အခန်း (၂၉၃)
Vol. 20 Ch. 293
သခင်ကြီး ကျီက မှတ်ဉာဏ်ကောင်းသည်။ သူ လျိုစစ်ယန် ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ "အိုး၊ ဒါက ဖန့်ရှောင်နွမ် ရန်ဖြစ်တုန်းက ဖမ်းဖို့ တောင်းဆိုခဲ့တဲ့ ရဲမှူး မဟုတ်လား"
လျိုစစ်ယန်က ခေါင်းညိတ်ပြပြီး သူ့ကိုယ်သူ သခင်ကြီး ကျီအား မိတ်ဆက်ခဲ့သည်။ “မင်္ဂလာပါ သခင်ကြီး ကျီ။ ကျွန်တော်က လျိုစစ်ယန်၊ စစ်ယန် ရဲ့အစ်ကိုပါ "
“အိုး၊ မင်းပေါ့။” သခင်ကြီး ကျ်ီက သူ့ရှေ့က လူငယ်ကို ကြည့်လိုက်သည်။ လူငယ်လေး၏ မကြောက်ရွံ့မှုနှင့် တရားမျှတမှုတို့ကို ထုတ်ဖော်ပြသခြင်းကို သူ သဘောကျသည်။
လျိုစစ်ယွီကို ခေါ်ပြီးနောက် သူတို့နှစ်ယောက် ကား မောင်းထွက်သွားခဲ့ကြသည်။
"ငါ စစ်ယွီကို အရမ်းသဘောကျတယ်" သခင်ကြီး ကျီက ရုတ်တရက် ပြောလိုက်သည်။ "သူ ကျီဝမ်ရဲ့မိန်းမဖြစ်လာနိုင်ရင်ကောင်းမှာပဲ!
"အဖေ၊ ဘယ်လိုမှမဖြစ်နိုင်ဘူး!" သူက သူ့သမီး!
သခင်ကြီး ကျီ စိတ်ရှုပ်ထွေးစွာဖြင့် ဖန့်ရှောင်နွမ်ကို လှည့်ကြည့်လိုက်သည်။ "ဘာမှားလို့လဲ။ စစ်ယွီမှာ လက်တွဲဖော်ရှိနေပြီလား။"
ကျီလင်းချန်က လျိုစစ်ယွီကိုမြင်ပြီးကတည်းက မျက်မှောင်ကြုတ်နေခဲ့တာ။ အခု သူက သူ့အဖေကို အမိန့်ပေးလိုက်သည် “အဖေ၊ ကျွန်တော်နဲ့ စာကြည့်ခန်းထဲလိုက်ခဲ့ ”
သခင်ကြီး ကျီက မောက်မောက်မာမာနဲ့ ခေါင်းကိုမော့ကာ ပြောလိုက်သည်။ “ မလိုက်ဘူး။ မင်း ငါ့ကိုဘာလုပ်မို့လဲ"
"အဖေ!" ဖန့်ရှောင်နွမ်က သခင်ကြီး ကျီကို လှမ်းဆွဲလိုက်သည်။ “သွားလိုက်ပါ”
သခင်ကြီး ကျီ ပြောလိုက်သည်။ " မသွားဘူး။ သူ့ဒေါသကို ငါဂရုမစိုက်ဘူး။ ဟေး ဟေး ဟေး။ ရှောင်နွမ်၊ ငါ့ကိုမတွန်းနဲ့။"
ကျီလင်းချန်က ဆိုဖာပေါ်မှာ ထိုင်နေတဲ့ မြို့တော်ဝန် ကျီ ကို တစ်ချက်ကြည့်လိုက်သည်။ "အစ်ကို ဒီကို ခဏလာခဲ့ဦး"
မြို့တော်ဝန် ကျီက အလွန်ပူးပေါင်းဆောင်ရွက်ပြီး သူ့နောက်သို့ လိုက်ခဲ့သည်။
သုံးယောက်သား စာကြည့်ခန်းထဲသွားလိုက်ကြသည်။ သခင်ကြီး ကျီက ကျီလင်းချန်ကို ပိုကြည့်လေ၊ သူ့ကို ပိုမကြိုက်လာလေလေပင်။ သားတစ်ယောက်အနေနဲ့ သူ့အဖေကို အမြဲတမ်း အမိန့်ပေးနေတယ်။ မသိရင် သူ့ကို သူ့သားလို့ ထင်နေကြလိမ့်မယ်။
သခင်ကြီး ကျီ ပြောလိုက်သည်။ “မင်းမှာ ပြောစရာရှိရင် ပြော။ ငါ အရမ်းစိတ်အနှောင့်အယှက်ဖြစ်နေပြီ!"
"ကျွန်တော် ရှောင်ယွီကို ရှာတွေ့ပြီ" ကျီလင်းချန် ပြောလိုက်သည်။
မြို့တော်ဝန် ကျီသည် အစပိုင်းတွင် အံ့အားသင့်ခဲ့သော်လည်း နောက်ပိုင်းတွင် ငြိမ်သက်သွားခဲ့သည်။ ဒီစကားကိုကြားတိုင်း သူစိတ်ပျက်သွားဟန်ရသည်။
"ဒီတစ်ခါကရော သူ ဘယ်မှာလဲ"
"ကျွန်တော့်ရှေ့မှာပဲ " ကျီလင်းချန်က သူ့အဖေနဲ့အစ်ကိုကိုကြည့်ပြီး ပြောလိုက်သည်။ “သူ ဒီနေ့ဒီမှာရှိနေတယ်”
"လင်းချန်၊ မင်းပြောတဲ့ဒီမှာဆိုတာက ငါတို့အိမ်မှာလို့ ဆိုလိုတာလား။" မြို့တော်ဝန် ကျီက တအံ့တသြနဲ့ မေးလိုက်သည်။
“ဘယ်သူမှ မရှိပါဘူး” သခင်ကြီး ကျီက ပြန်ဖြေခဲ့သည်။ " ရှောင်ယွီနဲ့ အသက်အရွယ်တူတဲ့ တစ်ဦးတည်းသောသူက မင်းရဲ့ဇနီး ရှောင်နွမ်ပဲရှိတာ။ အဲ့တာက သူ ဖြစ်လို့မရဘူးလေ "
သူစကားပြောပြီးသည်နှင့် သူ့ဒုတိယသားကို မျက်စောင်းထိုးလိုက်သည်။ သူက အဓိပ္ပါယ်မရှိတဲ့စကား ပြောနည်းကိုသာ သိသည်။
"အဖေတို့ ဒီနေ့ သူ့ကို တွေ့ပြီးသွားကြပြီ" ကျီလင်းချန် ပြန်ပြောလိုက်သည်။
"လင်းချန်၊ မင်း လှည့်စားခံနေရတာများလား" မြို့တော်ဝန် ကျီ မေးလိုက်သည်။
သူတို့ညီမက သေသွားပြီဆိုတာ သိသာနေတာပဲဟာ။
သခင်ကြီး ကျီက သူ့သမီးကို ရှာဖွေရန် အချိန်အတော်ကြာ စွန့်လွှတ်ခဲ့သည်။
ကျီလင်းချန်သည် နောက်ဆုံးတွင် သူ့နှလုံးသားအတွင်း စိတ်လှုပ်ရှားမှုကို မထိန်းထားနိုင်တော့ပေ။ "အဲ့တာက လျိုစစ်ယွီ ပဲ။ သူက ရှောင်ယွီ။ သူက လျို မိသားစုရဲ့ သမီးအရင်းမဟုတ်ပေမယ့် သူတို့ခေါ်ထားတဲ့ ကလေး။ တကယ့် လျိုစစ်ယွီအစစ်က ဆုံးသွားတာ ကြာပြီ။ ပြီးတော့ ကျွန်တော်တို့ ရှောင်ယွီက လျိုစစ်ယွီ အဖြစ် အသက်ရှင်နေခဲ့တာ!"
သခင်ကြီး ကျီသည် ဒီနေ့မြင်လိုက်ရတဲ့ လျိုစစ်ယွီ အကြောင်း တွေးကာ သူ့သားကို ကြည့်ပြီး စိတ်လှုပ်ရှားနေမိသည်။ "မင်း DNA စစ်ပြီးပြီလား။ သူ့ လက်မောင်းမှာ ကိုက်ထားတဲ့အမာရွတ်ရှိလား"
ဖန့်ဂှောင်နွမ် တံခါးကိုတွန်းဖွင့်ပြီး ဝင်လာလိုက်သည်။ “အဖေ၊ ကျွန်မ DNA စစ်ထားပြီးသား။ ကိုက်ထားတဲ့ အမာရွတ်ကိုလည်း တွေ့ဖူးတယ်။ အဲ့တာတကယ် ရှိနေတယ်။”
"ရှောင်နွမ် " မြို့တော်ဝန် ကျီနှင့် သခင်ကြီး ကျီ တို့သည် ဖန့်ရှောင်နွမ် ရုတ်တရက် ဝင်လာသည်ကို တွေ့လိုက်သောအခါ အံ့အားသင့်သွားကြသည်။
ဖန့်ရှောင်နွမ်က စာကြည့်ခန်းအပြင်ဘက်တွင် ခိုးနားထောင်ခဲ့ပြီး ကိုက်ထားတဲ့အမာရွတ်ကို သက်သေခံပေးနိုင်သည့် တစ်ဦးတည်းသော သူက သူမဖြစ်သည်။
စာသင်ခန်းထဲရှိ လေထုက ရုတ်တရက် တင်းမာလာသည်။ သခင်ကြီးကျီက သူ့သားနဲ့ ငြင်းခုံမနေတော့ပေ။ သူ မတ်မတ်ထိုင်ကာ လင်မယားနှစ်ယောက်ကို ကြည့်လိုက်သည်။ "ဘာတွေဖြစ်နေတာလဲ"
လျိုစစ်ယွီကို ပထမဆုံးမြင်ခဲ့သည့်အချိန်ကို မြို့တော်ဝန် ကျီလည်း ပြန်ပြီးစဥ်းစားလိုက်သည်။ မြင်မြင်ချင်းတော့ ကောင်မလေးက မျက်လုံးထဲမှာ သိပ်သဘောကျစရာကောင်းတယ်လို့ သူ တွေးခဲ့သည်။
စာကြည့်ခန်းမှာ ထူးထူးခြားခြား တိတ်ဆိတ်နေခဲ့သည်။ သခင်ကြီး ကျီနဲ့ မြို့တော်ဝန် ကျီတို့က သူတို့နှစ်ယောက်ရဲ့ ရှင်းပြချက်ကို စောင့်မျှော်နေကြသည်
…
အဲဒီအချိန်မှာ ကားထဲ၌....
လျိုစစ်ယန်သည် လျိုစစ်ယွီကို သွားခေါ်လာခဲ့ပြီးနောက် သူတို့အိမ်သို့ တန်းတန်းမသွားခဲ့ပေ။ အဲဒီအစား တိတ်ဆိတ်တဲ့လမ်းကို မောင်းသွားခဲ့သည်။ ဆောင်းရာသီရောက်နေပြီမို့ ဒီလမ်းမှာ ကားတွေနည်းသည်။ ရံဖန်ရံခါမှာ ကားတစ်စီးသာ ဖြတ်သွားတတ်သည်။
လျိုစစ်ယန်က ကားကို လမ်းဘေးမှာ ရပ်လိုက်ပြီး သူ့ညီမကို လှည့်ကြည့်လိုက်သည်။ "ရှောင်ယွီ၊ မင်းဘယ်တုန်းက သိသွားတာလဲ"
"အစ်ကို၊ ဘာတွေပြောနေတာလဲ။ ညီမ နားမလည်ဘူး” လျိုစစ်ယွီ ပြောလိုက်သည်။
လျိုစစ်ယန် ပြောလိုက်သည်။ “ငါက မင်းရဲ့အစ်ကိုအစစ်မဟုတ်ဘူး။ ကျီလင်းချန်က အစစ်။ မင်းက ငါတို့နဲ့ သွေးမတော်ဘူး။ မင်းက…”
"တော်တော့!" လျိုစစ်ယွီ ရုတ်တရက် လျိုစစ်ယန်ကိုအော်လိုက်သည်။ သူမ မကြားချင်ဘူး။ သူမ ဘာမှမသိဘူးလို့ ဟန်ဆောင်ချင်သည်။
လျိုစစ်ယန်က သက်ပြင်းချလိုက်ပြီး ဆက်ပြောခဲ့သည်။ “ကမ်းခြေမှာ မင်းကို ငါတို့တွေ့ခဲ့တာ။ မင်းက ကျီမိသားစုထဲက ကလေးတစ်ယောက်။"
“တော်တော့ အစ်ကို၊ ထပ်မပြောပါနဲ့တော့!" လျိုစစ်ယွီ လဲပြိုကျပြီး ကားထဲမှာ ငိုခဲ့သည်။ သူမ လျိုစစ်ယန်၏ ပါးစပ်ကို လှမ်းပိတ်လိုက်ကာ သူမ မကြားချင်တဲ့ အရာများကို ဆက်မပြောအောင်လုပ်ခဲ့သည်။ “အစ်ကို ထပ်မပြောနဲ့တော့။ ညီမက အစ်ကို့ရဲ့ညီမ၊ ကျီ မိသားစုရဲ့ မိသားစုဝင်မဟုတ်ဘူး!"
လျိုစစ်ယွီ ငိုရှိုက်ရင်း ပြောလိုက်သည်။ သူမ၏ စစ်မှန်တဲ့ အထောက်အထားကို သူမ လုံးဝ လက်မခံနိုင်ပေ။