သူတို့အိမ်အပြန်
Vol. 11 Ch. 162
ချာချာ ကလေးများအား မျိုးနွယ်စုခေါင်းဆောင်ရှိသည့် ဘက်ခြမ်းသို့ ပို့ပေးပြီးသည့်နောက် ရှောက်ရွှမ်ဆီသို့ အမြန်ပြန်လာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် မြေပြင်ပေါ်မှ တိုက်ခိုက်မှုများကို သူခံနေရ၏။
သစ်တောထဲတွင်ပုန်း၍ သူ့အား ကျောက်လှံများဖြင့် ပစ်ကြသည့် လူများမှာ အမြဲလိုလို ရှိနေကြသည်သာ။ ထို့အပြင် ကျောက်သားထိပ်ဖူးတပ်ထားသော မြှားများဖြင့် သစ်ပင်များပေါ်မှ ဖြစ်စေ မြက်တောထဲမှဖြစ်စေ သူ့အားပစ်ခတ်မှုများလည်း ရှိကြ၏။ ထိုအရာများမှာ သူ့အား ဆင်းသက်ရန် အနှောင့်အယှက်ပေးခဲ့သည်။ သူထိုတိုက်ခိုက်မှုတစ်ခုချင်းစီအားလည်း အကုန်မရှောင်နိုင်သောကြောင့် ဒဏ်ရာအရခံ၍ ဆက်သွားဖို့မှလွဲပြီး ရွေးချယ်စရာမရှိခဲ့ပေ။
အဓိကအင်္ဂါများအား မထိစေရန် ရှောင်လာခဲ့ပြီး ချာချာ ရှောက်ရွှမ်ဆီသို့ အမြန်ပြန်လာခဲ့လေသည်။
ရှောက်ရွှမ်ဘေးမှ လူများမှာလည်း ချာချာကြုံတွေ့နေရသော ဒုက္ခအား မြင်တွေ့နေရ၏။ ပုန်းကွယ်နေသူများအား တိုက်ခိုက်ရင်း ကလေးများကိုလည်း ဂရုစိုက်နေရလေရာ ရှောက်ရွှမ် ချာချာအား တိုက်ခိုက်နေသူများကို သွားတိုက်ခိုက်ရန် မလွယ်ကူခဲ့ချေ။
“ဘာလို့ ချာချာကို လေပေါ် ခပ်မြင့်မြင့်နေရာမှာပဲ မနေခိုင်းတာလဲ တကယ်တော့ ခေါင်းဆောင်ရှိတဲ့နေရာကို ရောက်ဖို့ကလည်း အဲ့လောက်ဝေးတော့တာမှ မဟုတ်ဘဲ” ချန်ကျား ပြောလိုက်သည်။
“ဟုတ်တယ် သူ့ကိုဆင်းမလာခိုင်းပါနဲ့” အခြားကလေးများမှာလည်း ၀င်ပြောလိုက်၏။ ရေငှက်များသည် သူတို့၏ ရတနာငါးများအား အန္တရာယ်ပေးတတ်ကြသောကြောင့် အရင်က ငှက်များကို သူတို့မကြိုက်ကြပေ။ ငှက်ကြီးကြီးတစ်ကောင် လေပေါ်တွင် ပေါ်လာမည်ဆိုပါက မျိုးနွယ်စု၀င်များမှာ လှံ
များဖြင့် ထိုငှက်ကြီးအား ပစ်ချလိုက်ကြမည်သာ။ သို့သော် တချို့ရေငှက်များမှာ အနည်းငယ်မြင့်သော နေရာတွင် ပျံသန်းကြသောကြောင့် သူတို့အား တိုက်ခိုက်ဖို့ ခက်ခဲတတ်၏။ ထို့ကြောင့် ထိုရေငှက်များ မြေပြင်ပေါ်ဆင်း၍ အမဲလိုက်သောအခါမှသာ ထိုအကောင်များအား လှံများဖြင့် ပစ်ခတ်တိုက်ခိုက်ရသည်။
ချင်းယီ ပတ်၀န်းကျင်မှ ချာချာအား တိုက်ခိုက်နေကြသူများကို ရှာကြည့်လိုက်၏။ သို့သော် သူအမြန်နှုန်းဖြင့် ဆိုပါက ထိုလူများအားလုံးကို အပြတ်ရှင်းပစ်ဖို့ မဖြစ်နိုင်ပေ။
ရှောက်ရွှမ်မှာလည်း အခြေအနေကို နားလည်နေပြီး ယခုအချိန်သည် ချာချာဆင်းသက်၍ ကောင်းသော အချိန်မဟုတ်မှန်း သိနေ၏။ သို့သော် ချာချာထွက်သွားမည်ဆိုပါကလည်း ကလေးများထဲမှ နှစ်ယောက်လောက်မှာတော့ ထိခိုက်ကြရမည်ဖြစ်ပြီး ဒဏ်ရာအပြင်းအထန်ရသွားရုံသာမက သေပင် သေသွားနိုင်ပေသည်။
ခဏစဉ်းစားပြီးသည့်နောက် ရှောက်ရွှမ်ပြောလိုက်သည်။
“ငါအကြံရပြီ”
“တကယ်လား” “ဘာအကြံလဲ” ချန်ကျား မေးလိုက်၏။ အကယ်၍ ချာချာသာ ဆင်းလာနိုင်မည်ဆိုပါက ပြဿနာအတော်များများမှာ ပြေလည်သွားလိမ့်မည်သာ။ သူတို့ဤနေရာ၌ ရှိနေခြင်းသည် ရှောက်ရွှမ်တို့အတွက် ၀န်ထုပ်၀န်ပိုးဖြစ်နေသည်မှအပ ဘာအကူအညီမှဖြစ်နိုင်မည် မဟုတ်ပေ။
“ချာချာ ဆင်းလာဖို့မလိုဘူး ငါမင်းတို့ကို ဒီတိုင်း ချာချာ့ကျောပေါ် ရောက်သွားအောင် တင်ပေးမယ် စိတ်မပူကြနဲ့” ရှောက်ရွှမ် ပြောလိုက်သည်။
ချန်ကျား သူ့ကြိမ်ခြင်းအား ပိုက်ထားလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်၏။ “ဟုတ်ကဲ့”
ရှောက်ရွှမ်မှာ သူနှင့်အခြားကလေးများအား ကာကွယ်ရန် အစွမ်းကုန်ကြိုးစားနေပြီး ပြဿနာအားဖြေရှင်းရန်လည်း အကောင်းဆုံး ကြိုးစားနေလေရာ ချန်ကျား သူ့အား ကျေးဇူးတင်မိသည်။ မျိုးနွယ်စုသည် အရင်က သူ့အပေါ်အထင်အမြင်လွဲမှားမှုများ ရှိထားကြသည်ဖြစ်သော်လည်း ယခုအခါတွင် ထိုလူသည် ဘာကိုမှစိတ်ထဲထားမနေဘဲ အစွမ်းကုန် ကူညီနေ၏။ ထိုသည်မှာ သူ့အဖေပြောခဲ့သလိုပင် ဖြစ်ပုံပေါ်သည်။ ရှောက်ရွှမ်သည် လူကောင်းတစ်ယောက် ဖြစ်၏။ သူလာခဲ့သော မီးတောက်ဦးချို မျိုးနွယ်စုမှာလည်း လူကောင်းများရှိသည့် နေရာဖြစ်ပုံပေါ်သည်။
ချန်ကျားတင်မကဘဲ အခြားကလေးများမှာလည်း ချန်ကျားကဲ့သို့ပင် တွေးမိနေကြသည်။ ထိုရှောက်ရွှမ်သည် အမှန်တကယ်ပင် လူကောင်းတစ်ယောက်ဖြစ်၏။ သူတို့လည်း ရှောက်ရွှမ်ကို ယုံကြည်ကြလေသည်။
“ကြိမ်ခြင်းကို သေချာပိုက်ထား” ရှောက်ရွှမ်ပြောလိုက်၏။
“အဲ့တာကို ကိုယ်ပေါ်မှာ ချည်ထားပြီးပြီ”
“မင်းချာချာကျောပေါ်ရောက်ရင် သူ့ကျောကို သေချာဖက်ထားဖို့လိုတယ်နော် ပြုတ်မကျစေနဲ့” ရှောက်ရွှမ် ထပ်သတိပေးလိုက်သည်။
“ကျွန်တော်တို့ သိပါပြီ သေချာလုပ်လိုက်ပါ့မယ်”
“အဲ့တာဆို ကောင်းတယ်”
ရှောက်ရွှမ်လက်တစ်ဖက်ဖြင့် သူ့ဆီသို့ ၀င်လာသော လှံတစ်စင်းအား ဓားသုံးကာ ခုတ်ဖြတ်လိုက်ပြီး နောက်လက်တစ်ဖက်ဖြင့် အနားတွင်ရှိသော ချန်
ကျားကို ကိုင်လိုက်သည်။
ချန်ကျားမှာ ကြိမ်ခြင်းအား ကိုယ်ပေါ်တွင် ချည်ထားရင်း အားကောင်းသော လက်ကြီးတစ်ဖက်နှင့် ချုပ်ကိုင်ခံထားရရာ သူ့ကိုယ်သူ ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ ခံစားနေရ၏။
“မင်းအဆင်သင့်ဖြစ်ပြီလား” ရှောက်ရွှမ် မေးလိုက်သည်။
“ဟုတ် ဟုတ်ကဲ့ ကျွန်တော်အသင့်ဖြစ်ပြီ” ချန်ကျား ပြန်ပြောလိုက်ပြီး တံတွေးမျိုချလိုက်မိ၏။ မကြာခင်တွင် ဆိုးရွားသေအရာာတစ်ခုခုဖြစ်တော့မည် ဖြစ်မှန်း သူခံစားနေရလေသည်။
ထို့နောက် ချန်ကျားမှာ ကောင်းကင်ပေါ်သို့ဆွဲ၍ လွှင့်ပစ်ခံလိုက်ရတော့သည်။ သူ့ကိုယ်လုံးသည်
မြေပြင်ပေါ်မှ ထွက်ခွာသွားပြီး အလေးချိန်လုံး၀ မရှိတော့သကဲ့သို့ ကောင်းကင်ပေါ်သို့ ဝဲပျံသွား၏။
သူမြင်နေကျ သစ်ပင်ကြီးများမှာ သူ့မျက်လုံးအောက်တွင် သေးငယ်လာကြသည်။ သူ့အား ငုံ့ကြည့်နေကြသစ်ပင်ထိပ်ဖျားများကို ယခုအခါတွင် ခေါင်းငုံ့လိုက်၍ သူပြန်ငုံ့ကြည့်နိုင်နေလေပြီ။
ရေအိုင်နှင့်မြစ်များရှိရာ အစိုပိုင်းဒေသတွင် မွေးဖွားလာကြသော ဗုံမျိုးနွယ်စု၀င်များအတွက် ကောင်းကင်နှင့် ပတ်သက်လျှင် ကြောက်စိတ်များ ရှိကြ၏။ သူတို့သည် မြေပြင်ပေါ်တွင် အားကောင်းကောင်းနှင့် တိုက်ခိုက်နိုင်ကြသည်။ ရေထဲတွင် ဆိုလျှင်လည်း မြစ်ကြမ်းပြင်အထိပင် သူတို့သားကောင်များကို လိုက်နိုင်ကြ၏။ သို့သော် ကောင်းကင်ပေါ်တွင်မူ သူတို့ဘာများ လုပ်နိုင်ပါမည်နည်း။
ရှောက်ရွှမ်သူ့အား ကယ်ခဲ့စဉ်အခါက မြစ်ကမ်းပါးထိရောက်အောင် ပျံသန်းခဲ့ရသော်လည်း သူအသက်ရှင်
ချင်စိတ်သာ ပြင်းထန်နေလေရာ အောက်တွင် ဘာရှိနေမလဲ စိတ်မ၀င်စားမိဘဲ တစ်ခုခုမှားနေသည်ဟုလည်း မထင်မိချေ။ ထိုအချိန်က သူမြစ်ကမ်းပါးကိုသာ ကြည့်မိနေခြင်းဖြစ်ပြီး ယခုအခေါက်နှင့် ကွာခြားလေသည်။
ယခင်တုန်းက အတွေ့အကြုံများနှင့် ယှဉ်ကြည့်ပါက ချန်ကျားတွင် ပျံသန်းသော အတွေ့အကြုံလုံး၀ မရှိခဲ့ဖူးချေ။ ယခုတွင် လေထဲသို့ တိုက်ရိုက်ပစ်တင်ခံလိုက်ရကာ သူ့အောက်ဘက်ရှိ မြင်ကွင်းတဖြည်းဖြည်းသေးလာသည်ကို မြင်နေရပြီး ချန်ကျား မူးမေ့တော့မတတ် ဖြစ်နေရသည်။ ထိုသို့သော အခြေအနေအား ကြုံတွေ့နေရသောအခါ ချန်ကျား လည်ချောင်းကွဲမတတ် အော်မိတော့သည်။
“အားးးးးးးးးး!”
ချန်ကျားမှာ သူ့ကိုယ်သူ အလွန်သတ္တိရှိပြီး ကြမ်းတမ်းသောသူဟု တွေးထားခြင်းဖြစ်
သော်လည်း ယခုအခါတွင်မူ ကြောက်လန့်တကြားအော်နေရပြီး သေးထွက်ကျလုမတတ်ပင် ဖြစ်နေရသည်။ သူစိတ်ပျက်စရာကောင်းအောင်ပင် အဆက်မပြတ် အော်ဟစ်နေရ၏။
မီးတောက်ဦးချိုမျိုးနွယ်စု၀င်များမှာ အခြားမျိုးနွယ်စု၀င်များနှင့် ယှဉ်ပါက အလွန်တရာ သန်မာကြသူများ ဖြစ်ကြသည်။ အရင်က သူဒီကမ္ဘာသို့ စရောက်လာခဲ့စဉ်အခါက ကမ္ဘာပေါ်ရှိလူတိုင်းမှာ ထိုသို့သန်မာကြသည်ဟု ထင်ထားပါသော်လည်း အမှန်တကယ်တွင် မြစ်ဒီဘက်ကမ်းသို့ရောက်လာပြီး ဗုံမျိုးနွယ်စုနှင့် အာဇာနည်မျိုးနွယ်စုကို တွေ့ရသည့်အခါမှပင် သူ့အထင် လွဲမှားခဲ့ကြောင်း သိလိုက်ရသည်။
ချာချာမှာ ငယ်စဉ်ကတည်းက ရှောက်ရွှမ်နှင့် ထိုသို့ဖမ်းသော ကစားနည်းမျိုး ကစားနေကြဖြစ်၏။ တစ်ခုတည်းသော ကွာခြားချက်မှာ ယခုအခါ လေပေါ်တွင် ဝဲပျံနေသည်မှာ ကျောက်တုံးများ တိရစ္ဆာန်သားရေအိတ်များ မဟုတ်ကြဘဲ လူတစ်ယောက်ဖြစ်နေခြင်းသာ ဖြစ်သည်။ သို့သော် ချာချာအတွက်
တော့ လူဖြစ်ဖြစ် ကျောက်တုံးဖြစ်ဖြစ် ဘာမှမခြားပေ။ ယခုအခါတွင် သူ့လက်သည်းများဖြင့် ဖမ်းရမည်မဟုတ်ဘဲ သူ့ကျောဖြင့် ဖမ်းရမည်သာ ကွာ၏။
ချာချာ ကျောပေါ်သို့ ကျသွားသည့် အချိန်ရောက်သည်အထိပင် ချန်ကျား သူ့ကိုယ်သူ အရှိန် မထိန်းနိုင်သေးပေ။ ကျောပေါ်မှ လိမ့်ကျသွားေတာ့မည့် အချိန်ရောက်မှသာ ရှောက်ရွှမ်စကားအား သတိရသွားပြီး ချာချာ့ကျောအား ခပ်တင်းတင်း ဖက်ထားလိုက်မိသည်။ သူပြုတ်မကျတော့တာ သေချာသွားသော အခါ ချန်ကျား ချာ့ချာ့ငှက်မွှေးများအား ကျွတ်ထွက်သွားမတတ် အတင်းပင် ဆုပ်ကိုင်ထားလိုက်၏။ ထိုအခါ ချာချာစိတ်တိုသွား၍ တစ်ချက်အော်လိုက်ပြီး ထိုလူသားများအား ပစ်လိုက်ဖမ်းလိုက်ဖြင့် ကစားရမည့်အချိန်ကို သူစိတ်ကူးယဉ်နေမိသည်။
ချန်ကျား လုံခြုံသွားသည်ကို မြင်ရသောအခါ ရှောက်ရွှမ် အခြားကလေးလေးယောက်အား လှည့်ကြည့်လိုက်၏။
ကလေး လေးယောက်မှာ ရှောက်ရွှမ်အကြည့်အား မြင်သောအခါ ကြောက်လန့်တကြား နောက်သို့ ခြေတလှမ်း ဆုတ်လိုက်ကြသည်။
“မင်းတို့ဒီမှာဆက်နေရင်း အသတ်ခံမှာလား ဒီကထွက်သွားမှာလား” ရှောက်ရွှမ် ပြောလိုက်သည်။
ကလေးလေးယောက်မှာ တွန့်ဆုတ်နေကြသေး၏။
“မင်းတို့က ချန်ကျားလောက်တောင် သတ္တိမရှိဘူးလားကွ” ရှောက်ရွှမ် ကလေးများအား ဆွလိုက်သည်။
နောက်ဆုံးတွင်တော့ ကလေးတစ်ယောက်မှာ အံကြိတ်လိုက်ပြီး သူ့ခေါင်းအားတင်းထားလိုက်ကာ ရှောက်ရွှမ်ဆီသို့ လျှောက်လာလိုက်၏။
ထို့ကြောင့်ပင် ဒုတိယအကြိမ်မြောက် ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
ထိုသို့နှင့် သုံးယောက်မြောက် လေးယောက်မြောက်နှင့် ငါးယောက်မြောက် ကလေးများအားလုံးကို ရှောက်ရွှမ် ချာချာ့ကိုယ်ပေါ်သို့ ပစ်တင်ပေးလိုက်လေ၏။ ဤအရာအား အောင်မြင်မှုတစ်ခုဟု သတ်မှတ်နိုင်ပေသည်။ ကိစ္စအားလုံး အဆင်ပြေနေသ၍ ဘာမှအများကြီး တွေးနေစရာလိုမည် မဟုတ်ပေ။
ကလေးငါးယောက်လုံး ချာချာ့ကျောပေါ်သို့ ရောက်သွားသောအခါ ချင်းယီနှင့် ရှောက်ရွှမ်အဖို့ အတော်လေး ၀န်ထုပ်၀န်ပိုး လျော့ကျသွား၏။ သူတို့လမ်းတစ်လျှောက်လုံးတွင် ကျူးကျော်သူများအား သတ်ဖြတ်ရင်း မျိုးနွယ်စုခေါင်းဆောင်ရှိသည့်ဘက်ခြမ်းသို့ အမြန်သွားကြတော့သည်။
လမ်းတွင် ကျူးကျော်သူများအား ရှာဖွေသတ်ဖြတ်
နေသော ဗုံမျိုးနွယ်စု စစ်သည်တော်အဖွဲ့နှင့်လည်း တွေ့ခဲ့သေးပြီး သူတို့အား ဂရုစိုက်ပေးခဲ့၏။ ချင်းယီမှာ လက်ရှိသူတို့အခြေအနေနှင့် သူမြင်ခဲ့သည့်အဖြစ်အပျက်များကို ပြောပြလိုက်ပြီးနောက် သူတို့လူစုခွဲခဲ့ကြသည်။
ချင်းယီ ရှောက်ရွှမ်အား ရှောက်ရွှမ်မျိုးနွယ်စုသို့ ရောက်ခါစက သွားခဲ့ရသော မျိုးနွယ်စု၏ ဗဟိုဒေသသို့ ခေါ်သွားခဲ့သည်။ ထိုနေရာတွင် ရောက်နေကြသူများ ရှိနေကြပြီးဖြစ်ပြီး အများစုမှာ သက်ကြီးရွယ်အိုများနှင့် ကလေးများ ဖြစ်ကြ၏။
သူ့တာ၀န်ပြီးမြောက်သွားသည့်နောက် ချင်းယီမှာ ကျူးကျော်သူများအား ရှင်းလင်းရန် ကင်းလှည့်အဖွဲ့နှင့် ထပ်လိုက်သွားလေသည်။
ရှောက်ရွှမ်မှာမူ နတ်ဆေးဆရာထံမှ ဆင့်ခေါ်ခံလိုက်ရ၏။
နောက်ဆုံးတွင် ရှောက်ရွှမ်သည် ဗုံမျိုးနွယ်စုမှမဟုတ်ဘဲန တ်ဆေးဆရာမှာလည်း သူတို့ မီးတောက်ဦးချိုမျိုးနွယ်စုနှင့် ငြိမ်းချမ်းရေးစကားဆိုရန် တွေးထားဆဲ ဖြစ်ပေသည်။ ထို့ေကြာင့်သူရှောက်ရွှမ်အား တိုက်ပွဲထဲသို့ အပါမခံနိုင်ပေ။ ရှောက်ရွှမ် တိုက်ပွဲထဲတွင် လုံလောက်အောင် တိုက်ခိုက်ခဲ့ပြီးဖြစ်ရာ နောက်ထပ်တိုက်ခိုက်ေပးရန် သူခွင့်မပြုနိုင်တော့ချေ။
တိုက်ပွဲထဲတွင် မပါ၀င်ရသောကြောင့် ရှောက်ရွှမ်လုပ်နိုင်သည်မှာ ဒဏ်ရာရလာသူများအား ဆေးကုပေးရန်သာ ရှိနေ၏။ သူ့တိရစ္ဆာန်သားရေအိတ်ထဲတွင် ဆေးရွက်အိတ်အနည်းငယ်ရှိနေပြီး ရှောက်ရွှမ် ထိုအရွက်များအား ပြုတ်လိုက်ပြီးသည့်နောက် ဒဏ်ရာရသူများအား သောက်ခိုင်းလိုက်လေသည်။
ထို့ကြောင့် ကူမျိုးနွယ်စုဝင်များမှာ ရှောက်ရွှမ်အား အလွန်ကျေးဇူးတင်နေကြ၏။ နတ်ဆေးဆရာမှာမူ တချိန်ချိန်တွင် မီးတောက်ဦးချိုမျိုးနွယ်စုမှ
အကူအညီတစ်ခုခုလိုအပ်လာပါက သူတို့ကူမျိုးနွယ်စုအနေနှင့် တတ်နိုင်သမျှ ကူညီမည်ဟူ၍ပင် ကတိပြုနေလေသည်။ ထိုအရာမှာ ကူမျိုးနွယ်စုဆီမှ ရှောက်ရွှမ်လိုချင်သော အရာသာ ဖြစ်၏။ သူကူမျိုးနွယ်စုအား ကူညီနေသည်မှာ မီးတောက်ဦးချိုမျိုးနွယ်စုအား ကူညီနေသလိုပင် ဖြစ်သည်။ ကူမျိုးနွယ်စု၏ အကူအညီနှင့်ဆိုပါက မီးတောက်ဦးချိုမျိုးနွယ်စု ဒီဘက်ကမ်းသို့ ရွှေ့ပြောင်းမည့်ကိစ္စမှာ အလွန်လွယ်ကူသွားလိမ့်မည်သာ။
ဤတိုက်ပွဲမှာ ကောင်းကင်ပေါ်တွင် လနှစ်စင်းပျောက်ကွယ်သွားပြီး နေထွက်လာသည့်အချိန်ထိပင် မရပ်တန့်ခဲ့ပေ။ ထိုအရာမှာ မီးတောက်ဦးချိုမျိုးနွယ်စု၏ ငြိမ်းချမ်းေသာေန့ရက်များနှင့် ကွဲပြားနေ၏။ ကူမျိုးနွယ်စု၀င်များမှာ ထိုရုန်းကန်ရမှုအခက်အခဲများကြောင့် စိတ်ပင်ပန်းနေကြလေသည်။
မျိုးနွယ်စုထဲတွင် အလောင်းများနှင့် ပြည့်နှက်နေပြီး တချို့မှာ ကူမျိုးနွယ်စုမှဖြစ်ပြီး တချို့မှာ အာဇာနည်မျိုးနွယ်စုမှ ဖြစ်ကြ၏။ အထူးသဖြင့် အပြင်ဘက်
စည်းတွင် မြစ်ရေများမှာ သွေးများဖြင့် နီရဲနေကြပြီး အသားစများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းပြတ်များကိုပင် တွေ့နေရသည်။
တိုက်ပွဲတွင် တစ်ခုတည်းသော အားသာချက်မှာ ဗုံမျိုးနွယ်စုသည် စစ်သည်အရေအတွက်အားဖြင့် သာလွန်ပြီး တိုက်ပွဲနယ်မြေမှာ သူတို့ကိုယ်ပိုင်ဒေသဖြစ်နေခြင်း ဖြစ်၏။ သူတို့တွင် ကြိုတင်ပြင်ဆင်ထားခြင်းများလည်း ရှိကြသောကြောင့် တိုက်ပွဲတွင်တော့ အမြဲအသာစီး ရနေကြသည်။
ဤသို့ဖြင့် နေ့တစ်ရက်ကုန်လွန်သွား၏။ တိုက်ပွဲများမှာလည်း တဖြည်းဖြည်း အေးလာကြသည်။
ကောင်းကင်တွင်မူ လနှစ်စင်းမှာ ကွဲထွက်သွားလေပြီ။
တောအုပ်ထဲရှိ မြစ်တဝိုက်တွင် အာဇာနည်မျိုးနွယ်စု၀င်များ ကျန်ရှိနေကြသေး၏။ သူတို့ထွက်ပြေးချင်
ကြသော်လည်း ကူမျိုးနွယ်စု၀င်များ ဝိုင်းခြင်းအား ခံထားနေရသည်။ သူတို့ ဆုတ်ခွာမည့် လမ်းကြောင်းအား ပိတ်ခံထားရ၏။ ကူမျိုးနွယ်စု၀င်များသည် ထိုကျူးကျော်သူများအား ဤနေရာတွင် ထွက်မပြေးနိုင်စေရန် ဝိုင်းရံထားပြီး တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ရသော သူတို့မျိုးနွယ်စု၀င်များ၏ ဝိညဉ်အား နှစ်သိမ့်မည်ဟု တွေးထားကြသည်။
ရှောက်ရွှမ် အိမ်တစ်အိမ်ထဲတွင် ေဆးကုသပေးနေရင်း နတ်ဆေးဆရာမှာ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အဝေးတစ်နေရာအား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူကြည့်နေသော အရပ်မှာ မြစ်ကြီးရှိနေသော အရပ်ဖြစ်ပြီး ကြည့်နေရင်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် တဖြည်းဖြည်း ပေါ်လာလေသည်။
ထိုအခိုက်တွင် ရှောက်ရွှမ်သူရပ်နေသော မြေကြီး တုန်ခါလာသည်ကို ခံစားလိုက်ရပြီး ပတ်ပတ်လည်ရှိ ရေပြင်မှာလည်း လှိုင်းများဖြစ်ပေါ်လာကြသည်။
တုန်ခါနေမှုမှာ တဖြည်းဖြည်း ပိုပြင်းထန်လာပြီး အဝေးမှ မြင်းတစ်အုပ် ဒုန်းဆိုင်းချီတက်လာသလိုနှင့်ပင် တူနေ၏။
လေထုထဲရှိ အစိုဓာတ်မှာ ပိုပြင်းထန်လာပြီး ရေငွေ့များမှာလည်း ပိုတိုးလာကြလေသည်။
လေများမှာလည်းအိမ်အမိုးများအား လှန်ပစ်တော့မတတ် ခပ်ကြမ်းကြမ်း တိုက်ခတ်လာကြ၏။ တချို့အိမ်များဆိုလျှင် အိမ်အမိုးများပင် လန်ကုန်ကြလေပြီ။ သို့သော် ထိုကိစ္စနှင့်ပတ်သက်၍ မည်သူမှ စိတ်အနှောင့်အယှက်ဖြစ်သွားကြပုံ မပေါ်ပေ။ ဗုံမျိုးနွယ်စု၀င်များမှာ အလွန်စိတ်လှုပ်ရှားနေကြပြီး ထိုအခိုက်တွင် သူတို့မျက်လုံးများ၌ တောက်ပနေမှုမှ တစ်ပါး အခြားအရာမရှိတော့ပေ။
ဟိန်းသံများ ထွက်ပေါ်လာပြီး ငလျင်လှုပ်မှု ရေငွေ့များတိုးလာမှုနှင့် လေပြင်းတိုက်ခတ်ခြင်းကဲ့သို့သော
ကိစ္စများမှာ မြစ်ရေတစ်ဖန်ပြန်တက်လာပြီဟု ဆိုလိုနေကြလေသည်။
“ဝူးးးးးး!”
မြစ်၏ဘုရင် အရှင်သခင်များမှာ ပြောင်းလဲမှုများနှင့်အတူ အိမ်ပြန်လာကြလေပြီ။
မိုးရာသီအတွင်း ထွက်ခွာခဲ့ကြသောအကောင်များမှာ မြစ်နှင့်အတူ ပြန်လာခဲ့ကြလေပြီ။
မြစ်ဘုရင်များ ရေနက်ပိုင်းမှ ပြန်ရောက်လာကြသောအခါ အရာအားလုံးမှာ တဖြည်းဖြည်း ငြိမ်သက်သွားကြလေတော့သည်။
လက်သည်းကြီးတစ်ခု မြစ်ကမ်းပေါ်သို့ တက်လာပြီး ၁၀မီတာလောက်ရှည်သော အံ့ဖွယ်အရိပ်နက်ကြီး
တစ်ခု ရေထဲမှ ထွက်ပေါ်လာ၏။ သူ့ပါးစပ်မှလည်း မိုးခြိမ်းသံကဲ့သို့ ရေပွက်သံများ ထွက်ပေါ်နေကြသည်။ တချိန်တည်းမှာပင် ထိုကောင်ကြီး၏ မျက်လုံးများမှာ ပတ်၀န်းကျင်သို့ စူးစမ်းလိုက်ပြီး သာမန်မဟုတ်သောလေထုအား အာရုံခံမိသွားသည်။
အလျင်အမြန်ပင် သူ့အား ဒေါသထွက်သွားစေသော တစ်စုံတစ်ရာကို ရှာတွေ့သွားပြီး မြစ်ကမ်းပါးပေါ်မှ စွဲစွဲငင်ငင် အော်လိုက်ကာ နေရာတစ်ခုစီသို့ တွားသွားတက်လာ၏။ ပတ်ပတ်လည်ရှိ အခြားအကောင်များတွင်လည်း ထိုသို့အမူအရာများ ရှိနေကြပြီး အတူတူတက်လာကြလေသည်။ ထို့နောက် အံ့ဖွယ်ခန္ဓာကိုယ်ကြီးများနှင့် အကောင်ကြီးများသည် အမြန်ပင် ရေထဲသို့ ပြန်ဆင်းသွားကြပြီး မျိုးနွယ်စုဆီသို့ ကူးခတ်သွားကြ၏။
မြစ်ရေတက်လာခြင်းနှင့် မြစ်လက်တက်များ ကြီးမားကျယ်ပြန့်လာခြင်းကြောင့် မျိုးနွယ်စုတစ်ခုလုံးမှာ ရေများဖြင့် ဖုံးလွှမ်းနေကာ ပတ်ပတ်လည်တစ်ဝိုက်လုံး ထိုကောင်ကြီးများ၏ ပိတ်ဆို့ခြင်းအား
ခံထားရလေသည်။
တိုက်ပွဲ၏ နောက်ဆုံးအပိတ်သည် ထိုကောင်ကြီးများ၏ တာ၀န်ဖြစ်ပေလိမ့်မည်။