← Chapters

ရောက်ရှိခြင်း

Vol. 11 Ch. 152

ရောက်ရှိခြင်း

Vol. 11 Ch. 152

မြစ်မှာ အလွန်ကြီးမှန်း ရှောက်ရွှမ် သိခဲ့ပါသော်လည်း ထိုမျှကြီးလိမ့်မည်ဟုတော့ မထင်ခဲ့မိချေ။

သူတို့သည် လှေအား မနားတမ်းပင် ရွက်လွှင့်ခဲ့ပြီး လေငြိမ်သွားသောအခါမျိုးတွင် လှော်ခပ်ခြင်းဖြင့် ဖြစ်စေ ချာချာအား ဆွဲခိုင်းခြင်းဖြင့်ဖြစ်စေ ခရီးဆက်ခဲ့ကြသည်။

နေနှင့်လ၏ အလင်း‌ရောင်ကို အသုံးပြုခြင်းဖြင့်လည်း ရှောက်ရွှမ် လမ်းမမှားဘဲ ရှေ့သို့တည့်တည့် ဆက်သွားနိုင်နေခဲ့၏။ ခရီးလမ်းတစ်လျှောက်လုံးတွင် ရှောင်ကွင်း၍ သွားရသော အသားစားငါးများအပါအ၀င် ပြဿနာမျိုးစုံအား ကြုံတွေ့ခဲ့ပါသော်လည်း သူတို့နှစ်ယောက်မှာ ယခုအချိန်ထိ ပန်းတိုင်၏ အရိပ်အ‌ယောင်ကိုပင် မမြင်ရသေးချေ။

“ဒီနေ့ ကုန်သွားရင် ငါတို့ ခရီးစထွက်ခဲ့တာ ၁၅ ရက်တောင် ပြည့်သွားပြီ” ရှောက်ရွှမ် ရေပြင်ကျယ်ကြီးအား ငေးကြည့်နေရင်း ချာချာအား ပြောလိုက်သည်။

ချာချာမှာ တစ်ကိုယ်လုံးတွင် အားလုံး၀မရှိတော့သလို အသံတိုးတိုးပေး၍သာ တုံ့ပြန်လိုက်၏။ အတောင်အတော်များများ ကျွတ်ထွက်ကုန်ကြသည်အထိ ထိတ်လန့်စရာ အတွေ့အကြုံများကြုံခဲ့ပြီးသည့်နောက် ချာချာ၏ စူးစမ်းချင်စိတ်မှာ အတော်‌လေး လျော့ကျသွားခဲ့လေသည်။

ထို ၁၅ရက်လုံးတွင် တစ်ရက်မှ ကောင်းကောင်းမနားရသေးသဖြင့် ရှောက်ရွှမ်မှာလည်း အလွန်ပင်ပန်းနေခဲ့၏။ သူ၏ အလိုအလျောက် ပြန်လည်ကုသနိုင်စွမ်းသည် အလွန်ကောင်းသည်ဆိုသော်ငြားလည်း ယခုလောက် ပင်ပန်းမှုမျိုးကိုတော့ သူခံနိုင်ရည် မရှိ

တော့ချေ။ ထို့အပြင် ရှေ့သို့သာ ဆက်သွားနေလျှင် နောက်ပြန်လှည့်ရန် အချိန်မရှိတော့မည်ကိုလည်း ရှောက်ရွှမ် စတင်စိုးရိမ်လာမိ၏။ နောက်ဆုံးတွင် မူလအစီအစဉ်အရ ၁၅ရက်အတွင်း ကမ်းခြေအား မတွေ့ပါက နောက်ပြန်လှည့်ရမည်သာ။ သို့သော် ရှေ့သို့ဆက်သွားသင့်နေသေးမှန်း ရှောက်ရွမ် ခံစားနေရသည်။

“ချာချာ ရှေ့မှာ တကယ်ပဲ ကုန်းမြေတစ်ခုရှိမရှိ မင်းပြောနိုင်လား” လင်းယုန်ကောင်အား တစ်ချက်ကန်လိုက်ရင်း ရှောက်ရွှမ် မေးလိုက်၏။ ဤမြစ်ကြီးမှာ သူထင်ထားသည်ထက်ပင် အများကြီးပို၍ ကြီးမားနေလေသည်။ ထိုမြစ်ကြီး ပင်လယ်ဖြစ်သွားလျှင်ပင် သူအံ့ဩတော့မည် မဟုတ်ပေ။

ချာချာ ခေါင်းထောင်လိုက်ကာ အတည်ပြုသည့် အသံဖြင့် အော်ဟစ်လိုက်ပြီး သူ့ရှေ့ရှိ အကွာအဝေးအား ကြည့်လိုက်မိ၏။ ရှေ့တွင် ကုန်းမြေတစ်ခုရှ်ိသည်ကို သူအာရုံခံမိသော်လည်း ထိုကုန်းမြေမှာ ဘယ်လောက်‌ဝေးဦးမည်မှန်း သူမသေချာရုံသာ။

ရှောက်ရွှမ်မှာလည်း ထိုသို့ခံစားမိပေသည်။ ရှေ့သို့သာ ဆက်သွားနေပါက တစ်ချိန်ချိန်တွင် မြစ်ကမ်းခြေအား တွေ့လိမ့်မည်ဟု သူယုံကြည်နေ၏။ သို့သော် အန္တရာယ်မှာတော့ အလွန်များပေလိမ့်မည်။ အကယ်၍ သူတို့မြစ်ထဲတွင် ရှိနေစဉ်အတွင်း မြစ်ရေထိုးကျသွားလျှင် သူတို့ ဘာလုပ်ရမည်နည်း။

သူတို့ ဘာကိုရွေးချယ်ရမည်နည်း။

ရှေ့ဆက်သွားသင့်သည်‌ေလာ နောက်ပြန်ဆုတ်သင့်သည်လော။

ရှောက်ရွှမ်မျက်လုံးမှိတ်လိုက်ကာ သူ့စိတ်ထဲမှ နတ်ရုပ်အား အသက်သွင်းလိုက်လေသည်။

နတ်ရုပ်မှာ အလင်းများဖြင့် တောက်ပလောင်ကျွမ်း

လာပြီး မီးတောက်များအား ကြမ်းကြုတ်လှသော အသွင်ဖြင့် အရှေ့သို့သာ ပစ်လွှတ်လိုက်၏။

သူ့မျက်လုံးများအား ပြန်ဖွင့်လိုက်ပြီး ရှောက်ရွှမ် ရွက်ပြန်တင်လိုက်သည်။

“ရှေ့ဆက်ကြတာပေါ့”

“ကျောင်း~~”

ချာချာ ခပ်တိုးတိုးသာ ပြန်တုန့်ပြန်လိုက်၏။ ရှောက်ရွှမ် မျိုးနွယ်စုထဲတွင် ရှိခဲ့စဉ် ဘ၀အား ပြန်လည်တမ်းတမိသောအခါ အမှတ်တရများအား လွမ်းဆွတ်နေရုံသာ။ သို့သော် နယ်မြေသစ်အကြောင်းတွေးမိသောအခါတွင်မူ သူ့စိတ်မှာ အမှန်ပင် တက်ကြွလာမိ၏။

ထိုသို့ဖြင့် ရှောက်ရွှမ်စိတ်အတွင်းမှ မီးတောက်သည် ဆက်လက်လောင်ကျွမ်းနေသေးသောကြောင့် သူတို့ နောက်ထပ် ၈ရက်ကြာ ရွက်လွှင့်ခဲ့ကြလေသည်။ အချိန်ကြာလာသည်နှင့် အမျှ မြစ်မှာ ရေစီးသန်လာလေ၏။ ရှောက်ရွှမ်မှာ ထိုအခြေအနေနှင့် အသားကျနေခဲ့ပြီး နောက်ဆုံးအကြိမ် ထိုသို့ဖြစ်ခဲ့စဉ်က မြစ်ရေမှာ ရုတ်တရက် ထိုးကျသွားခဲ့သည်။ ထိုနေ့တွင် မြစ်ကြမ်းပြင်မှ ထိုးထွက်နေသော ကျောက်တုံးတစ်ချို့ကိုပင် မြင်ခဲ့ရပြီး နောက်နေ့တွင်မူ ထိုကျောက်တုံးများမှာ ရွှံ့တောင်စောင်းများ အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ချာချာမှာ ကောင်းကင်ပေါ်တွင် ပျံဝဲရင်း လှေကလေးအား ဆွဲနေလေသည်။

ရှောက်ရွှမ် အတွေးနက်နေစဉ် ချာချာကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ရှောက်ရွှမ် အမြန်မော့ကြည့်လိုက်ရသည်။ ချာချာမှာ ရှေ့တွင် တစ်ခုခုအား တွေ့လိုက်သောကြောင့်

အော်ဟစ်ကာ အချက်ပေးလိုက်ခြင်း ဖြစ်၏။ သူတွေ့လိုက်သည့်အရာမှာ မြစ်ကမ်းခြေနှင့် အလွန်တူ‌နေသည်။

ချာချာအား လှေပေါ်သို့ ပြန်ဆင်းလာခိုင်းပြီး ရှောက်ရွှမ် သူ့ကျောပေါ်သို့ တက်လိုက်ကာ အရှေ့သို့မြင်နိုင်ရန် ချာချာအား ကောင်းကင်ပေါ်သို့ ပျံတက်ခိုင်းလိုက်၏။

လှေကလေးပေါ်မှ ရှေ့အားခပ်ဝေးဝေးမြင်နိုင်ရန်မှာ အလွန်ခက်ခဲလှသော်လည်း ကောင်းကင်ပေါ်မှဆိုလျှင်မူ အရှေ့သို့ ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ အရှေ့တွင် အနက်ရောင်အစင်းကြောင်း လေးတစ်ခုအား ခပ်ရေးရေး မြင်နေရ၏။ သေချာမကြည့်ဘူးဆိုလျှင် ထိုအရာအား မြင်နိုင်ရန် မလွယ်ချေ။

သူတို့သည် လှေကလေးအား မစွန့်ပစ်နိုင်သေးသဖြင့် ချာချာ ကျောတွင်ကြိုးအားဆွဲလိုက်ပြီး ရှေ့တည့်တည့်သို့ တရှိန်ထိုး ပျံသန်းသွားလေ

တော့သည်။ ထိုသို့ မလုပ်လျှင် လှေကလေးမှာ မြစ်ရေလှိုင်းများကြောင့် မြစ်ထဲတွင် မျောသွားတော့မည်သာ။

အစင်းကြောင်းလေးအား ပို၍ရှင်းရှင်းလင်းလင်းမြစ်နိုင်စေလောက်သည်ထိ မနီးသေးပါသော်လည်း ရှောက်ရွှမ် အလွန်ပင် စိတ်လှုပ်ရှားနေမိ၏။

ရေထဲတွင် ရက်ပေါင်း ၂၀လောက် နေခဲ့ရခြင်းကြောင့် ရှောက်ရွှမ်မှာ ကုန်းမြေထုပေါ်တွင် နင်းလျှောက်ချင်စိတ် အလွန်ပင် ပြင်းထန်နေခဲ့သည်။ အကယ်၍ ယခုတစ်ခါလည်း ထပ်မံလွဲမှားခဲ့သည် ဆိုပါက သူအလွန်တရာမှပင် စိတ်ထိခိုက်သွားရမည်သာ။ မြစ်ရေမှာ လျင်မြန်စွာ ကျဆင်းနေမှုကြောင့် အကယ်၍ နတ်မီး‌ေတာက်အားသုံး၍ ရှေ့ဆက်သွားမည်ဆိုလျှင်တောင် နောက်ဆုံးရလဒ်မှာ သေခြင်းတရားသာ ဖြစ်သွားပေလိမ့်မည်။

လွန်ခဲ့သည့် ရက်ပေါင်း ၂၀လုံး ခံစားခဲ့ရသော ပင်ပန်းနွမ်းနယ်မှုများမှာ ကုန်းမြေမျဉ်းအား မြင်လိုက်ရသောအခါ ကြက်ပျောက်ငှက်ပျောက်ပင် ပျောက်သွားခဲ့ရလေပြီ။ သူ့နှလုံးသားထဲမှ ၀န်ထုပ်၀န်ပိုးများမှာလည်း ကုန်းမြေဟု ယုံကြည်နေမှုကြောင့် ရုတ်ချည်းပင် လျော့ကျသွားခဲ့၏။

“ဟုတ်ပြီကွ ချာချာရေ မြန်မြန်သွားစမ်းပါကွ အားထပ်စိုက်ထားစမ်းကွာ”

လှေကလေးအား ချာချာဆွဲနေသောကြောင့် ရှောက်ရွှမ်မှာ လှေပေါ်သို့ ပြန်ရောက်နေခဲ့သည်။

ဒီရေတက်‌လာသောကြောင့် အသားစားငါးများမှာလည်း မတွေ့ရတော့သလောက် လျော့နည်းသွားခဲ့သည်။ ဘာကြောင့် နည်းသွားသလဲ ဆိုသည်ကိုတော့ ရှောက်ရွှမ် မသိချေ။ အနည်းဆုံးတော့ ထိုနှစ်ရက်အတွင်း မြစ်အတွင်းမှ မည်သည့်သတ္တဝါမှန်သမျှ၏

နှောင့်ယှက်မှုကိုမှ မခံခဲ့ရချေ။ သူကြုံခဲ့ရသည့် ပြဿနာမှာ လေတိုက်နှုန်းနှင့် လေလမ်းကြောင်းသည် သူသွားလိုသည့် အရပ်၏ ဆန့်ကျင်ဘက်မှ တိုက်ခိုက်နေ၍ ထိုနေရာသို့ ရောက်ဖို့ ပိုအားစိုက်နေရခြင်း ဖြစ်၏။

မျဉ်းနက် လေးမှာမူ တဖြည်းဖြည်းနှင့် ပို၍ ထင်ရှားလာခဲ့သည်။ ကောင်းကင်သို့ မော့ကြည့်လိုက်ရင်း နေမ၀င်ခင် ထိုနေရာသို့ သူတို့ရောက်နိုင်ဖို့ ရှောက်ရွှမ် မျှော်လင့်နေမိ၏။ ညအချိန်တွင်မူ ကြိုတင် မသိနိုင်သော အန္တရာယ်များစွာ ရှိနေနိုင်ပေသည်။

ကမ်းခြေသို့ ဦးတည်သွားနေရင်း မြစ်မျက်နှာပြင်မှာ ဒီရေကျဆင်းမှုကြောင့် ပိုမိုနိမ့်ကျလာမှန်း ရှောက်ရွှမ် သတိထားလိုက်မိ၏။

သိပ်တော့ မဆိုးချေ။ ချောက်နက်ထဲသို့ သူကျရောက်သွားတော့မည်ဟု ခံစားခဲ့ရပါသော်လည်း နောက်ဆုံးတွင် ကုန်းမြေအား ရှာတွေ့ခဲ့လေသည်။

ထိုနေရာသစ်မှာ ရှောက်ရွှမ်အား ဖော်ပြ၍ မရသော စိတ်လှုပ်ရှားမျိုး ပေးစွမ်းနေ၏။

ထိုအသစ်ရှာတွေ့သော ကမ်းခြေသည် မျိုးနွယ်စုအတွင်းမှ ကမ်းတစ်ခုနှင့် ဆင်တူပေသည်။ ထိုကမ်း၏ အနီးတွင် ရွှံ့တောင်စောင်းတစ်ခု ရှိနေ၏။

သို့သော် ထိုရွှံ့တောင်စောင်းတွင် ရေများ စီးဆင်းနေသည်ကို တွေ့‌ေနရသည်။ ထိုတောင်စောင်းသည် မြစ်ထဲသို့ ရေများ ပြန်စီးသွားစေရန် ကုန်းမြေ၏ အခွဲကုန်းမြေတစ်ခု ဖြစ်လောက်၏။ ယခုတွင်မူ မြစ်ရေမျက်နှာပြင်မှာ ကျဆင်းနေသဖြင့် ရေသည် မူလကုန်းမြေသို့ မရောက်သေးခင် ရပ်တန့်သွားသည်။

ကမ်းခြေနှင့် ပိုနီးလာသဖြင့် လေမှာ ပိုထန်လာလေသည်။ ထိုလေသည် ရွှံ့ပျော့မြေ အနံ့အားလည်း သယ်ဆောင်လာ၏။

ပတ်ပတ်လည်တစ်၀ိုက်အားလေ့လာပြီးသည့်နောက် ရွှံ့တောင်စောင်အား လှမ်းကြည့်လိုက်ပြီး လှေကလေးသည် ကမ်းခြေသို့ မရောက်နိုင်လောက်မှန်း သူသိလိုက်ရသည်။

လှေကလေးမှာ အလွန်မာကြောသော ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်သော်လည်း ရက်ပေါင်း ၂၀ကြာ ထိခိုက်မှုများ‌နှင့် ငါးများ၏ ကိုက်ခဲမှုများအား ကြုံတွေ့ခဲ့ရပြီးသည့်နောက် မျက်စိဖြင့် မြင်နိုင်သော အပေါက်ကလေးများပင် ဖြစ်နေလေပြီ။ လှေအောက်‌ခြေတွင် အပေါက်အတော်များများ ရှိနေ‌၏။ ထိုအပေါက်လေးများမှ ရေမ၀င်စေရန် ဖာထေး ပိတ်ဆို့ ထား၍ ရသည်ဆိုသော်ငြားလည်း လှေကလေးမှာ သူ၏ နောက်ဆုံးအခြေအနေသို့ ရောက်နေပြီဖြစ်မှန်း သူပြောနိုင်သည်။

ရှောက်ရွှမ် လက်ကျန်ပစ္စည်းများအားလုံးအား အိတ်ထဲသို့ ကောက်ထည့်၍ သိမ်းလိုက်ကာ ချာချာပြန်လာပြီး သူ့အား ကမ်းခြေထိ တင်ခေါ်သွားမည်ကို စောင့်

နေလိုက်၏။

ချာချာမှာ လှေကလေးအား မဆွဲရတော့သောကြောင့် အလွန်လျင်မြန်နေပြီး လေစီးကြောင်းအား ထိုးခွဲကာ အလျင်အမြန်ပင် ပျောက်ကွယ်‌သွားတော့သည်။

လှေမှာပို၍ ထန်လာနေပြီး ရှင်းလင်းသော ဦးတည်ချက် မရှိဘဲ သွားနေရသည်ဖြစ်ရာ သူတို့မှာ လမ်းပျောက်၍ ရွှံ့တောင်စောင်းအား တိုက်မိတော့မလိုပင် ဖြစ်နေရသည်။

“လုပ်ထားစမ်း ချာချာ အားပိုထည့်လိုက်စမ်းပါ”

ရှောက်ရွှမ် ချာချာကျောအား တင်းတင်းဖက်ထားရင်း အော်ပြောလိုက်၏။

ချာချာမှာ အားကုန်သုံးကာ အတောင်များအား ဖြန့်

ရင်း ပျံသန်းလိုက်တော့သည်။

ပျံသန်းနေရင်း ရှောက်ရွှမ် ရုတ်တရက် အော်ပြောလိုက်သည်။

“နေဦး အဲ့နေရာမှာခဏရပ်ဦး”

ချာချာမှာ ရှောက်ရွှမ်ဘာလို့ရပ်ခိုင်းသလဲ မသိလိုက်သော်လည်း ရှောက်ရွှမ် ညွှန်ပြသည့် နေရာသို့ ပျံသန်းသွားလိုက်၏။

ရှောက်ရွှမ် ရေများဝိုင်းနေသော ရွှံ့ထဲတွင် နစ်နေသော ပုံရိပ်တစ်ခုအား သတိထားလိုက်မိခြင်း ဖြစ်သည်။

“ငါ့ကို ကယ်ပါ” ထိုလူမှာ သူ၏ အက်ကွဲကွဲ အသံဖြင့် အော်ဟစ်နေလေ၏။ သူထိုသို့ အော်ဟစ်

နေသည်မှာလည်း အတော်ကြာပြီဖြစ်မှန်း သိသာပေသည်။ ထိုနေရာတွင် သူအော်နေသည်အား ကြားရန် မည်သူမှ မရှိသည်ဖြစ်ရာ အော်ဟစ်နေရင်းပင် သူအားကုန်သွားပုံ ပေါ်၏။

ထိုထောင်ချောက်မိနေသည့်လူမှာ သူ့တစ်ကိုယ်လုံး ရွှံ့ထဲတွင် နစ်မြုပ်နေပါသော်လည်း အသက်ကြီးသေးသည့်ပုံတော့ မပေါ်သေးပေ။ သူ့ကိုယ်လုံး၏ သုံးပုံနှစ်ပုံမှာ ရွှံ့ထဲတွင် နစ်မြုပ်နေပြီး ရေနေအပင်များဖြင့် ချုပ်ခံထားရသည့်ပုံ ပေါ်သည်။

ချာချာအတွက်လည်း ထိုနေရာအနီးအထိ သွားရန်မှာ ခက်ခဲပေသည်။ ထို့ကြောင့် ရှောက်ရွှမ် မြက်ကြိုးတစ်ခုအား သူ့ကိုယ်တွင် ချည်ပြီး ကြိုးစတစ်ဖက်အား ချာချာ့ကိုယ်တွင် ချည်ကာ ခုန်ဆင်းလိုက်၏။

“မင်းလက်ကို မြှောက်ထား” ရှောက်ရွှမ် အော်ပြောလိုက်သည်။

ရှောက်ရွှမ် လင်းယုန်ပေါ်မှ ခုန်ချလာသည်အား တွေ့လိုက်ရသောအခါ ထိုလူမှာ သူ့လက်မောင်းများအား မြှောက်မထားခင် ခဏလောက် ကြောင်တက်တက်ဖြစ်ပြီး ငေးစိုက်ကြည့်နေမိ၏။

ရှောက်ရွှမ် သူ့လက်များဖြင့်ဆွဲကာ ထိုလူအား အပေါ်သို့ ဆွဲတင်လိုက်လေသည်။

သို့သော် ရေနေအပင်များမှာ ထိုလူအား တင်းတင်းကြပ်ကြပ်ချုပ်နှောင်ထားသောကြောင့် ထိုလူသည် အပေါ်သို့ ပါမလာဘဲ ရှောက်ရွှမ်သာ အားပိုထည့်၍ ဆွဲလိုက်ပါက ထိုလူ၏ လက်မောင်းများသာ ပြတ်ကျသွားနိုင်၏။

ထို့ကြောင့် လက်အားလွှတ်လိုက်ကာ ချာချာအား ပိုနီးသည့်နေရာသို့ ပျံလာခိုင်းလိုက်ပြီး ဓားဖြင့် ရေနေအပင်များအား လှီးဖြတ်လိုက်၏။

ရှောက်ရွှမ် ထိုလူအား ဆွဲတင်နေစဉ်အတွင်း ထိုလူမှာလည်း သူ့ကိုယ်ထဲရှိ အားကုန်သုံးကာ ထိုနေရာမှ လွတ်မြောက်ဖို့ အစွမ်းကုန် ကြိုးစားနေလေသည်။

ထိုလူ၏ မျက်နှာတစ်ပြင်လုံးအား ရွှံ့များဖြင့် ဖုံးလွှမ်းထားသဖြင့် သူ့မျက်နှာအား သေချာမမြင်ရပါသော်လည်း သူ့မျက်လုံးများမှာမူ ဓားနှစ်လက်ကဲ့သို့ တောက်ပနေမှန်း ရှောက်ရွှမ် သတိပြုလိုက်မိသည်။ ထိုမျက်လုံးများမှာ ထိုလူအား ဂရုဏာကင်းမဲ့ပြီး အေးစက်စက်နိုင်သော လူတစ်ယောက်ကဲ့သို့ ထင်ရစေသည်။

ထိုလူသည် မည့်သည့် မျိုးနွယ်စုမှဖြစ်မှန်းလည်း မသိရာ ရှောက်ရွှမ် စတင်တွေးတောမိ၏။

ရှောက်ရွှမ် မထွက်ခွာခင်က သူသိသင့်သော အရာအားလုံးအား နတ်ဆေးဆရာဆီသို့သွားကာ သင်ကြားခဲ့ရပြီး နတ်ဆေးဆရာပိုင်သော တိရစ္ဆာန် စာလိပ် အားလုံးနီးပါးကိုပင် ဖတ်ရှုခဲ့ရသည်။

သို့သော် သူ့ရှေ့ရှိလူမှာမူ ထိုလူ့အကြောင်းအား ရှောက်ရွှမ် အနည်းငယ်သာ သိရှိထားခြင်းဖြစ်ရာ ထိုလူမည်သူဖြစ်မှန်း သူခန့်မှန်း၍ မရချေ။

ဖြည်းဖြည်းမှန်မှန်ဖြင့် ထိုလူသည် ရွှံ့ထဲမှ ထွက်နိုင်ရန် ရုန်းကန်နေပြီးနောက်တွင် ချာချာမှာ ပိုမြင့်သည့် နေရာသို့ ပျံသန်းသွားလေတော့သည်။

ထို့နောက်တွင် ကုန်းမြေပေါ်သို့ ရောက်သောအခါ ရှောက်ရွှမ် သူ့ခြေဖဝါးအား မြေထုနှင့် ထိထားလိုက်ပြီး သူ့စိတ်ထဲတွင်လည်း ခံစားချက် လှိုင်းဂယက်များ ထနေ၏။ သူမြစ်ထဲတွင် နေခဲ့ရသည်မှာ အလွန်ကြာခဲ့ပြီ မဟုတ်ပါလော။

ခြေဖဝါးနှစ်ဖက်လုံးအား မြေထုပေါ်တွင် ရပ်ထားရင်း ရှောက်ရွှမ် မြေထု၏ မာကျောမှုအား ခံစားနေလေသည်။

ချာချာမှာလည်း မြက်ခင်းပြင်ပေါ်တွင် ရပ်နေရင်း ခြေလှမ်းအနည်းငယ်ပင် လျှောက်နေ၏။

ရှောက်ရွှမ် ကယ်ခဲ့သောလူမှာမူ ရုပ်သွင်အား သေချာမြင်ရ‌ေသာအခါ ထိုလူမှာ အမှန်တကယ်တွင် ကလေးတစ်ယောက်သာ ဖြစ်နေသည်။ ရှောက်ရွှမ် သူ့အသက်အား ကယ်ခဲ့ပါသော်လည်း ထိုကလေးမှာ ရှောက်ရွှမ်အား သတိထား၍သာ နေလေ၏။

တစ်ဖက်မှ ဘာမှမပြောသောအခါ ရှောက်ရွှမ်လည်း ဘာမှမေးမနေတော့ချေ။ စိတ်ငြိမ်သွားသောအခါမှသာ ရှောက်ရွှမ် ပတ်၀န်းကျင်အား စတင်လေ့လာလိုက်သည်။

အနီးတစ်ဝိုက်တွင် သက်ရှိများ၏ အရိပ်အယောင်အား မတွေ့ရသော်လည်း သက်ရှိများ ရှိနိုင်သည့် သဲလွန်စတစ်ချို့တော့ ရှိနေ၏။ ဤနေရာ၏ အနီးတွင် တောင်များအား မြင်တွေ့နေရပါသော်လည်း ဤနေရာတစ်ခုလုံးကိုတော့ ရေထွက်သည့် အ‌ေပါက်

များရှိ‌ေနသည့် ရွှံ့‌ေတာများဖြင့်သာ ၀န်းရံထားသည်။ ထိုသဘာ၀အတိုင်း ဖြစ်ပေါ်နေသော အပေါက်များမှာ အရွယ်အစားအမျိုးမျိုးရှိနေ၍ တချို့အား ရေကန်များဟုပင် သတ်မှတ်၍ ရပေသည်။ ထိုအရာများအပြင် လက်သည်းနှင့် သွားရာများရှိနေသည့် ကျောက်တုံးများကိုလည်း ရှောက်ရွှမ် တွေ့လိုက်မိသည်။ ထိုအရာများမှာ လူသားများ လုပ်နိုင်သော အရာများ မဖြစ်နိုင်ပေ….

ရေထဲတွင် မည်သည့်အရာများ ရှိနေပါသနည်း။

သို့သော် ရေကန်ထဲတွင် မည်သည့်အန္တရာယ်ကိုမှ ရှောက်ရွှမ် မခံစားမိချေ။ ချာချာမှာလည်း သူနှင့်သဘောတူ၏။ အကယ်၍ ကန်ထဲမှ သတ္တဝါမှာ သူတို့မသိနိုင်လောက်အောင် ကောင်းကောင်းပုန်းနေခြင်းမဟုတ်လျှင် ကန်ထဲတွင် မည်သည့်အရာမှ ရှိမနေနိုင်ချေ။

ရှောက်ရွှမ် ကယ်လာခဲ့သောကလေးမှာ မြက်ခင်းပြင်

ပေါ်တွင် လဲလျောင်းနေရင်း ခပ်ဖြည်းဖြည်းသာ အသက်ရှူနေလေသည်။ သူ့ပါးစပ်မှ ဘာမှမပြောသော်လည်း သူ့မျက်လုံးများမှာမူ ရှောက်ရွှမ်နှင့် ချာချာအား အကဲခတ်နေ၏။

နောက်ဆုံးတွင် ကောင်လေးမှာ ထိန်းမထားနိုင်တော့ချေ။

“ခင်ဗျားကဘယ်သူလဲ ဘာလို့ ကျုပ်တို့မျိုးနွယ်စုပိုင်နက်ထဲမှာ ပေါ်လာတာလဲ” ကောင်လေး မေးလိုက်သည်။

“မင်းမျိုးနွယ်စုလား မင်းက ဘယ်မျိုးနွယ်စုကလဲ” ကောင်လေးမှာ သတိထားနေသေးသည့်ပုံ ပေါ်နေသောကြောင့် ရှောက်ရွှမ် ပြန်မေးလိုက်သည်။ ထို့နောက် သူဆက်ပြောလိုက်သည်။

“ငါနဲ့ ငါ့လင်းယုန်က အတော်ဝေးတဲ့ ကုန်းမြေတစ်ခုကနေ လှေနဲ့လာခဲ့တာ ငါတို့မြစ်ထဲမှာရှိနေရင်း မြစ်

ရေက ရုတ်တရက်ထိုးကျနေလို့ ကမ်းခြေကို အမြန်လာခဲ့ရတာ ငါတို့လှေလေးကတော့ မြစ်ရေနဲ့ ပါသွားလောက်ပြီ ငါတို့ဘယ်လောက်ဝေးဝေး ခရီးနှင်ခဲ့ပြီးပြီလဲတော့ ငါတို့မသိဘူး”

“ခင်ဗျားတို့ မြစ်ထဲမှာ ဘယ်လောက်ကြာကြာနေခဲ့တာလဲ”

ကောင်လေးမှာ ရှောက်ရွှမ်စကားများထဲတွင် သံသယဖြစ်စရာများ ပြည့်နှက်နေသောကြောင့် အပြည့်အ၀ မယုံကြည်ခဲ့ပေ။ ရှောက်ရွှမ် သူ့မျိုးနွယ်စုအား မသိသည်မှာလည်း ထူးဆန်းသည်ဟု သူခံစားနေရသည်။

“ရက်ပေါင်း ၂၀ လောက်ပေါ့” ရှောက်ရွှမ် ပြန်ဖြေလိုက်သည်။

ကောင်လေးမှာ မျက်လုံးများ ပြူးကျယ်သွားပြီး

သူ၏ အညိုရောင်သူငယ်အိမ်နှစ်ခုမှာလည်း ပြူးကျယ်လာလေတော့သည်။

All Chapters