အခန်း (၃၁၅)
Vol. 21 Ch. 315
သူမရဲ့ယောက်မအကြောင်းကို သိပြီးနောက်၊ ဖန့်ရှောင်နွမ်ရဲ့ နှလုံးသားက ပို၍ပင် နာကျင်လာသည်။ သူမသည် သူမအား အနိုင်ကျင့်ခဲ့သော မကောင်းဆိုးဝါးနှစ်ကောင်ကို သွားရိုက်ပစ်ဖို့ ဆန္ဒရှိခဲ့သည်။
“ရှောင်နွမ် ” ကျီလင်းချန် မျက်နှာထားတင်းတင်းနဲ့ပြောလိုက်သည်။ “မင်း ဒီနေ့ ရန်ဖြစ်ခဲ့ပြီးပြီ။ ထပ်ပြီးရန်ဖြစ်လို့မရတော့ဘူး။"
ဖန့်ရှောင်နွမ် အရမ်းစိတ်ဓာတ်ကျနေသဖြင့် သူမ တစ်ခုခုသွားစားဖို့ လုပ်လိုက်သည်။ ငန်းအသဲချက် တစ်ပွဲစားပြီးနောက် သူမ ရုတ်တရက် ဖျားနာလာသည်။ သူမက ဝိုင်တစ်ခွက်ကို ကောက်ယူပြီး ပြောလိုက်သည်။ “ဒါက ဝိုင်နီဖြစ်မယ်။ အယ်လ်ကိုဟောပါဝင်မှု မမြင့်တဲ့အတွက် နည်းနည်းလေးတော့ သောက်သင့်တယ်။” ပြီးသွားတော့ ဖန်ခွက်ထဲက ဝိုင်ကိုကြည့်လိုက်သည်။ “တစ်ခွက်က အရမ်းနည်းတယ်။ ကျွန်မကို ပိုထည့်ပေး။" သူမစကားပြောနေစဉ် ဖန်ခွက်တစ်လုံးထဲသို့ ဝိုင်သုံးခွက်ကို လောင်းထည့်ပြီး တစ်ကျိုက်တည်း သောက်လိုက်သည်။
"ရှောင်နွမ်!" ကျီလင်းချန် အဲဒါကို မြင်လိုက်တော့ အရမ်းနောက်ကျသွားပြီပင်။
သူမသောက်ပြီးသွားတာနဲ့ ဖန့်ရှောင်နွမ် လျှာ ထုတ်လိုက်သည်။ 'ဒီဝိုင် သက်တမ်းကုန်နေတာဖြစ်မယ်။ အရသာမကောင်းဘူး!'
ကျီလင်းချန်က ဇနီးသည်၏ နီရဲနေသော မျက်နှာကို ကြည့်လိုက်သည်။ စကားပြောဖို့ အချိန်ယူနေချိန်မှာတော့ သူ့ဇနီးသည်က ဖန်ခွက်တစ်ခွက်လုံး သောက်လို့ ပြီးသွားပြီ။
ခဏကြာတော့ ဖန့်ရှောင်နွမ် မူးသွားသည်။
"ယောကျ်ား၊ ခြေထောက်နာတယ်။ ဒေါက်မြင့်ဖိနပ်မစီးချင်တော့ဘူး!”
"ယောကျ်ား၊ ကျွန်မရဲ့အချစ်ပြိုင်ဘက်က ဘယ်မှာလဲ"
"ယောကျ်ား၊ ရှင် ဘာလို့ ခေါင်းသုံးလုံးကြီးဖြစ်နေတာလဲ"
ကျီလင်းချန်က စကားတွေ ပလုံစီအောင်ပြောနေတဲ့ သူ့မိန်းမကို ပွေ့ဖက်လိုက်သည်။ သူ ဒီမှာ ဆက်နေလို့ရတော့ဘဲ အိမ်ကို အမြန်ခေါ်သွားလိုက်သည်။
နောက်ဆုံးတွင် သူမ ပါးစပ်ကို ဆေးကြောပေးပြီး အိပ်ရာထဲသို့ ချော့ခေါ်ပြီးနောက် ဖန့်ရှောင်နွမ်က အိပ်ဖို့ငြင်းဆန်ဆဲပင်။
"အချစ်၊ ရှင့်ရဲ့ရင်ဘတ်ကို ထိလို့ရလား"
"ရှင် ကျွန်မဟာကိုကျ အမြဲထိနေတာပဲလေ၊ ဘာလို့ ရှင့်ဟာကို မထိရမှာလဲ"
"ယောကျ်ား၊ ကလေးယူရအောင်!"
အချိန်အတော်ကြာပြီးနောက် ဖန့်ရှောင်နွမ်သည် ယောကျ်ားဖြစ်သူ၏ ပခုံးပေါ်၌ အိပ်ပျော်သွားခဲ့သည်။
ကျီလင်းချန်က သူ့မိန်းမကို ဝိုင်တစ်စက်မှ ပေးမထိတော့ဘူးလို့ ကျိန်ဆိုခဲ့သည်။
…
နောက်နေ့မနက်မှာ ဖန့်ရှောင်နွမ် နိုးလာချိန်မှာ ရှက်စရာကောင်းတဲ့ အရာတစ်ခုကို သတိရသွားသည်။ သူမ အံသြသွားသည်။ သူမ မနေ့ညက ခင်ပွန်းဖြစ်သူကို နှာဘူးတစ်ယောက်လို လုပ်ခဲ့မိလား။
"ရှောင်နွမ်၊ မင်း အခု ကိုယ်နဲ့ ကလေးယူချင်သေးလား" ကျီလင်းချန်က သူ့မိန်းမကို နောက်ပြောင်ဖို့ အခွင့်အရေးယူခဲ့သည်။
ဖန့်ရှောင်နွမ် ရှက်လွန်းလို့ သူမခေါင်းကို စောင်ထဲမှာ မြှုပ်ထားလိုက်သည်။
ကျီလင်းချန် အလုပ်လုပ်ဖို့ စာကြည့်ခန်းထဲ သွား
ချိန် ဘာမှလုပ်စရာမရှိတဲ့ ဖန့်ရှောင်နွမ်က အောက်ထပ်မှ ဧည့်ခန်းဆီ ဆင်းသွားခဲ့သည်။ သူမသည် ဖန်ချီ အိမ်မှထွက်သွားတာကို တွေ့လိုက်ရသည်။ သူမသည် ခင်ပွန်းဖြစ်သူ၏ စာကြည့်ခန်းထဲ အမြန်ပြေးသွားပြီး ကျီဝမ် ထွက်လာတဲ့အချိန်မှာ သူ တံခါးကို တွန်းဖွင့်တော့မည်ပင်။
ဖန့်ရှောင်နွမ် သူ့လက်ကို ဆွဲလိုက်သည်။
ကျီဝမ်က ဖန့်ရှောင်နွမ်ကို ခါထုတ်လိုက်သည်။ “ငါမသွားဘူး။ ငါမသွားဘူး။ မင်းပြောစရာရှိရင် မင်းယောကျ်ားကို သွားရှာ"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဖန် မိသားစုက မနေ့က ယွမ်ငါးသန်းကို ယောက်မဆီ တောင်းနေတယ်။ သူ အိမ်ကနေ တစ်ယောက်တည်း ထွက်သွားပြီ !”
ကျီဝမ်သည် ကိစ္စ၏ ပြင်းထန်မှုကို နားလည်ပြီး တံခါးဆီသို့ အမြန်ပြေးသွားခဲ့သည်။ ဖန့်ရှောင်နွမ်က နောက်ကလိုက်သွားခဲ့သည်။
ကျီဝမ်က ကားစက်နှိုးလိုက်ပြီး ဖန့်ရှောင်နွမ်က သူမ၏ ထိုင်ခုံခါးပတ်ကို ချိတ်လိုက်သည်။ သူ့တူလေး ဘယ်လောက်တောင် စိုးရိမ်နေလဲဆိုတာကို ကြည့်ပြီးပြောလိုက်သည်။ “မနေ့ညက ငါ့ယောကျ်ားက ငါ့ကို ယောက်မအကြောင်း ပြောပြခဲ့တယ်”
ကျီဝမ် ခေါင်းညိတ်ပြီး မေးလိုက်သည်။ "အဲ့မကောင်းဆိုးဝါးက ငါ့အမေကို မနေ့ကရိုက်ခဲ့တာလား"
ဖန့်ရှောင်နွမ် ပြန်ဖြေလ်ုက်သည်။ “ရိုက်တယ် ဆူတောင်ဆူသွားသေးတယ် ”
ကျီဝမ်၏ လက်က ကားစတီယာတိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။ သူ ဂီယာကို နင်းပြီး ဖန် အိမ်သို့ မောင်းသွားလိုက်သည်။ ဒါပေမယ့် ဖန်ချီရဲ့ ကားက ထိုနေရာတွင် မရှိပေ။
ဖန့်ရှောင်နွမ် ကားပေါ်က ဆင်းတော့မယ့်အချိန်မှာ
ကျီဝမ်က သူမကို ပြန်ဆွဲလိုက်သည်။ “အမေ ဒီမှာ မရှိဘူး။ သွားကြရအောင်။"
ခဏအကြာတွင် ကျီဝမ်က ဖန့်ရှောင်နွမ်ကို ကော်ဖီဆိုင်တစ်ဆိုင်သို့ ခေါ်သွားခဲ့သည်။ ဖန်ချီသည် ဖန် မိသားစု၏ အိမ်သို့သွားဖို့က အန္တရာယ်ရှိကြောင်း သိထားသည်။ ထို့ကြောင့် သူမနှင့် စကားပြောရန် လိုအပ်ချိန်တိုင်း သူမသည် ကော်ဖီဆိုင်တစ်ဆိုင်းတည်းမှာပဲ တွေ့ဆုံသည်။ ဖန်ချီသည် ကော်ဖီဆိုင်တွင် ရင်းနှီးမြုပ်နှံထားသောကြောင့် သူမဒီကိုလာပါက သူမ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ခြိမ်းခြောက်မည်မဟုတ်ပေ။
မကြာခင်မှာ သူတို့နှစ်ယောက် ဖန်ချီကို တွေ့လိုက်ရသည်။ သူမသည် မစ္စတာဖန်နှင့် သူ့သား၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသည်။ ငွေသားယွမ် ၅၀၀၀၀ ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်သည်။ သူမနှင့် ဆန့်ကျင်ဘက် လူနှစ်ယောက် ဒေါသတကြီး ဖြစ်နေသည်။ သူတို့ မတ်တပ်ရပ်ပြီး သူမကို ရိုက်ဖို့လုပ်ပေမယ့် ဝန်ထမ်းတွေက တားခဲ့သည်။
"ငါးသန်း လိုချင်တာ " ဖန်ဟိုင်က ဖန်ချီကို လက်ညှိုးထိုးပြီး သူမကို ကြိမ်းမောင်းနေခဲ့သည်။ "နင် ငါ့ကို ငါးသောင်းပဲပေးတာလား။ သူတောင်းစားကို ပေးသလိုမျိုးပေးဖို့ ကြိုးစားနေတာလား။"
ဖန်ချီ အဆင်ပြေနေတာကိုမြင်တော့ ဖန့်ရှောင်နွမ်နဲ့ ကျီဝမ် နှစ်ယောက်လုံး စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြသည်။ ကျီဝမ်က ဖန့်ရှောင်နွမ်ကို ဖန် မိသားစုအကြောင်း နောက်ထပ်ပြောပြခဲ့သည်။ ဖန်ဟိုင်ကလည်း တရားမ၀င်ကလေးတစ်ဦးဖြစ်သည်ဟု ဆိုသော်လည်း၊ သူက သားဖြစ်သောကြောင့် မစ္စတာဖန်က သူ့ကိုအိမ်သို့အရင်ကတည်းက ခေါ်ထားခဲ့သည်။ ဖန်ချီ ကျီမိသားစုတွင် လက်ထပ်သောအခါ ဖန် မိသားစုက ကျီ မိသားစုအပေါ် ကြင်နာမှုမရှိခဲ့ပေ။ အဲ့တာက ကျီခမ်းတဲလ် ရာထူးတိုးပြီး ကျင်းမြို့တော် ဘဏ္ဍာရေးဗျူရို၏ ဒါရိုက်တာဖြစ်လာပြီး ဖန် မိသားစုကို စတင်ပစ်မှတ်ထားချိန်အထိဖြစ်သည်။ သူသည် ဖန် မိသားစု၏ ယွမ်နှစ်ဘီလီယံတန် အရောင်းအ၀ယ်ကို တမင်ရွှေ့ဆိုင်းခဲ့ပြီး လက်မှတ်မထိုးခဲ့ပေ။ နောက်ဆုံးတွင် ဖန် မိသားစုက လုပ်ငန်းကို ဆုံးရှုံးခဲ့သည်။
ဖန် မိသားစုသည် ကြီးစွာသော ဆုံးရှုံးမှုကို ခံစားခဲ့ရပြီး သူတို့၏ သားမက်ကို ထိန်းထားရမည်ဟု သိခဲ့သည်။ ဖန် မိသားစုသည် ဖန်ချီကို လျှင်မြန်စွာ အသိအမှတ်ပြုခဲ့သည်။ သူတို့က ဖန်ချီကို အိမ်ပြန်ခိုင်းပြီး ခင်ပွန်းဖြစ်သူနဲ့ စကားပြောချိန်မှာ သူတို့အတွက် စကားကောင်းကောင်းပြောပေးဖို့ တောင်းဆိုခဲ့သည်။ ဒါပေမယ့် ဖန်ချီက သဘောမတူပေ။ ထိုအချိန်တွင် သူမသည် ဒုတိယမြောက်သားရဲ့ ကိုယ်ဝန်လွယ်ထားရပြီး ဖန်ဟိုင် က သူမအား ပြင်းထန်စွာ ပါးရိုက်ခဲ့တာကြောင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ကျီဝမ်မှာ ထိုအချိန်က ငယ်ရွယ်သေးသော်လည်း ထိုပုံရိပ်က သူ့မှတ်ဉာဏ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ထွင်းထုထားခဲ့သည်။
အိမ်ပြန်ရောက်ပြီးနောက် ကျီဝမ်က ငိုပြီး သူ့အမေ အရိုက်ခံရကြောင်း သူ့အဖေကို ပြောပြခဲ့သည်။ ကျီဝမ်က နောက်ပိုင်း ဘာဖြစ်သွားသည်ကိုတော့ မသိခဲ့ပေ။ သိပ်မကြာခင်မှာပဲ ဖန်ဟိုင်က ဖန်ချီရှေ့မှာ ဒူးထောက်ထိုင်ပြီး ဖန် မိသားစုကို လွှတ်ပေးဖို့ တောင်းပန်ခဲ့တာကိုတော့ သူမှတ်မိသည်။