← Chapters

အပိုင်း (၆ဝ၂)

Vol. 41 Ch. 602

အပိုင်း (၆ဝ၂)

Vol. 41 Ch. 602

“ရောရုဝအရှင် သေဆုံးသွားခဲ့ပြီ။ “

လီယွင်သည် အသာပြောလိုက်၏။ ဤစကားစုသည် ကြီးမားလွန်းလှသော တောင်ကြီးတစ်ခုကဲ့သို့ပင် တိုင်ချူးနှင့် ထာဝရအစစ်အမှန်အင်မော်တယ်တို့၏ နှလုံးသားပေါ်သို့ကျဆင်းလာခဲ့သည်။

“သေဆုံးသွားခဲ့ပြီဟုတ်လား …. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ “

တိုင်ချူးနှင့် ထာဝရ အစစ်အမှန် အင်မော်တယ်တို့သည် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်မိ၏။ ၄င်းတို့သည် အတူတူ တိုက်ခိုက်သည့် အတွေ့ကြုံကိုရရှိခဲ့ပြီးဖြစ်သောကြောင့် ရောရုဝပြည်အရှင်၏ အားအင်အဆင့်ကို တကယ်ပင်အထင်ကြီးလို့နေ၏။

အန္တိမထိပ်ဆုံးအဆင့်တွင် ရှိနေနိုင်သည်ဟု တိုင်ချူးက အသိအမှတ် ပြုမိ၏။ ရောရုဝသခင်နှင့် တစ်ယောက်ချင်း တိုက်ခိုက်မည်ဆိုပါက သူ မည်သို့မျှ အနိုင်ယူနိုင်လိမ့်မည်မဟုတ်ချေ။

ရောရုဝအရှင်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည် ဆိုလျှင်တောင်မှ သာမန်လူများအနေနှင့် ၎င်းကို တိုက်ခိုက်သတ်ဖြတ်ရန် မည်သို့မှ မဖြစ်နိုင်ချေ။ ထို့အပြင် ရောရုဝအရှင်၏ အခြေခံများကို တွက်ကြည့်ရမည်ဆိုလျှင် ၎င်းသည် မကြာခင်အတောအတွင်း ဒဏ်ရာများမှ ပြန်လည် ကောင်းမွန်လာမှာ ဖြစ်၏။

ထိုအချိန်ဆိုလျှင် အင်မော်တယ်ဘုရင် အဆင့်ဆီသို့ ကျိန်းသေပေါက် တက်လှမ်းနိုင်ပေလိမ့်မည်။ သို့ပေမဲ့ ရောရုဝအရှင်ကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် သေဆုံးသွားခဲ့ပြီဟု ကောင်းကင်နန်းဆောင်သခင်က ပြောဆိုလို့နေသည်။ ဤအရာသည် မယုံကြည်နိုင်ဖွယ်ရာပင်။

“နန်းဆောင်သခင် ကိုယ်တိုင် လှုပ်ရှားလိုက်တာလား။“ ထာဝရအစစ်အမှန်အင်မော်တယ်က အသာ မေးလိုက်၏။ သူ၏ အမြင်အရဆိုလျှင် လက်ရှိလောက ကြီးတွင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည်သာ ဤကဲ့သို့သော အရာများကို ပြုလုပ်နိုင်၏။

“မဟုတ်ဘူး”

လီယွင်သည် ခေါင်းကိုခါယမ်းလိုက်၏။ ထို့နောက် ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။ “အင်း …. ခင်ဗျားတို့ကိုကျုပ် သတင်းအချက်အလက် တစ်ခု လက်ဆောင် ပေးလိုက်တာပဲ။ ဒီကိစ္စက ဘယ်သူမှ သိသေးတဲ့ ကိစ္စ မဟုတ်ဘူး။ “

ရောရုဝအရှင် သေဆုံးသွားခဲ့ခြင်းသည် ထျန်းမင်တောင်နတ်ဆိုးသူတော်စင် ပြုလုပ်ခဲ့သည့် အရာ ဖြစ်ကြောင်း မကြာခင် သတင်းပျံ့နှံ့သွားမှာဖြစ်၏။ ထို့အပြင် ဤနှစ်ယောက်တို့သည် သူ၏ ဖောက်သည်များ ဖြစ်၏။ ထို့ကြောင့် သတင်းအချက်လက်များနှင့် ပတ်သက်၍ သိုဝှက်ထားစရာအကြောင်း မရှိချေ။ ဤနှစ်ယောက်သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သောကြောင့် လက်ဗလာနှင့် ပြန်လွှတ်ရန် လီယွင်၌ စိတ်ဆန္ဒမရှိပေ။

“အခုစီနီယာပြောဆိုတဲ့အတိုင်းဆိုရင် ရောရုဝအရှင်က သေဆုံးသွားခဲ့ပြီဆိုတာအမှန်ပေါ့။ “

တိုင်ချူးသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ ရောရုဝအရှင်၏ အန္တရာယ်ပေးနိုင်မှု မရှိတော့ဘူးဆိုလျှင် သူတို့သည် အချိန်အတော်ကြာ အေးအေးချမ်းချမ်းနှင့် ကျင့်ကြံနိုင်မည် ဖြစ်သည်။

“ရောရုဝပြည် ဖျက်ဆီးခံရခြင်းက အသင်္ချေများပြားသည့် လောကအသီးသီး အတွက် ကောင်းတဲ့အရာ တစ်ခုပဲ။ မြေအင်မော်တယ်လောကမှာ ရှိတဲ့ နိရယ အင်ပါယာပဲ ကျန်တော့တယ်။ အချိန်ကြာရင် သူမ ကလည်း နောက်ထပ်အန္တရာယ်ကြီးတစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။“ ထာဝရ အစစ်အမှန် အင်မော်တယ်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။

သူသည် မြေအင်မော်တယ်လောကဆီမှ သက်ရှိလူသားတစ်ယောက်ဖြစ်ပြီး နိယာရအင်ပါယာ၏ အဆင့်ကို ကောင်းကောင်းနားလည်၏။ အထူးသဖြင့် ရောရုဝအရှင်သည် နိရယ အင်ပါယာကိုရှာဖွေရန် တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့ဖူးသည်။

အရာရာ ကိစ္စများကို ဆက်စပ်ကာ စဉ်းစားမည်ဆိုလျှင် ထိုနှစ်ယောက်ကြားတွင် ဆက်စပ်မှု ကျိန်းသေပေါက် တည်ရှိနေရပေလိမ့်မည်။ ရောရုဝအရှင် သေဆုံးသွားခဲ့ပြီးသည့်နောက် အရာအားလုံးသော အရင်းအမြစ်များသည် နိရယအင်ပါယာ၏ လက်ထဲသို့ပင် ရောက်ရှိကောင်း ရောက်ရှိသွားနိုင်၏။

နိရယအင်ပါယာ ကဲ့သို့သော အစစ်အမှန် အင်မော်တယ် တစ်ယောက်သည် ပြန်လည်မွေးဖွားနည်း လမ်းခြောက်သွယ်ကို လက်နက်အဖြစ် ကိုင်ဆောင်ထားသည်။ သို့ပေမဲ့ နက်နဲအလင်းလောက၏ ရောရုဝပြည်ထက် ပိုမိုကာ ကြောက်ရွံ့ဖွယ်ကောင်းလွန်း၏။ သူမသာ အဆင့်မြင့်တက်လာသည် ဆိုပါက ကျိန်းသေပေါက် ရောရုဝပြည်ထက် ပိုမိုကာ ကြောက်ရွံ့ဖွယ် ကောင်းသည့် လူသားတစ်ယောက် ဖြစ်လာမှာ သေချာသည်။

“စီနီယာ … နိရယအင်ပါယာ အခုဘယ်မှာ ရှိပါသလဲ။” ထာဝရအစစ်အမှန်အင်မော်တယ်က မေးမြန်းလိုက်၏။

“သူမက လောကလေးတစ်ခုထဲမှာပဲ။ တိတိကျကျ တည်နေရာကို လိုချင်တယ်ဆိုရင်တော့ ငွေကြေး ကုန်ကျမှု ရှိလိမ့်မယ်။ “

လီယွင်သည် ထာဝရအစစ်အမှန် အင်မော်တယ်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “ဒီသတင်းအချက်လက်ကို တတ်နိုင်တယ် ဆိုရင်တောင်မှ အဲကိုသွားမယ်ဆိုရင် ခင်ဗျားက အသက်အန္တရာယ် ရှိလိမ့်မယ်။ ကိုယ့်ရဲ့လုံခြုံရေးအတွက် သတင်းအချက်လက်ကို ထပ်တိုး လိုချင်တယ်ဆိုရင်တော့ တန်ဖိုးက အရမ်းကိုများမှာနော်။” လီယွင်သည် ပြုံးကာပြောလိုက်၏။

မူလအားဖြင့် ရောရုဝပြည်ဆီမှ စွမ်းအားမြင့် ကျင့်ကြံသူအားလုံး သေဆုံးသွားခဲ့ပြီဖြစ်၏။ အဆုံးသတ်မှာတော့ ၎င်းတို့အားလုံးသည် နိရယအင်ပါယာ၏ လောကငယ်လေးထဲတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်၏။ ထိုထဲတွင် အန္တိမထိပ်ဆုံးအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများပင် ပါဝင်နေသည်။

ထာဝရအစစ်အမှန် အင်မော်တယ်ကဲ့သို့သော အင်မော်တယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူသာ ဝင်သွားသည် ဆိုပါက ကျိန်းသေပေါက် နိရယအင်ပါယာ၏ တိုက်ခိုက်ခြင်းကိုသာ ခံရမှာသေချာ၏။

တိုင်ချူးသည် သူနှင့်အတူ လိုက်ပါခဲ့သည် ဆိုလျှင်တောင်မှ အောင်မြင်နိုင်မှုအခွင့်ရေးက ဝေဝေဝါးဝါးပင်။ လီယွင်အနေနှင့် တိုင်ချူးနှင့် ထာဝရ အစစ်အမှန် အင်မော်တယ်တို့ ကိုယ့်အသက်ကိုယ်စတေးပြီး သေတွင်းထဲခုန်ချသွားမည်ကို မမြင်ချင်ပေ။ ၎င်းတို့သည် သူ့ကို အကျိုးမြတ်များစွာ ပေးသည့်လူများဖြစ်သည် မဟုတ်ပါလား။

ထာဝရအစစ်အမှန် အင်မော်တယ်သည် ဆွံ့အသွားမိ၏။ သူ မထင်မှတ်ထားခဲ့ချေ။ အချိန်အတိုင်းတာ တစ်ခုအတွင်း ယခင်က သူနှင့် ပြိုင်ဘက်မဟုတ်ခဲ့သော နိရယအင်ပါယာသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့လေသည်လား။ နိရယအင်ပါယာ၏ အားအင်အဆင့်သည် ဤမျှမြန်မြန်ဆန်ဆန်နှင့် တိုးတက်လာခဲ့သည်လား။

“ခင်ဗျားအတွေးမှားနေပြီ”

လီယွင်သည် ထာဝရအစစ်အမှန် အင်မော်တယ်၏ အတွေးကိုသိ၏။ ထို့ကြောင့် ဖြည်းညင်းစွာ ပြောဆိုလိုက်၏။ “သူမရဲ့ အားအင်အဆင့်က တိုးတက်လာခဲ့တာမဟုတ်ဘူး။ ငရဲလောကရဲ့ အမွေအနှစ်တွေက သူမကို ပိုပြီးအားကောင်းလာတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာအောင် ပြုလုပ်ပေးနေတာပဲ။ အစစ်အမှန်အင်မော်တယ်အဆင့်ကို ရောက်ရှိပြီးတဲ့နောက် သူမက ဒီအရာတွေကို အသုံးပြုဖို့ အခွင့်အရေးတွေ ပိုရလာခဲ့တယ်။ “

မူလအားဖြင့် နိရယ အင်ပါယာ၏ အားအင်အဆင့်အရ ငရဲလောက၏ အမွေအနှစ်များကို ကိုင်ဆောင်ထားခဲ့သည် ဆိုလျှင်တောင်မှ တချို့သော နတ်ဘုရားစွမ်းအင်များ ၊လျှို့ဝှက်နည်းစနစ်များကို အသက်သွင်း၍ မရချေ။ ယခု သူမ၏ အားအင်အဆင့် တိုးတက်လာခဲ့ပြီ ဖြစ်သောကြောင့် ကျိန်းသေပေါက် တခြားသူများထက် ပိုမိုများပြားသည့် နည်းစနစ်များကို ထုတ်ဖော်ကာ အသုံးပြုနိုင် ပေတော့မည်။

နိရယအင်ပါယာသည် ရှေးငရဲလောက ပျက်စီးပြီးနောက် ကျန်ရစ်ခဲ့သော အမွေအနှစ်များကို ရရှိခဲ့သည့် လူတစ်ယောက် ဖြစ်၏။ ဤအရာသည် သူမအတွက်တော့ လှေကားထစ်ကြီးတစ်ခုကဲ့သို့ပင်။ တစ်လှမ်းချင်း လှမ်းလျှောက်သွားပြီးနောက် အသင်္ချေများပြားသည့် လောကအသီးသီးတို့ကို အုပ်စိုးနိုင်မှာ သေချာသည်။

“သူမသာ အန္တိမကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိပြီဆိုရင် ကျိန်းသေပေါက် ရောရုဝရဲ့ နောက်ထပ် အရှင်တစ်ယောက်လို ဖြစ်သွားလိမ့်မယ်။” လီယွင်က ထပ်ပြောလိုက်၏။

တိုင်ချူးနှင့်ထာဝရအစစ်အမှန် အင်မော်တယ်တို့၏မျက်နှာများသည် ပျက်ရွင်းသွား၏။ သူတို့သည် တစ်စုံတစ်ခုကို ပြောရန်ပြင်လိုက်၏။ သို့ပေမဲ့ လီယွင်က အသာဖြတ်ကာ ပြောလိုက်ပြန်သည်။ “ဟုတ်ပြီ …. ဒါပေမဲ့ အဲအချိန်ရောက်ရင် ကျုပ် ခင်ဗျားတို့ကို ထောက်ပံ့ပေးမယ်။”

“ဟမ်”

တိုင်ချူး၏ မျက်လုံးများက ကျဥ်းမြောင်းသွား၏။ နန်းဆောင်သခင်သည် တစ်စုံတစ်ခုကို တွေးတောနေကြောင်း သူ သတိပြုမိသည်။ ထို့ကြောင့်ပြောလိုက်၏။ “စီနီယာ ဘာကိုဆိုလိုတာလဲ။ အသင်္ချေများပြားတဲ့ လောကအသီးသီးမှာ နိရယအင်ပါယာ က အန္တရာယ် ကြီး ဖြစ်လာမယ်လို့ ဆိုလိုတာလား”

လီယွင်သည် ပြုံးလိုက်မိသည်။ “ခင်ဗျားတို့က ဒီလောက်ပဲ တွေးကြတာကိုး … ရောရုဝပြည်ရဲ့ အမွေအနှစ်ကို ပိုင်ဆိုင်တဲ့ တခြားသူတွေလည်း ရှိနေသေးတယ်။”

“ရောရုဝအရှင်၊ နိရယအင်ပါယာတို့လို ငရဲလောကရဲ့ အမွေအနှစ်တွေကို ကိုင်ဆောင်ထားတဲ့ တခြားသူတွေ ရှိနေသေးတာလား”

တိုင်ချူး ၏ မျက်နှာသွင်ပြင်က ပြောင်းလဲသွားခဲ့၏။ ရောရုဝအရှင်နှင့် နိယာရအင်ပါယာတို့သည် ၄င်းတို့၏ ဘဝကို ဆိုးဆိုးဝါးဝါးဖြစ်အောင် ပြုလုပ်ခဲ့ပြီးသားဖြစ်၏။ တခြားသောသူများ ထပ်မံ ရှိနေသေးသည် ဆိုလျှင် မည်သို့ပြုလုပ်ရမည်နည်း။

“သိပ်မှန်တာပေါ့။ အခုထက်တောင် ကြောက်ဖို့ကောင်းသေးတယ်” လီယွင်က ပြုံးကာ ပြောလိုက်သည်။

ထိုစကားကို ကြားရချိန်မှာတော့ တိုင်ချူးနှင့် ထာဝရ အစစ်အမှန်အင်မော်တယ် တို့သည် အလုံးစုံ ဆွံ့အသွားကြ၏၊

All Chapters