← Chapters

အခန်း (၂၉၁)

Vol. 20 Ch. 291

အခန်း (၂၉၁)

Vol. 20 Ch. 291

သုံးယောက်သား မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ မစ္စစ် လျိုသည် တိတ်ဆိတ်နေခဲ့သော်လည်း သူမ ရုတ်တရက်ထကာ ကျီလင်းချန် ရှေ့မှာ ဒူးထောက်ဖို့ ကြိုးစားလိုက်သည်။

“မစ္စစ် လျို ဘာလုပ်နေတာလဲ" ဖန့်ရှောင်နွမ်က ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး သူမကို ကူညီဖို့ အလျင်အမြန် သွားခဲ့သည်။

ဆိုင်မှာ လူတော်တော်များသည်။ မစ္စစ်လျို ဒူးထောက်လိုက်သောအခါ လူအများက လှမ်းကြည့်လာကြသည်။

မစ္စစ်လျိုက ငိုပြီး ကျီလင်းချန်ကို ဒူးထောက်တောင်းပန်ခဲ့သည်။ "CEO ကျီ၊ ကျွန်မ ဒူးထောက်ပြီး တောင်းပန်ပါတယ်။ ကျွန်မရဲ့သမီးကို မခေါ်သွားပါနဲ့"

ကျီလင်းချန်၏ မျက်နှာက အေးစက်သွားသည်။ လျို မိသားစုက သူ့ညီမအပေါ် ကြင်နာခဲ့တဲ့အတွက်ကြောင့်သာ မဟုတ်ရင် သူမကို ခေါ်ထားတဲ့အတွက် သူ ခွင့်လွှတ်မှာ မဟုတ်ဘူး။

“မဒမ်၊ ကျွန်တော့်ညီမကို ၁၅ နှစ်ကြာ ခေါ်ထားပေးခဲ့တာက လျို မိသားစုပါပဲ ” ကျီလင်းချန် ပြန်ပြောခဲ့သည်။

မစ္စစ်လျိုက ဆက်ပြီးငိုဖို့လုပ်ခဲ့သည်။ “CEOကျီ၊ ကျွန်မ ယန်ယွီ ကော်ပိုရေးရှင်းကို မလိုချင်တော့ဘူး။ ကျွန်မ ရှင့်ကို ပေးလိုက်မယ် ဟုတ်ပြီလား။ သမီးကို မခေါ်သွားပါနဲ့လို့ ကျွန်မ တောင်းဆိုပါတယ်" စကားပြောပြီးသောအခါတွင် ကုမ္ပဏီမှ ပြန်လည်ရောင်းချခြင်းဆိုင်ရာ သဘောတူညီချက်ကို သူမအိတ်ထဲမှ ထုတ်လိုက်သည်။ သူမသည် သဘောတူညီချက်ပါ အကြောင်းအရာများကို ရေးဆွဲထားပြီးဖြစ်သည်။ သဘောတူညီချက်အရ သူမသည် ကုမ္ပဏီကို ကျီ ကော်ပိုရေးရှင်းထံ အလကား လွှဲပြောင်းပေးမည်ဟု ဆိုထားသည်။

“CEO ကျီ၊ ရှင့်ကို ကုမ္ပဏီကို ပေးမယ်။ ရှောင်ယွီ ကို ကျွန်မတို့နဲ့ အတူနေခွင့်ပေးလို့ရမလား။ သူက ကျွန်မရဲ့ဘဝပါ။ ကျွန်မ သူ့ကိုအဆုံးရှုံးမခံနိုင်ဘူး!"

ဖန့်ရှောင်နွမ်က မစ္စစ်လျို ရဲ့ စိတ်ခံစားမှုကြောင့် သက်ရောက်မှုရှိသွားပြီး သူမလည်း စငိုတော့သည်။

အရင်တုန်းက သူမ၏မိဘတွေက သူတို့အရင်က မတွေ့ခဲ့ဖူးတဲ့ ကျီလင်းချန်ကို သူမနဲ့ လက်ထပ်ခွင့်ပေးသည်ထက် ကျီမိသားစုကို စော်ကားလိုကြသည်။ ယင်းက သူမအား ခိုင်မာသော မိဘမေတ္တာကို သတိရစေသည်။ ယနေ့တွင် မစ္စစ်လျိုက သူမတည်ထောင်ခဲ့သော ယန်ယွီ ကော်ပိုရေးရှင်းကို ကျီလင်းချန်အား အလကား ပေးဖို့ ဆန္ဒရှိနေသည်။ ဒါက ရှောင်ယွီကို ချစ်တဲ့ လက္ခဏာတစ်ခုလည်း ဖြစ်သည်။ မစ္စစ် လျိုက ရှောင်ယွီကို သူ့ဘဝထက် ပိုအရေးကြီးတယ်လို့ တကယ်ပဲ မှတ်ယူထားသည်။ သူမအတွက် အရာအားလုံးကို စွန့်လွှတ်ဖို့ ဆန္ဒရှိသည်။

ဖန့်ရှောင်နွမ် တစ်ရှူးအနည်းငယ်ကို ထုတ်လိုက်ပြီး မစ္စစ်လျို အနားတွင် ထိုင်ကာ သူမ မျက်ရည်များကို သုတ်ပေးလိုက်သည်။ “မစ္စစ်လျို၊ ရှောင်ယွီက မစ္စစ်လျိုနဲ့ တွေ့ခွင့်ရလို့ ကံကောင်းတာပဲ"

ဒါကိုကြားတော့ မစ္စစ်လျိုက ဖန့်ရှောင်နွမ်ကို ထပ်ပြီး တောင်းဆိုတော့သည်။ "ရှောင်နွမ်၊ အန်တီ ရှောင်ယွီကို ဘယ်လောက်ချစ်တယ်ဆိုတာ သိတယ်မလား။ အန်တီ့ကိုကူညီပေးလို့ရမလား"

“မစ္စစ် လျို ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ မကူညီနိုင်ဘူး" ဖန့်ရှောင်နွမ်က မစ္စစ်လျို၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “မစ္စစ်လျို ၊ မစ္စစ်လျိုနဲ့မစ္စတာ လျိုက ရှောင်ယွီ အတွက် ဘယ်လောက်အနစ်နာခံခဲ့လဲဆိုတာကိုပဲ မစ္စစ်လျို ကြည့်နေတာ။ မစ္စစ်လျိုတို့နှစ်ယောက်က ၁၅ နှစ်လောက် ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြပေမယ့် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ကျွန်မယောကျ်ားရဲ့အခွင့်အရေးကို မစ္စလျို ယူထားခဲ့မိတယ်လေ။ ကျွန်မယောကျ်ားက အသက် ၁၃ နှစ်ကနေ၂၈ နှစ်အထိ ၁၅ နှစ်ကြာအောင် ရှာဖွေနေခဲ့တာ။ ကျွန်မယောက္ခမဆို နေမကောင်းဖြစ်ပြီး ဆုံးသွားတာ ကြာပြီ။ ကျွန်မယောကျ်ားက ဒီဟာကို သူ့ကျောပေါ်မှာ နှစ်ပေါင်းများစွာ ထမ်းလာရတယ်ဆိုတာကို မစ္စစ်လျိုသိရဲ့လား။ အဆုံးမရှိတဲ့ အပြစ်တင်မှုတွေ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး နောင်တတွေနဲ့….. ကျီမိသားစုက မစ္စစ်လျိုတို့ မိသားစုလို နွေးထွေးပြီး သဟဇာတဖြစ်နိုင်တယ်ဆိုပေမယ့် ရှောင်ယွီနဲ့ ကျွန်မယောက္ခမတို့အနားမှာ မရှိကြတော့ဘူးဆိုတော့ ကျီ မိသားစုက ကွဲကွာသွားခဲ့ကြတယ်”

“ကျွန်မယောကျ်ားက သူ့အမေ၊ သူ့အိမ်နဲ့ သူ့ညီမလေးကို သူ့ အသက်ဆယ့်သုံးနှစ်မှာ ဆုံးရှုံးလိုက်ရတယ်။ သူ့ညီမကို လိုက်ရှာရင်းနဲ့ ဒီတိုင်းနေခဲ့တာ။ မစ္စစ်လျိုရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကို တွေးရုံနဲ့ ကျွန်မယောကျ်ားက သူ့မိသားစုရဲ့ပျော်ရွှင်မှုကို စွန့်လွှတ်လိုက်ဖို့ဆိုတာက ဘယ်ဖြစ်မှာလဲ။ အဲဒါ မတရားဘူးလေနော် ”

ဖန့်ရှောင်နွမ်က သူမမျက်ရည်တွေကို ခြောက်အောင်သုတ်ပြီး စာချုပ်ကို မစ္စစ်လျို ရဲ့အိတ်ထဲကို ပြန်ထည့်ပေးလိုက်သည်။ “မစ္စစ် လျို၊ မစ္စစ်လျို ရှောင်ယွီက မစ္စစ်လျိုရဲ့ဘဝထက် ပိုအရေးကြီးတယ်လို့ မစ္စစ်လျိုမြင်လို့ရပေမယ့် ကျွန်မယောက်ျားကတော့ မတူဘူး။ ကျီမိသားစုဝင် အားလုံးက ရှောင်ယွီ အိမ်ပြန်လာမှာကို စောင့်နေကြတာ။ သူက သူတို့မိသားစုရဲ့ အစိတ်အပိုင်းလေးပါ”

"သူတို့ ဘယ်လိုခံစားရမလဲဆိုတာ မစ္စစ်လျို နားလည်ပေးနိုင်မလား။ မစ္စစ် လျို၊ ကျွန်မယောကျ်ားက မစ္စစ်လျို အဲ့တာကို လက်မခံနိုင်မှာကို ကြောက်နေတာ။ ဒါကြောင့် သူ အချိန်ပေးထားပြီးသား၊ မစ္စစ်လျိုလုပ်ရမယ့်အချိန်က တစ်လပဲကျန်တော့တယ်။ သူက သူတော်စင်မဟုတ်တဲ့အတွက် မစ္စစ်လျိုရဲ့ခံစားချက်တွေကို အမြဲစဉ်းစားနေဖို့ အကြောင်းပြချက်မရှိဘူးလေ ဟုတ်တယ်မလား။ သူ့ရဲ့လက်ကို အားသုံးရအောင်မလုပ်ပါနဲ့။ ကျွန်မတို့ ကျီ မိသားစုက ရှောင်ယွီကို ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူး!"

သူမသည် ကျီ မိသားစုကိုယ်စား စကားပြောနေခဲ့သည်။ ဒါက သူမရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖြစ်စေဖို့ လုံလောက်သည်။

မစ္စစ်လျိုက သူမရဲ့မျက်နှာကို အုပ်ကာ ငိုခဲ့သည်။ မူလက ကြော့ရှင်းသော အမျိုးသမီး CEO သည် ယခုအခါ အားကိုးရာမဲ့တဲ့ အမျိုးသမီး အဖြစ်ဆုံး ဖြစ်နေသည်။

ကျီလင်းချန်က သူ့ကို အမြဲတမ်းအားပေးနေမည့် သူ့ဇနီးအား ကြည့်ပြီး ထိမိသွားသည်။ ပြောစရာတွေ အများကြီးရှိပေမယ့် သူ့ကို နားလည်တဲ့ သူ့မိန်းမက သူ့အတွက် ပြောပေးနေသည်။ ဒီအချိန်မှာ သူ့နှလုံးသားက လုံးဝအပြည့်ဖြစ်နေပြီ။

ဖန့်ရှောင်နွမ် ဆက်ပြောလိုက်သည်။ “မစ္စစ် လျို၊ ရှောင်ယွီ နဲ့ ကျွန်မက နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်လာခဲ့တယ်။ ကျွန်မတို့ရဲ့ဆက်ဆံရေးက အရမ်းခိုင်မာတယ်။ ဒီအကြောင်းကို ကျွန်မ ပထမဆုံးသိလိုက်ရတုန်းက ရှောင်ယွီ သူ့ရဲ့ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကို ဆုံးရှုံးလိုက်ရမှာကို ကျွန်မ စိုးရိမ်ခဲ့မိတယ်။ ကျွန်မယောကျ်ားနဲ့တောင် စကားများခဲ့ပြီး ကျွန်မ ဒေါသမထိန်းနိုင်ခဲ့ဘူး။ အဲဒီတုန်းက ကျွန်မယောကျ်ားအကြောင်းတောင် မတွေးပေးခဲ့မိသလို ကျီမိသားစုအကြောင်းလည်း မတွေးပေးခဲ့မိဘူး။”

“ဒါပေမယ့် အမှန်တရားကတော့ မစ္စစ်လျိုတို့မိသားစုရဲ့ လက်ရှိပျော်ရွှင်မှုကို ကျီ မိသားစုရဲ့ နာကျင်မှုပေါ်မှာ တည်ဆောက်ထားတာပဲလေ။ မစ္စစ်လျိုရဲ့ပျော်ရွှင်မှုကို ဖြည့်ဆည်းပေးဖို့ ကျီ မိသားစု ဒုက္ခရောက်စရာ အကြောင်းပြချက်တော့မရှိဘူး။ ရှောင်ယွီက အရွယ်ရောက်ပြီးသား သူတစ်ယောက် ပြီးတော့ သူ ဒီအကြောင်းကို သိပိုင်ခွင့်ရှိတယ်။ သူမ သိပြီးရင် အရာအားလုံးက သူမအပေါ်မှာပဲ မူတည်လိမ့်မယ်။ သူမကို တကယ်ချစ်ရင် သူ့ရဲ့ရွေးချယ်မှုကို လေးစားပေးသင့်ပါတယ်”

ဖန့်ရှောင်နွမ်သည် ခင်ပွန်းဖြစ်သူ၏ ညွှန်ကြားချက်များကို နားထောင်ခဲ့သည်။ လွန်ခဲ့သည့်လတွင် သူမသည် လျိုစစ်ယွီအား မပြောပြဘဲ ထိန်းထားခဲ့သည်။ အမှန်တရားကို လက်ခံဖို့ လျို မိသားစုကို အချိန်ပေးဖို့အတွက် သူမ လုပ်ခဲ့တာ။ သူမ ရှောင်ဝမ်ကိုတောင် မပြောပြခဲ့ဘူး။

လျို မိသားစု အစိုးရိမ်ဆုံးအရာကတော့ အမှန်တရားကို သိရှိပြီးနောက် မစ္စစ်လျို မခံစားနိုင်မှာကိုပင်။ အခုတော့ သူမ သိသွားပြီဆိုတော့ ဖုံးကွယ်ထားစရာ မလိုတော့ဘူး။

All Chapters