အခန်း (၂၈၇)
Vol. 20 Ch. 287
လျိုစစ်ယွီ စကားမပြောရဲတော့ပေ။
ဖန့်ရှောင်နွမ်က အလျင်အမြန် လျှောက်လာပြီး ဒေါသထွက်ဖို့ကွက်တိဖြစ်နေတဲ့ သူ့ခင်ပွန်းကို လှမ်းဆွဲလိုက်သည်။ "ရှင် ဘာလို့ ဒီလောက်အတည်ကြီးလုပ်နေတာလဲ။ ရှင်တစ်ယောက်ပဲ ဒီလိုအသံ ကျယ်နေတာ။ ရှောင်ယွီ မျက်ရည်ကျတဲ့အထိ ထပ်ပြီး ကြောက်သွားရင် အနာဂတ်မှာ ရှင့်ကို လျစ်လျူရှုသွားရင်ကော"
"သူက အပျိုလေးတစ်ယောက်။ ရေချိုးဝတ်စုံဝတ်ပြီး ယောက်ျားတစ်ယောက်ကို ပွေ့ဖက်တာက သူမအတွက် မသင့်တော်ဘူး။ သူက လူကိုတောင် ဆဲနေတာ။ ကိုယ်ဘာမှပြောလို့မရနိုင်ဘူးလား"
“သူ သူ့အစ်ကို့ကို ဖက်တာပဲလေ။ သူ ဘယ်သူ့ကို ဖက်သင့်တာလဲ"
ကျီလင်းချန်က သူ့ဇနီး၏စကားကြောင့် စကားမပြောနိုင်ဖြစ်ခဲ့သည်။ သူ့ညီမ၏ အထောက်အထားကို မသိရှိရမီတွင်သူ လျိုစစ်ယွီ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပေ။
လျိုစစ်ယန်က လက်လှမ်းလိုက်ပြီး လျိုစစ်ယွီရဲ့ ဆံပင်တွေကို နားရွက်နောက်မှာ ညှပ်ပေးလိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ သူမ၏ ခေါင်းထိပ်ကို ညင်သာစွာ နမ်းလိုက်သည်။ “အထဲကို ဝင်ပြီး အဝတ်တွေ လဲရအောင်။ အအေးမမိစေနဲ့။"
“ကောင်းပါပြီ။” လျိုစစ်ယွီက သူ့အစ်ကို၏ လက်ကို နာခံစွာ ဆုပ်ကိုင်လိုက်ပြီး အခန်းထဲသို့ ဝင်တော့မည်။
ရုတ်တရက် ကျီလင်းချန်က ရှေ့ကို တိုးလာသည်။ သူက လျိုစစ်ယန် ပုခုံးကိုဆွဲကိုင်ပြီး သူ့ကို ပြန်ဆွဲထုတ်လိုက်သည်။ "မင်းက ဘာလို့ဝင်နေတာလဲ"
လျိုစစ်ယွီက သူမ၏ သတ္တိကို စုဆောင်းပြီး ကျီလင်းချန်အား ပြောလိုက်သည်။ "ကျွန်မအစ်ကိုက ကျွန်မ အဝတ်အစားလဲတဲ့အချိန် ကျွန်မနဲ့အဖော်နေပေးမို့!"
“မင်းက အသက် ၂၀ အရွယ် မိန်းကလေး။ မင်းအဝတ်လဲဖို့သွားတာကို မင်းအစ်ကိုကို ဘယ်လိုလုပ်အထဲဝင်ခိုင်းနေတာလဲ။
ထို့ ကြောင့် သူသည် လျိုစစ်ယန်၏လက်မှ အိတ်ကို လုယူကာ လျိုစစ်ယွီထံသို့ ပစ်ပေးလိုက်သည်။ ထို့နောက် ဇနီးဖြစ်သူ၏ နောက်ကျောကိုတွန်းကာပြောလိုက်သည်။ “လိမ္မာတယ်။ အထဲဝင်ပြီး သူ့ကို အဖော်လုပ်ပေးလိုက်"
ခင်ပွန်းဖြစ်သူ အခန်းထဲသို့ တွန်းပို့ခြင်းကိုခံခဲ့ရတဲ့ ဖန့်ရှောင်နွမ်မှာ စကားမပြောနိုင်တော့ပေ။
တံခါးပိတ်ပြီးနောက် လျိုစစ်ယွီ ၎င်းကို ကြာကြာမထိန်းနိုင်တော့ဘဲ ဖန့်ရှောင်နွမ်ကို မေးလိုက်သည်။ "ရှောင်နွမ်၊ နင့်ယောကျ်ား တစ်ခုခုမှားနေတာလား။ ဒီနေ့ သူဆေးသောက်ဖို့ မေ့နေတာလား။ နင့်ကို စိတ်ပူတာက သူ့အတွက် မလုံလောက်လို့လား။ သူ ဘာလို့ ငါ့ကို လာစိတ်ပူပေးနေတာလဲ။ သူ အရူးပဲ အရူးကြီး!”
ဖန့်ရှောင်နွမ် ထပ်ပြီးနားမထောင်နိုင်တော့ဘဲ ပြောလိုက်သည်။ “အား၊ တော်လိုက်တော့။ ငါ့ယောက်ျားက အရမ်းအလုပ်များတာ။ သူ့မှာလည်း နင့်ကို စိတ်ပူဖို့ အချိန်ဘယ်လောက်ရှိမှာမလို့လဲ။ ပြီးတော့ ဒီတစ်ခါ နင်ရေထဲ တွန်းချခံရတာနဲ့ ပတ်သက်ပြီး စောင့်ကြည့်ထားလိုက်။ ငါ့ယောကျ်ားက ယွဲ့ချီနဲ့ လီရှု့ရဲ့မိသားစုကို ခွင့်လွှတ်မှာမဟုတ်ဘူး။”
သူ အများကြီးမပြောခဲ့ပေမယ့် စိတ်တည်ငြိမ်တဲ့ ကျီလင်းချန်က ဒီကိစ္စကို ပိုဂရုစိုက်လာခဲ့သည်။ ရာထူးကြီးတဲ့သူတွေက တခြားသူတွေကို အလွယ်တကူ ဖောက်ထွင်းပြီး ကြည့်ခွင့်မပေးပေ။
" ရှောင်နွမ် ငါ နင့်ကို တစ်ခုလောက်မေးပါရစေ။ နင့်ယောကျ်ားက ငါ့ကိစ္စမှာ မကြာသေးခင်ကစပြီး ဘာကြောင့် ပါလာတာလဲ။ လူတွေကို အထင်လွဲစေမယ့် အရာတွေကိုသူ အမြဲလုပ်နေတယ်။ ပြီးတော့ နင် လုံးဝ စိတ်မဆိုးဘူးလား"
လျိုစစ်ယွီက သူ့သူငယ်ချင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူမရဲ့အဖြေကို ပေးနိုင်လိမ့်မယ်လို့ သူမ မျှော်လင့်သည်။
ဖန့်ရှောင်နွမ်က အိတ်ထဲမှအဝတ်အစားများကို ထုတ်ယူပြီး ကုတင်ပေါ် တစ်ခုပြီးတစ်ခု တင်လိုက်သည်။ အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် သူမ ဖြေးဖြေးချင်းပြောပြခဲ့သည်။ “ငါ့ယောကျ်ားက တစ်ချိန်တုန်းက ညီမလေးတစ်ယောက် ဆုံးရှုံးခဲ့ဖူးတယ်”
ဒါကိုကြားတော့ လျိုစစ်ယွီရဲ့ မျက်လုံးတွေ ကျဉ်းသွားခဲ့သည်။ "အဲ့တော့"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “နင်က သူ့ကို သတိပြန်ရလာအောင်လုပ်ပေးနေသလို ဖြစ်လိမ့်မယ်။ အဲဒါကြောင့် သူက နင့်ကို ညီမလေးတစ်ယောက်လို ဆက်ဆံပြီး နင့်ကို ဂရုစိုက်ပေးချင်နေတာ"
နှစ်ယောက်သား ငြိမ်ကျသွားသည်။
လျိုစစ်ယွီက သူမ၏ ငိုနေပြီး အစ်ကိုဖြစ်သူကို အော်နေတဲ့ မှတ်ဉာဏ်ကို စိတ်ထဲမှ ရုန်းထွက်နိုင်ရန် ကြိုးစားရင်း ခေါင်းခါလိုက်သည်။
"နင် အရမ်းစိတ်အနှောင့်အယှက်ပေးတာပဲ!"
"နင်ဘာလို့ စွန်းဝူခုံးလို တစ်ပုံစံတည်း ပြောတူနေတာလဲ"
"ဘာမှမပြောဘူး" ထို့နောက် လျိုစစ်ယွီက အဝတ်အစားများကိုယူကာ ရေချိုးခန်းသို့သွားခဲ့သည်။
ဖန့်ရှောင်နွမ်က သူ့သူငယ်ချင်းရဲ့ အတွင်းခံဘောင်းဘီကို ကောက်ကိုင်လိုက်ပြီး မေးလိုက်သည်။ "ရှောင်ယွီ၊ နင့်အစ်ကိုက ဒါကို နင့်ရဲ့ ဗီရိုထဲကနေ ယူလာပေးတာလို့ မပြောနဲ့နော်"
"ဘာလဲ " လျိုစစ်ယွီက အတွင်းခံဘောင်းဘီကို လုယူသွားခဲ့သည်။ "အမေ ငါ့ကိုထည့်ပေးလိုက်တာပါ ဟုတ်ပြီလား"
သူ့အဝတ်အစားတွေလဲပြီးတာနဲ့ ကျီဝမ်က ကျီလင်းချန် ဘေးမှာ ရပ်ခဲ့သည်။
" စစ်ယွီ နင် ဘယ်လိုနေလဲ" ကျီဝမ် မေးလိုက်သည်။
"ငါ အဆင်ပြေပါတယ်" လျိုစစ်ယွီက ထခုန်ပြီး ခုန်ချလိုက်သည်။ "အိမ်ပြန်ကြရအောင်"
အားလုံးက ခေါင်းညိတ်လိုက်ကြပြီး စုဝေးပွဲမပြီးခင်မှာ သူတို့သုံးယောက်ကို အိမ်ပြန်ခေါ်သွားခဲ့သည်။
ကားထဲမှာ ကျီလင်းချန်က သူ့ရဲ့ အငြှိုးကြီးတဲ့မုဒ်ကို ပြန်ဖွင့်လိုက်သည်။ "ကျီဝမ်၊ ယွဲ့ချီနဲ့ လီရှု့ အကြောင်း မင်းသိသမျှ အကုန်ပြောပြ "
"ဟုတ်၊ လီရှု့က ယွဲ့ချီရဲ့ နောက်လိုက်။ ပြီးတော့ ယွဲ့ မိသားစုဆီက မျက်နှာသာပေးခံရတာလိုချင်နေတာ " ကျီဝမ် ပြောလိုက်သည်။ "ယွဲ့ချီက လူယုတ်မာ။ စစ်ယွီကို သူအမြဲတမ်း သဘောကျနေခဲ့တာ ဒါပေမယ့် သူမက သူ့ခံစားချက်ကို ပြန်မတုံ့ပြန်ခဲ့ဘူး။ တစ်ခါက သူ ဖန့်ရှောင်နွမ် ရိုက်တာကိုခံခဲ့ရပေမယ့် ဖန့် မိသားစုနဲ့ ယွဲ့ မိသားစုရဲ့ ပါဝါက တန်းတူဖြစ်တာကြောင့် ဒီကိစ္စကို မဖြေရှင်းနိုင်ခဲ့တာ ”
"ဒီနေ့ ရှောင်နွမ် ဘယ်သူ့ကို ရိုက်ခဲ့လဲ"
ရှေ့ခရီးသည်ထိုင်ခုံမှာထိုင်နေတဲ့ ဖန့်ရှောင်နွမ်က ပြောခဲ့သည်။ "မရိုက်ပါဘူး၊ ကျွန်မတကယ်မလုပ်ခဲ့ဘူး"
သူ့ဇနီးအကြောင်း ကောင်းကောင်းနားလည်တဲ့ ကျီလင်းချန်က မေးလိုက်သည်။ “မင်း သူတို့ကို ရေကန်ထဲ ပစ်မချလိုက်ဘူးလား”
ဖန့်ရှောင်နွမ်က ခေါင်းမာပြီး ပြောခဲ့သည်။ “သူတို့ လမ်း မှန်မှန်မလျှောက်နိုင်လို့ ချော်လဲကျသွားတာ”
"ဟုတ်လား" ကျီလင်းချန် ပြန်မေးလိုက်သည်။
“ဟုတ်တယ်!” ဖန့်ရှောင်နွမ် ခေါင်းညိတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူမ ဘယ်သူ့ကို ရိုက်ခဲ့လဲဆိုတာကို မမှတ်မိပေ။ သူမ မှတ်မိနိုင်ရင် ဘာမှအဓိပ္ပါယ်မရှိတော့ဘူး။ ခင်ပွန်းဖြစ်သူ သိသွားရင်တော့ ဘာပဲဖြစ်ဖြစ် သူမ ဝန်ခံမှာ မဟုတ်ဘူး။ မဟုတ်ရင် သူမ မှတ်ဉာဏ်တွေ ပျောက်သွားတယ်လို့ပဲ ပြောရလိမ့်မယ်။