အခန်း (၃၀၇)
Vol. 21 Ch. 307
လျို မိသားစုမှ လူကြီး နှစ်ယောက်တို့သည် တံခါးမကြီးနှင့် ထွင်းထုထားသည့် တံခါးကြီးကို မြင်သောအခါ အံ့ဩသွားကြသည်။ ဒီမြေမှာနေတဲ့လူတွေက တော်တော်ချမ်းသာတာပဲဖြစ် ရမယ်။
ကျီရှောင်ယွီရဲ့အဖိုး - "မြေးမလေး၊ ဒီရပ်ကွက်ရဲ့ တစ်စတုရန်းမီတာဆိုရင် ဘယ်လောက်လောက်ရှိလဲ။ တစ်သောင်းကျော်လား "
“အဖိုး၊ အဖိုးက ရပ်ကွက်ကို ကြည့်နေတာမဟုတ်ဘူး။ အဖိုးက ကျီမိသားစုကို ကြည့်နေတာ…” ကျီရှောင်ယွီ ပြောလိုက်သည်။
သူ့အဖိုးက ပြောစရာစကားပျောက်ရှသွားခဲ့သည်။
အကူအညီပေးသူက သူမကို ကြိုဆိုဖို့ အမြန်ထွက်လာခဲ့သည်။
လျိုမိသားစု လာနေပြီဆိုတာကို သခင်ကြီး ကျီက သိပြီး သူ့ချွေးမကို အကြောင်းကြားထားပြီးသားပင်။ "ရှောင်နွမ်၊ ခဏနေရင် ဧည့်သည်တွေ လာလိမ့်မယ်။ မင်းနဲ့ လင်းချန်က ငါ့သိက္ခာကို ဂရုစိုက်ပေးရမယ်နော်။ ဧည့်သည်တွေရှေ့မှာ ငါ့ကို လာမဆူနဲ့!"
ဖန့်ရှောင်နွမ်က သခင်ကြီး ကျီ ချစ်စရာကောင်းမှန်း တွေ့ရှိခဲ့သည်။ "အဖေ၊ ကျွန်မက တရားမျှတမှု မရှိတဲ့သူတစ်ယောက်လို ဖြစ်နေပြီလား။ ဧည့်သည်တွေရှေ့မှာ အဖေ့အကြောင်း မကောင်းပြောမှာမဟုတ်ပါဘူး။ တံခါးပိတ်ပြီး ကျွန်မတို့ စကားပြောနိုင်ပေမယ့် ဧည့်သည်တွေ ဒီမှာရှိနေတာကြောင့် ကျွန်မတို့ ရင်းရင်းနှီးနှီးနေရမယ်ဆိုတာ သေချာတယ်။ စိတ်မပူပါနဲ့ အဖေ။ အမေ့ရဲ့သိက္ခါကို ကျွန်မ ဂရုစိုက်ပါ့မယ်!"
သခင်ကြီး ကျီက ဒီလိုကြားရတာကြောင့် စိတ်သက်သာရာ ရသွားသည်။
လျိုမိသားစုမှ လူကြီးနှစ်ဦး အိမ်ထဲသို့ဝင်လာပြီးနောက် ကျီရှောင်ယွီက သူတို့ကို မိတ်ဆက်ပေးလိုက်သည်။
"ကျုပ်တို့မြေးမလေးက ရှင့်ရဲ့သမီးအရင်းဆိုတာ သေချာရဲ့လား" သူမရဲ့အဖွားက သခင်ကြီးကျီကို မေးလိုက်သည်။ "ဘာလို့ ထပ်မစစ်ဆေးကြည့်တာလဲ။ ရှင့်မိသားစု အမှားလုပ်မိတာဖြစ်မယ်ထင်တယ်"
“အဲ့လိုလုပ်စရာ မလိုပါဘူး” သခင်ကြီး ကျီက ပြန်ဖြေခဲ့သည်။ "ကျုပ်ရဲ့သမီးကို ကျုပ်သိပါတယ်"
"ရှင် မှားနေရင်ကော "
“မဖြစ်နိုင်ဘူး” သခင်ကြီး ကျီ က ပြောလိုက်သည်။ "သူ့မျက်လုံးက သူ့အမေနဲ့တူတယ်"
"ကျုပ်မြေးမလေးက ပလပ်စတစ်ဆာဂျရီလုပ်ထားတာ!" သူမရဲ့အဘိုးက ပြောလိုက်သည်။
ကျီရှောင်ယွီ ပြောစရာစကားမဲ့သွားသည်။ သူမ ပလပ်စတစ်ဆာဂျရီ မလုပ်ခဲ့ပါဘူး!
“ပလတ်စတစ်ဆာဂျရီက သူ့သွေးအမျိုးအစားကို မပြောင်းလဲနိုင်ဘူး” သခင်ကြီးကျီက ပြောလိုက်သည်။ “ကျုပ်မိသားစုက သွေးစစ်ထားပြီးပြီ။ သူက ကျုပ်ရဲ့သမီးပဲ!"
ကျီရှောင်ယွီ၏ အဖွားက လှည့်ပတ်ကြည့်လိုက်ပြီး သူ့ချွေးမကို အသံတိုးတိုးဖြင့် ပြောဖို့လုပ်လိုက်သည်။ "ကျီမိသားစုက ဘာလုပ်တာလဲ။ တော်တော်လေးချမ်းသာပုံရတယ်!"
" ရှောင်ယွီရဲ့အစ်ကိုအကြီးဆုံးက ကျင်းမြို့တော်ရဲ့ မြို့တော်ဝန်၊ သူမရဲ့ဒုတိယအစ်ကိုက စီးပွားရေးလောကမှာ အရမ်းသြဇာကြီးတဲ့ ကျီလင်းချန် " မစ္စစ်လျိုက ကိုးရိုးကားရားနိုင်စွာ ရှင်းပြလိုက်သည်။
အဖွားက ကျီလင်းချန် အကြောင်းကို တစ်ခါမှ မကြားဖူးတဲ့အတွက် သူမ မေးလိုက်သည်။ "တစ်နည်းပြောရရင် ကျီ မိသားစုက တော်တော်ကောင်းနေတာပဲလား"
"ဟုတ်တယ်၊ ကျွန်မတို့ထက် အများကြီး ပိုကောင်းတယ်" မစ္စစ်လျိုက ခေါင်းညိတ်ပြလိုက်သည်။
ကျီရှောင်ယွီ၏ အဖွားက စိတ်သက်သာရာရသွားခဲ့သည်။ “သူမက ဆင်းရဲတဲ့မိသားစုကလာတာ မဟုတ်သရွေ့ပေါ့… မဟုတ်ရင်တော့ ငါ့မြေးလေး လိုက်လျောညီထွေမဖြစ်မှာ ငါကြောက်တယ်။”
ဖန့်ရှောင်နွမ်နဲ့ ကျီဝမ်တို့သည်လည်း သူတို့အတွက် ကောင်းမွန်သော စကားတစ်ခွန်းကို ပြောကြားခဲ့ကြသည်။
ဖန့်ရှောင်နွမ်ကို တွေ့သောအခါ အဖွား၏ မျက်လုံးတွေက တောက်ပလာသည်။ “အိုး ဒီကလေးက တော်တော်လှတာပဲ။ သူမက ရှောင်ယွီလိုပဲ ကြည့်ကောင်းလိုက်တာ ”
“ဟုတ်တယ်၊ သူက ရှောင်နွမ်တဲ့၊ ရှောင်ယွီရဲ့ အချစ်ဆုံးသူငယ်ချင်းလေ” မစ္စစ် လျိုက ပြုံးကာပြောခဲ့သည်။
"အိုး ဒါဆို ဒါက ရှောင်နွမ်ပေါ့။ ရှောင်ယွီ ဆီကနေ သူမက ကျီမိသားစုထဲက မိသားစုဝင်တစ်ယောက် ဆိုတာကိုလည်း ကြားဖူးတယ်"
ဖန့်ရှောင်နွမ်က ကျီ မိသားစု၏ ချွေးမဖြစ်သောကြောင့် သူမသည် သဘာဝအတိုင်း ကျီ မိသားစု၏ မိသားစုဝင်ဖြစ်သည်။ သူမ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ် အဖွား။ ကျွန်မကလည်း ကျီ မိသားစုရဲ့ မိသားစုဝင်တစ်ယောက်ပါ"
"ရှောင်နွမ်၊ ဒီနေ့ မင်းအသက်ဘယ်လောက်ရှိပြီလဲ။ မင်းမှာ လက်တွဲဖော်ရှိလား။ မရှိရင် ငါ့မြေးအကြီးဆုံးကို ဘယ်လိုထင်လဲ။ သူက ရဲစခန်းမှာ ရဲမှူးလုပ်နေတာ။ သူက စိတ်အားထက်သန်မှုရှိပြီး တည်ငြိမ်တဲ့အလုပ်တစ်ခုရှိတယ်။” သူမက ဖန့်ရှောင်နွမ်ကို သူ့မြေးနဲ့ ညှိပေးဖို့ ကြိုးစားနေသည်။
“အမေ၊ အောင်သွယ်လုပ်ပေးဖို့ ကြိုးစားနေတာကို ရပ်လိုက်တော့။ ရှောင်နွမ်က အိမ်ထောင်ကျပြီးသား။ သူက ကျီ မိသားစုရဲ့ချွေးမ ပြီးတော့ ဟိုးကအမျိုးသားက သူ့ရဲ့ယောကျ်ား” မစ္စစ်လျိုက သူ့အမေကို အမြန်ကြားဖြတ်နှောင့်ယှက်ခဲ့ပြီး ကျီလင်းချန်ကို ညွှန်ပြလိုက်သည်။
"အာ ။ လက်ထပ်ပြီးပြီလား" သူမ ဖန့်ရှောင်နွမ်ကို အံ့သြစွာကြည့်လိုက်သည်။ "အိုး၊ မင်းက ကျီ မိသားစုရဲ့ သမီးမဟုတ်ဘူးပေါ့!"
"ကျွန်မက သူတို့ရဲ့သွေးသားတစ်ဝက်တော်တဲ့ သမီးလို့ ပြောလို့ရတယ်။ ကျီ မိသားစုက ကျွန်မအမျိုးသားရဲ့ မိသားစုပါ”
ကျီလင်းချန်က တချက်ကြည့်လာခဲ့သည်။ မူလက သူသည် လျို မိသားစုကို အလွန်ကျေးဇူးတင်ခဲ့သော်လည်း သူ့ဇနီးကို ကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးတာက ဘာကိုဆိုလိုတာလဲ။
ဇနီးလေး၏ နူးညံ့သိမ်မွေ့သော အသွင်အပြင်ကို ကြည့်ပြီး ဘာကြောင့် နားလည်မှုလွဲခဲ့ကြသည်ကို သူ သဘောပေါက်သွားသည်။ သူမက ကလေးဆန်လွန်းလှသည်။ ဒါပေမယ့် အနာဂတ်မှာ သူတို့ ကလေးတစ်ယောက်ရခဲ့မယ်ဆိုရင် သူ့ကို သူမရဲ့မောင်လေးလို့ လူတွေက ထင်ကြမှာမဟုတ်ဘူး မလား။ အမြဲတမ်း အေးအေးဆေးဆေးနဲ့ နေတတ်တဲ့ CEO ကျီမှာ စိတ်ဆိုးစပြုလာသည်။
လျိုမိသားစု၏ လူကြီးနှစ်ဦးသည် ကျီမိသားစု၏ နေရေးထိုင်ရေးကို မြင်သောအခါ အနည်းငယ် စိတ်သက်သာရာရသွားသည်။ လျို မိသားစုက ကျီရှောင်ယွီ အပေါ် ဘယ်လောက်ထိ တုန်နေအောင်ချစ်ကြလဲဆိုတာကို သူတို့သိတဲ့အခါ ကျီ မိသားစုလည်း အရမ်း ဝမ်းသာသွားသည်။
နေ့လည်စာစားနေစဉ်တွင် သခင်ကြီး ကျီသည် ဝိုင်ကောင်းကောင်းတစ်ပုလင်းကို ဖွင့်ခဲ့သည်။ သူ အများကြီး မသောက်တော့ပေမယ့် ဒီနေ့တော့ သူ့စိတ်ထဲ ကျေနပ်အောင် သောက်ခဲ့ရသည်။
မိသားစုနှစ်စု အရက်သောက်ရင်း လက်တကမ်းမှာ ရှိတဲ့အကြောင်းအရာကို ဆွေးနွေးခဲ့ကြပြီး မိသားစုနှစ်ခုလုံးက သူတို့ရဲ့ လက်ရှိဆက်ဆံရေးကို လက်ခံခဲ့ကြသည်။
ကျီရှောင်ယွီသည် လျို မိသားစုနှင့်အတူ ပြန်သွားခဲ့သော်လည်း ကျီ မိသားစုထံသို့ ပြန်ပို့မခံရမီ တစ်ရက်သာ နေခဲ့သည်။ ပထမအချက်က ကျောင်းစတက်တော့မှာမို့လို့ပင်။ ဒုတိယအချက်မှာ သူမ၏ အဖိုးအဖွားများကို ဆေးကုသပေးဖို့လိုပြီး သူမ၏ မိဘတွေကလည်း ၎င်းတို့ကို အလှည့်ကျ အဖော်နေပေးရသည်။ နှစ်သစ်ရောက်လာတော့ မှုခင်းတွေ တိုးလာသည်။ သူမအစ်ကိုက အလုပ်များနေခဲ့ပြီး သူမ တစ်ယောက်တည်းနေနေရမှာကို စိုးရိမ်တဲ့အတွက် ကျီ မိသားစုရဲ့အိမ်ကို ပြန်ခွင့်ပြုခဲ့သည်။ ဤကိစ္စနှင့် ပတ်သက်၍ သခင်ကြီး ကျီသည် လျို မိသားစု၏ လုပ်ဆောင်ချက်များက သူ့ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်ဟု ခံစားမိသည်။
စာသင်နှစ်က မြန်မြန်ကုန်ဆုံးသွားခဲ့သည်။ ကျီရှောင်ယွီ သည် မိသားစုနှစ်စုနှင့်အတူ လှည့်ပတ်ပြေးလွှားခဲ့ဖူးသည်။ သူမသည် သူတို့၏အချစ်ကို ခံစားခဲ့ရသည်။ ဖန့်ရှောင်နွမ်က သူမ၏အိမ်ထောင်ရေးဘဝတွင် လုံးဝနေသားကျနေပြီး နေ့ရက်တိုင်းက အလွန်ချိုမြိန်သည်။
နောက်ဆုံး စာမေးပွဲ ပြီးသွားသောအခါ ကျောင်းသူ/သား သုံးယောက် သက်ပြင်း တစ်ချက် ချလိုက်မိသည်။ ခင်ပွန်းဖြစ်သူ၏ ကျူရှင်သင်ကြားမှုကို ကျေးဇူးတင်ရမည်။ ဖန့်ရှောင်နွမ်ရဲ့ ကျောင်းအုပ်ကြီးအဖြစ် နာမည်က ဂုဏ်သတင်းရှိသည်။ နောက်ဆုံး ဘာသာရပ် ပြီးတဲ့အခါ ခင်ပွန်းဖြစ်သူက စာသင်ခန်းအပြင်မှာ စောင့်နေတာကို တွေ့လိုက်ရပြီး လျိုစစ်ယန်က သူ့ဘေးမှာ ရပ်နေခဲ့သည်။