အခန်း (၃၀၄)
Vol. 21 Ch. 304
လျိုစစ်ယန်က သူ့ညီမမျက်နှာကို ညစ်လိုက်ကာ နူးညံ့စွာပြောခဲ့သည်။ “အတန်းသွားတက်တော့။ အစ်ကို ရဲစခန်းသွားတော့မယ်”
လျိုစစ်ယွီက သူ့အစ်ကိုရဲ့လက်ကို ဆုပ်ကိုင်ထားပြီး သူ့ကိုလွှတ်ဖို့ ငြင်းဆန်ခဲ့သည်။ "အစ်ကို၊ အဖေနဲ့အမေ နေကောင်းရဲ့လား"
လျိုစစ်ယန် ပြောလိုက်သည်။ "စကားနားထောင်၊ စိတ်မပူနဲ့။ ကျီရှောင်ယွီလို့ နာမည်ပြန်ပြောင်းဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် အိမ်ပြန်လာလို့ရတယ်။ ညစာအတူတူစားကြတာပေါ့"
လျိုစစ်ယွီသည် ထိုစကားကိုကြားသောအခါ သူမ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ သူမရဲ့နာမည်ကို မပြောင်းချင်ဘူး။
!!
လျိုစစ်ယန်က သူ့ညီမ၏ မျက်ရည်စများကို ကြည့်ကာ သူမ၏ မျက်လုံးထောင့်တွေကို ညင်သာစွာ သုတ်ပေးလိုက်သည်။ “အိမ်လာရင် ထမင်းတစ်နပ်လောက်စားကြမယ်၊ နှုတ်ဆက်စာ စားတာမဟုတ်ဘူး။ ဘာအတွက် ငိုနေတာလဲ။ မျက်လုံးတွေ ရောင်နေပြီ ကြည့်ပါဦး မအိပ်ထားသလိုပဲ။ မြန်မြန် အတန်းထဲသွားတော့ "
အဲဒါနဲ့ သူ ဖန့်ရှောင်နွမ်ကို ကြည့်လိုက်သည်။ ဖန့်ရှောင်နွမ်က သဘောပေါက်ပြီး လျိုစစ်ယွီ အမြန်ဆွဲထုတ်လိုက်သည်။ “နင် နောက်ကျတော့မယ်။ မငိုနဲ့တော့။ နင့်အစ်ကို ထွက်သွားလို့မရပါဘူး။"
ထို့နောက် သူမက လျိုစစ်ယွီကို ကျောင်းဝင်းထဲသို့ ဆွဲခေါ်သွားလိုက်ပြီး ကျီဝမ်က သူတို့နောက်မှ လိုက်သွားခဲ့သည်။
ကျီလင်းချန်နဲ့ သခင်ကြီးကျီတို့လည်း ကားပေါ်မှ ဆင်းလာခဲ့သည်။
"စိတ်မပူပါနဲ့" လျိုစစ်ယန်ပြောလိုက်သည်။ "ကျွန်တော်တို့မိသားစုက ရှောင်ယွီကို အတင်းအကြပ်လုပ်မှာမဟုတ်ဘူး။ သူ့နာမည်ကို ပြန်ပြောင်းလို့ရတယ်။ သူဆန္ဒမရှိရင် ကျွန်တော်တို့ ဘယ်အရာကိုမှ ဖျက်မှာမဟုတ်ဘူး။” သူတို့က လျိုစစ်ယွီရဲ့ နာမည်ကို ထာဝရရှင်သန်စေချင်ကြသည်။
ကျီလင်းချန်က သူ့ကို ကျေးဇူးတင်ခဲ့ပြီး သခင်ကြီး ကျီက လျို မိသားစုကို ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ အခွင့်အရေးကို ရှာချင်ခဲ့သည်။
ဒါပေမယ့်လည်း လျိုစစ်ယန်က ငြင်းဆိုခဲ့သည်။ သူ့အဖိုးအဖွားတွေက အမှန်တရားကို သိသွားကြပြီး အိမ်မှာ ရှုပ်ယှက်ခတ်နေတာကြောင့် ရှောင်ယွီကို နောက်ရက်အနည်းငယ်ကြာအောင် လျို အိမ်ကို ပြန်ခွင့်မပြုတာက အကောင်းဆုံးဖြစ်တယ်လို့ သူ ပြောခဲ့သည်။
ကျီလင်းချန်က သဘောတူခဲ့သည်။
လျိုစစ်ယန်က ရဲစခန်းသို့ ပြန်သွားခဲ့ပြီး သခင်ကြီး ကျီ နှင့် သူ့သားဖြစ်သူက အလုပ်ကိုသွားခဲ့သည်။ မြို့တော်ဝန် ကျီက သူ့ညီမ၏အမှုကို စတင်စုံစမ်းခဲ့သည်။
ကျီလင်းချန် သူ့အဖေကို လင်း မိသားစုအိမ်သို့ ခေါ်ဆောင်သွားသည်။
"ဘယ်သူ့အကြောင်းပြောနေတာလဲ" မစ္စတာလင်းက အိမ်မှာရှိနေပြီး အိမ်အကူပြောတာကို သူ မယုံနိုင်ခဲ့ပေ။
“အဲ့တာက CEO ကျီနဲ့ သခင်ကြီးကျီ အကြောင်းပါ ” အိမ်အကူက ပြန်ပြောခဲ့သည်။
“ကျေးဇူးပြုပြီး သူတို့ကို ဖိတ်လိုက် ” မစ္စတာလင်းက ဝမ်းသာအားရပြောလိုက်သည်။
ဤနေရာတွင်ရောက်နေကြောင်း မဒမ် လင်း ကြားသောအခါတွင် သူမသည် သမီးဖြစ်သူအား အဝတ်စားကောင်းကောင်းဝတ်ဖို့ အကူအညီပေးရန် အိမ်အကူအား အမြန်တောင်းဆိုခဲ့သည်။
ကျီလင်းချန် ရောက်နေမှန်း လင်းရို သိလိုက်သောကြောင့် သူမသည် ချက်ချင်း အိပ်ရာကနေထပြီး မျက်နှာသစ်ကာ မိတ်ကပ်လိမ်းခဲ့သည်။
ဧည့်ခန်းထဲမှာ သားအဖနှစ်ယောက်က ဆိုဖာပေါ်မှာ ထိုင်နေပြီ။ သူတို့၏ အမူအရာမှာ အေးစက်နေပြီး လင်းမိသားစုက ကြောက်လန့်တကြား စောင့်ဆိုင်းနေခဲ့သည်။
“မစ္စတာ လင်း၊ ကျွန်တော့်ညီမ ဆယ့်ငါးနှစ်လောက်တုန်းက ဆုံးသွားခဲ့တယ်ဆိုတာ အဖေ့ဆီကနေ ကျွန်တော် ကြားသိထားတယ်။ ခင်များက သူ့ရဲ့အလောင်းကို ရှာတွေ့ခဲ့တဲ့သူတဲ့။ ဒါအမှန်ပဲလား"
မစ္စတာ လင်းက ဖြည်းညှင်းစွာ ခေါင်းညိတ်ခဲ့သည်။ "မှန်ပါတယ်၊ ရှောင်ယွီက အရမ်းသနားဖို့ကောင်းတယ်။အဲ့တာကိုမြင်ရတာ တကယ်မခံစားနိုင်ဘူး။ အချိန်တော်တော်ကြာခဲ့ပြီပဲ။ သေသွားတဲ့သူတွေကို အသက်ပြန်ရှင်အောင် မစွမ်းဆောင်နိုင်ဘူး။ ခင်များတို့တွေ အတိတ်က အဖြစ်အပျက်တွေကို သိပ်ပြီး မပြီးပြတ်နိုင်ဘဲမနေကြသင့်ဘူး”
"သူ့ကိုဘယ်မှာတွေ့ခဲ့တာလဲ" ကျီလင်းချန် လှောင်လိုက်သည်။ "သေဆုံးသွားရတဲ့ အကြောင်းရင်းက ဘာတဲ့လဲ။ သူ့ကိုရှာဖို့ လူတွေအများကြီးကို ကျွန်တော်တို့ ပို့ထားပြီး အဆက်အသွယ်တွေ အများကြီးသုံးခဲ့ပေမဲ့ သူ့ကို အခုထိ ရှာမတွေ့ခဲ့ဘူး။ ဒီကြားထဲမှာ ခင်များက သူ့ကို လွယ်လွယ်နဲ့ရှာတွေ့ခဲ့တာလား။"
"လင်းချန်၊ ရှင်ရောက်နေတာလား " ဝတ်စုံပြည့် ၀တ်ဆင်ထားတဲ့ လင်းရိုက လှေကားထစ်မှ အလျင်အမြန် ပြေးဆင်းလာသည်။
သူ့သမီးကိုမြင်တော့ မစ္စတာ လင်းက ခေါင်းစဥ်ကိုချက်ချင်းပြောင်းခဲ့သည်။ "ရှောင်ရို၊ CEO ကျီ အတွက် လက်ဖက်ရည်သွားထည့်ခဲ့ဦး "
လင်းရိုက လမ်းလျှောက်လာပြီး ကျီလင်းချန် အတွက် လက်ဖက်ရည်နည်းနည်း လောင်းထည့်ပေးဖို့ ကြိုးစားပေမယ့် သူက ခွက်ရဲ့ အစကို အမြန်အုပ်လိုက်သည်။ “မလိုပါဘူး။”
"လင်းချန်၊ ရှင်နဲ့ ရှင်အဖေ ဒီ လာလည်တာ ရှားတယ်။ လက်ဖက်ရည်တစ်ခွက်တော့ တိုက်ရမှာပေါ့။ လက်ဖက်ရည်သောက်ရတာ မကြိုက်ဘူးလား ကော်ဖီဆိုရင်ကော ဘယ်လိုလဲ။ ရှင့်ကို တစ်ခွက်သွားလုပ်လာလိုက်မယ်လေ" လင်းရို မီးဖိုချောင်ထဲသွားတော့မည်။
ကျီလင်းချန်က မျက်ခုံးပင့်ကာ ရွံရှာမှုများဖြင့် ပြည့်နေခဲ့သည်။ “ကျွန်တော့မိန်းမက သဝန်တိုတာလွယ်တယ် ပြီးတော့ လူတွေကို ရိုက်ရတာ ကြိုက်တယ်။ ပါးရိုက်မခံချင်ရင် ကျေးဇူးပြုပြီး ကျွန်တော်နဲ့ဝေးဝေးမှာနေ"
ဖန့်ရှောင်နွမ် သူမကို ပါးရိုက်ခဲ့သည့်အချိန်ကို ပြန်သတိရလာသောအခါ လင်းရို၏ အမူအရာက အေးခဲသွားသည်။
မစ္စတာလင်းက သူ့သမီးအတွက် အမြန်ပြောလိုက်သည်။ "CEO ကျီ၊ လင်းရိုက..."
ကျီလင်းချန်က ဒီအဓိပ္ပါယ်မရှိတဲ့ စကားကို နားထောင်ရန် စိတ်မ၀င်စားပေ။ သူ ကြားဖြတ်ဝင်ပြောလိုက်သည်။ “မစ္စတာလင်း၊ ဒီလို အဓိပ္ပါယ်မရှိ စကားတွေ မပြောပါနဲ့တော့။ ကျွန်တော့် ညီမလေးကို ခင်များ ဘယ်မှာတွေ့တာလဲ။ သူ ဘယ်လိုသေသွားတာလဲ။ ပြီးတော့ ခင်များသူ့ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ"
ဒီတစ်ကြိမ်မှာတော့ ဖြစ်ပျက်ခဲ့တာတွေကို အမှန်အတိုင်း လိုက်ရှာရမည်။ လင်းမိသားစုက ဒီကိစ္စနဲ့ပက်သက်ပြီး တကယ်လုပ်ခဲ့တာသာမှန်ရင် သူတို့ကို သူ လွှတ်ထားပေးမှာမဟုတ်ဘူး။
မစ္စတာလင်းက ကျီလင်းချန်၏ မြင့်မားပြီး အားကြီးသော သဘောထားကို မုန်းတီးသော်လည်း သူ့ကို မစော်ကားရဲသောကြောင့် ပြောခဲ့သည်။ “သူ့ရဲ့အလောင်းကို မြက်ခင်းပြင်မှာ တွေ့ခဲ့တာ”
"တည်နေရာအတိအကျ သိချင်တယ်" ကျီလင်းချန် ပြန်ပြောလိုက်သည်။
မစ္စတာလင်းက သူတို့၏ လေးနက်သော အမူအရာများကို ကြည့်ကာ နောက်ဆုံးတွင် ဖြစ်ပျက်ခဲ့သည်ကို သဘောပေါက်လိုက်သည်။ သူ မကူညီနိုင်ဘဲ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ အတိတ်က အဖြစ်အပျက်တွေကို ဘာကြောင့် ရုတ်တရက် မေးနေကြတာလဲ။
နောက်ဆုံးတွင် ကျီလင်းချန်၏ စုံစမ်းစစ်ဆေးမှာပြီးသွားပြီးနောက် မစ္စတာလင်းက သူတို့နှစ်ဦးကို ကျီရှောင်ယွီ၏ "အလောင်း" တွေ့ရှိခဲ့သည့်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။
ကျီလင်းချန်က လမ်းခင်းထားတဲ့လမ်းသို့ပြောင်းသွားသော မှုခင်းမြင်ကွင်းကိုကြည့်ကာ မေးခဲ့သည်။ "ကျွန်တော့်ညီမလေးသေဆုံးရတဲ့အကြောင်းအရင်းက ဘာတဲ့လဲ"
“အလောင်းကို အိမ်ခြေရမဲ့လူတစ်ယောက်က ဖျက်ဆီးထားတာ ” မစ္စတာလင်းက ပြောခဲ့သည်။
ကျီလင်းချန်က အပြစ်ရှိတဲ့ မစ္စတာလင်းကို လှည့်ကြည့်လိုက်သည်။ "ခင်များကို ဘယ်သူက လာဘ်ထိုးပြီး လက်မှတ်အတုလုပ်ခဲ့တာလဲ။"
"ဘာကိုလဲ " မစ္စတာလင်း၏ မျက်ဝန်းတွေက ကျုံ့သွားကာ ကြောက်လန့်တကြား မော့ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက ကျီလင်းချန်၏ စူးရှသောအကြည့်နှင့် ဆုံသွားပြီး သူ့နှလုံးခုန်နှုန်းက မြန်လာခဲ့သည်။ "CEO ကျီ ခင်များဘာကိုဆိုလိုတာလဲ"