမျိုးနွယ်စု မှလူများကို တစ်ခါမှမမြင်ဖူးသေးပေ။
ရှောက်ရွှမ်သည် ထိုအမှတ်အသားပုံစံကို ဓားဖြင့် မြေကြီးပေါ်တွင် ရေးဆွဲလိုက်သည်။ သူ့ဘေးမှ သိမ်းငှက်ကြီးကတော့ စားသောက်၍ ပြီးသွားပြီဖြစ်သည်။ အခြေအနေလည်း ပိုကောင်းလာဟန်ရှိသည်။
သူသည်ခေါင်းငုံ့လိုက်ပြီး မြေပေါ်တွင် ပုံဆွဲနေသော ရှောက်ရွှမ်ကို ငုံ့ကြည့်လိုက်သည်။ အစပိုင်းတွင်တော့ သိမ်းငှက်ကြီးသည် တိတ်ဆိတ်နေ
သော်လည်း နောက်ပိုင်းတွင် ရှောက်ရွှမ် တစ်ချက်ဆွဲလိုက်တိုင်း တစ်ချက်အော်လိုက်ကာ သူ့လက်သည်းဖြင့် ပန်းချီပုံကို ခြစ်လိုက်သည်။
“မှားနေလို့လား…ငါထပ်ဆွဲမယ်…”
သို့သော် နောက်စုတ်ချက်များကိုဆွဲသော်လည်း သိမ်းငှက်ကြီးက အကြိမ်ကြိမ်ဖျက်ပစ်သည်။
“မှားနေသေးရင် ထပ်ဆွဲမယ်”
ရှောက်ရွှမ်သည် ထပ်ခါထပ်ခါ ရေးဆွဲသလို သိမ်းငှက်ကြီးကလည်း ထပ်ခါထပ်ခါ ဖျက်ပစ်သည်။ ခဏအကြာတွင်တော့ ထိုနားရှိရေခဲပြင်တွင် ကုတ်ခြစ်ရာများ ဗရပွ ဖြစ်ကုန်သည်။ ထိုအချိန်တွင် သိမ်းငှက်ကြီးသည် စိတ်မရှည်တော့။ ပုံများကို ကုတ်ခြစ်ခြင်းမပြုတော့ပဲ ရှောက်ရွှမ်ကို အော်သံတစ်ချက်ပေးလိုက်ကာ လည်ပင်းကို လှုပ်ခါလိုက်သည်။
“နေပါဦး…မင်းဘာဖြစ်ချင်တာလဲ”
သိမ်းငှက်ကြီး၏ အထိတ်တလန့် အပြုအမူကြောင့် ရှောက်ရွှမ် အလျင်စလို နောက်ဆုတ်လိုက်ရသည်။
“ဝေါ့…”
ရှောက်ရွှမ်ရှေ့သို့ အန်ဖတ်ပုံတစ်ပုံပြုတ်ကျလာသည်။ ရှောက်ရွှမ်သည် နည်းနည်းနှေးနေမည်ဆိုပါက ထိုအန်ဖတ်ပုံသည် သူ့ခေါင်းပေါ် ပြုတ်ကျလာမည် ဖြစ်သည်။
အံဖတ်များထဲတွင် သူမသိသော တိရစ္ဆာန်များ၏ အသားစများ ပါဝင်သည်။ရှောက်ရွှမ်နှုတ်ဆိတ်သွားသည်။
ရှောက်ရွှမ်သည် ထွက်ပြေးရကောင်းမလား စဉ်းစားနေသည်။ သို့သော် အံဖတ်ပုံထဲတွင် ကျောက်တုံးတစ်တုံးကို တွေ့လိုက်ရသည်။ ထိုကျောက်တုံးမှာ လက်ဝါးခန့်အရွယ်အစားရှိပြီး ညီညာစွာ အရောင်တင်ထားသည်။
ရှောက်ရွှမ်သည် ရွံရှာဖွယ်အံဖတ်များကို ဂရုမစိုက်နိုင်ဘဲ ထိုချောမွေ့နေသော ကျောက်တုံးကို ပြေး
ကောက်လိုက်သည်။
ကျောက်တုံးကို ကောက်ယူလိုက်ပြီး သိမ်းငှက်ကြီး၏ အမွှေးများနှင့် သုတ်လိုက်ကာ သေချာစွာ ကြည့်နေမိလိုက်သည်။
ကျောက်တုံးသည် အနက်ရောင်ဖြစ်ပြီး ညီညာချောမွေ့သည်။ မျက်နှာပြင်ပေါ်တွင် အဖြူရောင်အမှတ်အသားတစ်ခုကို ရေးဆွဲထားသည်။ သိမ်းငှက်ကြီး၏လက်သည်းပေါ်မှ အမှတ်အသားနှင့် ထိုကျောက်တုံးပေါ်မှ အမှတ်အသားတို့မှာ အတူတူပင်ဖြစ်ရမည်ဟု ရှောက်ရွှမ်ထင်လိုက်သည်။
ထိုအမှတ်အသားသည် တိမ်တိုက်တစ်ခုနှင့်တူသည်။ အသုံးပြုထားသော ရောင်ခြယ်ပစ္စည်းမှာ ထူးဆန်းသည်။ သိမ်းငှက်ကြီး၏ ဗိုက်ထဲရောက်သွားတာတောင် ကျောက်တုံးပေါ်မှ အမှတ်အသားသည် မပျက်မစီး အကောင်းအတိုင်းရှိနေသည်။
ရှောက်ရွှမ်သည် သိမ်းငှက်ကြီး ထိုကျောက်တုံးကို ဘာလို့မျိုချသလဲ မသိသလို့ ဘာလို့အန်ထုတ်ပေးသလဲဆိုတာကိုလည်း စိတ်မဝင်စားပေ။ သူ
စိတ်ဝင်စားသည်မှာ အမှတ်အသားနှင့် ကျောက်တုံးသည် ဘယ်ကလာသလဲဆိုတာကိုပဲ ဖြစ်သည်။
သိမ်းငှက်ကြီးက ကျောက်တုံးကို တည်ငြိမ်စွာကြည့်နေသည်။
သိမ်းငှက်ကြီးသည် စကားမပြောနိုင်သဖြင့် ရှောက်ရွှမ်သည် ၎င်းဘာကိုဆိုလိုသလဲ နားမလည်ပေ။ ခန္ဓာကိုယ်လှုပ်ရှားမှုများကို အခြေခံ၍ သိမ်းငှက်ကြီး ဘာကိုဆိုလိုချင်တာလဲ ခန့်မှန်းယူရသည်။ ရှောက်ရွှမ်သည် အမှတ်အသားကို အကြိမ်ကြိမ်မှားယွင်းစွာရေးဆွဲနေသဖြင့် အမှန်ကို ပြရန် သိမ်းငှက်ကြီးသည် ကျောက်တုံးကို အန်ထုတ်လိုက်ခြင်းဖြစ်သည်။
ကျောက်တုံးမှာ အလွန်ကောင်းပါသည်။ အရည်အသွေးကောင်းသော သဘာဝကျောက်တုံးတစ်ခုခုမှ ဖြတ်တောက်ထားခြင်း ဖြစ်မည်။
ကျောက်တုံးသည် အရည်အသွေးကောင်းသလို အမှတ်အသားရေးဆွဲရန် သုံးသော ရောင်ခြယ်ပစ္စည်းမှာလည်း အကောင်းစားဖြစ်သဖြင့် ထိုအမှတ်အသား
သည် ရေးဆွဲသူအတွက် တော်တော် အသုံးဝင်မည် ဖြစ်သည်။ ကျောက်တုံးကို မြင်ရသောအခါ ရှောက်ရွှမ်သည် ရေးဆွဲသူ၏ ထိုအမှတ်အသားပေါ်ထားသော လေးစားမှုကို သိလိုက်ရသည်။
ထိုသိမ်းငှက်ကြီးသည် ချာချာ့လို လူသားမျိုးနွယ်များနှင့် အတူနေခဲ့သလား ရှောက်ရွှမ်မသိပေ။ အမှတ်အသားကို ထွင်း၍မရသောကြောင့် လက်သည်းပေါ်တွင် ရေးဆွဲပေးလိုက်ခြင်းဖြစ်ဟန်တူသည်။
ရှောက်ရွှမ်သည် သူ့မျိုးနွယ်စုနေထိုင်ရာ တောင်နားမှ ဂူများထဲတွင် ထိုအမှတ်အသားကို မတွေ့ဖူးပေ။ သို့သော် ဘိုးဘေးများထားခဲ့သော သားရေချပ်များထဲတွင် ထိုအမှတ်အသားနှင့် သက်ဆိုင်သည့် အချက်အလက်တချို့ကို ရှာတွေ့နိုင်သည်။ မျိုးနွယ်စုဆီပြန်ရောက်သည့်အခါ နတ်ဆေးဆရာကို ထိုအမှတ်အသား ပုံစံရေးဆွဲပြရမည်။
ထိုကဲ့သို့ စဉ်းစားပြီးနောက် ရှောက်ရွှမ်သည် ကျောက်တုံးကို သိမ်းငှက်ကြီးအား ပြန်ပေးလိုက်သည်။ သို့သော် သိမ်းငှက်ကြီးက ခေါင်းငုံ့လိုက်ပြီး ကျောက်တုံးကို ရှောက်ရွှမ်ဘက်သို့ နှုတ်သီးဖြင့် ပြန်
တွန်းထုတ်လိုက်သည်။
ရှောက်ရွှမ်က အသံတိုးတိုးဖြင့် “ငါ့ကိုပေးမလို့လား” ဟုမေးလိုက်သည်။ ထိုနားတွင် ဟိုဟိုဒီဒီလျှောက်နေသော သိမ်းငှက်များလည်းရှိနေသည်။ ရှောက်ရွှမ်သည် သူတို့ကို အနှောင့်အယှက်မပေးချင်ပါ။
သိမ်းငှက်ကြီးသည် အော်သံတစ်ချက်ပေးလိုက်ပြီး သူ့ခေါင်းကို လှည့်လိုက်သည်။ ထို့နောက် သူစားနေသာ ရေခဲတိုင်ကြီးရှိရာသို့သွားပြီး ရေခဲတိုင်ကြီးကို မှီလိုက်သည်။ သူ့မျက်လုံးများမှာ ကြည်လင်တောက်ပလာပြီး အသက်ရှူသံလည်း ပြင်းထန်လာသည်။ သူ့တွင် ပြင်းထန်သောဒဏ်ရာ မရှိပါ၊ အရိုးကျိုးခြင်းလည်း မရှိပါ။ သူသည် အလွန်မောပန်းနေခြင်းသာ ဖြစ်သည်။ မောပန်းလွန်းသဖြင့် မတ်တပ်ပင်ကောင်းကောင်း မရပ်နိုင်ပေ။
ရေခဲတိုင်ကိုမှီရင်း သူသည် ရေခဲတိုင်ကို လွယ်ကူစွာ ကိုက်စားနိုင်လေသည်။ ရှောက်ရွှမ်သည် ပြုံးရင်း ခေါင်းခါလိုက်မိသည်။ ထိုသိမ်းငှက်ကြီးသည် အခက်အခဲပေါင်း များစွာကို ကျော်လွှား၍ ခရီးအဝေးကြီးကို ပျံသန်းလာရခြင်းဖြစ်မည်။
ရှောက်ရွှမ်သည် ကျောက်တုံးကို တစ်ချက်ကြည့်လိုက်ပြီး သားရေအိတ်ထဲသို့ ထည့်လိုက်သည်။ မျိုးနွယ်စုဆီပြန်ရောက်သည့်အခါ နတ်ဆေးဆရာကို ပြသမည်ဖြစ်မည်။ ဘိုးဘေးများထားခဲ့သော သားရေချပ်များထဲမှ ထိုကျောက်တုံးနှင့် ဆက်စပ်သော အချက်အလက်များကို ရှာတွေ့ခဲ့ပါက ကောင်းလိမ့်မည်ဟု ရှောက်ရွှမ်တွေး လိုက်မိသည်။
ရှောက်ရွှမ်သည် တခြားကျောက်တုံးတစ်ခုရှာ၍ သူ့မျိုးနွယ်စု၏ နတ်ရုပ်ပုံကို ရေးဆွဲကာ အလဲအလှယ်အနေဖြင့် သိမ်းငှက်ကြီးကို ပေးလိုက်ရန် စိတ်ကူးမိသည်။ သို့သော် သေချာပြန်စဉ်းစားပြီးသောအခါ သူ့မျိုးနွယ်စုနှင့် ထိုမျိုးနွယ်စုတို့သည် ရန်သူဖြစ်နေမှာကို စိုးရိမ်သွားသည်။ ထို့ကြောင့် သူအလျင်စလို မပြုမူတော့။
ထိုနားတဝိုက်တွင် တောင်သိမ်းငှက်ကြီးများ ဟိုဟိုဒီဒီ ပျံသန်းနေကြသည်။ တချို့က တစ်ကောင်တည်း ပျံသန်းကြပြီး တချို့က အုပ်စုလိုက် ပျံသန်းနေကြသည်။ သူတို့သည် ရှောက်ရွှမ်ကို သတိပင်မထားမိပေ။
ထို့နောက်တွင်တော့ သိမ်းငှက်များသည် တိတ်ဆိတ်သွားကြသည်။ ရှောက်ရွှမ်နားတွင် ရှိနေသော သိမ်းငှက်ကြီးသည်လည်း တိတ်ဆိတ်သွားသည်။ ထိုသိမ်းငှက်ကြီးသည် ရေခဲများကို စားနေပြီး ရေခဲတိုင်ကြီးဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။ သူ့ကိုကြည့်ရသည်မှာ ကမ္ဘာကြီးနှင့် အဆက်အသွယ်မလုပ်လိုသည့်ဟန် ဖြစ်နေသည်။ ရှောက်ရွှမ်ကတော့ ရံဖန်ရံခါတွင် ထိုသိမ်းငှက်ကြီးကို အသံတိုးတိုးဖြင့် လှမ်းစကားပြောသည်။
မြူများပါးသွားသောအခါ သိမ်းငှက်ကြီးများ ထွက်ခွာရန် အချိန်ကျပြီဟု ရှောက်ရွှမ် သိလိုက်သည်။ ရေခဲပြင်ပေါ်သို့ နေရောင်ခြည်ကျရောက်လာပြီး မြူများပျောက်ကွယ်သွားလေပြီ။ သိမ်းငှက်များ၏ တေးဆိုသံထွက်ပေါ်လာသည်။
“ဝှစ်…ဝှစ်”
သိမ်းငှက်ကြီးများသည် တစ်ကောင်ပြီးတစ်ကောင် ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။ သိမ်းငှက်များသည် ပျော်ရွှင်နေကြသဖြင့်
အသံကျယ်ကြီးများဖြင့် အော်ဟစ်နေကြသည်။ ဘဝအသစ်တစ်ခုကို ရလိုက်သလို အောင်ပွဲခံနေကြသည်။
“ကျောင်း…”
ရှောက်ရွှမ်ဘေးတွင် ရပ်နေသော သိမ်းငှက်ကြီးသည် အော်သံတစ်ချက်ပေးလိုက်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။
“ကံကောင်းပါစေကွာ” ရှောက်ရွှမ်က သိမ်းငှက်ကြီးကို နှုတ်ဆက်လိုက်သည်။
“ကျောင်း…”
သိမ်းငှက်နောက်တစ်ကောင်က အော်လိုက်သည်။ သို့သော် ရှောက်ရွှမ်ဘေးတွင် ရပ်နေသော သိမ်းငှက်ကြီး၏ အော်သံမဟုတ်ဘဲ ကောင်းကင်ပေါ်မှ လာသောအသံ ဖြစ်သည်။
ရှောက်ရွှမ်သည် ပါးစပ်ထဲသို့ လက်ချောင်းများထည့်လိုက်ကာ လက်ခေါက်မှုတ်လိုက်သည်။ အ
မည်းရောင်အရိပ်တစ်ခုသည် ပျံသန်းနေသော သိမ်းငှက်အုပ်ကြီးမှ ခွဲထွက်လာပြီး ရှောက်ရွှမ်ဆီသို့ ဦးတည်ပျံသန်းလာသည်။ မတွေ့ရသည်မှာ ကြာသဖြင့် ရှောက်ရွှမ်သည် ချာချာ့ကို သိပ်ပင်မမှတ်မိချင်တော့။
ရှောက်ရွှမ် ချာချာ့ကို နောက်ဆုံးမြင်လိုက်ရတုန်းက ထိုမျှအကောင်မကြီးသေးပါချေ။ အခုတော့ ၎င်းသည် အကောင်၂ဆပိုကြီးလာကာ အရပ်အမြင့်မှာလည်း ၃မီတာခန့်ရှိနေပြီ ဖြစ်သည်။
ရေခဲပြင်တွင်နေကြသော သိမ်းငှက်များသည် ချောက်ကြီးဆီသို့ ပျံသန်းသွားကြသည်။ ရှောက်ရွှမ်နှင့် ချာချာကတော့ သူတို့မျိုးနွယ်စုဆီသို့ ပြန်ရတော့မည် ဖြစ်သည်။
ကောင်းကင်ပေါ်မှ နောက်အော်သံတစ်ခုထွက်ပေါ်လာသည်။ ထိုအသံမှာ သူတို့ကို သိမ်းငှက်တောင်သို့ခေါ်လာပေးသော သိမ်းငှက်ကြီး၏ အော်သံဖြစ်သည်။ သူ့ကိုယ်လုံးကြီးမှာလည်း ၂ဆခန့်ကြီးထွားလာပြီး လက်သည်းများမှာလည်း ပို၍ချွန်ထက် လာသလို၊ နှုတ်သီးကြီးမှာလည်း အရင်ထက် ပိုထက်
လာသည်။ အသက်အရွယ်အိုစာနေသည့် ပုံလည်းမပေါက်တော့ပေ။ အကျဉ်းချုပ်ပြောရလျှင် ငယ်မူငယ်သွေးပြန်ရနေပြီ ဖြစ်သည်။
သိမ်းငှက်ကြီးသည် ရှောက်ရွှမ်နှင့် ချာချာတို့ကို အော်သံတစ်ချက်ပေးလိုက်ကာ အဝေးသို့ ပျံထွက်သွားသည်။ ခဏအကြာတွင် ကောင်းကင်ပေါ်မှ ပျောက်ကွယ်သွားသည်။
“ပြန်ကြစို့” ရှောက်ရွှမ်သည် အတောင်ပံများခတ်ပြနေသော ချာချာ့ကို ပုတ်ရင်း ပြောလိုက်သည်။ ထို့နောက်သူတို့သည် မက်စောက်သော ဆင်ခြေလျောဆီသို့ လျှောက်သွားကြသည်။
အခုတော့ ရှောက်ရွှမ်သည် ချာချာ့ခြေသည်းကို ဆွဲ၍ လိုက်ရန်မလိုတော့။ ချာချာ့ကျောပေါ်မှ လိုက်ပါနိုင်ပြီဖြစ်သည်။ သို့သော် ချာချာ့ကျောပေါ်မတက်ရန် ပစ္စည်းတစ်ခုကို ယူရဦးမည်။
“နေဦး…ငါယူစရာတစ်ခုရှိသေးတယ်”
ရှောက်ရွှမ်သည် မက်စောက်သောဆင်ခြေလျောအတိုင်း လျှောက်သွားပြီး တစ်နေရာတွင် ရပ်တန့်
လိုက်သည်။ ထို့နောက် အစွယ်ဓားဖြင့် မြေကြီးကို တူးဆွလိုက်သည်။ ချာချာကလည်း သူ့လက်သည်းများဖြင့် ကူတူးလေသည်။
အရင်ကဆိုလျှင် ချာချာသည် သူ့လက်သည်းများဖြင့် ခပ်တိမ်တိမ်သာ တူးနိုင်လေသည်။ အခုတော့ သူ့လက်သည်းများသည် ကျောက်တုံးကြီးတစ်တုံးကိုပင် လွယ်ကူစွာ ဖယ်ရှားပစ်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။ သူ့အတွက် ရေခဲတုံးများကို ခြစ်ထုတ်ရခြင်းမှာ ပဲမုန့်တစ်ခုကို ခြစ်ထုတ်ရသလို လွယ်ကူသွားပြီဖြစ်သည်။
မကြာမီတွင် ပိုးကောင်ဖြူများ၏ အရေခွံများနှင့် ရှောက်ရွှမ်မြုပ်နှံထားသော ပိုးချည်မျှင်များကို တူးယူနိုင်လိုက်သည်။
အရေခွံများနှင့် ပိုးချည်မျှင်များမှာ အကောင်းအတိုင်းပင်ရှိနေသေးသည်။
“ဒီပစ္စည်းတွေက အရေးကြီးတယ်…မင်းသယ်လာပေးမလား” အရေခွံသုံးလိပ်ကို ကိုင်ထားသော ရှောက်ရွှမ်က ချာချာ့ကို မေးလိုက်သည်။
“ကျောင်း…”
“အိုကေ…သွားကြမယ်”
သားရေလိပ်သုံးလိပ်နှင့် ပိုးချည်မျှင်များကို သယ်ဆောင်လာသော ရှောက်ရွှမ်သည် ချာချာ့ကျောပေါ်သို့ တက်လိုက်သည်။
“ထွက်တော့”
“ကျောင်း…”
အော်သံတစ်ချက်ပေးပြီး ချာချာသည် ကမ်းပါးစွန်းမှ အောက်သို့ခုန်ချလိုက်သည်။ ရှောက်ရွှမ်သည် တောင်ထိပ်ကို နောက်ပြန်လှည့်ကြည့်လိုက်သည်။ တောင်ထိပ်သည် တိမ်များ၊မြူခိုးများနှင့် အုံ့ဆိုင်းလျက်ရှိသည်။
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာမှ စတင်၍ တောင်ထိပ်မှ ရေခဲပြင်ကြီးသည် အသစ်များကို ကြိုဆိုခြင်းနှင့် အဟောင်းများကို နှုတ်ဆက်ခြင်း
သံသရာတွင်လည်ခဲ့သည်။ သိမ်းငှက်များသည် ဟောင်းနွမ်းသော ခန္ဓာကိုယ်များနှင့် ရောက်လာကြပြီး စိတ်သစ်ကိုယ်သစ်ဖြင့် ပြန်လည်ထွက်ခွာသွားကြလေသည်။