အခန်း (၃၀၅)
Vol. 21 Ch. 305
"ကျီ မိသားစုက မြစ်တစ်ဝိုက်မှာ ရှာဖွေဖို့ လူအများကြီးကို စေလွှတ်ခဲ့ပေမယ့် ရှောင်ယွီရဲ့ ခြေရာကို ရှာမတွေ့ခဲ့ဘူး။ အဲ့တာတောင် ခင်များက သူ့ကို ရှာနိုင်ခဲ့တယ်။ ဒီနေရာအကြောင်း ခင်းများကို ဘယ်သူပြောပြတာလဲ" ကျီလင်းချန် မေးလိုက်သည်။
“စီအီးအို ကျီ၊ ယုတ္တိမရှိတဲ့ စကားတွေကို မပြောပါနဲ့။ ကျုပ် ရှောင်ယွီကို ဒုက္ခမပေးခဲ့ဘူး။ ခင်များတို့ထဲက တစ်ယောက်ယောက်ကို ကျုပ် ကယ်နိုင်ရင် ကယ်မှာ။ ကျုပ် ခင်များကို ကယ်တင်နိုင်ခဲ့ရင် ခင်များ ကျုပ်ကို အထူးကျေးဇူးတင်နေလိမ့်မယ်။ သိသာပါတယ်၊ ကျုပ် တတ်နိုင်ရင် သူ့ကို ကယ်ခဲ့မှာ။ သူ့အလောင်းကိုတွေ့လိုက်ရတာက တိုက်ဆိုင်မှုတစ်ခုပါပဲ။ ကျုပ် ရှင်းပြလို့ မရပေမယ့် ဒါက အမှန်တရားပဲ”
"ခင်များ ရှောင်ယွီကို ဒုက္ခပေးတယ်လို့ ဘယ်တုန်းက ပြောလိုက်မိလို့လဲ။"
မစ္စတာလင်း ပြောစရာစကားပျောက်သွားသည်။
!!
ကျီလင်းချန် ဆက်ပြောလိုက်သည်။ "ခင်များသိလား။ ရှောင်ယွီ မသေဘူး"
“မဖြစ်နိုင်ဘူး!” မစ္စတာလင်းက မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"ခင်များ ဘယ်လိုလုပ်သေချာနေတာလဲ" ကျီလင်းချန်၏ အကြည့်များက မှေးမှိန်သွားသည်။
မစ္စတာလင်း၏ နှလုံးတစ်ချက် ခုန်သွားကာ တိတ်ဆိတ်သွားသည်။
သခင်ကြီး ကျီ နောက်ဆုံးတော့ မခံနိုင်တော့ပေ။ သူ ရှေ့ကို တိုးလာပြီး မစ္စတာလင်းကို ပါးရိုက်လိုက်သည်။ "မြန်မြန်ပြောပြစမ်း!"
မစ္စတာလင်းက ပြောခဲ့သည်။ “ကျုပ်… ကျုပ် ကလေးအလောင်းကို တွေ့တော့ ရဲကို ဖုန်းဆက်ခဲ့တာ။ သူ ဘယ်သူလဲဆိုတာ ကျုပ် မသိဘူး။ မှုခင်းဆရာဝန်က သူ့ကို ရှောင်ယွီလို့ သတ်မှတ်ခဲ့တာ”
သွေးစစ်တဲ့ မှုခင်းဆရာဝန်က ပျောက်ဆုံးနေတာကြောင့် ဒီအမှုကို မှုခင်းဆရာဝန်ဆီ တမင်တကာ ပို့ဆောင်ခဲ့တာ ဖြစ်သည်။
မြို့တော်ဝန် ကျီသည်လည်း အမှုတွဲကို မြင်တွေ့ခဲ့ရသည်။ လျို လို့အမည်ရတဲ့ မှုခင်းဆရာဝန်က ရှောင်ယွီ ရဲ့ ခန္ဓာကိုယ်ကို သွေးစစ်ပေးခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့သည်။ ဒီနေ့အထိတော့ သူ့သတင်းကို မတွေ့ရသေးပါပေ။ ကျီမိသားစုက သေသွားပြီလို့ နိဂုံးချုပ်ခဲ့သည်။
ထိုညတွင် ကျီလင်းချန်သည် ကျောင်းသား သုံးဦးကိုကြိုပြီး အိမ်ပြန်ခဲ့သည်။ သူတို့အိမ်ပြန်ရောက်တော့ ဖန့်ရှောင်နွမ် ပထမဆုံးလုပ်ခဲ့တာက ခင်ပွန်းဖြစ်သူကို အိပ်ခန်းထဲ ပြန်ဆွဲခေါ်သွားတာပင်။ သူမအနံ့ခံလိုက်ပြီး သူ့ခန္ဓာကိုယ်ကို ကြည့်ကာ သူ့အဝတ်တွေပေါ်မှာ နှုတ်ခမ်းနီ အမှတ်အသားတွေ ရှိမရှိ ဒါမှမဟုတ် ရေမွှေးနံ့လေး ရနေလားဆိုတာ သိချင်စိတ်ပေါက်သွားသည်။
ကျီလင်းချန်က သူ့မိန်းမကို ဆွဲလိုက်သည်။ “ဘာမှ မရှိပါဘူး။ တခြားမိန်းမတွေ ကိုယ့်အနားတောင် လာမကပ်နိုင်ဘူး။”
ထိုအခါမှသာ ဖန့်ရှောင်နွမ်သည် ခင်ပွန်းဖြစ်သူအား လွှတ်ပေးပြီး မေးခဲ့သည်။ "ယောကျ်ား၊ ဒီနေ့ လင်း မိသားစုဆီက တစ်ခုခု သိခဲ့ရလား "
ကျီလင်းချန် ခေါင်းခါလိုက်သည်။ “ကိုယ် ဘာမှ ရှာမတွေ့ခဲ့ဘူး။ ရှောင်ယွီ အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေအကြောင်း တစ်ခုခုပြောခဲ့လို့လား။"
“ပြောတယ်။” ဖန့်ရှောင်နွမ်သည် သူမ၏ သူငယ်ချင်း ဖြစ်သူပြောပြခဲ့တာတွေကို သူမယောကျ်ားအား ထပ်ပြီး ပြောပြခဲ့သည်။
ကျီလင်းချန် တိတ်ဆိတ်သွားသည်။ ဖန့်ရှောင်နွမ်က သူ့ယောကျ်ား ဘာတွေတွေးနေမှန်းကို သိတာကြောင့် သူ့ကို မနှောင့်ယှက်တော့ဘဲ ရေချိုးဖို့ သွားခဲ့သည်။
ထိုအချိန်တွင် လျိုစစ်ယွီက ကျီ မိသားစုနှင့်အတူ သုံးရက်နေခဲ့သည်။ သခင်ကြီးကျီက သူ့သမီးကိုမေးခဲ့သည်။ "ရှောင်ယွီ၊ သမီးရဲ့အရင်က အထောက်အထားအဟောင်းကို ကျီရှောင်ယွီ အဖြစ် ပြန်ထားဖို့ ဆန္ဒရှိလား"
လျိုစစ်ယွီသည် သူမဖခင်ကို သတိထားကြည့်ကာ ဝမ်းနည်းနေမိသည်။ သူမပြောလိုက်သည်။ "သမီး ဆန္ဒရှိပေမယ့် အိမ်အရင်ပြန်လို့ရမလား"
"ဟားဟားဟား!" သခင်ကြီး ကျီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "အိုခေ အိုခေ အဖေ သမီးကို အိမ်လိုက်ပို့ပေးမယ်"
လျိုစစ်ယွီပြောလိုက်သည်။ "သမီးတစ်ယောက်တည်း ပြန်သွားချင်တယ်"
ကျောင်းပြီးသောအခါ ကျီ မိသားစုက လျိုစစ်ယွီ သွားချင်သည့်နေရာကို အနှောင့်အယှက်မပေးခဲ့ပေ။ သူမက သူ့သူငယ်ချင်းကို နှုတ်ဆက်ပြီး ရဲစခန်းကို သွားခဲ့သည်။
"အစ်ကို"
လျိုစစ်ယန် အလုပ်ကဆင်းတော့ သူ့ညီမကို တွေ့လိုက်ရသည်။ " ရှောင်ယွီ ဒီမှာ ဘာလုပ်နေတာလဲ။ ကျီ မိသားစုက မင်းကို အနိုင်ကျင့်လိုက်လို့လား။ ဒါမှမဟုတ် အဲ့တာက အသုံးမဝင်လို့လား။ ဒုက္ခရောက်နေလို့လား"
လျိုစစ်ယွီ ပြုံးပြီး လျိုစစ်ယန်၏လက်ကို ကိုင်လိုက်သည်။ သူမ ပုခုံးပေါ် မှီလိုက်ပြီး ပြောခဲ့သည်။ “အစ်ကိုက ညီမ ငယ်ငယ်လေးကတည်းက ကျောင်းကိုလာကြိုပေးတဲ့ သူတစ်ယောက်ပဲ။ ဒီနေ့ ညီမ အစ်ကိုကို လာကြိုချင်လို့"
လျိုစစ်ယန်က ရုတ်တရက် နာခံမှု ရှိလာသော သူ့ညီမကို ကြည့်ကာမေးလိုက်သည်။ "မင်းနာမည်ကို ကျီရှောင်ယွီလို့ ပြန်ပြောင်းချင်လို့လား"
လျိုစစ်ယန်၏ အမူအရာမှာ မည်းမှောင်သွားပြီး သူမနှုတ်ခမ်းကို ကိုက်လိုက်သည်။ "အစ်ကို၊ စိတ်ဆိုးနေတာလား"
" ဘာလို့စိတ်ဆိုးရမှာလဲ" လျိုစစ်ယန် ပြောလိုက်သည်။ "အစ်ကို မင်းကို ဘယ်တော့မှ စိတ်ဆိုးမှာ မဟုတ်ဘူး။"
နှစ်ယောက်သား ဈေးသွားခဲ့ကြသည်။ လျိုစစ်ယန်က ပြန်လည်ဆုံကြတဲ့ပွဲမှာ ဖက်ထုပ်တွေ စားရတယ်လို့ပြောတာကြောင့် သူတို့ နှစ်ယောက် အသားတွေနဲ့အသီးအရွက်တွေဖြည့် ဝယ်ခဲ့သည်။
ကုန်စုံဆိုင်မှ ပြန်လာရာ လမ်းတွင် လျိုစစ်ယွီကမေးခဲ့သည်။ "အစ်ကို၊ အဖိုးနဲ့ အဖွားတို့ သိသွားကြပြီလား"
"သိသွားကြပြီ" လျိုစစ်ယန် ပြောလိုက်သည်။ “လောလောဆယ် သူတို့ကို မတွေ့တာ ပိုကောင်းတယ်။ မဟုတ်ရင် သူတို့ အရမ်းစိတ်လှုပ်ရှားနေကြလိမ့်မယ်။”
လျိုစစ်ယွီ ခေါင်းငုံ့လိုက်သည်။ "ညီမကို မုန်းသွားကြပြီလား" သူမ မေးလိုက်သည်။ "အစ်ကိုကော ညီမကိုမုန်းလား"
“မမုန်းပါဘူး၊ သူတို့က မင်းကို လျိုစစ်ယွီလို့ ထင်နေကြတုန်းပဲ။ အဖွားက ပြောတယ် မင်းက ငယ်ငယ်တုန်းက သူ့လိုပဲ လှတယ်တဲ့ မင်းက သူ့မြေးဆိုတာ သူ သိတယ်တဲ့။ အဖိုးကလည်း မင်းကြီးပြင်းလာတာကို ကြည့်ခဲ့တာ မမှားနိုင်ဘူးလို့ ပြောခဲ့တယ်။ မင်း ကျီ မိသားစုကလာတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးတဲ့"
ဒါကိုကြားတော့ လျိုစစ်ယွီက အပြစ်ရှိသလို ခံစားလိုက်ရသည်။
အိမ်ပြန်ရောက်တော့ မစ္စစ်လျိုနဲ့ မစ္စတာလျိုတို့ အိမ်ပြန်မရောက်ကြသေးပေ။ အစ်ကိုနဲ့ ညီမတို့က မီးဖိုချောင်မှာ ဖက်ထုပ်လုပ်ရင်း အလုပ်ရှုပ်နေကြသည်။ လျိုစစ်ယွီ ကြက်သွန်မြိတ်တွေ စတင်လှီးဖြတ်သည်နှင့် ငိုစပြုလာသည်။ "အစ်ကို၊ ညီမမျက်လုံးတွေစပ်လာပြီ"
လျိုစစ်ယန်က သူ့ညီမကို အမြန်ထွက်သွားခိုင်းခဲ့သည်။ ထို့နောက် သူက အလုပ်အားလုံးကို ဂရုစိုက်လုပ်ခဲ့သည်။
မစ္စစ်လျို အိမ်ပြန်ရောက်လာတာနဲ့ သူ့သမီးလေး မျက်လုံးတွေ ပွတ်နေတာကို တွေ့လိုက်ရသည်။ "ရှောင်ယွီ ပြန်လာပြီလား "
"အမေ၊ သမီးပြန်လာပြီ။" ထို့နောက် လျိုစစ်ယွီ သူ့အမေကို ပွေ့ဖက်ပြီး ပြောလိုက်သည်။ "တောင်းပန်ပါတယ် အမေ။ နောက်ကျသွားလို့ တောင်းပန်ပါတယ်"
မစ္စစ်လျိုက ဝမ်းသာမျက်ရည်ကျကာ ငိုခဲ့သည်။ စကားအနည်းငယ်ပြောပြီးနောက် မစ္စစ်လျိုက ဖက်ထုပ်လုပ်သည့်အလုပ်ကို တာဝန်ယူရန် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ ဒါပေမယ့် လျိုစစ်ယွီနဲ့ လျိုစစ်ယန်ကတော့ မထွက်သွားကြပေ။ သုံးယောက်သား ဖက်ထုပ်လုပ်၍ ရယ်ရယ်မောမော စကားပြောကြသည်။
မစ္စတာ လျိုလည်း အိမ်ပြန်လာခဲ့သည်။ မီးဖိုချောင်ထဲမှာ သူ့မိန်းမနဲ့ ကလေးနှစ်ယောက်ကို တွေ့လိုက်ရတော့ သူ့ကုတ်အင်္ကျီကို အမြန်ချွတ်ပြီး အင်္ကျီလက်တွေကို လိပ်တင်လိုက်သည်။
မိသားစုက မီးဖိုချောင်ထဲမှာ အချိန်အတော်ကြာ ဖက်ထုပ်လုပ်ခဲ့ကြသည်။ ကျီမိသားစုဆီက သူတို့သမီးရဲ့ဘဝအကြောင်း ဘယ်သူမှ မမေးခဲ့ကြပေ။ ဘာမှမပြောင်းလဲခဲ့သလိုပင်။