← Chapters

စိတ်အားထက်သန်မှု

Vol. 11 Ch. 154

စိတ်အားထက်သန်မှု

Vol. 11 Ch. 154

ဤနေရာတွင် မိကျောင်းများစွာဖြင့် ပြည့်နှက်နေ၏။ ရှောက်ရွှမ် ထိုမိကျောင်းများအား ကြည့်နေရင်း ဤကုန်းမြေပေါ်သို့ ရောက်ရောက်ချင်း တွေ့ခဲ့ရ‌သော ကျောက်တုံးပေါ်ရှိ လက်သည်းရာ သွားရာများမှာ မည်သည့်နေရာမှလာမှန်း သူသိသွားလေသည်။

သို့သော် ထိုကြောက်မက်ဖွယ်မိကျောင်းများမှာ မျိုးနွယ်စုထဲရှိ မျိုးနွယ်စု၀င်များနှင့် သဟဇာတဖြစ်စွာ နေထိုင်နေကြ၏။

ရှောက်ရွှမ် မြင်တွေ့ရသမျှထဲ အထူးဆန်းဆုံးမှာ မျိုးနွယ်စု၀င်များ၏ မျက်လုံးများဖြစ်ကြသည်။ ထိုလူများ၏ မျက်လုံးများသည် မည်သည့်ခံစားချက်မှ ရှိမနေသောအခါတွင်ပင် အေးစက်နေတတ်ကာ သာမန်လူများ၏ မျက်လုံးများနှင့် ကွဲပြားနေကြပြီး ထိုကြောက်စရာမျက်လုံးများမှာ မျိုးနွယ်စုထဲရှိ

မိကျောင်းများ၏ မျက်လုံးများနှင့် ဆင်တူနေလေသည်။

ထိုသူတို့သည် လူလား မိကျောင်းလား ရှောက်ရွှမ် မသိတော့ချေ။

ဤကမ္ဘာပေါ်တွင် သူ့မျိုးနွယ်စုထဲရှိ လူများကိုသာ ရှောက်ရွှမ်မြင်ဖူးခြင်းဖြစ်သည်။ သူ့ဘ၀တစ်လျှောက်လုံးအား မြစ်တစ်ဖက်ကမ်းတွင်သာ နေထိုင်ခဲ့ခြင်းဖြစ်လေရာ ဤကမ္ဘာကြီးအကြောင်း သူများများစားစား သိမထားချေ။ ဘိုးဘေးများ ချန်ထားခဲ့သော တိရစ္ဆာန်သားရေစာလိပ်များအား ဖတ်ထားခဲ့သော်လည်း ထိုစာလိပ်များထဲရှိ အကြောင်းအရာအများစုမှာ ယေဘုယျသာ ဖြစ်ကြပြီး အတိအကျ မရှိကြပေ။

ထို့ကြောင့် သူ့မျိုးနွယ်စုအပြင်ရှိ တကယ့်ကမ္ဘာကြီးသည် မည်သို့မည်ပုံ ရှိသည်ကို ရှောက်ရွှမ် ကိုယ်တွေ့ကြုံခြင်း ဖြင့်သာ သိရှိနိုင်ပေသည်။

သူ့မျိုးနွယ်စုထဲရှိ လူများမှာ ငှက်များနှင့်ပတ်သက်လာလျှင် အကဲဆတ်တတ်ကြသော သူများ ဖြစ်ကြကြောင်း ဖူရှစ် ပြောပြီးသည့်အချိန်မှစ ချာချာမှာလည်း မပျံသန်းခဲ့တော့ပေ။ မျိုးနွယ်စုမှ ခွင့်ပြုချက်မရမချင်း သူတို့ပျံသန်း၍ ရတော့မည် မဟုတ်ဘဲ အကယ်၍ ပျံသန်းနေဦးမည် ဆိုပါက တိုက်ခိုက်ခံရပေလိမ့်မည်။

ထို့ကြောင့်ပင် ချာချာမှာ သူတို့နောက်မှ တစ်လှမ်းချင်းလှမ်း၍သာ လိုက်လာလေသည်။

ပတ်၀န်းကျင် တစ်ခုလုံးမှာ အနားယူ‌နေသော မိကျောင်းများနှင့် ပြည့်နှက်နေကြ၏။ ရှောက်ရွှမ် နှင့် ချာချာတို့ နီးကပ်လာသောအခါတွင်မူ ထိုမိကျောင်းများမှာ ရေကန်အတွင်းသို့ ပြန်ဆင်းပြေးသွားကြသည်။

ရှောက်ရွှမ် ထိုမိကျောင်းများအား ကြည့်ရှုနေခြင်းအား တွေ့သောအခါ ဖူရှစ် ပြောလိုက်သည်။ “အစ်ကိုတို့ ရတနာငါးတွေက အပြင်လူတွေကို သတိထားလေ့ရှိကြတယ် ကံကောင်းတာက ပိုကြီးတဲ့အကောင်တွေ ထွက်သွားပြီး အကောင်သေးလေးတွေပဲ ရှိနေချိန်မလို့ပေါ့ မဟုတ်ရင်တော့ ညီလေးတို့ ပိုပြီး ရန်လိုခံရနိုင်တယ် နောက်ပြီး မျိုးနွယ်စုတစ်ဝိုက် လျှောက်ကြည့်ချင်ရင်လည်း ညီလေးတို့သက်သက်ပဲ သွားလို့မဖြစ်ဘူး မျိုးနွယ်စု၀င်တစ်ယောက်ယောက်ကို အဖော်ခေါ်သွားရမယ် မဟုတ်ရင် တိုက်ခိုက်ခံရနိုင်တယ်”

မိကျောင်းများနှင့် ရင်ဆိုင်ရသောအခါ ထိုအကောင်များအား ဒေါသထွက်အောင် သွားမလုပ်စေရန် ဖူရှစ် ရှောက်ရွှမ်အား ပြောပြလိုက်သည်။

ဖူရှစ် ရှင်းပြမှုအား နားထောင်ပြီးသော အခါမှသာ ရှောက်ရွှမ် စိတ်အေးသွားရသည်။ ကျေးဇူးကြီးစွာဖြင့် ထိုသူများမှာ မိကျောင်းများ မဟုတ်ကြပေ။

သို့သော် ထိုသတ္တဝါများနှင့် သဟဇာတဖြစ်စွာ နေထိုင်နိုင်ကြပြီး မိကျောင်းများကိုလည်း ရတနာငါးများ ဟု ခေါ်ဆိုနေကြ၏။ ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် မိကျောင်းများမှာ ဤမျိုးနွယ်စုအတွက် မည်မျှ အရေးပါမှန်း သိရှိနိုင်ပေသည်။

ရှောက်ရွှမ် ချာချာအား ထိုမိကျောင်းလေးများကို အစာအဖြစ် မဆက်ဆံမိစေရန် သတိပေးထားလိုက်ရသည်။ မဟုတ်ပါက မျိုးနွယ်စုမှာ သူတို့အား လက်သင့်မခံတော့မည့်အပြင် တိုက်ပါ တိုက်ခိုက်လာနိုင်၏။

မျိုးနွယ်စု၀င်များကဲ့သို့ပင် မိကျောင်းများမှာလည်း နှစ်မျိုးကွဲနေကြသည်။ တစ်မျိုးမှာ ဝါညိုရောင်မျက်လံုး အညိုရောင်ရင့်ရင့် ကြေးခွံများနှင့် ၀မ်းဗိုက်သား ဝါဖျော့ဖျော့ ရှိသော အကောင်များ ဖြစ်ကြပြီး အကောင်ငယ်လေးများမှာမူ ပို၍ မှိန်ဖျော့သော အရောင်ရှိကြ၏။ နောက်တစ်မျိုးမှာမူ ကျောပေါ်တွင် အနက်ရောင်အစက်အပျောက် အကွက်များ ရှိကြသည့်ကောင်များ ဖြစ်ကြသည်။ အကောင်ငယ်

လေးများမှာပင် မျက်လုံးဖြင့် မြင်နိုင်သော အနက်ရောင်အစက်ပျောက် ကြေးခွံများ ရှိနေကြပြီး ခေါင်းပေါ်တွင်လည်း ချိုတစ်ချောင်း ထိုးထွက်နေ၏။ ထိုကဲ့သို့သော မိကျောင်းမျိုးသာ ရှောက်ရွှမ် တစ်ခါမှမမြင်ဖူးဘဲ သူ့အရင်ဘ၀တုန်းကပင် မမြင်ဖူးခဲ့ပေ။

ဝါညိုရောင် မျက်လုံးနှင့် မိကျောင်းများမှာ အမြဲတိုက်ခိုက်ချင်နေသည့်ပုံ ပေါ်နေသောကြောင့် ပို၍ ရန်လိုတတ်ပုံပေါ်သည်။ ထိုအကောင်များမှာ အညိုရောင်မျက်လုံးများနှင့် မိကျောင်းများထက်လည်း ပို၍ အကောင်ရေများကြ၏။ အကယ်၍ အပြင်လူတစ်ယောက်ယောက်ကသာ အမှုမဲ့အမှတ်မဲ့ဖြင့် မျိုးနွယ်စုထဲသို့ ၀င်ရောက်လာမိပြီး ထိုအကောင်များ ကြားထဲသို့ ၀င်ရောက်သွားမိမည်ဆိုလျှင် တိုက်ခိုက်ခံရမည်မှာ အသေအချာပင်။

သို့သော် အညိုရောင်မျက်လုံးများနှင့် ကြေးခွံပိုပေါ်‌ေသာ မိကျောင်းများမှာမူ မျိုးနွယ်စု၀င်ထဲရှိ အညိုရောင်မျက်လုံးပိုင်ရှင်များသကဲ့သို့ပင် ဖြစ်ကြပြီး တခြားမိကျောင်းများနှင့် ယှဉ်ပါက ပို၍ သိမ်မွေ့ကြသည့်ပုံ ပေါ်ကြသည်။

ကြည့်ရသည်မှာ ဤမျိုးနွယ်စုသည် ထိုသတ္တဝါများအား ကိုးကွယ်ကြပုံ ပေါ်၏။

ရှောက်ရွှမ် ဖူရှစ်သတိပေးထားသည်အား နှလုံးသားထဲတွင် စွဲ၍ပင် မှတ်ထားလေသည်။ ယခုအချိန်တွင် ပိုကြီးသောမိကျောင်းများ မရှိ‌ကြသေးသော်လည်း မကြာမှီတွင် ထိုအကောင်များ ပြန်လာကြပေလိမ့်မည်။ နေရာစိမ်းတစ်ခုတွင် အမှုမဲ့အမှတ်မဲ့ သတိမထားဘဲ နေခြင်းမှာ သေခြင်းအား ဖိတ်ခေါ်နေခြင်းသာ ဖြစ်သည်။

မိကျောင်းများအား ကြည့်နေရင်း ရှောက်ရွှမ် ချန်ကျား သူ့အား ဆွဲလိမ်လိုက်သော သိုင်းကွက်ကို သတိရမိသွားသည်။ ထိုအကွက်သည် မိကျောင်းများ၏ အသေသတ်ကွက်နှင့် တူနေသည် မဟုတ်ပါလား။

မျိုးနွယ်စု၏ ဗဟိုဒေသသို့ ရောက်ရှိလာသောအခါ ရှောက်ရွှမ်အား သူ့အိမ်သို့ ခေါ်သွားမည့်အစား ဖူရှစ် မျိုးနွယ်စုခေါင်းဆောင်ကိုသာ အရင်ရှာဖွေလိုက်သည်။

မျိုးနွယ်စုထဲတွင် သတင်းများအလျင်အမြန် ပြန့်နေသောကြောင့် မကြာခင်တွင် သူတို့ရောက်ရှိနေသည်အား မျိုးနွယ်စုတစ်ခုလုံး သိသွားကြလေတော့သည်။

မျိုးနွယ်စုခေါင်းဆောင်၏ အိမ်ရှေ့တွင် လူများစွာ စုဝေးနေကြပြီး ရှောက်ရွှမ်တို့အား အကဲခတ်ကြည့်ရှုနေကြ၏။ သို့သော် သူတို့၏ အေးစက်စက်မျက်လုံးများမှ အကြည့်များကြောင့် ချာချာမှာ အတောင်အားခါလိုက်ပြီး အတင်းပျံပြေးဖို့ ကြိုးစားလိုက်သည်။ ကံကောင်းစွာဖြင့် ရှောက်ရွှမ်ထိုအရာအား သတိထားမိလိုက်ပြီး ချာချာမကြောက်စေရန် ပွတ်သပ်ပေးလိုက်၏။

ဖန်းမုဟုခေါ်သော မျိုးနွယ်စုခေါင်းဆောင်မှာ စူးရှသော မျက်လုံးများနှင့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ဖြစ်လေသည်။ သူရှောက်ရွှမ်ရှေ့တွင် ရပ်နေပုံမှာ တောထဲရှိ သူ့ရှေ့တွင်ရှိသော အရာမှန်သမျှကို စုတ်ဖြဲပစ်မည့်ပုံပေါ်သော သားရဲကြီးတစ်ကောင်နှင့် တူနေ၏။

“မျိုးနွယ်စုကနေ ကြိုဆိုပါတယ်” ဖန်းမု နှုတ်ဆက်လိုက်သည်။

သူ့အပြုအမူတွင် ဖော်ရွေသည့် အရိပ်အယောင်မျိုး မတွေ့ရပေ။ သေချာသည်မှာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရုတ်တရက်ပေါ်လာသည်ထက် အခုလိုမပြုံးလိုက်သည်က ပိုကောင်းသော အရာဖြစ်သည်။

“မီးတောက်ဦးချိုမျိုးနွယ်စုက ရှောက်ရွှမ်ပါ” ရှောက်ရွှမ် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ သူ့ကိုယ်သူ

မည်ကဲ့သို့ မိတ်ဆက်ရမည်အား မျိုးနွယ်စုမှ ထွက်မလာခင်ကပင် နတ်ဆေးဆရာနှင့် အသေအချာတိုင်ပင်ခဲ့ပြီးသား ဖြစ်၏။

“သူ့ကိုတော့ ချာချာလို့ခေါ်တယ် ကျွန်တော့်သူငယ်ချင်းက မြေပေါ်မှာ ရပ်နေရတာ ကြာတော့ ပျံသန်းချင်နေပါပြီ ခေါင်းဆောင်က ကျေးဇူးပြုပြီး သူ့ကိုခဏလောက် ပျံသန်းခွင့် ပေးစေချင်ပါတယ်” ရှောက်ရွှမ် ဆက်ပြောလိုက်သည်။

“ပျံနိုင်ပါတယ်” ဖန်းမု ခွင့်ပြုလိုက်ပြီး သူ့ဘေးရှိ မျိုးနွယ်စု၀င်များဘက်သို့ လှည့်ကာ ချာချာအား မတိုက်ခိုက်ရန် ပြောလိုက်၏။ သို့သော် မျက်ခြေမပြတ် စောင့်ကြည့်နေရန်လည်း သတိပေးလိုက်သည်။

ချာချာ ပျံသန်းသွားသောအခါ ရှောက်ရွှမ် ဖန်းမုနောက်သို့ လှေကားထစ်များအားတက်ပြီး လိုက်သွား‌လေသည်။

အခန်းတွင်းသို့ ရောက်သောအခါတွင်မူ အသက်အရွယ်အားဖြင့် မျိုးနွယ်စုခေါင်းဆောင်ထက် အတော်ကြီးပုံရသော အညိုရောင်မျက်လုံးများနှင့် လူကြီးအား တွေ့လိုက်ရသည်။

“ဒါက ငါတို့မျိုးနွယ်စုရဲ့ နတ်ဆေးဆရာလေ” ဖန်းမု မိတ်ဆက်ပေးလိုက်သည်။

“မင်္ဂလာပါ ကျွန်တော်က မီးတောက်ဦးချိုမျိုးနွယ်က ရှောက်ရွှမ်ပါ”

“ကူမျိုးနွယ်စုကနေ ကြိုဆိုပါတယ်” နတ်ဆေးဆရာမှာ ပြုံး၍ ပြောလိုက်ရာ ရှောက်ရွှမ်ပို၍ သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားလိုက်ရသည်။

ထိုစကားများအား မျိုးနွယ်စုခေါင်းဆောင်လည်း ပြောခဲ့ပါသော်လည်း နတ်ဆေးဆရာပါးစပ်မှ ထွက်လာသောအခါ ပို၍ သက်တောင့်သက်သာဖြစ်သလို ခံစားရသည်။ ထို့အပြင် နတ်ဆေးဆရာ ပြုံးလိုက်သည့်အခါတွင်လည်း တစ်ဖက်လူအား လုံး၀ အန္တရာယ်မရှိဘူးဟူ‌သော ခံစားချက်အား ပေး၏။

နတ်ဆေးဆရာမှာ ပို၍ ချဉ်းကပ်ရလွယ်မည့်ပုံ ပေါ်နေပြီး ရှောက်ရွှမ် ထင်ထားသည်နှင့် တလွဲစီပင် ဖြစ်သည်။

စိတ်ထဲတွင် မည်သို့ပင် တွေးနေစေကာမူ အပြင်တွင်တော့ ရှောက်ရွှမ် ပြုံး၍သာ ထားလိုက်၏။ ဤသည်မှာ မျိုးနွယ်စုမှ သူပထမဆုံး ထွက်လာသည့်အကြိမ် ဖြစ်သည် မဟုတ်ပါလား။

ရှောက်ရွှမ်အား ခေါ်လာသည့် ဖူရှစ်မှာပင် ရှောက်ရွှမ်မည်သည့်အဖြစ်အပျက်များနှင့် ကြုံတွေ့ခဲ့ရသည်အား ပြောပြလိုက်သည်။

ဖူရှစ် မရှင်းသော နေရာများတွင်မူ ရှောက်ရွှမ်က ၀င်၍ ထောက်ပြ၏။

ရှောက်ရွှမ် မြစ်ထဲတွင် ရက်ပေါင်း ၂၀ ကျော်နေခဲ့သည်ဟု ကြားသောအခါတွင်မူ ခေါင်းဆောင်နှင့် နတ်ဆေးဆရာ၏ အမူအရာများ ပြောင်းလဲကုန်ကြသည်။

“မင်းဘယ်လိုများ မြစ်ထဲမှာ ရက်ပေါင်း ၂၀ ကျော်နေနိုင်ခဲ့တာလဲ” နတ်ဆေးဆရာ မေးလိုက်သည်။

“လှေသုံးပြီးတော့ နေခဲ့တာပါ လှော်တာရော ချာချာဆွဲတာရောပေါ့” အသားစားငါးများ အပါအ၀င် မြစ်ထဲရှိ သူ့အတွေ့အကြုံများအား ရှောက်ရွှမ်ပြန်ပြောပြ လိုက်၏။ သို့သော် ရွက်လွှင့်ခြင်းကိုမူ မပြောဘဲ ချန်ထားခဲ့ကာ တလျှောက်လုံး ချာချာဆွဲလာသည် ဟုသာ ပြောလိုက်သည်။

ရှောက်ရွှမ် သူ့ဇာတ်လမ်းအား ပြောပြပြီးသည့်နောက် ဖန်းမုနှင့် နတ်ဆေးဆရာမှာ တဖြည်းဖြည်း ယုံလာလေ၏။ သိသာစွာပင် မြစ်ထဲတွင်ဘာတွေရှိမှန်း သူတို့လည်း သိကြပြီး ရှောက်ရွှမ်သူတို့အား လိမ်နေခြင်း မဟုတ်သည်ကို သိကြသည်။ ထို့အပြင် ထိုမျှများပြားသော အန္တရာယ်များအား ကြုံခဲ့ရသည်ဖြစ်ရာ ရှောက်ရွှမ်မှာ အလွန်ဝေးသော အရပ်မှ လာသည်ဆိုသည်မှာလည်း အမှန် ဖြစ်နိုင်သည်။ သို့သော် ချာချာ၏ ပါ၀င်ပတ်သက်မှုမှာလည်း မသေးပေ။ အကယ်၍ သူတို့တွင်သာ ချာချာလို လမ်းတစ်လျှောက်လုံး ဆွဲပေးမည့် သတ္တဝါမျိုးတစ်ကောင်ရှိပါက သူတို့လည်း ဘာလို့ မလုပ်နိုင်ရမည်နည်း။

“တစ်ခါတုန်းက ငါတို့သစ်သားလှေကိုလည်း မြစ်ထဲချဖူးတယ် ဒါပေမယ့် တန်းမြုပ်သွားတယ် မင်းလှေကကျ ဘာလို့မမြုပ်တာလဲ” ဖန်းမု မေးလိုက်သည်။

“ခင်ဗျားတို့သုံးတဲ့ သစ်သားက လေးလို့လား ကျွန်တော်တို့ မျိုးနွယ်စုမှာတော့ သစ်သားစလေးကို မြစ်ထဲချလိုက်ရင်တောင် မြစ်ရေက တိုက်စားသွားတာပဲ “ရှောက်ရွှမ် ပြန်ဖြေလိုက်သည်။

“ငါတို့မျိုးနွယ်မှာက ရတနာငါးတွေရှိတယ်” ဖူရှစ် ဂုဏ်ယူစွာ ပြန်ပြောလိုက်၏။

ကမ်းခြေတွင် မိချောင်းများ ရှိခြင်းကြောင့် မည်သည့် သတ္တဝါမှ ထိုနေရာတွင် မနေကြချေ။ ထို့ကြောင့် သူတို့ကမ်းခြေတွင် သစ်သားစားပိုးကောင်များလည်း မရှိကြသောကြောင့် သစ်သားလှေမှာ တိုက်စားခံရခြင်းဖြင့် မနစ်မြုပ်နိုင်ပေ။

“ဒါဆို မင်းက မမြုပ်အောင် ဘယ်လိုလုပ်ခဲ့တာလဲ”

“မိုးရာသီကုန်သွားရင် မြစ်ထဲမှာ သစ်သားစားပိုးကောင်တွေ မရှိတော့တဲ့အချိန် ခရီးသွားလို့ရတယ်

ပိုးကောင်တွေက မြစ်ရေပြန်တက်လာတဲ့အချိန်မှသာ ပြန်ပေါ်လာကြတာ” ရှောက်ရွှမ် ဖြေလိုက်သည်။

“ဆိုတော့ အဲ့ဒီလို ဖြစ်ခဲ့တာကိုး” ရှောက်ရွှမ်၏ စကားမှာ အခန်းထဲမှ လူများအား ရှော့ရသွားစေခဲ့သည်။

“ဒါကတော့ ကျွန်တော်တို့ မျိုးနွယ်စုက နတ်ဆေးဆရာ ယူသွားခိုင်းခဲ့တဲ့ ပစ္စည်းပါ” ရှောက်ရွှမ် မျိုးနွယ်စုအမှတ်အသားပါသော ကျောက်တုံးလေးအားထုတ်လိုက်ကာ နတ်ဆေးဆရာဆီသို့ ပေးလိုက်သည်။

မီး‌တောက်ဦးချို မျိုးနွယ်စုမှ နတ်ဆေးဆရာဆွဲထားသော နတ်အမှတ်အသားမှာ အလွန်ထူးခြားလှသည်ဖြစ်ရာ နတ်ဆရာတစ်ယောက်အနေနှင့် ထိုအမှတ်အသားမှ ထွက်ပေါ်နေသော စွမ်းအားနှင့် ဖော်ပြလိုသော စိတ်ရင်းကို ခံစားမိ၏။ ကျောက်တုံးသည် စိတ်ကောင်းစေတနာနှင့် ဧည့်၀တ်ကျေပွန်မှု ဟူသော ခံစားချက်ကို ပေးစွမ်းနေလေသည်။

“ချာချာမှာလည်း ဒါမျိုးတစ်ခုရှိပါတယ်” ရှောက်ရွှမ် တံခါး၀သို့ လျှောက်သွားကာ ချာချာအား လက်ခေါက်မှုတ်၍ ခေါ်လိုက်၏။

ပုံမှန်အားဖြင့် မျိုးနွယ်စုခေါင်းဆောင်၏ အိမ်သည် မျိုးနွယ်စုထဲရှိ အခြားအိမ်များထက် ပိုကြီးလေ့ ရှိသည်။

ချာချာ တံခါး၀သို့ ဆင်းလာလိုက်၏။

ဗုံမျိုးနွယ်စု နတ်ဆေးဆရာမှာ ချာချာ၏ ခြေထောက်မှ နတ်အမှတ်အသားအား သေချာကြည့်နေလေသည်။ တိရစ္ဆာန်တစ်ကောင်အနေနှင့် ထိုကဲ့သို့သော နတ်အမှတ်အသား ရရှိထားခြင်းမှာ ထိုတိရစ္ဆာန်သည် မျိုးနွယ်စုအတွက် မည်မျှ အဖိုးတန်သည်မှန်း မြင်နိုင်၏။

ချာချာခြေထောက်ပေါ်တင်ထားသော သူ့လက်အား ဖယ်လိုက်ပြီး နတ်ဆေးဆရာ ဖန်းမုအား ခေါင်းငြိတ်ပြလိုက်သည်။

ခေါင်းဆောင်၏ မျက်လုံးများမှာ အေးစက်နေဆဲဖြစ်ပါသော်လည်း သူ့အမူအရာမှာတော့ အတန်ငယ် ပြေလျော့လာ၏။

စကားအနည်းငယ်ပြောပြီးသည့်နောက်တွင် နတ်ဆေးဆရာနှင့် ခေါင်းဆောင်၏ ရှောက်ရွှမ်အပေါ် သံသယများမှာ အတော်အတန် လျော့နည်းသွားလေပြီ။ သူတို့မှာ မီးတောက်ဦးချိုမျိုးနွယ်စုအား မကြားဖူးပါသော်လည်း ရှောက်ရွှမ်အပေါ် အမြင်ကောင်းရှိမှန်း ပြသနေကြသည်။

သူ့မျိုးနွယ်စုတွင် ရှောက်ရွှမ်သည် ပထမဦးဆုံး မျိုးနွယ်စုမှ ထွက်ခွာလာသူဖြစ်မှန်း ကြားရသောအခါ နတ်ဆေးဆရာမှာ ရှောက်ရွှမ်အား သူ့မျိုးနွယ်စုတွင် ခဏနေရန် အကြံပေးလိုက်၏။

“ရေလပွဲတော် ပြီးရင် မျိုးနွယ်စုထဲက တစ်ချို့လူတွေက တခြားမျိုးနွယ်စုတွေနဲ့ကုန်သွယ်ဖို့ ထွက်ခွာကြလိမ့်မယ် မင်းသူတို့နဲ့ လိုက်သွားလို့ရတယ်” နတ်ဆေးဆရာ ပြောလိုက်သည်။

အနားရှိလူများသည် တစ်ခုခုပြောချင်ပုံပေါ်နေပါသော်လည်း နတ်ဆေးဆရာမှာ လက်မြှောက်လိုက်ရင်း ထိုလူများအား ပါးစပ်ပိတ်ခိုင်းထားလိုက်၏။

“ငါဆုံးဖြတ်ပြီးသွားပြီ ဖူရှစ် ရှောက်ရွှမ်ကိုမင်းအိမ်မှာ ယာယီ နေခိုင်းမယ်” ခေါင်းဆောင် ပြောလိုက်သည်။

မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင်ပြောနေသောအခါ အခြားသူများမှာ ဘာမှပြန်မပြောရဲကြတော့ချေ။

“ကောင်းပါပြီ” ဖူရှစ် သဘောတူလိုက်၏။

မျိုးနွယ်စုခေါင်းဆောင်၏ အိမ်မှထွက်လာပြီးသည့်နောက် ဖူရှစ် ရှောက်ရွှမ်အား သူ့အိမ်သို့ ခေါ်လာလေသည်။

ယေဘုယျအားဖြင့် အပြင်လူများကို ထိုလူအားခေါ်ဆောင်လာသော မျိုးနွယ်စု၀င်ကသာ ဂရုစိုက်ရခြင်း ဖြစ်၏။ ထို့အပြင် ရှောက်ရွှမ်မှာ ချန်ကျား၏ အသက်အား ကယ်ထားသည်ဖြစ်ရာ သူ့အား ဖူရှစ်ပို၍ပင် ဂရုစိုက်သင့်သေးသည်။

ကောင်းကင်မှာ တဖြည်းဖြည်းမှောင်လာသည်နှင့်အမျှ လေထုမှာလည်း တနေ့လုံး အငွေ့ပျံနေသော ရေငွေ့များကြောင့် စိုထိုင်းစပြုလာ၏။

ကောင်းကင်ရှိ လနှစ်စင်းမှာမူ မျိုးနွယ်စုအား အမှောင်ထုထဲ ကျရောက်မသွားစေရန် အလင်းပေးနေ

ကြသည်။ ထိုလများမှာ ပိုမိုဝိုင်းစက်လာခြင်းဖြင့် အချိန်မည်မျှ ကုန်ဆုံးသွားသည်ကိုလည်း ဖော်ပြနေကြ၏။ လင်းရှင်းနေသော ညထဲတွင် ရှောက်ရွှမ် သူ့ပတ်၀န်းကျင်မှ ပန်းပင်များနှင့် တိရစ္ဆာန်လေးများကိုပါ မြင်တွေ့နေရသည်။

ဖူရှစ်၏ အိမ်မှာ ရေကန်ဘေးတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး သူအိမ်ထဲသို့ ၀င်လိုက်သည့်အခါ အမျိုးသမီးတစ်ယောက် ရပ်စောင့်နေသည်အား တွေ့လိုက်ရ၏။ ထိုအမျိုးသမီးမှာ ဖူရှစ်၏ မိန်းမ ဖင်း ဖြစ်သည်။

ဖင်း၏ ဘေးတွင်မူ နာခံတတ်သော မျက်နှာလေးဖြင့် ရပ်နေသော ချန်ကျား အားတွေ့ရ၏။ သူ့မျက်နှာတစ်ခုလုံးမှာ ရိုက်နှက်ခံထားရသောကြောင့် ဖူးယောင်နေလေသည်။

ဖင်းမှာ အလွန်ဧည့်၀တ်ကျေပွန်ပြီး သူမရယ်သံမှာလည်း တစ်ဖက်သားအား စိတ်သက်သာရာ

ရစေ၏။ သူမ၏ မျက်လုံးများမှာမူ ဖူရှစ်နှင့် ချန်ကျား ကဲ့သို့ပင် ဝါညိုရောင် ဖြစ်ကြသည်။

“ဒါက ရှောက်ရွှမ်လား ချန်ကျားကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျွန်မက ကျေးဇူးတင်ပါတယ်”

စကားပြောပြီးသည့်နောက် ဖင်းမှာ အိမ်အပြင်ဘက်မှ ပစ္စည်းများအား သယ်ယူလိုက်သည်။ ဖူရှစ်နှင့် ရှောက်ရွှမ်ကို စောင့်နေရသောကြောင့် မည်သူမှ ညစာမစားရသေးပေ။ ယခု သူတို့ပြန်လာသောအခါတွင်မူ ညစာအား စတင်ပြင်ဆင်တော့သည်။

တခဏအကြာတွင် သမင်ခြေထောက်တစ်ချောင်း ရှောက်ရွှမ်ရှေ့တွင် ပေါ်လာ၏။ ခြေထောက်အား ကင်ထားသည်ဖြစ်သော်လည်း သေချာချက်ထားခြင်း မရှိလေရာ သမင်ခြေထောက်မှ သွေးများကိုပင် မြင်နေရလေသည်။

ရှောက်ရွှမ် သူ့ဘေးမှ လူများအား ကြည့်လိုက်မိ၏။ မိသားစုသုံးယောက်လုံးမှာ ပုံစံပြောင်းကုန်ကြလေပြီ။ သူတို့ပါးစပ်များမှာ သာမန်ထက် နှစ်ဆလောက်ပိုကျယ်လာပြီး အသားများအား သွားများဖြင့် ဆုတ်ဖြဲနေကြသည်။ တစ်ကိုက်ကိုက်လိုက်တိုင်းတွင်လည်း သွေးများမှာ ဘေးဘက်သို့ပင် စင်‌နေကြ၏။

ထိုမြင်ကွင်းအား ကြည့်နေရင်း ရှောက်ရွှမ် ပြောစရာစကားမဲ့သွား‌လေသည်။

All Chapters