မြစ်ထဲက ကပ်ဘေး
Vol. 11 Ch. 151
လှေပေါ်ရှိ ဘ၀မှာ အလွန်ပျင်းစရာကောင်းလှပါသော်လည်း ရှောက်ရွှမ်သည် ရေအောက်မှ ထွက်ပေါ်လာတတ်သော သတ္တဝါများရန်မှ ကာကွယ်ရန် သတိထားနေရဆဲဖြစ်ကာ လေတိုက်နှုန်းအား အာရုံစိုက်ထားပြီး လှေလမ်းကြောင်း လည်ထွက်မသွားစေရန်လည်း ဂရုစိုက်နေရလေသည်။
မိုးရာသီ ကုန်သည့်အချိန်မှ လနှစ်စင်းကြတ်သည့် အချိန်သို့ ရောက်ရှိရန်မှာလည်း အချိန်မှာ ရက် ၃၀ ပင် ကျန်မနေတော့ချေ။
ဤမြစ်သည် မည်မျှကျယ်သည်မှန်း ရှောက်ရွှမ် မသိခဲ့ဘဲ မြန်နိုင်သမျှမြန်မြန် ရှေ့သို့ ဆက်သွားနေရန်သာ တတ်နိုင်ခဲ့သည်။ အကယ်၍ ၁၅ ရက် ကုန်၍မှ တဖက်ကမ်းအား မတွေ့နိုင်သေးလျှင်တော့ သူလာခဲ့သည့် ဘက်ခြမ်းသို့ ပြန်သွားရုံ
သာ။ သို့မဟုတ်လျှင် မြစ်ရေထိုးကျသွားပြီး နောက်ဆုံးတွင် သူနှင့် ချာချာအား အဆုံးမဲ့ ချောက်ကြီးထဲသို့ ကျရောက်သွားစေလိမ့်မည်။
ထိုအချိန်သို့ ရောက်လာလျှင်တော့ အတောင်ပံပါလျှင်ပင် ပြေးလွတ်တော့မည် မဟုတ်ပေ။
အခြားသတ္တဝါကြီးများ၏ ဖိအား မရှိသောကြောင့် အသားစားငါးများမှာ အထူးသဖြင့် မြစ်ထဲတွင်သာ ကျက်စားကြ၏။ မြစ်ထဲတွင် အချိန်ကြာလာသည်နှင့်အမျှ ထိုငါးများ ရေထဲတွင် သွားလာလှုပ်ရှားနေသည်ကိုပင် မြင်နေရပြီး တစ်ခါတရံတွင်မူ ရေပေါ်သို့ပင် ခုန်၍ ထွက်လာတတ်သေးသည်။ မြစ်ကမ်းမှ ပို၍ဝေးလာခြင်းကြောင့်လည်း ရှောက်ရွှမ်တို့ တွေ့လာရသော အသားစားငါးများ၏ အရွယ်အစားမှာ ပိုကြီးလာလေသည်။
ဟွားးးးး!
ထိုစဉ် လေးမီတာ ရှည်သော ငါးတစ်ကောင်မှာ ရုတ်တရက် ခုန်ထွက်လာလေ၏။ ထိုငါးသည် လှေတစ်ဖက်မှ နောက်တစ်ဖက်သို့ ပါးစပ်ဟကာ သွားများဖြဲပြီး ခုန်ကူးလာဖြင်း ဖြစ်သည်။
အတိတ်တွင် ထိုငါးများ ခုန်ထွက်လာလျှင် ရှောက်ရွှမ် ထိုကောင်များအား လျစ်လျူရှုထားလိုက်ရုံသာ။ သို့သော် ယခုအခေါက်တွင်မူ ဤငါးသည် သူ့အားပစ်မှတ်ထားနေသည်မှာ ထင်ရှားနေ၏။
ထိုအခိုက်တွင် ရှောက်ရွှမ် လက်တစ်ဖက်ဖြင့် လှေကို ထိန်းထားပြီး ငါးအားရှောင်လိုက်ကာ ခြေဖျားဖြင့် သစ်သားချောင်းတစ်ချောင်းအား နင်းလိုက်၍ အပေါ်တက်လာစေပြီး ထိုသစ်သားချောင်းဖြင့် စတင်တိုက်ခိုက်လိုက်သည်။
သူသုံးလိုက်သည်မှာ လှံတစ်ချောင်း မဟုတ်ဘဲ ခပ်တုံးတုံး သစ်သားချောင်း တစ်ချောင်းသာ ဖြစ်၏။ တိုက်ခိုက်ရာတွင် ခွန်အားကုန်သုံး၍ တိုက်ခိုက်မည်ဖြစ်သော်လည်း ငါးအား သွေးထွက်အောင်တော့ သူမလုပ်ရဲချေ။ ထိုငါး သွေးထွက်သွားပြီး သွေးစက်များ ပြန့်ကျဲသွားလျှင် အရပ်လေးမျက်နှာလုံးမှ တခြားငါးများအား ဆွဲဆောင်လိုက်သလိုဖြစ်ပြီး အသားစားငါးများ ဝိုင်းခြင်းအား ခံရနိုင်လေသည်။
ဝုန်းးးး!
ထိုငါးမှာ ခန္ဓာကိုယ်မှ ကြေးခွံများ ကျွတ်ထွက်ကုန်ပြီး အခြားငါးများရှိရာ ငါးအုပ်ထဲသို့ ပြန်ကျသွား၏။ မကြာခင်တွင် အကြေးခွံများ ကျွတ်ထွက်ပြီး ဒဏ်ရာရသွားသည့် နေရာမှ သွေးများ စိမ့်ထွက်လာလေပြီး သွေးနံ့ထွက်လာလေရာ အခြားငါးများမှာ ထိုငါးဆီသို့ အရူးအမူး ကူးခတ်လာကြလေတော့သည်။
ငါးအား ရိုက်ထုတ်လိုက်ပြီးသည့်နောက် ရှောက်ရွှမ် ရွက်အား ချလိုက်ပြီး တစ်ချိန်တည်းမှာပင် ချာချာ ထလာကာ ကြိုးတစ်ချောင်းအား သူ့ကိုယ်တွင် ချည်လိုက်၏။ ကြိုး၏ အခြားတစ်ဖက်ကိုမူ ရွက်တိုင်တွင်သာ ချည်ထားပြီး လှေကလေးမှာ သွေးစွန်းနေသော ရေပြင်ဆီမှ အဝေးသို့ ထွက်ခွာသွားလေသည်။
လေတိုက်နှုန်းမှာ ရွက်လွှင့်ထားရန် သင့်တော်သော အခြေအနေမဟုတ်ပေ။ ထို့ကြောင့် ရှောက်
ရွှမ် ရွက်ချလိုက်ကာ ချာချာအား ဆွဲရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ ချာချာ ပင်ပန်းသွားသော အခါတွင်မူ လှေပေါ်တွင် ပြန်၍ အနားယူပြီး ရှောက်ရွမ် ရွက်အား ပြန်တင်ကာ လှေကလေးအား လေအားဖြင့်ပင် ရှေ့သို့ ဆက်သွားစေ၏။
တစ်ခါတရံတွင် အသားစားငါးများသာ မကဘဲ
တခြားမျိုးစိတ်များကိုလည်း တွေ့မြင်ရသည်။ ထိုမျိုးစိတ်များမှာ အေးအေးဆေးဆေး နေတတ်ကြသော သတ္တဝါများသာ ဖြစ်ကြပြီး ရေပေါ်သို့ တက်လာကြမည့်အစား ရေအောက်တွင်သာ မွေ့ပျော်ကြသော မျိုးစိတ်များ ဖြစ်ကြ၏။ သို့သော် တစ်ယောက်ယောက်မှာ မြစ်ထဲသို့ ပြုတ်ကျသွားလျှင်တော့ ဘာဆက်ဖြစ်မလဲ မပြောနိုင်ချေ။
ရှောက်ရွှမ် ရွက်အား ထိန်းချုပ်နေရင်း သူ၏လှေထက်ပင် ကြီးသော ငါးတစ်ကောင် သူ့ဘေးမှဖြတ်၍ သွားသည်ကို မြင်လိုက်ရသည်။
ရေမျက်နှာပြင်နှင့် အလွန်နီးကပ်သည့် နေရာမှ ဖြတ်၍သွားသောကြောင့် ထိုငါးပေါ်ရှိ အကွက်များကိုပင် သေချာမြင်နေရပြီး ငါးဆူးတောင်များမှာလည်း ရေပြင်သို့ ထိုးခွဲသွားသည်ကိုလည်း မြင်နေရ၏။
ထိုကဲ့သို့သော ငါးမျိုးမှာ အများအပြားရှိကြပေသည်။ သို့သော် သူ၏လှေအား ဝိုင်းမထားကြသ၍ ဘာပြဿနာမှ ရှိမည်မဟုတ်ပေ။ တစ်ခါတွင် ထိုသို့သော ငါးများထဲမှတစ်ကောင်မှာ သူ၏လှေအား စိတ်၀င်စားသွား၍ စပ်စုချင်စိတ်ဖြင့် လှေကိုယ်ထည်ကို ခေါင်းဖြင့်ထိုးခဲ့သည်။ လှေမှာ မှောက်သွားလုနီးပါးပင် ဖြစ်ခဲ့ရပြီး ရှောက်ရွှမ် ချာချာကိုခေါ်၍ လှေအားအမြန်ပင်ဆွဲသွားခိုင်းလိုက်ရ၏။ ထိုငါးကြီးမှာ လှေဖြင့် မခွဲလိုသေးသဖြင့် လှေနောက်သို့လိုက်လာပြီး နောက်ဆုံးတွင် ရှောက်ရွှမ်၏လှေကလေးမှာ အတင်းအကြပ်တားဆီးခံလိုက်ရပြီး ငါးကြီးအားဆက်လက်တွန်းထိုးခွင့်ပေးလိုက်ရလေသည်။။ ခဏကြာသောအခါတွင်မူ ငါးကြီးမှာ လှေအပေါ် စိတ်၀င်စားမှု ပျောက်ဆုံးသွားပြီး သူ့ဟာသူပင် အဝေးသို့
ထွက်ခွာသွား၏။
ထိုအမျိုးမျိုးသော ငါးတို့တွင် အမျိးမျိုးသော အကျင့်များ ရှိတတ်ကြပေသည်။
နေ့အချိန်တွင် ရှောက်ရွှမ်နှင့် ချာချာမှာ အလောတကြီး ဆက်လက်ထွက်ခွာရပြီး ညအချိန်တွင်ပင် ကောင်းကောင်းအနားမယူနိုင်ကြချေ။ ချာချာ လှေအတွင်းထဲတွင် အနားယူနေချိန်၌ ရှောက်ရွှမ်မှာ မှေး၍သာနေရပြီး လှေ၏ ဦးတည်ရာ ပြောင်းလဲမသွားစေရန် မကြာခဏ ပဲ့အား ထိန်းပေးနေရ၏။
နေ့ရက်တိုင်းမှာ ခက်ခဲကြမ်းတမ်းလှသော်လည်း ပြဿနာတိုင်းမှာ အသေးစားပြဿနာများသာ ဖြစ်ကြပြီး ပြဿနာကြီးများဟု သတ်မှတ်၍ မရပေ။
ရှောက်ရွှမ်ကောင်းကင်သို့ ကြည့်လိုက်ပြီး သူထွက်ခွာခဲ့သည့် ခရီးအကွာအဝေးအား စတင်တွက်ချက်လိုက်လေသည်။
သူထွက်ခွာလာသည်မှာ ၈ ရက်ကြာပြီဖြစ်
သော်လည်း အရင်နေ့ရက်များအတိုင်းပင် တစ်ဖက်ကမ်းသို့ မမြင်ရသေးချေ။ ထို့အပြင် ကျေးငှက်များ သို့မဟုတ် ကျွန်းကလေးတစ်ကျွန်းကိုပင် မမြင်ရသေးဘဲ သူမြင်သမျှ အရာအားလုံးသည် အဆုံးမဲ့ရေပြင်ကြီးသာ ဖြစ်နေ၏။
ရှောက်ရွှမ် တိရစ္ဆာန်သားရေအိတ်ထဲမှ အသားခြောက်အား ထုတ်ယူကာ အနည်းငယ်စားလိုက်ပြီး ခရီးအတွက် ယူလာသော ရေကိုလည်း အနည်းငယ် သောက်လိုက်သည်။ ကိုယ်ပိုင်ရေ မရှိခင်က မြစ်ထဲမှ ရေအား ရှောက်ရွှမ်တိုက်ရိုက် မသောက်ခဲ့ပေ။
ချာချာအတွက်မူ အစာအား သူ့ဖာသူသာ ရှာစားနေ၏။ တစ်ခါတလေတွင် ရေငုပ်၍ ငါးဖမ်းတတ်ပြီး ထိုသို့ဖမ်းသော အခါတွင်လည်း ဖမ်းသောနေရာမှာ လှေနှင့်ကွာဝေးစေရန် ဂရုစိုက်၍ ဖမ်းလေသည်။ ထိုသို့သောနည်းလမ်းဖြင့် အစာရှာ
ရင်း သားကောင်မှာ သွေးထွက်သွားစေကာမူ လှေအတွက် မည်သည့်ပြဿနာမှ ဖြစ်စေလိမ့်မည် မဟုတ်တော့ချေ။
အစာစားနေရင်း မိုးကုတ်စက်၀ိုင်းတစ်ဖက်တွင် ကျွန်းငယ်လေးတစ်ခုအား ရှောက်ရွှမ် ရုတ်တရက် ရှာတွေ့သွား၏။ ထိုအခါ အလျင်အမြန်ပင် သူ့လှေလေးအား ထိုကျွန်းရှိရာဘက်သို့ ဦးတည်ချက် ပြောင်းလိုက်လေသည်။
သို့သော် တဖြည်းဖြည်းပို၍နီးလာသောအခါ ရှောက်ရွှမ်သိလိုက်ရသည်မှာ ထိုအရာသည် ကျွန်းတစ်ကျွန်းမဟုတ်ဘဲ ဧရာမငါးကြီးတစ်ကောင်သာ ဖြစ်ကြောင်းပင်။ ထိုငါးကြီးမှာ သေဆုံးနေပြီးသားဖြစ်ပြီး အလောင်းမှာ ရေပေါ်တွင် ပေါလောမျောနေခြင်း ဖြစ်၏။
ထို့အပြင် ထိုငါးကြီးကိုယ်တွင် တစ်ခုခုဖောက်၀င်ထားသကဲ့သို့ အပေါက်များစွာ ရှိနေသည်ကိုလည်း ရှောက်ရွှမ် တွေ့လိုက်သည်။
မီတာ ၂၀ မျှရှိသော ဧရာမငါးကြီးမှာ အပေါ်ယံအရေပြားများ စုတ်ပြဲနေပြီး အရိုးစုသာ ကျန်တော့သည်အထိ ကိုက်စားခံထားရ၏။ ထိုအပေါက်လေးများထဲတွင် ဆက်လက်စားသုံးနေသော အကောင်များ ရှိနေသေးသည်ကိုလည်း ရှောက်ရွမ် ခန့်မှန်းမိသည်။
အပေါက်လေးများထဲတွင် သူတို့၏ ရှည်မြောမြောခန္ဓာကိုယ်များကြောင့် သတိမထားမိနိုင်စရာ ငါးအသေးလေးများ ရှိကြ၏။ ထိုငါးလေးများမှာ လက်ဝါးထက်ပင် သေးငယ်ကြပြီး သွားများမှာ ချွန်ထွက်နေကြကာ အပြင်ခွံမှာမူ ချပ်၀တ်ကဲ့သို့ အလွန်ပင် ထူထဲလှပေသည်။ ထိုငါးများ အရိုးထဲထိပင် စားသောက်နေကြလျှင် မကြာမှီတွင် ငါးကြီးမှာ အရိုးပင်ကျန်တော့လိမ့်မည် မဟုတ်ပေ။
ရှောက်ရွှမ်မှာ လမ်းကြောင်းအား ပြောင်းလိုက်ပြီး ချာချာအား ထို အဖြစ်အပျက်ကို ကြည့်ခိုင်းနေရင်း မူရင်း လမ်းကြောင်း ဆီသို့သာ ပြန်လည် ဦးတည်လိုက်လေသည်။
“နောက်တစ်ခါ မင်းငါးဖမ်းရင် ပိုပြီး ဂရုစိုက်ဖို့လိုတယ် အဲ့လိုငါးမျိုးကိုရှာတွေ့ရင် မြန်နိုင်သမျှ မြန်မြန်သာ လွှင့်ပစ်ခဲ့”
ရှောက်ရွှမ် ချာချာအား သင်ကြားလိုက်၏။
“ကျောင်း…”
ချာချာ ဧရာမငါးကြီး၏ အကြွင်းအကျန်များအား ကြည့်လိုက်ပြီး အတောင်များအား ခါလိုက်၏။
လှေကလေး ခပ်ဝေးဝေးသို့ ရောက်သွားသောအခါ ရှောက်ရွှမ် ငါးကြီးအား ပြန်လှည့်ကြည့်လိုက်မိသည်။ ထူးဆန်းစွာပင် ငါးလေးများ၏ အစာစားခြင်းလုပ်ငန်းစဉ်မှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
ထိုအလွန်တရာကြီးမားလှသော ဧရာမငါးကြီးမှာ အမှန်တကယ်တွင် ထိုမျှ ပြဿနာမဖြစ်နိုင်ဘဲ တ
ကယ့်ပြဿနာမှာ မထင်ရှားသော ငါးလေးများသာ ဖြစ်ပေသည်။
ခဏအနားယူပြီးသည့်နောက် ချာချာ ကောင်းကင်ပေါ်သို့ ပျံတက်သွားလိမ့်မည်ဟု ရှောက်ရွှမ် ထင်ထားသော်လည်း ထူးဆန်းစွာပင် ချာချာမှာ လှေပေါ်တွင်သာ ရပ်နေလေ၏။ ချာချာသည် ငုံးတစ်ကောင်ကဲ့သို့ လည်ကိုဆုတ်၍ ၀ပ်နေလေပြီး
ကောင်းကင်ထက်သို့ ကြည့်နေသည်မှာ သူ့အတွက်ကြောက်စရာတစ်ခုခု ထိုနေရာ၌ ရှိနေသကဲ့သို့ပင်။
“ဘာဖြစ်လို့လဲ”
ရှောက်ရွှမ် ချာချာ၏ ခေါင်းအား အသာယာပွတ်ကာ မေးလိုက်သည်။ သာမန်မဟုတ်တာတစ်ခုခုအား မမြင်မိသော်လည်း တစ်ခုခုမှာ မှားနေသလိုပင်ရှောက်ရွှမ်ခံစားနေရ၏။
ချာချာထံမှ ခပ်တိုးတိုးအသံကလေး ထွက်လာကာ သူ့လည်မှာပို၍ပင် နောက်သို့ဆုတ်လာပြီး မျက်လုံးများမှာလည်း ကောင်းကင်သို့သာ စိုက်ကြည့်နေပြီး ပျံသန်းဖို့ ငြင်းဆန်နေဆဲသာ။
ထိုအချိန်တွင် လေမှာလည်း လုံး၀ငြိမ်သွားပြီဖြစ်ရာ လှေကလေးမှာ တဖြည်းဖြည်းနှင့် လုံး၀ရပ်သွားလေသည်။
ရှောက်ရွှမ် ကောင်းကင်သို့ မော့ကြည့်လိုက်၏။ အလျင်အမြန်ပင် တိမ်စိုင်များပြန့်ကြဲပြိုကွဲသွားပြီး ရှင်းလင်းနေသော ကောင်းကင်ကြီး ပေါ်လာနေသည်ကို မြင်လိုက်ရသည်။
သာမန်အားဖြင့် ထိုသို့အဖြစ်အပျက်အား အေးချမ်းပြီး တိမ်ကင်းစင်ကာ နေသာသောနေ့တစ်နေ့အဖြစ် မှတ်ယူနိုင်ပေသည်။ သို့သော် ယခုအခါတွင် ထိုအဖြစ်အပျက်မှာ သူတို့ကို ကြောက်လန့်စရာခံစားချက်တစ်ခုအား ပေးစွမ်းနေ၏။
ချာချာသာမကဘဲ ရှောက်ရွှမ်မှာပင် ကြက်သီးမွှေးညှင်းများထကာ မလှုပ်ရှားနိုင်တော့ချေ။
သို့သော် ထိုသို့သော အခြေအနေတွင် သူလှုပ်ရှားရပေမည်။
ရှောက်ရွှမ်ပတ်၀န်းကျင်ရှိ အသားစားငါးများမှာ နည်းပါးသွားကြပြီး တချို့သော ငါးမျိုးစိတ်များကိုလည်း မမြင်ရတော့ချေ။ ရေပြင်မှာလည်း လှိုင်းပင်မရှိတော့ဘဲ ငြိမ်သက်နေ၏။ သို့သော် ထိုကဲ့သို့သော အေးချမ်းမှုမျိုးမှာ အမှန်တကယ်ပင် အလွန်ထူးဆန်းနေလေသည်။
ထို့နောက် ရှောက်ရွှမ်၏ မျက်လုံးရှေ့တွင် မြစ်မျက်နှာပြင်မှ မြူခိုးများ ထိုးတက်လာသော မြင်ကွင်းတစ်ခု ပေါ်လာ၏။
ထူးခြားပုံမပေါ်သော မြူခိုးများသည် မီးခိုးများ
ကဲ့သို့ ထိုးတက်လာလေသည်။ သို့သော် သူတို့
ထွက်ပေါ်လာပုံအား စဉ်းစားကြည့်သည့်အခါ ထိုမြူခိုးများမှာ လုံး၀သာမန် မဟုတ်နိုင်ချေ။
ရှောက်ရွှမ် သစ်သားလှော်တက်နှစ်ခုအား ကောက်ကိုင်လိုက်ကာ အပြင်းအထန်ပင် လှော်ခပ်တော့သည်။
“မင်းအဲ့မှာ ဘာထိုင်လုပ်နေတာလဲ မြန်မြန်လာပြီး ကူစမ်း မဟုတ်ရင် ငါတို့နှစ်ယောက်လုံး သေကုန်တော့မယ်ဟ” ရှောက်ရွှမ် အော်ပြောလိုက်၏။
ချာချာ ကောင်းကင်အား ကြည့်နေခဲ့သည်။ ရှောက်ရွှမ် အော်ပြောလိုက်သောအခါမှသာ ကြောင်တက်တက်ဖြင့် ဘေးနှစ်ဖက်ဆီမှ လှော်တက်နှစ်ချောင်းအား ကောင်ကိုင်လိုက်၏။ ထို့နောက် မျိုးနွယ်စုတွင် သင်ကြားခဲ့သော လှေလှော်နည်းများအား အသုံးပြုကာ စတင်လှော်ခပ်တော့သည်။
ရှောက်ရွှမ်နှင့် ချာချာ၏ စွမ်းစွမ်းတမံ လှော်ခပ်မှုများ အောက်တွင် လှေကလေးမှာ လျင်မြန်စွာ ရွေ့လျားနေလေ၏။
ယခုအချိန်တွင် ရှောက်ရွှမ်မှာ အားကုန်သုံး၍ လှော်ရန်မှတစ်ပါး ဘာကိုမှ ဂရုမစိုက်နိုင်တော့ချေ။ လှေလှော်ရာတွင်သာ အလွန်အာရုံစိုက်နေလေရာ လှေမှထွက်သော ရေလှိုင်းများက ငါးများအား ဆွဲဆောင်လိမ့်မည်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။
သူတို့ လှော်ခပ်ရာမှ ထွက်ပေါ်လာသော ရေလှိုင်းသံများကိုပင် ကြားနေရ၏။ လှေကလေးမှာလည်း ရှောက်ရွှမ်၏ ပုံရိပ်ဝေဝါးလာသည်အထိ ရှေ့သို့သာ ပြေးနေသည်။ ထိုသို့ပြေးစေရန် အားကုန်သုံးထားရလေရာ ပင်ပန်းလွန်း၍ သူ၏လက်မောင်းများ လောင်ကျွမ်းလာသလိုပင်
ရှောက်ရွှမ် ခံစားနေရသည်။ ထို့နောက် ရှောက်ရွှမ် ကျောက်အပ်တစ်ချောင်းအား ထုတ်ကာ ကောင်းကင်သို့ ပစ်လိုက်၏။
အပ်သည် မီတာ ၁၀၀ လောက်သို့ ရောက်သောအခါ ဝုန်းကနဲ အသံနှင့်အတူ ဖုန်အဖြစ်သို့ ပြောင်းသွားလေသည်။
ထိုအခြေအနေအား မြင်သောအခါ ချာချာမှာ ကြောက်လွန်း၍ လက်ထဲမှ လှော်တက်များ လွတ်ကျမလိုပင် ဖြစ်သွားရ၏။
ရှောက်ရွှမ်မှာလည်း သူ့ဦးရေပြားများ ထုံကျင်လာသလိုပင် ခံစားလိုက်ရသည်။
“အဲ့ဒါကြီး ဆင်းလာနေပြီ အမြန်လှော်ထား”
အော်ပြောရင်း ရှောက်ရွှမ် အပြင်းအထန် ဆက်လက်လှော်ခပ်တော့သည်။
ထိုအချိန်တွင် ချာချာမှာလည်း အလွန်အလျင်လိုနေသဖြင့် ရေထဲသို့ လှော်တက်များ ပြုတ်ကျသွား
သည်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။
ထိုတက်များအား ပြန်ကောက်ရန်လည်း စိတ်မ၀င်စားနိုင်တော့ဘဲ အရံလှော်တက်များကိုသာ သုံးပြီး လှော်နေကာ လှော်ခပ်ရာတွင် ကူညီရန် လက်အပိုများ ပေါက်လာရန်သာ သူ ဆုတောင်းနေမိသည်။
လှေကလေးမှာ ရေပြင်ကိုထိုးခွဲ၍ မြင်းကောင်ရေအားမြင့် စက်လှေလေးကဲ့သို့ ရှေ့သို့ ပြေးနေ၏။
မြန်မြန် ! မြန်မြန် ! မြန်မြန် !
အပြင်းအထန် လှော်ခပ်နေစဉ်အတွင်း ချာချာ၏ အမွှေးအတောင်များမှာ ကျွတ်ထွက်ကုန်ကြသည်။ သို့သော် လှေကလေးသည် အပြင်းအထန် ရွေ့လျားနေသောကြောင့် ထိုအမွှေးအတောင်များမှာ ကောင်းကင်သို့သာ ပျံတက်သွားကြ၏။ လေမှာလည်း ငြိမ်နေသောကြောင့် အတောင်များသည် ခပ်မြင့်မြင့်ဆီသို့ ပျံမသွားနိုင်ဘဲ မီတာ
၂၀ လောက်ထိသာ လွင့်သွားနိုင်ကြကာ သူတို့၏ ကံကြမ္မာမှာလည်း ကျောက်အပ်လေးနှင့် အတူတူသာဖြစ်သွားပြီး ရုတ်တရက် တစ်စဆီပြိုကွဲသွားကြလေသည်။
ရှောက်ရွှမ်တို့ နှစ်ယောက်လုံးမှာမူ ထိုအဖြစ်အပျက်အား လှည့်မကြည့်အားပေ။ သူ
တို့၏ ခွန်အားအကုန်လုံးအား လှေလှော်ခြင်းတွင်သာ အသုံးပြုထားကြ၏။
သူတို့အပေါ်မှ ဖိအားမှာလည်း ဆက်လက်ရှိနေဆဲဖြစ်သည်။ ထိုအရာကြီးမှာ သူတို့အပေါ်မှ ဆက်လက်ကျဆင်း နေဆဲသာ။ အကယ်၍ ရှောက်ရွှမ်သာ ထိုအရာကြီးအောက်မှ လွတ်အောင် မလှော်ခပ်နိုင်လျှင် သူတို့၏ ကံတရားမှာလည်း ကျောက်အပ်နှင့် ငှက်မွှေးလေးကဲ့သို့သာ ဖြစ်သွားကြပေလိမ့်မည်။
ရှောက်ရွှမ် တစ်ကိုယ်လုံး ချွေးများနှင့် စိုရွှဲနေပြီး ချွေးတချို့မှာ သူ့မျက်လုံးထဲသို့ပင် စီးကျနေကြ
သည်။ မျက်လုံးထဲ ချွေးများစီးကျနေ၍ စပ်ဖျင်းနေသော်လည်း ရှောက်ရွှမ် ချွေးများအားသုတ်၍ သူ့အချိန်အား မဖြုန်းဝံ့ပေ။ မကြာခဏသာ မျက်တောင်ခတ်နေရ၏။
ဘာတွေးချိန်မှ ရှိမနေသောကြောင့် ထိုဖိအားကြီးမှာ ဘာကြီးဖြစ်မှန်းလည်း ရှောက်ရွှမ် သိမနေဘဲ သူသိသည်မှာ ထိုအရာကြီးအောက်မှ လွတ်အောင်ပြေး၍ သူတို့အသက်များအား ကယ်တင်ရန်ပင်။
သူ့နောက်မှ ဝုန်းကနဲမြည်သံအား ကြားလိုက်ရသည့်နောက် ခရီးမည်မျှထိ လှော်ခပ်လာပြီးသည်မှန်းပင် မသိလောက်အောင် မိန်းမောနေရင်း ရှောက်ရွှမ် သတိ၀င်လာခဲ့သည်။
ဖိအားကြီးမှာ ပျောက်သွားလေပြီ။ သူ့နောက်ဆို့ လှည့်ကြည့်လိုက်သော အခါတွင်မူ ရေငွေ့များမှာ ပိုပိုပြီး ထူထဲလာကြကာ သူ့နောက်မှ မြူခိုးများ အဖြစ်သို့ ပြောင်းလဲသွားကြခြင်းအား မြင်နေရ၏။
လှေကလေးမှာ ဆက်လက်ရွေ့လျားနေဆဲပင်။ ရှောက်ရွှမ် လှော်တက်အား ခပ်တင်းတင်း
ဆုပ်ကိုင်ထားရင်း မောပန်းစွာ လှဲချလိုက်မိသည်။ သူ့ခြေထောက်များအား မြှောက်ကန်လိုက်ပြီး ပြောလိုက်၏။
“တော်တော့ အဲ့တာကြီး မရှိတော့ဘူး”
ချာချာမှာမူ ကြိုးစားပမ်းစား လှော်ခပ်နေရင်း ရေထဲသို့ ပြုတ်ကျသွားလေသည်။ ရှောက်ရွှမ်ဆီမှ အကန်ခံလိုက်ရပြီးသည့်နောက် သူအတော်ကြောက်လန့်သွားခဲ့ကာ ပျံပြေးလုမတတ်ပင် ဖြစ်သွားခဲ့ရ၏။ အကယ်၍ လှော်တက်များသာ ရှောက်ရွှမ်လက်ထဲ ရှိမနေလျှင် ထိုအရာများလည်း ရေထဲသို့ ကျပျောက်သွားပေလိမ့်မည်။
ငြိမ်သက်နေသော ရေပြင်မှာ တဖန်ပြန်လည် လှုပ်ခတ်လာလေပြီ။ လေမှာလည်း ပုံမှန်အတိုင်းသာ ဆက်လက်တိုက်ခတ်နေ၏။
ရှောက်ရွှမ် ရွက်အား ပြန်တင်လိုက်ကာ လေစီးကြောင်းအတိုင်း ရှေ့သို့ ဆက်လက်ရွက်လွှင့် သွားလိုက်သည်။ ချာချာမှာမူ အနားယူနေပြီး အချိန်အတော်ကြာသည်အထိတော့ သူပျံသန်းနိုင်တော့မည် မဟုတ်ပေ။