← Chapters

အခန်း (၂၈၈)

Vol. 20 Ch. 288

အခန်း (၂၈၈)

Vol. 20 Ch. 288

ကျီလင်းချန်က သူ့တူကိုမေးလိုက်သည်။ "ရှောင်ဝမ်၊ မင်းအဒေါ်..."

“ကျွန်တော် ဘာမှ မသိဘူး။ အရက်အများကြီးသောက်ထားလို့ မှတ်ဉာဏ်တွေ ပျောက်သွားတယ်။ ကျွန်တော် ဘာမှ မမှတ်မိတော့ဘူး” ကျီဝမ် ချက်ချင်းပြောလိုက်သည်။

ဖန့်ရှောင်နွမ်က တူဖြစ်သူ၏ တုံ့ပြန်မှုကို အလွန်ကျေနပ်နေသည်။

ကျီလင်းချန်က အေးစက်စွာ နှာမှုတ်ခဲ့သည်။ သူ သူ့ဇနီးလေးကို ရန်မဖြစ်ဖို့ အကြိမ်ကြိမ်ပြောထားပေမယ့် သူ့အကြံဉာဏ်ကို သူမက အလေးအနက်မထားခဲ့ပေ။

တခြားကားတွင် လျိုစစ်ယန် ကားမောင်းနေသည်။ "ဘာလို့ ဘာမှ မပြောတာလဲ"

ပုံမှန်အားဖြင့် သူကားမောင်းနေစဉ် လျိုစစ်ယွီက စကားအလွန်ပြောတတ်ပြီး လျိုစစ်ယန်က တစ်ခါတစ်ရံ သူမကို ပြတင်းပေါက်မှ လွှတ်ပစ်ချင်ခဲ့သည်။ ဒါပေမယ့် ဒီနေ့တော့ သူမ ရေထဲပြုတ်ကျသွားတဲ့အချိန်တုန်းက ဦးနှောက်အေးခဲသွားသကဲ့သို့ အလွန်တိတ်ဆိတ်နေခဲ့သည်။

လျိုစစ်ယွီ ခေါင်းကုတ်လိုက်သည်။ “ဘာမှ သိပ်ပြောစရာမရှိပါဘူး။”

လျိုစစ်ယန်က မီးပွိုင့်စိမ်းလာမည့်အချိန်ကို စောင့်ဆိုင်းနေချိန်တွင် စိတ်ပူပန်နေပုံရသည့် သူ့ညီမကို လှည့်ကြည့်လိုက်သည်။

လျိုစစ်ယွီက နောက်ဆုံးတွင် မကူညီနိုင်ဘဲမေးလိုက်သည်။ “အစ်ကို၊ ညီမ မေးစရာရှိတယ်၊ ညီမလက်မောင်းက အမာရွတ်က ဘယ်လိုဖြစ်လာတာလဲ”

ကားစတီယာတိုင်ပေါ်မှ လျိုစစ်ယန်ယန်၏ ဆုပ်ကိုင်မှုက တင်းကျပ်လာသည်။ "မင်းကိုယ်တိုင် ကိုက်ထားလို့"

"ဘာလို့ ညီမ ကိုယ့်ဘာသာကိုယ် ကိုက်ရတာလဲ" လျိုစစ်ယွီ မေးလိုက်သည်။

လျိုစစ်ယန် ပြန်ဖြေပေးလိုက်သည်။ "မင်း ငယ်ငယ်တုန်းက နည်းနည်းလေး ရူးနေလို့ ဖြစ်နိုင်တယ်"

အိမ်သို့ရောက်သောအခါ လျိုစစ်ယွီမှာ အိမ်အကူများပင် မတွေ့ခဲ့ရပေ။

"အဖေနဲ့အမေကော ဘယ်သွားကြတာလဲ။ အဖိုးနဲ့အဖွားက ဘာလို့ ဒီမှာမရှိနေတာလဲ။ အိမ်ဖော်တွေကော ဘယ်မှာလဲ" လျိုစစ်ယွီ စပ်စုစုမေးလိုက်သည်။

လျိုစစ်ယန် ပြောလိုက်သည်။ “ဒီမှာ တစ်ယောက်မှ မရှိကြဘူး။ ဘာဖြစ်လို့လဲ ”

“ဒါဆို…” သူ့အစ်ကိုက သူမရဲ့ အတွင်းခံတွေကို ဗီရိုထဲကနေ ယူလာပေးတာများလား။ သူမ မိုးကြိုးပစ်တာကိုသာ ခံချင်သွားသည်။

လျိုစစ်ယွီ မျက်နှာနီရဲသွားသည်။ “အင်း အစ်ကို၊ ညီမ နည်းနည်း အိပ်ချင်လာလို့။ အိပ်တော့မယ်နော်"

"ခုထိ ဘာမှမစားရသေးဘူးမလား" လျိုစစ်ယန်က ဟိုတယ်မှာ သူတို့ သောက်ပဲသောက်ထားကြောင်း သိထားပြီးဖြစ်သည်။

လျိုစစ်ယွီက အစပိုင်းတွင် ဗိုက်ဆာခြင်းမရှိသော်လည်း အစ်ကိုဖြစ်သူက အစားအသောက်အကြောင်းပြောလာသည်ကိုကြားပြီးနောက်တွင် သူမဗိုက်ဆာလာသည်။

လျိုစစ်ယန်က သူ့ကုတ်အင်္ကျီကို အမြန်ချွတ်လိုက်ပြီး ဆိုဖာပေါ်တွင် ပေါ့ပေါ့ပါးပါး ထားခဲ့သည်။ လှည့်ပြီး မီးဖိုချောင်ထဲ ဝင်သွားခဲ့သည်။ “လာ၊ စကားပြောရအောင်။ မင်းအတွက် ခေါက်ဆွဲနည်းနည်းချက်ပေးမယ်။"

လျိုစစ်ယွီက သူ့အစ်ကိုနဲ့ မီးဖိုချောင်ထဲသို့ လိုက်သွားခဲ့သည်။

ဖန့်ရှောင်နွမ်နဲ့ ကျီဝမ်တို့ အိမ်ပြန်ရောက်ပြီးနောက် ကျီလင်းချန်က သူတို့အတွက် ညစာပြင်ဆင်ပေးဖို့ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။

"မင်းတို့ နှစ်ယောက် ဘာမှမစားဘဲ ပါတီ သွားကြတာလား" သခင်ကြီးကျီက အထင်သေးဟန်ဖြင့် ပြောခဲ့သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ကျွန်မတို့ အိမ်မှာ ညစာစားလို့ရအောင် ကျွန်မတို့ရဲ့ စားချင်စိတ်တွေကို တမင်တကာ ချွေတာခဲ့တာ။ ဒါမှ အဖေ ကျွန်မတို့နဲ့ ညဉ့်နက်ပိုင်းမှာ သရေစာ စားလို့ရမှာပေါ့။”

"ဟမ့်၊ မင်း ငါ့ကို ဆင်ခြေအနေနဲ့ သုံးနေတာလား။" သခင်ကြီး ကျီ စကားပြောပြီးတာနဲ့ သူ ထိုနှစ်ယောက်ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။

ကျီဝမ် အရမ်းသောက်ထားပြီး အေးစက်လှတဲ့ရေကူးကန်ထဲကိုတောင် ခုန်ဆင်းခဲ့သည်။

ကျီလင်းချန်က သူ့အတွက် အရက်နာကျတာပျောက်စေတဲ့ ဟင်းရည်နှင့် ဂျင်းပြုတ်ရည်ကို ထပ်မံပြင်ဆင်ဖို့ အစေခံများအား အမိန့်ပေးခဲ့သည်။

ဖန့်ရှောင်နွမ်က ရေကူးကန်ထဲသို့ မခုန်ဆင်းခဲ့သော်လည်း ခင်ပွန်းဖြစ်သူက သူမအား ဂျင်းပြုတ်ရည်တစ်ပန်းကန် သောက်ခိုင်းသည်။ အနံ့စူးစူး ဂျင်းပြုတ်ရည်ကို မြင်လိုက်သည်နှင့် သူမ၏ စိတ်က ချဥ်သွားသည်။

သူမ မျက်ဖြူလှန်လိုက်ပြီး ရုတ်တရက် သူမနှင့် ဆန့်ကျင်ဘက်ရှိ ခင်ပွန်းကို လှမ်းကြည့်ကာ မေးလိုက်သည်။ "ယောကျ်ား၊ ရှင် ကျွန်မကို ချစ်လား"

“မချစ်ဘူး။” ကျီလင်းချန် ပြန်ဖြေခဲ့သည်။

ဖန့်ရှောင်နွမ်က နှုတ်ခမ်းစူပြီး တွေးလိုက်သည်။ 'သေစမ်း၊ ငါ့ယောက်ျားက ဘာလို့ စည်းကမ်းတွေနဲ့ မကစားတာလဲ'

"ဒါပေမယ့် ယောကျ်ား၊ ကျွန်မက ရှင့်ကို တကယ်ချစ်တာ။ ကမ္ဘာပေါ်က ကောင်းတဲ့အရာတွေကို ရှင်နဲ့ မျှဝေချင်တာ” ချိုမြိန်စွာ ပြောခဲ့သည်။

ကျီလင်းချန်က သူ့မိန်းမ၏လှည့်စားမှုများကို အချိန်အတော်ကြာ ခွဲထုတ်ခဲ့သည်။ "ဂျင်းပြုတ်ရည်ကို ကုန်အောင်သောက်ဖို့ ပြင် ဒါမှမဟုတ်ရင် ဒီည အိပ်ရာထဲဝင်လို့ရမှာမဟုတ်ဘူး"

ဖန့်ရှောင်နွမ် ထမင်းစားပြီးသွားသောအခါတွင် အရသာမရှိတဲ့ ဂျင်းပြုတ်ရည်ပန်းကန်လုံးကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ "မုန်လာဥနီက ဆောင်းရာသီအတွက်ဖြစ်ပြီး ဂျင်းက နွေရာသီအတွက်ဖြစ်တယ်ဆိုတဲ့ဆိုရိုးစကားရှိတယ်။ အခုက ဆောင်းရာသီဆိုတော့ ကျွန်မ ဂျင်းပြုတ်ရည် မသောက်နိုင်ဘူး။ မုန်လာဥနီဖျော်ရည် သောက်ချင်တာ!"

ကျီလင်းချန်က သူ၏ နာခံမှုမရှိတဲ့ ဇနီးကို ဘာမှမလုပ်နိုင်ပေ။ ကျီဝမ်က ဂျင်းပြုတ်ရည်ကိုသောက်လို့ပြီးသွားပေမယ့် သူ့မိန်းမက ထမင်းစားပွဲမှာ သူနဲ့ ညှိနှိုင်းနေသည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ယောကျ်ား၊ ဒီလိုဆ်ုရင်ကော။ ရှင် တစ်ငုံသောက်၊ ကျွန်မ တစ်ငုံသောက်မယ် ပြီးရင် ရှင်နောက်ထပ်တစ်ငုံထပ်သောက်လ်ုက် "

စေ့စပ်ညှိနှိုင်းမှုတွင် ကျီလင်းချန်က ဘယ်သောအခါမှ မရှုံးခဲ့ပေ။ သူ့မိန်းမက သူ့ကိုယ်သူ အလွန်အမင်းမျှော်လင့်နေတာ။

ကျီဝမ်က ပဋိပက္ခကို ပျော်မွေ့နေပြီး သခင်ကြီးကျီ လည်း ထိုနည်းလည်းကောင်းပင်။ သူတို့နှစ်ယောက်က ဘယ်သူက အလျှော့ပေးမလဲဆိုတာ ကြည့်ဖို့ အလောင်းအစား လုပ်ထားကြသည်။

"မင်းဦးလေးကြောင့် ရှောင်နွမ် သက်သာလိမ့်လို့ထင်တယ်" သခင်ကြီး ကျီက သူ့မြေးရဲ့ နားထဲကို တိုးတိုးလေးပြောလိုက်သည်။

ကျီဝမ်က သူ့အဖိုးရဲ့ နားထဲကိုတိုးတိုးလေးပြောလိုက်ူည်။ “အဖိုး၊ လူတွေကို ညှဉ်းပန်းနှိပ်စက်နိုင်တဲ့ ဖန့်ရှောင်နွမ်ရဲ့ စွမ်းရည်ကို လျှော့တွက်ထားပြီလို့ ထင်တယ်”

“နောက်ကျနေပြီ၊ ဂျင်းပြုတ်ရည်က အေးလာပြီ။ မင်းကိုအတင်းတိုက်ရအောင် လုပ်ဖို့ ကိုယ့်ကိုလာ မတိုက်တွန်းနဲ့။" ကျီလင်းချန်က သူ့မိန်းမကို ခြောက်ဖို့ တမင်ကြိုးစားခဲ့သည်။

ဖန့်ရှောင်နွမ်က ပန်းကန်လုံးကို ကိုင်လိုက်ပြီး တစ်ငုံသောက်ဖို့ ခေါင်းငုံ့လိုက်သည်။ သူမ ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ ဤအရာက အလွန်အရသာမရှိပေ။

သူမက ပန်းကန်ကို စားပွဲပေါ်တင်ကာ မကြောက်မရွံ့ ကြည့်နေသည်။ “ကျွန်မ မသောက်ဘူး။ ကျွန်မအသက်က ချိန်ခွင်လျှာပေါ်မှာရှိနေရင်တောင် ကျွန်မ မသောက်ဘူး။ အဲ့တာက ဆိုးရွားတယ်!”

ချွေးမ၏ မျက်နှာရှုံ့တွနေသည်ကို သခင်ကြီးကျီ မြင်လိုက်သည်။ သူမေးလိုက်သည်။ " ဂျင်းပြုတ်ရည်က အရမ်းဆိုးရွားလို့လား"

ကျီဝမ်က သူ့အဘိုးကို တမင်လှည့်စားခဲ့သည်။ “အဲလောက်ထိမဆိုးပါဘူး။ သူ ဟန်ဆောင်နေရုံပဲ။ စမ်းသောက်ကြည့်တဲ့အခါကျရင် သိလိမ့်မယ်။"

ထို့နောက် ဂျင်းပြုတ်ရည်ပန်းကန်လုံးကို ပိုပြီးစပ်စုနေတဲ့ သခင်ကြီးကျီ ရှေ့မှာ ချထားလိုက်သည်။

All Chapters