← Chapters

အပိုင်း (၅၉၉)

Vol. 41 Ch. 599

အပိုင်း (၅၉၉)

Vol. 41 Ch. 599

သူ၏ ဘေးတစ်ဖက်တွင်တော့ ရှောင်ကလန်၏ အကြီးအကဲသည် ပါးစပ်အဟောင်းသား ဖြစ်လို့နေ၏။ သူသည် တစ်စုံတစ်ခုကို ပြောချင်စိတ်ရှိ၏။ သို့ပေမဲ့ သူ၏ ရှေ့တွင်ရှိနေသောသူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ဖြစ်နေသောကြောင့် တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်ရန်သာ ရွေးချယ်လိုက်၏။

အစောပိုင်းနှစ်များတွင်သူသည် ကြီးမားသည့်ရည်ရွယ်ချက်ရှိပြီး တစ်ချိန်ချိန်၌ သူတို့၏ ဘိုးဘေးကြီးနှင့် တူညီသည့် အခြေအနေသို့ရောက်ရန် မျှော်လင့်ခဲ့၏။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ သူသည် ထိုကဲ့သို့ နေရာမျိုးကို ရောက်ရှိမည် မဟုတ်ပေ။ အင်မော်တယ် ဘုရင်အဆင့်သို့ ရောက်ရှိဖို့ဆိုသည်မှာ လွယ်ကူသည့် အဆင့် ချိုးဖျက်မှု မဟုတ်ချေ။

သမိုင်းမှတ်တမ်းများကို ကြည့်ရှုရမည် ဆိုလျှင် အန္တိမကျင့်ကြံခြင်းအဆင့်ဆီသို့ ရောက်ရှိသည့် စွမ်းအားမြင့် ကျင့်ကြံသူပေါင်း မြောက်များစွာ တည်ရှိသည်ဆိုသော်လည်း အင်မော်တယ်ဘုရင်အဆင့်ဆီသို့ တက်လှမ်းနိုင်ခဲ့သည့် စွမ်းအားမြင့်ကျင့်ကြံသူမှာ အနည်းငယ်သာလျှင် ရှိ၏။ ထို့ကြောင့် ဤအရာသည် အလွန်ခက်ခဲသည့် အရာကြီးသာ ဖြစ်သည်။

“ကလန်ခေါင်းဆောင် ဒီအဘိုးကြီးကို မစိုးရိမ်ပါနဲ့။ “

တတိယအကြီးအကဲသည် ခေါင်းကိုခါယမ်းလိုက်၏။ပြီးနောက် အိုမင်းရင့်ရော်နေသည့်လေသံဖြင့် ပြောဆိုလိုက် ၏။ “ကျုပ်ရဲ့လက်ရှိအခြေနေက ဒီနေရာကိုရောက်နေတာနဲ့တင် လုံလောက်နေပါပြီ။”

“.....”

ရှောင်ဝူရှန်က မျက်မှောင်ကုတ်လိုက်၏။ ရှောင်ကလန်ထဲတွင် အင်မော်တယ်ဘုရင်တစ်ယောက် မရှိသည်ဆိုပါက ကျိန်းသေပေါက် ဖျက်ဆီးခံရမည့်နေ့သည် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပေလိမ့်မည်။ ထျန်းမင်တောင်၏ နတ်ဆိုးသူတော်စင်သည် နက်နဲလျှို့ဝှက်နယ်မြေတစ်ခုလုံးကို လှမ်းမျှော်ကာ ကြည့်ရှုခဲ့ပြီးပြီဖြစ်သည်။ သူတို့ကို အချိန်ပေးခဲ့ခြင်းဖြစ်သည် ဆိုလျှင်တောင်မှ နှစ်ဝက်သို့မဟုတ် တစ်လအတွင်း ရောက်ရှိလာနိုင်ပြီး မည်သည့်အချိန်တွင် သုတ်သင်ရှင်းလင်းပစ်မည်ကို မည်သူမှ အာမ မခံနိုင်ချေ။

လက်ရှိအခြေနေမှာတော့ ရှောင်ကလန်၏ အကြီးကဲတစ်ယောက်သည် မျှော်လင့်ချက်အပြည့်နှင့် လှမ်းကာ မေးမြန်းလိုက်သည်။ “ဒါဆိုရင် တခြားသောသူတွေက အင်မော်တယ်ဘုရင်အဆင့်ကို တက်လှမ်းချင်တယ်ဆိုရင် ဘယ်လောက်ကုန်မှာလဲစီနီယာ”

ဤစကားစုကို ပြောဆိုခဲ့ပြီးသည့်နောက် တခြားသောအကြီးအကဲများ၏ မျက်လုံးများက လင်းလက်သွား၏။ ဟုတ်ပေ၏။ တတိယအကြီးအကဲသည် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းငါးခုကို လိုအပ်လျက်ရှိနေသည် ဆိုသည်မှာ တခြားသောသူများအနေနှင့် ထိုကဲ့သို့တူညီသည့် တန်ကြေးများရှိနေသည် ဆိုသော သဘောပင်။

ထို့အပြင ်နန်းဆောင်သခင် ပြောဆိုခဲ့သည်မှာ တတိယအကြီးအကဲ၏ ပင်ကိုယ်ပါရမီနှင့် ကံကြမ္မာသည် လိုအပ်လျက်ရှိနေသည်ဟုဆိုခြင်းပင်။ ထိုအခြင်းအရာနှင့် ပတ်သက်၍ အားလုံးသောသူတို့သည် တူညီလိမ့်မည် မဟုတ်ချေ။ သူတို့အနေနှင့် အရင်းအမြစ်များကို ပေးအပ်လိုက်မည်ဆိုပါက ကျိန်းသေပေါက် သူတော်စင်ဘုရင် အဆင့်ကို ရောက်ရှိလာနိုင်၏။

“ဟမ်”

လီယွင်သည် ဘေးတစ်ဖက်ဆီသို့ လှမ်းကာ ကြည့်ရှုပြီးနောက် ထိုကဲ့သို့ ပြောဆိုခဲ့သည့်လူကို ကြည့်ရှုလိုက်၏။ သူသာ မမှားယွင်းဘူးဆိုပါက ဤလူသည် ရှောင်ကလန်၏ စတုတ္ထအကြီးအကဲ ဖြစ်၏။ အားအင်အဆင့်အရ ဆိုလျှင် တတိယ အကြီးအကဲနှင့် နှိုင်းယဉ်၍ရသည် ဆိုသော်လည်း အနည်းငယ်လောက်မျှသာ။ ဤကဲ့သို့ မေးခွန်းမျိုးကို အဘယ့်ကြောင့် မေးရသည်နည်း။

“မတူညီတဲ့အတွေ့အကြုံ နဲ့ မတူညီတဲ့ ကြိုးစားမှုတွေ ရှိခဲ့ရတာပဲ။ ဒီတော့ ပေးရမယ့် အရင်းအမြစ်ကလည်း တူညီမှာ မဟုတ်ဘူး။” လီယွင်သည် အမှတ်မထင် ရှင်းပြလိုက်၏။

“အဟုတ်ပဲ”

လီယွင်၏ စကားကို ကြားရသည့် အချိန်မှာတော့ စတုတ္ထအကြီးအကဲ၏ မျက်လုံးများက တောက်ပသွား၏။ သူသည် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။

“မေးချင်ပါတယ် နန်းဆောင်သခင် … ကျုပ်တို့ထဲမှာ အင်မော်တယ်ဘုရင် ဖြစ်လာဖို့အတွက် ဘယ်သူက အခွင့်အရေး အများဆုံးလဲ။ ပြီးတော့ ဘယ်သူက ကုန်ကျစရိတ်အနည်းဆုံးလဲ။”

“ဒါက ရိုးရှင်းတယ်လေ။ “

လီယွင်က ရယ်မောလိုက်၏။ သူသည် အားလုံးကို လှမ်းကြည့်လိုက်ပြီး ဖြေးညင်းစွာပြောလိုက်၏။

“အင်း … ကျုပ်သိတယ်ဆိုပေမဲ့ ဘာလို့ပြောပြရမှာလဲ။ကောင်းကင်လျှို့ဝှက် နန်းဆောင်မှာရှိတဲ့ သတင်းအချက်အလက် တွေက လွယ်လွယ်ကူကူနဲ့ ရရှိတာမဟုတ်ဘူး။ သတင်းအချက်လက် တစ်ခုကို ရရှိဖို့ဆိုရင် ကျိန်းသေပေါက် ခင်ဗျားတို့အနေနဲ့ ပမာဏတစ်ခုကို ပေးရလိမ့်မယ်။ အခုချိန်မှာ ထျန်းမင်တောင် နတ်ဆိုးသူတော်စင်ရဲ့ လက်ထဲကို ခင်ဗျားတို့ ကျရောက်ဖို့ အခြေအနေရှိတယ်။ ဒီတော့ ဒီအခြေအနေ တစ်ခုကို ကယ်တင်နိုင်မဲ့ အင်မော်တယ်ဘုရင်တစ်ယောက်ဆိုတာက ခင်ဗျားတို့ရဲ့အသက်သွေးကြောဖြစ်တယ်။ နတ်ဆိုးသူတော်စင် သာ သတင်းအချက်အလက်အတွက် ကျုပ်ကို များများစားစားနဲ့ ကမ်းလှမ်းလာမယ်လို့ ဆိုရင် ဘယ်လိုလုပ်မလဲ။”

လီယွင်သည် အပြုံးတစ်ဝက်ဖြင့် မေးမြန်းလိုက်၏။ ဤမေးခွန်းသည် အားလုံးကို တိတ်ဆိတ်ငြိမ်သက် သွားစေ ခဲ့၏။ အနည်းဆုံးရှောင်ကလန်အနေနှင့် ဘာတစ်ခုကိုမှ ဆက်လက်ကာ ပြောဆိုနိုင်ခြင်း မရှိတော့ချေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ထျန်းမင်တောင်၏ နတ်ဆိုး သူတော်စင်ကို ဂရုမစိုက်သည်မှာ ထင်ရှား၏။ နတ်ဆိုးသူတော်စင် တစ်ယောက် သူတို့ရှောင်ကလန် တစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်မည် ဆိုလျှင်တောင်မှ သူနှင့်မဆိုင်သလို နေနိုင်၏။

“စီနီယာ …. ကျုပ်တို့အနေနဲ့ လက်ထဲမှာရှိတဲ့ သတင်းအချက်အလက်တွေကို လဲလှယ်ဖို့အတွက် ဘယ်လောက် လိုအပ်လဲ။ “

ရှောင်ဝူရှန်သည် လေးနက်သည့် အမူအရာဖြင့် မေးမြန်းလိုက်၏။ ဤစကားစုကို ပြောဆိုပြီးနောက် သူသည် ကျိန်းသေပေါက် ကုန်ကျစရိတ်များကို ပြင်ဆင်ထားလိုက်သည်။

“အများကြီးမဟုတ်ပါဘူး။”

လီယွင်သည် လက်ငါးချောင်းကို ထောင်ပြလိုက်၏။ “အန္တိမကျင့်ကြံခြင်း ပစ္စည်းငါးခု”

“အန္တိမကျင့်ကြံခြင်း ပစ္စည်းငါးခုဟုတ်လား။ “

ရှောင်ဝူရှန်သည် မျက်မှောင်ကုတ်လိုက်မိ၏။ သို့ပေမဲ့ ထိုစကားကို ကြားရသည့်အချိန်မှာ စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းငါးခုနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ဤအရာသည် ကောင်းချီး တစ်ခု ကဲ့သို့ပင်။

သူသည်နောက်တွင်ရှိနေသည့် အကြီးအကဲခြောက်ယောက်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ လက်ရှိ အခြေအနေ၌ တတိယအကြီးအကဲ အင်မော်တယ်ဘုရင် ဖြစ်လာနိုင်သည့် အခွင့်အရေး၏ ကုန်ကျစရိတ်အား နန်းဆောင်သခင်က ထုတ်ဖော်ပြောဆိုခဲ့ပြီးပြီဖြစ်၏။

ထို့ကြောင့် အားလုံးသောသူတို့၏ စိတ်ဝင်စားမှုများက တိုးတက်လျက် ရှိနေလေ၏။ အင်မော်တယ်ဘုရင် ဖြစ်လာနိုင်သည့် တော်ဝင်အကြီးအကဲ ၊ တခြားအကြီးအကဲတို့ကို ရှာဖွေဖို့ ဆိုသည်မှာ ရိုးရှင်းလှသည့် ကိစ္စမဟုတ်ချေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ဝင်ရောက်ပြီးသည့်နောက် သူတို့သည် တစ်ဖက်လူ၏ ထောင်ချောက်ထဲသို့ သက်ဆင်းသွားသကဲ့သို့ပင် ခံစားနေမိ၏။ ရှောင်ကလန်မှ မည်သူသည် အင်မော်တယ် ဘုရင်အဆင့်ဆီသို့ တက်လှမ်းသွားနိုင်မည်နည်းဆိုသော အကြောင်းအရာသည် အားလုံးသောသူတို့၏ စိတ်ထဲတွင် တမြေ့မြေ့နှင့် သိချင်စရာဖြစ်သော အကြောင်းအရာပင် ဖြစ်လို့လာခဲ့၏။

သူတို့သည် စိတ်လှုပ်ရှားလျက်ရှိနေတုန်းမှာပဲ သတင်းအချက်အလက်အတွက် သက်ဆိုင်ရာ အရင်းအမြစ်များကို ကျိန်းသေပေါက် ထုတ်ယူရပေတော့မည်။

အန္တိမအဆင့် ပစ္စည်းငါးမျိုး၊ ထို့အပြင် ဤအရာသည် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းငါးမျိုးလောက် ထုတ်ဖော်ရ ခက်ခဲလှသည့်အရာ မဟုတ်ချေ။ ရှောင်ကလန်အနေနှင့် နာကျင်စရာ ကိစ္စရပ်မျိုး ရှိသည်ဆိုလျှင်တောင်မှ ထိုအရာကို တတ်နိုင်သေး၏။

ရှောင်ဝူရှန်သည် အံကိုကြိတ်ပြီးသည့်နောက် သူ၏ လက်ထဲတွင် ရှိနေသည့် သိုလှောင်လက်စွပ်တစ်ခုကို ချွတ်ယူလိုက်၏။ ပြီးသည့်နောက် လေးလေးစားစားဖြင့် လီယွင်ဆီသို့ ကမ်းပေးလိုက်သည်။ “စီနီယာ.. ဒီလက်စွပ်ထဲမှာ အန္တိမအဆင့် ကျင့်ကြံခြင်းနည်းစနစ် ငါးခုရှိပါတယ်။ ဒါကို လက်သင့်ခံနိုင်မလား”

ရှောင်ကလန်၏ သမိုင်း၌ အင်မော်တယ်ဘုရင်တစ်ယောက် ထုတ်ဖော်နိုင်ခဲ့ပြီး အင်မော်တယ် ဘုရင်အဆင့် အမွေအနှစ်များကို ပိုင်ဆိုင်သည်။ ထို့ကြောင့် အန္တိမအဆင့် ကျင့်ကြံခြင်းနည်းစနစ် ငါးခုကို ပေးအပ်လိုက်ခြင်း ဆိုသည်မှာ ကြီးမားသည့် အရာတော့ မဟုတ်ချေ။

“လက်ခံတာပေါ့” လီယွင်သည် သိုလှောင်လက်စွပ်ကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် အသာ ခေါင်းညိတ်လိုက်၏။

“.........”

ရှောင်ဝူရှန်၏စကားလုံးများသည် တွန့်ဆုတ်သွားခဲ့၏။ သို့ပေမဲ့ သူ၏ မျက်လုံးထဲတွင် ရှိနေသည့် စိတ်လှုပ်ရှားမှုများ ကိုတော့ ဖုံးကွယ်ထားရန် မဖြစ်နိုင်ခဲ့ချေ။

“စိတ်မပူနဲ့။ ခင်ဗျား ရှာနေတဲ့ သတင်းအချက်အလက်တွေက ဒါပဲ” လီယွင်သည် လက်တစ်ဖက်ကို အသာမြှောက် ပြီးသည့်နောက် လေဟာနယ်ထဲသို့ ဝှေ့ယမ်းလိုက်၏။

ကျောက်စိမ်းပြားတစ်ခုက ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ နတ်ဘုရားသိစိတ်များနှင့် ပေါင်းစပ်ပြီးသည့်နောက် သူသည် များပြားလှသည့် စာလုံးများကို ကျောက်စိမ်းပြားပေါ်၌ ရေးထိုးလိုက်၏။ အရာအားလုံး ပြုလုပ်ပြီးနောက် ရှောင်ဝူရှန်ဆီသို့ ကမ်းပေးလိုက်သည်။

ရှောင်ဝူရှန်သည် သူ၏လက်ကို ဆန့်တန်းပြီး လေးလေးစားစားဖြင့် လက်ခံလိုက်၏။ သူသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ စတင်ကာ စစ်ဆေးကြည့်ရှုလိုက်၏။ အထဲတွင် ပါဝင်သည့် အကြောင်းအရာကို မြင်ရသည့် အချိန်မှာတော့ သူသည် တကယ်ပဲ ကြောင်အသွားခဲ့၏။

မူလအားဖြင့် ကျောက်စိမ်းပြားထဲတွင် ရှောင်ကလန်အနေဖြင့် အနည်းဆုံးသော ငွေကြေးပမာဏဖြင့် အင်မော်တယ် ဘုရင့်အဆင့်ကို မည်သူ ချိုးဖြတ်နိုင်မည့် အဖွဲ့ဝင်အကြောင်းကို သိရှိချင်ခြင်းသာလျှင်ရှိ၏။ သို့ပေမဲ့ တခြားသော အကြီးအကဲများသည် အင်မော်တယ်ဘုရင်အဆင့်သို့ မည်သည့်အချိန်တွင်ရောက်ရှိမည်ဖြစ်ပြီး အင်မော်တယ်ဘုရင် တစ်ယောက် ဖြစ်လာရန် မည်မျှ ကုန်ကျမည်ဆိုသော အကြောင်းအရာနှင့် ဈေးနှုန်းများကိုပါ သေသေချာချာ ရေးသားထားသည်။

အင်မော်တယ်ဘုရင်အဆင့်ဆီသို့ အဆင့်ချိုးဖြတ်နိုင်ရန် ဆိုသည်မှာ ဤကျောက်စိမ်းပြားထဲတွင် ပါဝင်လျက် ရှိနေသည့် မှတ်တမ်းအတိုင်း ပြုလုပ် လိုက်နာရန်သာ လိုအပ်နေ၏။ လုံလောက်သည့် အရင်းအမြစ် ပစ္စည်းများကို ပြင်ဆင်ထားပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ အဆင့်သင့် ရောက်ရှိလာရုံပင်။ ထိုသို့ဆိုလျှင် ရှောင်ကလန်သည် ကျိန်းသေပေါက် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ရရှိမှာဖြစ်၏။

[တော်ဝင်အကြီးအကဲ - အဆင့်ချိုးဖြတ်ရန် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းသုံးခု လိုအပ်သည်]

[ဒုတိယအကြီးအကဲ - အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းခုနှစ်မျိုး လိုအပ်၏]

[ပဉ္စမအကြီးအကဲ - အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းနှစ်ခုနှင့် အန္တိမအဆင့် ပစ္စည်းခြောက်ခု လိုအပ်၏]

ရှောင်ဝူရှန်သည် အထဲတွင် ပါဝင်သည့် အကြောင်းအရာများကို ဖတ်ရှုပြီးသည့်နောက် သူ၏နှလုံးသားတစ်ခုလုံး လှုပ်ခါလျက် ရှိနေ၏။ မူလအားဖြင့် တတိယအကြီးအကဲသည် အဆင့် မချိုးဖြတ်နိုင်ဘူး ဆိုလျှင်တောင်မှ တော်ဝင် အကြီးအကဲသည် အရည်အချင်း ပြည့်ဝလိမ့်မည်ဟု ထင်မှတ်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် အန္တိမ ကျင့်ကြံခြင်းအဆင့်တွင် နှစ်ပေါင်းများစွာကြာအောင် တည်ရှိခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် ကျိန်းသေပေါက် အဆင့်ချိုးဖြတ်နိုင်မည့်လူကို သူက ဒုတိယအနေနှင့် သတ်မှတ်ထားခဲ့သည်။

မထင်မှတ်ထားလောက်အောင်ဘဲ ကောင်းမွန်သည့် ပါရမီကို မပိုင်ဆိုင်လောက်ဘူးလို့ သူထင်မှတ်ထားခဲ့သည့် ပဉ္စမအကြီးအကဲသည် အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ရန် အကောင်းဆုံးသော ပါရမီရှင် ဖြစ်လို့နေ ခဲ့၏။ ၎င်းသည် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိရန်အတွက် ငွေကြေးပမာဏ အနည်းဆုံးသော လူလည်း ဖြစ်၏။

အနောက်ဘက်တွင် ရှိနေသည့် အန္တိမအဆင့် ပစ္စည်းခြောက်မျိုးအတွက်ကတော့ သူသည် ကျိန်းသေပေါက် စိတ်ထဲတွင် ထားသည်မဟုတ်ချေ။ ထို့အပြင် အင်မော်တယ်ဘုရင်အဆင့် ရတနာများကို ပေးအပ်နေသည့် အချိန်တွင် အန္တိမအဆင့် ပစ္စည်းမျိုးကို မည်သူက ဂရုစိုက်မည်နည်း။

All Chapters