← Chapters

အပိုင်း (၆ဝ၁)

Vol. 41 Ch. 601

အပိုင်း (၆ဝ၁)

Vol. 41 Ch. 601

ထိုစကားကိုကြားလိုက်ရသည့် အချိန်မှာတော့ စတုတ္ထအကြီးအကဲ၏ မျက်နှာတစ်ခုလုံးက ပြောင်းလဲသွား၏။ တော်ဝင်အကြီးအကဲကြီးသည် သူ့ကို သတိပေးနေခြင်းဖြစ်ကြောင်း သူ နားလည်၏။ သို့သော် သူ ဝင်ရောက်ရှုပ်ထွေးပြီး ပဥ္စမအကြီးအကဲအတွက် အခွင့်အရေးကို လုယူချင်သည့် အခြေအနေမျိုး ဖြစ်လာသည် ဆိုပါက ကျိန်းသေပေါက် နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်မည် မဟုတ်ကြောင်း သတိပေးခဲ့ခြင်းပင်။

ရှောင်ကလန် တစ်ခုလုံး၏ ဆုံးရှုံးမှုကသာ ဖြစ်ပေါ်လာပေလိမ့်မည်။

“တော်ဝင်အကြီးကဲပြောတာ မှန်တယ် “ စတုတ္ထအကြီးကဲသည် နှမြောတသစွာဖြင့် ပြောလိုက်၏။

“စိတ်ပူဖို့မလိုဘူး စတုတ္ထအကြီးကဲ။ ပဥ္စမအကြီးကဲသာ အင်မော်တယ်ဘုရင် ဖြစ်လာမယ်ဆိုရင် ကျုပ်တို့ရှောင်ကလန်က အရင်တုန်းက အောင်မြင်မှုမျိုးကို ကျိန်းသေပေါက် ပြန်ပြီးရပါတယ်။ အဲအချိန်ကျရင် အရင်းအမြစ်တွေစုစည်းပြီး ရှေ့ကို လှမ်းတက်နိုင်ဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စမျိုး မဟုတ်တော့ဘူး။”

တတိယအကြီးကဲသည် အခြေနေတစ်ခုလုံးကို သက်တောင့်သက်သာဖြစ်သွားရန် ကြိုးစားပေးလိုက်၏။ မူလအားဖြင့် သူတို့သည် ဤကဲ့သို့သော အရာများကို ပြောနေစရာမလိုချေ။

ထို့အပြင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် သူတို့နောက်ကွယ်တွင် တည်ရှိနေ၏။ ထို့ကြောင့် လုံလောက်သည့် အရင်းအမြစ်များသာ တည်ရှိသည်ဆိုပါက ရေတွက်၍မရအောင် များပြားလှသော အခွင့်ရေးများကို ဝယ်ယူနိုင်စွမ်းရှိ၏။

အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်ဖို့ ဆိုသည်မှာ လွယ်ကူလှသည့်အရာ မဟုတ်ဘူးဆိုလျှင်တောင်မှ သူတို့သည် အခွင့်အရေးများကို ဝယ်ယူနိုင်စွမ်းရှိနေ၏။ ကောင်းကောင်မူလလောကကြီးထဲတွင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် တည်ရှိနေခဲ့ခြင်းမှာ တကယ်ပင် ကျေးဇူးတင်စရာ ကောင်းလွန်းလှသည်။

ရက်အနည်းငယ်အတွင်းမှာပင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ၎င်း၏ အားအင်အဆင့်ကို ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်၏။ ဤကဲ့သို့သော အခွင့်ရေးများစွာကို ဖန်တီးပြုလုပ် လမ်းညွှန်ပေးရခြင်း ဆိုသည်မှာ ၄င်းအတွက် အိပ်ခြင်း၊ စားခြင်းကဲ့သို့ပင် လွယ်ကူနေ၏။

“အကြီးအကဲ .... ကျုပ်တို့ အချိန်ခဏအတွင်း နက်နဲလျှို့ဝှက်နယ်မြေဆီကနေ အဝေးကို ထွက်လာခဲ့ကြတာ။ အခုပြန်ဖို့အချိန်ကျပြီ။ မဟုတ်ရင် ထျန်းမင်တောင်ရဲ့ နတ်ဆိုးသူတော်စင်က .....”

ရှောင်ဝူရှန်သည် အဝေးတစ်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ နှင့် ပြည့်နှက်လျက်ရှိ၏။ သူသည် နတက်နဲလျှို့ဝှက်နယ်မြေထဲတွင် မရှိသောကြောင့် စိုးရိမ်ပူပန်နေမိသည်။

ထျန်းမင်တောင်နတ်ဆိုးသူတော်စင်သည် တိတ်တဆိတ်နှင့်ရောက်ရှိလာခဲ့ပြီး ပြဿနာပေါင်းများစွာကို ဖန်တီးမည်ဆိုလျှင် ခက်ခဲပေလိမ့်မည်။

“ကောင်းပြီ “ ဆဋ္ဌမအကြီးအကဲက ခေါင်းညိတ်လိုက်၏။

သူတို့ထွက်ခွာသွားရန် ပြင်လိုက်သည့် အချိန်မှာပင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူနှစ်ယောက်သည် သူတို့ကိုဖြတ်ကျော်ကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ တည့်တည့် ဝင်သွားခဲ့သည်။

ရှောင်ကလန်၏ တော်ဝင်အကြီးအကဲ သည် မျက်မှောင်ကုတ်လိုက်၏။ သူသည် အနောက်သို့ ဆုတ်ခွာနေရင်းမှ လှမ်းကာ ကြည့်ရှုလိုက်၏။

“အန္တိမလမ်းစဥ် ထိပ်ဆုံးအဆင့် .... ဒီလောကကြီးထဲကလူလား။ ကြည့်ရတာ အစစ်အမှန်သိုင်းလောက နဲ့ တခြားလောကဆီက လူတစ်ယောက်ယောက်ဖြစ်လိမ့်မယ်။ “

ထိုအရာက ကျိန်းသေလောက်၏။ နတ်နန်းလျှို့ဝှက်နယ်မြေဆီမှ လူနှစ်ယောက် မဟုတ်သည်မှာ သေချာလှ၏။ ထို့အပြင် နက်နဲအလင်းလောကဆီမှ မဟုတ်သည်မှာလည်း သေချာသည်။

နက်နဲအလင်းလောကသည် ရောရုဝပြည်၏ လွှမ်းမိုးမှုအောက်တွင် တည်ရှိနေ၏။ ရောရုဝပြည် တစ်ခုလုံး ပြိုလဲသွားပြီးသည့်နောက် နက်နဲအလင်းလောကကြီးတွင် ထိပ်တန်းအဆင့်အားအင်ကို ပိုင်ဆိုင်သူပင် အတော် လျော့ကျသွားခဲ့၏။

ယခု အန္တိမထိပ်ဆုံးအဆင့်တွင်ရှိနေသည့် စွမ်းအားမြင့်ကျင့်ကြံသူ လူစိမ်းများ ပေါ်ပေါက်လာသည်ကို မြင်ရပြီးသည့်နောက် ရှောင်ကလန်၏ တော်ဝင်အကြီးကဲသည် ဇဝေဇဝါဖြစ်မိနေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင် ထဲသို့ ဝင်ရောက်သွားခြင်းဆိုသည်မှာ ဤလောကကြီးထဲတွင် နောက်ထပ် အင်မော်တယ်ဘုရင်တစ်ယောက် ထွက်ပေါ်လာလိမ့်မည်ဟူသော အဓိပ္ပာယ်မဟုတ်ပါလား။

အချိန်အတော်ကြာ စဥ်းစားပြီးသည့်နောက် ရှောင်ကလန်၏ တော်ဝင်အကြီးကဲသည် တိုက်ရိုက်ဆိုသလိုပဲ လှည့်ကာ ထွက်ခွာသွားခဲ့၏။ ဤအတောအတွင်း ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အတွင်းဆီမှ ကြည်လင်ရှင်းလင်းသည့် အသံနှစ်ခု ထွက်ပေါ်လာ၏။

“တိုင်ချူး နန်းဆောင်သခင်ကို အလေးအမြတ်ပြုပါတယ်။ ချန်းရှန် ... ထာဝရအစစ်အမှန်အင်မော်တယ် နန်းဆောင်သခင်ကို အလေးအမြတ် ပြုပါတယ်။ “

“ပြန်လာကြပြီလား”

ထိုင်ခုံတွင်ထိုင်နေရင်းမှ လီယွင်သည် သူ၏ရှေ့တွင်ရှိနေသည့် လူနှစ်ယောက်ကို ပြုံးကာကြည့်လိုက်သည်။

“စီနီယာရဲ့ ကူညီပေးမှုအတွက် ကျေးဇူးပါပဲ။ ဒါကြောင့်မို့ ကျုပ်တို့ ရောရုဝပြည်ကို အောင်အောင်မြင်မြင် နဲ့ တိုက်ခိုက်နိုင်ခဲ့တာ။” တိုင်ချူးသည် ကျေးဇူးတင်စကားကို ထုတ်ဖော်ပြောဆိုလိုက်၏။

ပြောရမည်ဆိုလျှင် သူသည် မုန့်ရှင်းကျီ နှင့် ပတ်သက်သည့် ကိစ္စရပ်များကို လီယွင့်အား မေးမြန်းချင်သည်။ လှမ်းကာပြောဆိုလိုက်၏။ လီယွင့်၏ ခွင့်ပြုချက် မရပါက မုန့်ရှင်းကျီ ကဲ့သို့ တော်ဝင်အင်ပါယာ အဆင့် ကျင့်ကြံသူတစ်ယောက်သည် ရောရုဝပြည်ကို အဘယ်သို့ ရန်စရဲမည်နည်း။

“ဒါတွေအားလုံးက ခင်ဗျားတို့ရဲ့ ကံကောင်းခြင်းပါပဲ။ ဒါတွေကို ကျေးဇူးတင်သင့်တယ်။”

လီယွင်သည် ရေနွေးခွက်ကို အသာ မြှောက်ကာဖြင့် သောက်လိုက်၏။ ပြီးနောက်ပြောဆိုလိုက်သည်။ “ရောရုဝ ပြည်တစ်ခုလုံးကို ပြောင်းပြန်လှန်ပြီးတဲ့နောက်မှာ ခင်ဗျားတို့က အလောတကြီးနဲ့ ပြန်လာခဲ့တယ် ဆိုတော့ ရောရုဝပြည်ကနေ အရာဝတ္ထုအတော်များများကို ရခဲ့တဲ့ပုံပဲ။”

တိုင်ချူးနှင့် ချန်းရှန်တို့သည် အကြည့်ချင်း ဆုံမိသွား၏။ သူတို့သည် ဆွံ့အသွားမိခဲ့ကြ၏။

“ကျုပ်တို့ အနည်းနဲ့အများတော့ ရခဲ့ပါတယ်။ ဒါပေမဲ့ တော်တော်များများရခဲ့တာက တခြား တာအိုရောင်းရင်းတစ်ယောက်ပါပဲ။ ဒါပေမဲ့ သူက ကျုပ်တို့နဲ့အတူတူ ပြန်မလာခဲ့ဘူး။ ခဏလောက်ကြာရင်တော့ ပြန်လာကောင်း ပြန်လာလိမ့်မယ်။”

“အင်း”

လီယွင်က ခေါင်းညိတ်လိုက်၏။ ဤအရာသည် မုန့်ရှင်းကျီ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်နေစိတ်ထား အပြုအမူပင် ဖြစ်သည်။

ဤနှစ်ယောက်တို့သည် သူ့ကို လျှို့ဝှက်ကာဖြင့် တိုက်ခိုက်သွားမည်ကို မုန့်ရှင်းကျီကစိုးရိမ်မိ၏။ ထို့ကြောင့် ဖြည်းဖြည်းချင်းပြန်လာရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။

မုန့်ရှင်းကျီသည် တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်တွင် ရှိနေသောကြောင့် နက်နဲအလင်းလောကဆီမှ ကောင်းကင်မူလလောကကြီးထဲသို့ ပြန်လာဖို့ဆိုသည်မှာ အနည်းဆုံး ဆယ်နှစ် မှ အနှစ်နှစ်ဆယ်နီးပါး ကြာမြင့်မှာဖြစ်၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ပြန်လည်ရောက်ရှိလာသည့် အချိန်တွင် တော်ဝင်အင်ပါယာ အလယ်အလတ် အဆင့် သို့မဟုတ် နောက်ပိုင်း အဆင့်ဆီသို့ပင် ရောက်ရှိနိုင်၏။ ထို့အပြင် သူသည် များပြားလွန်းသည့် အရင်းအမြစ်များကို ပိုင်ဆိုင်သည် မဟုတ်ပါလား။

“ပြန်လာတဲ့အချိန်မှာ ခင်ဗျားတို့သိချင်တဲ့ သတင်းအချက်လက်တွေက ဘာလဲ။ အားအင်အဆင့် တိုးတက်စေဖို့လား။ ဒါမှမဟုတ် ရောရုဝအရှင် ဘယ်မှာရှိလဲဆိုတဲ့ အကြောင်းလား။” လီယွင်က အမှတ်မထင် မေးမြန်းလိုက်သည်။

“အရိုးရှင်းဆုံးပြောရမယ်ဆိုရင် စီနီယာ “

တိုင်ချူးသည် ရှေ့ကိုလှမ်းတက်ကာဖြင့် ဉီးညွတ်ကာ ပြောလိုက်၏။

“ရောရုဝပြည်တစ်ခုလုံးက ပြောင်းပြန်လန်သွားခဲ့တယ်ဆိုပေမဲ့ ကျုပ်ရဲ့ အားအင်အဆင့်က မလုံလောက်သေးပါဘူး။ ရောရုဝအရှင်က ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။ ဒီလူက အရမ်း အားကောင်းတယ်။ အင်မော်တယ်ဘုရင်အဆင့်ကိုတောင် တက်လှမ်းနိုင်ဖို့ များတယ်။ သူသာ အဆင့်ချိုးဖျက်နိုင်မယ်ဆိုရင် ကျိန်းသေပေါက် ကပ်ဘေးကြီး ဖြစ်လာတော့မှာပဲ။ ဒါ့ကြောင့် လက်ရှိ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စီနီယာ့ဆီကနေလမ်းညွှန်မှုလိုချင်ပါတယ်။”

“ဟားဟားဟား”

လီယွင်သည် အသာရယ်လိုက်မိ၏။ သူသည် ခေါင်းကိုခါယမ်းလိုက်မိ၏။

“စီနီယာဘာကိုဆိုလိုတာလဲ။ “

တိုင်ချူး၏ ရင်ခုန်နှုန်းများက မြန်ဆန်လာခဲ့၏။ နက်နဲအလင်းလောက ဆီမှ ပြန်လာခဲ့သော်လည်း အမြန်ပြန်လာရခြင်းကြောင့် ရောရုဝအရှင် သေဆုံးသွားခဲ့သည်ဆိုသော သတင်းကို ၎င်းတို့ မကြားခဲ့ရခြင်းပင်။ ဟုတ်ပေ၏။ ဤသတင်းသည် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည် မဟုတ်သောကြောင့်ပင်။

ထို့ကြောင့်ပင် ရောရုဝအရှင် သေဆုံးခြင်းသည် ယခုအချိန်ထိ လျှို့ဝှက်ချက်အဖြစ် တည်ရှိနေခြင်းပင်။

All Chapters