← Chapters

မင်းကဆရာ့ကို သံသယဝင်နေတာလား

Vol. 15 Ch. 197

မင်းကဆရာ့ကို သံသယဝင်နေတာလား

Vol. 15 Ch. 197

အခန်း (၁၉၇) မင်းကဆရာ့ကို သံသယဝင်နေတာလား

"ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်…"

ကျန်းလန်က တိုးတိတ်သည့်လေသံဖြင့် သဘောတူလိုက်သည်။

နဂါးမျိုးနွယ်များ လာရောက်စိန်ခေါ်မည့်ကိစ္စက မျှော်လင့်မထားသည့်ကိစ္စဖြစ်သည့်တိုင် သူ့အနေဖြင့် လက်မခံနိုင်စရာ အကြောင်းမရှိပေ။

နဂါးမျိုးနွယ်များ၏ ခြိမ်းခြောက်မှုက နတ်မိစ္ဆာများထက်ဆာလျှင် သိသိသာသာ နည်းပါးသည်ဟု ဆိုရမည်။ သို့ရာတွင် နဂါးမျိုးနွယ်များနှင့် နတ်မိစ္ဆာများ တစ်ချိန်တည်းရောက်ရှိလာပါက အခြေအနေက ပြောရခက်ပေလိမ့်မည်။

"မင်း ဆရာ့ဆီက လိုချင်တာ ဘာများရှိသေးလဲ…"

မော့ကျန်းသုန့်က မေးလိုက်သည်။

သူက နဂါးမျိုးနွယ်များအကြောင်း ထပ်မပြောတော့ပေ။ ထိုမျှလောက်ပြောပြလိုက်ရုံဖြင့် ကျန်းလန် သဘောပေါက်မည်ဟု ယူဆသည်။

ကျန်းလန်ကလည်း သူဖြစ်စေချင်သည့်အတိုင်း ကတိပေးသဘောတူပြီးပြီ မဟုတ်ပါလား။

ကျန်းလန်က…

"ဆရာ… ကျွန်တော်မေးစရာတစ်ခုရှိလို့… ၊ အရင်ရက်တွေက ဆရာ မရဏဂူကို သွားကြည့်သေးလား…"

မော့ကျန်းသုန့်က ခေါင်းညိတ်လိုက်ရင်း ခပ်လေးလေးလေသံဖြင့်…

"အင်း သွားတယ်…"

ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသော်လည်း စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။

ကျန်းလန်က…

"ဒါဖြင့် နာမ်ဝိညာဉ်ရောင်ပြန်ပညာကို ချိုးဖျက်လိုက်တာ ဆရာလား…"

သူပြုလုပ်ထားသည့် အစီအရင်ကို ချိုးဖျက်လိုက်သူက ဆရာဖြစ်သူဆိုလျှင်တော့ စိတ်ပူစရာ မရှိပေ။

သို့သော် သူ့အစီအရင်ကို ဆရာဖြစ်သူကပင် ချိုးဖျက်နိုင်သည်ဆိုလျှင် အစီအရင်၏ အားနည်းချက်များကို ရှာဖွေပြီး ပြုပြင်ပြောင်းလဲမှုများ ထပ်မံပြုလုပ်ရပေမည်။

မော့ကျန်းသုန့်က ခပ်တည်တည်မျက်နှာထားဖြင့်…

"ဆရာမဟုတ်လို့ ဘယ်သူဖြစ်မတုန်း… ၊ ဘာလဲ မင်းက ဆရာ့ကို မလုပ်နိုင်ဘူးလို့ သံသယဝင်နေတာလား…"

အတန်ကြာမှ မော့ကျန်းသုန့်က သက်ပြင်းချလိုက်ရင်း…

"တကယ်တော့ အဲဒါ မင်းရဲ့ ဆရာဒေါ်လေးမြောင်ယွဲ့လုပ်သွားတာ…"

"……………"

ကျန်းလန် တိတ်ဆိတ်သွားတော့၏။

………………

ဆရာဖြစ်သူကို နှုတ်ဆက်စကားဆိုပြီးနောက် ကျန်းလန် မရဏဂူသို့ ပြန်လာခဲ့သည်။

ပျက်စီးသွားသည့် အစီအရင်များကို ပြန်လည်ပြုပြင်ရမည်ဖြစ်ပြီး လျှို့ဝှက်ဖုံးကွယ်ထားရခြင်းမရှိသည့် အစီအရင်များကိုလည်း ဖုံးကွယ်ထားရဦးမည် ဖြစ်သည်။

ထို့ပြင် အစီအရင်နှင့်ပတ်သက်သည့် သီးခြားတည်ဆောက်မှုစနစ်များကိုလည်း ပြန်လည်ပြုလုပ်ရဦးမည် ဖြစ်၏။

ကျန်းလန်၏ အစီအရင်များတွင် အပြင်ပိုင်းအစီအရင်နှင့် အတွင်းပိုင်းအစီအရင် (၂)မျိုး ရှိလေသည်။ အပြင်ပိုင်းအစီအရင်ကို ထိန်းချုပ်သည့်နည်းလမ်းနှင့် အစီအရင်ဖွဲ့စည်းမှုပထမအဆင့်ကို မည်သို့ ချိုးဖျက်ရမည်ကို ဆရာဖြစ်သူကို ပြောပြထားရန်လည်း လိုအပ်သည်။

အတွင်းပိုင်းတွင် ကွယ်ဝှက်ထားသည့် အစီအရင်ကိုတော့ ကျန်းလန် ထပ်မံအဆင့်မြှင့်တင်ရမည် ဖြစ်သည်။

မရဏဂူအတွင်းသို့ ဝင်ရောက်လာသူက ဆရာဖြစ်သူဆိုလျှင် အတွင်းပိုင်းကွယ်ဝှက်ထားသည့်အစီအရင်များက သက်ဝင်လှုပ်ရှားလာမည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် ဆရာဖြစ်သူ မရဏဂူသို့ လာရောက်လျှင်လည်း ပြဿနာ မရှိနိုင်တော့ပေ။

နာမ်ဝိညာဉ်ရောင်ပြန်ပညာ၏ အဖွင့်ပိုင်းအစီအရင်ကို မည်သို့ချိုးဖျက်ရမည်ဆိုသည့်အချက်ကိုလည်း ဆရာဖြစ်သူကို အသိပေးထားရန် ကျန်းလန် ဆုံးဖြတ်ထား၏။

သူက နာမ်ဝိညာဉ်ရောင်ပြန်ပညာကို မိုးကောင်းကင်မှမသိမြင်စေရန် ဖုံးကွယ်ထားသည့် အစီအရင်နှင့်လည်း ထည့်သွင်းပေါင်းစပ်ရန် စီစဉ်ထားသည်။

"ဒီအစီအရင်မှာ နောက်ထပ်အလွှာတစ်ခု ထပ်ထည့်လိုက်ရင် အန္တရယ်ပေးမယ့်သူရောက်လာလည်း ငါတည်ဆောက်ထားတဲ့ မရဏဂူအတုကိုပဲ တွေ့ရလိမ့်မယ်…"

ကျန်းလန် တွေးလိုက်၏။

အစီအရင်အသက်ဝင်လာသည်နှင့် တုံ့ပြန်မှုကို ချက်ချင်းသိရှိရမည် ဖြစ်သည်။

စိတ်ထဲတွင် အစီအစဉ်ရေးဆွဲပြီးသည်နှင့် ကျန်းလန် အစီအရင်များကို စတင်ပြုလုပ်လိုက်သည်။ ဤကိစ္စ မြန်မြန်ပြီးလေ သူလည်း စိတ်သက်သာရာရလေ ဖြစ်ရပေမည်။

အစီအရင်တစ်ခုကို ပြုပြင်ရသည်က လွယ်ကူသည် မဟုတ်ပေ။

ကျန်းလန် စာအုပ်များထဲမှ များစွာသောအကိုးအကားများကို ရယူပြီးနောက် မရဏဂူပတ်ဝန်းကျင်တွင် သစ်ပင်များကို စတင်ဖန်တီးလိုက်သည်။

ထိုသစ်ပင်များကို အစီအရင်များဆက်ထုံးများအဖြစ် အသုံးပြုရန် စီစဉ်လိုက်သည်။ ဆက်ထုံးများဖြင့် ပြုလုပ်ထားသည့် အစီအရင်စက်ဝန်းအတွင်းသို့ လူတစ်ယောက်ဝင်လာသည်နှင့် ဝင်္ကပါထဲတွင် ပိတ်မိနေမည် ဖြစ်သည်။

ထို့နောက် နာမ်ဝိညာဉ်ရောင်ပြန်ပညာဖြင့်တည်ဆောက်ထားသည့် နာမ်ဝိညာဉ်လောကထဲသို့ ရောက်ရှိသွားမည် ဖြစ်သည်။

ထိုသို့ဖြင့် အချိန် (၁)နှစ် ကုန်ဆုံးသွားလေသည်။

မရဏဂူပတ်ဝန်းကျင်တွင် အစီအရင်များ ပြုလုပ်နေခြင်းဖြင့် အချိန် (၁)နှစ် ကုန်လွန်ခဲ့သည်။

"ကဲ… ပြီးတော့မယ်ကွ…"

ကျန်းလန်က မရဏဂူထဲတွင် မတ်တတ်ရပ်ရင်း သူပြုလုပ်ထားသည့် အစီအရင်များကိုကြည့်ကာ ရေရွတ်လိုက်သည်။ ထို့နောက် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။

မရဏဂူအပြင်ဘက် ပတ်ပတ်လည်တွင် ဝင်္ကပါအစီအရင်ပြုလုပ်ပြီးခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ သို့သော် မိုးကောင်းကင်မှမသိမြင်စေရန် ဖုံးကွယ်ထားသည့် အစီအရင်ကို ပြုလုပ်နေရခြင်းက အချိန်ကြာမြင့်စေသည်။

ယခု တစ်စုံတစ်ယောက်က စိတ်အာရုံဖြင့် မရဏဂူရှိရာသို့ လေ့လာကြည့်ရှုမည်ဖြစ်စေ ၊ နက္ခတ်ပညာအသုံးပြုပြီး အာရုံခံမည်ဖြစ်စေ အစီအရင်များက တုံ့ပြန်မှုဖြစ်ပေါ်လာမည် ဖြစ်သည်။

အလုပ်များအားလုံး ပြီးစီးသွားသည်နှင့် ကျန်းလန် မရဏဂူထဲမှ ထွက်လာခဲ့သည်။

သူ တောင်ပေါ်မှဆင်းပြီး ခွန်လွန်တောင်တစ်ခွင် ဟိုဟိုဒီဒီ သွားရောက်လေ့လာရန် ထွက်ခွာလာခဲ့သည်။

အခြားသူများ ပြောဆိုနေကြသည့် ပျက်သုဉ်းတစ်စပြင်လောကကြီးအကြောင်း သတင်းများကို အကြမ်းဖျင်းသိရှိရန် နားစွင့်ရပေဦးမည်။

ဤသည်က ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်တောက်ပြီး အစွန်းရောက်မသွားစေရန် မိမိကိုယ်ကိုယ်ကာကွယ်ခြင်းပင် ဖြစ်၏။

နဝမတောင်ထွတ်မှ ဆင်းလာခဲ့ပြီးနောက် တပည့်များစွာ စုပေါင်းကျင့်ကြံကြသည့် ရင်ပြင်ဆီသို့ ကျန်းလန် ထွက်ခွာလာခဲ့သည်။

သူက သဘာဝတာအိုမန္တန်ဖြစ်သည့် အထီးကျန်မန္တန်ကို အသုံးပြုထားသောကြောင့် မည်သူမှ သူ့ကို သတိမထားမိကြပေ။

တပည့်တစ်ယောက် ပြောစကားကို ကျန်းလန် စတင်ပြီး ကြားလိုက်ရ၏။

"ဘာတွေဖြစ်နေလဲတော့ မသိဘူးကွ… ၊ နတ်ဆိုးတွေကလည်း ထပ်ပြီးထူးထူးဆန်းဆန်းတွေ လုပ်နေကြပြန်ပြီ… ၊ သူတို့က နောက်ထပ် အင်အားစုတွေကို တိုက်ခိုက်ဦးမလို့လား မသိဘူး…"

အခြားတပည့်တစ်ယောက်က…

"အမှန်ပဲ… တိုက်ပွဲတောင် စနေကြပြီလား မသိဘူး… ၊ နတ်ဆိုးတွေ ဘာတွေဖြစ်နေလဲတော့ ကျုပ် မသိဘူး… ၊ ကြားတာတော့ နှစ်ပေါင်း (၁၀၀)မှာတစ်ကြိမ် နတ်ဆိုးတွေထွက်လာပြီး စစ်တိုက်လေ့ရှိတယ်လို့ ကြားဖူးတယ်…"

"နတ်မိစ္ဆာတွေကလည်း ပြဿနာရှာလွန်းတယ်… ၊ အခု သူတို့ နဂါးတွေနဲ့တိုက်ခိုက်နေတာ ရှုံးတော့မယ်လေ… ၊ နောက်ဆုံးတော့ နဂါးတွေက နတ်မိစ္ဆာတွေထက်ပိုပြီး စွမ်းအားကြီးမားတယ်ဆိုတာ သိလိုက်ရတာပေါ့…"

"အမှန်ပဲ… ဒါပေမဲ့ တိုက်ပွဲပြီးသွားရင် နဂါးတွေက ခွန်လွန်တောင်ကို ပြဿနာလာရှာကြတော့မှာ မဟုတ်ဘူးလား…"

"ဟုတ်လို့လားကွာ…"

ကျန်းလန် ခဏမျှ ရပ်နားထောင်နေပြီးနောက် အခြားနေရာတစ်ခုသို့ ဆက်လက်ထွက်ခွာလာခဲ့သည်။

နတ်လူသားမျိုးနွယ်များအကြောင်း သတင်းမကြားခဲ့ရသော်လည်း ထူးထူးခြားခြား နတ်ဆိုးများ၏ သတင်းကို ကြားခဲ့ရသည်။

ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် များပြားလှစွာသည့် အင်အားစုများ ရှိကြသည်။

နဂါးမျိုးနွယ်များက ပင်လယ် (၄)ခုကို အုပ်စိုးကြသည်။ နတ်မိစ္ဆာများကတော့ မြောက်ပိုင်းစွန့်ပစ်နယ်မြေတွင် ကျက်စားကြသည်။

နတ်လူသားမျိုးနွယ်များကတော့ အလယ်ပိုင်းလွယ်ပြင်ဒေသတွင် နေထိုင်ပြီး ဇာမဏီမျိုးနွယ်များ၏ ပိုင်နက်ကတော့ ဝူထုန်တောင် ဖြစ်သည်။

မြေအောက်မရဏလောကတွင်တော့ နတ်ဆိုးများက အုပ်ဆိုးကြ၏။

ဤအင်အားစုများ လှုပ်ရှားနေသရွေ့ လောကပတ်ဝန်းကျင်သည်လည်း ကြီးမားသည့် သက်ရောက်မှုကြီးများ ရှိနေမည် ဖြစ်သည်။

ထို့ပြင် ထိုအင်အားစုများ၏ ပဋိပက္ခများကလည်း (၁)နှစ် ၊ (၂)နှစ်နှင့် ပြီးဆုံးသွားမည့်ကိစ္စများ မဟုတ်ပေ။ နတ်မိစ္ဆာများနှင့် နဂါးမျိုးနွယ်များ၏ တိုက်ပွဲသည်ပင် နှစ်ပေါင်း (၁၀၀) ကျော် ကြာမြင့်ခဲ့ကြသည် မဟုတ်ပါလား။

တိုက်ပွဲတစ်ပွဲဆိုသည်က တိုက်ပွဲစရိတ် ပုံမှန်မဟုတ်စွာပင် မြင့်မားလွန်းလေရာ စစ်ရှုံးသည့်ဘက်က အတော်လေး ဝမ်းနည်းစိတ်ပျက်ဖွယ်ရာ ဖြစ်၏။

သို့သော်ငြား စစ်ရှုံးသည့် နတ်မိစ္ဆာများကတော့ ငရဲတံခါးကိုပင် ပြဿနာရှာရန် စိတ်ကူးနေကြသည်မှာ အံ့အားသင့်စရာတော့ ကောင်းသည်။

ဤသည်က အဓိပ္ပါယ်မရှိသည့် လုပ်ရပ်ပင် ဖြစ်၏။

"တစ်ခုခုတော့ တစ်ခုခုပဲ… ၊ ဒါပေမဲ့ ငါက အဲဒါတွေကို နားလည်နိုင်တဲ့အဆင့်ကို မရောက်သေးတာ ဖြစ်ရမယ်…"

ကျန်းလန်တွေးလိုက်သည်။

လက်ရှိ သူလုပ်ရမည့်အလုပ်မှာ နဝမတောင်ထွတ်တွင်သာနေထိုင်ရန် ဖြစ်ကြောင်း ကျန်းလန် သဘောပေါက်လိုက်၏။

သူ့တာဝန်က ငရဲတံခါးကို စောင့်ရှောက်ရန် ဖြစ်သည်မဟုတ်ပါလား။ ထို့ပြင် ငရဲတံခါးတွင် နေထိုင်ခြင်းကသာ သူ့အတွက်လည်း အန္တရယ်ကင်းစေမည် ဖြစ်သည်။

လောလောဆယ်တွင်တော့ ဆရာရှိနေသေးသည့်အတွက် သူ့အတွက် ခံသာသည်။

သို့သော် တစ်နေ့တွင် ဆရာဖြစ်သူ အသက်ကြီးကောင်းကြီးလာပေလိမ့်မည်။ ဆရာဖြစ်သူ အသက်ကြီးမလာခင် သူက တန်ခိုးစွမ်းအားများနှင့် ပြည့်ဝနေရန် လိုအပ်သည်။

နောင်တစ်ချိန်တွင် သူက နဝမတောင်ထွတ်ကို စောင့်ရှောက်ရုံသာမက ဆရာဖြစ်သူကိုပါ ကာကွယ်ပေးရမည် ဖြစ်၏။  ထိုအချိန်သို့ရောက်လျှင် သူသည်လည်း ခွန်လွန်တောင်တွင် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်နေမည်လား မပြောတတ်ပေ။

သူ့အနေဖြင့် ခွန်လွန်တောင်တွင် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်နေမည်လား မပြောတတ်ပေ။

ကျန်းလန် အတွေးများကို ရပ်တန့်လိုက်ပြီး နတ်မိစ္ဆာများအကြောင်း စဉ်းစားလိုက်သည်။

နတ်မိစ္ဆာများ၏ အတွေးများက သိရှိရန် ခက်ခဲသည်။ အရင်က စေလွှတ်လိုက်သည့် နတ်မိစ္ဆာများက ဘာမှအရာမရောက်သူများ ဖြစ်ကြ၏။

ဟုတ်ပေ၏။

နတ်မိစ္ဆာများဘက်မှ တန်ခိုးစွမ်းအားမြင့်မားသူများ စေလွှတ်မည်ဆိုလျှင် ခွန်လွန်တောင်မှ သတိထားမိသွားပေမည်။

တစ်ခါတစ်ရံတွင် မြင့်မားသည့်အောင်မြင်မှု ရရှိရန်အတွက် အားနည်းသူများကို အရင်ဆုံး ချနင်းရလေ့ရှိသည် မဟုတ်ပါလား။

ခွန်လွန်တောင်၏ ပြဒါးဆေးလုံးကျိုသည့်နေရာ အရောက်တွင် ကျန်းလန် ခြေလှမ်းများ ခေတ္တရပ်တန့်လိုက်သည်။

ထိုနေရာတွင်လည်း တပည့်အချို့ စကားပြောနေကြ၏။

တပည့်တစ်ယောက်က…

"ကြည့်ရတာ ဝူထုန်တောင်တော့ သိမ်းပိုက်ခံလိုက်ရပြီထင်တယ်…"

နောက်ထပ်တပည့်တစ်ယောက်က…

"တကယ်ကြီးလား… ဘာများ ဖြစ်တာလဲ…"

"အဲဒီလောက်ထိလည်း မဟုတ်သေးပါဘူးကွာ… ၊ နတ်လူသားမျိုးနွယ်တွေ ဘယ်လောက်ပဲ တန်ခိုးစွမ်းအား မြင့်မားပါစေ… ဝူထုန်တောင်ကိုတော့ သိမ်းပိုက်နိုင်မယ် မထင်ပါဘူး…"

"ဒါပေမဲ့ ကျုပ်ကြားတဲ့သတင်းကတော့ အဲဒီအတိုင်းပဲ… ၊ မဟုတ်ရင်လည်း နတ်လူသားမျိုးနွယ်တွေက ဝူထုန်တောင်ကို သိမ်းပိုက်ဖို့ နီးစပ်နေပါပြီကွာ…"

"မီးမရှိဘဲ မီးခိုးမထွက်ဘူးကွ.. ၊ ကြည့်ရတာ နတ်လူသားမျိုးနွယ်တွေနဲ့ ဝူထုန်တောင်က ဒီတစ်ခေါက် တကယ်ကြီး တိုက်ခိုက်ကြတာနေမှာ…"

"ဟုတ်မယ်… ဒီတစ်ခေါက်တိုက်တာက သူတို့နတ်လူသားမျိုးနွယ်ထဲမှာ ထွက်ပေါ်လာတဲ့ ဟိုပါရမီရှင်ကြောင့် မဟုတ်လား… ၊ အဲဒီလူ ခံစားချက်ကင်းမဲ့တဲ့အဆင့်ကို ရောက်ဖို့အတွက် ဝူထုန်တောင်တိုက်ပွဲကို အသုံးပြုလိုက်တာ နေမှာ…"

"ဘယ်သူသိနိုင်မှာလဲ… ကျုပ်ကြားတာတော့ အဲဒီလူရဲ့အနာဂတ်က ဖြစ်နိုင်ချေတွေအများကြီးနဲ့ အကန့်အသတ်မဲ့တယ်ဆိုပဲ…"

သတင်းများကို နားထောင်ပြီးနောက် ကျန်းလန် လှည့်ထွက်လာခဲ့သည်။

ဇာမဏီမျိုးနွယ်များနှင့် နတ်လူသားမျိုးနွယ်များ တိုက်ပွဲဖြစ်ပွားခြင်းက သူ့အတွက်တော့ အကျိုးရှိသည့်ကိစ္စပင်။ အချိန်တိုအတွင်း နတ်လူသားမျိုးနွယ်များနှင့်ပတ်သက်ပြီး သူ စိတ်ပူစရာ မရှိတော့ပေ။

သူ့အတွက် အချိန်ပိုမိုရရှိလေ ကောင်းမွန်လေ ဖြစ်သည်။ သို့မှသာ တန်ခိုးစွမ်းအား ပိုမိုမြင့်မားအောင် ကျင့်ကြံနိုင်ပြီး အန္တရယ်လည်းကင်းမည် ဖြစ်သည်။

ကျန်းလန် ထိုနေရာမှ ထွက်ခွာလာခဲ့ပြီး အခြားနေရာများသို့ လျှောက်ကြည့်နေခဲ့သည်။

အချိန်အတန်ကြာလမ်းလျှောက်နေပြီးနောက် ရုတ်တရက် အရှေ့ဆီမှ ဖျက်စီးလိုသည့်အငွေ့အသက်များကို ခံစားလိုက်ရသည်။

ထိုအငွေ့အသက်များက သူ့ကို အနည်းငယ် တုန်လှုပ်သွားစေသောကြောင့် ကျန်းလန် ခေါင်းမော့ကြည့်လိုက်၏။

ထိုအခါ သူ့ထံသို့ လမ်းလျှောက်လာနေသည့် ရွှေပြဒါးအမြုတေ ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူ လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။

ကျန်းလန် ခေါင်းမော့ကြည့်လိုက်သည်နှင့် ထိုလူငယ်ထံမှ ထွက်ပေါ်နေသည့် ဖျက်စီးလိုသည့်အငွေ့အသက်များက ချက်ချင်းပျောက်ကွယ်သွားသည်။

လူငယ်က ကျန်းလန်ကို နှုတ်ဆက်စကားဆိုလိုက်၏။

"ဂိုဏ်းတူအစ်ကို…"

သူ့ကိုကြည့်ရသည်မှာ ကျန်းလန်ကို တစ်ခုခု မေးမြန်းချင်နေဟန် ရှိသည်။

လူငယ်က အရပ်သိပ်မမြင့်သော်လည်း ယောကျ်ားပီသ ချောမောသူ ဖြစ်သည်။

ကျန်းလန်က အမှန်တရားမျက်လုံးဖြင့် ကြည့်လိုက်သော်လည်း လူငယ်တွင် မည်သည့်ထူးခြားချက်မှ မတွေ့ရပေ။ သူ၏ ရုပ်ရည်သွင်ပြင်နှင့် ကျင့်ကြံခြင်းအဆင့်အားလုံးက အဆင်ပြေလေသည်။

ကျန်းလန်က…

"ဘာကိစ္စများရှိလို့လဲ ဂိုဏ်တူညီလေး…"

ထိုလူငယ်က သူလျှိုတစ်ယောက် ဖြစ်နိုင်သည်။ သို့မဟုတ် အမှန်တရားကို လက်မခံနိုင်ဘဲ ကျန်းလန်ကို မုန်းတီးနေသူလည်း ဖြစ်နိုင်၏။

ကျန်းလန်က နဝမတောင်ထွတ်တစ်ခုလုံးမှ ရင်းမြစ်ပစ္စည်းများကို သုံးဆွဲခွင့်ရခြင်း ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် စေ့စပ်ရခြင်း စသည့်အချက်များကြောင့် သူ့ကို မနာလိုသူအချို့ ရှိကြသည်က အသေအချာပင်။

လုန်ယွိက အမှန်တကယ်ပင် ပြီးပြည့်စုံသူ ဖြစ်သည်။

ကျန်းလန်သည်ပင် ယခုအချိန်အထိ သူမတွင် ဆိုးရွားသည့်အချက်ရှိသည်ကို တွေ့ရှိရခြင်း မရှိသေးပေ။ ရှိခဲ့လျှင်လည်း သူမ၏ အရှိန်အဝါ ၊ ကျော်ကြားမှုနှင့် ဂုဏ်အသရေမြင့်မားမှုများကြား ပျောက်ကွယ်သွားမည် ဖြစ်သည်။

ရွှီဖုန်းက နွေးထွေးစွာ ပြုံးလိုက်ရင်း…

"ကောင်းကင်ရိပ်ငြိမ်ရေကန်ကို ဘယ်လိုသွားရမလဲ မေးချင်လို့ပါ… ဂိုဏ်းတူအစ်ကို…"

ကျန်းလန်က ပထမတောင်ထွတ်တည်ရှိရာနေရာသို့ လက်ညှိုးညွှန်ပြလိုက်ရင်း…

"ပထမတောင်ထွတ်အတိုင်းတည့်တည့်သွားပါ…"

"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို… ၊ အနှောက်အယှက် ပေးမိပါပြီ…"

ကျန်းလန်ကို ကျေးဇူးတင်စကားဆိုပြီးနောက် ရွှီဖုန်း ပထမတောင်ထွတ်ရှိရာသို့ ထွက်ခွာသွားသည်။

ထိုလူငယ်၏အမည်က ရွှီဖုန်းဖြစ်၏။

စောစောကသာ ရွှီဖုန်းထံမှ ထွက်ပေါ်လာသည့် ဖျက်စီးလိုသည့်အငွေ့အသက်များကို မခံစားလိုက်ရပါက သာမန်တပည့်တစ်ယောက်က ရိုးရိုးသားသားလမ်းမေးသည်ဟု ကျန်းလန် ထင်မှတ်မိမည် ဖြစ်သည်။

သို့သော် ထိုလူငယ်က ကျန်းလန် အသုံးပြုထားသည့် သဘာဝတာအိုမန္တန်ဖြစ်သော အထီးကျန်မန္တန်ကို ထိုးဖောက်သိမြင်နိုင်စွမ်းရှိနေသည်မှာ ထူးခြားသည်ဟု ဆိုရမည်။

ဤသည်က မရိုးရှင်းသည့် အချက်ဖြစ်သည်။

ခဏမျှတုံ့ဆိုင်းနေပြီးနောက် ကျန်းလန် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။

ထို့နောက် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အသုံးပြုပြီး ကောင်းကင်ရိပ်ငြိမ်ရေကန်သို့ သွားရာလမ်းတွင်တည်ရှိသည့် တောအုပ်တစ်ခုတွင်းသို့ သွားရောက်ကာ ထိုလူငယ်ကို ကြိုတင် စောင့်ဆိုင်းနေလေတော့သည်။

All Chapters