← Chapters

အခန်း (၂၉၀)

Vol. 20 Ch. 290

အခန်း (၂၉၀)

Vol. 20 Ch. 290

မစ္စတာ လျိုသည် ကျီလင်းချန်နဲ့လည်း တွေ့ဆုံခဲ့ပြီး သူတို့နှစ်ဦးသည် လျိုစစ်ယွီကိစ္စကို ဆွေးနွေးခဲ့ကြသည်။ လျို မိသားစုတစ်စုလုံးက လျိုစစ်ယွီကို သူတို့ရဲ့သမီးအရင်းလေးလို တုန်နေအောင်ချစ်ကြပြီး သူမကို နည်းနည်းလေးမှ ဒုက္ခမပေးဖူးပါပေ။ အစတုန်းကတော့ သူမကို အစားထိုးတစ်ယောက်အဖြစ်သာ ဆက်ဆံခဲ့သည်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူတို့သမီးလေး ဆုံးပါးသွားခဲ့ပြီဆိုတဲ့ အချက်ကို အားလုံးက လက်ခံခဲ့ကြသည်။ သူတို့သည် လျိုစစ်ယွီကို သူတို့၏ သမီးလေးအဖြစ် ဆက်ဆံခဲ့သည်မှာ ကြာပြီဖြစ်သည်။

"စစ်ယန်၊ ငါ စစ်ယွီနဲ့ မခွဲနိုင်ဘူး။"

"ဒါပေမယ့် သူမက လျိုစစ်ယွီ မဟုတ်ဘူးလေ။ သူမက ကျီရှောင်ယွီ!" လျိုစစ်ယန် သက်ပြင်းချလိုက်သည်။

ရုတ်တရက် တံခါးခေါက်သံက ထွက်လာခဲ့သည်။

!!

လျိုစစ်ယန်နဲ့ မစ္စတာ လျိုတို့ ချက်ချင်း စိုးရိမ်သွားကြသည်။ "ဘယ်သူလဲ"

မစ္စစ်လျိုက တံခါးကိုတွန်းဖွင့်ပြီး စာကြည့်ခန်းထဲဝင်လာခဲ့သည်။ ယောကျ်ားနဲ့သားကိုကြည့်ရင်း သူမ မျက်လုံးတွေက အနည်းငယ် နီရဲလာသည်။ သူတို့ရဲ့စကားဝိုင်းတစ်ခုလုံးကို သူမကြားခဲ့ရသည်။

"ဘယ် ကျီ မိသားစုလဲ" မစ္စစ်လျိုက ငိုရှိုက်ရင်း မေးခဲ့သည်။

သူမ အိပ်ပျော်သွားသော်လည်း ရုတ်တရက် အိပ်မက်ဆိုးတစ်ခု မက်ခဲ့သည်။ နိုးလာပြီးနောက် သမီးဖြစ်သူ၏ အခန်းသို့ သွားခဲ့သည်။ အပြန်လမ်းတွင် ခင်ပွန်းဖြစ်သူ၏ စာကြည့်ခန်းကို ဖြတ်သွားခဲ့ကာ အတွင်းထဲမှ အသံများကို ကြားလိုက်ရသည်။ မကြာသေးခင်က သူမရဲ့သမီးလေး ရွှင်လန်းမှုမရှိနေသလို ခံစားမိခဲ့သည်။ သူမ အမြဲတမ်း မှိုင်တွေတွေနဲ့ စိတ်ဓာတ်ကျနေခဲ့သည်။ ထို့ကြောင့် သူမရဲ့သားနဲ့ ယောကျ်ားကို စကားပြောချင်ခဲ့သည်။ ထို့နောက် သူမ သူတို့ပြောတာကို ကြားလိုက်ရသည်။

လျိုစစ်ယန်က သူ့အမေကို ကြည့်ပြီး စိုးရိမ်တကြီးနဲ့ပြောလိုက်သည်။ "အဲ့တာက ကျီလင်းချန် "

မစ္စစ်လျို၏ မျက်လုံးတွေ သွေးရောင်လွှမ်းသွားသည်။ သမီးဖြစ်သူကို အမှန်အတိုင်း မပြောပြဖို့ ခင်ပွန်းနဲ့ သားကို တားဖို့ သူမ ဆုံးဖြတ်လိုက်သည်။ "ငါ့သမီးကို ဘယ်သူမှ ခေါ်သွားလို့မရဘူး!" သူ့သမီးကို ဘယ်သူမှ မခေါ်သွားနိုင်အောင်ဝှက်ထားချင်ခဲ့သည်။

လျိုစစ်ယန်က အကြံပြုတိုက်တွန်းလိုက်သည်။ “ ရှောင်ယွီ မကြာသေးမီက ဓါတ်ပုံဟောင်းတွေကို ကြည့်နေတယ်။ သူ ငယ်ဘဝအကြောင်းတွေကို အများကြီးမေးသေးတယ်။ သူ မကြာသေးခင်ကပဲ မှိုင်တွေတွေကြီးဖြစ်လာတာ။ သူ့စိတ်ထဲမှာ တစ်ခုခုရှိနေတယ်ဆိုတာ သိသာတယ်။ တစ်ခုခုကို သူမ ရှာတွေ့သွားလောက်ပြီ ”

မစ္စစ်လျိုက ဒေါသတကြီးနဲ့ သူ့သားကိုပြောလိုက်သည်။ "မင်းမှာ သူ့ကို ပြောပြခွင့်မရှိဘူး!"

လျိုစစ်ယန် ပြောလိုက်သည်။ "အမေ။ နိုးထလိုက်ပါတော့၊ ရှောင်ယွီက စစ်ယွီ နေရာမှာ အစားထိုးပြီး တစ်သက်လုံး သူ့လိုမျိုး နေနိုင်မှာမဟုတ်ဘူး။"

မစ္စစ်လျိုက သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်နိုင်ခဲ့ပေ။ သူ့သမီးကို အခြားတစ်ယောက်ယောက်က ခေါ်ဆောင်သွားတော့မှာကို သူမ သိသည်။

အမြဲသဟဇာတရှိကြတဲ့ မိသားစုဝင်သုံးယောက်က စာကြည့်ခန်းထဲတွင် ရန်ဖြစ်လုနီးပါး ဖြစ်နေသည်။ နောက်ဆုံးမှာတော့ မစ္စတာ လျိုက သူ့သားကို စာကြည့်ခန်းကနေ ထွက်သွားခိုင်းပြီး သူနဲ့ သူ့မိန်းမသာ ကျန်ခဲ့သည်

နောက်တစ်နေ့တွင် ကျီလင်းချန်သည် ဇနီးဖြစ်သူအား ကျောင်းသို့လိုက်ပို့ပေးခဲ့ပြီး သမီးဖြစ်သူကို လိုက်ပို့ပေးတဲ့ မစ္စစ်လျိုနဲ့ ပက်ပင်းတိုးခဲ့သည်။

“မစ္စစ် လျို ” ဖန့်ရှောင်နွမ်က သူမကိုမြင်တော့ နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။

ကျီလင်းချန်က သူအမြဲတွေ့ချင်ခဲ့တဲ့ မစ္စစ်လျိုကိုတွေ့လိုက်ရတော့ သူက သူ့ဇနီးလေးကို ပြောလိုက်သည်။ "ရှောင်နွမ်၊ အတန်းထဲသွားတော့ "

ဖန့်ရှောင်နွမ် အနည်းငယ် စိတ်ပူသွားသည်။ မစ္စစ်လျို၏ မျက်လုံးတွေက အနည်းငယ် ဖောင်းနေသည်ကို သူမ မြင်လိုက်ရပြီး စာသင်ခန်းထဲတွင် ရှိနေသော လျိုစစ်ယွီ လည်း သူတို့၏ ဦးတည်ရာကို ကြည့်နေသည်။

"ရှောင်နွမ် ထွက်သွားစရာ မလိုဘူး။" မစ္စစ်လျိုက ဖန့်ရှောင်နွမ်ကိုနေစေချင်သည်။

“မဒမ် ဒါက လူကြီးတွေနဲ့ပဲ ဆိုင်တယ်။ ကလေးတွေ မပတ်သက်စေနဲ့"

သူက သူ့မိန်းမကိုကြည့်ကာ အထဲဝင်ခိုင်းလိုက်သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ ယောကျ်ား ၊ ကျွန်မ....

“အထဲဝင်ပြီး သင်ခန်းစာတွေကို အာရုံစိုက်။ ဒါက ကလေးတွေ ပတ်သက်ရမယ့်ကိစ္စ မဟုတ်ဘူး”

"ကျွန်မက ကလေးမဟုတ်ဘူး။" ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူ၏ နံဘေးသို့ လျှောက်သွားပြီး ထွက်မသွားချင်ဘဲ သူ့လက်မောင်းကို ဆုပ်ကိုင်ထားသည်။

သူက ညဘက်အိပ်ရာထဲမှာကျရင် သူမကိုလူကြီးတစ်ယောက်လို ဆက်ဆံပြီး နေ့ခင်းဘက်မှာဆို ကလေးတစ်ယောက်လို ဆက်ဆံသည်။ သူမယောကျ်ားမှာ စံသတ်မှတ်ထားတာနှစ်ထပ်ရှိသည်ဟု သူမ ခံစားမိသည်။

"အထဲဝင်ပြီး ရှောင်ယွီကို အဖော်လုပ်ပေးလိုက်" ကျီလင်းချန်က သူ့မိန်းမကို လှည့်စားဖို့ ကြိုးစားနေခဲ့သည်။

ဖန့်ရှောင်နွမ် လှည့်ပြီး ဒီခက်ခဲတဲ့တာဝန်တွေကို သူမရဲ့တူကို လွှဲပေးလိုက်သည်။ "ရှောင်ဝမ်၊ အထဲဝင်ပြီး ရှောင်ယွီနဲ့ အဖော်လုပ်ပေးလိုက် "

ကျီဝမ် ခေါင်းကုတ်လိုက်သည်။ အရင်ဝင်လိုက်တာ ပိုကောင်းပါတယ်။

စာသင်ခန်းထဲမှာ ကျီဝမ်က လျိုစစ်ယွီ ရဲ့ဘေးမှာထိုင်နေပြီး မေးခဲ့သည်။ "စစ်ယွီ၊ ဒီရက်ပိုင်း မင်းဘာတွေဖြစ်နေတာလဲ"

လျိုစစ်ယွီ နုံ့ချည့်စွာ ပြန်ဖြေခဲ့သည်။ “ဘာမှသိပ်မရှိပါဘူး”

"မင်းအမေရဲ့ကုမ္ပဏီမှာ ပြဿနာရှိနေလို့လား" ကျီဝမ် မေးလိုက်သည်။

မစ္စစ်လျို၏ အမူအရာက ခုဏကတောင် အလွန်ချဉ်နေသည်။ လျို မိသားစုအတွက် ကြီးကြီးမားမား တစ်ခုခုတော့ ဖြစ်ထားရမည်။ ကျီဝမ်က ကုမ္ပဏီနှင့် ပတ်သက်သည့် အရာတစ်ခု ဖြစ်သင့်သည်ဟု ခံစားမိသည်။ မဟုတ်ရင် သူမက သူ့ဦးလေး အကူအညီတောင်းမှာ မဟုတ်ဘူး။ ထို့အပြင် CEO ကျီ သည် သူ၏ဇနီးလေးရဲ့ စကားကို အလွန်လေးစားကြောင်း စီးပွားရေးလောကရှိ လူအတော်များများ သိကြသည်။ ထို့ကြောင့် မစ္စစ် လျိုသည် လျိုစစ်ယွီနဲ့ ဖန့်ရှောင်နွမ် တို့၏ ချစ်ကြည်ရင်းနှီးမှုကြောင့် ကျီလင်းချန်ကို အကူအညီတောင်းရန် ဖန့်ရှောင်နွမ်ရဲ့ နောက်ကွယ်မှာ ထားနိုင်ခဲ့သည်။

လျိုစစ်ယွီသည် မကြာသေးမီက စိတ်အားငယ်နေခဲ့သည်။ သူ့အမေကို အရမ်းစိတ်ပူနေပေမယ့် သူ့သူငယ်ချင်းတွေကို ပြောပြဖို့ ရှက်လွန်းနေခဲ့သည်။

ကျီဝမ်က အရာအားလုံးဟာ အဓိပ္ပါယ်ရှိတယ်လို့ ခံစားမိသည်။ သူသည် သဲလွန်စအချို့ကို အခြေခံ၍ အရာအားလုံးကို နုတ်ယူခဲ့သည်။ သူသည် ရိုးရိုးရှင်းရှင်း နှုတ်ယူနိုင်တဲ့ ပါရမီရှင်တစ်ဦးဖြစ်သည်။

"စစ်ယွီ စိတ်မပူပါနဲ့။ မင်းမိသားစုရဲ့ ကုမ္ပဏီက အဆင်ပြေသွားပါလိမ့်မယ်။ မင်းအမေကို ငါယုံတယ်။ ဒါ့အပြင် ဖန့်ရှောင်နွမ်က မင်းအမေကို သေချာပေါက် ကူညီပေးမှာပါ” ကျီဝမ် ပြောလိုက်သည်။

လျိုစစ်ယွီမှာ ယုံကြည်မှုရှိရှိ ဆုံးဖြတ်ချက်ခိုင်မာနေတဲ့ ကျီဝမ်ကို ကြည့်လိုက်သည်။ သူမ ပြောစရာ စကားမဲ့သွားသည်။ သူဘာတွေတွေးနေတာလဲ။

အပြင်ဘက်မှာတော့ ကျီလင်းချန်က ဖန့်ရှောင်နွမ်ကို မစည်းရုံးနိုင်ခဲ့တဲ့အတွက် သူမကို အတန်းလစ်ဖို့သာ ကူညီပေးနိုင်ခဲ့သည်။ မစ္စစ်လျို နှင့် စကားစမြည်ပြောရန် သူမကို ကော်ဖီဆိုင်သို့ ခေါ်သွားခဲ့သည်။

မနက်မိုးလင်းပြီဆိုတော့ ကော်ဖီဆိုင်မှာ ကော်ဖီလာဝယ်ကြတဲ့ လူတော်တော်များသည်။ ကျောင်းသူ/သားတွေအပြင် အနီးနားက ရုံးဝန်ထမ်းတွေလည်း ရှိနေကြသည်။

All Chapters