← Chapters

အပိုင်း (၆၀၄)

Vol. 41 Ch. 604

အပိုင်း (၆၀၄)

Vol. 41 Ch. 604

“ကြည့်ရတာ အခြေအနေက ကျုပ်တို့ ထင်ထားတာထက်ပိုပြီး လေးနက်လာတဲ့ပုံပဲ “

တိုင်ချူးသည် လေးလေးနက်နက် အမူအရာဖြင့် ပြောဆိုလိုက်၏။ ရောရုဝအရှင် သေဆုံးခြင်းဆိုသည်မှာ အင်မော်တယ်ဘုရင်များပင် ပါဝင် ပတ်သက်လာခဲ့၏။ ထို့အတူ တစ်ယောက်ထဲလဲမဟုတ်ချေ။ နှစ်ယောက်ပင်ဖြစ်လို့နေ၏။

ဤအရာသည် သူတို့အတွက် တကယ့်ကို စိန်ခေါ်မှု များစေခဲ့၏။ ပြန်လည် မွေးဖွားလာသည့် အင်မော်တယ်ဘုရင်တစ်ယောက် ကို ရင်ဆိုင်ရခြင်းဟာ အရာကိစ္စတစ်ခု ဖြစ်သည်။ ထို့အတူ ထျန်းမင်တောင်၏ သခင်ကတော့ ခြားနားလွန်းနေ၏။ ၄င်းသည် နှစ်သန်းပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သည့် အင်မော်တယ် ဘုရင်တစ်ယောက် ဖြစ်သည်။

လက်ရှိအားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။ ထို့အပြင် ပြန်လည်မွေးဖွားလာသည့် အင်မော်တယ် ဘုရင်တစ်ယောက်ကလည်း သူ၏ လက်ထဲတွင် တည်ရှိလို့နေခဲ့၏။ ငရဲလောက၏ အမွေအနှစ် အားလုံးကို ထိန်းချုပ်ရယူခဲ့ပြီးပြီဟု ပြောဆိုရပေလိမ့်မည်။ အခြေနေသည် သူထင်မှတ်ထားသည်ထက်ပိုမိုကာ ရှုပ်ထွေးလာခဲ့၏။

“အင်း တခြားနည်းလမ်းတစ်ခုခု ရှိပါသေးလား စီနီယာ။ကျုပ်တို့ ထျန်းမင်တောင်သခင်ကို ဖိနှိပ်နိုင်ဖို့အတွက် ကျေးဇူးပြုပြီး ကူညီပေးပါအုံး။” တိုင်ချူးက မေးမြန်းလိုက်သည်။

ထျန်းမင်တောင်သခင်သည် ကောင်းကင်မူလလောကကြီး၏ သက်ရှိမဟုတ်သော်လည်း တိုင်ချူးအနေနှင့် တစ်ဖက်လူကို အဆုံးသတ်ချင်သည်။ သူသည် နက်နဲအလင်းလောကကြီး၏ အဖြစ်အပျက်များကို တွေ့ကြုံခံစားခဲ့ဖူးသောကြောင့် ငရဲလောက၏ သဘောသဘာဝများကို နက်နက်နဲနဲ နားလည်နေပြီးသား ဖြစ်၏။

သူတို့သည် လက်ရှိ ထျန်းမင်တောင်သခင် ကို ရင်ဆိုင်နိုင်ခြင်းမရှိပါက ကောင်းကင်မူလလောကကြီးအနေနှင့် ခုခံနိုင်ရန် နောက်ကျသွားပေလိမ့်မည်။

“နည်းလမ်းတွေအများကြီးရှိတယ်။ ဒါပေမဲ့ ခင်ဗျားတို့တတ်နိုင်မှာမဟုတ်ဘူး။” လီယွင်က မှတ်ချက်ပြုလိုက်၏။

တိုင်ချူး၏ အမူအရာတစ်ခုလုံးက အေးခဲသွား၏။ ပြီးနောက် အံကိုကြိတ်ကာဖြင့် ပြောလိုက်သည်။ “ဘယ်လောက်ကုန်ကုန် ဂျူနီယာအနေနဲ့စိတ် …..”

သို့ပေမဲ့သူစကားကို ကုန်အောင် မပြောလိုက်ရပေ။ ထာဝရအစစ်အမှန် အင်မော်တယ်သည် ရုတ်တရက် တုံ့ပြန်လာ၏။ သူသည် ချောင်းကိုအသာဟန့်ကာ ခေါင်းကို ခါပြလိုက်၏။ ပြီးနောက်လက်သီးကိုဆုပ်ကာ ဝင်ရောက် ပြောဆိုလိုက်၏။

“စီနီယာ ကျုပ်တို့ကိုကူညီနိုင်မဲ့ လမ်းတစ်ခုခုရှိတယ်ဆိုရင် ဂျူနီယာနှစ်ယောက်က လက်ရှိအခြေအနေကနေ အဆင့်ကိုချိုးဖျက်ချင်ပါတယ်”

“ ဟမ်”

တိုင်ချူးသည် သူ့ကိုစကားဖြတ်ခဲ့သော ထာဝရအစစ်အမှန် အင်မော်တယ်ကို လှမ်းကာ ကြည့်ရှုရင်းသဘောမတွေ့ ဖြစ်သွားခဲ့မိသည်။

များပြားလှသည့် အရင်းမြစ်များသည် သူ၏ လက်ထဲရှိနေသောကြောင့် သူသည် သံသယဖြစ်စရာမလိုအောင်ဘဲ အင်မော်တယ်ဘုရင်အဆင့်ဆီသို့ အဆင့်ချိုးဖျက်နိုင်ရန် စိတ်ဆန္ဒတည်ရှိလို့နေ၏။ သို့ပေမဲ့ ကံဆိုးစွာဖြင့် ထျန်းမင်တောင် သခင်သည် ရောရုဝအရှင်မဟုတ်ချေ။ ၎င်းတို့နှစ်ယောက်ကြားကွာခြားမှုသည် မိုးနှင့် မြေကဲ့သို့ပင်။

သူ့အနေနှင့် အင်မော်တယ်ဘုရင်အဆင့်ဆီသို့ တက်လှမ်းနိုင်မည်ဆိုလျှင်တောင်မှ ဘာများ ကွာခြားသွားမည်နည်း။ အသစ်ဖြစ်တည်လာသည့် အင်မော်တယ်ဘုရင်တစ်ယောက်သည် ထျန်းမင်တောင်သခင် အား မည်သို့မှ ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူ့၌ မည်သည့်လက်နက်မျှ မရှိချေ။

“ရိုးရှင်းပါတယ်” လီယွင်က ပြုံးလိုက်မိ၏။

ထိုစကားကို ကြားသည့် အချိန်မှာတော့ ထာဝရအစစ်အမှန်အင်မော်တယ်သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ သူသည် တိုင်ချူးဘက်သို့ အသာလှည့်ကာ ကြည့်ရှုရင်း တီးတိုးပြောလိုက်၏။

“ဂျူနီယာက စီနီယာ ဇဝေဇဝါ ဖြစ်နေတာကိုနားလည်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေနေမှာ အားအင်အဆင့်က အရေးကြီးဆုံးပဲ။ အားအင်အဆင့် မရှိဘဲနဲ့ ဘာကိုပဲ စီစဉ်စီစဉ် အသုံးမဝင်ဘူး။ အဓိကအားဖြင့် အင်မော်တယ်ဘုရင်တစ်ယောက်နဲ့ တိုက်ခိုက်တဲ့အချိန်မှာ အစီအစဉ်တွေဆိုတာ အလကားဖြစ်သွားပြီ။ စီနီယာ မမေ့နဲ့အုံး။ စီနီယာနန်းဆောင်သခင်ရဲ့ ကူညီမှုကို ခဏ ဖယ်ထားအုံး။ ခင်ဗျားရဲ့ အားအင်အဆင့်က ရောရုဝ အရှင်ကို တိုက်ခိုက်ဖို့တောင်မှ အခက်အခဲရှိတယ်လေ။”

ထိုစကားကိုကြားရသည့်အချိန်မှာ တိုင်ချူး၏ အမူအရာသည် ပြောင်းလဲသွားမိ၏။ ဤနိယာမကို သူ ကောင်းကောင်းနားလည်၏။ သို့ပေမဲ့ သူ၏လက်ထဲတွင်ရှိနေသည့် အရင်းအမြစ်များနှင့် ထျန်းမင်တောင်၏ သတင်းအချက်လက်များကို မည်ကဲ့သို့ ရရှိနိုင်မည်နည်း။

ထို့အတူ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ လမ်းညွှန်ချက်မရှိဘဲနှင့် ထျန်းမင်တောင် သခင်ကို အားအင်အဆင့် တစ်ခုတည်း အားကိုး၍ သွားရောက်တိုက်ခိုက်နိုင်မည်ဟု သူမထင်ချေ။

“စီနီယာ ပြီးတော့ နက်နဲလျှို့ဝှက်လောက ကလည်း တစ်ချို့ကိစ္စတွေကို နားလည်နိုင်ပါတယ်။ ပြီးတော့ သူတို့အနေနဲ့ ထျန်းမင်တောင်သတင်းကို သိရှိရပြီဆိုရင် ကျုပ်တို့လိုပဲ တိုက်ခိုက်ချင်စိတ်တွေ ပေါ်လာနိုင်တယ်။ အတူတူ ပူးပေါင်းပြီး တိုက်ခိုက်မယ်ဆိုရင် ထျန်းမင်တောင်သခင်ကို အနိုင်ရနိုင်လောက်ပါတယ်။” ထာဝရအစစ်အမှန်အင်မော်တယ်သည် အသာပြောဆိုလိုက်၏။

“အင်း ....”

တိုင်ချူးသည် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။

“စီနီယာ အရေးကြီးတဲ့ကိစ္စတစ်ခု ရှိသေးတယ်။ နက်နဲအလင်းလောကကြီးမှာ အရင်တုန်းက စီနီယာ နန်းဆောင်သခင်မရှိဘူး။ ဒါပေမဲ့ အခု လောကအသီးသီး ပေါင်းစပ်မှုအောက်မှာ စီနီယာနန်းဆောင်သခင်ရှိနေပြီ။ ပြီးတော့ နက်နဲလျှို့ဝှက်လောကကလည်း ငြိမ်ငြိမ်နေမှာ မဟုတ်ဘူး“ ထာဝရအစစ်မှန်အင်မော်တယ်က ဆက်ပြောလိုက်၏။

ဤအခြေအနေကို သတိပြုမိသည့်အချိန်မှာတော့ တိုင်ချူး၏ မျက်နှာတစ်ခုလုံးကလင်းလက်သွားခဲ့၏။ ဤအရာက အဓိပ္ပာယ်ရှိလွန်းလှ၏။ နက်နဲလျှို့ဝှက်လောကတွင်ရှိနေသည့် လူပေါင်းများစွာတို့သည် အရူး မဟုတ်ကြချေ။ ကျိန်းသေပေါက် ၄င်းတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လာရောက်ပေလိမ့်မည်။

“စီနီယာကိုမေးချင်ပါတယ်။ နက်နဲလျှို့ဝှက်လောကရဲ့ လူဘယ်လောက်များများ ဒီကို လာလည်ခဲ့ပြီးပြီလဲ။”

တိုင်ချူးက ပြောလိုက်၏။ ပြောနေတုန်းမှာပဲ သူသည် အန္တိမအဆင့် ပစ္စည်းတစ်ခုကို ထုတ်ယူကာဖြင့် လီယွင်၏ ရှေ့သို့ ချလိုက်၏။ သူသည် မည်သူလာသည် မေးမြန်းခြင်း မဟုတ်ချေ။ ထို့ကြောင့် အန္တိမအဆင့် ပစ္စည်းတစ်ခုသည် လုံလောက်တာထက် ပိုနေပြီဖြစ်၏။

သေချာပေ၏။ လီယွင်သည် နောက်ခဏအတွင်းမှာပင် ပစ္စည်းကို သိမ်းကာ ပြောလိုက်သည်။ “တကယ်ပဲ နက်နဲလျှို့ဝှက်လောကကနေ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို လာလည်တဲ့သူတွေရှိကြတယ်။“

တိုင်ချူးနှင့် ထာဝရ အစစ်မှန် အင်မော်တယ်တို့သည် စိတ်ထဲမှ ပျော်ရွှင်သွားမိ၏။ နက်နဲလျှို့ဝှက်လောကမှ လူများသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လာသည်ဆိုပါက ကျိန်းသေပေါက် နန်းဆောင်သခင်၏ လုပ်ဆောင်နိုင်စွမ်းကို သံသယရှိလိမ့်မည် မဟုတ်ချေ။

နက်နဲလျှို့ဝှက်လောက၏ အရင်းမြစ်များနှင့်ဆိုလျှင် ၄င်းတို့သည် အန္တိမကျင့်ကြံခြင်း၏ ထိပ်ဆုံးအဆင့် ကျင့်ကြံသူများအား စေလွှတ်ဖို့ ခက်ခဲမည်မဟုတ်ချေ။ ထို့ကြောင့် ၎င်းတို့သည်သာ လုံလောက်သည့် တန်ကြေးကို ပေးအပ်သည် ဆိုပါက ကျိန်းသေပေါက် အင်မော်တယ်ဘုရင်အဆင့် တစ်ယောက် ၊ နှစ်ယောက်လောက် ကိုပင် ပြုစုပျိုးထောင်နိုင်စွမ်းရှိပေလိမ့်မည်။

အင်မော်တယ်ဘုရင် တစ်ယောက်သည် ထျန်းမင်တောင်သခင်ကို ရင်ဆိုင်နိုင်လိမ့်မည်မဟုတ်သော်လည်း နှစ်ယောက် ၊ သုံးယောက်ဆိုလျှင်တော့ တမျိုးပြောင်းလဲသွားပေမည်။

သူသည် လက်ထဲတွင်ရှိနေသည့် သိုလှောင်လက်စွပ်ကို လှမ်းကြည့်ပြီးသည့်နောက် ထိုအရာကို ချွတ်ယူပြီး လီယွင်၏ ရှေ့၌ ထားလိုက်၏။ “လမ်းညွှန်ပြသမှုကို တောင်းခံပါတယ် စီနီယာ ။ လက်ရှိအဆင့်ကနေပြီးတော့ ဘယ်လိုအဆင့်ချိုးဖျက်ရမလဲ။ “

ဘေးတစ်ဖက်တွင်ရှိနေသော ထာဝရ အစစ်အမှန်အင်မော်တယ်ကလည်း စားပွဲပေါ်သို့ သိုလှောင်လက်စွပ် နှစ်ကွင်းကို တင်ကာပြောလိုက်သည်။ “ကျေးဇူးပြုပြီး ကျုပ်တို့ကို လမ်းညွှန် ပြသပေးပါအုံး စီနီယာ”

All Chapters