← Chapters

အခန်း (၂၈၉)

Vol. 20 Ch. 289

အခန်း (၂၈၉)

Vol. 20 Ch. 289

ဖန့်ရှောင်နွမ်က သခင်ကြီးကျီ ဤနည်းဖြင့် ပြဿနာရှာမည်ဟု မမျှော်လင့်ခဲ့ပေ။ "အဖေ၊ အဖေ အဲ့လောက် စိတ်မချမ်းသာဖြစ်နေတာလား။"

"ငါစမ်းကြည့်ချင်တယ်" သခင်ကြီး ကျီက ပြန်ဖြေခဲ့သည်။ ထို့နောက် တစ်ငုံသောက်ကြည့်လိုက်ပြီး ပြန်ထွေးထုတ်ခဲ့သည်။ ပန်းကန်လုံးကို ချပြီး သူ့မြေးနောကို လမ်းလျှောက်တုတ်နဲ့ ပြေးလိုက်သွားသည်။

မြေးအဖိုးနှစ်ယောက် ထမင်းစားခန်းထဲက ပြေးထွက်သွားကြပြီး ထမင်းစားခန်းထဲမှာ လင်မယားနှစ်ယောက်ပဲ ကျန်တော့သည်။

ဖန့်ရှောင်နွမ်ကည် သူမရှေ့က အဝါရောင်အရည်ကို ကြည့်ပြီး စိတ်ပူသွားသည်။

ကျီလင်းချန်က သူ့ဇနီးလေးက ဂျင်းပြုတ်ကို အမှန်တကယ် မသောက်ချင်နေကြောင်း သူ ပြောနိုင်သောကြောင့် သူ့ပန်းကန်လုံးဆီ လက်လှမ်းကာ တစ်ငုံသောက်လိုက်သည်။ မျှော်လင့်ထားသလိုပဲ၊ စပ်ပြီး အနံ့စူးရှရှိသည်။

ဖန့်ရှောင်နွမ်က သူမယောကျ်ားကို လှည့်ကြည့်ခဲ့သည်။ သူ့မျက်နှာက သနားစရာလေး။ သူမချွဲကာပြောလိုက်သည်။ “ယောကျ်ား၊ ကျွန်မ မသောက်လို့ရလား။ ကျွန်မတကယ်အဆင်ပြေပါတယ်။"

ကျီလင်းချန်က ဂျင်းပြုတ်ရည်ကို ချပြီး သူ့အခန်းထဲ ပြန်ဝင်သွားသည်။ သူပြန်ရောက်လာတော့ သူ့လက်ထဲမှာ သကြားညိုတစ်ထုပ်ပါလာသည်။ ဟင်းပြုတ်ရည်ထဲကို သကြားညို နည်းနည်းထည့်ပြီး မွှေလိုက်သည်။ သကြားညိုပျော်သွားပြီးနောက် ဂျင်းပြုတ်ရည်ကသည် အနီရောင်သန်းသွားသည်။

ကျီလင်းချန် စမ်းသောက်ကြည့်လိုက်တော့ အရသာက ပိုကောင်းသွားသည်ကို တွေ့လိုက်ရသည်။ သောက်ရတာ အများကြီး ပိုလွယ်သွားသည်။

ထို့နောက် ပန်းကန်လုံးကို ကောက်ယူပြီး ဖန့်ရှောင်နွမ် ရှေ့ ချပေးလိုက်သည်။ “လိမ္မာတယ်။ မစပ်တော့ဘူး။ သောက်လိုက်”

ဖန့်ရှောင်နွမ်က သူမယောကျ်ားလုပ်ပေးခဲ့တာတွေကို မြင်လိုက်ရတော့ နှလုံးသားက အရည်ပျော်ကျသွားခဲ့သည်။ သကြားညို ဂျင်းပြုတ်ရေ ပန်းကန်လုံး တစ်လုံးလေးပါပဲ။ သူမ သောက်လိုက်သည်! သူမ ပန်းကန်လုံးကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ပါးစပ်ဆီသို့ ယူလာကာ ငုံလိုက်သည်။ သကြားညိုနဲ့ဆိုတော့ ပိုချိုသွားပေမယ့် အရသာက မထူးခြားသေးပါဘူး။ သူမ လျှာကိုထုတ်ပြီး မျက်လုံးမှိတ်ထားရင်း နာကျင်နေပုံပေါ်သည်။

ကျီလင်းချန်က ဇနီးဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ကာ သူမရဲ့နီထွေးထွေးနှုတ်ခမ်းလေး နမ်းရန် အပေါ်ကနေအုပ်မိုးလိုက်သည်။

အနမ်းက မြန်မြန်ပဲပြီးသွားသည်။ ကျီလင်းချန်ရဲ့ အကြည့်တွေက ပြင်းထန်နေပြီး သူပြောခဲ့သည်။ "အခန်းထဲပြန်ရအောင်" အိပ်ခန်းထဲမှာဆို သူလုပ်ချင်တာမှန်သမျှ လုပ်လို့ရနိုင်သည်။

ဖန့်ရှောင်နွမ်က ဂျင်းပြုတ်ရည် အလွန်အကျွံသောက်လိုက်ရတာကြောင့် စိတ်လွတ်သွားဖွယ်ရှိသည်။ ခင်ပွန်းဖြစ်သူအား သူမကို သူတို့အခန်းထဲပြန်လိုက်ပို့ပေးဖို့ သူမ ခွင့်ပြုလိုက်သည်။ နောက်ထပ်ဘာဆက်ဖြစ်မလဲဆိုတာ သိသာနေပါပြီ။

သူမ အဝတ်အစားမဲ့သွားသောအခါတွင် ခင်ပွန်းဖြစ်သူက သူမအပေါ်တွင် ရှိနေသည်။ သူမကို သူ့ ပါးစပ်ထဲထည့်ကာ သူ့နှုတ်ခမ်းနဲ့ သွားတွေက သူမဆီမှာ ပွတ်သပ်နေခဲ့သည်။ "ကိုယ့်ကို ဒေါသထွက်အောင် မင်းက ကောင်လေးချောချောလေး ရှာချင်တာလား။ ဟမ် "

ဖန့်ရှောင်နွမ်က ငိုပြီး ကရုဏာတရားထားပေးဖို့တောင်းပန်ခဲ့သည်။ "ယောကျ်ား၊ ကျွန်မမှားသွားပါတယ်။ ကျွန်မ မရှာတော့ပါဘူး!"

စကားကြီးကြီးကျယ်ကျယ် ပြောတဲ့အချိန်တုန်းက သူမ ခံစားရတာ ကောင်းနေခဲ့ပေမယ့် အိပ်ရာထဲမှာတော့ နောင်တရနေခဲ့သည်။

ခင်ပွန်းဖြစ်သူထံမှ lecture ပေးတာခံရပြီးနောက် ဖန့်ရှောင်နွမ်က သူမ၏ သင်ခန်းစာကို ခက်ခက်ခဲခဲ သင်ယူခဲ့သည်။ သူမယောကျ်ား ဘယ်တော့မှ ထပ်ပြီး တမင်စိတ်တိုရအောင်လုပ်မှာ မဟုတ်တော့ဘူး။

“အခုကစပြီး ကိုယ့်ရဲ့ နာခံမှုရှိတဲ့ ကြောင်လေးဖြစ်အောင် လုပ်” ကျီလင်းချန်က သူမကို ပိုမိုနက်ရှိုင်းစွာ တွန်းရင်း ပြောခဲ့သည်။

ဖန့်ရှောင်နွမ်၏ မျက်နှာက နီမြန်းနေပြီး သူမ ချွေးတွေ အများကြီးထွက်နေစဥ်မှာ သူမ ရေရွတ်လိုက်သည်။ “ကောင်းပါပြီ ရှင့်ရဲ့လိမ္မာတဲ့ကြောင်လေး ဖြစ်စေရပါမယ် ”

ကျီလင်းချန်၏ လှုပ်ရှားမှုတွေက နူးညံ့ပြီး ရှည်လျားသည်။

ဖန့်ရှောင်နွမ်၏ အတွေ့အကြုံသည် စင်ဂယ် အမျိုးသမီးငယ်တွေအတွက် ရှင်းရှင်းလင်းလင်း အဟန့်အတား ဖြစ်စေသည်။ အိမ်ထောင်သည်ဘဝက ရှေ့ကို စောင့်မျှော်ရကျိုးနပ်မှာမဟုတ်သလို သူတို့ ပေါ့ပေါ့တန်တန် လက်မထပ်သင့်ဘူး။

အိပ်ရာထဲမှာ တစ်ချီပြီးတစ်ချီ တိုက်ပွဲ အပြီးမှာ ဖန့်ရှောင်နွမ် မောဟိုက်နေခဲ့သည်။ သူမယောကျ်ား ကို သင်းကွပ်ပစ်ဖို့ သူမမှာတွန်းအားတစ်ခု ရှိလာသည်။ ဒါပေမယ့် ထိုစကားကို သူမ မပြောရဲပေ။ သူမ စိတ်ကူးယဉ်ရုံပါပဲ။

ဖန့်ရှောင်နွမ်က နက်တဲ့ ရေပြင်နှင့် မီးတောက်မီးလျှံတို့၏ အိမ်ထောင်ရေးတွင် နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ သူမသည် နေ့တိုင်း ခေါင်းရှုပ်ခံနေပြီး လျိုစစ်ယွီ၏ ပြောင်းလဲမှုများကိုတောင် သတိမထားမိပေ။

လျိုစစ်ယွီသည် မကြာသေးမီက အိမ်မှာ သူ့အစ်ကိုကို ဓာတ်ပုံအယ်လ်ဘမ်များတောင်းခဲ့သည်။ တစ်ယောက်ယောက်က သူမကို အာရုံလွှဲအောင်မခေါ်မချင်း သူတို့ကို အချိန်အတော်ကြာအောင် သူမ စိုက်ကြည့်နေလိမ့်မည်။ သူမ ဓာတ်ပုံအယ်လ်ဘမ်ကို ပိတ်လိုက်သည်။ သူမရင်ခွင်ထဲမှာ ခွေးလေးတစ်ကောင်နှင့် ဂျုံခင်းတစ်ခုမှာ ရပ်နေသည့်ပုံတစ်ခုရှိသည်။ ဒါပေမယ့် သူမမိသားစုက တစ်ခါမှ ခွေးမမွေးဖူးကြောင်း၊ ဂျုံခင်းသို့ တစ်ခါမှ မရောက်ဖူးကြောင်း သူမ သတိရသွားမိသည်။

လျိုစစ်ယွီ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ လျိုစစ်ယန်က မှတ်မိသော်လည်း ဘာမှပြန်မပြောခဲ့ပေ။

ထိုညတွင် လျိုစစ်ယွီ အိပ်ပျော်သွားခဲ့သည်။

လျိုစစ်ယန်က ညသန်းခေါင်တွင် သူ့ဖခင်၏ စာကြည့်ခန်းသို့ သွားခဲ့သည်။ သူ့မျက်ခုံးကြားက နေရာလွတ်ကို ဖျစ်လိုက်ပြီး သူ့အဖေနဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ "အဖေ၊ သူမကို အမှန်အတိုင်းပြောပြလိုက်ပါတော့။ ရှောင်ယွီ တစ်ခုခုတော့ လွဲနေပြီဆိုတာ သိထားပြီ။"

မစ္စတာ လျိုက စီးကရက်ကို မီးညှိပြီး ဆေးလိပ် စတင်သောက်ခဲ့သည်။ “မင်းအမေ ခုထိ မသိသေးဘူး။ ဒီလောက်ကြီးမားတဲ့ ထိုးနှက်ချက်ကို သူမ မခံနိုင်မှာကို ငါကြောက်တယ်။”

လျိုစစ်ယန် ပြောလိုက်သည်။ “ကျွန်တော်တို့မိသားစုက သူမကို ၁၅ နှစ်ကြာအောင် စောင့်ရှောက်လာခဲ့တယ်။ ညီမလေးကိုယ်စား ကျွန်တော်တို့မိသားစုမှာ သူ ၁၅ နှစ်လောက် နေလာခဲ့တာပဲ။ သူမမှာ အမှန်တရားကို သိပိုင်ခွင့်ရှိတယ်။ သူမအသက်ကို ကယ်တင်ခဲ့ပေမယ့်လည်း လွန်ခဲ့တဲ့ ၁၅ နှစ်က သူမရဲ့အကြွေးကို ပေးချေခဲ့ပြီးပြီပဲ။ ကျီ မိသားစုက ကျွန်တော်တို့ဆီလာပြီး သူမကိုပြန်လာတောင်းကြတဲ့အခါမှသာ ရှောင်ယွီ သိသွားခဲ့ရင် သူမ အဲ့တာကိုခံနိုင်မှာမဟုတ်ဘူး။ အဲ့တာက အမေတင် မကဘူး။”

သူမက ပျော်ရွှင်စရာကောင်းတဲ့ဘဝဖြင့် နေထိုင်ခဲ့သည်။ ရုတ်တရက် သူမက ဤမိသားစု၏ သမီးအရင်းမဟုတ်ကြောင်း သူမကို ပြောပြပြီး သူမကို အမြဲအလေးအနက်ထားခဲ့တဲ့ သူမရဲ့မိဘတွေနဲ့ သူမကို အမြဲဦးစားပေးတဲ့ အစ်ကိုဖြစ်သူတို့မှာ သူမနဲ့မသက်ဆိုင်ပေ။ မင်းသမီးလေးလို ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်လို ဆက်ဆံခံရတဲ့ သူမရဲ့ဘဝဟာ လိမ်ညာမှုတစ်ခုပါပဲ။

အကယ်၍ ထိုနေ့တကယ်ရောက်လာပါက၊ လျိုစစ်ယန် သည် သူ့မိသားစုအတွက် မည်သို့ဖြစ်လာမည်ကို တွေးဆနိုင်မည် မဟုတ်ပေ။ သူ ကျီလင်းချန်ကို အချိန် တစ်လလောက်ပေးဖို့ တောင်းဆိုထားခဲ့ပြီးပြီ၊ ဒီအချိန်မှာ ရှောင်ယွီ ကို တစ်ချိန်ချိန်မှာ နှုတ်ဆက်နိုင်မယ်လို့ သူမျှော်လင့်ခဲ့သည်။

လျိုစစ်ယန်က သူ့အဖေ၏ စားပွဲမှ စီးကရက်တစ်လိပ်ကို ကောက်ယူပြီး ဆေးလိပ် စသောက်လိုက်သည်။

All Chapters