ရေလကျောက်တုံးများ
Vol. 11 Ch. 155
ရှောက်ရွှမ် သမင်သားအား အနည်းငယ်သာ စားလိုက်ပြီး ကျန်သည်များကို အသားစိမ်းစားရတာ ကြိုက်သော ချာချာအား ကျွေးလိုက်သည်။
အရသာမှာ အတော်ဆင်တူနေသောကြောင့် ဤသမင်မျိုးမှာ သူ့မျိုးနွယ်စုတွင်ရှိသော သမင်များနှင့် မျိုးအတူတူသာ ဖြစ်လောက်သည်။
သူတို့စားသောက်နေသည့် ပုံစံအားကြည့်ပြီးလည်း ဤမျိုးနွယ်စုရှိ လူများအကြောင်း သူအတော်အတန်သိလိုက်ရပြီလို့ ခံစားရ၏။
ထိုညတွင် ချာချာမှာ အပြင်ရှိ သစ်ပင်ကြီးတစ်ပင်ပေါ်တွင် နားပြီး ရှောက်ရွှမ်မှာမူ ချန်ကျား၏ အခန်းထဲတွင် အိပ်ရသည်။ ချန်ကျားမှာတော့ သူ့မိဘများ
နှင့် သွားအိပ်သည်။
ဒီရာသီတွင် ကူမျိုးနွယ်စုရှိလူများမှာ တိရစ္ဆာန်သားရေခင်း၍ မအိပ်ကြဘဲ သစ်သားပြားပေါ်တွင်သာ ဒီတိုင်းအိပ်ကြ၏။ ထိုသစ်သားပြား၏ အက်ရာအသေးလေးများနှင့် အပေါက်အသေးလေးများထဲမှ ကြည့်လျှင် အောက်ရှိ ရေအိုင်လေးများအား မြင်နေရသည်။
အိမ်၏ အောက်ခြေတွင်မူ မိကျောင်းလေးများ၏ လှုပ်ရှားနေသော အသံများအား ထင်ထင်ရှားရှား ကြားနေရသည်။
ပြတင်းပေါက်အား ဖွင့်လိုက်သော အခါတွင်မူ လရောင်မှာ အခန်းတွင်းသို့ ထိုးကျလာ၏။ လေမှာလည်း တိုက်ခတ်နေသည်ဖြစ်ရာ ရွှံ့ပျော့မြေအနံ့အား သူနှင့်အတူ သယ်ဆောင်လာလေသည်။
ရှောက်ရွှမ်အတွက်မူ သူ့မျိုးနွယ်စုမဟုတ်သော တခြားမျိုးနွယ်စုအတွင်း ပထမဆုံးအကြိမ် အိပ်စက်ရခြင်းဖြစ်လေရော ဆန်းသစ်သော ခံစားမှုတစ်မျိုးအား ခံစားနေရ၏။
ယနေ့ဖြစ်ခဲ့သော ကိစ္စများကို ပြန်စဉ်းစားရင်း ဘိုးဘေးများမှာ မည်သည့်အတွက်ကြောင့် ဗုံမျိုးနွယ်စုအား တိရစ္ဆာန်သားရေလိပ်ထဲတွင် ဖော်ပြခြင်း မရှိခဲ့သလဲ ဟုတွေးနေမိသည်။ ထိုစဉ် အခန်းတွင်းသို့ ဖူရှီ ၀င်လာ၏။
သူ၏လက်ထဲတွင်မူ အခန်းအား လင်းသွားစေသော အရာတစ်ခုအား ကိုင်လာလေသည်။ ထိုအရာလေးမှာ မီးအိမ်အသေးလေးနှင့် တူ၏။
“ဒါက ဘာလဲ” ရှောက်ရွှမ် ဇဝေဇဝါ မေးလိုက်သည်။
အနီးကပ်ကြည့်ရှုလိုက်သောအခါ ထိုအရာလေးမှာ
လက်သီးဆုပ်အရွယ် သလင်းကျောက်တုံးလေးဖြစ်မှန်း သိလိုက်ရ၏။ ထိုအရာမျိုးအား သူတစ်ခါမှ မမြင်ဖူးချေ။
“ဒါက ငါတို့ မျိုးနွယ်စုက ထွက်တဲ့ ရေလကျောက်တုံးလေ” ဖူရှစ် သလင်းကျောက်အား ကိုင်ထားရင်း ဖြေလိုက်သည်။
ဘိုးဘေးများ၏ သားရေစာလိပ်ထဲတွင် ထိုရေလကျောက်တုံးအကြောင်း သူဖတ်ဖူး၏။ သို့သော် ထိုအထဲတွင် ဖော်ပြထားသည်မှာ အကြမ်းဖျင်းဆန်လွန်းပြီး ရေလကျောက်တုံး ဟူသော နာမည်သာ ပါရှိခြင်း ဖြစ်သည်။
ရှောက်ရွှမ် ထိုကျောက်တုံးအား ကိုင်လိုက်သောအခါ အတွင်းထဲရှိ မီးစွမ်းအင်အား ခံစားလိုက်ရ၏။ သူ့စိတ်ထဲရှိ နတ်မီးတောက်မှာ ဘာမှပြန်မတုံ့ပြန်သော်လည်း အလင်းများထွက်နေသော ဥပုံသဏ္ဍာန်ပစ္စည်းလေးမှာ အလင်းဖျတ်ကနဲ လက်သွားပြီး
ပုံသဏ္ဍာန်တစ်ခုခုအား တဖြည်းဖြည်း ပုံဖော်နေလေသည်။
ထိုပစ္စည်းမှာ တဖြည်းဖြည်းနှင့် အဖြူရောင်မီးတောက်များ ဝိုင်းထားသော အညိုရောင်မိကျောင်းတစ်ကောင်ပုံ ပေါ်လာပြီး အေးစက်စက်ခံစားချက်အား ပေးနေ၏။
ဒါက ကူမျိုးနွယ်စုရဲ့ နတ်ရုပ်လား။
သလင်းကျောက်မှာ စွမ်းအင်စုပ်ယူနိုင်စွမ်း မရှိတော့ဘဲ မိကျောင်းပုံလေးမှာလည်း မှေးမှိန်လာသောအခါ ရှောက်ရွှမ် ထိုကျောက်အား ဖူရှစ်ထံသို့ ပြန်ပေးလိုက်ပြီး ပြောလိုက်သည်။ “ဒီသလင်းကျောက်က အတော်လေးတောက်ပပြီး အတော်လည်းလှတယ်”
ဖူရှစ် ကြောင်အအဖြင့် စိုက်ကြည့်နေမိသည်။ ဤသည်မှာ သလင်းကျောက်အား ကြည့်ပြီး ထိုသို့ပြန်
တုံ့ပြန်မှုအား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ လူအများစုမှာ ထိုသလင်းကျောက်အား မြင်လိုက်ရသောအခါ အလွန်တရာ ကြိုက်နှစ်သက်သွားကြပြီး လောဘမသတ်နိုင် ဖြစ်သွားကြသည်သာ။ အပြင်လူများ မျိုးနွယ်စုအတွင်းလို့ လာရောက် လည်ပတ်သောအခါ ထိုအပြင်လူအား ခေါ်လာသူမှာ ဧည့်၀တ်ကျေစေရန် တာ၀န်ရှိကြသည်။ နောက်ဆုံးတွင် အမှောင်ထဲတွင် နေထိုင်ရသည်အား မကြိုက်ကြသူများ ရှိနေကြသည် မဟုတ်ပါလား။ ထို့ကြောင့်ပင် သူတို့တွင် ရှိသမျှ သလင်းကျောက်ထဲ အကြီးဆုံးကျောက်အား ယူလာကြပြီး ထိုဧည့်သည်၏ စိတ်ရင်းအမှန်အား စမ်းသပ်ကြလေ့ ရှိကြသည်။
သို့သော် ရှောက်ရွှမ်မှာမူ ကျောက်တုံးအား မြင်ပြီးသည့်အချိန်မှာပင် သာမန်ကာလျှံကာ တုံ့ပြန်မှုသာ ရှိနေ၏။
ထိုသည်မှာ ကျောက်တုံး၏ တန်ဖိုးအား မသိသေး၍သာ ဖြစ်နိုင်သလော။
“ညီလေး ဒီကျောက်တုံးကို စိတ်မ၀င်စားဘူးလား အစ်ကိုတို့ မျိုးနွယ်စုကထွက်တဲ့ ဒီကျောက်တုံးတွေက အရမ်းရှားတယ်နော် ဒီလောက် အတုံးကြီးဆို ပစ္စည်းတွေအများကြီးနဲ့ လဲလှယ်လို့ရတယ်” ဖူရှီ လက်မောင်းများ ဖြန့်လိုက်ပြီး လက်ဟန်အမူအရာဖြင့် ပြောလိုက်သည်။
လျှပ်စစ်မီးသီးများအား မြင်ဖူးထားသူ ရှောက်ရွှမ်အတွက်မူ ထိုပစ္စည်းအား ထိုမျှ တပ်မက်မှု ရှိမနေချေ။ သူစိတ်၀င်စားသည်မှာ နတ်ဆေးဆရာပြောခဲ့သည့် ကုန်သွယ်ခြင်း အကြောင်းသာဖြစ်သည်။ ဖူရှစ် ထိုကိစ္စအား ထပ်ပြောလိုက်သောအခါတွင် ထိုအခွင့်အရေးအားသုံး၍ ရှောက်ရွှမ် ထပ်မေးလိုက်သည်။
“ကုန်သွယ်နေတဲ့အချိန်အတွင်း အစ်ကိုတို့က ဒီသလင်းကျောက်တွေ ယူသွားကြပြီး တခြားပစ္စည်းတွေနဲ့ လဲလှယ်ကြတာလေ သလင်းကျောက်အနည်းငယ်ကတောင် တခြားကုန်ပစ္စည်းတွေ အများကြီးနဲ့ လဲလှယ်လို့ရတယ်” ဖူရှစ် ထပ်ရှင်းပြလိုက်၏။
ဤကျောက်တုံးများမှာ အခြားမျိုးနွယ်စုများတွင် အလွန်ရှားပါးသော ကျောက်တုံးများ ဖြစ်ကြသည်။ ထိုကျောက်တုံး ပမာဏအနည်းငယ်ဖြင့်ပင် အမှောင်ထဲ၌ မီးမလိုဘဲ လင်းရှင်းနေနိုင်၏။ ထို့အပြင် ထိုအလင်းမှာ လေတိုက်ခြင်း ရေစိုခြင်းဖြင့်လည်း မငြိမ်းနိုင်ပေ။ အပူမခံနိုင်သော မျိုးနွယ်စုများအတွက်မူ ထိုကျောက်တုံးမှာ ပို၍ပင် အဖိုးတန်နေသေးသည်။
ရေလကျောက်တုံးမှာ ရွှေနှင့်တူပြီး ကူမျိုးနွယ်စုအနေနှင့် ထိုကျောက်တုံးများနှင့် လဲလှယ်သောအခါ တခြားတန်ဖိုးကြီး ကျောက်တုံးများ တန်ဖိုးကြီးဆေးရွက်များနှင့် အိုးခွက်များကိုပင် ရနိုင်ကြသည်။ ကုန်သွယ်ရေးခရီးထွက်တိုင်းတွင် ကူမျိုးနွယ်စု၀င်များမှာ ပစ္စည်းအနည်းငယ်ဖြင့် ထွက်ခွာသွားကြပြီး ပြန်လာသောအခါ ပစ္စည်းအများအပြား ပါလာကြစမြဲသာ။
ရှောက်ရွှမ် စိတ်၀င်တစားနားထောင်နေရင်း မေးခွန်းတချို့အား ထပ်မံမေးမြန်းလိုက်သည်။ သူတို့မျိုးနွယ်စု၏ ထူးခြားချက်အား ပြောနေရသည်ဖြစ်ရာ ဖူရှစ်စိတ်အားထက်သန်စွာပင် ရေလကျောက်တုံးထုတ်လုပ်ခြင်းဆိုင်ရာ အချက်အလက်တချို့ကိုပင် ထပ်မံပြောပြလိုက်၏။ သို့သော် ထိုအချက်အလက်များမှာ အခြားမျိုးနွယ်များလည်း သိရှိပြီးသား ဖြစ်သော အပေါ်ယံ အချက်များသာ ဖြစ်သည်။
ညဉ့်အလွန်နက်သည့် အချိန်ရောက်မှသာ ရှောက်ရွှမ် ဖူရှီအား မေးခွန်းများမေးခြင်းအား ရပ်တန့်၍ ပြန်ခွင့်ပြုလိုက်သည်။ ရေလကျောက်တုံးကိုလည်း သူနှင့်အတူ ပြန်ယူသွားခဲ့၏။ နောက်ဆုံးတွင် ထိုမျှလင်းနေသော ကျောက်တုံးကြီးအား အခန်းထဲတွင် ထား၍ မည်သူက အိပ်ပျော်နိုင်မည်နည်း။ အန္တရာယ်တစ်ခုခုနှင့် ကြုံရသည့် အခါတွင်လည်း ကျောက်တုံး၏ အလင်းကြောင့် ပုန်းအောင်းနေရန် လွယ်တော့မည် မဟုတ်ပေ။ သို့သော် ထိုကျောက်တုံးအလင်းမှာ အန္တရာယ်များ မကျရောက်လာစေရန် ကာကွယ်နည်း
တစ်မျိုးလည်း ဖြစ်နိုင်ပေသည်။
သူ့အိမ်ပတ်၀န်းကျင်ရှိ လူတိုင်း၏ အိမ်တိုင်းမှာ မှောင်မဲနေပြီး သူ့အခန်းတစ်ခုထဲသာ ကွက်၍ လင်းနေပါက သူ့အခန်းသည် အမှောင်ထဲတွင် အလွန်ထင်ရှားနေမည် မဟုတ်ပါလော။
ဖူရှစ်မှာ သူနှင့် စကားပြောနေစဉ်အတွင်း ရှောက်ရွှမ် ဘာတွေးနေသည်ကို မသိပါသော်လည်း ရှောက်ရွှမ်အပေါ်ပို၍ အကောင်းမြင်လာလေသည်။ သူ့အခန်းသို့ ပြန်ရောက်သောအခါတွင်ပင် သူ့မိန်းမအား ရှောက်ရွှမ်အကြောင်း ကြွားဝါနေသေးပြီး ချန်ကျားကို တစ်ခါ ထပ်၍ ဆူပူလိုက်၏။
နောက်တစ်နေ့မနက်ခင်းတွင် ရှောက်ရွှမ် သွေးပေနေသော မနက်စာအား စားလိုက်ပြီး အပြင်သို့ လမ်းလျှောက်ထွက်လာလိုက်သည်။
နေမှာ ကောင်းကင်ပေါ်တွင် ထွန်းလင်းနေပြီး မိကျောင်းများသည် နေရောင်အောက်တွင် နေပူဆာ လှုံနေကြ၏။
ချန်ကျားတို့ အိမ်ပြင်ရှိ ရေအိုင်ထဲတွင်မူ မိကျောင်းသုံးကောင်ရှိနေပြီး နှစ်ကောင်မှာ ဝါညိုရောင်မျက်လုံးများနှင့် ဖြစ်ကာ တစ်ကောင်မှာ အညိုရောင်မျက်လုံးများနှင့် ဖြစ်ကြသည်။
ချာချာ သစ်ပင်ပေါ်မှ ဆင်းသက်လာသောအခါ ထိုကောင်မှာ မိကျောင်းများအား တမင်သက်သက်ပင်ကြောက်အောင်ခြောက်လိုက်ပြီး ရေအိုင်ထဲသို့ ပြန်ပြေးဆင်းသွားစေလိုက်၏။
အိုင်ထဲသို့ ပြေးဆင်းသွားနေစဉ် မိကျောင်းများ၏ အော်သံကိုပင် ရှောက်ရွှမ် ကြားလိုက်မိသည်။ အသံမှာ ဝါညိုရောင်မျက်လုံးနှင့်မိကျောင်းများဆီမှသာ ထွက်လာခြင်းဖြစ်ပြီး အညိုရောင်မျက်လုံးနှင့်အကောင်မှာ မည်သည့်အသံမှ ထွက်မလာချေ။
သူတို့အော်သံအား လူများကြားရရန်မှာ မလွယ်ကူနိုင်ဟု ရှောက်ရွှမ် တွေးလိုက်မိသည်။
အစက ရှောက်ရွှမ် ထင်ထားသည်မှာ အညိုရောင်မျက်လုံးနှင့် မိကျောင်းများအားလုံးသည် ထိုသို့ဖြစ်ရမည်ဟု ထင်ထားသော်လည်း မကြာခင်တွင် အိမ်နီးချင်းများ၏ အိုင်များသို့ ရောက်သောအခါတွင်မူ သူ့အတွေးမှာ မှားနေမှန်း သိလိုက်ရ၏။ ထိုအိုင်ထဲတွင် အညိုရောင်မျက်လုံးနှင့် မိကျောင်းများသည်လည်း ဝါညိုရောင်အကောင်များနည်းတူ အော်ဟစ်နေကြသည်သာ။ ကြည့်ရသည်မှာ ချန်ကျားတို့ အိုင်ထဲရှိ အကောင်သည်သာ ကွဲပြားနေပုံရသည်။
ထို့ကြောင့် ရှောက်ရွှမ် သူ့ဘေးရှိ ချန်ကျားအား မေးလိုက်၏။
ချန်ကျားမှာ ရှောက်ရွှမ်နှင့် အတူအဖော်လိုက်လာရ
ခြင်းအား တမျိုးတမည် ခံစားနေရသည်။ ရှောက်ရွှမ်မှာ သူခိုးအကြောင်းဘာမှမသိဘဲ ရေလကျောက်တုံးများကိုပင် စိတ်၀င်စားခြင်းမရှိဟု သူ့အဖေ သူ့အားပြောခဲ့၏။ ထို့အပြင် သူ့အသက်အားလည်း တစ်ကြိမ်ကယ်တင်ထားခဲ့သည်။ ထို့ကြောင့်ပင် ချန်ကျား သူလုပ်ခဲ့သော အပြုအမူများနှင့် ပတ်သက်၍ အလွန် ရှက်နေလေသည်။
“သူက မအော်တတ်ဘူး” ချန်ကျား ပြောလိုက်၏။
“မအော်တတ်ဘူး”
“အာ သူကမွေးကတည်းက ဘာသံမှ မထွက်နိုင်တာ အမေကတော့ သူက မွေးကတည်းက အအလေးဖြစ်နေတာလို့ ပြောတယ် သူက တကယ်ကို သနားစရာကောင်းပါတယ် အဲ့တာကြောင့်ပဲ ကျွန်တော်တို့က သူ့ကို ကောင်းပေ့ဆိုတဲ့ အသားတွေပဲ ကျွေးလေ့ရှိတာ”
မျိုးနွယ်စုထဲတွင်ရှိစဉ်အခါက ရှောက်ရွှမ် ညပျံလွှား များ၏ အော်သံအား ကြားရခဲ့သည်။ ထိုအသံမှာ အကြီးတန်း မျိုးနွယ်စုစစ်သည်တော်များမှ လွဲ၍ မည်သူမှ မကြားနိုင်သော အသံဖြစ်၏။ ယခုအခါတွင် ချန်ကျား မကြားနိုင်သော မိကျောင်းများ၏ အော်သံကို သူကြားနေရပြန်လေပြီ။ သူတို့မျက်လုံးများကို ကြည့်ခြင်းအားဖြင့် ဖူရှီနှင့် ဖင်းမှာ အလယ်တန်း မျိုးနွယ်စုစစ်သည်တော်များ ဖြစ်မှန်း သိသာပေသည်။ ချန်ကျားနှင့် ယှဉ်ပါက သူတို့၏ မျက်လုံးများမှာ အဝါရောင်ပိုတောက်ကြ၏။
အငယ်တန်းနှင့်အလယ်တန်းစစ်သည်တော်များမှာတော့ မကြားနိုင်ကြချေ။ ထိုသို့ဆိုလျှင် အကြီးတန်းစစ်သည်တော်များမှာရော ကြားနိုင်ပါသည်လော။
ချာချာ ရေအိုင်အနီးမှ ထွက်သွားသောအခါ ဝါညိုရောင်မျက်လုံးရှင် မိကျောင်းများသည် ရေအိုင်ပေါ်သို့ တဖန်တက်လာကြကာ နေပူဆာ ပြန်လှုံနေကြတော့သည်။
ထိုအခိုက်တွင် လူတစ်ယောက်မှာ အလောတကြီး ပြေးလွှားလာ၏။
“ချန်ကျား မင်းအဖေ အထဲမှာရှိလား” ထိုလူကြီး မေးလိုက်သည်။
“အဖေ အထဲမှာရှိတယ်”
“ဖူရှစ် မြန်မြန်ထွက်ခဲ့” လူကြီး အော်ခေါ်လိုက်၏။
“ဘာဖြစ်လို့လဲ” ဖူရှစ် အမြန်ထွက်လာကာ ပြန်မေးလိုက်သည်။
“ငါနဲ့အမြန်လိုက်ခဲ့ မျိုးနွယ်စုခေါင်းဆောင်က တစ်ခုခုပြောဖို့ ရှိတယ်တဲ့”
သူ၏ အလျင်လိုနေသော ပုံစံအား မြင်သောအခါ အရေးကြီးတာ တစ်ခုခုဖြစ်နေပြီ ဖြစ်မှန်း ဖူရှစ်သိလိုက်သည်။ ဘာမှတုံ့ဆိုင်းမနေတော့ဘဲ ထိုလူကြီးနှင့် အမြန်လိုက်သွားတော့၏။
သူလိုက်မသွားခင်တွင် ချန်ကျားအား သတိပေးလိုက်သည်။ “ချန်ကျား လျှောက်သွားမနေနဲ့နော် မင်းလျှောက်သွားနေတာ ငါတွေ့ရင် သေတဲ့ထိ ရိုက်ခံရမယ်”
ချန်ကျား ရယ်ပြလိုက်ပြီး ဘယ်မှမသွားပါဘူးဟု ပြန်ပြောလိုက်၏။
ဖင်းမှာလည်း အိမ်တွင် မရှိလေရာ ယခုတွင် ရှောက်ရွှမ်နှင့် ချန်ကျားသာ အိမ်တွင် ကျန်ခဲ့လေသည်။
ရှောက်ရွှမ် အိမ်နီးချင်းများအား ကြည့်လိုက်သည့်
အခါ ထိုလူများမှာလည်း အလောတကြီး ထွက်သွားကြသည် ဖြစ်လေရာ ကိစ္စကြီးတစ်ခု ဖြစ်ပွားနေပြီမှန်း သိသာလှ၏။
“မျိုးနွယ်စုထဲမှာ ဘာဖြစ်နေတာလဲ” ရှောက်ရွှမ် မေးလိုက်သည်။
“ကျွန်တော်လည်း မသိဘူး ရေလကျောက်တုံးတွေနဲ့ ပတ်သက်တာ တစ်ခုခုပဲ နေမှာပေါ့” ချန်ကျား ဖြေလိုက်သည်။
မနေ့ညမှ စကားဝိုင်းအား ပြန်စဉ်းစားမိလိုက်ရင်း ရှောက်ရွှမ် ထပ်မေးလိုက်၏။ “မင်းပြောချင်တာက တစ်ယောက်ယောက်က ရေလကျောက်တုံးတွေကို ခိုးသွားတာ လို့လား”
“ဟုတ်တယ် နှစ်တိုင်းဒီအချိန်ရောက်ရင် ဒါမျိုးကိစ္စက ဖြစ်နေကျပဲ သူခိုးတွေက ရေလကျောက်တုံးတွေ
ကို ကျွန်တော်တို့ မေရာင်းထုတ်ခင် ကြိုပြီးခိုးသွားတတ်ကြတယ်”
ချန်ကျား အံကြိတ်လိုက်ရင်း ဒေါသဖြင့် ပြောလိုက်သည်။ ခိုးခံရသော ကျောက်တုံးများမှာ ပစ္စည်းအတော်များများနှင့် လဲ၍ ရလောက်အောင် တန်ဖိုးကြီးလှ၏။
“ဘယ်သူတွေက ကျောက်တုံးတွေကို လာခိုးတာလဲ” ရှောက်ရွှမ် မေးလိုက်သည်။
“သူခိုးတွေကတော့ တခြားမျိုးနွယ်စုတွေ အစုံကပဲ သူတို့လာခိုးတဲ့ အချိန်တိုင်း ခိုးခံရတဲ့ ကျောက်တုံးအရေအတွက်က ပိုပိုပြီးတိုးလာတယ် အဲ့ဒီသူခိုးတွေ အကုန်လုံးက သေသင့်တယ်”
နေ့လည်ဘက်သို့ ရောက်သောအခါ ဖူရှစ်မှာ ကျောက်တုံးလက်နက်အား ကိုင်ရင်း အိမ်ပြန်ရောက်လာခဲ့ပြီး သူတို့နှစ်ယောက်အား ဘယ်မှ
လျှောက်မသွားဖို့ သတိပေးလိုက်သည်။
“မျိုးနွယ်စုက အာဇာနည်မျိုးနွယ်စုကသူခိုးတွေကို ရှာတွေ့ခဲ့တယ် ငါတို့လုံခြုံရေးကိုလည်း ပိုတိုးမြှင့်ထားတယ် ညကျရင် ငါကမျိုးနွယ်စုလုံခြုံရေးအတွက် တာ၀န်ကျတယ် မင်းတို့ အိမ်ထဲက ထွက်သွားရဲ သွားကြည့်နော်”
ပြောချင်ရာ ပြောပြီးသောအခါ ဖူရှစ် အိမ်ထဲမှ ပြန်ထွက်သွားရသည်။
မျိုးနွယ်စုတစ်ခုလုံးတွင်လည်း ထိုသို့ ဖြစ်ပျက်နေသည်သာ။ မျိုးနွယ်စု၀င်များမှာ ကျောက်တုံးလက်နက်များအား ကိုင်ဆွဲပြီး အိမ်မှ ထွက်ခွာနေကြ၏။ သူတို့အားလုံး၏ မျက်နှာများမှာ ဒေါသကြောင့် တင်းမာနေကြပြီး မျက်လုံးများမှာလည်း လူသတ်ချင်သည့် အရောင်တောက်နေကြသည်။
ဖူရှစ် ထွက်သွားသည့် အခါ ရှောက်ရွှမ် ချန်ကျားအား မေးလိုက်သည်။ “အာဇာနည်မျိုးနွယ်စုက ဘယ်လိုမျိုးနွယ်စုလဲ”
ထူးဆန်းစွာဖြင့် ချန်ကျား၏ မျက်နှာတွင် ကြောက်ရွံ့သည့် အရိပ်အယောင်ပေါ်လာ၏။
“အာဇာနည်မျိုးနွယ်စုကကောင်တွေက အရူးတွေ သူတို့ရည်ရွယ်ချက် အောင်မြင်ဖို့ သူတို့ကို ဘာကမှ မတားနိုင်ဘူး သေမှာကိုလည်း မကြောက်ကြဘူး အတော်လည်းမြန်ကြတယ်”
ချန်ကျား၏ မပြည့်မစုံရှင်းပြချက်အား ကြားလိုက်သောအခါ ထိုမျိုးနွယ်စု၀င်များမှာ တကယ့်အာဇာနည်များနှင့် တူသည်ဟု ရှောက်ရွှမ်ခံစားလိုက်ရသည်။ သူတို့ဂရုစိုက်သည်မှာ သူတို့တာ၀န်သာ ဖြစ်သည်။ တခြားမည်သည့်အရာကိုမှ ဂရုမစိုက်ပေ။
ဤအရူးအုပ်စုသည် ကူမျိုးနွယ်စုနှင့် မနီးစပ်ကြဘဲ တစ်စုနှင့် တစ်စုလည်း အဆက်အသွယ်မရှိကြေချ။ သူတို့ပေါ်လာသည့် အခါတိုင်းတွင် အပျက်အဆီးများကိုသာ သယ်ဆောင်လာတတ်ကြ၏။ ယခုအကြိမ်တွင်မူ အာဇာနည်မျိုးနွယ်စု များမှာ ရေလကျောက်တုံးများအား ပစ်မှတ်ထားနေလေပြီ။
ထို့ကြောင့်ပင် အာဇာနည်မျိုးနွယ်စုများပေါ်လာသည့် သဲလွန်စများအား တွေ့သောအခါ ဗုံမျိုးနွယ်စု၀င်များမှာ အစာစားချင်စိတ် ပျောက်ကုန်ကြသည်အထိ စိတ်အခြေအနေ တင်းမာကုန်ကြလေသည်။
ဖင်းနှင့် ချန်ကျားမှာလည်း အများကြီးမစားကြချေ။ ညစာစားပြီးသောအခါတွင်မူ ဖင်းမှာ ဖူရှစ်ကို ညစာသွားပို့ပြီး ချန်ကျားအားအိမ်တွင် လိမ်လိမ်မာမာ နေခဲ့ရန် မှာကြားခဲ့၏။
သို့သော်ချန်ကျားမှာ အိမ်ထဲတွင် စိတ်ရှည်ရှည် ထိုင်စောင့်နေတတ်သူ မဟုတ်ပေ။ တခြားကလေးများ ရောက်လာသောအခါ သူသည် ထိုကလေးများနှင့်ပေါင်းပြီး သူတို့မူရင်းအစီအစဉ်အတိုင်း အိမ်မှ ထွက်ခွာသွားကြ၏။
ထိုအခါ အိမ်တွင် ရှောက်ရွှမ်တစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။
ကောင်းကင်သည် မှောင်မဲနေပါသော်လည်း အပြည့်အ၀ မှောင်မဲနေခြင်းတော့ မဟုတ်ခဲ့ပေ။
ရှောက်ရွှမ် သစ်သားပြားပေါ်တွင် ထိုင်နေရင်း သူ့ခြေထောက်အား သစ်သားပြားအစွန်းပေါ်မှနေ၍ ရေထဲသို့ ချကာ ရေစိမ်နေလေသည်။
ထိုစဉ် ရေပြင်မှာ လှုပ်ခတ်သွားပြီး အနက်ရောင်အရိပ်တစ်ခု ရှောက်ရွှမ်အနားသို့ ချဉ်းကပ်လာ၏။
ထိုအရာမှာ မျက်လုံးညိုမိကျောင်းတစ်ကောင် ဖြစ်လေသည်။
မိကျောင်းမှာ ကြောက်ရွံ့နေသည့် အရိပ်အယောင်မရှိဘဲ ရှောက်ရွှမ်အနားသို့ ချဉ်းကပ်လာနေ၏။ ကြည့်ရသည်မှာ ရှောက်ရွှမ်အား စိတ်၀င်စားနေသည့် ပုံပင် ပေါ်နေသည်။
တခဏကြာ စဉ်းစားပြီးသည့်နောက် ရှောက်ရွှမ် ထိုမိကျောင်းသား ဆွဲမလိုက်၏။
ထိုမိကျောင်း၏ ခြေချောင်းများမှာ တစ်ခုနှင့် တစ်ခုချိတ်ဆက်ထားခြင်း ဖြစ်ကြောင်း ရှောက်ရွှမ် သတိထားလိုက် မိသည်။ တခြားမိကျောင်းနှစ်ကောင်နှင့် ယှဉ်လျှင်မူ ထိုကောင်၏ ချိတ်ဆက်ထားမှုမှာ ပို၍ ပါးလွှာ၏။ ရေထဲတွင် တွားသွား၍ ကူးခတ်မှုမှာလည်း အများကြီး ပို၍ မြန်ဆန်၏။ မအော်နိုင်ရုံမှအပ ဤမိကျောင်းသည် အလွန်ကျန်းမာ
သန်စွမ်းသော အကောင် ဖြစ်ပေသည်။
မိကျောင်းမှာ ဆွဲမခံလိုက်ရသော်လည်း ရုန်းကန်ခြင်းမရှိဘဲ ရှောက်ရွှမ်လက်ထဲတွင် ငြိမ်သက်နေလေ၏။
သူ့အပြုအမူမှာ အခြားဝါညိုရောင်မျက်လုံး မိကျောင်းများနှင့် ယှဉ်ပါက အများကြီးပိုယဉ်ပါးသည်မှာ သိသာလှသည်။
တစ်ခဏကြာ လေ့လာကြည့်ရှုပြီးသည့်နောက် ရှောက်ရွှမ် မိကျောင်းအား ရေထဲသို့ ပြန်ချလိုက်လေသည်။