← Chapters

အပိုင်း (၆၀၅)

Vol. 41 Ch. 605

အပိုင်း (၆၀၅)

Vol. 41 Ch. 605

“ရက်ရောလိုက်တာ” လီယွင်သည် မျက်ခုံးကို ပင့်လိုက်မိ၏။ နှစ်ယောက်လုံးသည် တစ်ချက်ကလေးမှ တွန့်ဆုတ် မနေကြဘဲ အရင်းအမြစ်များ အားလုံးကို တိုက်ရိုက်ဆိုသလိုပဲ ထုတ်ဖော်နေကြ၏။ သူ့အတွက် ဤအရာသည် ကောင်းမွန်သည့် အရာပင်ဖြစ်၏။ အနည်းဆုံးအားဖြင့် လေများအကုန်ခံကာ စကားပြောဆိုခြင်းကို ပြုလုပ်စရာ မလိုအပ်တော့ချေ။

သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည့် ပစ္စည်းအားလုံးကို စစ်ဆေးပြီးသည့်နောက် သူသည် စနစ်ကို စစ်ဆေး လိုက်၏။ ပြီးနောက် ထာဝရ အစစ်အမှန် အင်မော်တယ်ကို ကြည့်ကာ ပြောဆိုလိုက်သည်။ “ခင်ဗျားက ကံကောင်းတယ်။ မြေအင်မော်တယ်လောကထဲမှာတင် လိုက်ဖက်ညီတဲ့ အရင်းအမြစ်တွေ ရှိနေတယ်”

“ကျေးဇူးပါပဲ စီနီယာ” ထာဝရ အစစ်အမှန် အင်မော်တယ်က ပျော်ရွှင်သွားမိ၏။

လီယွင်သည် တိုင်ချူးကို လှမ်းကာ ကြည့်ရှုလိုက်၏။ တိုင်ချူးသည် မြေအင်မော်တယ်လောကရှိ အစစ်အမှန် အင်မော်တယ်နှင့် ခြားနားလို့ နေခဲ့၏။ ၎င်းသည် အင်မော်တယ်ဘုရင်အဆင့်ဆီသို့ ချိုးဖြတ်ရန် လိုအပ်ချက် ရှိနေသောကြောင့်ပင်။

ကောင်းကင်မူလလောကကြီးနှင့် မြေအင်မော်တယ်လောကတို့ ကဲ့သို့သော လောကများသည် ကောင်းမွန်သည့် အခွင့်အရေးများကို ပေးအပ်နိုင်ခြင်း မရှိချေ။ အဆင့်ချိုးဖြတ်ချင်သည်ဆိုပါက ကျိန်းသေပေါက် တခြားသော လောကများဆီသို့ သွားရမှာဖြစ်၏။ ထိုမှသာလျှင် စွန့်စားရမည့် အကြောင်းအရာများ လျော့နည်းသွားပေမည်။

“စီနီယာ... အခက်အခဲ ရှိနေလို့လား” တိုင်ချူးသည် စိုးရွံ့စွာဖြင့် မေးမြန်းလိုက်သည်။

“အခက်အခဲတော့ မရှိပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ ခရီးစဉ်က အလှည့်အပြောင်းတွေ များလိမ့်အုံးမယ်” လီယွင်က ပြန်ပြောလိုက်၏။ သူသည် ကျောက်စိမ်းပြားနှစ်ခုကို ထုတ်ယူကာဖြင့် ၎င်းတို့၏ လက်ထဲသို့ အသီးသီး ထည့်ပေးလိုက်၏။

“အင်မော်တယ်ဘုရင်အဆင့်ကို ချိုးဖြတ်ချင်တယ်ဆိုရင် ကျိန်းသေပေါက် နက်နဲလျှို့ဝှက်လောကနဲ့ နက်နဲအလင်း လောကတို့အကြား နယ်စပ်တည်နေရာကို ခင်ဗျား သွားဖို့ လိုအပ်လိမ့်မယ်။ ဒါက ထျန်းမင်တောင်နဲ့ မနီးမဝေးမှာ ရှိနေတာပဲ။ ဒီတော့ သတိထားဖို့လိုတယ်။ ပြောရမယ်ဆိုရင် အဲနေရာက ထျန်းမင်တောင်ရဲ့ ခံတပ်ကြီး တစ်ခုအဖြစ်လည်း စဉ်းစားလို့ရတယ်။ ထျန်းမင်တောင်သခင်က ခင်ဗျားကို ရှာဖွေတွေ့ရှိသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ အဲအချိန်ကျရင် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်က လာပြီး ရှုပ်ထွေးလိမ့်မယ်။ ခင်ဗျားအနေနဲ့ အဆင့် ချိုးဖြတ်နိုင်မလား၊ မချိုးဖြတ်နိုင်မလားဆိုတာ မသေချာတော့ဘူး” လီယွင်က သတိပေးလိုက်သည်။

“ကျုပ် နားလည်ပါပြီ”

တိုင်ချူးသည် လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူသည် ကျောက်စိမ်းပြားကို သိမ်းဆည်းကာဖြင့် လေးလေးစားစား ဦးညွတ်လိုက်၏။ “အခု သွားပါတော့မယ်”

ပြီးသည့်နောက် ထာဝရအစစ်အမှန်သည်ကလည်း နှုတ်ဆက်လိုက်သည်။

၎င်းတို့ ထွက်ခွာသွားသည်ကို ကြည့်ရှု ပြီးသည့်နောက် .....

“အင်မော်တယ်ဘုရင်အဆင့်တွေတောင် ထွက်ပေါ်လာပြီဆိုတော့ ငါ့ရဲ့ အားအင်အဆင့်ကို မြှင့်တင်ဖို့ လိုအပ်တဲ့အချိန် ရောက်ပြီပဲ” သူသည် ယခင်တုန်းက အင်မော်တယ်ဘုရင်အဆင့်သို့ရောက်လျှင် အဆင်ပြေပြီဟု သုံးသပ်ခဲ့၏။ သို့ပေမဲ့ သူ၏ ပစ်မှတ်သည် ကွာစီအင်မော်တယ် အင်ပါယာအဆင့် ဖြစ်လာခဲ့သည်။ ထိုအဆင့်ဆိုလျှင် သူသည် အသင်္ချေ များပြားလှသည့် လောကအသီးသီးကို လွှမ်းမိုးနိုင်စွမ်း ရှိနေ၏။ သူ့ကို စိန်ခေါ်နိုင်သည့်လူဟူ၍ အနည်းငယ်သာလျှင် ရှိပေလိမ့်မည်။ ငရဲလောက၏ ရှေးအရှင်သာ ဝင်ရောက် လှုပ်ရှားလာသည် မဟုတ်ပါက သူ့အနေနှင့် ကျိန်းသေပေါက် ဖြေရှင်းနိုင်၏။

ဤအတောအတွင်း နက်နဲလျှို့ဝှက်လောက ....

ထျန်းမင်တောင်၏ အကျဉ်းထောင် တစ်ခုအတွင်းမှာတော့ လျှိုချင်းယုသည် ငြိမ်ငြိမ်သက်သက်နှင့် ထိုင်လျက်ရှိ၏။ သူ၏ လက်ရှိအခြေအနေသည် ဆိုးရွားလျက် ရှိနေ၏။ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း သွေးများဖုံးလွှမ်းလျက် ရှိနေ၏။ တချို့သော ဒဏ်ရာများသည် အရိုးများပင် ပေါ်လျက်ရှိ၏။ တကယ်ပင် ဆိုးရွားလွန်းလှသည်။

သူ၏ ကျင့်ကြံခြင်းအဆင့်သာ ရှိသည်ဆိုပါက သူ၏ ဒဏ်ရာများသည် ပြန်လည် ကောင်းမွန်ကောင်း၊ ကောင်းမွန်နိုင်၏။ သို့ပေမဲ့ သူ၏ ကျင့်ကြံခြင်းအဆင့်အား ထျန်းမင်တောင်သခင်က စည်းခတ်ထားသည် ဖြစ်သောကြောင့် သူ့အနေနှင့် ခုခံရန် အကြောင်းအရင်း မရှိတော့ချေ။ ပြန်လည်မွေးဖွားလာသည့် အင်မော်တယ်ဘုရင် တစ်ယောက်အနေနှင့် အင်မော်တယ်ဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို အဘယ်သို့ သွားရောက်ကာ ယှဉ်ပြိုင်ရမည်နည်း။

“စဉ်းစားပြီးပြီလား”

အကျဉ်းထောင်၏ အပြင်ဘက်တွင်တော့ သက်လတ်ပိုင်းအရွယ်ခန့် လူသားတစ်ယောက်၏ ဟန်ပန် အမူအရာမျိုး ရှိသော ထျန်းမင်တောင်သခင်သည် ခက်ထန်တင်းမာသည့် အမူအရာဖြင့် မေးမြန်းလိုက်၏။ ၎င်းသည် တိုက်ပွဲဝင် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အမဲရောင်ဆံနွယ်များသည် လေ၌ လွင့်နေ၏။ သူသည် မျက်တောင် တစ်ချက်ကလေးမှ မခတ်ဘဲ လျှိုချင်းယုကို စူးစိုက်ကာ ကြည့်ရှုနေ၏။

သူ့အနေနှင့် လျှိုချင်းယုကို မသတ်ဖြတ်ရသေးသည့် အကြောင်းအရင်းသည် ငရဲလောက၏ အမွေအနှစ်များကို ရယူပြီးသည့်နောက် ဤအင်မော်တယ်ဘုရင်ကို လုပ်စရာတစ်ခု ရှိနေသောကြောင့်ပင်။ ယခင်ဘဝတုန်းက မှတ်ဉာဏ်များ တည်ရှိနေသည် ဖြစ်သောကြောင့် လျှိုချင်းယုကို အချိန်သာ ပေးလိုက်မည်ဆိုပါက ၎င်း၏ ယခင်က အားအင်အဆင့်များသည် ပြည့်ပြည့်ဝဝ ပြန်လည်ကာ ရရှိပေလိမ့်မည်။

“ကျုပ်က နတ်ဘုရားလောက လျှိုကလန်ရဲ့ အဖွဲ့ဝင် တစ်ယောက်ပဲ။ တကယ့်ကို ကြီးကျယ်ခမ်းနားလွန်းတဲ့ မိသားစုတစ်ခု၊ ငရဲလောကရဲ့အောက်မှာ လျှိုကလန်ရဲ့ လူတစ်ယောက်က အလုပ်အကျွေး ပြုတယ်ဆိုတာကို ခင်ဗျား ကြားဖူးလား။ ခင်ဗျား ကျုပ်ကို အညံ့ခံစေချင်တယ်ဆိုရင် လျှိုကလန် ကျိန်းသေပေါက် လက်စားချေ လိမ့်မယ်။ ခင်ဗျား မစိုးရွံ့ဘူးလား”

လျှိုချင်းယုသည် ဖြည်းညှင်းစွာဖြင့် ခေါင်းကို မော့လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အရှိန်အဟုန်ကောင်းကောင်းနှင့် ဖြစ်တည်လို့နေ၏။ သူ၏ ကျင့်ကြံခြင်းကိုသာ စည်းမခတ်ထားသည် ဆိုပါက သူသည် ဤနေရာတွင် နေထိုင်ရခြင်းထက် မိမိကိုယ်ကို ဖောက်ခွဲသေဆုံးရန် နည်းလမ်းကိုသာလျှင် စဉ်းစားပေလိမ့်မည်။ ဤအရာမှာ အရှက်ကင်းမဲ့လွန်းလှ၏။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် သူသည် ပထမဦးဆုံးအကြိမ်အဖြစ် ထောင်သွင်းအကျဉ်းချခြင်းကို ခံနေရ၏။

“နတ်ဘုရားလောက ဟုတ်လား။ တကယ့်ကို ရှေးလောကတစ်ခုပဲ” ထျန်းမင်တောင်၏ သခင်သည် ထူးမခြားနား သလို ပြောဆိုလိုက်၏။ သူ့အနေနှင့် လျှိုကလန်၏ အကြောင်းကို မကြားခဲ့ဖူးချေ။ ထို့ကြောင့် သူသည် ငရဲလောကကို အညံ့ခံမလား၊ မခံဘူးလား ဆိုသည်ကို တည့်တိုးမေးမြန်းနေခြင်းဖြစ်သည်။

လျှိုကလန်သည် များပြားလှသည့် အင်အားကြီး အဖွဲ့တော်တော်များများမှ တစ်ခုသာလျှင်ဖြစ်၏။ သို့ပေမဲ့ သူသည် နတ်ဘုရားလောက၏ ဂုဏ်သိက္ခာကိုတော့ သတိပြုမိ၏။ ထိုလောကကြီးထဲတွင် ကွာစီအင်မော်တယ် အင်ပါယာများ ပင်လျှင်ရှိ၏။ နတ်ဘုရားလောကသည် အားအကောင်းဆုံးသော လောကဟုလည်း သတ်မှတ်နိုင်၏။ ငရဲလောကသည် နတ်ဘုရားလောကကို သိမ်းပိုက်နိုင်ရန် အခြေအနေ တစ်ခုအထိ ရောက်ရှိခဲ့သည်ဆိုသော်လည်း ကံဆိုးစွာဖြင့် နောက်ဆုံးအခြေအနေ၌ ကျရှုံးခဲ့၏။

“အင်း… ခင်ဗျား ကျုပ်ကို ဖမ်းရင် ဖမ်းထားလို့ရမယ်။ ဒါပေမဲ့ နတ်ဘုရားလောကမှာရှိတဲ့ လျှိုကလန်ကတော့ ကျိန်းသေပေါက် ခင်ဗျားကို လွှတ်ပေးမှာ မဟုတ်ဘူး။ သူတို့က ကျုပ်ကို လာကယ်လိမ့်မယ်။ ငရဲလောကက ကျန်တဲ့ အကြွင်းအကျန်တွေ အားလုံးက လက်စားချေခြင်း လက်အောက်က လွတ်မြောက်နိုင်မှာ မဟုတ်ဘူး” လျှိုချင်းယု သည် အေးစက်သည့်လေသံဖြင့် ပြောဆိုလိုက်သည်။

“ဟုတ်လား”

ထျန်းမင်တောင်၏သခင်သည် ထူးမခြားနား သကဲ့သို့ပင်။ သူသည် အသာထိုင်ချလိုက်ပြီးသည့်နောက် လျှိုချင်းယုကို လှောင်ပြောင်လိုသည့် မျက်လုံးအစုံနှင့် လှမ်းကြည့်လိုက်၏။ “ကျုပ် မှတ်ထားတာ မှန်မယ်ဆိုရင် ခင်ဗျားတို့ လျှိုကလန်က အရင်တုန်းက ငရဲလောကနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်။ လျှိုကလန်ရဲ့ မျိုးဆက်သစ် တစ်ယောက် အနေနဲ့ ဘယ်လိုဖြစ်ပြီး ငရဲလောကရဲ့ အမွေအနှစ်တွေကို စိတ်ဝင်တစားနဲ့ လုယူခဲ့တာလဲ”

“……”

လျှိုချင်းယုသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ဤအခြေအနေသည် တကယ်ပင် ဖြစ်၏။ ကလန်ထဲတွင် ရှိနေသည့် ရှေးမွန်းစတားများသည် ငရဲလောက၏ အမွေအနှစ်များကို သူ တိတ်တဆိတ် ကြိတ်ကာ ရယူ ထားသည်ကို သိရှိသည်ဆိုပါက ကျိန်းသေပေါက် ငရဲလောက၏ ဆက်ခံသူအဖြစ် သူ့ကို သုံးသပ်ပေလိမ့်မည်။ ဤသို့ ဆိုလျှင် သူသည် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာခဲ့သည်ဆိုလျှင်တောင်မှ သူ့ကိုယ်သူ ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။

All Chapters