အပိုင်း (၆၀၀)
Vol. 41 Ch. 600
“ဘယ်လိုလဲ ကလန်ခေါင်းဆောင်”
ရှောင်ကလန်၏ စတုတ္ထအကြီးအကဲသည် မျှော်လင့်တကြီးဖြင့် လှမ်းကာ မေးမြန်းလိုက်၏။ သူသည် အကြီးအကဲများကြားထဲတွင် အားအကောင်းဆုံး လူတစ်ယောက် မဟုတ်လျှင်တောင်မှ အင်မော်တယ်ဘုရင် တစ်ယောက် ဖြစ်လာရန်အတွက် မျှော်လင့်ချက်တချို့ကတော့ တည်ရှိနေသေး၏။
အများအမြင်အရ အခွင့်အရေးအရ နည်းပါးသည် ဆိုလျှင်တောင်မှ အဆင့်ချိုးဖြတ်ပြီး အင်မော်တယ် ဘုရင်အဆင့် ဆီသို့ တက်လှမ်းနိုင်ရန် ဆိုသည်မှာ သူ၏ မျှော်လင့်ချက်ပင် ဖြစ်၏။ လူတချို့သည် အဆင့် ချိုးဖြတ်နိုင်ရန် ရုန်းကန်လျက် ရှိနေတုန်းမှာပဲ သူ့အနေနှင့် သတင်းအချက်အလက် တချို့ကို ရရှိပြီး အဆင့်ချိုးဖြတ်နိုင်ဖို့ အခွင့်အရေးကို ရရှိမည်ဆိုလျှင် အမှန် ကောင်းမွန်သည့် အရာပင်။
“ကျုပ်ဆီမှာ ရလဒ်ရှိပြီ”
ရှောင်ဝူရှန်က စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ သူသည် နတ်ဘုရား သိစိတ်များကို ပြန်လည်ရုတ်သိမ်းပြီးသည့်နောက် လီယွင်ကို ဦးညွတ်လိုက်သည်။ “လမ်းညွှန်မှုအတွက် အများကြီး ကျေးဇူးတင်ပါတယ် စီနီယာ”
“ဒါ... ခင်ဗျား ထိုက်တန်တဲ့အရာပဲလေ” လီယွင်သည် လက်ကို အသာယမ်းခါလိုက်၏။
ရှောင်ဝူရှန်သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေပြီး သူသည် လီယွင်ကို ဦးညွတ်ကာ ဂါရဝပြုနေတုန်းပင်။ ပြီးသည့်နောက် ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက် အကြီးအကဲများ အားလုံးတို့ကို တစ်ယောက်ချင်းစီ လိုက်လံ ကြည့်ရှုလိုက်၏။ အကြီးအကဲ တစ်ယောက်ချင်းစီတိုင်း၏ သူ့ကို ပြန်လည်ကြည့်သည့် အကြည့်များသည် နှလုံးသားတစ်ခုလုံး တင်းကျပ်နေသကဲ့သို့ပင်။ နောက်ဆုံး၌ သူ၏အကြည့်သည် ပဉ္စမအကြီးအကဲဆီသို့ ရောက်ရှိသွားခဲ့သည်။
“ဟမ်”
မူလအားဖြင့် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည့် ပဉ္စမအကြီးအကဲ၏ မျက်ခုံးများက လှုပ်သွား၏။ သူ၏ မျက်နှာတွင် အံ့အားသင့်မှုများ ပေါ်ပေါက်လာခဲ့၏။ ပြီးနောက် ပျော်ရွှင်ဝမ်းသာသွားသည့် အရိပ်အယောင်မျိုး ထင်ပေါ်လာခဲ့၏။ သူသည် နှလုံးသားတွင် ဖြစ်ပေါ်နေသည့် ပျော်ရွှင်မှုများကို မနည်း ဖိနှိပ်ပြီးသည့်နောက် အဓိပ္ပာယ်ပါပါဖြင့် မေးမြန်းလိုက်၏။ “ကလန်ခေါင်းဆောင်.. ကျုပ်ကို ဘာလို့ ဒီလို ကြည့်နေတာလဲ”
“ဂုဏ်ယူပါတယ် ပဉ္စမအကြီးအကဲ” ရှောင်ဝူရှန်က ပြုံးကာ ပြောလိုက်၏။
ကျောက်စိမ်းပြားထဲတွင် တော်ဝင် အကြီးအကဲနှင့် တခြားသောသူများ အဆင့်ချိုးဖြတ်နိုင်ရန်အတွက် ကုန်ရမည့် အရင်းအမြစ်သည် ပဉ္စမအကြီးအကဲထက် ပိုမိုကာ များပြားလျက် ရှိနေ၏။ ရှောင်ကလန်အနေနှင့် တော်ဝင်အကြီးအကဲကို အဆင့် ချိုးဖြတ်နိုင်အောင် ပြုလုပ်နိုင်သည်ဆိုလျှင်တောင်မှ ကုန်ကျစရိတ်က ပိုမိုကာ ကြီးမားသည်။
ထို့အပြင် နည်းစနစ်များကို ပေးအပ်ခြင်းဖြင့် ဤအရာများကို ရရှိခဲ့ခြင်းဖြစ်၏။ လက်နက်များကို ပေးအပ်ဖို့ ဆိုသည်ကတော့ ခြားနားလွန်းလှသည်။ နည်းစနစ်ဆိုသည်မှာ ဦးနှောက်ထဲတွင် ရှိနေသည့် အရာများ ဖြစ်သောကြောင့် ပြန်လည်ကာ ကူးရေးနိုင်၏။ လက်နက်မှာတော့ ကူးယူ၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။
ပဉ္စမအကြီးအကဲသည် လက်နက်မရှိဘဲ အင်မော်တယ်ဘုရင် ဖြစ်လာသည်ဆိုပါက ၎င်း၏ တိုက်ခိုက်ခြင်း အားအင်သည် ကျိန်းသေပေါက် သိသိသာသာ လျော့ကျသွားပေလိမ့်မည်။ ထျန်းမင်တောင်၏ နတ်ဆိုးသူတော်စင် နှင့် ရင်ဆိုင်တွေ့သည့် နေရာတွင် ဤအကြောင်းပြချက်နှင့် သူတို့၏ အင်မော်တယ်ဘုရင်သည် လွယ်လွယ်ကူကူ ရှုံးနိမ့်သွားနိုင်၏။ ထို့ကြောင့် မည်သို့ပင်ဖြစ်ဖြစ် သူသည် အဆင့်ချိုးဖြတ်နိုင်ရန်အတွက် ခွင့်ပြုပေးရမည့် အခြေအနေ အကောင်းဆုံးသူသည် ပဉ္စမအကြီးအကဲဖြစ်ကြောင်း သိသာလာခဲ့၏။
“ကျုပ်လား” ပဉ္စမအကြီးအကဲသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူသည် မယုံကြည်နိုင်သလိုပင်။
“ဟုတ်တယ်” ရှောင်ဝူရှန်က ခေါင်းညိတ်လိုက်သည်။
တခြားသော ရှောင်ကလန်၏ အကြီးအကဲများကလည်း ပြုံးလိုက်မိ၏။ သူတို့အားလုံးသည် ရှုပ်ထွေးလျက်ရှိသည့် ခံစားချက်များ ဖြစ်တည်နေကြ၏။ သူတို့သည် ရွေးချယ်ခံရသည့် လူတစ်ယောက် မဟုတ်သောကြောင့် စိတ်ပျက်လက်ပျက်တော့ ဖြစ်မိနေ၏။
“ကျေးဇူးပါ နန်းဆောင်သခင်” ပဉ္စမအကြီးအကဲသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ လက်ရှိအချိန်တွင်တော့ သူသည် စိတ်အားတက်ကြွမှုများနှင့် ပြည့်နှက်လျက်ရှိနေပြီး အလွန်ငယ်ရွယ်သည့် သူ၏ လူငယ်ဘဝဆီသို့ ပြန်လည်ရောက်ရှိသွားသလိုပင် ခံစားနေမိသည်။
ဤအရာသည် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာနိုင်သည့် အခွင့်အရေးပင်ဖြစ်၏။ နန်းဆောင်သခင်၏ စကားသည် သူ၏ ဘဝတစ်ဆစ်ချိုးကို ပြောင်းလဲစေနိုင်ခဲ့၏။ နန်းဆောင်သခင်၏ လမ်းညွှန်ပြသမှုသာ မရှိပါက သူသည် အင်မော်တယ်ဘုရင်အဆင့်ဆီသို့ ချဉ်းကပ်လျက်ရှိနေသည် ဆိုလျှင်တောင်မှ အနာဂတ်တွင် အင်မော်တယ်ဘုရင်တစ်ယောက် မည်သည့်အချိန်တွင် ဖြစ်မည်ဆိုသည်က မသေချာလှချေ။
“အင်း... ကျုပ်ကို ကျေးဇူးတင်ဖို့ မလိုဘူး။ အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာဖို့ဆိုတာက ပေးရမယ့် တန်ကြေးတွေရှိတယ်” လီယွင်က အမှတ်တမဲ့ဖြင့် ပြောလိုက်၏။
“ကျိန်းသေတာပေါ့”
ပဉ္စမအကြီးအကဲသည် စိတ်အားတက်ကြွစွာဖြင့် ပြောလိုက်သည် “နန်းဆောင်သခင်ပြောတာ အမှန်ပါပဲ”
ပြီးနောက် သူသည် မျှော်လင့်တကြီး အကြည့်နှင့်အတူ သူ၏ ကလန်ခေါင်းဆောင်ဆီသို့ လှမ်းကာ ကြည့်လိုက်၏။
ရှောင်ကလန်၏ ပဉ္စမအကြီးအကဲသည် ဂုဏ်သိက္ခာအပိုင်းအရ ကြီးကျယ်မြင့်မြတ်လှပြီး လုံလောက်သည့် အခွင့်အာဏာကို ပိုင်ဆိုင်သည်ဆိုသော်လည်း အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းများကို အသုံးပြုရမည့် အခြေအနေမျိုး သည် သူ၏ လုပ်ပိုင်ခွင့်ထဲ၌ မရှိချေ။ ပထမဦးဆုံးအနေနှင့် ကလန်ခေါင်းဆောင်၏ အတည်ပြုမှုကို လိုအပ်လျက် ရှိနေသည်။
“စီနီယာ... ဒါ ရှောင်ကလန်ရဲ့ ဘိုးဘေးနည်းစနစ် နှစ်ခုပါပဲ။ ဒါတွေကို အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းတွေအဖြစ် အသုံးပြုလို့ရလား” ရှောင်ဝူရှန်သည် ခဏလောက် စဉ်းစားပြီးသည့်နောက် ကျောက်စိမ်းပြားနှစ်ခုကို လီယွင်ဆီသို့ ကမ်းပေးလိုက်၏။
ရှောင်ကလန်၏ သမိုင်းထဲတွင် သူတို့၏ ကိုယ်ပိုင်နည်းစနစ်များကို ဖန်တီးနိုင်ခဲ့သည့် အင်မော်တယ်ဘုရင် နှစ်ယောက်ရှိခဲ့ပြီး ထိုအင်မော်တယ်ဘုရင်အဆင့် နည်းစနစ်သည် မျိုးရိုးစဉ်ဆက်အလိုက် မျိုးဆက်သစ်များကို လက်ဆင့်ကမ်းသည့်အရာဖြစ်၏။ ထို့ကြောင့် လက်နက်များကို ပေးအပ်ရခြင်းထက် နည်းစနစ်များကို ပေးအပ်ရခြင်းက ပိုမိုကာ ကောင်းမွန်သည့် ရွေးချယ်မှုဖြစ်သည်ဟု သူက ဆုံးဖြတ်ခဲ့သည်။
“လက်ခံတယ်” လီယွင်က ခေါင်းညိတ်လိုက်၏။
တုံ့ပြန်မှုကို ကြားရသည့်အချိန်မှာတော့ ရှောင်ဝူရှန်သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းများ ဖြစ်သည်ဆိုပါက ဘာဖြစ်ဖြစ် လက်ခံသည့် အခြေအနေမျိုးပင်။
ဤတစ်ကြိမ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လာသည့်အချိန်တွင် ကောင်းကောင်းမွန်မွန်နှင့် ကြိုတင်ကာ ပြင်ဆင်လာခဲ့၏။ များပြားလှသည့် တန်ဖိုးကြီးအရာများကိုလည်း ယူဆောင်လာမိသည်။
မူလအားဖြင့် သူ၏ အစီအစဉ်သည် ထျန်းမင်တောင်၏ နတ်ဆိုးသူတော်စင်နှင့် မည်ကဲ့သို့ ရင်ဆိုင်ရမည် ဆိုသည့်အကြောင်းကို နန်းဆောင်သခင်ဆီ လာရောက်ကာ မေးမြန်းခဲ့ခြင်းပင်ဖြစ်၏။ သို့ပေမဲ့ ယခု အင်မော်တယ်ဘုရင် တစ်ယောက် ဖြစ်လာနိုင်ရန် အခွင့်အရေးကို ရရှိလို့နေ၏။ ထို့ကြောင့် ရှောင်ဝူရှန်သည် လက်စွပ်တစ်ကွင်းကို ထုတ်ယူကာဖြင့် လီယွင်ဆီသို့ ထပ်ပေးလိုက်၏။
“ဒီအထဲမှာ အန္တိမအဆင့် ပစ္စည်းခြောက်မျိုး ရှိပါတယ်။ ကျေးဇူးပြုပြီး ကြည့်ပါအုံး စီနီယာ”
“ကောင်းပြီ”
လီယွင်သည် သိုလှောင်လက်စွပ်ကို လှမ်းယူပြီးသည့်နောက် အထဲတွင် ရှိနေသည့် အရာများကို နတ်ဘုရားအသိအမြင်နှင့် လှမ်းကာ ကြည့်ရှုလိုက်၏။ အထဲတွင် ရှိသည့်အရာများကို အတည်ပြုပြီးသည့်နောက် သူသည် ကျောက်စိမ်းပြားတစ်ခုအား ပဉ္စမအကြီးအကဲ လက်ထဲသို့ လှမ်းပစ်ပေးလိုက်သည်။ “ဒါ ခင်ဗျားအတွက် အခွင့်အလမ်းပဲ။ ဒါလက်ထဲရောက်ပြီဆိုတာနဲ့ အင်မော်တယ်ဘုရင်အဆင့်ကို ရောက်နိုင်မယ့် နောက်ဆုံး ခြေလှမ်းကို လှမ်းနိုင်လိမ့်မယ်”
“ကျေးဇူးပါပဲ စီနီယာ” ပဉ္စမအကြီးအကဲသည် ကျောက်စိမ်းပြားကို လှမ်းယူလိုက်၏။ သူ၏လက်သည် တုန်ယင်လျက် ရှိနေ၏။ သူ၏ မျက်လုံးများသည်လည်း စိတ်လှုပ်ရှားမှုများနှင့် တောက်ပလျက် ရှိနေခဲ့၏။
သူသည် ပါဝင်သည့် အကြောင်းအရာများကို မြန်မြန်ဆန်ဆန် ဖတ်ရှုပြီးသည့်နောက် စိတ်ထဲတွင် မှတ်လို့ထား၏။ အခွင့်အရေးသည် ရှောင်ကလန်နှင့် ဝေးကွာသည့် တည်နေရာမျိုးတွင် မရှိချေ။ နက်နဲလျှို့ဝှက်လောက အတွင်း၌သာ တည်ရှိ၏။
ဖုံးကွယ်ထားသည့် အကြောင်းအရာ ဖြစ်သည်ဆိုသော်လည်း နက်နဲမီးတောက်လောကကြီး မပျက်စီးခင်က တည်ရှိခဲ့သည့် ရှေးဟောင်းတည်နေရာတစ်ခုပင် ဖြစ်လို့နေခဲ့၏။ လောကများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သောကြောင့် နန်းဆောင်သခင်၏ လမ်းညွှန်ပြသမှုသာ မရှိသည်ဆိုပါက ဤအခွင့်အရေး တည်ရှိနေလိမ့်မည်ဟု သူတို့ ထင်ပင် ထင်မိလိမ့်မည် မဟုတ်ချေ။
“တခြားကိစ္စ မရှိဘူးဆိုရင် သွားလို့ရပြီ” လီယွင်သည် လက်ကိုယမ်းခါကာ ပြောလိုက်သည်။
“ကောင်းပါပြီ။ နှုတ်ဆက်ပါတယ် စီနီယာ” ရှောင်ဝူရှန်နှင့် တခြားသောသူများသည် လေးလေးစားစားဖြင့် ဦးညွတ်ပြီးသည့်နောက် နန်းဆောင်ထဲမှ ထွက်ခွာသွားခဲ့၏။
နန်းဆောင်၏ အပြင်ဘက်တွင်တော့ စတုတ္ထ အကြီးအကဲသည် မည်သို့မှ မနေနိုင်ဘဲ စိတ်ဝင်စားမှုအပြည့်ဖြင့် မေးမြန်းလိုက်သည်။ “ပဉ္စမအကြီးအကဲ... နန်းဆောင်သခင်ပေးခဲ့တဲ့ ကျောက်စိမ်းပြားထဲမှာ ရေးထားတာ ဘာတွေလဲ”
ထိုမေးခွန်းကို ကြားသည့်အချိန်မှာတော့ ရှောင်ကလန်မှ လူများသည် မနေနိုင်ဘဲ လှမ်းကာ ကြည့်ရှုလိုက်ကြ၏။ သူတို့သည် အင်မော်တယ်ဘုရင် ဖြစ်မလာကြသော်လည်း နန်းဆောင်သခင် လမ်းညွှန်ပြသမှုနှင့် ပတ်သက်၍ အမှန်ပဲ စိတ်ဝင်စားလျက် ရှိ၏။ နန်းဆောင်သခင် ပေးခဲ့သည့် တန်ဖိုးကြီးမားသော အကြံကို မည်သူ မသိချင်ဘဲ နေမည်နည်း။ စောဏတုန်းက မေးမြန်းရန် ထိန်းသိမ်းခဲ့ခြင်းဆိုသည်မှာ နန်းဆောင်သခင်၏ မျက်နှာကြောင့် သာလျှင် ဖြစ်၏။
“ဘာမှ မဟုတ်ဘူး”
ပဉ္စမအကြီးအကဲသည် ခေါင်းကို ခါယမ်းလိုက်သည်။ “လိပ်စာလေး တစ်ခုပဲ”
“လိပ်စာတစ်ခု ဟုတ်လား”
စတုတ္ထအကြီးအကဲက မေးခွန်းထုတ်လိုက်၏။ ပြီးနောက် အသာပြောလိုက်၏။ “ပြောရမယ်ဆိုရင် ရှေးလှိုဏ်ဂူ တစ်ခုထဲမှာလား။ ဒါမှမဟုတ် အင်မော်တယ်သစ်သီး တစ်ခုခု တည်ရှိနေတဲ့ တည်နေရာမျိုးလား”
“အင်း.. အင်မော်တယ်ဘုရင်တစ်ယောက်ရဲ့ တာအိုအသွင်ပြောင်းခြင်း အသုံးပြုတဲ့ လောကတစ်ခုပေါ့” ပဉ္စမအကြီးအကဲ သည် ခဏလောက် စဉ်းစားပြီးသည့်နောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“တာအိုအသွင်ပြောင်းတာ ဟုတ်လား” အားလုံးတို့သည် ထိုအရာကို ကြားသည့်အချိန်မှာတော့ အံ့အားသင့်မိကြ၏။
အင်မော်တယ်ဘုရင်တစ်ယောက် အချိန်နှင့်တည်နေရာ နိယာမများကို ကျော်ဖြတ်ရန်အတွက် တာအိုအသွင်ပြောင်းခြင်း လမ်းစဉ်ကို လှမ်းလျှောက်ရသည့် အခြေအနေတွင် အသုံးပြုခဲ့သည့် လောကကြီးတစ်ခု ဖြစ်ပုံပေါ်၏။ ဤအရာသည် တာအိုသစ်သီးနှင့် တူညီလှသည့် အခြေအနေမျိုးပင်။ လုံလောက်သည့် အသိအမြင် များကို စုစည်းရယူနိုင်သည်ဆိုပါက ကြီးမားလှသည့် အကျိုးအမြတ်ကို ရရှိမှာ သေချာသည်။
အင်မော်တယ်ဘုရင်များသည် အဆင့်ချိုးဖြတ်နိုင်ရန်အတွက် နည်းလမ်းပေါင်း မြောက်များစွာကို အသုံးပြုခဲ့၏။ တချို့က ပြန်လည်မွေးဖွားခြင်း နည်းလမ်းကို ရွေးချယ်ကြပြီး တချို့မှာတော့ အသင်္ချေ များပြားသည့် လောက အသီးသီးကို လှည့်လည်သွားလာကြပြီး ၎င်းတို့၏ ကိုယ်ပိုင်လမ်းစဉ်ကို တိုးတက်လာရန်အတွက် ရှာဖွေကြ၏။
“အင်း.. တာအိုအသွင်ပြောင်းခြင်း ပြုလုပ်တဲ့ လောကတစ်ခုဆိုရင် ပဉ္စမအကြီးအကဲကြီးက အကောင်းမွန်ဆုံးသော ပါဝင်ယှဉ်ပြိုင်သူ တစ်ယောက်ပဲ”
တော်ဝင်အကြီးအကဲသည် လှမ်းကာ ပြောဆိုလိုက်၏။ ပြီးသည့်နောက် သူသည် ရုတ်တရက် သတိပေးလိုက်၏။ “နန်းဆောင်သခင် ပေးခဲ့တဲ့ သတင်းအချက်အလက်ဆိုတာ တခြားသောသူတွေ အကုန်လုံး သိရှိတယ် ဆိုရင်တောင်မှ နောက်ဆုံးသော ခြေလှမ်းကို လှမ်းနိုင်မယ့် အခွင့်အရေးမျိုး မဟုတ်ဘူး။ တစ်ယောက်ချင်းစီအတွက် သီးသန့်ရတဲ့ အရာမျိုးပဲ မဟုတ်လား”