← Chapters

အခန်း (၃၀၉)

Vol. 21 Ch. 309

အခန်း (၃၀၉)

Vol. 21 Ch. 309

စူးရှထက်မြက်ပြီး ရန်လိုတဲ့ ဖန့်ရှောင်နွမ်ကိုဘရင်ဆိုင်လိုက်ရာ မစ္စတာလင်း၏ အမူအရာမှာ မည်းမှောင်သွားသည်။ "ကျုပ်တက်ခဲ့ပေမယ့် ကျုပ်ရဲ့မှတ်ဉာဏ်က သိပ်မကောင်းဘူး"

"အိုး၊ ကျွန်မ သိပြီ " ဖန့်ရှောင်နွမ်က သူမ ရုတ်တရက် သဘောပေါက်သွားသလိုပါပဲ။ "မှန်ပါတယ်။ ဒါရိုက်တာလင်း ရှင်က အသက်ကြီးနေပြီပဲ။ မကောင်းတဲ့ မှတ်ဉာဏ်ဆိုတာ မျှော်လင့်ဖို့ပဲ ရှိတယ်။ ဒီနှစ် ရှင့်အသက် ဘယ်လောက်ရှိပြီလဲလို့ သိချင်မိတယ်။ ၈၀ လား "

“ဒီနှစ်မှာ အသက် ၅၀ ကျော်ပဲရှိသေးတာ" မစ္စတာလင်းက အံကြိတ်ပြီးပြောခဲ့သည်။

ဖန့်ရှောင်နွမ် သူမယောကျ်ားဘက်သို့ လှည့်လိုက်သည်။ "ယောကျ်ား၊ အဲဒါက ထူးဆန်းတယ်လို့ မထင်ဘူးလား။ မစ္စတာလင်းက အသက်ငါးဆယ်ကျော်ပဲရှိသေးတယ်။ ဘာလို့ သူ့ပုံစံက အသက် ရှစ်ဆယ်နဲ့တူနေရတာလဲ"

ကျီလင်းချန်၏ ဇနီးက လူတွေကို လှည့်စားနိုင်စွမ်း တိုးတက်လာပြန်သည်။ ကျီဝမ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရမှုက သူမကို အရမ်းဒေါသထွက်စေခဲ့သလိုပင်။

မစ္စတာ လင်းက ဖန့်ရှောင်နွမ်ရဲ့ စကားကိုကြားပြီးနောက် သူ့စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ခြင်းမရှိသော်လည်း သူပြောချင်သည့်အရာကို သူမကို မပြောနိုင်ခဲ့ပေ။ အချိန်အတော်ကြာ ထိန်းထားပြီးနောက် နောက်ဆုံးတွင် သူ ပြောလိုက်သည်။ “မစ္စစ်ဖန့်၊ မင်းရဲ့ ပြုမူပြောဆိုပုံကယဥ်ကျေးမှု မရှိဘူး”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ရှင် အရမ်းရိုင်းတာပဲ ဒါရိုက်တာ လင်း!"

ကျီလင်းချန်က သူတို့ရဲ့ ရန်ဖြစ်စကားများနေတာကို တားလိုက်သည်။ "ကျွန်တော့်တူလေး ဘယ်မှာလဲ"

ထို့နောက် မစ္စတာလင်းက သူတက်ရမည့် လုပ်ငန်းကို သတိရသွားသည်။ သူက အိမ်တော်ထိန်းကို အမြန်ကြည့်လိုက်ပြီး အိမ်တော်ထိန်းက ကျီဝမ်ကို ခေါ်ဖို့ လှည့်ထွက်သွားခဲ့သည်။

သူတို့စောင့်နေချိန်မှာ မစ္စတာ လင်းက ကျီလင်းချန်ကိုပြောခဲ့သည်။ "CEO ကျီ၊ ဘာပဲဖြစ်ဖြစ် ကျုပ်က ခင်များရဲ့ကယ်တင်ရှင်ပဲ။ အစာကျွေးတဲ့လက်ကို ကိုက်လို့မဖြစ်ဘူးလေ ဟုတ်တယ်မလား။ ခင်များတူလေး ကျုပ်ဆိုင်မှာ ဒုက္ခလာပေးပြီး ကျုပ်လုပ်ငန်းကို ထိခိုက်အောင်ခင်များ လုပ်ထားတာက နည်းနည်းတော့လွန်တယ်မဟုတ်လား"

ကျီလင်းချန် စိတ်ဝင်တစား မေးလိုက်သည်။ "မစ္စတာ လင်း၊ ကျွန်တော်က ကျွန်တော့်တူကို ဒုက္ခပေးဖို့ လွှတ်လိုက်တာကို ခင်များဘယ်လိုသိတာလဲ။ ဒါ့အပြင်က ကျုပ်က သူ့ကို ဘာလို့ ဒုက္ခရှာခိုင်းရတာလဲ။ အကြောင်းပြချက်မရှိ ကျွန်တော် လက်မြှောက်အရှုံးပေးမှာတော့မဟုတ်ဘူး။ ဒီနေ့ ခင်များ ရှင်းရှင်းလင်းလင်းမရှင်မပြနိုင်ရင် ဒီ slide ကို ကျွန်တော် ခွင့်မပြုဘူး!"

သူ့မျက်လုံးတွေက စူးရှပြီး မစ္စတာလင်းကို တိုက်ရိုက်စိုက်ကြည့်နေသည်။ မစ္စတာလင်းက သူ့ကို မကြည့်ရဲပေ။

ခဏကြာတော့ ကျီဝမ် ထွက်လာသည်။

ဖန့်ရှောင်နွမ်က ကျီဝမ့်လက်မောင်း ဆုပ်ကိုင်ခံထားရသည်ကို တွေ့လိုက်ရသောအခါတွင် သူမ၏ လက်သီးတွေကို ဆုပ်ထားလိုက်သည်။ လင်းမိသားစုက သူ့ကို အရှက်တကွဲ အကျိုးနည်းအောင်လုပ်နေတာ။ ရာဇ၀တ်ကောင်တွေကိုပဲ ဒီလို ချုပ်နှောင်သင့်တာ။

ထိုအချိန်တွင် လက်ကြီးတစ်ဖက်က သူမအပေါ်သို့ ရောက်လာပြီး သူမ သူမရဲ့ယောကျ်ားကို လှည့်ကြည့်လိုက်သည်။ သူ့ယောက်ျားက သူမကို မကြည့်ပေ။ အဲဒီအစား သူက သေနေတဲ့လူကို ကြည့်နေသလို မစ္စတာလင်းကို အေးစက်စွာ ကြည့်နေခဲ့သည်။ သူ့မျက်လုံးတွေက အေးစက်နေပေမယ့် ပြုံးပြုံးလေးနဲ့ မေးခဲ့သည်။ "မစ္စတာ လင်း၊ အခုပြောစမ်းပါဦး ကျွန်တော့်တူက ခင်များဆိုင်ကို ဘယ်လို ဒုက္ခပေးခဲ့တာလဲလို့"

“ဒါက ကြီးကြီးမားမားကြီးတော့ မဟုတ်ပါဘူး” လို့ မစ္စတာလင်း ပြောလိုက်သည်။ "သူ ဖန်ခွက်အနည်းငယ်ကိုကွဲအောင်လုပ်ခဲ့တာ "

ကျီလင်းချန် ပြောလိုက်သည်။ “ခင်များရဲ့ဆိုင်က ခွက်တွေက အရမ်းဈေးကြီးတဲ့ပုံပဲ။ ခင်များ ကျွန်တော့်တူကို ဒီအတိုင်း ကိုင်နေတာဆိုတော့။ ခင်များရဲ့စျေးနှုန်းကို ပြောလိုက်”

ကျီဝမ်ကို လွှတ်ပေးလိုက်သည်။ လေးနက်တဲ့အမူအရာဖြင့် သူ တည့်တည့်မတ်တပ်ရပ်လိုက်သည်။ သူ့မျက်လုံးတွေက ကျီလင်းချန်နဲ့ ခပ်ဆင်ဆင်တူပေမယ့် သူက နည်းနည်းတော့ အတွေ့အကြုံနည်းသည်။ စကားတစ်ခွန်းမှ မပြောဘဲ ကျီလင်းချန် အနားမှာ ထိုင်လိုက်သည်။

“တောင်းပန်ပါတယ်” မစ္စတာလင်းက ပြောလိုက်သည်။ "အဲ့လောက်ဈေးမကြီးပါဘူး။"

သူ့မှာ ကျောထောက်နောက်ခံရှိလို့ ကျီဝမ် ပေါက်ကွဲသွားသည်။ "တောင်းပန်ပါတယ် ငါ့ ဖင်ကြီးကိုတောင်းပန်လိုက်! ခင်များကို ကျွန်တော့်ကို တောင်းပန်ဖို့ မတောင်းဆိုခဲ့ဘူး၊ ခင်များ ကျွန်တော့်ကို အခွင့်ကောင်းယူနေတာလား။ တခြားလူတွေက အရေထူပေမယ့် ခင်များက လုံးဝ အရှက်ကင်းတာပဲ!”

ဖန့်ရှောင်နွမ်က နှုတ်ဆိတ်နေခဲ့သည်။ ကော်ဖီစားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး ပစ္စည်းကိုကြည့်ကာ မစ္စတာလင်း၏ ခြေရင်းဆီသို့ အားနဲ့ပစ်ချလိုက်သည်။

ကျယ်လောင်သောအသံနှင့်အတူ လက်ဖက်ရည်ခွက်က ကြမ်းပြင်ပေါ် ကွဲကျသွားကာ လက်ဖက်ရည်က မစ္စတာလင်း၏ ဖိနပ်နှင့် ဘောင်းဘီများပေါ် ပေကျံသွားသည်။

သူက ဖန့်ရှောင်နွမ်ကို ဒေါသတကြီး စိုက်ကြည့်နေပေမယ့် ဖန့်ရှောင်နွမ် ကတော့ စိတ်ထဲထားပုံမပေါ်ပေ။ သူမက ဒါရိုက်တာလင်းကို ပြုံးပြပြီး ပြောလိုက်သည်။ “အိုး..တောင်းပန်ပါတယ် မစ္စတာလင်း။ ကျွန်မလက်ချော်သွားလို့။"

“မစ္စတာလင်း ရှင် ကျွန်မကို ဘာလို့ မချုပ်နှောင်တာလဲ။ ဒါမှမဟုတ် ကျွန်မလည်း တောင်းပန်ရမှာလား”

ဒါရိုက်တာ လင်းက ဖန့်ရှောင်နွမ် သူ့စိတ်ကိုဆွဖို့ ဒီမှာ ရှိနေတယ်လို့ ခံစားရသည်။ " ဖန့်ရှောင်နွမ်၊ ဒါရိုက်တာ ဖန့်က မင်းကို ဘယ်လိုသွန်သင်ဆုံးမလဲဆိုတာ ကျုပ်တကယ်မသိဘူး။ မင်းက အရမ်းသောင်းကျန်းတာပဲ"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ရှင့်အဖေက ရှင့်ကို ဘယ်လိုသွန်သင်ဆုံးမထားလဲဆိုတာ ကျွန်မ မသိဘူး။ ရှင် ကိုယ့်အုတ်ဂူအတွက် တူးနေတာလား။ ရှင်က တော်တော်အသက်ကြီးနေပြီ၊ ဒါတောင် အိပ်မက်လှလှမက်နေတုန်းပဲ!"

" ဖန့်ရှောင်နွမ်၊ နင့် ပါးစပ်ကိုထိန်းလိုက်ရင် ပိုကောင်းမယ်နော်!" ခိုးနားထောင်နေတဲ့ လင်းရိုက ခုန်ထွက်လာပြီး တစ်ခုခုပြောဖို့ မတတ်နိုင်ခဲ့ပေ။

ဖန့်ရှောင်နွမ်ပြောလိုက်သည်။ "ဟူး၊ ငါ နင့်ကို ဘယ်လိုလုပ်မေ့သွားတာလဲ။ နင့်လို သမီးကို ဘယ်လိုအဖေမျိုးက မွေးထားတာလဲ။ တခြားသူတွေပြောတာ ခိုးနားထောင်ဖို့ အမှောင်ထဲမှာ ပုန်းနေဖို့တောင် လိုလားနော်။ နင်က ရေမြောင်းထဲက ကြွက်တစ်ကောင်လိုပဲ။”

လင်းရိုက ဖန့်ရှောင်နွမ်ကို လက်ညှိုးထိုးခဲ့သည်။ " ဖန့်ရှောင်နွမ်၊ လင်းချန် နင့်ရဲ့မျက်နှာကို ရွံသွားမှာကို မကြောက်ဘူးလား" သူမ မေးလိုက်သည်။

ဖန့်ရှောင်နွမ်က မေးမော့ပြီး ကိုယ့်ကိုယ်ကို ဘဝင်ခိုက်နေသည်။ “တောင်းပန်ပါတယ် ဒါပေမယ့် ကျွန်မယောကျ်ားက ကျွန်မရဲ့ ဒီလိုပုံစံမျိုးကိုကြိုက်တယ်။ ကျွန်မကို သေလောက်အောင် ချစ်တာ။ သူက ကျွန်မရဲ့ ချွန်ထက်တဲ့လျှာနဲ့ အညှာတာကင်းတဲ့ ရန်ဖြစ်တဲ့စကေးတွေကို ကြိုက်တယ်လေ။ မစ်လင်း၊ ရှင် ကျွန်မကိုမယုံရင် ရှင်အဲဒီမှာရပ်နေပြီး မလှုပ်နဲ့။ ကျွန်မ ရှင့်ကို ပါးနည်းနည်းလောက်ရိုက်ပါရစေ။"

"နင် အရိုင်းအစိုင်းမ !" လင်းရိုက ကော်ဖီ စားပွဲပေါ်မှ ခွက်ကို ကောက်ကိုင်လိုက်ပြီး ဖန့်ရှောင်နွမ်ကို ရေနဲ့ပက်တော့မည်။

ကျီလင်းချန်၏ မျက်လုံးများနှင့် တုံ့ပြန်မှုတွေက စူးရှသည်။ သူက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး လင်းရို၏လက်ဆီ အဲ့တာနဲ့ ပစ်လိုက်သည်။

လင်းရို ပစ်လိုက်တဲ့ခွက်က ရှေ့သို့မပျံသန်းနိုင်မီတွင် အခြားခွက်တစ်ခုဖြင့် ရိုက်ခွဲခံရပြီး အပိုင်းအစတွေက နေရာအနှံ့ ပျံ့လွင့်သွားခဲ့သည်။

ဖန့်ရှောင်နွမ်က သူမယောကျ်ားကို ဒီလောက်ထိတိတိကျကျ ပစ်နိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူမယောကျ်ားက အခုအချိန်မှာ အလွန်ဆွဲဆောင်မှုရှိနေပြီဟု သူမ ခံစားမိသည်။ “ယောကျ်ား၊ ကျွန်မကို သင်ပေး။ ခွက်တွေ လွှင့်ပစ်တဲ့နည်းကို ကျွန်မလည်း သင်ချင်တယ်”

ကျီလင်းချန် ပြောစရာစကားမဲ့သွားခဲ့သည်။ ဒီအချိန်က သူမ လေးစားနေရမယ့်အချိန်လား။

"အိမ်ပြန်ရောက်ရင် သင်ပေးမယ်။"

ဖန့်ရှောင်နွမ်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။

All Chapters