← Chapters

အပိုင်း (၅၉၆)

Vol. 40 Ch. 596

အပိုင်း (၅၉၆)

Vol. 40 Ch. 596

တစ်ချိန်တည်းမှာပဲ ကောင်းကင်မူလလောကကြီး၏ တော်ဝင်သဲကန္တာရမြို့တွင်တော့ အဖြစ်အပျက်အားလုံးသည် အရေးကြီးအခြေအနေသို့ ရောက်ရှိလာခဲ့၏။

ဤတည်နေရာတွင် ရှိနေသည့် လူများအားလုံးတို့သည် လောကကြီးများ၏ အလယ်ဗဟိုတွင် တည်ရှိနေခြင်း ဖြစ်ကြောင်း ခံစားမိကြ၏။ နေ့စဉ်နေ့တိုင်းဆိုသလို တခြားသောလောကတွင် ရှိနေသည့် သက်ရှိသတ္တဝါများ၊ ခရမ်းရောင်နက်နဲလောက၊ မြေအင်မော်တယ်လောကတို့မှ စွမ်းအားမြင့် ကျင့်ကြံသူများသည် ရောက်ရှိ လာခဲ့ကြသည်။

တချို့မပေါင်းစပ်ရသေးသော လောကအသီးသီးမှ လူများပင်လျှင် ရောက်ရှိလာခဲ့လေ၏။ ဥပမာအားဖြင့် ဝိညာဉ်လောက၊ နတ်ဆိုးမီးတောက်လောကနှင့် တခြားလောကများပင်။ တချို့သော လောကများသည် မြေအင်မော်တယ်လောကနှင့် နှိုင်းယှဉ်နိုင်သည့်အပြင် ပိုမိုကာ အားကောင်းသည့် လောကများဟုလည်း သတ်မှတ်နိုင်၏။ ယခင်တုန်းက နက်နဲမီးတောက်လောကနှင့် တည်နေရာလမ်းကြောင်း တည်ဆောက်ထားခဲ့သောကြောင့် ၎င်းတို့ရောက်ရှိလာနိုင်ခြင်း ဖြစ်၏။

ကောင်းကင်မူလလောကကြီး၏ ဆက်တိုက်တိုးတက်မှုနှုန်းကို မြင်ရသည့် အချိန်မှာတော့ ထိုသူအားလုံးတို့သည် ၎င်းတို့၏ မွေးရပ်မြေသို့ ပြန်ချင်စိတ်ပင် မရှိကြတော့ချေ။ ၎င်းတို့၏ မွေးရပ်လောကများသည် ကောင်းကင်မူလလောကကြီးနှင့် နှိုင်းယှဉ်မည် ဆိုပါက အိမ်တစ်အိမ်၏ နောက်ဖေးခြံဝန်းနှင့်ပင် ဆင်တူနေ၏။ အလုံးစုံ ကွာခြားလျက် ရှိခဲ့သည်။

နေ့စဉ်ကျင့်ကြံရသည့် နှုန်းကလည်း ကွားခြားလွန်း၏။ ဤနေရာတွင် ကျင့်ကြံမည် ဆိုပါက ကျိန်းသေပေါက် မြန်မြန်ဆန်ဆန်နှင့် အဆင့်တိုးတက်နိုင်စွမ်း ရှိ၏။

တစ်ရက်မှာတော့ နဂါးအော်သံတစ်ခုသည် ကောင်းကင်နှင့်မြေပြင်၏ အဆုံးသတ်တွင် ထွက်ပေါ်လာခဲ့၏။ စိမ်းပြာရောင် နဂါးတစ်ကောင်သည် မိုးကုတ်စက်ဝိုင်းကြီးအတွင်းမှ ပျံသန်းလာခဲ့ပြီး နဂါး၏ ကြေးခွံများသည် နေ၏ အလင်းရောင်အောက်တွင် တောက်ပလျက် ရှိနေ၏။ ၎င်းသည် အနီးသို့ ချဉ်းကပ်လာခြင်း မရှိသေးသော်လည်း ပတ်ဝန်းကျင်တည်နေရာ မိုင်ထောင်ပေါင်းများစွာကို လွှမ်းမိုးနိုင်သည့် အော်ရာများ ထုတ်ဖော် နေ၏။ လူပေါင်းများစွာတို့သည် ဤ စိမ်းပြာရောင်နဂါးကြီးကို မြင်ရချိန်မှာတော့ မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့၏။ အော်ရာသီးသန့်ကို သုံးသပ်ရမည်ဆိုလျှင် ဤစိမ်းပြာရောင် နဂါးကြီးသည် ကျိန်းသေပေါက် တော်ဝင်အင်ပါယာအဆင့်တွင် တည်ရှိသော သတ္တဝါဖြစ်သည်။

နဂါး၏ ဦးခေါင်းထက်တွင် ဆန်းကြယ်လှသော ကျင့်ကြံသူခုနှစ်ယောက်တို့က မတ်မတ်ရပ်လျက် ရှိနေ၏။ ဤအရာသည် ထိတ်လန့်စရာပင်။

လက်ရှိ ကောင်းကင်မူလလောကကြီးသည် တိုးတက်လာခဲ့သည် ဆိုလျှင်တောင်မှ အစစ်အမှန် ကျွမ်းကျင်သူများသည် ရှားရှားပါးပါးသာ တည်ရှိ၏။ ပြောရမည်ဆိုလျှင် တော်ဝင်အင်ပါယာများသည် ထိပ်တန်း စွမ်းအားမြင့် ကျင့်ကြံသူများဟု သုံးသပ်၍ ရနိုင်၏။

သို့ပေမဲ့ လက်ရှိအချိန်မှာတော့ တစ်စုံတစ်ယောက်သည် တော်ဝင်အင်ပါယာအဆင့် စိမ်းပြာရောင်နဂါးကြီးကို စီးတော်ယာဉ်အဖြစ် အသုံးပြုလျက် ရှိနေသည်။

ချက်ချင်းဆိုသလိုပဲ နဂါးကလန်တွင် ရှိနေသည့် အဖွဲ့ဝင်များ၏ မျက်နှာများသည် ပျက်ယွင်းသွားခဲ့ကြ၏။ တခြားသော လောကများတွင် နဂါးကလန်သည် ထိပ်ဆုံးတွင် ရှိချင်မှ ရှိလိမ့်မည် ဆိုသော်လည်း ကောင်းကင်မူလလောကကြီးထဲတွင်တော့ ထိပ်တန်းအဆင့် စွမ်းအားမြင့်ကလန်ဖြစ်၏။

လူသားကလန်၊ မွန်းစတားကလန် …. မည်သူမှသည် ၎င်းတို့ကို မစော်ကားရဲကြချေ။ ထို့ပြင် ပင်လယ်ပြင်တစ်ခုလုံးကို အုပ်စိုးထားခဲ့သည့် ကလန် ဖြစ်သည်မဟုတ်ပါလား။ ၎င်းတို့၏ မျိုးနွယ်တူ နဂါးတစ်ကောင်သည် တစ်ဖက်လူများ၏ စီးတော်ယာဉ် ဖြစ်နေသည်ကို မြင်ရချိန်မှာတော့ ယုံကြည်ရန် ခက်ခဲလို့ နေလေသည်။

"ဒါ တော်ဝင်သဲကန္တာရမြို့လား"

နဂါး၏ ဦးခေါင်းထက်တွင် ရှိနေသော ခဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူသည် အသာကြည့်ကာ မေးမြန်းလိုက်၏။ ၎င်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အရှိန်အဝါများကို ထုတ်ဖော်လျက် ရှိနေ၏။ ပြီးနောက် ချက်ချင်းဆိုသလိုပဲ အရာအားလုံးကို နားလည်သွား၏။

"ဒီတော်ဝင်သဲကန္တာရမြို့က တကယ့်ကို ခန့်မှန်းလို့ မရဘူး။ အခြားတစ်ဘက်က ကြည့်မယ်ဆိုရင် ဒီကောင်းကင်မူလလောကကြီး အားနည်းတဲ့ပုံပေါ်တယ်။ တကယ်လို့သာ …."

ထိုသူ၏ စကားလုံးထဲတွင် အထင်သေးမှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ သို့ပေမဲ့ စကားကို ဆုံးအောင် မပြောရသေးချေ။ ဆံပင်ဖြူများရှိနေသည့် အဘိုးအိုတစ်ယောက်သည် ရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် လေးလေးနက်နက် ပြောလိုက်သည်။

"ကလန်ခေါင်းဆောင် စကားလုံးတွေကို သတိထားမှဖြစ်မယ်။ ကျုပ်တို့ တော်ဝင်သဲကန္တာရမြို့ထဲကို ရောက်နေတာ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က အရာအားလုံးကို တွက်ချက်နိုင်စွမ်းရှိတယ်။ ကျုပ်တို့ ဒီလိုလာတဲ့ ရည်ရွယ်ချက်က ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီကနေ အကူအညီ ယူဖို့လေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို စော်ကားမိမယ်ဆိုရင် လက်ဗလာနဲ့ ပြန်ရလိမ့်မယ်"

"အကြီးအကဲကြီး ဒီလောက်ကြီး စိတ်ပူနေဖို့ မလိုပါဘူး။ ကျုပ်နားလည်တယ်။ "

သက်လတ်ပိုင်းလူသည် ဖြည်းညင်းစွာ ပြောလိုက်၏။ သူ၏ အမြင်အရဆိုလျှင် ကောင်းကင်မူလလောကကြီးသည် လောကအဆင့်အတန်း တပန်းသာလျက် ရှိနေသည် ဆိုလျှင်တောင်မှ ကျင့်ကြံခြင်း လောကတွင်တော့ ဘာမှမဟုတ်ချေ။

ထျန်းမင်တောင်နှင့် ဖြစ်ခဲ့သည့် မတော်တဆကိစ္စရပ်သာ မရှိသည်ဆိုပါက ဤကဲ့သို့သော နေရာမျိုးကို သူ လာရောက်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ထျန်းမင်တောင်ကြီးသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့လေ၏။ ထို့ကြောင့် သူတို့သည် နက်နဲလျို့ဝှက်နယ်မြေကို ကာကွယ်ရန်အတွက် အာရုံစူးစိုက်ထားရ၏။

"ကောင်းကင်လျှို့ဝှက် နန်းဆောင်က သတင်းကြားထားတဲ့အတိုင်း စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်မယ်လို့ ကျုပ်မျှော်လင့်တယ်။ ဒါမှသာ ထျန်းမင်းတောင် နတ်ဆိုးသူတော်စင်နဲ့ ပတ်သက်တဲ့ အခြေအနေကို ဖြေရှင်းနိုင်မှာ " ထိုသူက ပြောဆိုလိုက်သည်။

ပြောပြီးပြီးချင်းမှာပဲ အသူရာနဂါးကြီးက ဆင်းသက်လာခဲ့၏။ ၎င်းသည် တော်ဝင်သဲကန္တာရမြို့၏ အပြင်ဖက်သို့ ရောက်သည့် အချိန်မှာတော့ လူသားတစ်ယောက်၏ အသွင်အပြင် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ပြီးနောက် မတ်မတ်ရပ်လျက် ရှိနေ၏။ ထို့နောက် ကလန်ခေါင်းဆောင် ဟူသောလူနှင့် တခြားအကြီးအကဲတို့အား ဝင်သွားပါ ရန် အမူအရာပြလိုက်၏။

လက်ရှိအချိန်မှာတော့ လူပေါင်းများစွာတို့သည် မြန်မြန်ဆန်ဆန်ပဲ လမ်းဖယ်ပေးလိုက်ကြသည်။ ၎င်းတို့၏ အားအင်အဆင့်နှင့် တစ်ဖက်လူ မည်မျှအားကောင်းသည်ကို သုံးသပ်နိုင်ခြင်း မရှိသောကြောင့် အလွန် ကွာခြားလှသည့် အားအင်အဆင့်ကို ပိုင်ဆိုင်သူများ ဖြစ်ပေလိမ့်မည်။ အနည်းဆုံး လက်ရှိကောင်းကင်မူလလောကကြီးထဲတွင် ဤမျှကြောက်စရာ ကောင်းသည့်လူဟူ၍ မည်သူမှ မရှိချေ။ တော်ဝင်အင်ပါယာအဆင့် နဂါးကြီးတစ်ကောင်အား စီးတော်ယာဉ်အဖြစ် အသုံးပြုနိုင်ရန် ဆိုသည်မှာ သူတို့အနေဖြင့် မည်သို့မှ ပြုလုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။

သုံးသပ်ရမည်ဆိုလျှင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လူများသာလျှင် ဖြစ်ပေလိမ့်မည်။ လက်ရှိ နက်နဲအလင်းလောက၊ နက်နဲလျှို့ဝှက်လောက သို့မဟုတ် အစစ်အမှန် သိုင်းလောက ထိုနေရာများဆီမှ ကျင့်ကြံသူများသာလျှင် ဤကဲ့သို့ မြင့်မားသည့် အခြေအနေကို ပိုင်ဆိုင်မှာ သေချာသည်။

"ကောင်းကင်လျှို့ဝှက် နန်းဆောင်လား"

သတ်လတ်ပိုင်းလူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ ပြီးသည့်နောက် အဝင်ဝဆီသို့ မြန်မြန်ဆန်ဆန်ပဲ သွားလိုက်၏။ အကြီးအကဲများသည် အနောက်မှ လိုက်ပါလာခဲ့၏။

"ရှောင်ဝုရှန် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို ဂါဝရလာပြုပါတယ်"

ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကို တစ်ချက်ကလေးမှ မကြည့်ဘဲ သူသည်မြန်မြန်ဆန်ဆန်ပဲ အထဲသို့ လှမ်းဝင်လိုက်သည်။

မကြာခင်မှာပဲ ကောင်းကင်လျှို့ဝှက် နန်းဆောင်အတွင်းဆီမှ သပ်ရပ်လှသည့် အသံတစ်ခု ပေါ်ပေါက်လာခဲ့လေ၏။

"အင်း လောကဝတ်တွေ မလိုပါဘူး ဝင်ခဲ့ပါ"

ပြီးသည့်နောက် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် အားလုံး၏ မြင်ကွင်းရှေ့၌ ပေါ်လာခဲ့သည်။

All Chapters