← Chapters

ရေလကျောက် တူးမြောင်း

Vol. 11 Ch. 157

ရေလကျောက် တူးမြောင်း

Vol. 11 Ch. 157

“ဘာဖြစ်နေကြတာလဲ”

ဖင်း ဖူရှစ်အား ညစာပေးခဲ့ကာ အစောင့်များနှင့် စကားအနည်းငယ်ပြောခဲ့ပြီး ပြန်ရောက်လာခဲ့သည်။ သူ့အိမ်ထဲသို့ မ၀င်ခင်ပင် အိမ်နားရှိရေအိုင်၌ လူများစုဝေးနေကြသည်ကို တွေ့လေရာ သူသွားကြည့်ရန် ဆုံးဖြတ်လိုက်၏။

“ဖင်း မိကျောင်းနှစ်ကောင်အသတ်ခံလိုက်ရတာ” မိန်းမကြီးတစ်ယောက်မှာ အော်၍ ရှင်းပြလိုက်သည်။

ဖင်း ထခုန်မိမတတ် လန့်ဖြန့်သွားလေသည်။ ဖြစ်ပျက်ခဲ့သမျှအား ကြားးပြီးသည့်နောက် ဖင်း လူသတ်သမားအား သူ့လက်ဖြင့် သတ်ဖြတ်နိုင်ရန်ပင် ဆုတောင်းမိလိုက်၏။ စိတ်မကောင်းစွာဖြင့် လူသတ်သမားမှာ မည်သူမှန်း မသိကြသေးချေ။ သို့သော်

ရှင်းပြရာတွင် ရှောက်ရွှမ်အား အထင်လွဲသော နေရာသို့ ရောက်သောအခါ ဖင်းအလျင်အမြန် ၀င်ရှင်းပြလိုက်သည်။ “ရှောက်ရွှမ်က လူကောင်းလေးတစ်ယောက်ပါ သူက ကျွန်မတို့မိသားစုက ရေလကျောက်တုံးကိုတောင် တပ်မက်တဲ့လူမျိုး မဟုတ်ပါဘူး”

“ဘာ!”

သူတို့၏ ရေလကျောက်တုံးကိုပင် မတပ်မက်သည့်သူအား တွေ့လိုက်ရလေရာ အားလုံးမှာ အံ့ဩသင့်သွားကြ၏။

ဤအခြင်းအရာကြောင့် သူတို့သည် ရှောက်ရွှမ်အပေါ် ပို၍ အထင်အမြင်ကောင်းများ ရှိလာကြလေသည်။ ရေလကျောက်တုံးကိုပင် မတပ်မက်သောသူမှာ လူဆိုးတစ်ယောက် မဖြစ်နိုင်တော့ပေ။ ရှောက်ရွှမ်ကဲ့သို့ လောဘမဲ့သော သူအား သူတို့ပို၍ပင် ကောင်းကောင်းဆက်ဆံသင့်ပေသည်။ ပို၍

နက်နက်နဲနဲတွေးရဦးမည်ဆိုလျှင် ရေလကျောက်တုံးများကဲ့သို့သော ဆန်းကျယ်သောပစ္စည်းကို ရှောက်ရွှမ် အဘယ်အတွက်ကြောင့် မကြိုက်ပါသနည်း။

“ရှောက်ရွှမ် ရေလကျောက်တုံးတွေက တကယ်ပဲ အသုံး၀င်တယ် သူတို့က တခြားပစ္စည်းအမျိုးမျိုုးနဲ့ လဲလှယ်လို့ရတယ်ကွ”

“တကယ်တော့ ရှောက်ရွှမ် မင်းကိုဖူရှစ်ပြတဲ့ ကျောက်တုံးက သေးပြီး ဘာအရောင်မှသိပ်မထွက်လို့နေမှာကွ အဲ့တာက အံ့ဩသင့်သွားစေဖို့အတွက် ဟောင်းလွန်းနေပြီနေမှာ ငါ့အိမ်ကိုသာလိုက်ခဲ့ကွာ ငါ့ကျောက်တုံးကတော့ မယုံနိုင်စရာကောင်းလောက်အောင်ကို တောက်ပပြီး သစ်ချက်ကလည်း အဲ့တာကို မနှစ်ကမှတူးဖော်ထားတာလေ ဒီနှစ်လည်း ငါတို့က ပိုကြီးတဲ့တစ်ခုကို ထပ်ရဦးမှာ”

“ရှောက်ရွှမ် နင်ငါ့အိမ်ကို လာသင့်တာ ငါ့ကျောက်တုံးကလည်း အတော်လေးကို ကြီးတယ် အဲ့တာကို ငါ့

သမီးမနှစ်က ရခဲ့တာ သူ့ကိုစကားပြောကြည့်ဖို့ အိမ်ကိုလိုက်ခဲ့ဟာ သူကလည်းအတော်လှတယ်လေ နင်သူ့ကိုမြင်ရင် ကြိုက်သွားမှာ သေချာတယ်” အသက်ကြီးကြီးမိန်းမကြီးမှာ သူ့အိမ်အား လက်ညှိုးထိုးရင်း ပြောလိုက်၏။

ရှောက်ရွှမ် မိန်းမကြီးလက်ညှိုးထိုးပြသည့် အိမ်အား ကြည့်လိုက်မိသောအခါ အိမ်ထဲတွင် ရပ်နေသော ကောင်မလေးတစ်ယောက်အား တွေ့လိုက်ရသည်။ ထိုအခိုက်တွင် ကောင်မလေးမှာ အစွမ်းကုန်ပင်ပြုံးပြထားပြီး သူ့ပါးစပ်များမှာ နားများဖြင့် ထိမတတ်ပင်။ ကြည့်ရသည်မှာ အခုလေးတင် ညစာစားလာခဲ့ပုံပေါ်ပြီး သူ့သွားဖြူဖြူများမှာလည်း သွေးစများဖြင့် ပေကျံနေလေ၏။

“ဟီးဟီး” ရှောက်ရွှမ် တောင့်တောင့်တင်းတင်းကြီး ပြုံးပြလိုက်ရပြီး ပြန်လှည့်လိုက်ရသည်။

ကံကောင်းစွာဖြင့် သူစကားအများကြီး မပြောမိခဲ့

ချေ။ ထိုအချိန်တွင် ချွင်း မိကျောင်းသေနှစ်ကောင်အား သိမ်းလိုက်ပြီး အားလုံးအား မိမိပတ်၀န်းကျင်ကို ပိုဂရုစိုက်ပြီး အထူးသဖြင့် မိကျောင်းများကို ဂရုစိုက်ရန် သတိပေးလိုက်၏။

အမဲသားခြေထောက်နှင့် မျက်လုံးညိုမိကျောင်းလေးအား ဆွဲကာ ရှောက်ရွှမ် အိမ်ပြန်လာခဲ့လေသည်။

နှစ်ကြိမ်မြောက်စွပ်စွဲခံရပြီးသည့်နောက် ဤမျိုးနွယ်စုမှလူများမှာ လူကောင်းလား လူဆိုးလား ဟုပင် သူမခွဲခြားနိုင်တော့ချေ။

နောက်ဆုံးတွင် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခံခဲ့ရသော်လည်း ရှောက်ရွှမ် ဘာဒဏ်ရာမှ မရခဲ့ဘဲ ထိုလူများထံမှ တခြားမျိုးနွယ်စုများအကြောင်း သတင်းအချက်အလက်လည်း ရရှိခဲ့၏။ ထို့အပြင် ကူမျိုးနွယ်စု၀င်များမှာ သူနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ချင်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဤမျှလောက် ကိစ္စသေးသေးလေးများကို ရှော

က်ရွှမ်ဘွေယူ မနေတော့ပေ။

ရှောက်ရွှမ်လက်မောင်းထဲရှိ မိကျောင်းလေးးကိုကြည့်ကာ ဖင်းမှာ ရင်ကွဲမတတ် ခံစားနေရသည်။ ဤမိကျောင်းသုံးကောင်သည် အခွံထဲမှ ထွက်လာကတည်းကပင် သူ့မျက်စိအောက်တွင်ကြီးလာခြင်းဖြစ်ပြီး မိကျောင်းကြီး ထွက်သွားကတည်းက သူပဲသူတို့ကို အစအဆုံး စောင့်ရှောက်ခဲ့ရခြင်း ဖြစ်၏။

ထိုညတွင် ကူမျိုးနွယ်စု၀င်များသည် စိတ်တိုလွယ်ကြသလို ၀မ်းနည်းလည်းလွယ်ကြမှန်း ရှောက်ရွှမ် သိရှိခဲ့လေသည်။ သူတို့ ၀မ်းနည်းနေ‌ကြသောအခါ ပို၍လည်း စကားများလာကြပုံပေါ်သည်။ အိမ်ပြန်လမ်းတစ်လျှောက်လုံး၌ ဤမိကျောင်းလေးများအကြောင်းကို ရှောက်ရွှမ်အား တစ်လုံးမကျန် ပြောပြနေခဲ့၏။

ယခုအချိန်သည် မိကျောင်းများ၏ သားဖွားရာသီသို့ မရောက်သေးလေရာ မိကျောင်းပေါက်လေးများ အများအပြားမရှိကြချေ။ ထို့ကြောင့် သူတို့ကိုကာ

ကွယ်ရန် မိကျောင်းကြီးများမှာလည်း မရှိကြဘဲ ကာကွယ်စောင့်ရှောက်ရန်တာ၀န်မှာ ကူမျိုးနွယ်စု၀င်များ၏ ခေါင်းပေါ်သို့သာ ကျရောက်နေလေသည်။

ထွေရာလေးပါးပြောဆိုပြီးသည့်နောက် မိကျောင်းကြီးများမှာ ရေမျက်နှာပြင် ပြန်မြင့်တက်လာတတ်‌ေသာ လနှစ်စင်းကျက်သည့် အချိန်ရောက်မှသာ ပြန်လာလေ့ရှိမှန်း ရှောက်ရွှမ်သိလိုက်ရသည်။ ထိုအချိန်မှာ သူတို့ဥဥ၍ မျိုးပွားသော အချိန်လည်းဖြစ်လေရာ ထိုအချိန်သည် မိကျောင်းအရေအတွက် တိုးပွားသောကာလဖြစ်၏။

ယခုအခါတွင်မူ ထိုမိကျောင်းသုံးကောင်အနက် တစ်ကောင်သာ ကျန်လေတော့သည်။ ဖင်းမှာ ထိုအကြောင်းအား မျက်ရည်စက်လက်ဖြင့် ပြောပြနေ၏။ ထိုအခိုက်တွင် ချန်ကျားပြန်လာလေရာ ဖင်း၏ အာရုံမှာ အပြင်ခိုးထွက်နေသော ချန်ကျားဆီသို့ ရောက်ရှိသွားလေသည်။ ဤသည်အား အခွင့်ကောင်းယူ၍ ရှောက်ရွှမ် လစ်ထွက်လာခဲ့ပြီး

မျက်လုံးညိုမိကျောင်းလေးအားလည်း သူ့အခန်းသို့ ခေါ်လာခဲ့လိုက်၏။

မိကျောင်းလေးအား ယခင်ကထက်စာလျှင် အတန်ငယ် ငြိမ်သက်နေပြီ ဖြစ်လေရာ ပန်လင်းရောက်မလာခင် ထွက်လာသော အသံအား ရှောက်ရွှမ်ပြန်တွေးလိုက်မိသည်။ ရေကန်သို့ သူလျှောက်သွားခဲ့သောအခါတွင် သဲလွန်စတချို့အား သူရှာတွေ့ခဲ့ပြီး ဖြစ်၏။

ရေအိုင်၏ တည်နေရာသည် မျိုးနွယ်စုအလယ်ဗဟိုပိုင်း မဟုတ်သော်လည်း အနားမှာ အိမ်များစွာ ရှိနေဆဲသာ ဖြစ်သည်။ မျိုးနွယ်စု၀င် မိသားစုတိုင်းမှ စစ်သည်တော်များမှာလည်း ကင်းစောင့်နေကြသည်ဖြစ်လေရာ အပြင်လူသည် ဤနေရာသို့ မည်သို့ ၀င်ရောက်လာခဲ့ပါသနည်း။

အကယ်၍ တရားခံသည် မျိုးနွယ်စုထဲမှ မဟုတ်ဘူးဆိုလျှင် ထိုလူသတ်သမားသည် အလွန်ပင်

အစွမ်းထက်သော လူတစ်ယောက် ဖြစ်ရပေမည်။

မျက်လုံးညို မိကျောင်းလေးအား သူ့အခန်းထဲသို့ ခေါ်လာသောအခါမှာပင် ထိုကောင်လေးမှာ အော်ဟစ်နေဆဲဖြစ်ပြီး အကြောက်ပြေသေးပုံ မပေါ်ချေ။ ရှောက်ရွှမ်အား တွယ်ဖက်ထားပြီး ရေအိုင်သို့ ပြန်သွားရန် ငြင်းဆန်နေလေသည်။

မိခင်၀မ်းတစ်ခုထဲမှ မွေးဖွားလာသော မိကျောင်းလေးသုံးကောင်သည် အတူတူကြီးပြင်းလာခဲ့ကာ သူတို့ငယ်ဘ၀တစ်ခုလုံးအား အတူတူကုန်ဆုံးခဲ့ကြခြင်း ဖြစ်၏။

မျိုးနွယ်စုမှ အမြဲပြောသည်မှာ ထိုကောင်လေးများသည် လူတို့၏ နှလုံးသားအား မြင်နိုင်သည် ဟူ၍ပင်။ အကယ်၍ စိတ်ရင်းနှင့်ရည်ရွယ်ချက် မကောင်းသော လူတစ်ယောက်ယောက် သူတို့အနားသို့ ချဉ်းကပ်လာပြီဆိုပါက ထိုကောင်လေးများမှာ အော်ဟစ်ကြမည်သာ။ ရန်သူများမှာလည်း

တိတ်တဆိတ်လှုပ်ရှားကြသည်ဖြစ်ရာ အော်သံထွက်လာသည်နှင့် နှုတ်ပိတ်ရန် ထိုကောင်လေးများအား သတ်ပစ်ကြပေလိမ့်မည်။

ယခုတွင်လည်း အော်နိုင်သော အကောင်များမှာ သေဆုံးသွားကြပြီး မအော်နိုင်သော အကောင်လေးသာ ကျန်ခဲ့လေသည်။

သူ့အမေ စိတ်ပြေသွားသော အခါမှသာ ချန်ကျား အခန်းထဲသို့ ၀င်လာပြီး မေးလိုက်၏။

“ခင်ဗျားရောက်တော့ မိကျောင်းနားမှာ တစ်ယောက်ယောက်ကို မြင်မိသေးလား”

ရှောက်ရွှမ် ချန်ကျားအား ခေါင်းခါပြလိုက်ပြီး ကြည့်လိုက်သည်။ ထိုကောင်လေးမှာ အဆင်အခြင်မဲ့အပြင်ခိုးထွက်သောကြောင့် အရိုက်ခံထားရ၏။ သို့သော် ထိုမျှနာကျင်မှုလောက်ကို သူဖြုံသည့်ပုံ မ

ပေါ်ပေ။

“ငါဘယ်လူစိမ်းကိုမှ မတွေ့ခဲ့ဘူး” ရှောက်ရွှမ် ပြန်ပြောလိုက်သည်။ အိမ်နီးနားချင်းများအား ရှောက်ရွှမ် မရင်းနှီးသော်လည်း ထိုလူများအား သူမျက်မှန်းတန်းနေမိပြီးသား ဖြစ်၏။ ထို့ကြောင့် မိကျောင်းနားလို့ သူရောက်သောအခါ မည်သည့်လူစိမ်းကိုမှ မတွေ့ကြောင်း သူပြောနိုင်သည်။

“အဲ့တာက လူစိမ်းသက်သက်ပဲ ဖြစ်စရာမလိုဘူး မျိုးနွယ်စုထဲက တစ်ယောက်ယောက်ကိုရော တွေ့မိလား”

ချန်ကျားမှာ အနည်းငယ် စဉ်းစားရကြပ်နေပုံရသည်။ ထိုကောင်လေးမှာ သူ့ခံစားချက်များအား ဖုံးကွယ်ရာတွင်လည်း အလွန်ညံ့လှပြီး သူတွေးနေသည်များမှာ သူ့မျက်နှာပေါ်တွင် ပေါ်နေ‌၏။

အပြင်လူတစ်ယောက်အနေနှင့် ရှောက်ရွှမ် ဗုံမျိုးနွယ်စုအကြောင်းကိုတော့ ဘာမှဆက်မ‌မေးခဲ့ချေ။ ထို

အစား အခြားတစ်ခုအား မေးလိုက်သည်။

“မနေ့က မင်းကိုဘယ်သူ မြစ်ထဲတွန်းချခဲ့တာလဲ”

ရှောက်ရွှမ်မေးလိုက်သောအခါ ချန်ကျားအံ့ဩသွား၏။ ရှောက်ရွှမ်အား မော့ကြည့်လိုက်ပြီး ပြန်မေးလိုက်သည်။

“ကျွန်တော်တွန်းချခံရတာကို ခင်ဗျားဘယ်လိုသိတာလဲ”

အိမ်ပြန်ရောက်သောအခါ လူတိုင်းအား သူချော်ကျသည်ဟူ၍သာ သူပြောထားခြင်းဖြစ်ပြီး မည်သူ့ကိုမှ အမှန်ပြောမပြခဲ့ပေ။

“ငါခန့်မှန်းမိတာ” ရှောက်ရွှမ် ပြန်ဖြေလိုက်သည်။ ချန်ကျားသည် ပေါ့ပျက်ပျက်ကောင်လေးတစ်ယောက်ဖြစ်သည်ဟု ထင်ရသော်လည်း ရှောက်ရွှမ်

သတိထားမိသည့် အချက်များအရ အမှန်တကယ်တွင် အလွန်သတိကြီးသည့် ကောင်လေးဖြစ်သည်။ ထိုကဲ့သို့ ကောင်လေးမှာ မြစ်ထဲသို့ ချော်ကျခြင်း မဖြစ်နိုင်ပေ။ မျိုးနွယ်စုခေါင်းဆောင်နှင့် နတ်ဆေးဆရာမှာလည်း ထိုအကြောင်းအား သိပုံပေါ်သော်လည်း ချန်ကျားအား ဘာမှထပ်မမေးခဲ့ချေ။နောက်ဆုံးတွင် ထိုသူများမှာ ရိုးရှင်းသော သူများ မဟုတ်ကြပေ။

ထိုလျှို့ဝှက်ချက်အား နှစ်ရက်ကြာ ထိန်းထားနိုင်သော်လည်း အချိန်အကြာကြီးထိ ဖုံးထားနိုင်မည် မဟုတ်မှန်း ချန်ကျားခံစားမိပေသည်။ မျိုးနွယ်စုထဲရှိ အခြေအနေများ တင်းမာနေသည့်အခါမျိုးတွင် ထိုကိစ္စအား သူမျိုးနွယ်စုသို့လည်း အသိမပေးရဲချေ။ ဤအခြေအနေတွင် သူတို့မှာ မျိုးနွယ်စု၀င်အချင်းချင်း သံသယပြန်၀င်နေ၍ မရပေ။

“ဆိုတော့ မျိုးနွယ်စုထဲမှာ သစ္စာဖောက်တစ်ယောက် ရှိနေတယ်လို့ မင်းထင်တယ်ပေါ့” ရှောက်ရွှမ် ပြောလိုက်သည်။

“သစ္စာဖောက်ဆိုတာ ဘာလဲ”

“အဲ့တာက မျိုးနွယ်စုထဲမှာရှိနေပြီး မျိုးနွယ်စုအပေါ် မလိုမုန်းထားစိတ်ရှိတဲ့လူကို ဆိုလိုတာ”

“အာ…” လူတိုင်းမှာ ရှောက်ရွှမ်အား လူကောင်းတစ်ယောက်ဟုသာ ပြောဆိုနေပေရာ ချန်ကျား သူ့အားတိုင်ပင်လို့ ရမည်ဟုယုံကြည်မိလိုက်သည်။

“အဲ့နေ့တုန်းက ကျွန်‌တော်အပြင်မှာ လျှောက်သွားနေရင်း လူတစ်ယောက်က မြစ်ကမ်းဘေးကို သွားနေတာကို တွေ့ခဲ့ရတယ် အဲ့တာနဲ့ ကျွန်တော် သူ့နောက်ကို လိုက်သွားလိုက်မိတယ် မြစ်ကမ်းနားကိုရောက်တော့ အဲ့နေရာမှာ တခြားလူတွေပါရှိနေတာကို တွေ့ခဲ့ရတယ် နောက်ပြီး သူတို့တီးတိုးပြောနေတာကိုလည်း ကြားခဲ့ရတယ် ဒါပေမယ့် ဘာတွေပြောနေလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မကြားခဲ့ရဘူး သူတို့ အဲ့

နေရာကနေ ထွက်သွားတဲ့အထိစောင့်နေရင်း ကျွန်တော့်ကို နောက်ကနေ တွန်းချတာ ခံခဲ့ရတာပဲ”

“သူက ဘယ်သူနဲ့တူလဲ”

“အဲ အဲ့တာက ကျွန်တော်မမှတ်မိဘူး” ချန်ကျားမှာ ခက်ခက်ခဲခဲ ပြန်စဉ်းစားနေခဲ့ရသည်။ အပြင်းအထန်ကြိုးစားနေခဲ့ပါသော်လည်း သူဘာမှ မမှတ်မိခဲ့ပေ။ သူ့အာရုံထဲတွင် ထိုလူ၏ မျက်နှာမှာ ဝေဝါးနေပြီး ထိုလူမှာ မျိုးနွယ်စုထဲမှ ဖြစ်သည်ဆိုတာကိုသာ သူခံစားမိနေသည်။ ထိုသို့မဟုတ်လျှင် ချန်ကျားထိုကိစ္စအား သူ့စိတ်ထဲတွင်ပဲ သိမ်းထားခဲ့မည် မဟုတ်ပေ။

ရှောက်ရွှမ် သူ့ပုခုံးအားပုတ်လိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။ “မင်းမမှတ်မိရင်လည်း အဆင်ပြေပါတယ် မင်းမြင်ခဲ့ရတာကိုသာ ဘယ်သူ့ကိုမှ ပြောမပြနဲ့ တစ်ယောက်ယောက်ကိုပြောမယ်ဆိုရင်လည်း အဲ့လူက မင်းယုံရတယ်ဆိုတာ သေချာဖို့လိုတယ် ဥပမာ မင်းမိဘတွေလိုပေါ့ အဲ့လိုမဟုတ်ဘဲ

သစ္စာဖောက်က မင်းသူတို့ကို သံသယ၀င်နေတယ်ဆိုတာကို သိရင် မင်းကိုနှုတ်ပိတ်ပစ်လိမ့်မယ် မိကျောင်းတွေကို လုပ်ခဲ့သလိုပေါ့”

“ဘာလို့ သူတို့ကအဲ့လိုလုပ်ခဲ့တာလဲ” ချန်ကျား ပြန်မေးလိုက်သည်။

“သူတို့က အသံထွက်ကြလို့ပေါ့” ရှောက်ရွှမ် အသံမထွက်နိုင်သော မိကျောင်းလေးအား ညွှန်ပြလိုက်ပြီး ဆက်ပြော၏။ “သူကတော့ အသံမထွက်နိုင်ဘူးလေ အဲ့တော့အသက်ရှင်ရတယ်”

ချန်ကျားမှာ ငတုံးတစ်ယောက် မဟုတ်ခဲ့ပေ။ ခဏတွေးပြီးသည့်နောက် ရှောက်ရွှမ်ဆိုလိုသည်အား သူနားလည်သွားခဲ့သည်။ သူ့မျက်နှာမှာ ဖြူဖျော့သွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်၏။

“ကျွန် ကျွန် ကျွန်တော် အမေ့ကို သွားရှာလိုက်ဦးမယ်”

အကယ်၍ ရှောက်ရွှမ်စကားများသာ မှန်နေပါက သူအခုလို သွားချင်ရာ လျှောက်သွားနေ၍ မဖြစ်တော့ချေ။ အခုလို ထပ်သွားနေပါက သူ့အသက်မှာ အလွန်အမင်း အန္တရာယ်ရှိလာပေလိမ့်မည်။

“ဒီမှာ မျိုးနွယ်စုတွေ အများကြီးရှိတယ် အဲ့တော့ ရှုပ်ထွေးသွားဖို့က လွယ်ကူတယ် မင်းဘယ်လိုထင်လဲ” ရှောက်ရွှမ် မိကျောင်းလေးအား အသားပစ်ကျွေးလိုက်ပြီး မေးလိုက်၏။

မိကျောင်းများ၏ သွားများမှာ အတွင်းထဲတွင် နစ်၀င်နေတတ်သော သွားအမျိုးအစားများ ဖြစ်ကြသည်။ တခြားအသားစားမျိုးစိတ်များကဲ့သို့ အသားအား အတုံးလိုက် ကိုက်ဖြတ်စားကြသော သတ္တဝါများ မဟုတ်ကြပေ။ ထိုအစား အသားအား လိပ်ယူ၍ဖြစ်စေ ယမ်းခါပစ်၍ဖြစ်စေ စားတတ်ကြသော သတ္တဝါများ ဖြစ်ကြ၏။

မိကျောင်းလေး အသားအား လိပ်ယူစားသောက်နေသည်အား တွေ့သောအခါ ရှောက်ရွှမ် သူ့မျိုးနွယ်စုကို ပြန်သတိရသွားလေသည်။ အထူးသဖြင့် ဆီဆာကို ဖြစ်၏။

အခုချိန်တွင် သူတို့ဘာတွေလုပ်နေမလဲ သူမသိခဲ့ချေ။

သူမျိုးနွယ်စုမှ ထွက်ခွာခဲ့စဉ်က ဘာမှများများစားစား မတွေးခဲ့ပေ။ သို့သော် နေရာသစ်သို့ရောက်ရှိသောအခါမှသာ မျိုးနွယ်စုအား ပြန်လွမ်းလာခဲ့ခြင်း ဖြစ်သည်။ သူမျိုးနွယ်စုမှ ထွက်လာခဲ့သည့် နေ့အား ပြန်သတိရမိသောအခါ နတ်ဆေးဆရာနှင့် လောင်ခဲ့အား “အဘိုးတို့ စိတ်အေးအေးထား…” ။ သစ်သားပြားနှင့် အရိုက်မခံရခင်အထိ သူထိုမျှထိသာ ပြောနိုင်ခဲ့သည်။

ထိုအကြောင်းအား ပြန်သတိရမိသောအခါ ရှောက်ရွှမ် ပြုံးလိုက်မိသည်။

လရောင်မှာ သူ့အခန်းထဲသို့ ထိုးကျနေပြီး အခန်းထဲတွင် မနေ့ကထက်ပင် ပိုလင်းနေခဲ့သေး၏။ လများကျက်မည့်အချိန်ကလည်း ရောက်လာပေတော့မည်။ သူအိမ်ပြန်ချင်ပါက တစ်နှစ်တာလုံး စောင့်ရ‌တော့မည်သာ။

နောက်‌ရက်အနည်းငယ်တွင်လည်း မည်သည့်ပြဿနာမှ မရှ်ိဘဲ မျိုးနွယ်စုမှာ အေးချမ်းနေလေ၏။ ဖူရှစ်နှင့် မျိုးနွယ်စုအား ကင်းစောင့်နေသူများမှာတော့ သတိအပြည့် ရှိနေကြသည်။

မျိုးနွယ်စု ယဇ်ပူဇော်ပွဲ‌နေ့မှလွဲလျှင် လနှစ်စင်းစုံသော နေ့မှာ အရေးအကြီးဆုံး‌နေ့ ဖြစ်‌ပေသည်။ ထိုနေ့တွင် ပွဲတော်တစ်ခု ကျင်းပပြီး ထိုပွဲတော်အား ရေလပွဲတော်ဟု ခေါ်လေ၏။

ကူမျိုးနွယ်စုထဲတွင် မျိုးနွယ်စုတစ်ခုလုံးအား ဝိုင်း

ပတ်စီးဆင်းနေသော မြစ်ကျဉ်းငယ်တစ်ခုရှ်ိလေသည်။ မျိုးနွယ်စုဝင်များမှာ ထိုမြစ်အား ရေလတူးမြောင်းဟု အမည်ပေးထား ကြ၏။

လနှစ်စင်းဆုံသောအခါ မြစ်ရေမှာ ထိုးကျသွားပြီး ထိုအချိန်သို့ ရောက်သောအခါ တူးမြောင်းသည် မြစ်ကြောင်းမှ ခွဲထွက်သွား‌ေလသည်။ ထိုအခါ လနှစ်စင်းမှာလည်း တစ်ထပ်တည်းကျသွားပြီး မျိုးနွယ်စု၀င်များသည် သူတို့အိမ်အား ဖြတ်စီးသွားသော တူးမြောင်း‌ေဘးတွင် စောင့်၍ စီးဆင်းလာသော ရေလကျောက်တုံးများအား ခံယူကြ၏။ ထို့နောက်တွင် ရေထဲသို့ ငါးများ လွှတ်လေ့ ရှိကြသည်။

ရှောက်ရွှမ်သည် ထိုကျောက်တုံးများအား ထုတ်လုပ်ပုံကို အလွန်သိချင်နေခဲ့သော်လည်း မျိုးနွယ်စုမှ သူ့အား သံသယမပွားစေရန် ထိုအကြောင်းအား မေးမြန်းခြင်း မပြုခဲ့ပေ။ သို့သော် ဖင်းမှာ သူတို့၏‌ ကျောက်တုံးအား တခြားလူများ လှောင်ပြောင်ခဲ့ကြသည့်ညအား ပြန်သတိရမိသွားပြီး ရှောက်ရွှမ်အား ပွဲတော်တွင် သူတို့နှင့် အတူနွှဲရန် ဖိတ်ခေါ်ခဲ့လေ

သည်။

ဖူရှစ်မှာမူ ကင်းစောင့်နေရသဖြင့် ထိုနေ့တွင် ဖင်း ချန်ကျား တို့နှင့် အတူရှိနေနိုင်မည် မဟုတ်ပေ။

“ဒီနှစ်တော့ ငါ့မိသားစုက အကောင်းဆုံး ရရမယ်”

“အဓိပ္ပာယ်မရှိတာ ငါ့မိသားစုကသာ အကောင်းဆုံးရရမှာကွ”

“မင်းတို့ကောင်တွေ ငြင်းမနေကြနဲ့တော့ ဘာပဲဖြစ်နေနေ အကောင်းဆုံး ပထမကို ငါ့မိသားစုက ရမယ်ဆိုတာ ထင်ရှားနေတာပဲ”

ရေလတူးမြောင်းသို့မရောက်သေးခင်မှာပင် ကလေးတစ်စုမှာ ငြင်းခုန်နေကြလေပြီ။

မျိုးနွယ်စု၀င်တိုင်းအား ဤနေရာတွင် တွေ့နေရ၏။ ထိုအခိုက်တွင် ရေလကျောက်တုံးများ ပေါ်လာသောအခါ မျိုးနွယ်စု၀င်တိုင်းသည် သူတို့အတွက် သတ်မှတ်ထားသော နေရာမှသာ ကျောက်တုံးများအား ယူရမည် ဖြစ်သည်။ မည်မျှရရှိမည်မှာ သူတို့ကံတရားသာ ဖြစ်ပြီး ထိုအတွက် မည်သူ့ကိုမှ အပြစ်တင်၍ ရမည်မဟုတ်ပေ။

ရှောက်ရွှမ်နှင့် ဖင်းမှာ ချန်ကျားမိသားစု၏ နေရာတွင် ရပ်နေကြ၏။

နောက်ကျိနေသောရေများနှင့် ငါးမီတာပင် မရှည်သော မြစ်လေးအား ကြည့်ရင်း ရေလတူးမြောင်း ဟူသော အမည်မှာ ဘယ်ကစဖြစ်ပေါ်လာသည်မှန်း ရှောက်ရွှမ် တွေးနေမိသည်။ ထို့နောက် ပွဲတော်စတင်မည့်အချ်ိန်အား ရှောက်ရွှမ် စောင့်နေလိုက်၏။ ထိုတောက်ပသော ကျောက်တုံးများမှာ ဤ‌နောက်ကျိ‌နေသော သောမြစ်ကျဉ်းလေး အတွင်းသို့ မည်သည့်နေရာမှ ရောက်ရှိလာသနည်း။

လနှစ်စင်းဆုံမည့် နေရာမှာ တဖြည်းဖြည်းနီးလာသောအခါ သတ္တုမှုန်များအား သံလိုက်ဖြင့် ဆွဲကပ်လိုက်သကဲ့သို့ နီးကပ်လာသည့် အသံမျိုး ရှောက်ရွှမ်ရုတ်တရက် ကြားလိုက်ရသည်။

ထို့နောက် သူ့ရှေ့တွင်ပင် မူလက နောက်ကျိနေသော မြစ်ရေများမှာ ရုတ်ချင်း ကြည်လင်လာပေသည်။

All Chapters