← Chapters

အခန်း (၂၉၅)

Vol. 20 Ch. 295

အခန်း (၂၉၅)

Vol. 20 Ch. 295

သခင်ကြီး ကျီက ကျီလင်းချန်ကို အဲဒီနှစ်မှာ ဖြစ်ခဲ့သမျှ အရာအားလုံးကို ပြောပြခဲ့သည်။

ဖန့်ရှောင်နွမ် စိတ်ရှုပ်သွားသည်။ သူမ သံသယရှိစွာမေးလိုက်သည်။ “အဖေ၊ ပြန်ပေးဆွဲသမားတွေက ကျွန်မယောကျ်ားနဲ့ ရှောင်ယွီကို ပြန်ပေးဆွဲပြီးတော့ ရှောင်ယွီ ကို သတ်ပြီး ကျွန်မယောကျ်ားကို လွှတ်ပေးလိုက်တာက ဘာကြောင့်လဲ။ ကျွန်မသာ ပြန်ပေးဆွဲသမားဖြစ်ခဲ့ရင် လူနှစ်ယောက်ကို ပြန်ပေးဆွဲထားပြီဆိုကတည်းက သူတို့နှစ်ယောက်လုံးကို လွှတ်ပေးလိုက်တာမျိုး ဒါမှမဟုတ် သူတို့နှစ်ယောက်လုံးကို သတ်ပစ်လိုက်တာမျိုးပဲလုပ်မှာ။ တစ်ယောက်ကို သတ်ပြီး တစ်ယောက်ကို လွှတ်ပေးလိုက်တာက ဘာကြောင့်လဲ။"

သခင်ကြီး ကျီလည်း တော်တော်လေး ပဟေဠိဖြစ်သွားခဲ့သည်။

“ပြီးတော့ အဲဒီမှုခင်းဆရာဝန် ” ဖန့်ရှောင်နွမ် ဆက်ပြောလိုက်သည်။ “ယုတ္တိဗေဒအရပြောရရင်၊ ဆရာဝန်ရဲ့စစ်ဆေးမှုအစီရင်ခံစာက မှားလို့မရဘူးလေ။ သေဆုံးသွားတဲ့ကလေးက အဖေ့ရဲ့သမီးအရင်းမဟုတ်မှန်း သိသာနေတာကို ဘာကြောင့် ရလဒ်က သူမလို့ ဘာကြောင့် ပြောရတာလဲ"

!!

"မနက်ဖြန်၊ မင်းညီမကို စစ်ဆေးခဲ့တဲ့ မှုခင်းဆရာဝန်ကို စုံစမ်းကြည့်လိုက်" သခင်ကြီးက သူ့သားအကြီးဆုံးကို ပြောလိုက်သည်။

ဖန့်ရှောင်နွမ်တောင် ဒါကို သတိပြုမိရင် သူ့ယောကျ်ားလည်း ဒါကို သတိပြုမိမှာ သေချာသည်။

ဖန့်ရှောင်နွမ် ဆက်ပြောလိုက်သည်။ “စကားမစပ် အဖေ၊ နောက်ထပ် အဓိကအချက် မေးခွန်းတစ်ခု ရှိသေးတယ်။ ရှောင်ယွီ အသက်ရှင်နေသေးတယ်ဆိုတာ ထင်ရှာနေပြီ ။အဖေအရင်ကတွေ့ခဲ့တဲ့ 'ရှောင်ယွီ' အတုရဲ့ အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ပေါက်နဲ့ ဝတ်စားဆင်ယင်မှုအရ ရှောင်ယွီနဲ့ အရမ်းတူတဲ့သူတစ်ယောက် ဖြစ်လာဖို့ ဘယ်လိုစီမံလိုက်တာလဲ"သူမ စကားပြီးသောအခါတွင် သူမ၏ကိုယ်ပိုင်အတွေးအမြင်ကြောင့် ရှောခ့်ရသွားသည်။ ယင်းကို ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ကြိုးကိုင်ထားတာလား။

"လင်းချန်" သခင်ကြီးကျီ ပြောလိုက်သည်။ "မနက်ဖြန် လင်း မိသားစုကို တွေ့ဖို့ ငါနဲ့လိုက်ခဲ့။ သူတို့နဲ့ ပြေလည်အောင် ဖြေရှင်းရမယ့် စာရင်းဟောင်းတွေ ရှိတယ်”

လင်း မိသားစု? ဖန့်ရှောင်နွမ် သူ့ခင်ပွန်းကို ကြည့်လိုက်သည်။ သခင်ကြီး ကျီက လင်းရိုရဲ့ မိသားစုကို ဆိုလိုခြင်း ရှိ၊ မရှိကို မမေးမီ ကျီလင်းချန်က သူမ၏ သံသယများကို အတည်ပြုကာ ခေါင်းညိတ်ပြခဲ့သည်။

"ကျွန်မလည်း လိုက်ခဲ့မယ်" ဖန့်ရှောင်နွမ် ပြောလိုက်သည်။သူမယောကျ်ားကို စိတ်ကူးယဉ်ဖူးတဲ့ မိန်းကလေးနဲ့ တွေ့ရင် သူမ ရှိနေချင်တယ်။

ဒီအချိန်မှာ သူမဖုန်းက ရုတ်တရက် မြည်လာသည်။ အမည်မသိ နံပါတ်တစ်ခုဖြစ်တာကြောင့် သူမပြန်ဖြေလိုက်သည်။ "ဟယ်လို၊ ဘယ်သူလဲ"

"ရှောင်နွမ်၊ ရှောင်ယွီ မင်းတို့ဆီလာလား။" ဖုန်းထဲကလူက လျိုစစ်ယန်ပင်။

"လျိုစစ်ယန်၊ ရှောင်ယွီ ဘာဖြစ်လို့လဲ။"

" ရှောင်ယွီ ပျောက်နေတယ်" လျိုစစ်ယန် စိတ်ပူစွာပြောလိုက်သည်။

လျိုစစ်ယွီက သူ့အမေကို သူမရဲ့အခန်းထဲမှာ ချော့ခဲ့ပြီး စိတ်ငြိမ်ဆေးတိုက်ခဲ့သည်။ သူမအိပ်ပျော်သွားပြီးနောက် အိမ်မှ ပျောက်သွားကာ ဖုန်းကို စက်ပိတ်ထားသည်။

ဖန့်ရှောင်နွမ် ဆိုဖာပေါ်ကနေ ချက်ချင်းထလိုက်သည်။ "သူ ပျောက်နေတာ ဘယ်လောက်ကြာပြီလဲ"

ကျီ မိသားစု၏ သားအဖတွေအကုန်လုံး ဖန့်ရှောင်နွမ် ကို တစ်ချိန်တည်းတွင် ကြည့်လိုက်ကြသည်။

ကျီလင်းချန်လည်း ထရပ်လိုက်သည်။ "ရှောင်နွမ်....."

ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူရဲ့ ကြားဖြတ်နှောင့်ယှက်မှုကိုခံလိုက်ရကာ ဖုန်းခေါ်ဆိုမှုကို ဆက်နားထောင်ခဲ့သည်။ “ဟယ်လို… ကျွန်မ သဘောပေါက်ပြီ။ ရှောင်ယွီ ကိုချက်ချင်းရှာဖို့ မိသားစုနဲ့ လိုက်သွားပါ့မယ်။ အစ်ကို လျို သိပ်ပြီးတော့စိတ်မပူပါနဲ့။ ရှောင်ယွီက အရမ်းဉာဏ်ကောင်းပါတယ်။ သူ အန္တရာယ်ရှိတဲ့ နေရာတွေကို မသွားလောက်ဘူး။ သူ အခုချိန်မှာ သူ့ရဲ့အထောက်အထားကို လက်မခံနိုင်ဘဲ ဘာလုပ်ရမှန်းမသိ ဖြစ်နေနိုင်တယ်။ အဲဒါကို စဉ်းစားဖို့ သူမ အချိန်တစ်ခုလိုနေတာ”

ဖန့်ရှောင်နွမ်သည် သူမ ခံစားရသော စိုးရိမ်ပူပန်မှုကို လျှော့ချလိုက်သည်။ သူမသည် စိတ်အေးလက်အေးနှင့် စိတ်ပူပန်နေသော လျို မိသားစုဝင်များကို နှစ်သိမ့်ခဲ့သည်။ ဤအချိန်သည် ရှုပ်ထွေးနေဖို့ သို့မဟုတ် ၎င်းတို့၏ အတွေးများကို ရိုင်းစိုင်းစေမည့် အချိန်မဟုတ်ပေ။ အဲဒါက ရှောင်ယွီကို ရှာဖို့ အထောက်အကူ မဖြစ်ပေ။

“ဆက်တိုက် ဆက်သွယ်ကြည့်ရအောင်။” ဖန့်ရှောင်နွမ် ဖုန်းချပြီးနောက် သူမသည် သူတို့သုံးယောက်ကို ပြောလိုက်သည်။ "ရှောင်ယွီ ပျောက်နေတယ်။ အဖေ၊ အစ်ကို၊ ယောကျ်ား၊ စိတ်မပူကြပါနဲ့။ ရှောင်ယွီ အိမ်ကနေထွက်ပြေးသွားတာလည်း မဟုတ်ဘူး။ အန္တရာယ်ရှိတဲ့တစ်စုံတစ်ရာကို လုပ်ဖို့လည်းမဟုတ်ဘူး။ သူမ စိတ်တည်ငြိမ်ဖို့ အချိန်တစ်ခုတော့လိုအပ်တယ်”

“ဒီနေ့ ကျွန်မတို့ အိမ်ကပြန်တဲ့လမ်းမှာ အစ်ကိုလျိုက သူ့အတိတ်အကြောင်း ပြောပြလိုက်တယ်။ တကယ်တော့ ရှောင်ယွီ ရေကူးကန်ထဲ ပြုတ်ကျပြီးတဲ့နောက် တစ်ခုခုကို သတိရလာတာ။ သူ့မှတ်ဉာဏ်တွေကို စစ်ဆေးဖို့ ဒီနေ့ ဒီကို ရောက်လာတာ”

သခင်ကြီး ကျီက သူ့သမီးက သူ့မျက်လုံးတွေကို မျက်ရည်တွေနဲ့ ကြည့်နေပုံကို ပြန်အမှတ်ရမိသွားပေမယ့် သူမ ဖုန်မှုန့် မျက်လုံးထဲဝင်ပြီး မျက်ရည်ဝဲသွားတာလို့ ပြောခဲ့သည်။

"ခမ်းတဲလ်၊ အကြီးအကဲချုံကို ချက်ချင်းဆက်သွယ်ပြီး ရှောင်ယွီ ကိုလိုက်ရှာလိုက်။ လင်းချန်၊ ကျီ မိသားစုရဲ့လူအားလုံးကို စုပြီး လူခွဲရှာခိုင်း" သခင်ကြီး ကျီက သူ့ချွေးမဘက်သို့ လှည့်လိုက်သည်။ "ရှောင်နွမ်၊ ငါတို့ ရှောင်ယွီ တစ်ယောက်တည်းကို အချိန်ခဏလောက် ပေးနိုင်ပေမယ့် အခုက အရမ်းနောက်ကျနေပြီ။ သူမတစ်ယောက်တည်း အပြင်မှာနေတာ မလုံခြုံဘူး"

ဖန့်ရှောင်နွမ်က သခင်ကြီး ကျီ၏ ခံစားချက်ကို နားလည်နိုင်သည်။ သူမသည် သူမမိသားစုကို ကူညီရှာဖွေပေးချင်သည်။ "ကျွန်မ သူ့ကို ရှောင်ဝမ်နဲ့ ရှာလိုက်မယ်။ အဖေ၊ အပြင်မထွက်နဲ့။ အပြင်မှာ အရမ်းရှုပ်တယ်"

“မဟုတ်ဘူး! ဒီတစ်ခါတော့ ငါ့သမီးကို ငါလိုက်ရှာရမှာပေါ့” သခင်ကြီးကျီက မဆိုင်းမတွ ငြင်းလိုက်သည်။

ဖန့်ရှောင်နွမ်က သခင်ကြီး ကျီကို မတားခဲ့ပေ။ ကျီ မိသားစုနှင့် လျို မိသားစုကဲ့သို့ပင် သူမလည်း စိတ်ပူသည်။ လျိုစစ်ယွီသည် သူမ၏ညီအစ်မအရင်းတစ်ယောက်လို နှစ်ပေါင်းများစွာ သူငယ်ချင်းကောင်းဖြစ်ခဲ့သည်။ သူမ စိတ်မပူကြောင်းပြောသောအခါတွင် သူမသည် အခြားသူများနှင့်အတူ သူမကိုယ်သူမ တစ်ချိန်တည်း နှစ်သိမ့်ပေးနေခဲ့သည်။ တကယ်တမ်းတော့ သူမက အခြားသူများထက် ပိုစိုးရိမ်နေသည်။

ဖန့်ရှောင်နွမ် ကျီဝမ်ရဲ့ အခန်းဆီသို့ ပြေးသွားပြီး သူ့ကို ဆွဲထုတ်လိုက်သည်။ သူက လှဲပြီး ဖုန်းနဲ့ ကစားနေသည်။ " ရှောင်ယွီ ပျောက်နေတယ်။ သူ့ကိုသွားရှာရအောင်။"

"သူ ဘာဖြစ်လို့လဲ" ကျီဝမ်သည် ထိုကိစ္စ၏ လေးနက်မှုကို သဘောမပေါက်သေးဘဲ သူ့ဖုန်းနှင့် ကစားနေဆဲဖြစ်သည်။

ဖန့်ရှောင်နွမ်က သူ့ခေါင်းနောက်ကို ရိုက်လိုက်သည်။ "လျိုစစ်ယွီက နင့်ရဲ့အဒေါ်။ သူပျောက်နေတယ်လို့!”

"ဘာ " ကျီဝမ် သူ့ဖုန်းကို ကုတင်ပေါ်ပစ်ချလိုက်ပြီး ဖန့်ရှောင်နွမ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့သည်။

All Chapters