← Chapters

အပိုင်း (၆၁၀)

Vol. 41 Ch. 610

အပိုင်း (၆၁၀)

Vol. 41 Ch. 610

“ဘယ်လိုဖြစ်နိုင်မှာလဲ” ရှောင်ဝူရှန်က တုန်လှုပ်သွားမိ၏။ ရှောင်ကလန်သည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး သောင်းနှင့်ချီသည့် ကလန်အဖွဲ့ဝင်များ တည်ရှိ၏။ တော်တော်များများတို့သည် အားကောင်း၏။ ကလန်ထဲတွင် လှုပ်ရှားတက်ကြွစွာဖြင့်‌ နေထိုင်ကျင့်ကြံနေကြ၏။ သို့ပေမဲ့ ယနေ့အချိန်မှာတော့ ဝိညာဉ် တစ်ခုတလေကိုမှပင် မမြင်ရခဲ့ချေ။ အားလုံးတို့သည် ချက်ချင်းပဲ ပျောက်ကွယ်သွားသလိုပင်။ မမြင်ရသည့် လက်ကြီးတစ်ဖက် ဖြစ်တည်လာပြီး ထိုသူများအားလုံးကို သတ်ဖြတ်ကာ ယူဆောင်သွားသကဲ့သို့ပင်။

ချက်ချင်းဆိုသလိုပဲ ရှောင်ဝူရှန်သည် ခေါင်းအစ ခြေအဆုံး အေးစက်သည့် ခံစားချက်များ ရရှိလာခဲ့၏။ သူသည် ကြောင်အအဖြင့် မတ်တပ်ရပ်မိနေခဲ့ပြီး ရေခဲချောက်ကြီး တစ်ခုထဲသို့ ကျဆင်းသွားသကဲ့သို့ပင်။

“ကလန်ခေါင်းဆောင် ဘာဖြစ်လို့လဲ” တော်ဝင်အကြီးအကဲက မျက်မှောင်ကုတ်လိုက်၏။ သူသည် အခြေအနေကို ကောင်းကောင်း နားမလည်သေးချေ။

“ကလန်အဖွဲ့ဝင်တွေ ... ဘာလို့ အကုန်လုံး ပျောက်သွားရတာလဲ” ရှောင်ဝူရှန်က တုန်ယင်နေသည့်အသံဖြင့် မေးမြန်းလိုက်၏။

“ကလန်အဖွဲ့ဝင်တွေ ဟုတ်လား”

များပြားလှသည့် အကြီးအကဲများသည် ၎င်းတို့၏ နတ်ဘုရား အသိစိတ်များကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်ကြ၏။ ပြီးသည့်နောက် ၎င်းတို့ အားလုံးသည်လည်း ရုတ်တရက် မတ်တပ်ထရပ်လိုက် မိကြသည်။

စတုတ္ထအကြီးအကဲသည်လည်း မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ဟောခန်း၏ အဝင်ဝဆီသို့ လှမ်းလျှောက်သွားခဲ့၏။ သူသည် တံခါး၏ ရှေ့ဆီသို့ ချက်ချင်း ရောက်ရှိသွား၏။

ဘုတ် ဘုတ်

ခြေလှမ်းသည့် အသံတစ်ခုက ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။ ဤခြေသံသည် အားလုံးသော သူတို့၏ နှလုံးသားကို နင်းဖြတ်ကာ လျှောက်သွားသကဲ့သို့ပင် နှလုံးသားတစ်ခုလုံးသည် ကြီးမားသည့် လေးလံခြင်းများ ဖြစ်တည်လာခဲ့သည်။

သေချာပေ၏။ နတ်ဘုရားအသိအမြင်များအောက်တွင် ထိုသူ့ကို မမြင်ရချေ။ ထိုသို့ဆိုလျှင် ခြေသံသည် မည်သည့်နေရာက ထွက်ပေါ်လာရသနည်း။ ခြေသံသည် တဖြည်းဖြည်း နီးကပ်လာခဲ့၏။ ဆန်းကြယ်လှသည့် အော်ရာများသည် ရှောင်ကလန် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။

“တကယ့်ရန်သူကြီးကတော့ တိုက်ခိုက်နေပြီ”

စတုတ္ထအကြီးအကဲသည် ဖြည်းညှင်းစွာဖြင့် နောက်သို့ဆုတ်လိုက်၏။ သူသည် ဟောခန်းသို့ ချဉ်းကပ်လာသည့်လူကို မမြင်ရသည်ဆိုသော်လည်း ကျိန်းသေပေါက် ရှေးဆန်လှသည့် အသက်ဓာတ် အရှိန်အဝါများကို ခံစားနေမိ၏။ ကောင်းကင်နှင့်မြေကြီး လောကကြီးတစ်ခုလုံး၏ ဖန်တီးခြင်း မတိုင်ခင်တည်းက တည်ရှိခဲ့သည့် မွန်းစတားတစ်ယောက်၏ အော်ရာမျိုးကဲ့သို့ပင်။ တကယ်ပင် အားလုံးသောသူတို့သည် ထိုသူ၏ အရှိန်အဝါ၌ မည်သို့မှ မနေနိုင်ဘဲ ဒူးထောက်ချင်စိတ်များပင် ပေါက်မိလာကြသည်။

“ဘယ်သူလဲ။ ပုန်းမနေနဲ့ ထွက်ခဲ့စမ်း။ ခင်ဗျား ဘယ်သူလဲ” ဆဋ္ဌမအကြီးအကဲက ထကာ အော်ဟစ်လိုက်၏။ ကြီးမားသည့် ဖိအားကြီးအောက်တွင် သူသည် ကြာရှည်ကာ တောင့်မခံထားနိုင်ခဲ့ချေ။ သူ့အနေနှင့် ဤကဲ့သို့သော ဖိအားဒဏ်ကို ဆက်လက်ကာ ခံစားမည်ဆိုပါက ရူးသွပ်သွားနိုင်၏။

သူသည် သေရမည်ကို မကြောက်ချေ။ သို့ပေမဲ့ သူ၏ ကလန်သားများသည် အကြောင်းအရင်းမရှိ အသံတစ်ချက်မှ မထွက်ဘဲ ပျောက်ကွယ်သွားခြင်းက သူ့ကို ရူးသွပ်မလို ဖြစ်စေခဲ့သည်။

“ကျုပ်ရောက်နေတာ ကြာလှပြီ။ ခင်ဗျားတို့ သတိမထားမိဘူးလား” အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ နတ်ဘုရား အလင်းတန်းများသည် အပြင်ဘက်ဆီ၌ ထွန်းတောက်လျက် ရှိနေလေပြီး လောကကြီး တစ်ခုလုံးကို နှစ်ပိုင်း ပိုင်းဖြတ်လေ၏။

“ရောက်နေတာကြာပြီ ဟုတ်လား” ဆဋ္ဌမအကြီးအကဲ၏ မျက်လုံးများက ပြူးကျယ်သွား၏။ သူ၏ အမူအရာ တစ်ခုလုံးသည်လည်း အေးခဲနေ၏။ သူသည် မယုံကြည်ရဲချေ။ ရင်ဘတ်ကို ခေါင်းငုံ့ကာ ကြည့်ရှုလိုက်ချိန်မှာတော့ သူ၏ ရင်ဘတ်တည်နေရာတွင် အပေါက်ကြီးတစ်ပေါက်က ပေါ်ပေါက်လာကြောင်းကို မြင်လိုက်ရ၏။ သွေးများသည် ထိုနေရာဆီမှ ပန်းထွက်လျက် ရှိနေပြီး သူသည် မြေပေါ်သို့ လဲကျသွားသည်။

“အင်မော်တယ်... အင်မော်တယ်ဘုရင်” ဆဋ္ဌမအကြီးအကဲသည် စကားလုံးအနည်းငယ်ကို ရေရွတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်သည် အားပြတ်ကာဖြင့် အနောက်သို့ လန်ကျသွား၏။ စောဏတုန်းက ဖြစ်တည်ခဲ့သည့် နတ်ဘုရား အလင်းတန်းများသည် သူ၏ အသက်ဓာတ်များကို ယူဆောင်သွားသည်သာမက သူ၏ဝိညာဉ်ကိုပါ သုတ်သင်သွားခဲ့၏။

ဖြစ်စဉ်တစ်ခုလုံးသည် ခဏလေးသာလျှင် ကြာမြင့်၏။ သို့ပေမဲ့ ရှောင်ကလန်မှ တခြားသော အကြီးအကဲများ အားလုံးသည် တုံ့ပြန်ရန် အချိန်ပင် မရခဲ့ချေ။

“ထျန်းမင်တောင်သခင်လား” တော်ဝင်အကြီးအကဲက ထအော်လိုက်၏။ လက်ရှိအချိန်တွင် အင်မော်တယ် ဘုရင် အဆင့်အားအင်ကို ပိုင်ဆိုင်ပြီး ရှောင်ကလန်ကို တိုက်ခိုက်ရဲသူကို လက်ညှိုးညွှန်ပြပါဆိုလျှင် ထျန်းမင်တောင် သခင်မှလွဲလျှင် တခြားမရှိချေ။

“အင်း... ကြည့်ရတာ ရင်းနှီးနေတဲ့ပုံပဲ” ထူးမခြားနားသည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။

ဟောခန်းကြီး၏ အဝင်ဝတွင် ဆန်းကြယ်သည့် လူတစ်ယောက် ပေါ်ပေါက်လာခဲ့ပြီး ၎င်းသည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ရပ်လျက် ရှိနေ၏။ အမဲရောင်ဆံနွယ်များသည် အနောက်ဘက်ကျောပြင်ပေါ်သို့ ကျဆင်းလျက် ရှိနေလေပြီး နတ်ဘုံနတ်နန်းမှ နတ်ဆိုးမင်းသားကြီး တစ်ပါးကဲ့သို့ပင် ဟန်ပန်အမူအရာများကို ထုတ်ဖော်နေ၏။ ၎င်း၏ ခန္ဓာကိုယ်တဝိုက်တွင် အလင်းတန်းများ ထွန်းတောက်လျက် ရှိနေသည်။

အမှတ်တမဲ့ အမူအရာ တစ်ခုတည်းနှင့်ပင် ၎င်းသည် အန္တိမကျင့်ကြံခြင်း ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်စွမ်း ရှိနေ၏။ ၎င်း၏ ဟန်ပန်အမူအရာသည် ပုရွက်ဆိတ်တစ်ကောင်ကို သတ်ဖြတ်လိုက်သလိုပင် တည်ငြိမ်ပြီး ထူးမခြားနား ဆန်လွန်းလှ၏။

အားလုံးသောသူများသည် ဤမြင်ကွင်းကို ကြည့်ရှုရင်း ကြက်သေ သေမိနေ၏။ အချိန်များသည် ခဏလောက် အေးခဲသွားသည့်ပုံပင်။ အသက်ရှုရန်ပင် မေ့လျော့မတတ် ဖြစ်နေမိကြသည်။

အင်မော်တယ်ဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူသည် ရှောင်ကလန်၏ ဘိုးဘေးတည်နေရာသို့ ငြိမ်ငြိမ်သက်သက် နှင့် ရောက်ရှိလာခဲ့၏။ ဘာဖြစ်မည်နည်း။ အားလုံးသော သူတို့သည် အခြေအနေ တစ်ခုလုံးကို နားလည်လိုက်ပြီ ဖြစ်၏။ ကလန်တစ်ခုလုံး ထိပ်မှ အောက်ဆုံးအထိ မျှော်လင့်ချက်ဟူ၍ ကောက်ရိုးတမျှင်ကို လှမ်းဆွဲရန်ပင် အချိန် မရှိချေ။

“ဒီအဘိုးကြီး သူ့ကို ထိန်းထားလိုက်မယ်။ ကလန်ခေါင်းဆောင် မြန်မြန် တောင်အနောက်ကို သွားပြီးတော့ ဘိုးဘေး လက်နက်ကို သွားထုတ်တော့။ သူ ကျုပ်တို့ကို မဖိနှိပ်နိုင်ဘူးဆိုရင် ရှောင်ကလန်အတွက် မျှော်လင့်ချက် တချို့တော့ ရှိအုံးမှာပဲ” တော်ဝင်အကြီးအကဲသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူသည် အရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် အားလုံးကို ကာကွယ်ပေးထား၏။ သူသည် သူ၏အသက်ကို စတေးပစ်ရန် အဆင်သင့် ဖြစ်လို့နေ၏။

သူ၏ အားအင်အဆင့်သည် ဆဋ္ဌမအကြီးအကဲလောက် အားကောင်းခြင်း မရှိချေ။ သူ့အနေနှင့် မည်မျှကြာအောင် အချိန်ဆွဲထားနိုင်မည်မှန်း မသိရှိချေ။ သို့ပေမဲ့ ခဏလောက် အချိန်ဆွဲထားနိုင်မည်ဆိုပါက တစ်စုံတစ်ယောက် အနေနှင့် တောင်အနောက်ဘက်ဆီသို့ သွားရောက်ကာ အင်မော်တယ်ဘုရင်အဆင့် လက်နက်ကို အသုံးပြုနိုင်၏။ အင်မော်တယ်ဘုရင်အဆင့် လက်နက်၏ ကာကွယ်ပေးမှုအောက်တွင် အသက်ရှင်ကျန်ရစ်သည့် လူအနည်းငယ် တော့ ရှိမှာ သေချာသည်။

“အနောက်ကို သွားဖို့ မလိုတော့ဘူး” ထျန်းမင်တောင်၏ သခင်သည် လက်တစ်ဖက်ကို အသာမြှောက်လိုက်၏။ ရောင်စဉ်အလင်းတန်းများ ထွက်ပေါ်လာပြီးသည့်နောက် သူ၏လက်ဝါးထက်တွင် အလင်းတန်းနှစ်ခု ထွက်ပေါ် လာခဲ့လေ၏။ ရှေးနန်းဆောင်ကြီးနှင့် လှံတစ်ခုက ပေါ်ပေါက်လာခဲ့၏။ သူက တည်ငြိမ်စွာ ပြောလိုက်၏။ “ခင်ဗျားတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက်က ကျုပ်လက်ထဲ ရောက်နေပြီ”

“..........”

တော်ဝင်အကြီးအကဲ အပါအဝင် အားလုံးသော သူတို့သည် ဤနန်းဆောင်ကြီးနှင့် လှံကြီးကို မြင်ရသည့် အချိန် မှာတော့ အေးခဲသွားခဲ့ကြ၏။ ဤအရာသည် သူတို့ဘိုးဘေးချန်ခဲ့သည့် လက်နက်များဖြစ်၏။ မထင်မှတ်ထားလောက်အောင်ဘဲ ထိုလက်နက်များသည် ထျန်းမင်တောင်သခင်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။ သူတို့ သိပင် မသိလိုက်ချေ။ ဆိုလိုသည်မှာ သူတို့၏ နောက်ဆုံးလက်ကျန် မျှော်လင့်ချက်များ အားလုံးသည် အလုံးစုံ ပျောက်ကွယ်သွားခဲ့ပြီဟူသော အဓိပ္ပာယ်ပင်။

All Chapters