မျိုးနွယ်စု
Vol. 11 Ch. 153
နတ်ဆေးဆရာ သူ့အားပေးခဲ့သော တိရစ္ဆာန်သားရေလိပ်ထဲတွင် မြစ်ကြောင်းတစ်လျှောက်နေထိုင်သည့် မျိုးနွယ်စုရှိကြောင်း မပါရှိခဲ့ပေ။
ထိုစာလိပ်ထဲတွင် ဖော်ပြထားသည်မှာ ထိုနေရာတစ်ဝိုက်သည် လူမနေသည့် စွန့်ပစ်နယ်မြေတစ်ခု ဟူ၍သာ ဖော်ပြထားခြင်းဖြစ်၏။
အမည်မသိ အကြောင်းအရင်းတစ်ချို့ကြောင့် သူတို့၏ ဘိုးဘေးများလက်ထက်တွင် ထိုမြေနေရာများကို စွန့်ခွာပြီး နယ်မြေအသစ်ရှာဖွေရန် ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။ မျှော်လင့်မထားဘဲ အချိန်များစွာ ကြာမြင့်လာသောအခါ သူတို့အိမ်အသစ်နှင့် အိမ်အဟောင်း၏ မြေထုမှာ အလွန်တရာကွာဝေးလာခဲ့၏။
ဧရာမအက်ကွဲကြောင်းကြီး ပေါ်ပေါက်လာပြီးသည့်နောက် မြေအနေအထားများ ပြောင်းလဲခဲ့ရခြင်းမှာ တခြားဒေသများမှ ရေများစီး၀င်လာခဲ့ခြင်းကြောင့်ဟု ရှောက်ရွှမ် ကောက်ချက်ချလိုက်မိသည်။ ထိုအက်ကွဲကြောင်းကြီးအား ရေများဖြင့် အလျင်အမြန်ပြည့်သွားစေပြီး မြစ်တစ်စင်းဖြစ်ပေါ်လာစေကာ ထိုမြစ်အတွင်းသက်ရှိများဖြစ်ပေါ်လာကြပုံပေါ်သည်။ ထိုသက်ရှိများမှာ သူထိုမြစ်အတွင်း တွေ့ခဲ့ရသော သတ္တဝါများ ဖြစ်ကြ၏။
မည်သို့ပင် ဆိုစေကာမူ ထိုမြစ်ကြီးပေါ်ပေါက်လာခဲ့ခြင်းမှာ ဘိုးဘေးများအား အိမ်အဟောင်းသို့ ပြန်ရန် အတားအဆီးဖြစ်စေခဲ့သည်။
ထိုမြစ်ကြီးပေါ်ပေါက်လာခဲ့ပြီးသည့်နောက် ဘိုးဘေးများမှာ မြစ်ကြီးအား အလွန်ရိုသေလေးစားခဲ့ကြ၏။ ထို့ကြောင့်ပင် မြစ်ကြီးသို့ဖြတ်၍ တစ်ဖက်ကမ်းသို့ ပြန်မည့်အစား အခြားမတူညီသော လမ်းများကိုသာ ရှာဖွေခဲ့ကြသည်။ ထပ်လောင်းဆိုရလျှင် ထိုမြစ်ကြီး
အတွင်းရှိ အန္တရာယ်များအား သိရှိခဲ့ကြသောကြောင့်လည်း ပါလေ၏။
ဤသို့ဖြင့် နှစ်တစ်ထောင်ခန့်ကြာသောအခါ မီးတောက်ဦးချို မျိုးနွယ်စုသည် အက်ကွဲကြောင်းကြီး၏ အခြားတစ်ဖက်တွင် သီးခြား နေထိုင်သော မျိုးနွယ်စုတစ်ခု ဖြစ်လာခဲ့လေသည်။
မူဟအိမ်ဟောင်းရှိရာ မြစ်၏ တစ်ဖက်ကမ်းတွင်လည်း ပြောင်းလဲမှုကြီးများ ဖြစ်ပေါ်ခဲ့၏။ ယခင်က စွန့်ပစ်ကုန်းမြေဟု သတ်မှတ်ထားခဲ့ရာ ဤဒေသသည် ယခုတွင် ရေများဖုံးလွှမ်းနေသော ရွှံ့မြေထု တစ်ခုဖြစ်လာပြီး မျိုးနွယ်စုတစ်ခုပင် ပေါ်ပေါက်လာခဲ့သည်။
ကံကောင်းစွာဖြင့် ဘာသာစကားအပြောင်းအလဲတော့ မရှိခဲ့ဘဲ ရှောက်ရွှမ်တို့သည် အလွယ်တကူ ဆက်သွယ်နိုင်ခဲ့ကြသည်။
“မင်းမျိုးနွယ်စု နာမည်ကဘာလဲ” ရှောက်ရွှမ် မေးလိုက်၏။
ကောင်လေးမှာ ဘာမှပြန်မပြောခဲ့ပေ။ ရှောက်ရွှမ်အား သေချာအကဲခပ်နေရင်း ထပ်မေးလိုက်သည်။
“ခင်ဗျားတို့တကယ်ပဲ မြစ်ထဲမှာ ရက် ၂၀ နေခဲ့တာလား”
“သေချာတာပေါ့” ရှောက်ရွှမ် ပြန်ဖြေလိုက်၏။
“လူလိမ်ကောင်”
ကောင်လေးမှာ အော်ပြောလိုက်ရင်း ခြေလှမ်းကျယ်ကြီးများဖြင့် လျှောက်လာကာ ရှောက်ရွှမ်အား သူ့လက်သီးကြီးဖြင့် ထိုးနှက်လိုက်လေသည်။
“ဘန်းးး”
ရှောက်ရွှမ် ကောင်လေး၏ လက်သီးအား လက်ဖဝါးဖြင့် ဖမ်းဆုပ်ထားလိုက်၏။
ထိုအခိုက်တွင် ကောင်လေးသည် သူ့လက်သီးများ ရှောက်ရွှမ်၏ လက်ဖဝါးအတွင်း ဖမ်းဆုပ်ခံလိုက်ရကာ လှုပ်မရတော့ကြောင်း လက်ခံလိုက်ရသည်။ ရုန်းထွက်မရတော့မှန်း သိလိုက်သောအခါ ကောင်လေး၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်အလင်းတစ်ချက် လက်သွားပြီး ကျန်သည့် သူ့နောက်လက်တစ်ဖက်ဖြင့် လျက်ပြက်သလိုပင် ရှောက်ရွှမ်၏ လက်ကောက်၀တ်အား ဖမ်းဆုတ်လိုက်၏။ တချိန်တည်းမှာပင် သူ့ခြေချင်း၀တ်အား ရုတ်တရက်ဆွဲလှည့်လိုက်ပြီး ခန္ဓာကိုယ်ကို လေထဲတွင် တပတ်လှည့်လိုက်လေသည်။
လေထဲတွင် လှည့်လိုက်သောကြောင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှံ့များမှာ အရပ်လေးမျက်နှာသို့ စင်ကုန်ကြ၏။
ဖက်!
လေပေါ်တွင် လည်ပတ်နေသော သူ့ခန္ဓာကိုယ်မှာ ခြေထောက်နှစ်ဖက်လုံး မြေပြင်ပေါ်သို့ အသာအယာကျသွားသော အခါမှသာ ရပ်တန့်သွားလေသည်။
“ကျုပ်ခင်ဗျားကို ကျုပ်ကို လှည့်စားခွင့်ပေးမယ်များ ထင်နေလား ဟမ်” သူ့အမူအယာမှာ အေးခဲသွားပြီး သူ့လက်များအား ကြည့်နေသော သူ့မျက်လုံးများမှာလည်း ပြူးကျယ်ကုန်ကြ၏။
သူထင်ခဲ့သည်မှာ ရှောက်ရွှမ်၏ လက်မောင်းအား လိမ်ချိုးနိုင်ခဲ့သည်ဟု ထင်ထားခြင်းဖြစ်သော်လည်း ယခုအခါတွင် သူ့လက်များကို မြက်ကြိုးဖြင့် ချည်နှောင်ခံထားရခြင်းအား တွေ့လိုက်ရသည်။ သူ
ခေါင်းမော့ကာ ရှောက်ရွှမ်အား ရှာလိုက်ရင်း ရှောက်ရွှမ်လက်နှစ်ဖက်အား ကြည့်လိုက်မိသည်။ “ဒါကြီးက ဘယ်လိုဖြစ်သွားတာလဲ”
ရှောက်ရွှမ် ထိုကောင်လေးအား ကြည့်ရင်း ခေါင်းကိုက်လာရသည်။ သူထင်ခဲ့သည်မှာ သူ့မျိုးနွယ်စုထဲရှိ ကလေးများမှာ အလွန်ကြမ်းတမ်းလှသည်ဟု ထင်ထားခဲ့သော်လည်း သူ့ရှေ့ရှိ ကလေးမှာမူ ထိုကလေးများထက်ပင် ပိုဆိုး၍ နေလေသည်။ ထိုကောင်လေးသည် တချိန်ကုန် တိတ်ဆိတ်နေခဲ့ပြီး စကားပြောသောအခါတွင်လည်း ရုတ်တရက် စတင်တိုက်ခိုက်နေ၏။ အကယ်၍ ရှောက်ရွှမ်သာ သူ့တိုက်ကွက်အား အမြန်မတားနိုင်ခဲ့လျှင် ယခုအချိန်တွင် သူ့လက်မောင်းမှာ ကျိုးကြေနေလောက်လေပြီ။
ကောင်လေးမှာ မြက်ခင်းပေါ်တွင် လှဲနေခဲ့ပြီး အားပြန်မွေးနေခဲ့ကာ အားနည်းနည်းပြန်ပြည့်လာသောအခါတွင်လည်း သူ့ကယ်တင်ရှင်အား ပြန်လည် တိုက်ခိုက်ခဲ့၏။
ထိုကလေးသည် ဘယ်လိုကလေးမျိုး ဖြစ်သနည်း။
ထိုတိုက်ကွက်သည် ကောင်လေး၏ ခွန်အားကုန်သုံး၍ တိုက်ခိုက်ခဲ့သည့် တိုက်ကွက်ဖြစ်ပေသည်။ ယခုကဲ့သို့ သူ့လက်များအား ချည်နှောင်ခံထားရသောအခါတွင်မူ အသက်ပြင်းပြင်းရှူ၍ ရှောက်ရွှမ်အား မကြည်ကြည့်ဖြင့် စိုက်ကြည့်နေလေ၏။
ကောင်လေး၏ လက်မောင်းများနှင့် မျက်နှာမှာ ရွှံ့များဖြင့် ပေကျံနေခဲ့ပါသော်လည်း ယခုကဲ့သို့ သူ့ခန္ဓာကိုယ်အား လှည့်လိုက်သောအခါ ရွှံ့အများစုမှာ စင်သွားကြပြီ ဖြစ်သည်။ ထိုအခါ သူ့အသွင်အပြင်အား ပို၍ ထင်ထင်ရှားရှား မြင်နေရ၏။
ကောင်လေး သူ့အား တိုက်ခိုက်လိုက်သောအခါ ထိုကောင်လေး၏ ကိုယ်ပေါ်တွင် ဆေးမှင်ကြောင် မျဉ်းများဖြင့် ပြည့်နှက်နေသည်ကို ရှောက်ရွှမ် သတိထား
လိုက်မိသည်။ ထိုမျဉ်းများမှာ သူ့တစ်ကိုယ်လုံးတွင် ချိတ်ဆက်နေပြီး ကောင်လေး၏ မျက်နှာမှာမူ နားရွက်ထိ ထိမတတ် ပြဲနေသော ပါးစပ်များနှင့် ချွန်ထက်လှသော သွားအစွယ်များ ရှိကြ၏။ ကောင်လေးမှာ ထိုသွားများအား ကိုက်ဖဲ့ခြင်းတွင် အသုံးပြုရန် ကိုယ်တိုင်သွေးထားခြင်း ဖြစ်ကြောင်း ရှောက်ရွှမ် လောင်းရဲသည်။
ယခုတွင်မူ မည်သည့်ခွန်အားမှ မရှိတော့သည်ဖြစ်ရာ ကောင်လေး၏ ခန္ဓာကိုယ်ပေါ်ရှိ မျဉ်းကြောင်းများ ပျောက်သွားရုံသာမက သူ့ပါးစပ်မှာလည်း ပုံမှန်ပုံစံသို့ ပြန်ရောက်နေလေပြီ။
“ကိုယ့်ကယ်တင်ရှင်ကိုယ် ပြန်တိုက်ခိုက်ဖို့ ကြိုးစားတဲ့ကောင်မျိုးရှိလိမ့်မယ်လို့ ငါတွေးတောင် တွေးမကြည့်ဖူးဘူး ကြည့်ရတာ မင်းတို့မျိုးနွယ်စုက လူကောင်းတွေတော့ မဟုတ်နိုင်လောက်ဘူး” ရှောက်ရွှမ် ပြောလိုက်သည်။
“လူကောင်းမဟုတ်တာက ခင်ဗျားလေ သူခိုးကောင်ရ” ကောင်လေး ခေါင်းမာစွာ ပြန်ပြောလိုက်သည်။
“ငါဘာခိုးခဲ့မိလို့လဲ မင်းမျက်လုံးနဲ့ ငါခိုးတာကို မြင်ခဲ့လို့လား တစ်ယောက်ယောက်ခိုးတာကို မျက်လုံးနဲ့ မမြင်ခဲ့ပါဘဲ ခိုးတယ်လို့ပြောတာဟာ စွပ်စွဲတာပဲကွ စွပ်စွဲတယ်ဆိုတာ ဘာလဲရော မင်းသိရဲ့လား မင်းလိုကောင်မျိုးက ချီးစကားတွေ ပြောဖို့ပဲ တတ်တာ မင်းခေါင်းထဲမှာ ချီးတွေပဲ ရှိနေတာလား
မင်း လယ်သမားနဲ့မြွေ ပုံပြင်ကိုရော ကြားဖူးရဲ့လား ကျွတ် မင်းကြားဖူးမှာလည်း မဟုတ်ပါဘူးလေ အဲ့ဒီပုံပြင်ထဲမှာ လူတစ်ယောက်ဟာ မြွေတစ်ကောင်ရဲ့ အသက်ကို ကယ်ခဲ့ရင်တောင် နောက်ဆုံးမှာတော့ မြွေကိုက်ခံရတာပဲကွ နောက်တစ်ခါ မင်းအန္တရာယ်နဲ့ကြုံရင် ဘယ်သူမင်းကို ကယ်မလဲ စောင့်ကြည့်ကြတာပေါ့ မင်း သေလုဆဲဆဲအရသာလေးကို မှတ်မိသေးရဲ့လား”
ရှောက်ရွှမ် သူ့စိတ်ထဲရှိသမျှ ဘာမှမစဉ်းစားဘဲ အော်ကြီးဟစ်ကျယ် ပြောလိုက်မိသည်။ သူ့အနီးတစ်ဝိုက်တွင် လူများရှိနေမှန်း သူသတိထားမိပြီး ဖြစ်၏။ ထိုလူများမှာ ထိုကလေး၏ မျိုးနွယ်စုမှ ဖြစ်နိုင်ပေသည်။ ထိုသူတို့သည် အခုပဲ ရောက်ရှိလာကြပြီး ပွဲကြည့်နေကြသည်ဖြစ်ရာ ရှောက်ရွှမ် သူကြုံတွေ့ခဲ့ရသော မတရားမှုအား အားလုံးသိအောင် အော်ပြောလိုက်ခြင်း ဖြစ်၏။ အကယ်၍ ထိုကလေးမှာသာ ယခုအချိန်ထိ အရင်ကလိုပဲ ပြောနေသေးလျှင်မူ ထိုလူများသည် အကျိုးသင့်အကြောင်းသင့် စေ့စပ်ညှိနှိုင်း၍ ရနိုင်လောက်သော သူများမဖြစ်တန်လေရော သူချာချာအား ခေါ်၍ အဝေးသို့ ပျံပြေးသွားမည် ဖြစ်သည်။
ကောင်လေးမှာ ရှောက်ရွှမ်ထံမှ စကားလုံးများဖြင့် တိုက်ခိုက်ခံလိုက်ရပြီး စကားလုံးတိုင်းအား သူနားမလည်နိုင်ပါသော်လည်း ရှောက်ရွှမ်ဆိုလိုသည်ကိုတော့ သူနားလည်နေ၏။
သူတကယ်ပဲ အမှားလုပ်ခဲ့မိတာလား။
ပြောဆိုခဲ့ပြီးသည့်နောက် ရှောက်ရွှမ် ချာချာဆီသို့ လျှောက်သွားလိုက်ပြီး သူ့မျက်နှာမှာလည်း ဒေါသနှင့် အလိုမကျမှုများနှင့် ပြည့်နှက်နေလေသည်။ ချာချာဆီသို့ ရောက်သောအခါ သူဆက်ပြောလိုက်၏။
“နောက်တစ်ခါဆို မင်းတို့မျိုးနွယ်စုနဲ့ ဝေးဝေးမှာနေမယ် ငါတွေ့သမျှ လူတိုင်းကိုလည်း မင်းတို့လို ကျေးဇူးတရားကိုမသိတတ်ဘဲ တရားမျှတမှု မရှိတဲ့ လူတွေနဲ့ မပတ်သက်ဖို့ ပြောရမယ် အဲ့တာဘာကို ဆိုလိုတာလဲရော မင်းသိရဲ့လား မေ့လိုက်ပါတော့ မင်းကိုပြောရတာ ကျွဲပါးစောင်းတီးပဲ ချာချာ သွားကြစို့”
“နေပါဦး နေပါဦး”
ရှောက်ရွှမ် ချာချာကျောပေါ်တွင် ထွက်ခွာရန် အသင့်ဖြစ်နေသဖြင့် သစ်ပင်နောက်တွင် ပုန်းနေသော လူများ ထွက်လာကြပြီး ရှောက်ရွှမ်အား အော်ခေါ်လိုက်ကြသည်။
လူနှစ်ယောက်ထွက်လာကြပြီး တစ်ယောက်မှာ ကောင်လေးနှင့်တူသော မျက်လုံးများရှိသည့် အသက်ကြီးကြီးလူတစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်မှာမူ အညိုရောင်မျက်၀န်းနှင့် ကောင်မလေးတစ်ယောက် ဖြစ်သည်။ ထိုကောင်မလေးမှာ သိမ်မွေ့သည့်ပုံပေါ်ပြီး မြင်တွေ့ရသူတိုင်းအား နူးညံ့သည့် ခံစားချက် ပေး၏။
လူများထွက်လာသည်ကို မြင်လိုက်သောအခါ အချုပ်ခံထားရသော ကောင်လေးမှာ ပျော်ရွှင်စွာ ပြောလိုက်သည်။
“အဖေ”
သို့သော် ကောင်လေး၏ အပျော်မှာ ကြာကြာမခံလိုက်ပေ။ လူကြီးမှာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး ကောင်လေးအင်္ကျီအား ဆွဲမလိုက်ကာ ထိုကောင်လေးအား မရပ်မနား တဖြန်းဖြန်း ရိုက်လေတော့သည်။
ရှောက်ရွှမ် ပြောစရာစကားမဲ့သွား၏။
ထိုကဲ့သို့ ပညာရေးစနစ်မှာ သူ့မျိုးနွယ်စုထဲရှိ ပညာရေးစနစ်နှင့် အလွန်တူလေသည်။ အရင်ဆုံး အရိုက်ခံရပြီး နောက်မှသာ အပြောခံရ၏။ ဤနေရာသို့ မရောက်ခင်တွင် အခြားမျိုးနွယ်စုများမှာလည်း ထိုကဲ့သို့ သင်ကြားသည့် ပုံစံ ရှိမှန်း သူမသိခဲ့ပေ။
ကောင်လေးမှာ အင်အားမဲ့နေလေပြီး သူ့အဖေဆီမှ
အရိုက်ခံရခြင်း ဖြစ်သောကြောင့် ငြိမ်ခံပြီး နှာခေါင်းလေးအား ပွတ်နေရုံသာ တတ်နိုင်လေသည်။
သူလုပ်နိုင်သည်မှာ သူဘာမှားနေလဲဆိုသော အကြည့်လေးဖြင့် ပြန်မော့ကြည့်နေရုံသာ။
လမ်းလျှောက်၀င်လာသော လူကြီးမှာမူ ဘာကိုမှ ဂရုမစိုက်ဘဲ ကောင်လေးအား ဘေးသို့ လွှတ်ပစ်လိုက်ပြီးသည့်နောက် သူ့ဘေးရှိ ကောင်မလေးအား ပြောလိုက်သည်။
“ရွှေ့လန် သူ့ကို စောင့်ကြည့်ထား”
“ဟုတ်ကဲ့” ကောင်မလေး အမြန်ပြန်ပြောလိုက်၏။
သူ့ကလေးအား ရိုက်နှက်ပြီးသည့်နောက် လူကြီးမှာ ရှောက်ရွှမ်အား ကြည့်လိုက်ပြီး သူ၏ ရက်စက်ကြမ်းတမ်းသော အကြည့်မှာလည်း ပျောက်ကွယ်
သွားလေသည်။ သူပြုံးလိုက်ရင်း ရှောက်ရွှမ်ရှေ့တွင် အမြင်ကောင်းတစ်ခု ရစေရန် ကြိုးစားနေ၏။ သို့သော် သူဘယ်လောက်ပဲ ပြုံးနေစေကာမူ သူ့မျက်လုံးများမှ အေးစက်စက်နိုင်မှူအား ခံစားနေရဆဲပင်။
“ဒါက တကယ့်ကို ကျွန်တော်တို့အမှားပါ ဒါနဲ့ ဒီညီလေးက ချန်းကျား ကိုကယ်ခဲ့တဲ့တစ်ယောက်လား အာ တကယ်တော့ ချန်းကျား ဆိုတာ ကျွန်တော့်ကလေးရဲ့ နာမည်ပါ ကျွန်တော့်နာမည်ကတော့ ဖူရှစ်ပါ” လူကြီးမှာ ရှောက်ရွှမ်အား မိတ်ဆက်လိုက်၏။
“ဟုတ်ပါတယ် ကျွန်တော်က သူ့ကိုကယ်ခဲ့တဲ့တစ်ယောက်ပါ” ရှောက်ရွှမ် သက်ပြင်းချလိုက်သည်။ “တကယ်တော့ ဒါက ကျွန်တော့်ရဲ့ ပထမဆုံးအကြိမ် မျိုးနွယ်စုကနေထွက်ပြီး အပြင်လောကမှာ ဗဟုသုတ အတွေ့အကြုံ ရှာတဲ့ခရီးပါ ဒါပေမယ့် ပထမဆုံးအကြိမ် ကျွန်တော် ကယ်လိုက်မိတဲ့လူက မျှော်လင့်မထားဘဲ ..ဟူးးး..”
ထို့နောက် ရှောက်ရွှမ် သူချန်းကျား အား တွေ့ခဲ့ပုံအား မည်သည့် အပိုစာသားမှ မပါဘဲ ပြောပြလိုက်လေသည်။ လူကြီးမှာ သူ့သားလက်အား ဘာလို့ ချည်နှောင်ထားသည်ကို နားမလည်သည့် အခါတွင်လည်း ရှောက်ရွှမ်ထိုကိစ္စအား အသေးစိတ်ပင် ပြန်ရှင်းပြလိုက်၏။ ကမ္ဘာကြီးအား ကြည့်ရှုရန် သူ့မျိုးနွယ်စုမှ ထွက်လာပြီးသည့်နောက် ကိစ္စကောင်းများသာ သူဖြစ်စေချင်ပေသည်။
ရှောက်ရွှမ်ပြောပြသည်အား နားထောင်ပြီးသည့်နောက် ဖူရှစ် သူ့လက်သီးအား ဆုပ်လိုက်ကာ ဂါရ၀ပြုလိုက်ပြီး ချန်းကျားအား စိုက်ကြည့်လိုက်သည်။ သူ့ပါးစပ်မှ ဘာမှမပြောသော်လည်း သူ့မျက်လုံးများမှာမူ “မျိုးနွယ်စုကို ပြန်ရောက်ရင် ဒီလူအိုကြီးက မင်းကိုဘာဆက်လုပ်မလဲ စောင့်ကြည့်နေလိုက်စမ်း” ဟု ပြောနေသလိုလိုပင်။
ချန်းကျားမှာ ကြောက်ကြောက်လန့်လန့်နှင့် နောက်ဆုတ်လိုက်ရရုံမှ လွဲ၍ ဘာမှမတတ်နိုင်ခဲ့ချေ။
ဖူရှစ် ရှောက်ရွှမ်ဘက်သို့ လှည့်၍ ပြန်ကြည့်လိုက်သောအခါတွင်မူ သူ့မျက်နှာတွင် အပြုံးတစ်ခု ပြန်လည်ရောက်ရှိလာ၏။ ထို့နောက် သူ့သား၏ အပြုအမူအတွက် တောင်းပန်လေသည်။
“ပုံမှန်ဆို ဒီကောင်လေးက ဒီလိုမဟုတ်ပါဘူး အခုက မျိုးနွယ်စုထဲမှာ သူ့ပစ္စည်းလေးတစ်ခု ပျောက်သွားလို့သာပါ သူခိုးကိုလည်း အခုထိ မဖမ်းမိသေးဘူး ဆိုတော့လေ…”
အဲ့တာကြောင့် ဒီကောင်လေးက ဒီလောက်ရက်စက်တတ်နေတာပေါ့လေ။ ရှောက်ရွှမ် ချန်းကျားအား တစ်ချက်ကြည့်လိုက်၏။ သူလျင်မြန်ပြီး ထိုတိုက်ကွက်အား တားနိုင်လိုက်၍သာ တော်သေးသည်။ အကယ်၍ သူ့နေရာတွင် တခြားတစ်ယောက်သာ ဆိုပါက ထိုကောင်လေး၏ လက်သီးချက်နှင့်ပင် လက်မောင်းများ ကျိုးကြေသွားနိုင်၏။
ဖူရှစ် သူ့သား မှားနေသည်အား သံသယမရှ်ိ ယုံကြည်ပေသည်။ သူတို့ မျိုးနွယ်စု၏ ဂုဏ်သတင်းမှာ အမြဲ ဆိုးရွားနေသောကြောင့် နတ်ဆရာမှာ မျိုးနွယ်စု၀င်များအား အပြင်လူများအား ပို၍ ဖော်ရွေကြရန် အမြဲတန်း ပြောဆိုလေ့ရှိ၏။ သို့သော် ယခုတွင် သူ့သားသည် သူ့အသက်သခင်ကျေးဇူးရှင်အား ပြန်တိုက်ခိုက်လိုက်မိသည်။ ချန်းကျားမှာ အမှန်ပင် အရိုက်ခံရသင့်၏။
ရှောက်ရွှမ် အပြင်လောကအကြောင်း အများကြီးမသိသေးမှန်း သိသဖြင့် ဖူရှစ် ပြောလိုက်သည်။
“ဒီဒေသက ကူမျိုးနွယ်စု အခြေစိုက်တဲ့ဒေသပါ ကျွန်တော်တို့ အားလုံးကတော့ ကူမျိုးနွယ်စု၀င်တွေပေါ့”
ကူမျိုးနွယ်စု တဲ့လား။
ရှောက်ရွယ် အမှန်ပင် ထိုမျိုးနွယ်စုအား မကြားဖူးခဲ့
ချေ။
“ကျွန်တော်က မီးတောက်ဦးချို မျိုးနွယ်စုကပါ” ရှောက်ရွှမ် တစ်ဖက်လူ၏ တုံ့ပြန်ပုံအား အကဲခပ်ရင်း ပြန်ပြောလိုက်၏။
လူကြီးမှာ မျက်ခုံးတွန့်သွားပြီး သူကြားဖူးသမျှ မျိုးနွယ်စုမှန်သမျှအား ပြန်စဉ်းစားနေလေသည်။
“ညီလေးရဲ့ မျိုးနွယ်စုက ဒီနေရာနဲ့ အဝေးကြီးကပဲဖြစ်ရမယ် ဟုတ်တယ်မလား” သူမေးလိုက်သည်။
“တကယ်ပဲ အရမ်းဝေးလွန်းပါတယ် ကျွန်တော်က မြစ်ရဲ့ဟိုဘက်ကမ်းကလေ ဒီဘက်ကိုကူးဖို့အတွက် မြစ်ထဲမှာ ရက်ပေါင်း ၂၀လောက် နေခဲ့ရပါတယ်”
ဘေးနားရှိ အရိုက်ခံထားရသော ချန်းကျားသည်
တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ရွှေ့လန် မှာသူ့အား ပါးစပ်ပိတ်ထားရန် ဆောင့်ကန်လိုက်၏။
ရှောက်ရွှမ် ပြောသည်မှာ ဖြစ်နိုင်မဖြစ်နိုင် ဖူရှစ် သံသယဖြစ်မိလေသည်။ ရှောက်ရွှမ်မှာလည်း ထိုသူများ၏ အဓိကသံသယမှာ သူမြစ်ထဲတွင် ရက်ပေါင်း ၂၀ ကြာနေနိုင်ခဲ့ခြင်းဖြစ်မှန်း သိ၏။ ကြည့်ရသည်မှာ နောင်အနာဂတ်တွင် သူဒီထပ်ပို၍ ရှင်းလင်းစရာများ ရှိနေဦးမည့် ပုံပင်။
ဖူရှစ် အနည်းငယ် သံသယဖြစ်မိသော်လည်း ရှောက်ရွှမ်အား မျိုးနွယ်စုဆီသို့ ဖိတ်ခေါ်ကာ သူ့သားအား ကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောလိုက်လေသည်။
ကောင်းကင်သို့ မော့ကြည့်လိုက်ရင်း ရှောက်ရွှမ် သူတို့မျိုးနွယ်စုသို့ လိုက်သွားရန် သဘောတူလိုက်၏။ တစ်ဖက်လူများမှာ သူ၏ ဇာစ်မြစ်အား အတည်ပြုရန် ကြိုးစားနေခြင်းဖြစ်မှန်း သူသိသည်။
သို့သော်လည်း ထိုသူများနှင့် စကားပြောကာ ဤဒေသ၏ အခြေအနေအား စုံစမ်းရန် လိုအပ်သေးသည်ဖြစ်ရာ သူလိုက်သွားဖို့သာ ဆုံးဖြတ်လိုက်၏။
ထို့နောက် ချာချာနှင့် ရှောက်ရွှမ်မှာ ကူမျိုးနွယ်စု၏ အဓိကနယ်မြေ သို့ လိုက်ပါသွားလေတော့သည်။
လမ်းတွင် သူ့အရင်မျိုးနွယ်စုမှ လူများလိုပင် ၀တ်ဆင်ထားကြပြီး ပုံစံတူလက်နက်များကိုသာ ကိုင်ဆောင်ထားကြသော သူများအား သူတွေ့ခဲ့ရ၏။ သို့သော် သူတို့လက်နက်များမှာမူ အနည်းငယ် ပို၍ အသေးစိတ်ကျေပသည်။
မျိုးနွယ်စု၀င်များမှာ နှစ်မျိုးကွဲနေသည်ကိုလည်း ရှောက်ရွှမ် သတိပြုခဲ့မိသည်။ တစ်မျိုးမှာ ဖူရှစ်နှင့် ချန်းကျား ကဲ့သို့ပင် စူးရှသော မျက်လုံးများနှင့် ကြမ်းကြုတ်ပုံပေါ်သည့် သူများဖြစ်ကြပြီး နောက်တစ်မျိုးမှာမူ ရွှေ့လန်ကဲ့သို့ အညိုရောင်မျက်လုံးများနှင့် သိမ်မွေ့ပုံပေါ်သည့် သူများ ဖြစ်ကြ၏။
သစ်တောတစ်ခုအား ဖြတ်ကျော်ခဲ့ပြီးသည့်နောက် အဆောက်အဦးပုံစံအမျိုးမျိုးမှာ ရှောက်ရွှမ်၏ မျက်လုံးထဲတွင် ပေါ်ပေါက်လာလေသည်။
မြေပြင်သည် အလွန်စိုစွတ်လှသောကြောင့် မြေပြင်ရှိ အပေါက်အများစုမှာ ရေများနှင့်ပြည့်နှက်နေ၏။ ထို့ကြောင့်ပင် အဆောက်အဦးများ၏ အခြေတွင် အုတ်မြစ်အဖြစ် ပိုမိုကြံ့ခိုင်စေရန် အပိုအလွှာတစ်ခု တည်ဆောက်ထားပေသည်။
အိမ်အများစု၏ ရှေ့ရှိ လှေကားထစ်များအောက်ခြေတွင်လည်း အနားယူနေသော မိကျောင်းအသေးလေးများအား တွေ့နေရ၏။