← Chapters

အခန်း (၂၉၄)

Vol. 20 Ch. 294

အခန်း (၂၉၄)

Vol. 20 Ch. 294

လျိုစစ်ယန်ရဲ့ မျက်လုံးတွေမှာလည်း နီရဲနေသည်။ သူ့မျက်ရည်တွေကို ကောင်းကောင်းဖုံးကွယ်ဖို့ ကားထဲက မီးကိုပိတ်လိုက်သည်။ "မင်း ရေကန်ထဲ ပြုတ်ကျသွားပြီးတဲ့နောက် အဲ့တာကို မှတ်မိသွားတာလား"

လျိုစစ်ယွီက သူမနားကို အုပ်လိုက်ပြီး အော်ခဲ့သည်ယ “အစ်ကို၊ ကျေးဇူးပြုပြီး စကားမပြောပါနဲ့တော့။ ညီမတခြားသူရဲ့ ကလေးမဖြစ်ချင်ဘူး။ ညီမက အစ်ကို့ညီမပဲ!"

လျိုစစ်ယန်က ငိုနေတဲ့ညီမကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ ပုခုံးကို ပုတ်ပေးခဲ့သည်။ “မင်းကို မထားခဲ့နိုင်ပေမယ့် အဲ့တာကို မင်းဆီ ဖုံးကွယ်လို့ မရဘူးလေ။ အစ်ကို မင်းကို ဆိုးဆိုးရွားရွား ဖွက်ထားချင်တယ်၊ မင်းကို အစ်ကို့ညီမအဖြစ် တစ်သက်လုံး ထားချင်တယ်" ဒါပေမယ့် သူ မဖွက်ထားနိုင်တော့ပေ။

"အစ်ကို၊ ညီမ အရမ်းကြောက်တယ်။" လျိုစစ်ယွီက လျိုစစ်ယန်၏ ရင်ခွင်ထဲတွင် အော်ဟစ်လိုက်သည်။ သူမသည် ဤမျှကြီးမားသော အပြောင်းအလဲကို ကြောက်နေသည်။ သူမသည် ငယ်စဉ်ကတည်းက မိသားစု၏ အလိုလိုက်မှုကို ခံခဲ့ရပြီး မည်သည့်အခက်အခဲကိုမျှ မကြုံခဲ့ဖူးပေ။ သူမအသက်နှစ်ဆယ်မှာ ရုတ်တရက်တွေ့လိုက်ရတဲ့အချက်ကို သူမဘယ်လိုလက်ခံနိုင်မှာလဲ။ ကျီ မိသားစုက ဘယ်လောက်ပဲ ကောင်းနေပါစေ သူမဆယ့်ငါးနှစ်လောက်နေထိုင်ခဲ့တဲ့ လျို မိသားစုလောက် မကောင်းပေ။

!!

လျိုစစ်ယန်၏ မျက်ရည်တွေက သူ့ညီမ၏အဝတ်ပေါ်တွင် ကျဆင်းသွားခဲ့သည်။ သူက သူမကိုနှစ်သိမ့်ပေးလိုက်သည်။ “ရှောင်ယွီ၊ မကြောက်နဲ့။ မင်းက လျိုစစ်ယွီပဲဖြစ်ဖြစ် ရှောင်ယွီပဲဖြစ်ဖြစ် မင်းကအမြဲတမ်း အစ်ကို့ညီမလေးပါ။ အစ်ကို မင်းကို အမြဲကာကွယ်ပေးပြီး မင်းအနားမှာရှိနေပေးမယ်။ အဖေနဲ့အမေက မင်းကို ထာဝရချစ်နေမှာ။ အစ်ကိုတို့က တစ်သက်လုံး မိသားစု ဖြစ်နေလိမ့်မယ်။"

အိမ်မပြန်ခင်မှာ အစ်ကိုနဲ့ ညီမက အပြင်မှာ နှစ်နာရီလောက်နေခဲ့ကြသည်။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် မစ္စစ်လျိုက သူ့သမီးကို အရူးလို လိုက်ရှာနေသည်ကို ကြားလိုက်ရသည်။ “မဟုတ်ဘူး၊ ကျီ မိသားစုက ငါ့သမီးလေးကို ငါ့ဆီကနေ ခေါ်သွားလို့မရဘူး။ ယောကျ်ား ရှင်အလုပ်ထွက်လိုက်။ ကျွန်မတို့ ကျင်းမြို့တော်ကနေ ထွက်သွားကြမယ်!"

မစ္စတာ လျိုက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေပြီဖြစ်သောသူ၏ဇနီးကို ကိုင်ထားသည်။ "ချစ်လေး၊ ရှောင်ယွီ ထွက်သွားတာကြာလှပြီ။ ကိုယ်တို့ ကျီမိသားစုရဲ့သမီးကိုပြန်ပေးလိုက်ကြရအောင်ပါနော်!"

မစ္စစ်လျို မျက်ရည်များဝဲလာသည်။ သူမရဲ့ကုမ္ပဏီကို အလကားပေးမယ်လို့ ပြောထားတဲ့ စာချုပ်က ကော်ဖီစားပွဲပေါ်မှာ ရှိနေတုန်းပင်။

လျိုစစ်ယွီ ဧည့်ခန်းထဲသို့ ခြေလှမ်း လှမ်းလိုက်သည်။ သူမ နှုတ်ခမ်းကို ဖိကာထပ်ငိုပြန်သည်။ “အမေ၊ အဖေ သိပြီးသွားကြပြီလား”

"စစ်ယွီ၊ သမီးပြန်လာပြီ " မစ္စစ်လျိုက သူ့သမီးကိုကြည့်ရင်း မျက်လုံးတွေနီရဲနေပြီး ရောင်ရမ်းနေသည်။

"အဖေ အမေ၊ ကျွန်တော် ရှောင်ယွီကို ပြောပြပြီးသွားပြီ" လို့ လျိုစစ်ယန်က သူ့မိဘတွေကို ပြောလိုက်သည်။

မစ္စစ်လျိုက ခင်ပွန်းဖြစ်သူအား တွန်းထုတ်ကာ သမီးဖြစ်သူထံ ပြေးသွားခဲ့သည်။ သူမလက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။ " စစ်ယွီ မင်းက အရမ်းတော်တဲ့ကလေးပါ။ မင်းက အမေ့ရဲ့ကလေးမို့ ကျီမိသားစုဆီ မသွားနဲ့။ ကျင်းမြို့တော်ကနေ မိသားစုလိုက် ထွက်သွားရအောင်၊ အမေ့ရဲ့ကုမ္ပဏီကို အမေ မလိုချင်တော့ဘူး မင်းအဖေကို အလုပ်ထွက်ခိုင်းလိုက်မယ်။ အမေတို့ အတူတူထွက်သွားကြရအောင်!"

လျိုစစ်ယွီ ပြိုလဲသွားပြန်သည်။ "အမေ!" သူမ အော်လိုက်သည်။ ထို့နောက် ငိုပြီး သူ့အမေကို ပွေ့ဖက်လိုက်သည်။

လျို မိသားစုအတွက် အိပ်ရေးမဝတဲ့ညတစ်ညဖြစ်ခဲ့ပြီး ကျီ မိသားစုသည်လည်း မငြိမ်းချမ်းခဲ့ပေ။

ဇနီးမောင်နှံနှစ်ဦးသည် သခင်ကြီး ကျီနဲ့ မြို့တော်ဝန် ကျီတို့ကို ရှောင်ယွီ အကြောင်းကို သိရှိခဲ့ရပုံရသည်။ သူမ၏ အမည်ကို အတည်ပြုပုံအထိ အရာအားလုံးကို ပြောပြခဲ့သည်။

"ခွေးသား!" သခင်ကြီး ကျီ ဒေါသထွက်သွားသည်။ "သူငါ့ကို လိမ်ရဲတယ်!" သူ့လက်သီးတွေကို တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး စူးစူးရဲရဲကြည့်ခဲ့သည်။ သူ အံကြိတ်ကာ မျက်လုံးတွေ ပြူးသွားသည်။ သူ့ကို လိမ်ထားတဲ့သူကို ဝါးမြိုပစ်ပြီး ထွေးထုတ်ပစ်ချင်ခဲ့သည်။ သူ့သမီး မသေဘူး!

"ဘာလို့ ငါ့ကို စောစောက မပြောပြရတာလဲ" သခင်ကြီးကျီ မေးလိုက်သည်။

ကျီလင်းချန် ရှင်းပြလိုက်သည်။ “ကျွန်တော်တို့ မစုံစမ်းရသေးတဲ့အရာတွေ အများကြီးကျန်သေးလို့"

"အခုရော" သခင်ကြီးကျီ က အခုမှ သတိရှိလာသည်။

ကျီလင်းချန်က သူ့အဖေကိုကြည့်ပြီး အေးစက်စွာမေးခဲ့သည်။ " ရှောင်ယွီ ပျောက်သွားပြီး တစ်လမပြည့်ခင်မှာ အမှုပိတ်ဖို့ အဖေဘာလို့ ရဲစခန်းကို သွားခဲ့ရတာလဲ။"

လျို မိသားစုမှ ရှောင်ယွီကို ပထမဆုံးတွေ့ရှိသောအခါတွင် သူမအကြောင်းမေးမြန်းရန် ရဲစခန်းသို့သွားခဲ့ကြသော်လည်း သူမနှင့်ပတ်သက်သည့်အချက်အလက်ကိုမတွေ့ခဲ့ကြပေ။

ကျီလင်းချန်သည် အစပိုင်းတွင် အဲ့တာကို မယုံခဲ့ဘဲ အချို့သော စုံစမ်းစစ်ဆေးမှုအပြီးတွင် သူ့ညီမပျောက်ဆုံးသွားပြီးနောက် တစ်လမပြည့်မီတွင် သူ့ဖခင်က အမှုကို ပိတ်ထားကြောင်း တွေ့ရှိခဲ့သည်။ တစ်စုံတစ်ဦးမှ လျှို့ဝှက်ညွှန်ကြားထားသည်ဟုလည်း သံသယရှိခဲ့ဖူးသော်လည်း နောက်ဆုံးတွင် သူ့အဖေက အဆိုပါအမှုကို ကိုယ်တိုင်ကိုင်တွယ်ခဲ့ကြောင်း သူ အတည်ပြုခဲ့သည်။ သူဘာကြောင့်ဒီလိုလုပ်တာလဲ။ "သူ့သမီးကို မရှာချင်ဘူးလား" ကျီလင်းချန်က သူ့အဖေကိုရှင်းပြစေချင်ခဲ့သည်။

"အဖေ။ ဘာလဲဆိုတာ သိပြီလား။ လျို မိသားစုက ရဲစခန်းကိုသွားပြီး ပျောက်ဆုံးနေတဲ့သူတွေထဲမှာ ရှောင်ယွီကို ရှာတွေ့ခဲ့မယ်ဆိုရင် ရှောင်ယွီ ကို ပြန်ရှာတွေ့ခဲ့ပြီး ၁၅ နှစ်ကြာတဲ့အထိ လွတ်သွားမှာမဟုတ်ဘူး။ ရှောင်ယွီ ကိုရှာဖို့ တစ်ယောက်ယောက်ကို ဘာလို့ မလွှတ်ထားရတာလဲ၊ တစ်ချိန်တည်းမှာပဲ ဒီအမှုကို ဘာလို့ပိတ်လိုက်တာလဲ။"

ဒါကိုကြားတော့ သခင်ကြီး ကျီ ကြက်သေသေသွားသည်။ အမှုကို စောစီးစွာပိတ်ခဲ့ပြီး ၎င်းသည် သူ့သမီးရဲ့အသက်ရဲ့ ၁၅ နှစ်ကို လွမ်းဆွတ်စေခဲ့သည်။ သူ့မျက်လုံးများထဲတွင် နောင်တရနေသည်။

"လင်းချန်၊ ငါ ဒီအမှုကို ပိတ်လိုက်ရတဲ့ အကြောင်းရင်းက 'ရှောင်ယွီ' ကို ရှာတွေ့ပြီးသားမို့လို့"

သခင်ကြီး ကျီသည် ဝမ်းနည်းဖွယ်ကောင်းလောက်အောင် သေဆုံးသွားခဲ့သော ကလေးသည် ထိုစဉ်က သူ့သမီးဖြစ်ကြောင်း သတိပြန်ရလာမိသည်။ သူမရဲ့ အရပ်အမောင်း၊ ခန္ဓာကိုယ်ပုံသဏ္ဍာန်နဲ့ သူဝတ်ထားတဲ့ ဖိနပ်တွေတောင် သူ့သမီးနဲ့ တူနေခဲ့သည်။ မှုခင်းဆရာဝန်ရဲ့ စစ်ဆေးမှုရလဒ်က သူမဟာ သူ့သမီးဖြစ်ကြောင်း အတည်ပြုခဲ့သည်။ အဲဒါကြောင့် ရဲစခန်းကို အနှောင့်အယှက် ပေးစရာ မလိုတဲ့အတွက် အမှုကို ရုပ်သိမ်းလိုက်တာ။ ဒီအမှုကို ပိတ်ပြီးသွားတော့ လျို မိသားစုက ရှောင်ယွီကို ရဲစခန်းကို ခေါ်လာမယ်လို့ ဘယ်သူ ထင်မှာလဲ။

အမှုပိတ်ပြီးနောက်၊ သခင်ကြီး ကျီက သူ့သားတွေကို အမှန်အတိုင်း ပြောပြချင်ခဲ့သည်။ ရှောင်ယွီကို ရှာဖို့မဖြစ်နိုင်တော့ဘူးလို့ သူပြောချင်ပေမယ့် သူ့သားနှစ်ယောက်က သူမကို အရူးလိုရှာနေခဲ့သည်။ သခင်ကြီး ကျီက သူ့သားနှစ်ယောက်အတွက် တစ်ခုခုပေးဖို့အတွက် သူ့သမီးကို ရှာနေသေးတယ်လို့ ဟန်ဆောင်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ နောက်ဆုံးမှာတော့ သူ့မိန်းမက သူတို့ကို ထားသွားခဲ့သည်။

All Chapters