အပိုင်း (၆၀၉)
Vol. 41 Ch. 609
“မျှော်လင့်ရတာပဲ” စတုတ္ထအကြီးအကဲသည် နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်၏။ သူသည် စိုးရိမ်ကြီးစွာဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်မိသည်။ အနားပတ်ဝန်းကျင်တွင် ရှိနေသည့် အရာအားလုံးကို လှည့်ပတ်ကာ စစ်ဆေးလျက် ရှိသည်။ ဘာမှန်းမသိဘဲနှင့် သူသည် ခန္ဓာကိုယ် တစ်ခုလုံးတွင် ကြောက်လန့်သည့် ခံစားချက်များ လွှမ်းခြုံလျက် ရှိနေသည်။
ဤတည်နေရာဆီမှ ထွက်ပြေးသွားရန် အကြံအစည်သည် သူ၏ ဦးနှောက်ထဲ၌ တစ်ကြိမ်မက ထွက်ပေါ်လာ၏။ သို့ပေမဲ့ လက်ရှိ တည်နေရာသည် ရှောင်ကလန်၏ ဘိုးဘေးနယ်မြေတစ်ခုဖြစ်ပြီး ဤနေရာထက်ပို၍ လုံခြုံသည့် တည်နေရာ ဟူ၍ မရှိချေ။ တော်ဝင်သဲကန္တာရမြို့မှလွဲလျှင် ဤတည်နေရာသည် အလုံခြုံဆုံးဖြစ်၏။
ရှောင်ကလန်၏ အကြီးအကဲအားလုံးသည် ပဉ္စမအကြီးအကဲကို စောင့်မျှော်လျက် ရှိနေတုန်းမှာပဲ ဆံနွယ်ရှည်များ တည်ရှိနေသည့် လူတစ်ယောက်သည် သာမန်ထက်ပိုသည့် အရှိန်အဝါများနှင့်အတူ တစ်လှမ်းချင်း လှမ်းလျှောက်ကာ ဝင်လာခဲ့သည်။ ၎င်းသည် လေဟာနယ်ထဲတွင် အသာလှမ်းလာခြင်းဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေ တစ်ခုလုံးက အေးခဲသွားခဲ့သည်။
“ဒါ တကယ့်ကို ရတနာနေရာတစ်ခုပဲ။ အင်း... တစ်ခုခု ထိခိုက်သွားရင်တော့ နှမျောစရာပဲ” ထိုလူက တီးတိုး ရေရွတ်လိုက်၏။
ဤတည်နေရာကြီးသည် နှစ်ပေါင်းများစွာအကြာ ရှောင်ကလန် စီမံခန့်ခွဲခဲ့သည့် တည်နေရာတစ်ခုဖြစ်ပြီး များပြားလွန်းလှသည့် အစီအရင်များ တည်ရှိနေခဲ့၏။ သန်းနှင့်ချီသည့် အကွာအဝေး တစ်ခုလုံးတွင် စိတ်ဝိညာဉ် စွမ်းအင်များ စုဝေးလျက် ရှိနေ၏။ နှစ်သန်းပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ဤတည်နေရာတွင် ရှိနေသည့် သာမန်ကျောက်တုံး တစ်ခုပင်လျှင် တန်ဖိုးကြီးမားသော စိတ်ဝိညာဉ်ကျောက်တုံးများ ဖြစ်လာပေလိမ့်မည်။
“ဘယ်သူလဲ”
ထိုအချိန်မှာတော့ ရှောင်ကလန်၏ ဂိတ်တံခါးရှေ့တွင် မတ်မတ်ရပ်နေသော ရှောင်ကလန်၏ အဖွဲ့ဝင် နှစ်ယောက်တို့သည် လှမ်းအော်လိုက်၏။
“ကျုပ်လား”
ထိုသူသည် မျက်လုံးကို မှေးကျဉ်းကာဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။ “လူတစ်ယောက် မဟုတ်ဘူး”
“ဟမ်” ရှောင်ကလန်၏ တပည့်နှစ်ယောက်တို့သည် မျက်မှောင်ကုတ်သွားမိ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် ဒေါသတရားများ ပေါ်ပေါက်လာခဲ့၏။
နက်နဲလျှို့ဝှက်လောက တစ်ခုလုံးတွင် လူသားများသာ လွှမ်းမိုးထား၏။ မွန်းစတားကလန်များသည် အကန့်အသတ် တစ်ခုအထိ ဖိနှိပ်ခြင်းကို ခံရ၏။ သာမန် မွန်းစတားများသည် အပြင်သို့ ထင်ထင်ပေါ်ပေါ်ပင် လမ်းမလျှောက်ရဲကြချေ။
အဘယ်ကြောင့် မွန်းစတားတစ်ယောက်သည် ရှောင်ကလန်၏ ဂိတ်တံခါးဆီသို့ ဝံ့ဝံ့ရဲရဲ လာရောက်နေရသနည်း။ သေလမ်းရှာချင်နေသည်လား။ ဤလူသည် မွန်းစတားသာ မဟုတ်သည်ဆိုပါက အဆင်ပြေသေးသည်။ ဟုတ်နေသည်ဆိုပါက ရှောင်ကလန်ဆီသို့ ကျိန်းသေပေါက် လာရောက် ပြဿနာ ရှာခြင်းပင် ဖြစ်ပေလိမ့်မည်။
“တော်စမ်း... ရှောင်ကလန်က လာချင်တိုင်းလာလို့ရတဲ့ နေရာမဟုတ်ဘူး။ ဒီနေရာ မြန်မြန်ထွက်သွား။ မဟုတ်ရင် ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့” ရှောင်ကလန်မှ အဖွဲ့ဝင် တစ်ယောက်သည် တင်းမာခက်ထန်သည့် လေသံဖြင့် ပြောဆိုလိုက်၏။
“မင်းတို့ ရှောင်ကလန်က အရင်တုန်းကတည်းက တည်ရှိခဲ့တာလေ။ ဒါပေမဲ့ နက်နဲမီးတောက်လောကကြီးကို ငါ ထိန်းချုပ်ခဲ့တဲ့ အချိန်တုန်းက ရှောင်ကလန်နဲ့ ငါက တစောင်းစေးနဲ့ မျက်ချေး ဖြစ်ခဲ့တယ်။ အခု ငါ စည်းကို ချိုးဖြတ်ပြီးတော့ ထွက်လာနိုင်ပြီ။ မင်းတို့အားလုံး ကောင်းကောင်းမွန်မွန် အသက်ရှင်လျက် ရှိနေသေးတာကို မြင်ရတော့ သိပ်ပြီး စိတ်မကောင်းသလိုပဲ။ သမိုင်းရဲ့ မြစ်ရေစီးကြောင်းအောက်မှာ ငါ့ရဲ့ အဖွဲ့သားအားလုံး သေဆုံးမြှုပ်နှံခြင်း ခံခဲ့ရတယ်။ ဒီတော့ အခု မင်းတို့အားလုံး ငရဲပြည်ကို သွားဖို့ အချိန်ကျပြီ”
ထိုသူက တီးတိုး ပြောဆိုလိုက်၏။ သို့ပေမဲ့ သူ၏စကားလုံး တစ်ခုချင်းစီတိုင်းသည် ကျယ်လောင်စွာဖြင့် သူတို့၏ နားစည်ထဲသို့ ဝင်ရောက်လာခဲ့၏။ အထူးသဖြင့် ရှောင်ကလန် အဖွဲ့သားနှစ်ယောက်တို့ပင်။
နက်နဲမီးတောက် လောကကြီးဆိုသည့် စကားစုကို ပြောဆိုသည့် အချိန်မှာတော့ အားလုံးတို့သည် ဖိအားဒဏ်ကို ခံစားနေခဲ့ကြ၏။ ထိုလောကကြီးသည် ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်းကို သူတို့က ကောင်းကောင်းသိရှိ၏။ ယခု တစ်စုံတစ်ယောက်သည် ဘာမှမဖြစ်သကဲ့သို့ပင် ပြောဆိုလျက် ရှိနေ၏။ ဤလူသည် ရူးသွပ်နေသည့် လူတစ်ယောက် သို့မဟုတ် မွန်းစတားအိုကြီး တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
မွန်းစတားအိုကြီးသာ ဖြစ်မည်ဆိုပါက ကျိန်းသေပေါက် ကောင်းကင်ကို အုပ်စိုးခဲ့သည့် လူတစ်ယောက် ဖြစ်မှာ သေချာ၏။ ၎င်းတို့၏ မှတ်ဉာဏ်များထဲတွင် ပြန်လည်ကာ စဉ်းစားကြည့်သည်ဆိုပါက မွန်းစတား တစ်ယောက်တည်းသာ ရှိ၏။ ထိုသူသည် မကြာသေးခင်က ပေါ်ပေါက်လာခဲ့သည့် ထျန်းမင်တောင်သခင်ပင်။
...........
ရှောင်ကလန်သား တစ်ယောက်သည် အချိန်မီ တုံ့ပြန်လိုက်၏။ သူသည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်မိ၏။ သူ့အနေနှင့် တစ်စုံတစ်ယောက်ကို လှမ်းကာ သတိပေးရန် ပြင်ဆင်လိုက်ခြင်းဖြစ်၏။ သို့ပေမဲ့ ပါးစပ်ကို ဟလိုက်သည့်အချိန်မှာပဲ တစ်ချက်ကလေးမှပင် အသံမထွက်ခဲ့ချေ။ တစ်ခါတည်း ခေါင်းအစ ခြေအဆုံး အလင်းတန်းများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့၏။
“ဟမ့်”
ထျန်းမင်တောင်သခင်သည် ခက်ထန်လွန်းလှသည့် ဟန်ပန်အမူအရာများကို ထုတ်ဖော်နေသည်။ “သူတို့ကို သွားပြီး မနှောက်ယှက်နဲ့။ မဟုတ်ရင် အကုန်လုံး သွေးချောင်းစီးကုန်လိမ့်မယ်။ လူသားတွေရဲ့သွေးက ညစ်ညမ်းလွန်းတယ်” ပြောပြီးပြီးချင်းမှာပဲ ကလန်သား နှစ်ယောက်တို့၏ ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားခဲ့သည်။
ပုရွက်ဆိတ်ကလေး နှစ်ကောင်ကို အမှတ်တမဲ့ သုတ်သင်ပြီးသည့်နောက် ထျန်းမင်တောင်၏ သခင်သည် မည်သူ့ကိုမှ ဂရုမစိုက်ချေ။ ကျယ်ပြောသည့် တည်နေရာကြီးကို လှမ်းကာ ကြည့်ရှု၏။ ပြီးသည့်နောက် သူသည် နတ်ဘုရားတောင်ထွတ်များဆီသို့ လှမ်းကာ လျှောက်လိုက်၏။ သူ၏ရှေ့တွင် ရှိနေသည့် ရှောင်ကလန်၏ အစီအရင်သည် ဟာသတစ်ခုသာသာပင်။ သူ့ကို ကျိန်းသေပေါက် တားဆီးနိုင်စွမ်း မရှိချေ။
ထို့အပြင် လက်ရှိ ရှောင်ကလန်သည် ယခင်ကနှင့် တူညီသည် မဟုတ်ချေ။ နက်နဲမီးတောက်လောကကြီး တစ်စစီ ဖြစ်သွားပြီးသည့်နောက် လက်ရှိ ရှောင်ကလန်သည် ပြန်လည်တည်ဆောက်ထားရသည့် အရာဖြစ်၏။ ထို့ကြောင့် ရှောင်ကလန်၏ အစီအရင်သည် အန္တိမအဆင့်အစီအရင်များသာလျှင် ဖြစ်၏။ အင်မော်တယ် ဘုရင်တစ်ယောက်အတွက် ထိုအရာကို ဖျက်ဆီးဖို့ဆိုသည်မှာ အလွန်တရာ လွယ်ကူလွန်းလှ၏။
ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပြီးသည့်နောက် ရှောင်ဝူရှန်သည် အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိနေ၏။ ဘေးတစ်ဖက်တွင် ရှိနေသည့် ရေနွေးခွက်ကို ကောက်ယူကာ သောက်လိုက်၏။ ချက်ချင်းပဲ သူသည် ရေနွေးခွက် တစ်ခုလုံး အေးစက်လျက် ရှိနေသည်ကို ခံစားမိ၏။ ပြောရမည်ဆိုလျှင် ကလန်ထဲတွင် ရှိနေသည့် လူပေါင်းများစွာ တို့သည် မိမိတို့၏ လုပ်ငန်းဆောင်တာများနှင့် အလုပ်ရှုပ်လျက် ရှိနေကြသည်။
ရှောင်ဝူရှန်သည် အတွေးများနှင့်အတူ ခေါင်းနောက်အောင် ခံစားနေမိ၏။ လက်ကို အသာမြှောက်ပြီး သည့်နောက် စားပွဲခုံကို အသာပုတ်လိုက်၏။ ထွက်ပေါ်လာသည့်အသံသည် မကျယ်လှချေ။ သို့ပေမဲ့ ဟောခန်း တစ်ခုလုံးကို ပဲ့ထင်ထပ်သွားခဲ့၏။ သို့ပေမဲ့ လက်ဖက်ရည် လာရောက်ကပ်မည့်လူသည် မည်သူမှ မရှိချေ။
“လွန်လွန်းလာပြီ”
ရှောင်ဝူရှန်၏ အမူအရာသည် ဒေါသတရားများ ပြည့်နှက်လာခဲ့၏။ သူသည် နတ်ဘုရား အသိအမြင်များကို ဖြန့်ကျက်ကာဖြင့် ပျင်းရိလျက် ရှိနေသည့် ကလန်အဖွဲ့ဝင်များ အားလုံးကို လှမ်းကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ မည်သည့် အသက်ဓာတ်ကိုမှ မမြင်ရချေ။
“ဘာဖြစ်တာလဲ” ရှောင်ဝူရှန်က တီးတိုးရေရွတ်လိုက်၏။ သို့ပေမဲ့ သူသည် နတ်ဘုရားအသိအမြင်များကို ထပ်မံကာ ဖြန့်ကျက် ကြည့်ရှုလိုက်၏။ ရှောင်ကလန် တစ်ခုလုံးကို ကြည့်ရှုလိုက်ခြင်းပင်။ ဤတစ်ကြိမ်မှာတော့ သူ၏ အမူအရာ တစ်ခုလုံးက ပြောင်းလဲသွားခဲ့၏။ ပြီးသည့်နောက် မိုးကြိုးပစ်ခံလိုက်ရသလိုပင် တည်နေရာတွင် မတ်မတ်ကြီး တည်ရှိနေမိ၏။ ပြောရမည်ဆိုလျှင် သူနှင့် အကြီးအကဲအနည်းငယ်မှလွဲလျှင် ရှောင်ကလန် တစ်ခုလုံး၌ သက်ရှိသတ္တဝါဟူ၍ မရှိတော့ချေ။