← Chapters

အခန်း (၃၀၁)

Vol. 21 Ch. 301

အခန်း (၃၀၁)

Vol. 21 Ch. 301

ဖန်ချီ သူတို့ သုံးယောက်ကို ကြည့်လိုက်သည်။ သူတို့က သူမရဲ့အဖော်လုပ်ပေးတာကို မလိုအပ်ပေ။

"နင်တို့ဒီကိုရောက်နေကြပြီးဆိုတော့ ငါ့အခန်းပဲ အရင်ပြန်လိုက်တော့မယ်။ ရှောင်ယွီကိုတွေ့ဖို့ပဲ ဒီကိုလာခဲ့တာ"

ထို့နောက် သူမက ကျီဝမ်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည် "နင့်ရဲ့အဒေါ်က နင့်ရဲ့တခြားအဒေါ်နဲ့အဖော်လုပ်ပေးလိမ့်မယ်။ နင့်အခန်းထဲ ပြန်သွားအိပ်တော့"

"အမေ၊ ကျွန်တော် ဒီအရာတွေကို လက်ခံဖို့ အချိန်တစ်ခုလိုတယ်" ကျီဝမ် ပြောလိုက်သည်။

!!

ဖန်ချီ နားမလည်နိုင်ပေ။ ဒါက သူ့သားနဲ့ ဘာဆိုင်လို့လဲ။ သူက ဘာကြောင့် အချိန်လိုအပ်တာလဲ။

ကျီဝမ်က ဆယ်နှစ်နီးပါး သိကျွမ်းခဲ့သည့် သူငယ်ချင်းကို ကြည့်လိုက်သည်။ သူမက ရုတ်တရက် အဒေါ်ဖြစ်လာသည်။ ဖန့်ရှောင်နွမ် သူ့ဦးလေးနဲ့လက်ထပ်လိုက်ကြောင်း သူ သိလိုက်ရသောအခါတွင် သူ အံ့သြသွားခဲ့ရသည်။ အဆိုးဆုံးကတော့ သူတို့နှစ်ယောက်က သူ့ကို “တူလေး” လို့ ခေါ်နေကြတာပါ။

လျိုစစ်ယွီ ပြောလိုက်သည်။ "နင့်ကို ငါ့တူလေးလို့ ခေါ်ခဲ့တာ။ အခု နင်ကတကယ် ငါ့တူလေးဖြစ်လာပြီ"

ကျီဝမ် ပြောစရာ စကားပျောက်ရှသွားသည်။

ထို့ကြောင့် စိတ်တည်ငြိမ်ရန် အချိန်တစ်ခု လိုအပ်သည်။

ဖန့်ရှောင်နွမ်က ဖန်ချီကို ခေါ်သွားခဲ့သည်။ လျိုစစ်ယွီကို စကားပြောရန် ကျီဝမ်ကို သူမ လိုအပ်သည့်အရာများစွာရှိနေသေးသည်။ သူကတော့ အသုံးဝင်သေးသည်။

ဖန်ချီက သူမအခန်းကို ပြန်ရောက်လာတဲ့အခါ မြို့တော်ဝန် ကျီ ကမေးခဲ့သည်။ "မင်းဘာလို့ပြန်လာတာလဲ"

" ရှောင်နွမ် နဲ့ကျီဝမ်တို့ သူနဲ့အတူရှိနေလို့လေ။ ကျွန်မရှိနေရင် သူတို့အတွက် အဆင်မပြေဖြစ်လိမ့်မယ်။ လူငယ်တွေကို အတူတူ အပန်းဖြေခွင့်ပေးတာက ပိုကောင်းပါတယ်။”

ထိုညက ကျီရှောင်နွမ် ပျောက်ဆုံးသွားပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ကျီဝမ်က သူမှတ်မိသမျှအရာအားလုံး ပြန်ပြောပြခဲ့သည်။

ဖန့်ရှောင်နွမ်က သူ့ခင်ပွန်းအတွက် ကောင်းမွန်တဲ့ စကားတစ်ခွန်းကို ပြောခဲ့သည်။ “ငါ့ယောကျ်ားက နင့်ကိုရှာဖို့ အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်။ သူ နောက်ဆုံး အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတုန်းက နင့်ကို တကယ်လိုက်ရှာခဲ့တာ "

"ဟုတ်တယ်" ကျီဝမ် ထပ်ပေါင်းပြောလိုက်သည်။ "နင့်ကိုရှာဖို့အတွက် ငါ့ဦးလေးက အိမ်ထောင်ရေးကို အပေးအယူ ချစ်ပ်တစ်ခုအနေနဲ့တောင် သုံးခဲ့တာနော်"

ဖန့်ရှောင်နွမ် ပြောစရာစကားမဲ့သွားသည်။ ကျီဝမ်ကို လှည့်ကြည့်လိုက်ပြီး သူမရဲ့မျက်စိကိုမှေးကျဥ်းလိုက်သည်။ "ချဲ့ကားနေလိုက်!"

ခင်ပွန်းဖြစ်သူနှင့် လက်ထပ်တာက အရောင်းအဝယ်ဖြစ်နိုင်လား။

"ဘာလဲ" ကျီဝမ် မေးလိုက်သည်။ "ငါ့ဦးလေး နင့်ကို မပြောပြဘူးလား"

ရုတ်တရက်ဆိုသလိုပင် သူ အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူအရမ်းပြောလိုက်မိရင် သူ့ဦးလေးက သူ့ကို အသေသတ်ပစ်မှာတော့မဟုတ်ဘူး မလား။

"မြန်မြန်ပြောပြ၊ သူ့အိမ်ထောင်ရေးကို ဘယ်လိုအပေးအယူလုပ်ထားတာလဲ" ဖန့်ရှောင်နွမ် မေးလိုက်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်" လျိုစစ်ယွီ ပြောလိုက်သည်။ "ပြောပါ 'ငါ့အတွက်' ဆိုတာက ဘာကိုဆိုလိုတာလဲ"

ကျီဝမ် တံတွေး မျိုချလိုက်ပြီး ပြောရမလား မပြောရဘူးလားဆိုတာကို တုံ့ဆိုင်းသွားသည်။ သူ့ကို သူတို့ စစ်ဆေးမေးမြန်းနေတာကြောင့် သူအမှန်အတိုင်းပြောပြဖို့ အဆုံးသတ်လိုက်သည်။ “ငါ့အဖိုးက နင်နဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ငါ့ဦးလေးလက်ထပ်အောင် လှည့်စားခဲ့တာ။ သူ အိမ်ထောင်မပြုရင် သတင်းရမှာမဟုတ်ဘူး။”

"သူ ဖန့်ရှောင်နွမ်နဲ့ မဆုံခင်မှာ ငါ့ဦးလေးက ရည်းစားထားဖို့ လုံးဝ ရည်ရွယ်ချက်မရှိဘူး။ နင့်ကိုရှာတာနဲ့ သူအချိန်ကုန်နေတာ။ ဒါနဲ့ နင့်အကြောင်း အချက်အလက်တွေ ရဖို့အတွက် လက်ထပ်လိုက်တာ"

"ရှောင်နွမ်၊ ဒါတွေအားလုံးပြီးရင် ငါက နင့်ရဲ့ အောင်သွယ်တော်ပဲ!"လျိုစစ်ယွီက သူ့ကိုယ်သူ ဂုဏ်ယူဖို့ ကြိုးစားနေသည်။

ဖန့်ရှောင်နွမ် ပြန်ပြောလိုက်သည်။ "နင့်မှာ ဒါကိုပြောဖို့ ပါးရှိသေးတယ်ပေါ့လေ။ အရင်က ငါ နင့်ကို မနာလိုဖြစ်ဖူးတယ်။ တကယ်လို့ ငါ့ယောကျ်ားက 'ရှောင်ယွီ' ဆိုတာက တကယ်တော့ ငါ့ယောက်မဆိုတာ သူ မပြောခဲ့ရင် သူ့မှာ ရည်းစားဟောင်းရှိတယ်လို့ ငါ ထင်မိမှာ။ ငါသူ့ကိုခုတ်ထစ်ပြီး ခွေးတွေကိုကျွေးပစ်မို့!"

လျိုစစ်ယွီ ပြောလိုက်သည်။ "ငါ့အစ်ကို စကားပြောတာမြန်သွားလို့ ဘုရားသခင်ကို ကျေးဇူးတင်ရမယ် "

ခဏတာ တိတ်ဆိတ်သွားသည်။ ဖန့်ရှောင်နွမ်က သူမ၏ သူငယ်ချင်းကောင်းနှစ်ယောက်ကို ကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။ "နင်တို့တွေ တစ်ခုခု သတိထားမိကြလား" သူမ၏မျက်လုံးတွေက စိတ်လှုပ်ရှားမှုအနည်းငယ်ဖြင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်

"ဘာကိုလဲ" လျိုစစ်ယွီနဲ့ ကျီဝမ်တို့ တပြိုင်တည်း မေးလိုက်ကြသည်။

"ငါက နင်တို့နှစ်ယောက်ထက် အသက်ပိုကြီးတယ်!" ဖန့်ရှောင်နွမ်က ဂုဏ်ယူစွာပြောလိုက်သည်။

သူမသည် သူမ၏ အချစ်ဆုံးသူငယ်ချင်းနှင့် မျိုးဆက်အတူတူပင်ဖြစ်သော်ငြား သူမက သူမကို "ယောက်မ" လို့ခေါ်ဆိုရဆဲဖြစ်ပြီး ကျီဝမ်က ပိုဆိုးသည်။ သူ့တူလေး ဖြစ်လာသည်။

ဖန့်ရှောင်နွမ်က ကျီလင်းချန်နဲ့ လက်ထပ်တာက ကြီးမြတ်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူသည် သူမ၏ လုပ်သက်ကို အတော်လေး မြှင့်တင်ပေးခဲ့သည်။

“ပြီးမှ ငါ့အခန်းထဲ ပြန်မယ်။ ငါ့ယောက်ျားကို အနမ်းကောင်းကောင်းလေး ပေးရမယ်။” လို့ ဖန့်ရှာင်နွမ် ပြောလိုက်သည်။

"နင့်ယောကျ်ားကို နမ်းပြီးရင် ငါ့နေရာကို နင်ပြန်လာနိုင်တယ်ဆိုတာ သေချာလား"

အိမ်ထောင်သည် ရှောင်နွမ်က သူမသူငယ်ချင်းရဲ့ဆိုလိုရင်းကို ချက်ချင်းနားလည်သွားပြီး သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာကြည့်နေကြသည်။ “ယောက်မ၊ နင့်ယောကျ်ားက နင့်အနာဂတ်မှာ နင့်ကို သည်းမခံနိုင်မှာကို ငါတကယ်စိုးရိမ်မိတယ်။”

"အပြစ်ကင်းစင်" တဲ့ ကျီဝမ်က ပြောလိုက်သည်။ "အားကောင်းမောင်းသန် မိန်းကလေးနှစ်ယောက်... ငါထွက်သွားတော့မယ်။"

အချစ်ဆုံး သူငယ်ချင်း နှစ်ယောက်သာ ကျန်တော့သည်မို့ ရယ်စရာ မဖြစ်ခဲ့ပေ။ လျိုစစ်ယွီ ကုတင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာကျက်ကို ကြည့်နေသည်။ "ရှောင်နွမ်၊ ငါ ကျီရှောင်ယွီ ဖြစ်ဖို့ရွေးရင် ငါ့မိဘတွေအတွက် သိပ်မတရားဘူးမဟုတ်လား။"

သူ့စကားကြားတော့ ဖန့်ရှောင်နွမ်က သူမ၏စိုးရိမ်မှုကို နားလည်သည်။ သူမ၏ နှလုံးသားထဲတွင် သူမသည် ကျီရှောင်ယွီ ဖြစ်ချင်သော်လည်း လျို မိသားစုက သူမမှာ အကြင်နာတရားမရှိဘူးလို့ ထင်သွားမည်ကို သူမကြောက်သည်။ သူမကို ၁၅ နှစ်ကြာ ဇွဲနပဲနဲ့ ပြုစုပျိုးထောင်ပြီးတဲ့ နောက်မှာတော့ သူမရဲ့ မိဘအရင်းတွေအတွက် သူမ အဆုံးသတ်ခဲ့သည်။

“ဒီလိုဖြစ်သွားရင်၊ ငါ့ကို ၁၅ နှစ်ကြာ ပျိုးထောင်ပေးလာခဲ့တဲ့ မိဘတွေ စိတ်မကောင်းဖြစ်မှာကို စိုးရိမ်တယ်။ ငါ ကျီ မိသားစုရဲ့ အချစ်ကို လက်ခံခဲ့ရင် လျို မိသားစုနဲ့ ငါ့ရဲ့ ဆက်ဆံရေး ပျက်သွားမှာကို ငါ စိတ်ပူနေရလိမ့်မယ်။"

“ဒါပေမယ့် ရှောင်ယွီ၊ အပြင်လူတစ်ယောက်အနေနဲ့ းမစ္စစ် လျို နဲ့ မစ္စတာ လျိုက အဲဒီလို ထင်ကြမယ်လို့ ငါတော့ မထင်ဘူး။ သူတို့က နင့်ကို အရမ်းချစ်ကြတာပဲဟာ၊ ဒီနေ့ နင့်ကို စိတ်မကောင်း မဖြစ်စေဖို့ နင့်ကို ကျီ မိသားစုဆီ အရင်ပြန်သွားခိုင်းလိုက်တာလေ။ သူတို့က နင့်ကို ပုလဲလုံးလေးလို တကယ်ဆက်ဆံကြတယ်"

All Chapters