← Chapters

အခန်း (၃၁၁)

Vol. 21 Ch. 311

အခန်း (၃၁၁)

Vol. 21 Ch. 311

ကျီလင်းချန်က သူ လင်း မိသားစုအတွက် ဘာမှမလုပ်ရသေးခင် သူ့ဇနီးလေးက ပထမဆုံး လှုပ်ရှားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမက လင်းမိသားစုအား ကျက်သရေရှိခြင်းမှ ပြုတ်ကျစေခဲ့သည်။

"ရှောင်နွမ်၊ မင်း လင်း ကော်ပိုရေးရှင်းကို တစ်ယောက်တည်း ဘယ်လိုစွန့်စားလိုက်တာလဲ"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ယောကျ်ား ၊ ကျွန်မတစ်ယောက်တည်းလုပ်တာ မဟုတ်ဘူး။ ကျွန်မမှာ ကြံရာပါ နှစ်ယောက်ရှိတယ်။ တစ်ယောက်က ရှောင်ယွီ နောက်တစ်ယောက်က ရှောင်ဝမ် " သူမက သူမ၏ သူငယ်ချင်းများ၏ ပါဝင်ပတ်သက်မှုကို တိုက်ရိုက် ထုတ်ဖော်ခဲ့သည်။

ကျီလင်းချန်၏ အမူအရာက လေးနက်လာပြီး ဖန့်ရှောင်နွမ်၏ ရင်ဘတ်ထဲ လေးလံလာသည်။ သူမရဲ့ လုပ်ရပ်တွေက ကျီ ကော်ပိုရေးရှင်းကို ဒုက္ခပေးခဲ့တာ ဖြစ်နိုင်လား။

သူမက ခင်ပွန်းဖြစ်သူကို အမြန်ပွေ့ဖက်လိုက်ပြီး အားအင်ချိနဲ့စွာ မေးလိုက်သည်။ "ယောကျ်ား၊ ရှင့် ကြောင်ပေါက်လေးက အမှား တစ်ခုခုလုပ်မိသွားလို့လား"

သူ့ဇနီးလေးရဲ့ ညုတုတုလေသံက ကျီလင်းချန်၏ စိတ်တည်ငြိမ်မှုကို ချိုးဖျက်လုနီးပါးဖြစ်စေခဲ့သည်။ သူသည် သူ၏ လေးနက်သော အမူအရာကို လျင်မြန်စွာ တည်ငြိမ်စေခဲ့ပြီး အပြစ်တင်ခဲ့သည်။

“ဒီနေ့ မင်းလုပ်ခဲ့တာတွေက အဓိပ္ပါယ်မရှိတဲ့ အရာပဲ။ စီးပွားရေးလောကမှာ သူ့ကို ဖျက်ဆီးဖို့ နည်းလမ်းတွေ အများကြီး သုံးလို့ရတယ်။ ဘာလို့ သူ့လို ဗီလိန်တစ်ယောက်ကို မင်း စော်ကားရတာလဲ။ သူ မင်းကို လက်တုံ့ပြန်ရင် ဘယ်လိုလုပ်မလဲ"

ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူ၏ ပါးကို နမ်းလိုက်သည်။ "ယောကျ်ား၊ စိတ်အေးအေးထား။ ကျွန်မက မစ္စစ် ကျီလေ။ သူက ကြွက်တစ်ကောင်လို ရှက်တတ်တဲ့သူ။ သူ ကျွန်မကို လက်စားချေဖို့ သတ္တိရှိမှာ မဟုတ်ဘူး။”

သူမ၏ လုံခြုံမှုအတွက် စိုးရိမ်နေတာကြောင့် သူမရဲ့ယောကျ်ားဖြစ်သူက စိတ်ဆိုးနေကြောင်းကိုလည်း သူမ နားလည်ခဲ့သည်။ "ကျွန်မက တိုက်ခိုက်တာ တော်တယ်၊ ကျွန်မအတွက် စိတ်မပူနဲ့"

ကျီလင်းချန် ဆက်ပြောလိုက်သည်။ "နောက်တစ်ခါ မင်း ရှောင်ယွီဆီက သင်ယူရမယ်။ အဲဒီအစား သူ့ကို နောက်ကျောကနေ ဓားနဲ့ထိုး။ တစ်စုံတစ်ယောက်က သူ့ကိုဖမ်းဖို့ ရဲကိုခေါ်ခဲ့တာကို မစ္စတာ လင်းက သိပေမယ့် အဲ့တာကိုလုပ်ခဲ့တဲ့သူက ရှောင်ယွီဆိုတာ သူ မသိဘူး။ သူ တိတ်တိတ်လေးပဲ ခံလိုက်ရတယ်။ ဒါပေမယ့် မင်းနဲ့ ရှောင်ဝမ်က ဉာဏ်သိပ်မပြေးသေးဘူး။ မင်းတို့နှစ်ယောက်ထဲက တစ်ယောက်က ဒီဗီဒီယိုမှတ်တမ်း တင်ခဲ့တဲ့သူတွေဆိုတာ သူသိတယ်။ ရှောင်ဝမ်က အရေထူတာကြောင့် ဝေဒနာခံစားရရင် ကိုယ် အရမ်းဆိုးဆိုးရွားရွား ခံစားရမှာမဟုတ်ဘူး၊ ဒါပေမယ့် တစ်ယောက်ယောက်က မင်းကို နာကျင်စေခဲ့ရင် ဘယ်လိုလုပ်မလဲ"

“ကျွန်မ ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာ သိပါတယ်ဆို ယောကျ်ားကလည်း ” ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။

“မင်းမှာ လက်နှစ်ချောင်းပဲရှိတယ်။ မင်းလူဆယ်ယောက်ကို တိုက်နိုင်လို့လား"

"တိုက်နိုင်တာပေါ့!"

ကျီလင်းချန် ပြောစရာစကားပျောက်ရှသွားသည်။ 'တကယ်တော့ သူ ဘာမှမတတ်နိုင်ဘူး!'

ခင်ပွန်းဖြစ်သူကို နှစ်သိမ့်ပေးဖို့ ဖန့်ရှောင်နွမ်က သူ့ကို အနမ်းပေးခဲ့သည်။ ကျီလင်းချန်က ဒီအခွင့်အရေးကို လက်လွှတ်မခံချင်တာကြောင့် သူမကို အိပ်ရာထဲမှာ သင်ခန်းစာကောင်းကောင်း သင်ပေးခဲ့သည်။

...

နောက်တစ်နေ့မှာတော့ မစ္စတာလင်းကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့သည်။ သူ့ကုမ္ပဏီ ပျက်တော့မယ်ဆိုတာကို မြင်တော့ သူ့ရဲ့ငွေကြေးထောက်ပံ့ပေးနေတဲ့သူဆီ အလျင်အမြန် လှည့်ပြီး ပြောခဲ့သည်။

“သူဌေး၊ အဲဒါတွေ ကြုံလာတော့ အခု ဘာလုပ်ရမလဲ။ လျိုစစ်ယန်က ကော်မရှင်အဖွဲ့ဝင် ရှီကို ကိုက်ထားပြီး မလွှတ်ပေးတဲ့ ခွေးရူးလိုပဲ။ ကျုပ်တို့ ကြာကြာမထိန်းထားနိုင်တော့ဘူး ပြီးတော့ ဖန့်ရှောင်နွမ်ရဲ့ ဗီဒီယိုကလည်း ကုမ္ပဏီကိုဖြုတ်ချပစ်တော့မယ်။”

'သူဌေး' လို့ ခေါ်ခံရတဲ့ အမျိုးသားက ဆံပင်ဖြူနေပြီး ဆေးပြင်းလိပ် သောက်နေခဲ့သည်။ " ဖန့်ရှောင်နွမ်လား။ ကျီလင်းချန်ရဲ့ဇနီးလား"

"ဟုတ်တယ် သူပဲ!" မစ္စတာလင်း ပြောလိုက်သည်။

"ကလေးမလေးက ဒီလိုဖြစ်အောင် လုပ်လိုက်တာလား။ ငါ သူမကို တကယ်သိချင်လိုက်တာ။" အဖိုးကြီးက ရယ်ခဲ့သည်။

"သူဌေး၊ လင်း ကော်ပိုရေးရှင်းက ဒီအခြေအနေနဲ့ ဘယ်လို ရှင်သန်နိုင်မှာလဲ။" မစ္စတာလင်းက မေးလိုက်သည်။

“မစ္စတာ ချန်ရဲ့ မွေးနေ့ပွဲက ငါးရက်ထဲမှာပဲ။ ဒါက အခွင့်အရေးကောင်းပဲ” အဘိုးကြီးက ပြောလိုက်သည်။

"သူဌေးရဲ့အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ် သူဌေး!" မစ္စတာလင်းက လေးစားစွာ ဦးညွှတ်လိုက်သည်။

...

ထိုညတွင် ကျီအိမ်၌ သခင်ကြီး ကျီသည် မစ္စတာချန်ထံမှ ဗီဒီယိုခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

မစ္စတာ ချန်က ပြောခဲ့သည်။ “ဒီစနေနေ့မှာ မွေးနေ့ပါတီတစ်ခု လုပ်မှာ။ မင်းမိသားစုကိုခေါ်လာခဲ့ အထူးသဖြင့် Anipop အကြိမ်တစ်ထောင်ကျော်ကစားနိုင်တဲ့ မင်းချွေးမကို ခေါ်လာ။ ငါ သူ့ကိုမမြင်ဖူးဘူး!"

“ငါ့ရဲ့ ဒုတိယချွေးမက ရှောင်နွမ်တဲ့ ” သခင်ကြီး ကျီက ပြောလိုက်သည်။ "သူက Anipop ကစားတာ တော်တယ် ဆိုတာကိုပဲ မင်း မှတ်မိတာပေါ့"

"ဘာပဲဖြစ်ဖြစ် မင်းမိသားစုကို ခေါ်လာခဲ့ကွာ။ ဘယ်သူ့ကိုမှ မထားခဲ့နဲ့!"

သခင်ကြီး ကျီက သဘောတူလိုက်သည်။ သူ အခန်းထဲက ထွက်သွားပြီး ဖန့်ရှောင်နွမ်ကို ရှာတော့မည်ပင်။ သူသည် ဤအကြောင်းအရာကို သူမဆီ ပြောချင်သည်။ လင်မယားနှစ်ယောက်က လှဲနေ၏။ ကျီလင်းချန်က တံခါးဖွင့်ပေးတဲ့သူဖြစ်သည်။ ဖန့်ရှောင်နွမ်က သူ့ဖိတ်ကြားချက်ကို ငြင်းပယ်မယ်ဆိုတာ ဘယ်သူက သိမှာလဲ။ ဒါက သခင်ကြီး ကျီကို ဝမ်းနည်းစေသည်။ ဖန့်ရှောင်နွမ် မသွားဘူးဆိုရင် သူ့ချွေးမကို မစ္စတာချန်ဆီ သူ ဘယ်လိုပြရတော့မှာလဲ။

နောက်တစ်နေ့မနက် ကျီလင်းချန် အလုပ်သွားပြီးနောက်၊ သခင်ကြီး ကျီက ဖန့်ရှောင်နွမ်ကို ရှာခဲ့သည်။ "ရှောင်နွမ်၊ မင်း ဘာလို့ ငါနဲ့ ပွဲလိုက်မတက်ချင်တာလဲ။"

“အဖေ၊ ကျွန်မ အရင်ကလည်း တစ်ခါမှ ပွဲမတက်ဖူးဘူး။ ကျွန်မဘာသာ အရှက်ရအောင်လုပ်မိမှာကြောက်တယ်” ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။

သခင်ကြီး ကျီက နောက်ဆုံးတွင် သူ့ချွေးမ၏ အမြင်ကို နားလည်သွားသည်။ “မင်း ငါနဲ့လိုက်ခဲ့။ ဒါက ရှက်စရာ မဟုတ်ပါဘူး!”

ဖန့်ရှောင်နွမ်ကတော့ သွားဖို့သဘောမတူသေးပေ။

သခင်ကြီး ကျီ က မျက်ဖြူလှန်ပြလိုက်သည်။ "ရှောင်နွမ်၊ မင်းရဲ့ အချစ်ပြိုင်ဖက်က အဲ့ဒီမှာ ရှိနေနိုင်တယ်နော်။ ငါ မင်းကိုသတိမပေးဘူးလို့ မပြောနဲ့” သူ ပြောလိုက်သည်။

ဖန့်ရှောင်နွမ် အံ့အားသင့်သွားသည်။ လင်းရို ရောသွားမှာလား။ “သူ့ကို အချစ်ပြိုင်ဖက်လို့ ကျွန်မ မယူဆပါဘူး။ ကျွန်မ မသွားဘူး။"

“သူက အခု မင်းရဲ့အချစ်ပြိုင်ဘက် မဟုတ်ပေမယ့် မင်းမသိသေးတဲ့ အချစ်ပြိုင်ဖက်တွေ အများကြီးရှိနိုင်သေးတယ်။ လင်းချန်က မင်းကို ဒီအကြောင်း တစ်ခါမှ မပြောဖူးဘူး မဟုတ်လား။ မင်းမတိုင်ခင်က လင်းချန် ဘယ်သူ့စကားကိုမှ နားမထောင်ပေမယ့် အဲ့ဒီလူဆီရောက်ရင်တော့ ... သူမ တစ်ခုခုလိုချင်တာရှိရင် သူ သေချာပေါက် လုပ်ပေးလိမ့်မယ်။ သူတို့နှစ်ယောက်က မတွေ့ဖြစ်တာကြာပြီ။ မင်း မကြောက်ဘူးလား…”

ဖန့်ရှောင်နွမ် တိတ်ဆိတ်သွားသည်။ သူမက တစ်ယောက်ကို စွန့်လွှတ်ခြင်းထက် လူတစ်ထောင်ကို မှားပြီး သတ်ပစ်မည်။ "အဖေ၊ ကျွန်မ ပွဲကို ဓားတစ်လက်ယူသွားလို့ရလား"

သခင်ကြီး ကျီ ထိတ်လန့်သွားသည်။ "ဓားတစ်လက် ယူလာသင့်တယ်လို့ ငါတော့ မထင်ဘူး"

...

စနေနေ့တွင် ချန် မိသားစု၏ ပွဲ၌ ဧည့်သည်များဖြင့် စည်ကားနေခဲ့သည်။

သူမ၏ ပြိုင်ဘက်များကို ကျော်လွန်နိုင်ရန် ဖန့်ရှောင်နွမ် က စိတ်ကြိုက်လုပ်ထားသော ဂါဝန်ကို ၀တ်ဆင်ခဲ့သည်။ ခရမ်းပြာရောင် ဂါဝန်၏ စကတ်ကို စိန် အပိုင်းအစများဖြင့် အဝိုင်းပုံစံ ပတ်ထားသည်။ သူမ၏ အဝတ်က ခြေလှမ်းတိုင်း၌ စူးရှတောက်ပသော အလင်းရောင်နှင့် တောက်ပနေ၏။

All Chapters