အခန်း (၃၁၄)
Vol. 21 Ch. 314
ဖန့်ရှောင်နွမ် စားချင်စိတ်မရှိတော့ပေ။ သူ့ယောက်မအနိုင်ကျင့်ခံရချိန်မှာ သူမ ဘယ်လိုရပ်နေနိုင်မှာလဲ။
သူမ လမ်းလျှောက်သွားခါနီးတွင် ကျီလင်းချန်က သူမကို တားလိုက်သည်။ ထို့နောက်တွင် ထိုလူက ဖန်ချီ အား အပြင်းအထန် ပါးရိုက်လိုက်သည်ကို သူမတွေ့လိုက်ရသည်။
ကျီလင်းချန်က ဘာမှမပြောပေ။ သူ့မိန်းမကို ထောင့်တစ်နေရာသို့ ဆွဲလိုက်ပြီး ပုန်းနေခဲ့သည်။
ဖန့်ရှောင်နွမ်က သူမ၏ လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားသော်လည်း သူမ၏ယောကျ်ားက သူမကို ဆွဲထုတ်သွားခဲ့သည်။ "အ၊ ယောကျ်ား၊ လူတစ်ယောက်က ကျွန်မ ယောက်မကိုရိုက်နေတယ်။ ကျွန်မ သူမအတွက် လက်စားပြန်ချေရမယ်။ ကျွန်မကို လွှတ် အဲ့ဒီမကောင်းတဲ့ကောင်ကို သွားရိုက်ပစ်မယ် !"
"ရှောင်နွမ်၊ သူမရဲ့မာနကို ဂရုစိုက်ဦး" ကျီလင်းချန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
ဖန့်ရှောင်နွမ်သည် ဤအချိန်က သူမ ယောက်မ၏ အရှက်ရဆုံးအချိန်ဖြစ်ကြောင်း နားလည်သွားသည်။ သူမသည် သူမ၏ဂုဏ်သိက္ခာကို အလွန်ဂရုစိုက်သည်၊ ထို့ကြောင့် ဖန့်ရှောင်နွမ် သူမအား ဤကဲ့သို့ပုံစံကိုမြင်သွားပါက သူမ ပို၍ပင် ခံစားရပေလိမ့်မည်။
ကျီလင်းချန်က သူ့ကြောင်ပေါက်လေး ငြိမ်သွားတာကို မြင်လိုက်ရတော့ သူမရဲ့နောက်ကျောကို လက်နဲ့ ပုတ်ပေးခဲ့သည်။ နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေကြသည်။
"ဖန်ချီ၊ ငါက နင့်အဖေ။ ငါအသက်ကြီးပြီးသေသွားခါမှ နင် ငါ့ကို ဂရုစိုက်ပေးမို့လား။ ငါ ဆေးရုံရောက်နေပေမယ့် နင် ငါ့ဆီလာမတွေ့ဘူး။ နင်က အဲ့ကလေးကျီဝမ်ကိုတောင် ငါ့ကို ဒေါသထွက်ရအောင်လွှတ်ထားတယ်။ နင်ငါ့ကို ဂရုမစိုက်ဘူးလား။ နင် ယုံယုံ မယုံယုံ မနက်ဖြန် မြို့တော်ခန်းမကို သွားပြီး မြို့တော်ဝန်ကတော်က ဘယ်လိုလူလဲဆိုတာ လူတိုင်းကြည့်ရအောင် ငါသွားပြမယ်။ သူမက သူ့အဖေကိုတောင် ဂရုမစိုက်ဘူးဆိုတာ သူတို့ကို ငါပြရမယ်!”
ဖန်ချီက အံကြိတ်ကာ လက်သီးတွေကို ဆုပ်ထားသည်။ “ကျွန်မယောကျ်ားရဲ့ မိသားစု ဒီမှာရှိတယ်။ ကျွန်မကို ထပ်ပြီးထိမယ်ဆိုရင် သူတို့ ရှင့်ကို ခွင့်လွှတ်မှာမဟုတ်ဘူး!"
ဖန်ချီရဲ့အဖေက သူမမျက်နှာကို တံတွေးနဲ့တွေးလိုက်သည်။ "ထွီ ! နင် ဆန်ကုန်မြေလေးမ။ နင် ငါ့ကြောင့်မို့ နင့်ရဲ့ လက်ရှိ အနေအထားကို အောင်မြင်ခဲ့တာ။ နင် ငါ့ကိုကျေးဇူးမတင်ရင်လည်း ရပါတယ်၊ ဒါပေမယ့် အခု နင်က ငါ့ကို အသိအမှတ်မပြုချင်တော့ဘူးလား"
ဖန်ချီ စိတ်ထိန်းထားတာကို မြင်လိုက်ရတော့ ဖန့်ရှောင်နွမ်က မခံနိုင်တော့ပေ။ "ယောကျ်ား၊ ကျွန်မကိုသွားခွင့်ပြုပါ အဲ့အဖိုးကြီးကို ဓားနဲ့ထိုးသတ်ပစ်မယ်!”
သူမက သူမ၏ အချစ်ပြိုင်ဖက်အတွက် ယူလာခဲ့တဲ့ ဓားတစ်ချောင်းကို အိတ်ထဲတွင် ထည့်ထားခဲ့သည်။
“မလှုပ်နဲ့၊” ကျီလင်းချန်က သူ့မိန်းမကို ပွေ့ဖက်ထားရင်း ပြောလိုက်သည်။
ဖန်ချီက သူ့အဖေရဲ့ စော်ကားမှုကို မခံနိုင်ဘဲ ဒေါသတကြီး ပြောခဲ့သည်။ “တော်လောက်ပြီ။ ရှင် ဘာလိုချင်တာလဲ"
မစ္စတာဖန်နဲ့ သူ့ဘေးကလူက တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။ “နှစ်သစ်ရောက်ခါနီးပြီ။ လေးစားတဲ့သင်္ကေတအဖြစ် ယွမ်တစ်သန်းပေးရမယ်။ နင့်အစ်ကိုက မကြာသေးခင်က ဒုက္ခရောက်နေတာ ယွမ် လေးသန်းလိုတယ်။ မနက်ဖြန် ငါ ယွမ်ငါးသန်း လိုချင်တယ်။ မဟုတ်ရင် မြို့တော်ခန်းမကို ငါသွားရလိမ့်မယ်။”
"ကျွန်မမှာ ငါးသန်းမရှိဘူး!"
“ပါးစပ်ပိတ်ထား” အခြားလူက ပြောခဲ့သည်။ "နင်က ကျီမိသားစုရဲ့ သခင်မလေး။ နင့်မှာ မုန့်ဖိုးအများကြီးရှိတယ်။ ငါးသန်းလောက်ကို ထုတ်လို့မရဘူးလား။ ငါ နင့်ကိုရိုက်ရအောင်လုပ်နေတာလား "
ဖန်ချီ ထိုလူကို ကြည့်လိုက်သည်။ " ဖန်ဟိုင် ကျွန်မအလုပ်မလုပ်ဘူး။ ကျွန်မယောကျ်ားက ကျွန်မကို ပိုက်ဆံပေးတဲ့သူ။ ကျွန်မ သားအတွက် ကျီမိသားစုရဲ့ ပိုက်ဆံကို ကျွန်မသိမ်းထားချင်တယ်။ ရှင် မယူရဲဘူးမလား!”
“ကျွန်မကို နှောင့်ယှက်တာ ရပ်ဖို့ အကြံပေးလိုက်မယ်။ လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်က ကျွန်မယောကျ်ားရဲ့ မိသားစုက ရှင့်ကို အရာအားလုံးကို ဆုံးရှုံးသွားအောင်လုပ်နိုင်တယ်နော်။ အခု ကျွန်မတို့ ဒီလိုပဲ လုပ်လိုက်လို့ရတယ်နော်!”
"အဲဒါက နင် ကျီ မိသားစုရဲ့ ကလေးနဲ့ ကိုယ်ဝန်ရှိလို့လေ။ အခုချိန် နင့်မှာအဲ့လိုလုပ်နိုင်စွမ်းရှိသေးတယ်လို့ ထင်နေတာလား။” မစ္စတာဖန်က မထီမဲ့မြင်ပြုကာ ရယ်လိုက်သည်။ "အခု ကျီလင်းချန်မှာ ဇနီးတစ်ယောက်ရှိနေပြီ၊ သူက နင့်ကို ဂရုစိုက်နေမှာလား။ မနက်ဖြန်မှာ ငွေငါးသန်း မရနိုင်ရင် မြို့တော်ခန်းမကို သွားပြီးတော့ မြင်ကွင်းတစ်ခု လုပ်ပေးမယ်။ နင့်ရဲ့သားကို အိမ်ထဲမှာပဲထားထားသင့်တယ်၊ ဒါမှမဟုတ် သူ့ကိုရိုက်ဖို့ ငါလူငှားပစ်မယ်။”
ထို့နောက် နှစ်ယောက်သား လှည့်ထွက်သွားကြသည်။
ဖန်ဟိုင်က ထွက်မသွားခင် ဖန်ချီကို လက်ညှိုးထိုးပြီးပြောခဲ့သည်။ "ငါးသန်းနော်။ မပေးရင် နင့်သားကို ငါပစ်မှတ်ထားမှာ။ ငါ နင့်ကို သတိမပေးဘူးမပြောနဲ့။ ကျီဝမ် သေသွားရင်တောင် ဒီတစ်သက်မှာ နင် နောက်ထပ်ကလေးမမွေးနိုင်တော့ဘူး!"
ဖန်ချီ ဒေါသကြောင့် တုန်နေသည်။ သူမသည် သူ့မိသားစုနှင့် အမှန်တကယ် တိုက်ပွဲဝင်ချင်ခဲ့သည်။ သူတို့နှစ်ယောက် ထွက်သွားပြီးနောက် သူမသည် သူမ၏ ခွန်အားများ ဆုံးရှုံးသွားပုံရသည်။ သူမ နံရံကိုမှီကာ ဖြည်းညှင်းစွာ လျှောကျသွားပြီး ကြမ်းပြင်ပေါ်တွင် ဝပ်နေလိုက်သည်။
ဖန့်ရှောင်နွမ်၏ နှလုံးသားက သူမအတွက် နာကျင်နေသည်။ သူ့ယောက်မကို သွားနှစ်သိမ့်ချင်ပေမယ့် ခင်ပွန်းဖြစ်သူက တားခဲ့သည်။ ခင်ပွန်းဖြစ်သူဖြစ်စေချင်ချင်တာကို သူမ သိတာကြောင့် သူမ ထွက်ပဲထွက်သွားနိုင်ခဲ့သည်။
ခန်းမသို့ ပြန်ရောက်သောအခါ ကျီလင်းချန်သည် စောစောက လူနှစ်ဦးမှာ ဖန်ချီ၏ ဖခင်နှင့် သူမ၏ အဖေတူအစ်ကိုဖြစ်ကြောင်း သူ့ဇနီးအား ပြောပြခဲ့သည်။ သခင်ကြီး ကျီ အစိုးရအရာရှိဖြစ်နေတုန်းတုန်းက ဖန် မိသားစုက သခင်ကြီးကျီကို မျက်နှာသာပေးဖို့အတွက်ကျီ မိသားစုနဲ့ လက်ထပ်ဖို့ စီစဉ်ခဲ့သည်။ ဖန် မိသားစုမှ မိန်းမပျိုကို ကျီခမ်းတဲလ်နှင့် လက်ထပ်ပေးချင်ခဲ့ကြသည်။
ဒါပေမယ့် နောက်ပိုင်းတွင် သခင်ကြီး ကျီက ဘောင်ခတ်ခံခဲ့ရပြီး ဖန် မိသားစုက စေ့စပ်ပွဲကို ဖျက်သိမ်းချင်ခဲ့သည်။ သခင်ကြီး ကျီက စိတ်ပျက်သွားပေမယ့် သူကတော့ ဒါကို သဘောတူဆဲပင်။ အဲဒီနောက်မှာတော့ တိုင်းပြည်က သူ့အဖေရဲ့ အပြစ်ကင်းမှုကို သက်သေပြခဲ့ပြီး သူ့ကိုတောင် မြှင့်တင်ချင်ခဲ့သည်။ ဖန် မိသားစုက ဒါကိုကြားတဲ့အခါ သူတို့အိမ်ထောင်ရေးကို ပြန်ဆွေးနွေးဖို့ ပြန်သွားခဲ့သည်။ နောက်ဆုံးတွင် သခင်ကြီးကျီသည် ၎င်း၏ အစိုးရရာထူးကို စွန့်လွှတ်ကာ စီးပွားရေးထဲသို့ ဝင်ရောက်ခဲ့သည်။ ဖန် မိသားစု တုန်လှုပ်သွားပြန်သည်။ဒါပေမယ့်လည်း မိသားစုနှစ်စုကြား လက်ထပ်ထိမ်းမြားမှုသတင်းကို ထုတ်ပြန်ခဲ့ပြီးနောက် ဖန် မိသားစုသည် အိမ်ထောင်ရေးကို ထပ်မံမခွဲနိုင်တော့ပေ။
မင်္ဂလာဆောင်တဲ့နေ့မှာ ဖန် မိသားစုရဲ့ အကြီးဆုံးသမီးက ထွက်ပြေးသွားပြီး သူတို့ရဲ့တရားမဝင်သမီးဖြစ်သူ ဖန်ချီကို သူမရဲ့နေရာမှာ လက်ထပ်ခွင့်ပေးလိုက်သည်။ သူမက မိခင်နှင့်အတူ ခက်ခဲကြမ်းတမ်းသော ဘဝမှာနေထိုင်ခဲ့ဖူးသည်။ သခင်ကြီး ဖန်က မခံမရပ်နိုင်ဖြစ်ပြီး သူမကို ဖန် မိသားစုဆီ ပြန်ခေါ်ဆောင်သွားခဲ့တဲ့သူပါ။ ဒါပေမယ့် ဖန် မိသားစုတွင် သူမ၏အဆင့်အတန်းက ကျွန်တစ်ဦးထက် နိမ့်ကျသည်။ ကျီ မိသားစုမှာ လက်ထပ်ပြီးမှသာ သူမရဲ့ဘဝက ပိုကောင်းလာခဲ့သည်။
ဖန်ချီသည် ဖန် မိသားစု၏ အကြီးဆုံးသမီးမဟုတ်ကြောင်း ကျီ မိသားစုမှလည်း ပြောနိုင်သည်။ မစ္စစ်ကျီက သူ့ချွေးမကို သွားမေးဖို့လုပ်ခဲ့သည်။ သူမ ဖြစ်ပျက်ခဲ့တာတွေကို သိပြီးနောက် ကျီ မိသားစုက သူမကို အထင်သေးတာမျိုး မလုပ်ခဲ့ပေ။ အဲဒီအစား သူတို့အားလုံး သူမကို သနားခဲ့ကြသည်။ အဲဒီနောက်မှာတော့ သူမ နေနိုင်လာခဲ့တာပါပဲ။
နောက်ပိုင်းတွင် ကျီခမ်းတဲလ်သည် တစ်ဆင့်ပြီးတစ်ဆင့် တက်လာခဲ့ပြီး ဖန်ချီမှာ ကိုယ်ဝန်ရှိလာခဲ့သည်။ သိပ်မကြာခင်မှာပဲ မစ္စစ်ကျီမှာလည်း ကျီရှောင်ယွီ ရှိလာသည်။