← Chapters

အခန်း (၃၀၂)

Vol. 21 Ch. 302

အခန်း (၃၀၂)

Vol. 21 Ch. 302

ဖန့်ရှောင်နွမ် ဆက်ပြောလိုက်သည်။ “မစ္စစ်လျိုက နင်ကြောင့် မနေ့က ငါ့ယောကျ်ားရှေ့မှာ ဒူးထောက်ခဲ့တယ်။ ကုမ္ပဏီကိုတောင် သူ မလိုချင်တော့ဘူးတဲ့။ သူက နင့်ကိုပဲလိုချင်တာ။ အဲဒီတုန်းက ငါ အရမ်း ဟတ်ထိသွားခဲ့တယ်။ စဉ်းစားကြည့်။ နင်တို့နှစ်ယောက်က သွေးသားမတော်စပ်ပေမယ့် နင့်အတွက် အရာအားလုံးကို စွန့်လွှတ်ဖို့ ဆန္ဒရှိနေခဲ့တယ်”

“ပြီးတော့ နင့်အဖေနဲ့ နင့်အစ်ကိုတို့ ငါ့ယောကျ်ားနဲ့ အကြိမ်ပေါင်းများစွာ တိတ်တိတ်လေး တွေ့ဖူးတယ်။ အချိန်တိုအတွင်း နင်လက်မခံနိုင်မှာကို ကြောက်နေခဲ့ကြတာ၊ ဒါကြောင့် ငါ့ယောကျ်ားက နင့်ကို အချိန်ပိုပေးထားဖို့ မျှော်လင့်ခဲ့ကြတာ။ သူတို့အားလုံး နင့်ကိုချစ်ကြပါတယ်၊ သူတို့ဘာကိုမှ ပြန်ပေးဖို့မတောင်းဆိုကြဘူး။ နင်ပျော်နေသရွေ့ နင်က ကျီရှောင်ယွီ ဆိုရင်တောင် သူတို့က နင့်ကို သူတို့ရဲ့သမီးလေးလို့ အမြဲမှတ်ယူနေမှာပဲ!"

“ဒါ့အပြင် နင်က နှလုံးသားမဲ့တဲ့လူမဟုတ်ဘူး။ နင်က ကျီရှောင်ယွီဆိုတာကို နင်သိသွားခဲ့ရင်တောင် နင် ချက်ချင်း အသိအမှတ်ပြုဖို့ လာခဲ့တာမဟုတ်ပေမယ့် အုဒီအစား ငြင်းဆန်ဖို့လုပ်ချင်ခဲ့တယ်။ ကျီမိသားစု က ဘယ်လောက် အားကြီးတယ်ဆိုတာကို နင် ရှင်းရှင်းလင်းလင်း သိတာပဲ။ ငါ့ကိုကြည့်လိုက်၊ ငါက တစ်ယောက်ယောက်ကို အတင်းလက်ထပ်ခိုင်းရင်တောင် စေ့စပ်ပွဲကို ဖြတ်ဖို့ မလုပ်ရဲပေမယ့် နင်ကတော့ မဆိုင်းမတွ ငြင်းခဲ့တယ်။"

“ဒါက သူတို့အပေါ် နင့်ရဲ့ချစ်ခြင်းမေတ္တာက သွေးရင်းသားရင်းတွေ အားလုံးထက် ကျော်လွန်နေတယ်လို့ ဆိုလိုတာ။ သူတို့ နင့်ရဲ့ချစ်ခြင်းမေတ္တာကို ခံစားရလိမ့်မယ်၊ ဒါကြောင့် နင်စိုးရိမ်နေတာက ဖြစ်မလာပါဘူး။"

ဒါကိုကြားတော့လျိုစစ်ယွီ အသက်ပြင်းပြင်းရှူလိုက်သည်။ "ဒါက ငါတို့ရဲ့ဆင်းရဲဒုက္ခရောက်ရတဲ့နှစ်လား"

သူငယ်ချင်း နှစ်ယောက်ထဲက တစ်ယောက်က လက်ထပ်ဖို့ တွန်းအားပေးခံရပြီး ကျန်တစ်ယောက်က သူ့မိသားစုအရင်း မဟုတ်ဘူးဆိုတာ သိလိုက်ရသည်။

ဒါပေမယ့်လည်း ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ဒါတွေက မကောင်းတဲ့အရာတွေလို့ မထင်ပါဘူး။ စဉ်းစားကြည့်လိုက်၊ ငါ single ဖြစ်နေတာ နှစ်ပေါင်းများစွာကြာပြီ။ ငါကိုယ်တိုင် ချစ်မိသွားလိမ့်မယ်လို့ နင် ငါ့ကိုမျှော်လင့်ထားရင် ဒီဘ၀မှာ ငါ လက်ထပ်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်။ နောက်ဆုံးတော့ ရည်စားရပြီး ငါအရင်လက်ထပ်သွားတယ်။ ငါ့ရဲ့ ideal tye က ချမ်းသာပြီး ရုပ်ချောတဲ့သူတစ်ယောက်။ ဒီလိုလူကောင်းကို ငါ ဘယ်မှာရှာရမှာလဲ။" ဟုတ်ပါတယ် သူနဲ့ အတူအိပ်ရာထဲမှာနေရတာ နည်းနည်းတော့ခက်သည်။

“ပြီးတော့ နင်၊ နင့်မှာ ရုတ်တရက် မိသားစုဝင်တွေ အများကြီးရှိလာတယ်၊ သူတို့က နင့်ကို အရမ်းတုန်နေအောင်ချစ်ကြတာ။ နင်က အရမ်းကောင်းချီပေးတာခံရတာပဲ။ ဒါ့အပြင် ကျီဝမ်ရဲ့ အဒေါ်ဖြစ်ရတာ ကောင်းတယ်မဟုတ်ဘူးလား"

"နင် သူ့ကို နည်းနည်းလေးမှ မသနားဘူးလား" လျိုစစ်ယွီ မေးလိုက်သည်။

ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ "ဘာလို့လဲ။ ငါက သူ့အဒေါ်လေ။ အိမ်မှာ သူ့ကို အနိုင်ကျင့်ရတာ အရမ်းကောင်းတာပဲ။”

လျိုစစ်ယွီ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ "နင်အိမ်မှာ သူ့ကို အနိုင်ကျင့်နေတာလား။ ယောက်မနဲ့ အစ်ကိုတို့ စိတ်မချမ်းမသာမဖြစ်ကြဘူးလား”

ဖန့်ရှောင်နွမ် ခေါင်းယမ်းလိုက်ပြန်သည်။ "ရှောင်ယွီ၊ မိသားစုထဲမှာ ကျီဝမ်ရဲ့ အဆင့်အတန်းကို နင် မသိသေးပါဘူး။ နင် ကျီ မိသားစုနဲ့ ပြန်ပေါင်းလိုက်တဲ့အခါကျရင် ရှောင်ဝမ် ဘာလို့ အပြင်ထွက်ပြီး သူ့ဘာသာသူ အသက်ရှင်ဖို့ စိတ်အားထက်သန်နေရတာလဲဆိုတာ နင်နားလည်လာလိမ့်မယ်။"

အိမ်မှာ ကျီဝမ် အနိုင်ကျင့်ခံနေရတာကို လျိုစစ်ယွီ မသိတာကြောင့် မေးလိုက်သည်။ "သူက ကျီ မိသားစုရဲ့ တစ်ဦးတည်းသောသား မဟုတ်လား။ ပြီးတော့ ကျီ မိသားစုရဲ့ သခင်လေးမလား"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “မှန်တယ်။ သူက ကျီ မိသားစုရဲ့ သခင်လေး။ ငါ မိသားစုထဲ မ၀င်ခင်ကတော့ ကျီဝမ်က ကျီ မိသားစုရဲ့ ဘုရင်တစ်ပါးလိုပဲ။ ဒါပေမယ့် ငါ မိသားစုထဲဝင်ပြီးကတည်းက ငါ သူ့ကို ဂြိုလ်ဆိုးဝင်သလိုမျိုး တစ်ခုခု လိုမျိုးလုပ်ကောင်းလုပ်မိဖြစ်နိုင်ပေမယ့် မိသားစုထဲမှာ ကျီဝမ်ရဲ့ အဆင့်အတန်းက နိမ့်သွားပြီ။ နောက်ပိုင်းမှာ အဖေတောင် သူ့ကိုရိုက်လာတယ်။”

လျိုစစ်ယွီ မျက်ခုံးပင့်ကာ အဲ့တာကို တွေးတောကြည့်လိုက်သည်။ “သူ မိသားစုထဲက တစ်ယောက်နဲ့ လက်မထပ်ခင် ငါ့ရဲ့ ဒုတိယအစ်ကိုက လက်မထပ်ရသေးဘူးလေ။ ပြီးတော့ ကျီ မိသားစုက မိသားစုကို ဆက်ဖို့အတွက် ကျီဝမ်ကို လိုနေသေးတဲ့အတွက် သူ့ကို အလိုလိုက်ထားကြတယ်။ အခု နင် အိမ်ထောင်ကျပြီး နှစ်အနည်းငယ်အတွင်း နောက်ထပ် ကလေးတစ်ယောက် ရလာတော့မှာပဲ။ ကျီဝမ်က တစ်ဦးတည်းသော ကလေးမဟုတ်တော့တဲ့အတွက် သူ့ကို အလိုလိုက်စရာ မလိုတော့ဘူးလေ”

ဖန့်ရှောင်နွမ် ခဏလောက် စဉ်းစားနေမိသည်။ “နင်ပြောတာ အဓိပ္ပာယ်ရှိတယ်။ နင်က ကျီမိသားစုရဲ့ မိသားစုဝင်တစ်ယောက်ဆိုတာ အံ့သြစရာ မရှိတော့ဘူး။ နင်က သူတို့ကို ကောင်းကောင်းသိတာပဲ"

"ကျီဝမ်သာ စောစောလက်ထပ်ပြီး ကလေးယူခဲ့မယ်ဆိုရင် ကျီ မိသားစုမှာ သူ့အဆင့်အတန်းက တက်လာပြီး တည်ငြိမ်လာမှာလား။" ဖန့်ရှောင်နွမ်က အများကြီး စဉ်းစားပြီးမှ မေးလိုက်သည်။

လျိုစစ်ယွီ ခေါင်းယမ်းလိုက်သည်။ “အဲဒါက သူ့အဆင့်အတန်းကို ပိုဆိုးသွားစေလိမ့်မယ်။ သူတို့မှာ မြေးကြီးတစ်ယောက်ရှိလာမယ်။ ဒါဆို ကျီဝမ်ကို ဘယ်သူက ဂရုစိုက်မှာလဲ။”

ဖန့်ရှောင်နွမ်ပြောလိုက်သည်။ "ဒါက တော်တော်လေး အဓိပ္ပါယ်ရှိတယ်!"

ထိုအချိန်တွင် ဖန့်ရှောင်နွမ်က ကျီဝမ်ကို လက်ထပ်ဖို့ သတိပေးချင်နေခဲ့သည်။ ဒီနည်းနဲ့ သူ့မှာ ပိုကောင်းတဲ့ အချိန်ရှိလာမယ်။

နောက်တစ်နေ့တွင် ကျီ မိသားစု၏ ဧည့်ခန်းထဲတွင် မှော်ဆန်သည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

ဖန့်ရှောင်နွမ်၊ လျိုစစ်ယွီနှင့် ကျီဝမ်တို့သည် ထမင်းစား စားပွဲတွင် ထိုင်ကာ ထုံးစံအတိုင်း စားသောက်နေကြသည်။

သခင်ကြီး ကျီ၊ မြို့တော်ဝန် ကျီ၊ ဖန်ချီနဲ့ အိမ်ဖော်တွေက လျိုစစ်ယွီကို ကြည့်နေကြသည်။

သခင်ကြီး ကျီက မနေ့ညက လုံးဝအိပ်မပျော်ပေ။ သူ စောစောထပြီး အိမ်ရှေ့တံခါးကို သွားခဲ့သည်။ သူ့သမီးရဲ့ ဖိနပ်တွေ ရှိနေသေးတာကို သူမြင်တော့ သက်ပြင်းချမိသည်။ သူ နိုးလာသောအခါ သူ့သမီးလေး ပျောက်သွားမည်ကို ကြောက်သည်။

ဖန်ချီနဲ့ မြို့တော်ဝန် ကျီီက လျိုစစ်ယွီကို ကြည့်ကာ သူမ ငယ်ငယ်က ဘယ်လိုပုံစံရှိလဲဆိုတာကို တွေးနေကြသည်။

တစ်ဖက်တွင် ကျီလင်းချန်မှာ ငြိမ်သက်နေသည်။ သူ့အကြည့်က သူ့ဇနီးလေးပေါ်မှာသာ ရှိသည်။ သူမ လောဘတကြီး အစားစားနေတာကို ကြည့်ရင်း သတိပေးလိုက်သည်။ “ဒီနေ့က ၁၄ ရက်မြောက်နေ့”

ပျော်ရွှင်စွာစားသောက်နေတဲ့ ဖန့်ရှောင်နွမ်က ရှုပ်ထွေးနေတဲ့အမူအရာနဲ့ ပြောလိုက်သည်။ "၁၄ ရက်နေ့က ဘာဖြစ်လို့လဲ"

ကျီလင်းချန် သူ့မိသားစုနှင့် အတူရှိနေတာကြောင့် လျှော့ပြောရန် ရွေးချယ်ခဲ့သည်။ သူ ဖန့်ရှောင်နွမ်၏ လက်မှ ကဏန်းကိုယူကာ အသီးအရွက်အချို့ပေးလိုက်သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ယောကျ်ား၊ ရှင် ကျွန်မကို အနိုင်ကျင့်နေတာလား။ ကျွန်မကို မစားစေချင်လို့လား"

ကျီလင်းချန်က ဖန့်ရှောင်နွမ် ရဲ့ ဗိုက်ကို ပုတ်ပြီးပြောလိုက်သည်။ "နားလည်ပြီလား"

ထိုအချိန်မှပင် ဖန့်ရှောင်နွမ်က သူမ၏ ရာသီလာချိန်နီးနေသည်ကို သတိရမိသွားသည်။ သို့သော်လည်း သူမသည် ထိုအကြောင်းကို တွေးပြီး အချိန်ရှိသေးသည်ကို သဘောပေါက်လိုက်သည်။ "လေးရက်ကျန်ပါသေးတယ်!"

“နာကျင်မှုကို မခံနိုင်တဲ့အခါကျမှ မင်း ထပ်ပြီး ကျိန်ဆိုနေရလိမ့်မယ်” ကျီလင်းချန် ပြန်ပြောလိုက်သည်။

All Chapters