အခန်း (၃၁၂)
Vol. 21 Ch. 312
ကျီလင်းချန်က သူ့ဇနီးလေးကို ကြည့်နေခဲ့သည်။ သူမက မှင်သက်စရာကောင်းလွန်းလှတဲ့ ၀တ်စုံဖြင့် သူ့ကို အလွန်စိတ်မချမ်းသာစေခဲ့ပေ။ ယောက်ျားတော်တော်များများက သူမကိုကြည့်ဖို့ အခွင့်အရေးရကြလိမ့်မည်။
" ရှောင်နွမ်၊ ကိုယ်တို့အိမ်ပြန်ကြရင်ကော "
“မဖြစ်နိုင်ဘူး။ ကျွန်မရဲ့ဓားကိုတောင် ယူလာခဲ့တာ!" ဖန့်ရှောင်နွမ် ပြန်ဖြေခဲ့သည်။
"ဓါးလား။ ဘာအတွက်လဲ"
!!
ဖန့်ရှောင်နွမ် - "ကျွန်မရဲ့ အချစ်ပြိုင်ဘက်ကို ဖယ်ရှားပစ်ဖို့!"
ကျီလင်းချန် ပြောစရာစကားမဲ့သွားသည်။ "ဘယ်ကအချစ်ပြိုင်ဘက်လဲ"
သခင်ကြီး ကျီက သူ့ချွေးမ ဘယ်လောက် အံ့သြစရာကောင်းလဲဆိုတာကို မစ္စတာချန်အား ကြွားလုံးထုတ်နေခဲ့သည်။ “ငါ့ရဲ့ချွေးမက ကျောင်းမှာ အလှဆုံး မိန်းကလေးလေ။ တကယ်ကိုပဲ! လင်းချန်ရဲ့စိတ်ကို မင်းသိလား။ သူမနားမှာဆိုရင် သူက ခွေးလေးတစ်ကောင်လို နာခံတတ်တယ်!”
"မင်းရဲ့ ဒုတိယချွေးမက အရမ်းအစွမ်းထက်တာပဲ" မစ္စတာချန်က မယုံပေ။
"သူမ ဘယ်လိုပုံရှိလဲဆိုတာ ကြည့်ချင်နေပြီ!" မစ္စစ်ချန်က ပြောလိုက်သည်။
ခဏအကြာတွင် လင်မယားနှစ်ယောက် ဧည့်ခန်းထဲသို့ လက်ချိတ်ပြီးဝင်လာကြသည်။
ဖန့်ရှောင်နွမ်က ဘယ်ညာကြည့်လိုက်သည်။ “ယောကျ်ား၊ ကျွန်မကို ဖက်ထားတာ ရပ်လိုက်။ ကျွန်မ ရှင့်ရဲ့အချစ်ပြိုင်ဘက်ကို ရှာနေတာ!" သူမ ပြောလိုက်သည်။
"အဲ့တာ ဘယ်သူလဲ"
"အဲ့လိုမေးရမယ့်သူက ကျွန်မ ဖြစ်ရမှာလေ!"
"အရူးမလေး" ကျီလင်းချန် ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသည်။ "အဖေက မင်းကိုလှည့်စားခဲ့တာလား" သူ့မိန်းမ ဒီလာဖို့ စိတ်ပြောင်းသွားတာ ဘာကြောင့်လဲလို့ သူ တွေးနေမိတာ။ အစကတော့ သူမက လုံးဝ မလာချင်ပေ။
ဖန့်ရှောင်နွမ် တွေးလိုက်သည်။ "ဟမ်။ အဖေ လိမ်နေတာလား"
“အဖေက မင်းကို လာစေချင်နေတာလေ သူ့သူငယ်ချင်းဟောင်းတွေကို မင်းကို ပြချင်နေတာ။ အဲ့တာကို မင်းကို အနှောင့်အယှက်ဖြစ်စေမှာကို သူသိလို့ မင်းကို အချစ်ပြိုင်ဘက် ရှိတယ်လို့ ပြောခဲ့တာ ” ကျီလင်းချန် ပြန်ပြောလိုက်သည်။
"သူက ကျွန်မကို ဘာလို့ ပြချင်တာလဲ" ဖန့်ရှောင်နွမ် စိတ်ရှုပ်သွားသည်။
"မင်းက အရမ်းလှလွန်းလို့ ဖြစ်နိုင်တယ်!"
ဖန့်ရှောင်နွမ်၏ မျက်နှာက နီရဲသွားသည်။ သူမယောကျ်ားက သူမရဲ့ အလှကို လူအများရှေ့မှာ ဘယ်လို ချီးမွမ်းနေရတာလဲ။
ဖန့်ရှောင်နွမ်၏ မိဘတွေလည်း ရောက်ရှိလာခဲ့သည်။ ကျီလင်းချန်က ဖန့်ရှောင်နွမ်ကို မစ္စတာချန်ဆီ နှုတ်ဆက်ဖို့ မခေါ်ခင် သူတို့လေးယောက် ခဏလောက် စကားစမြည်ပြောခဲ့ကြသည်။
ဖန့်ရှောင်နွမ်က ချန် မိသားစုမှ လူကြီးနှစ်ယောက်ကို တွေ့တော့ သူမက သူတို့ကို နာခံစွာ နှုတ်ဆက်ခဲ့သည်။
ဖန့်ရှောင်နွမ်သည် အချောဆုံးနှင့် အလှဆုံး မိန်းကလေးဟု လူကြီးနှစ်ယောက်က ထင်မြင်ခဲ့ကြသည်။ သူတို့က သူမကို ဆက်လက်၍ ချီးမွမ်းကြသည်။
သခင်ကြီး ကျီ က သူ့ကိုယ်သူ သဘောကျလွန်းလို့ နှာခေါင်းက ကောင်းကင်ကို ထိုးနေပြီ။
စကားစမြည်ပြောစဉ်တွင် ဖန့်ရှောင်နွမ်သည် ဒါရိုက်တာ လင်းနှင့် လင်းရိုလည်း ထိုနေရာတွင် ရှိနေကြောင်း သိလိုက်ရသည်။ ဒါပေမယ့် သူတို့ ပုန်းရှောင်နေသင့်သည်။ သူတို့ ထပ်ပြီး ဆူပူကြိမ်းမောင်းခံရမှာကို ကြောက်ကြသည်။
နှုတ်ဆက်ပြီးနောက် ဖန့်ရှောင်နွမ်က ဖန်ချီနဲ့ သန့်စင်ခန်းထဲ လိုက်သွားခဲ့သည်။
ဖန်ချီက ခြေလှမ်းအနည်းငယ်သာလှမ်းခဲ့ပြီး ရင်းနှီးတဲ့သူတစ်ဦးမှ ရုတ်တရက် ခေါ်တာကိုခံလိုက်ရသည်။ ဖန့်ရှောင်နွမ်က အရင်ကတည်းက သန့်စင်ခန်းကို မသွားချင်ခဲ့ပေ။ ယခုအခါ သူမရဲ့ယောကျ်ား သူမနဲ့မရှိနေဘူးဆိုတော့ ပွဲခန်းမထဲသို့ ခိုးဝင်ရန် အခွင့်အရေးယူခဲ့သည်။
ပထမတော့ သူမက သူမရဲ့ အချစ်ပြိုင်ဖက်ကို ရှာဖွေနေခဲ့သည်။ အခု သူမက ရန်သူများကို ရှာဖွေနေမိသည်။ သေချာတာကတော့ ထောင့်တစ်နေရာမှာ မစ္စတာလင်းကို တွေ့လိုက်ရသည်။ "တိုက်ဆိုင်လိုက်တာ မစ္စတာ လင်း " သူမက လမ်းလျှောက်လာပြီး သူ့ကို နှုတ်ဆက်ခဲ့သည်။
ဒါရိုက်တာလင်းက ဤရင်းနှီးသောအသံကိုကြားသောအခါ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်သည်။ သူလှည့်ကြည့်လိုက်တော့ ဖန့်ရှောင်နွမ်ရဲ့ အပြုံးမျက်နှာကို တွေ့လိုက်ရသည်။ မစ္စတာလင်း၏ နှလုံးက လည်ချောင်းထဲတွင် ရောက်နေသည်။
ဖန့်ရှောင်နွမ် လည်ချောင်းရှင်းပြီး အကျယ်ကြီးပြောခဲ့သည်။ “မစ္စတာ လင်း၊ ရှင် ထောင်ထဲက ထွက်လာပြီလား။ အဲဒီနေ့က ရှင့်ကို မှုခင်းစုံစမ်းစစ်ဆေးရေးမှူး ခေါ်သွားတာကို ကျွန်မ မြင်လိုက်တယ်။ ထောင်ထဲမှာ ရှင့်ဆီ လာလည်ချင်နေတာ။ ရှင် ထွက်လာရပြီးတော့ အခုထပ်ပြီးပြန်တွေ့ရတာ တိုက်ဆိုင်လိုက်တာနော်။ မစ္စတာလင်း၊ ပြောပြပါဦး။ ရှင် ဘာလို့ ဖမ်းခံလိုက်ရတာလဲ။"
ပတ်ဝန်းကျင်က လူတွေက လှည့်ကြည့်လာကြသည်။ မစ္စတာဖန့်နှင့် မစ္စစ်ဖန့်က အနီးနားတွင် ရှိနေခဲ့သည်။ သူတို့သမီးကို မြင်တော့ သူမဆီ လျှောက်သွားလိုက်ကြသည်။
ဖန့်ရှောင်နွမ်က ဆက်ပြောခဲ့သည်။ “လင်းကော်ပိုရေးရှင်းက ဒေဝါလီခံရပြီး ငွေကြေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေတယ်လို့ သတင်းတွေကပြောထားကြတယ်။ ၀ယ်ဖို့ ဆွေးနွေးပြီးပြီလို့လည်း သူတို့ ပြောကြတယ်။ ဒါက အမှန်ပဲလား ဒါရိုက်တာလင်း။ နောက်ပြီး ထန် လုပ်ငန်းစုက ရှင်နဲ့ သူတို့ရဲ့ စာချုပ်ကို ဘာကြောင့် ရုတ်တရက် ပယ်ဖျက်လိုက်တာလဲ။”
ပျော်ရွှင်စွာ စကားစမြည်ပြောနေကြတဲ့ လူတွေ အားလုံးက ဒါကိုကြားတော့ ဒါရိုက်တာလင်းဆီကနေ မသိစိတ်က ခပ်ခွာခွာနေခဲ့ကြသည်။
ဒါရိုက်တာလင်းက လူတိုင်း သူ့ကို ရှောင်နေကြတာကို သတိပြုမိပြီး ဒေါသတွေ ထွက်နေခဲ့သည်။ သူက လင်း ကော်ပိုရေးရှင်း အဆင်ပြေကြောင်းနှင့် ၎င်းတို့ အတူတကွ လုပ်ဆောင်နိုင်သည့် အခွင့်အလမ်း မြင့်မားကြောင်း အဆိုပါလူများအား အခုလေးတင် ရှင်းပြနေခဲ့သည်။ အခုတော့ ဖန့်ရှောင်နွမ်က အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ။
မစ္စတာဖန့်က သူ့သမီးက မစ္စတာလင်းနဲ့ စကားပြောနေတာကို သဘောပေါက်သွားသည်။ ဇနီးသည်၏ လက်ကိုဆွဲကာ ပြောလိုက်သည်။ “ကိုယ်တို့စောင့်ကြည့်ကြရအောင်”
လင်းရိုက ဖန့်ရှောင်နွမ်ကို မြင်တာကြာပြီ။ သူမနောက်က လူအုပ်ထဲမှာ သူမ ရှိနေသည်။ ဒီလူတွေ မသိနိုင်သော်လည်း ဖန့်ရှောင်နွမ်က သူမရဲ့ဖခင် ဖမ်းဆီးခံရမှုနှင့် ပတ်သက်မှုရှိသည်ကို သူမ ကောင်းကောင်းသိသည်။ ဒီဟာကို ငုတ်တုတ်ကြီး သူမ မထားနိုင်ဘူး။ ဖန့်ရှောင်နွမ်က သူမရဲ့အဖေနဲ့ လူရှေ့သူရှေ့မှာ ရန်ပွဲစတင်ဖို့ သူမ မမျှော်လင့်ခဲ့ပေ။ သူမစိတ်ထဲတွင် အတွေးတစ်ခုပေါ်လာသည်။
သူမသည် ဖန့်ရှောင်နွမ်၏ နောက်ကွယ်မှ ခိုးကြောင်ခိုးဝှက်နဲ့ ဝင်လာပြီး ရုတ်တရက် သူမအား အားပြင်းပြင်းနဲ့ တွန်းထုတ်လိုက်သည်။ သူမကအော်တောင်အော်ခဲ့သည်။ " ဖန့်ရှောင်နွမ်၊ နင် သေဖို့ရက်သာရေနေလိုက်တော့!"
သူမသည် ဖန့်ရှောင်နွမ်ကို သူမရှေ့မှ အဖိုးကြီးတစ်ဦး၏ ရင်ခွင်ထဲသို့ တွန်းပစ်ချင်ခဲ့သည်။ အခမ်းအနားမှာ သတင်းထောက်တွေ တော်တော်များသည်။ အကယ်၍ သတင်းထောက်တွေက ကျီလင်းချန်၏ ဇနီးသည် အဘိုးကြီး၏ ရင်ခွင်ထဲဝင်သွားတဲ့ ဓာတ်ပုံကို ရိုက်ယူခဲ့ပါက ဖန့်ရှောင်နွမ်၏ ဂုဏ်သတင်းနှင့် ကျီ မိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည်ဖြစ်သည်။ အမှန်တရားက ဘယ်လိုပဲဖြစ်နေပါစေ တစ်စုံတစ်ယောက်က ဒီသတင်းကို လွှင့်တင်ရင် သူတို့ကို အရှက်ရစေမှာ သေချာသည်။
ဖန့်ရှောင်နွမ်က ဒေါက်မြင့်ဖိနပ်ကို စီးထားပြီး သတိလက်လွတ်ဖြစ်သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည် ရှေ့သို့ လဲကျသွားခဲ့သည်။ သူ့ရှေ့တွင် ယောက်ျားတစ်ယောက်ရှိနေသည်ကို မြင်လိုက်ရသဖြင့် သူမ ရုတ်တရက် လှည့်လိုက်ကာ စားပွဲတစ်လုံးကို တိုက်မိမည့် အန္တရာယ်ကို ကြုံလိုက်ရသည်။
မစ္စတာ ဖန့်နဲ့ မစ္စစ်ဖန့်က ဒါကိုမြင်တော့ သူတို့သမီးကို ကာကွယ်ဖို့ အမြန်ပြေးသွားကြသည်။ အဆုံးတွင် ဖန့်ရှောင်နွမ်က သူမအဖေရဲ့ ရင်ခွင်ထဲသို့ လဲကျသွားခဲ့သော်လည်း သူမ ဖခင်၏ခါးက စားပွဲထောင့်နဲ့ တိုက်မိသွားသည်။
မစ္စတာ ဖန့်က နာကျင်မှုကို လျစ်လျူရှုပြီးမေးခဲ့သည်။ " သမီးလေး၊ အဆင်ပြေရဲ့လား”