← Chapters

အိမ်အပြန်

Vol. 10 Ch. 145

အိမ်အပြန်

Vol. 10 Ch. 145

ချာချာသည် အခြား တောင်သိမ်းငှက်ကြီးများလောက် မပြောင်းလဲသော်လည်း ယခုခရီးသည် သူ့အတွက် အတော်အကျိုးရှိလေသည်။ ခန္ဓာကိုယ်အရွယ်အစား ကြီးမားလာခဲ့သလို ပျံသန်းသည့် အမြန်နှုန်းလည်း မြင့်တက်လာခဲ့သည်။ လူတစ်ယောက်နှင့် လေးလံသော ပစ္စည်းအချို့ကို ကျောပေါ်တင်၍ လွယ်ကူစွာ ပျံသန်းနိုင်လေသည်။

တောင်အောက်ကို ဆင်းလာချိန်တွင် ရှောက်ရွှမ်သည် အခြားသိမ်းငှက်ကြီး များ၏အရိပ်အယောင်ကို မတွေ့ခဲ့ပေ။ ၎င်းတို့အတွက် အိမ်ပြန်ချိန်ရောက်လေပြီ။

သူတို့နေထိုင်ရာဒေသသို့ မရောက်မချင်း တစ်ကောင်နှင့် တစ်ကောင်တိုက်ခိုက်မည် မဟုတ်ပါ။ ထိုအချိန်တွင် သူတို့သည် အောက်မေ့ဖွယ် စကားတို့ကို ပြန်ပြောချင် ပြောမိလိမ့်မည်။ “မင်းပါလား…ငါတို့ သိမ်းငှက်တောင်ကို အတူတူဝင်ခဲ့ကြတာလေ…

အပတ်စဉ်တူတူပဲ”

တစ်ကောင်နှင့် တစ်ကောင် တသက်ပတ်လုံး ပြန်တွေ့ချင်မှ လည်း တွေ့တော့မည်။ ဒဏ္ဍာရီလာသိမ်းငှက်ကြီးများကို မြင်ဖူးလိုက်သဖြင့် ရှောက်ရွှမ်သည် ဤခရီးကို ကျေးဇူးတင်ရမည်။ သိမ်းငှက်များ အထွဍ်အမြတ်ထားရာနေရာကိုလည်း ရောက်ဖူးခဲ့သလို သူတို့၏ အသွင် ပြောင်းလဲခြင်းကိုလည်း မြင်ဖူးလိုက်ရသည်။ ထို့ပြင် ရှားပါးပစ္စည်းတချို့ကိုလည်း ရရှိခဲ့သည်။ ထို့ပြင် ပြင်ပမျိုးနွယ်စု တစ်ခု၏ အမှတ်အသားကိုလည်း သူမြင်ဖူးခဲ့ရသည်။ ထို့ကြောင့် ဤခရီးသည် သူ့အတွက် တော်တော်အကျိုးရှိသော ခရီးတစ်ခုဖြစ်သည်။

ချာချာသည် ပိုကြီးထွားလာပြီး ပျံသန်းနှုန်းပိုမြန်လာသော်လည်း ဧရာမသိမ်းငှက်ကြီး တစ်ကောင်ကောင်၏ အစောင့်အရှောက်မပါတော့သောကြောင့်

အခြားသားရဲများ၏ ဘေးရန်ကိုတော့ ရှောင်လွှဲ၍ မရသေး။ ထို့ကြောင့် အပြန်ခရီးသည် အလာတုန်းကထက် ပိုကြာနေသည်။

သို့သော် ရှောက်ရွှမ်ကတော့ အပြန်ခရီးတွင် ဖြစ်

ပေါ်သော တိုက်ခိုက်မှုများအတွက် စိတ်လှုပ်ရှားနေသည်။ တောင်ထိပ်က ရေခဲပြင်ပေါ်တွင် ရှိနေစဉ်တုန်းက သူသည် ရေခဲများမှ စွမ်းအင်ကိုစုပ်ယူရင်းသာ အချိန်တွေကို ဖြုန်းပစ်ခဲ့ရသည်။ သိမ်းငှက်များ ပြန်ရောက်မလာခင်အချိန်ထိသာ သူသည် လွတ်လွတ်လပ်လပ်နေခဲ့ရသည်။ ရေခဲပြင်ပေါ်သို့ သိမ်းငှက်များပြန်ရောက်လာသောအခါ သူဟိုဟိုဒီဒီ လျှောက်မသွား ရဲတော့ပေ။

ထိုရေခဲပြင်ပေါ်တွင် နေခဲ့သောအချိန်အတွင်းတွင် ရှောက်ရွှမ်၏ နတ်အမှတ်အသားသည် တံတောင်ဆစ်ကအထိရောက်ရှိသွားသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် အပြန်ခရီးတွင် ကြောက်မက်ဖွယ်သားရဲများနှင့် တိုက်ခိုက်ချင်နေခြင်း ဖြစ်သည်။ သို့သော် သူ့ထက် အင်အားကြီးသော သားရဲများကို စိန်ခေါ်ရလောက် အောင်တော့ သူ မမိုက်မဲပါချေ။ မမျှော်လင့်ထားသာရန်သူများမှ လွဲ၍ ကျန်သည့် ပြိုင်ဘက်များကို ရှောက်ရွှမ်သည် သူ့တိုက်ခိုက်နိုင်စွမ်းနှင့် ချိန်၍ ရွေးချယ်ခြင်းဖြစ်လေသည်။

ရှောက်ရွှမ်သည် သားရဲများကြောင့် ဒဏ်ရာ

အကြိမ်ကြိမ်ရခဲ့သည်။ သားရဲများ၏တိုက်ခိုက်မှုကြောင့် သေလောက်သောဒဏ်ရာများကိုလည်း ရခဲ့သည်။ ထိုသို့ဘေးဒုက္ခများကို အလာခရီးတွင် မကြုံရခြင်းမှာ အတွေ့အကြုံရင့်ကျက်သော သိမ်းငှက်ကြီး၏ စောင့်ရှောက်မှုကြောင့် ဖြစ်သည်။ မဟုတ်လျှင်တော့ ရှောက်ရွှမ်နှင့် ချာချာတို့သည် အခုအချိန်လောက်ဆို ကြောက်မက်ဖွယ်သားရဲများ၏ သားရဲတွင်းထဲသို့ ရောက်နေလောက်ပြီ ဖြစ်သည်။

ထိုနေရာရှိ တောတောင်များသည် မည်မျှ အန္တရာယ်များကြောင်းရှောက်ရွှမ်လည်း မခန့်မှန်းနိုင်ပါ။ ဒီခရီးကို ချာချာနှင့်အတူထွက်လာရန် ဆုံးဖြတ်လိုက်ခြင်းမှာ အတော်နမော်နမဲ့နိုင်သည့် ဆုံးဖြတ်ချက်ပင်ဖြစ်သည်။

သေဘေးနှင့်နီးသော တိုက်ပွဲများကို တိုက်ခိုက်ရင်း တဖြည်းဖြည်းနှင့် သတိဝီရိယအားတို့ ပိုကောင်းလာခဲ့သည်။ ကာလကြာရှယ်စွာ မတိုက်ခိုက်ဘဲ နေနေပါက တိုက်ခိုက်တတ်သော ဗီဇတို့ အားနည်းကုန်မည်ဖြစ်သည်။ တိုက်ပွဲတစ်ပွဲပွဲဆင်နွှဲမှသာ တိုက်ခိုက်တတ်သော အတွေ့အကြုံတို့ကို ပြန်လည်ရရှိမည်ဖြစ်သည်။

သို့သော် ချာချာသည် သစ်ကိုင်းနှင့်တူသော မြွေများကို ရင်ဆိုင်ရာတွင် ကြမ်းတမ်းရက်စက်ပြီး အငြိုးတကြီး တိုက်ခိုက်တတ်သည်။ အပြန်ခရီးတွင် အကောင်သေးငယ်သောမြွေများကို အစာအဖြစ်ရှာဖွေစားသောက်သော်လည်း အကောင်ကြီးများကိုတော့ မယှဉ်နိုင်သေးပေ။

တစ်နှစ်လောက် ရေခဲများကို စားလာခဲ့ရသဖြင့် ရှောက်ရွှမ်သည် အသားကင်များကို ပြန်စားရသောအခါ မျက်ရည်ကျလုမတတ်ပင်ဖြစ်ခဲ့ရသည်။ ချာချာလည်း သူ့လိုပင်ဖြစ်သည်။ ချာချာသည် သူ့အသားကင်များကို စားရာတွင် အခြားလူတစ်ယောက်က လုစားနေသကဲ့သို့ အလောတကြီးနှင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် စားနေလေသည်။

နေ့ရက်များကို တွက်ကြည့်လိုက်သောအခါ သူတို့သည် မျိုးနွယ်စုဆီသို့ ဆောင်းဝင်သောအချိန်လောက်တွင် ပြန်ရောက်မည်ဟု ရှောက်ရွှမ်သိလိုက်သည်။

“လောင်ခဲ့နှင့် မျိုးနွယ်စုထဲက လူတွေကို သတိမရဖူးလား” ရှောက်ရွှမ်သည် အသားများကို စားနေသော ချာချာ့ကို မေးလိုက်သည်။

ချာချာသည် စားသောက်ခြင်းကို ရပ်လိုက်ပြန်း ပြန်စဉ်းစားနေသည်။ ထို့နောက် တစ်ချက်အော်လိုက်ပြီး အသားစများကို လောဘတကြီးနှင့် ကြောက်စရာကောင်းလောက်အောင် ဆုတ်ဖြဲနေပြန်သည်။

ချာချာသည် မျိုးနွယ်စုဆီသို့ ပြန်ရောက်သောအခါတွင် အောင်မြင်စွာ တံဆိပ်နှိပ်ပြီးသော သားရဲများကို ပြန်လက်စားချေရန် တွေးနေခြင်းဖြစ်ပေလိမ့်မည်။

“ဖုန်းဆိုးမြေ”ကို သူတို့ပြန်ရောက်လာသောအခါ ရှောက်ရွှမ်နှင့် ချာချာတို့သည် မျိုးနွယ်စုဆီသို့ အမြန်ပြန်ချင်လာကြသည်။ သို့သော် ပေါ့တော့မပေါ့ဆရဲကြပါ။

ဆူးတောကြီးဖြတ်ကျော်လာပြီးနောက် အမဲလိုက်ရာ တတိယနယ်ပယ်ထဲသို့ ရောက်လာကြသည်။ အမဲလိုက်အဖွဲ့ကိုတော့ မတွေ့တော့ပေ။ ပြန်သွားပြီ ဖြစ်မည်။ ဂူထဲက ခြေရာလက်ရာများကို ကြည့်ပြီး

နောက် ထိုအဖွဲ့ပြန်သွားသည်မှာ သုံးလေးရက်ခန့် ကြာပြီဖြစ်ကြောင်း သိနိုင်သည်။ အမဲလိုက်သောနေရာသည် အန္တရာယ်များသော်လည်း အမဲလိုက်အဖွဲ့၏ ခြေရာလက်ရာများကိုတွေ့မြင်လိုက်ရသော ကြောင့် သူတိုစိတ်သက်သာရာ ရသွားသည်။

ရှောက်ရွှမ်နှင့်ချာချာတို့သည် ဂူထဲတွင် တစ်ညခန့်အနားယူပြီးနောက် နောက်တစ်နေ့တွင် ဆက်လက်ခရီးသွားကြလေသည်။ အမဲလိုက်သည့် ပထမနယ်ပယ်နှင့် ဒုတိယနယ်ပယ်တို့ကို ပိုင်းခြားထားသော တောင်ကြီးမှာ အလွန်ကြီးမားသည်ဟုမြင်ခဲ့ကြသော်လည်း သိမ်းငှက်တောင်နားတဝိုက်မှ တောင်များကို မြင်ပြီးချိန်တွင်တော့ သူတို့ အမြင်များပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

တောင်တက်လမ်းအတိုင်း လမ်းလျှောက်မနေတော့ဘဲ တောင်ပေါ်ကို တိုက်ရိုက်တက်လာခဲ့ကြသည်။ တိမ်လွှာများကို ဖြတ်ကျော်ပျံသန်းလာပြီးနောက် ရေခဲတမျှအေးစက်သော မြူများကို ရင်ဆိုင်ရပြန်သည်။

“လာပါ…ငါတို့ဖြတ်ကျော်နိုင်ပါတယ်”

“ကျောင်း…”

တောင်ထိပ်ပေါ်တွင် ရပ်လိုက်သောအခါ ရှောက်ရွှမ်သည် ရင်ဘတ်တွင် တင်းကြပ်မှုမျိုးကို မခံစားရသလို အလွန်နိမ့်ကျသော အပူချိန်ကိုလည်း အခက်အခဲမရှိရင်ဆိုင်နိုင်ခဲ့သည်။ ထိုပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်အောင် အခက်အခဲမရှိပြောင်းလဲနိုင်ခဲ့သည်။

“အိမ်ပြန်ကြရအောင်” ရှောက်ရွှမ်က ပြောလိုက်သည်။

ချာချာသည် မြေပြင်ကို သူ့ခြေထောက်များနှင့် တွန်းကန်လိုက်ရင်း အတောင်ပံများကို ခတ်ကာ စတင်ပျံသန်းလိုက်သည်။

မျိုးနွယ်စုထဲတွင်တော့ အောက်ပါအခြေအနေများ ဖြစ်ပေါ်နေသည်။

ယခုနှစ်အတွက် အမဲလိုက်ခြင်း လုပ်ငန်းစဉ်ပြီးဆုံးလေပြီ။ ကျရောက်လာတော့မည် ဆောင်းရာသီ

အတွက် အိမ်ခေါင်မိုးများကို ပြင်ဆင်နေကြသည်။ နောက်တစ်နေ့တွင် ဆောင်းဝင်လာတော့မည်ဖြစ်သောကြောင့် နတ်ဆေးဆရာက အချိန်မီလုပ်ကြရန် သူတို့ကို ပြောထားသည်။

လောင်ခဲ့ကတော့ ဆီဇာ့ကျောပေါ်တွင်ထိုင်ရင်း ပြတင်းပေါက်မျာကို ယခင်ထက် ပိုလုံခြုံအောင် ပြုလုပ်နေသည်။ ခဏကြာတော့ လောင်ခဲ့သည် သက်ပြင်းချလိုက်ပြီး ဆီဇာ့ကျောပေါ်မှ ဆင်းလိုက်သည်။ ကျောက်တူကို မြေပေါ်သို့ ပစ်ချလိုက်ပြီး ထိုင်ချလိုက်ကာ အဝေးသို့ ဆွေးမြေ့စွာ ကြည့်နေလေသည်။

“ဆီဆာရေ…ရှောက်ရွှမ်ဘယ်တော့မှ ပြန်လာမှာလဲကွာ…အခုတောင် ဆောင်းဝင်နေပြီ” လောင်ခဲ့က ဆီဆာကိုမေးသည်။

ဆီဆာကလောင်ခဲ့ပြောသည်ကိုနားလည်ဟန်ရှိသည်။ နားရွက်များကို ခတ်ပြီး သူသည် အိမ်ထဲတွင် လှည့်ပတ်အနံ့ခံနေသည်။ ထို့နောက် လောင်ခဲ့ဘေးတွင် လာဝပ်နေလေသည်။

“အားရွှမ်သာ ထွက်မသွားဘူးဆိုရင် အမဲလိုက်လမ်းကြောင်းအသစ်ကို စထွက်တဲ့ လူ၃၀ထဲမှာ သူပါမှာပဲ၊ နတ်ဆေးဆရာကက သူ့ကို ရွေးမှာသေချာတယ်၊ အခု သူမရှိတော့ လဲ့ကို ရွေးလိုက်လိုက်ရတာပေါ့…စိတ်ပျက်စရာ ကောင်းလိုက်တာကွာ” လောင်ခဲ့က ဆီဆာကို ပြောနေသည်။

အမဲလိုက်လမ်းကြောင်းအသစ်တွင် ပါဝင်ရခြင်းမှာ မျိုးနွယ်စုစစ်သည်တစ်ယောက် အတွက် ဂုဏ်ယူစရာပင်ဖြစ်သည်။ ထိုလူ၃၀တွင် ပါခွင့်ရရန် အမဲလိုက်အဖွဲ့၂ဖွဲ့မှ လူများသည် တိုက်ခိုက်ယှဉ်ပြိုင်ကြသည်ဟုဆိုသည်။ တောင်ခြေတွင် နေသော လူများပင် သူတို့၏ တိုက်ခိုက်သံများကို ကြားနေရသည်။

နတ်ဆေးဆရာကလည်း သူတို့ရန်ပွဲကို ဝင်ရောက် မဖြန်ဖြေပေးဘဲ တိတ်တဆိတ်ကြည့်နေသည်။ ထို့ကြောင့် တိုက်ခိုက်မှုတွင် အနိုင်ရသူများကို လူ၃၀တွင် ပါဝင်ရန် နတ်‌ဆေးဆရာက ရွေးချယ်ခဲ့သည်ဟု ဆိုကြသည်။

သို့သော် တောင်ခြေတွင် နေကြသောသူများသည် ထိုအဖြစ်အပျက်များကို မမြင်ခဲ့ရပေ။ သူတို့သည်

တဆင့်စကားများနှင့် အထင်များကို မူတည်၍ ပြောနေကြခြင်းသာ ဖြစ်သည်။

သို့သော် ရှေးဓလေ့ထုံးတမ်းများအရဆိုလျှင်တော့ သူတို့၏ ထင်မြင်ချက်များမှာ မှန်ကန်သည်ဟုဆိုနိုင်သည်။ သို့သော် တကယ့်အဖြစ်အပျက်အမှန်ကိုတော့ လူအနည်းငယ်သာ သိထားသည်။

“လောင်ခဲ့ရေ…ဒီမှာ စားစရာတွေဗျ”

ထွော်သည် နတ်ဆေးဆရာပြောထားသည့်အတိုင်း အသင့်ပြင်ထားသော စားစရာများကို ယူဆောင်လာခဲ့သည်။

ထွော်သည် လောင်ခဲ့ပြောနေသော စကားများကို ကြားနေရသည်။ တောင်ပေါ်တွင်နေသူလည်းဖြစ် ရွေးချယ်ခံရသော လူ၃၀တွင်ပါဝင်သူလည်း ဖြစ်သဖြင့် ထွော်သည် အခြားလူများမသိသေးသော အမှန်တရားကို သိထားလေသည်။

ထိုအချိန်တွင် မျိုးနွယ်စုအကြီးအကဲ၊ နတ်ဆေးဆရာ၊ အဖွဲ့ခေါင်းဆောင်၂ယောက် နှင့် သြဇာရှိသော လူကြီးများသည် အမဲလိုက်လမ်းကြောင်း

အတွက် လူ၃၀ ကိုရွေးချယ်ရန် ဆွေးနွေးရင်း အငြင်းအခုန်ဖြစ်နေကြသည်။ အငြင်းအခုန်ဖြစ်ခြင်းမှ ခိုက်ရန်ဖြစ်ပွားခြင်းသို့ ပြောင်းလဲသွားခြင်းမှာ မျိုးနွယ်စုထဲမှ လူများ၏ ထုံးစံဖြစ်လေသည်။

ထို့နောက်တွင်တော့ အဖွဲ့၂ဖွဲ့၏ ရန်ပွဲသို့ တောင်ပေါ်တွင်နေထိုင်သော သူများပါ ပါဝင်လာခဲ့သည်။ သာမန်လေ့ကျင့်မှုမျိုးနှင့် မတူတော့ဘဲ ထိုရန်ပွဲသည် အလွန်ကြီးမားသော ပဍိပက္ခတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ တချို့စစ်သည်များကတော့ မျိုးနွယ်စုအတွင်း ပြန်လည်ထူထောင်ရေးအတွက် အသင့်စောင့်နေရသည်။ သူတို့သည် ဆောင်းရာသီ ကုန်ဆုံးချိန်အထိ အမဲလိုက်ထွက်ရမည် မဟုတ်တော့ပါ။

နတ်ဆေးဆရာမှာ အလွန်တည်ငြိမ်နေသဖြင့် ထာ့နှင့် ကွေ့ဟယ်တို့မှာ ကြောက်လန့်နေကြသည်။ သူတို့သည် ရန်ပွဲစဖြစ်စဉ်တုန်းက နတ်ဆေးဆရာ၏ မျက်နှာကို သတိမထားမိသော်လည်း ရန်ပွဲပြီးဆုံးခြင်းတွင် နတ်ဆေးဆရာ၏ မျက်နှာမှာ ထူးခြားနေသည်ကို သတိထားလိုက်မိသည်။

ဝမ်းနည်းနေခြင်းလည်း မဟုတ်သလို စိတ်ဆိုးနေခြင်းလည်း မဟုတ်ပါ။ သို့သော် စိတ်ပျက်နေဟန်တော့ရှိသည်။ သူသည် မျိုးနွယ်စုထဲမှ အားအကောင်းဆုံးအဖွဲ့၂ဖွဲ့တို့ကြား ဖြစ်ပေါ်ခဲ့သည့် ရန်ပွဲကို ဂရုမစိုက်သည့် ပုံစံမျိုးဖြစ်နေသည်။

အဖွဲ့ခေါင်းဆောင်၂ယောက်နှင့် မျိုးနွယ်စုအတွင်း အရေးပါအရာရောက်သော လူအိုကြီးများပင် ဆက်လက်ငြင်းခုန်ခြင်း မပြုရဲတော့ပေ။ တခြားလူများလည်း သူတို့၏ ငြင်းခုန်ခြင်းများကို ရပ်တန့်လိုက်သည်။ သူတို့၏ ဒေါသမီးများကို ရေခဲရေတစ်ပုံးနှင့် လောင်း၍ ငြှိမ်းသက်သလို ငြိမ်သက်သွားကြသည်။

နတ်ဆေးဆရာသည် ဘာမှမပြောဘဲ ထွက်ခွာသွားသည်။ အဖွဲ့၂ဖွဲ့မှ တင်သွင်းထားသော နာမည်၃၀ကို သားရေချပ်တွင် ရေးမှတ်ပြီး တည်ငြိမ်စွာ ထွက်ခွာသွားသည်။

ထို့နောက်တွင်တော့ ရန်ပွဲတွင် ပါဝင်ခဲ့သည် လူများသည် သူတို့၏ အမှားများကို ဝန်ခံခဲ့ကြပြီး ထိုက်သင့်သည် အပြစ်ဒဏ်ပေးရန် နတ်ဆေးဆရာ

ကို တောင်းဆိုခဲ့သည်။ သို့သော် နတ်ဆေးဆရာကတော့ ဘာမှမဖြစ်ခဲ့သလို ပြုံးနေလေသည်။

နတ်ဆေးဆရာနှင့် ရင်းနှီးသော သူများကတော့ နတ်ဆေးဆရာတွင် စိတ်ပူပန်စရာများရှိနေကြောင်းသိကြသည်။ သို့သော် အတွေ့အကြုံရင့်ကျက်သော လူအိုကြီးများပင်လျှင် နတ်ဆေးဆရာ မည်သည့်ကိစ္စကို ပူပန်နေကြောင်း မသိကြပေ။

အဖွဲ့ခေါင်းဆောင်၂ယောက်ကတော့ အမဲလိုက်လမ်းကြောင်းအသစ်တွင် အောင်မြင်မှုများ ရှာလာနိုင်ပါက နတ်ဆေးဆရာကျေနပ်သွားမည်ဟုထင်ခဲ့ကြ သော်လည်း နတ်ဆေးဆရာသည် ထင်သလောက် စိတ်မလှုပ်ရှားဘဲ ဖြစ်နေသည်။ သူတို့သည် အရမ်းသိချင်နေကြသော်လည်း မျိုးနွယ်စု အကြီးအကဲနှင့် လူကြီးများမှာ နတ်ဆေးဆရာဆီမှ သူလို့လိုချင်သော အဖြေကို မရခဲ့ကြချေ။

ထွော်သည် သက်ပြင်းချလိုက်ပြီး စားစရာများကို လောင်ခဲ့ကို ပေးခဲ့ပြီး ပြန်သွားသည်။

လောင်ခဲ့သည် ထွော်ကို ကျေးဇူးတင်စကားပြော

လိုက်ပြီးနောက် ထိုင်ချလိုက်သည်။ ထို့နောက် ဆီဆာကို စကားပြောနေသည်။

ရုတ်တရက်ဆီဆာသည် ခုန်ထလိုက်ပြီး နားရွက်များကို ထောင်၍ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။

လောင်ခဲ့သည် ဆီဆာကြည့်နေသောဘက်ကို ကြည့်လိုက်သောအခါ အမဲလိုက်နယ်ပယ်ဘက်ဖြစ်နေသည်ကို သိလိုက်ရသညည်။

ဆီဆာကြည့်နေတာ…? လောင်ခဲ့သည် မတ်တပ်ရပ်လိုက်ရင်း “ ဆီဆာ…ငါ့ကို အဲဒီနေရာ…” လောင်ခဲ့စကားမဆုံးခင်မှာပင် ဆီဆာသည် မြားတစ်စင်းကဲ့သို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပြေးထွက်သွဦးသည်။

လောင်ခဲ့ကတော့ ကြောင်တောင်တောင်နှင့် ကျန်ခဲ့သည်။

ထွော်သည် ခေါင်းငိုက်စိုက်ချ၍ တောင်ပေါ်တက်လာရင်း အတွေးများထဲတွင် နစ်မြောနေသည်။

တောင်ပေါ်သို့ရောက်သောအခါ သိမ်းငှက်တစ်ကောင်၏ အော်သံကို ကြားလိုက်ရသဖြင့် သူရပ်လိုကသည်။ ကောင်းကင်ပေါ်မှ အမည်းရောင်အရိပ်လေးကို မျက်လုံးများကျွတ်ကျမတတ် ကြည့်နေလိုက်သည်။

“ဘုရားရေ…သူတို့ ပြန်လာကြပြီ”

ထွော်သည် နတ်ဆေးဆရာကို သတင်းကောင်းပြောပြရန် တောင်ပေါ်သို့ ပြေးတက်သွားသည်။ ရှောက်ရွှမ်တို့ ပြန်လာသည့်သတင်းကို ကြားလျှင် နတ်ဆေးဆရာ စိတ်ပျော်သွားလိမ့်မည်ဟု သူမျှော်လင့်ထားသည်။

တံခါးနားတွင် မတ်တပ်ရပ်နေသော လောင်ခဲ့သော ကောင်းကင်ပေါ်မှ ထိုအရိပ်မည်းကို မြင်လိုက်ရသောအခါ မျက်ရည်များပင်ကျလာသည်။ သူ့လက်ထဲမှ ချိုင်းထောက်မှာလည်း တုန်ခါနေသည်။

တောင်ပေါ်တွင်တော့ တချို့သားရဲများသည် ဆော့ကစားနေရာမှ ရပ်တန့်လိုက်ပြီး အိမ်ထဲမှအိမ်ပြင်သို့ထွက်လာကာ ကောင်းကင်သို့ ကြည့်နေကြသည်။

နတ်ဆေးဆရာသည် ကျောက်တုံးအိမ်တော်မှ အပြင်ထွက်လာပြီး တံခါးနားတွင်ရပ်နေကာ မြေပြင်ပေါ်ဆင်းသက်လာသော အရိပ်မည်းနှင့် ထိုအရိပ်၏ ကျောပေါ်တွင် ပါလာသူတို့ကို ပြုံး၍ကြည့်နေလေသည်။ ထိုအရိပ်မည်းသည် ယခင်ကထက် ပိုကြီးထွားသည်။

တောင်သိမ်းငှက်တစ်ကောင်သည် သူတို့အထွဍ်အမြတ်ထားရာနေရာသို့ သွားပြီး ပြန်လာခဲ့ပါက ယခင်ထက်အဆင့်ပိုမြင့်သွားသည် ဖြစ်သည်။ အကောင်ပိုကြီးလာသလို ပို၍လည်း ကြံ့ခိုင်သန်စွမ်းလာသလို ပျံသန်းနိုင်စွမ်းလည်း အရင်ကထက် ပိုကောင်းလာသည်။

ရှောက်ရွှမ်နှင့် ချာချာတို့ မျိုးနွယ်စုကထွက်ခွာသွားသောအချိန်မှာ နှစ်တစ်နှစ်၏ အမဲလိုက်လုပ်ငန်းစဉ်စတင်မည့် အချိန်ဖြစ်သည်။ အခုတော့ သူတို့သည် ဆောင်းမဝင်ခင် တစ်ရက်အလိုတွင် ပြန်ရောက်လာခဲ့သည်။

တံခါးပေါက်တွင် ရပ်နေသော အစောင့်၂ယောက်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်

လိုက်မိသည်။ နတ်ဆေးဆရာသည် ထိုကဲ့သို့ ကျေနပ်နှစ်သိမ့်စွာ မပြုံးသည်မှာ အတော်ကြာပြီ မဟုတ်ပေလား။

All Chapters